ေရေအာက္ကေန ျပန္ေတြ႔ရွိခဲ့တဲ့ အီဂ်စ္ဘုရင္မ ကလီယုိပက္ထရာရဲ႕ၿမဳိ႕ေတာ္ ဟီရာ႔ခလီယန္

Posted on

ဂရိေတြက ဟီရာ႔ခလီယန္္(Heracleion) လုိ႔ေခၚတဲ့ၿမဳိ႕ကုိ အီဂ်စ္ေတြကေတာ့ သြန္နစ္(Thonis) လုိ႔ေခၚပါတယ္။ တခါတရံမွာေတာ့ ႏွစ္မ်ဳိးစလုံးကိုေပါင္းၿပီး Thonis-Heracleion လို႔ေခၚတတ္ပါတယ္။ ဟာရာကလီယြန္ဟာ ႏုိင္းျမစ္၀ကြ်န္းေပၚေဒသမွာ ရွိခဲ့တဲ့ အီဂ်စ္ႏုိင္ငံက ေရွးေဟာင္းဆိပ္ကမ္းၿမဳိ႕ႀကီး တစ္ၿမဳိ႕ျဖစ္ခဲ့ပါတယ္။

ဒီၿမဳိ႕ဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၇၀၀ခန္႔ (8th century BC ) ကတည္းက ရွိခဲ့တဲ့ၿမဳိ႕ျဖစ္ၿပီး အီဂ်စ္ရဲ႕အထင္ကရၿမဳိ႕ အလက္ဇၿႏၵီးယားၿမဳိ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၃၂ကီလုိမီတာခန္႔အကြာမွာ တည္ရွိခဲ့ပါတယ္။ အီဂ်စ္ဖာရုိဘုရင္ေတြ ႀကီးစုိးတဲ့အခ်ိန္ျဖစ္ၿပီး ဒီၿမဳိ႕ဟာတျဖည္းျဖည္းႀကီးထြားလာခဲ့ပါတယ္။ ဟီရာ႔ခလီယန္ဟာ မက္ဒီတာေရးနီးယန္း ရဲ႕ တံခါးေပါက္တစ္ခုအျဖစ္ အေရးပါခဲ့ၿပီး အဓိက အခ်က္အခ်ာ က်ေသာ ကုန္သြယ္ေရး ၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ခဲ့ပါတယ္။

ကမာၻ႔သမုိင္းမွာ အလြန္ထင္ရွားတဲ့ ကလီယုိပက္ထရာ ဘုရင္မရဲ႕ ၿမဳိ႕ျဖစ္ခဲ့ၿပီး ဒီၿမဳိ႕မွာ သူမ ဘိသိက္ခံယူခဲ့သည့္ ဘုရားေက်ာင္းရွိခဲ့ပါတယ္။ဒီၿမဳိ႕ႀကီးအေၾကာင္းကို ဂရိပညာရွင္ႀကီး ဟီေရာ့ဒုိးတပ္(Herodotus) က သူ႔စာေတြထဲမွာ ထည့္ေရးခဲ့ဖူးသလုိ ဂရိေရွးေဟာင္းကဗ်ာဆရာေတြရဲ႕ ကဗ်ာေတြထဲမွာလည္း ပါရွိပါတယ္။

ဒါေပမယ့္ ဒီၿမဳိ႕ႀကီးဟာ ေအဒီ ၃ရာစုေလာက္မွာ ကြယ္ေပ်ာက္သြားခဲ့ပါတယ္။ ၿမဳိ႕ႀကီးရွိခဲ့တယ္ဆုိတာ သမုိင္းမွတ္တမ္းေတြထဲမွာသာ က်န္ရစ္ခဲ့ေပမယ့္ ဒီၿမဳိ႕ဘယ္ေရာက္သြားမွန္း ဘယ္သူမွ မသိၾကေတာ့ပါဘူး။ ေပ်ာက္ကြယ္သြားတဲ့ ေရွးေဟာင္းၿမဳိ႕ေတာ္ႀကီးရွာေဖြမႈကို ျပင္သစ္သုေတသနပညာရွင္ ေဒါက္တာ Franck Goddio က ဦးေဆာင္ခဲ့ၿပီး ဥေရာပ အဏၰဝါ ေရွးေဟာင္း သုေတသန ပညာရွင္မ်ားအဖြဲ႕(IEASM)နဲ႔ အတူ ၁၉၉၈ခုႏွစ္မွာ စတင္ရွာေဖြခဲ့ပါတယ္။

၂၀၀၀ျပည့္ႏွစ္ ၀န္းက်င္မွာ သုေတသနအဖြဲ႔ဟာ Abu Qir ပင္လယ္ေကြ႔က ေရေအာက္ကမ္းလြန္မွာ ေရွးေဟာင္းပစၥည္းအၾကြင္းအက်န္ေတြ ရုပ္တုေတြကုိ ေတြ႔ရွိခဲ့ပါတယ္။ ဆက္လက္ရွာေဖြ သုေတသနလုပ္ခဲ့ရာမွာေတာ့ ဒီေနရာဟာ ဟီရာ႔ခလီယန္္ၿမဳိ႕ႀကီးျဖစ္ေနတာကို အမွတ္မထင္သိရွိလုိက္ၾကၿပီး ေပ်ာက္ဆုံးၿမဳိ႕ေတာ္ကို ျပန္လည္ေတြ႔ရွိခဲ့ၾကပါတယ္။

“ ဒါဟာ ကမၻာေပၚမွာ ေနာက္ထပ္ မရွိႏိုင္တဲ့ ေနရာ တစ္ခုပါ “ လုိ႔ ေဒါက္တာ Franck Goddio က ဆိုပါတယ္။ အဆုိပါရွာေဖြေတြ႔ရွိမႈဟာ ေရေအာက္ရွာေဖြေတြ႔ရွိမႈမ်ားအနက္ အႀကီးက်ယ္ဆုံးေတြ႔ရွိမႈလည္းျဖစ္ပါတယ္။

ေရေအာက္က ျပန္လည္ေတြ႔ရွိခဲ့တဲ့ ေပ်ာက္ဆုံးၿမဳိ႕ေတာ္ဟာ ရြံႏြံ႔ေတြဖုံးလႊမ္းကာ ပ်က္စီးေနၿပီျဖစ္ေပမယ့္ နန္းေတာ္ အုတ္ျမစ္႐ိုး ၊ အနီေရာင္ေက်ာက္တိုင္လံုးႀကီးမ်ား ၊ နတ္ဘုရား Osiris ရဲ႕ ႐ုပ္တု နဲ႔ စဖင့္ရုပ္တုမ်ား စတဲ့ အဓိကက်တဲ့ အရာေတြကိုေတာ့ ေတြ႔ရွိရပါေသးတယ္။ ၿပဳိလဲၿပီး ထုထည္ႀကီးမားတဲ့ ထံုးေက်ာက္တံုးႀကီးမ်ား အၾကားမွာ သလင္းေက်ာက္နဲ႔ထုလုပ္ထားတဲ့ ႀကီးမားေသာ ရုပ္တုတစ္ခုကိုလည္းေတြ႔ခဲ့ၾကပါတယ္။ ဖာရုိဘုရင္တစ္ပါးရဲ႕ရုပ္တုျဖစ္ၿပီး ရုပ္တုေပၚမွာေတာ့ ပထမေျမာက္ ဆက္တီ – Seti I လုိ႔ ေရးထုိးထားပါတယ္။

အလြန္ႀကီးမားတဲ့ ေက်ာက္ ဦးေခါင္းပံု တစ္ခုကို လည္း ရွာေဖြေတြ႔ရွိခဲ့ၾကၿပီး အဆိုပါ ႐ုပ္ထုကေတာ႔ ကလီယို ပတ္ထရာ ႏွင္႔ သူမ၏ ယခင္က ခ်စ္သူေဟာင္း ဂ်ဴးလိယက္ဆီဇာတို႔ရဲ႕သား ဆီဇာရီရမ္ – Caesarion ျဖစ္မည္ ဟု ထင္မွတ္ရေၾကာင္း ဆိုပါတယ္။ ဒါအျပင္ စဖင့္႐ုပ္ထု ႏွစ္ခုကိုလည္း ေတြ႕ရွိခဲ့ျပီး ဒီအထဲက တစ္ခုဟာ ကလီယို ပတ္ထရာ၏ ဖခင္ ေဖၚလိုမီ Ptolemy XII ကို ကိုယ္စားျပဳတာျဖစ္ေၾကာင္း ပညာရွင္ေတြက ဆုိပါတယ္။

ေနာက္ထပ္ေတြ႔ရွိရတဲ့အရာေတြကေတာ့ Heracleion ၿမိဳ႕၏ ပန္းခ်ီကား တစ္ခ်ပ္ ၊ ေ႐ွးေဟာင္းေက်ာက္စာမ်ား၊ နစ္ျမဳပ္ေနေသာ သေဘၤာ ၆၄ စင္း၊ ေက်ာက္ဆူးေပါင္း ၇၀၀ေက်ာ္ ၊ ေရႊဒဂၤါးမ်ား ေၾကးဒဂၤါး၊ ႐ုပ္ထုႀကီးေပါင္း၁၆ ခု နဲ႔ ရုပ္တုငယ္ေပါင္း ၁၀၀ေက်ာ္ တို႔ျဖစ္ပါတယ္။

ေရွးေဟာင္းၿမဳိ႕ေတာ္ဟာ ကမ္းရုိးတမ္းကေန ၂.၅ကီလုိမီတာ အကြာအေ၀းက ေရေအာက္အနက္ေပ ၃၀ခန္႔မွာ လဲေလ်ာင္းေနခဲ့တာျဖစ္ပါတယ္။ ၿမဳိ႕ႀကီးတစ္ခုလုံး ဘာေၾကာင့္ ေရေအာက္ကုိေရာက္ရွိသြားသလဲ ဆုိတာကိုေတာ့ ဘယ္သူမွ အေသအခ်ာ မသိၾကပါဘူး။

သမုိင္းပညာရွင္ေတြကေတာ့ ဘီစီ ၁ရာစု ၀န္းက်င္မွာ ျဖစ္ခဲ့တဲ့ ႀကီးမားတဲ့မီးေတာင္ေပါက္ကြဲမႈေတြ ၊ ဆူနာမီအႀကီးစား ငလွ်င္ဒါဏ္ေတြေၾကာင့္ ပင္လယ္ေရျပင္ျမင့္တက္လာခဲ့သလုိ ေျမသားေတြေပ်ာ့သြားခဲ့ၿပီး ေအဒီ ၃ရာစုမတုိင္မီမွာ တစ္ၿမဳိ႕လုံးေရေအာက္ကုိ ေရာက္သြားခဲ့ျခင္းျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။

အီဂ်စ္အစိုးရအေနနဲ႔ကေတာ႔ အဆိုပါ ေနရာအား ေရေအာက္ျပတိုက္တစ္ခုအျဖစ္ ဖန္တီးၿပီး ကမၻာလွည္႔ ခရီးသည္မ်ားအား ဆြဲေဆာင္ႏိုင္ဖို႕ စီစဥ္လွ်က္ရွိပါတယ္။

VIDEO

သုတဇုန္


ရေအောက်ကနေ ပြန်တွေ့ခဲ့တဲ့ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာရဲ့မြို့တော် ဟီရာ့ခလီယန် (unicode)

ဂရိတွေက ဟီရာ့ခလီယန်(Heracleion) လို့ခေါ်တဲ့မြို့ကို အီဂျစ်တွေကတော့ သွန်နစ်(Thonis) လို့ခေါ်ပါတယ်။ တခါတရံမှာတော့ နှစ်မျိုးစလုံးကိုပေါင်းပြီး Thonis-Heracleion လို့ခေါ်တတ်ပါတယ်။ ဟာရာကလီယွန်ဟာ နိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ ရှိခဲ့တဲ့ အီဂျစ်နိုင်ငံက ရှေးဟောင်းဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ခဲ့ပါတယ်။

ဒီမြို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀ဝခန့် (8th century BC ) ကတည်းက ရှိခဲ့တဲ့မြို့ဖြစ်ပြီး အီဂျစ်ရဲ့အထင်ကရမြို့ အလက်ဇန္ဒြီးယားမြို့ရဲ့ အရှေ့မြောက်ဘက် ၃၂ကီလိုမီတာခန့်အကွာမှာ တည်ရှိခဲ့ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေ ကြီးစိုးတဲ့အချိန်ဖြစ်ပြီး ဒီမြို့ဟာတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။ ဟီရာ့ခလီယန်ဟာ မက်ဒီတာရေးနီးယန်း ရဲ့ တံခါးပေါက်တစ်ခုအဖြစ် အရေးပါခဲ့ပြီး အဓိက အချက်အချာ ကျသော ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ ကလီယိုပက်ထရာ ဘုရင်မရဲ့ မြို့ဖြစ်ခဲ့ပြီး ဒီမြို့မှာ သူမ ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်းရှိခဲ့ပါတယ်။ဒီမြို့ကြီးအကြောင်းကို ဂရိပညာရှင်ကြီး ဟီရော့ဒိုးတပ်(Herodotus) က သူ့စာတွေထဲမှာ ထည့်ရေးခဲ့ဖူးသလို ဂရိရှေးဟောင်းကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာလည်း ပါရှိပါတယ်။

ဒါပေမယ့် ဒီမြို့ကြီးဟာ အေဒီ ၃ရာစုလောက်မှာ ကွယ်ပျောက်သွားခဲ့ပါတယ်။ မြို့ကြီးရှိခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေထဲမှာသာ ကျန်ရစ်ခဲ့ပေမယ့် ဒီမြို့ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ပါဘူး။ ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းမြို့တော်ကြီးရှာဖွေမှုကို ပြင်သစ်သုတေသနပညာရှင် ဒေါက်တာ Franck Goddio က ဦးဆောင်ခဲ့ပြီး ဥရောပ အဏ္ဏဝါ ရှေးဟောင်း သုတေသန ပညာရှင်များအဖွဲ့(IEASM)နဲ့ အတူ ၁၉၉၈ခုနှစ်မှာ စတင်ရှာဖွေခဲ့ပါတယ်။

၂၀၀၀ပြည့်နှစ် ဝန်းကျင်မှာ သုတေသနအဖွဲ့ဟာ Abu Qir ပင်လယ်ကွေ့က ရေအောက်ကမ်းလွန်မှာ ရှေးဟောင်းပစ္စည်းအကြွင်းအကျန်တွေ ရုပ်တုတွေကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ရှာဖွေ သုတေသနလုပ်ခဲ့ရာမှာတော့ ဒီနေရာဟာ ဟီရာ့ခလီယန်မြို့ကြီးဖြစ်နေတာကို အမှတ်မထင်သိရှိလိုက်ကြပြီး ပျောက်ဆုံးမြို့တော်ကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။

“ ဒါဟာ ကမ္ဘာပေါ်မှာ နောက်ထပ် မရှိနိုင်တဲ့ နေရာ တစ်ခုပါ ” လို့ ဒေါက်တာ Franck Goddio က ဆိုပါတယ်။ အဆိုပါရှာဖွေတွေ့ရှိမှုဟာ ရေအောက်ရှာဖွေတွေ့ရှိမှုများအနက် အကြီးကျယ်ဆုံးတွေ့ရှိမှုလည်းဖြစ်ပါတယ်။

ရေအောက်က ပြန်လည်တွေ့ရှိခဲ့တဲ့ ပျောက်ဆုံးမြို့တော်ဟာ ရွံနွံ့တွေဖုံးလွှမ်းကာ ပျက်စီးနေပြီဖြစ်ပေမယ့် နန်းတော် အုတ်မြစ်ရိုး ၊ အနီရောင်ကျောက်တိုင်လုံးကြီးများ ၊ နတ်ဘုရား Osiris ရဲ့ ရုပ်တု နဲ့ စဖင့်ရုပ်တုများ စတဲ့ အဓိကကျတဲ့ အရာတွေကိုတော့ တွေ့ရှိရပါသေးတယ်။ ပြိုလဲပြီး ထုထည်ကြီးမားတဲ့ ထုံးကျောက်တုံးကြီးများ အကြားမှာ သလင်းကျောက်နဲ့ထုလုပ်ထားတဲ့ ကြီးမားသော ရုပ်တုတစ်ခုကိုလည်းတွေ့ခဲ့ကြပါတယ်။ ဖာရိုဘုရင်တစ်ပါးရဲ့ရုပ်တုဖြစ်ပြီး ရုပ်တုပေါ်မှာတော့ ပထမမြောက် ဆက်တီ – Seti I လို့ ရေးထိုးထားပါတယ်။

အလွန်ကြီးမားတဲ့ ကျောက် ဦးခေါင်းပုံ တစ်ခုကို လည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး အဆိုပါ ရုပ်ထုကတော့ ကလီယို ပတ်ထရာ နှင့် သူမ၏ ယခင်က ချစ်သူဟောင်း ဂျူးလိယက်ဆီဇာတို့ရဲ့သား ဆီဇာရီရမ် – Caesarion ဖြစ်မည် ဟု ထင်မှတ်ရကြောင်း ဆိုပါတယ်။ ဒါအပြင် စဖင့်ရုပ်ထု နှစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ဒီအထဲက တစ်ခုဟာ ကလီယို ပတ်ထရာ၏ ဖခင် ဖေါ်လိုမီ Ptolemy XII ကို ကိုယ်စားပြုတာဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

နောက်ထပ်တွေ့ရှိရတဲ့အရာတွေကတော့ Heracleion မြို့၏ ပန်းချီကား တစ်ချပ် ၊ ရှေးဟောင်းကျောက်စာများ၊ နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း၊ ကျောက်ဆူးပေါင်း ၇၀၀ကျော် ၊ ရွှေဒင်္ဂါးများ ကြေးဒင်္ဂါး၊ ရုပ်ထုကြီးပေါင်း၁၆ ခု နဲ့ ရုပ်တုငယ်ပေါင်း ၁၀၀ကျော် တို့ဖြစ်ပါတယ်။

ရှေးဟောင်းမြို့တော်ဟာ ကမ်းရိုးတမ်းကနေ ၂.၅ကီလိုမီတာ အကွာအဝေးက ရေအောက်အနက်ပေ ၃ဝခန့်မှာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။ မြို့ကြီးတစ်ခုလုံး ဘာကြောင့် ရေအောက်ကိုရောက်ရှိသွားသလဲ ဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေကတော့ ဘီစီ ၁ရာစု ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတွေ ၊ ဆူနာမီအကြီးစား ငလျှင်ဒါဏ်တွေကြောင့် ပင်လယ်ရေပြင်မြင့်တက်လာခဲ့သလို မြေသားတွေပျော့သွားခဲ့ပြီး အေဒီ ၃ရာစုမတိုင်မီမှာ တစ်မြို့လုံးရေအောက်ကို ရောက်သွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အီဂျစ်အစိုးရအနေနဲ့ကတော့ အဆိုပါ နေရာအား ရေအောက်ပြတိုက်တစ်ခုအဖြစ် ဖန်တီးပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်။

Leave a Reply