သမုိင္းတစ္ေလွ်ာက္ ျမန္မာ့သမၼတမ်ားအေၾကာင္း သိေကာင္းစရာ

Posted on

၁။ စဝ္ေ႐ႊသိုက္ (၁၈၉၄-၁၉၆၂)

စဝ္ေ႐ႊသိုက္သည္ ရွမ္းလူမ်ိဳးတစ္ဦးျဖစ္ၿပီး ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ပထမဆုံးသမၼတႏွင့္ ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊ၏ ေနာက္ဆုံးေစာ္ဘြား (သို႔မဟုတ္) မ်ိဳး႐ိုးအရ မင္းသားျဖစ္သည္။ စဝ္ေ႐ႊသိုက္သည္ ျမန္မာႏိုင္ငံ ဇန္နဝါရီလ လြတ္လပ္ေရးရရွိသည့္ေန႔မွ စတင္၍ တိုင္းျပည္တာဝန္ကို ဝန္ႀကီးခ်ဳပ္ဦးႏုႏွင့္အတူ ဦးေဆာင္ထမ္း႐ြက္ခဲ့သည္။

သမၼတမျဖစ္မီက စဝ္ေ႐ႊသိုက္သည္ ၿဗိတိသွ်စစ္တပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ၁၉၆၂ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက စစ္တပ္အာဏာသိမ္းသည့္အခါ ရွမ္းမင္းသားမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရသည္။ သူသည္ ေနာက္ပိုင္းတြင္ အက်ဥ္းစံဘဝျဖင့္ ကြယ္လြန္ခဲ့သည္။

၂။ ေဒါက္တာဘဦး(၁၈၈၇-၁၉၆၃)

ေဒါက္တာဘဦးသည္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္သမၼတႏွင့္ ဗမာလူမ်ိဳးျဖစ္သည္။ ၁၉၃၁ခုႏွစ္တြင္ စစ္ေဆးေရး အထူး ခုံ႐ုံးအဖြဲ႕ဝင္အျဖစ္ ခန္႔အပ္ျခင္းခံရၿပီး ၁၉၃၂ခုႏွစ္၊ ဧၿပီလအထိ၊ အင္းစိန္ ျပည္၊ သရက္ ခ႐ိုင္မ်ား၏ စက္ရွင္တရားသူႀကီး ႏွင့္ အထူး တရားသူႀကီး အျဖစ္ ခန္႔အပ္ ျခင္း ခံရ ျပန္သည္။ ၁၉၃၂ခုႏွစ္၊ ဧၿပီလတြင္ တရားလႊတ္ေတာ္ တရားဝန္ႀကီး အျဖစ္ အၿမဲတမ္း တိုးျမႇင့္ ခန္႔ထားျခင္း ခံရသည္။ ယင္းရာထူးသည္ ဒုတိယကမၻာစစ္ ျဖစ္သည္အထိ ျဖစ္သည္။

၎သည္ ကိန္းဘရစ္တကၠသိုလ္မွ ဥပေဒဘြဲ႕ရရၿပီး စဝ္ေ႐ႊသိုက္၏ သမၼတရာထူးကို ၁၉၅၂ ခုႏွစ္၊ မတ္လတြင္ မဆက္ခံမီအခ်ိန္အထိ ျမန္မာႏိုင္ငံ၊ တရား႐ုံးခ်ဳပ္တြင္ တရားသူႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည္။ သမၼတရာထူးကို ၁၉၅၇ ခုႏွစ္၊ မတ္လအထိ ၅ ႏွစ္ထမ္းေဆာင္ခဲ့သည္။

သမၼတရာထူးမွ အနားယူၿပီးေနာက္  ေဒါက္တာဘဦးသည္ လူမႈဝန္ထမ္း လုပ္ငန္းမ်ား ျဖစ္ေသာ ၾကက္ေျခနီအသင္း၊ ျပည္သူ႕ သူနာျပဳအဖြဲ႕၊ တကၠသိုလ္ ရန္ပုံေငြအဖြဲ႕၊ ပန္းဥယ်ာဥ္ အသင္း စသည္တို႔တြင္ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ခဲ့ရေသာ ပုဂၢိဳလ္ထူး ျဖစ္သည္။ ၁၉၅၇ခုႏွစ္တြင္ ‘ကၽြႏ္ုပ္၏ ျမန္မာႏိုင္ငံ’ ေခၚ ကိုယ္ေရး အတၳဳပၸတိ စာအုပ္ကို အဂၤလိပ္ ဘာသာ ျဖင့္ ေရးသားထုတ္ေဝခဲ့သည္။

၃။ မန္းဝင္းေမာင္ (၁၉၁၆-၁၉၈၉)

မန္းဝင္းေမာင္ ကရင္လူမ်ိဳး၊ ဗုဒၵဘာသာဝင္ျဖစ္ၿပီး ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ တတိယေျမာက္ သမၼတျဖစ္သည္။

၁၉၃၇-၄ဝ တြင္ ဗမာ့ေရနံကုမၸဏီ (သန္လ်င္ ဘီအိုစီ) စာရင္းဌာန ကုမၸဏီဝန္ထမ္း၊ အတြင္းဝန္႐ုံး အစိုးရဝန္ထမ္း အျဖစ္ ေဆာင္႐ြက္သည္။ ၁၉၄၁ ခုႏွစ္တြင္ ေမၿမိဳ႕ ဗိုလ္သင္တန္း တက္၍ ၁၉၄၁-၄၂ တြင္ အရာခံဗိုလ္ အျဖစ္ စစ္ဘက္၌ တာဝန္ ထမ္းေဆာင္သည္။လြတ္လပ္ေရးႀကိဳးပမ္းမႈအျဖစ္ ထင္ရွားသည့္ျဖစ္ရပ္မွာ ျမန္မာႏိုင္ငံအတြင္းသို႔ မဟာမိတ္အကူအညီျဖင့္ ျပည္တြင္းေတာ္လွန္ေရးသမားမ်ားႏွင့္ ဆက္သြယ္ရန္ ေလထီးျဖင့္ ဆင္းသက္လာသည့္တပ္သားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည့္အတြက္ ေလထီးသမၼတ ဟုလည္း တင္စားေခၚၾကသည္။

ယခင္အစိုးရေဟာင္း ဝန္ႀကီးတဦးအေနျဖင့္ ၁၉၅၇ ခုႏွစ္၊ မတ္လတြင္ ေဒါက္တာဘဦး၏ သမၼတရာထူးကို ဆက္ခံရန္ ဝန္ႀကီးခ်ဳပ္ဦးႏု၏ ေ႐ြးခ်ယ္ျခင္းခံရသည္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက စစ္တပ္အာဏာသိမ္းမႈအျဖစ္ ဦးႏုအစိုးရကို ျဖဳတ္ခ်သည့္အခ်ိန္ ၁၉၆၂ ခုႏွစ္၊ မတ္လအထိ မန္းဝင္းေမာင္က သမၼတရာထူးထမ္းေဆာင္ခဲ့သည္။ ယင္းေနာက္ သူသည္ ၅ ႏွစ္ အက်ဥ္းက်ခံခဲ့ရသည္။ ၁၉၈၉-ခုႏွစ္၊ ဇူလိုင္လ (၄)ရက္ေန႔၊ အသက္(၇၃)ႏွစ္အ႐ြယ္တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။

၄။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း (၁၉၁၀-၂၀၀၂)

ငယ္အမည္ ရႈေမာင္ဟုေခၚသူ ဦးေနဝင္းသည္ ၁၉၅၈ ခုႏွစ္တြင္ အိမ္ေစာင့္အစိုးရဟုဆိုသည့္ စစ္တပ္က အာဏာထိန္းသည့္ကာလတြင္ ျမန္မာႏိုင္ငံကို ေခတၱမွ် ထိန္းခ်ဳပ္ခြင့္ရလာသည္။ သူသည္ အၿမဲတမ္း အာဏာရယူထားႏိုင္ရန္ ၁၉၆၂ ခုႏွစ္၊ မတ္လတြင္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး ျမန္မာႏိုင္ငံ၏ အႀကီးအကဲေနရာကို ၁၉၈၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၉ ရက္အထိ ႏွစ္ေပါင္း ၂၀ နီးပါးရယူထားခဲ့သည္။

တ႐ုတ္-ဗမာကျပား တပ္မႉးတေယာက္ျဖစ္သည့္ သူသည္ ၁၉၆၂ ခုႏွစ္တြင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ(မဆလ) ကို တည္ေထာင္ၿပီး ဥကၠ႒အျဖစ္ ၁၉၈၈ ခုႏွစ္အထိ တာဝန္ယူလ်က္ ယင္းႏွစ္ ေက်ာင္းသားမ်ား ဆႏၵျပအုံႂကြမႈျဖစ္ေနစဥ္အတြင္း ရာထူးမွ ႏုတ္ထြက္ခဲ့သည္။ ယင္းကာလတေလွ်ာက္လုံး မဆလသည္ တိုင္းျပည္တြင္ တခုတည္းေသာ တရားဝင္ပါတီအျဖစ္ ရပ္တည္ၿပီး ဦးေနဝင္းက စီးပြားေရးလုပ္ငန္းမ်ား ျပည္သူပိုင္သိမ္းျခင္းႏွင့္ ျပင္းထန္ေသာ လူမ်ိဳးေရးမုန္းတီးမႈကာလတခုဆီသို႔ တိုင္းျပည္ကို သြတ္သြင္းခဲ့သည္။ စုစုေပါင္း ၂၆ ႏွစ္တာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ဦးေနဝင္း ရပ္တည္ေနခဲ့သည္။ ေနာက္ပိုင္းတြင္ သူသည္ ရန္ကုန္ၿမိဳ႕တြင္ ေနအိမ္အက်ယ္ခ်ဳပ္က်ခံရင္း ကြယ္လြန္သြားခဲ့သည္။

၅။ ဗိုလ္ခ်ဳပ္ႀကီးစန္းယု (၁၉၁၈-၁၉၉၆)

တ႐ုတ္-ဗမာကျပားတဦးလည္း ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီးစန္းယုသည္ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ခဲ့ၿပီး ျပည္ေထာင္စု ဆိုရွယ္လစ္ သမၼတျမန္မာႏိုင္ငံဟုလည္းေခၚဆိုသည့္ တိုင္းျပည္၏ ပၪၥမေျမာက္သမၼတျဖစ္သည္။

၁၉၄၂ ခုႏွစ္မတိုင္မီက ရန္ကုန္ၿမိဳ႕ ေဆးေက်ာင္းတြင္ ဒုတိယႏွစ္အထိ တက္ေရာက္ခဲ့သည္။ ေက်ာင္းသားသမဂၢလႈပ္ရွားမႈႏွင့္ ေက်ာင္းသားသပိတ္၌ ပါဝင္ေဆာင္႐ြက္ခဲ့သည္။ ေတာ္လွန္ေရး မတိုင္မီကပင္ ဗမာ့ကာကြယ္ေရးတပ္မေတာ္ (ဘီ-ဒီ-ေအ) တပ္ရင္း ၂ တြင္ တပ္ရင္းမႈးအျဖစ္ ခန္႔အပ္ျခင္းခံရသည္။ ဖက္ဆစ္ေတာ္လွန္ေရးတြင္ ေခ်မႈန္းတိုက္ခိုက္ေရးႏွင့္ အေနာက္တိုင္းစစ္ဌာနခ်ဳပ္၏ လုံၿခဳံေရးတာဝန္မ်ား ထမ္းေဆာင္သည္။ ၁၉၄၆ ခုႏွစ္တြင္ အမွတ္ ၃ ဗမာ့ေသနတ္ကိုင္တပ္ရင္း၌ ဒုတိယဗိုလ္အဆင့္ျဖင့္ တပ္စုမႉးအျဖစ္ တပ္မေတာ္တာဝန္ကို စတင္ထမ္းေဆာင္သည္။

၁၉၆၂ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္ ေတာ္လွန္ေရးေကာင္စီအဖြဲ႕ဝင္အျဖစ္ တာဝန္ ေပးအပ္ျခင္းခံရသည္။ ၁၉၆၃ ခုႏွစ္၊ ဒီဇင္ဘာလ ၃ ရက္ေန႔တြင္ ေတာ္လွန္ေရးအစိုးရအဖြဲ႕ ဘ႑ာေရးႏွင့္ အခြန္ဌာနတာဝန္ခံ (ဝန္ႀကီး) အျဖစ္လည္းေကာင္း၊ ၁၉၆၉ ခုႏွစ္၊ ဇြန္လ ၁၈ ရက္ေန႔တြင္ မူလတာဝန္မ်ား အျပင္ အမ်ိဳးသားစီမံကိန္းဝန္ႀကီးဌာန ဝန္ႀကီး အျဖစ္လည္းေကာင္း ထမ္းေဆာင္သည္။ ဦးေနဝင္းက မဆလပါတီဥကၠ႒လုပ္ေနစဥ္အတြင္း သူသည္ သမၼတရာထူးကို ၁၉၈၁ ခုႏွစ္၊ ႏိုဝင္ဘာလမွ ၁၉၈၈ ခုႏွစ္၊ ဇူလိုင္လအထိ ထမ္းေဆာင္ခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီးစန္းယုသည္ သမၼတမျဖစ္လာမီ စစ္တပ္က ေရးဆြဲသည့္ ၁၉၇၄ ဖြဲ႕စည္းပုံအေျခခံဥပေဒ မူၾကမ္း ေရးဆြဲေရးတြင္ အေရးပါသည့္အခန္းက႑က ပါဝင္ခဲ့သည္။ ဦးစန္းယုသည္ ၁၉၉၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၈ ရက္ ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။

၆။ ဗိုလ္မႉးခ်ဳပ္စိန္လြင္ (၁၉၂၃-၂၀၀၄)


ဗမာလူမ်ိဳးတဦးျဖစ္သူ ဗိုလ္မႉးခ်ဳပ္စိန္လြင္သည္ ဒီမိုကေရစီအေရး လႈပ္ရွားေတာင္းဆိုမႈ ေရခ်ိန္ျမင့္တက္ေနစဥ္ကာလအတြင္း ဆ႒မေျမာက္သမၼတအျဖစ္ ၁၄ ရက္မွ်သာ ထမ္းေဆာင္ခဲ့ရသည္။ သူ အာဏာရခဲ့သည့္ကာလသည္ ၁၉၈၈ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္မွ ၾသဂုတ္လ ၁၂ အထိျဖစ္ၿပီး ၁၉၈၈ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္တြင္ ရန္ကုန္ေဆး႐ုံႀကီးအနီး ဆႏၵျပေက်ာင္းသားမ်ားကို ပစ္သတ္ရန္ အမိန႔္ေပးခဲ့သျဖင့္ ရန္ကုန္ၿမိဳ႕၏ သားသတ္သမားဟု လူသိမ်ားထင္ရွားသည္။

ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားေနစဥ္ ဗိုလ္မႉးခ်ဳပ္စိန္လြင္ ျပဳတ္က်သြားခဲ့သည္။ အိမ္အက်ယ္ခ်ဳပ္သဖြယ္ ခံရၿပီးေနာက္ မၾကာမီပင္ သူလည္း တရားမဝင္ ရရွိေနေသာ ခံစားခြင့္မ်ား၊ ဩဇာ အာဏာမ်ား ဆုံး႐ႈံးခဲ့ၿပီး မျဖစ္စေလာက္ေသာ စစ္တပ္ ပင္စင္ လစာေလးျဖင့္ ဆင္းရဲႏြမ္းပါးစြာ ရွင္သန္ ေနခဲ့ရသည္။  ဦးစိန္လြင္သည္ ၂ဝဝ၄- ခုႏွစ္၊ ဧၿပီလ(၉)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္(၈၁)ရွိၿပီ ျဖစ္သည္။  သူ႕အေနျဖင့္ ေသြးလႊမ္းမႈ အမ်ိဳးမ်ိဳးအတြက္ တာဝန္ရွိခဲ့ၿပီး ဦးသန္႔ဈာပန ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ရမႈႏွင့္ ရွစ္ေလးလုံး ရက္စက္မႈမ်ားက သူ႕အတြက္ နာမည္ အပ်က္ရဆုံးမ်ား ျဖစ္ခဲ့သည္။

၇။ ဦးေအးကုိ (၁၉၂၁-၂၀၀၆)

ဦးေအးကိုသည္ ဗိုလ္မႉးခ်ဳပ္စိန္လြင္ ေနာက္ တက္လာေသာ သမၼတျဖစ္သည္။ ၁၉၈၈ ခုႏွစ္၊ ဇူလိုင္ ၂၅ ရက္မွ ၂၇ ရက္ထိ (၂)ရက္သာ လစ္လပ္ေနေသာ သမၼတ တာဝန္ကို ထမ္းေဆာင္လိုက္ရသူ ျဖစ္သည္။ သီရိပ်ံခ်ီ ဘြဲ႕ရ တပ္မေတာ္ အရာရွိႀကီးျဖစ္သည္။ စာရိတၱအလြန္ အင္မတန္ေကာင္းသည္ဟု ဆိုသည္။ ပုသိမ္ခ႐ိုင္၊ က်ဳံေပ်ာ္ၿမိဳ႕၊ ေနရွင္နယ္ အမ်ိဳးသား အထက္တန္းေက်ာင္းတြင္ ဆယ္တန္းအထိ ပညာသင္ၾကားခဲ့သည္။

၁၉၃၉-ခုႏွစ္တြင္ ေက်ာင္းသားသမဂၢ အမႈေဆာင္အျဖစ္ ေက်ာင္းသားသပိတ္ႀကီးတြင္ ပါဝင္ခဲ့သည္။ ဦးေအးကိုသည္ တပ္မေတာ္တြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ထိ ႏိုင္ငံေတာ္ေကာင္စီ ဒုတိယဉကၠဌ ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီ အေထြေထြအတြင္းေရးမႉးတာဝန္မ်ားကို ထမ္းေဆာင္ခဲ့သည္။ ၂၇.၇.၁၉၈၈ တြင္ တာဝန္မွ အနားယူခဲ့ၿပီး ၂၀၀၆-ခု၊ စက္တင္ဘာ (၂၆)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။ ကြယ္လြန္ ခ်ိန္တြင္ အသက္(၈၆)ႏွစ္ ရွိၿပီျဖစ္သည္။

၈။ ေဒါက္တာေမာင္ေမာင္ (၁၉၂၅-၁၉၉၄)

ဗမာလူမ်ိဳးတဦးျဖစ္သူ ေဒါက္တာေမာင္ေမာင္သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ သတၱမေျမာက္သမၼတျဖစ္ၿပီး ထင္ရွားသည့္စာေရးဆရာတဦးလည္း ျဖစ္သည္။ သူသည္ ဥပေဒပညာကို နယ္သာလန္ႏိုင္ငံ၊ Utrecht တကၠသိုလ္ႏွင့္ အေမရိကန္ႏိုင္ငံ၊ ေယးလ္တကၠသိုလ္တို႔တြင္ သင္ယူခဲ့ၿပီး ဦးေနဝင္း၏ မဆလပါတီအစိုးရေအာက္တြင္ တရားသူႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည္။

ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ေခါင္းေဆာင္သည့္ စစ္တပ္က အာဏာမသိမ္းမီ ေဒါက္တာေမာင္ေမာင္သည္ သမၼတအျဖစ္ ၁၉၈၈ ခုႏွစ္၊ ၾသဂုတ္လ ၁၉ ရက္မွ စက္တင္ဘာလ ၁၈ ရက္အထိ တလသာ ထမ္းေဆာင္ခဲ့ရသည္။ ယင္းေနာက္ အစိုးရ၏ အမည္ကို ေခတ္ကာလအေလ်ာက္ ေျပာင္းလဲခဲ့ရာ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕(နဝတ)ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊကဲ့သို႔ စစ္ေခါင္းေဆာင္မ်ားဦးေဆာင္လ်က္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရေကာင္စီဟု ေခၚဆိုခဲ့သည္။ အဆိုပါကာလမွ ၂၀၁၁ ခုႏွစ္အထိ တိုင္းျပည္တြင္ သမၼတဟူေသာရာထူးျဖင့္ ေနာက္ထပ္ေခါင္းေဆာင္ ေပၚထြက္မလာခဲ့ေခ်။

၉။ ဦးသိန္းစိန္ ( ၁၉၄၅- )


အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) က သပိတ္ေမွာက္ၿပီး အေနာက္အုပ္စု တိုင္းျပည္မ်ားက လြတ္လပ္၍ တရားမွ်တမႈမရွိဟု သတ္မွတ္ျခင္းခံရေသာ ေ႐ြးေကာက္ပြဲအၿပီး စစ္ဗိုလ္ခ်ဳပ္ႀကီး အသြင္ေျပာင္း ႏိုင္ငံေရးသမားကို အ႒မေျမာက္သမၼတအျဖစ္ ၂၀၁၁ ခုႏွစ္၊ မတ္လတြင္ ျပည္ေထာင္စုလႊတ္ေတာ္က ေ႐ြးေကာက္တင္ေျမႇာက္ခဲ့သည္။

ဦးသိန္းစိန္သည္ ယခင္စစ္အစိုးရလက္ထက္ ၂၀၀၇ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အထိ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည္။ ၂၀၁၀ ျပည့္ႏွစ္တြင္ သူသည္ စစ္တပ္၌ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာထူးမွ အၿငိမ္းစားယူလိုက္ၿပီး စစ္တပ္က ေက်ာေထာက္ေနာက္ခံေပးထားသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီကို ဦးေဆာင္ခဲ့သည္။ တိုင္းျပည္၏သမၼတအျဖစ္ ၂၀၁၆ ခုႏွစ္၊ မတ္လ ၃၀ ရက္အထိ ထမ္းေဆာင္ခဲ့သည္။

၁၀။ ဦးထင္ေက်ာ္ ( ၁၉၄၆- )

လက္ရွိသမၼတျဖစ္သူ ဦးထင္ေက်ာ္ကို ၁၉၄၆ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕၌ ေမြးဖြားခဲ့သည္။ အမ်ိဳးသားစာဆို မင္းသုဝဏ္၏ ဒုတိယသားျဖစ္ၿပီး လန္ဒန္တကၠသိုလ္တြင္ ကြန္ပ်ဴတာသိပၸံဘာသာရပ္ ေလ့လာဆည္းပူးၿပီး ဘြဲ႕ရခဲ့သည္။ သူ႔မိသားစုမွာ ႏိုင္ငံေရးအစဥ္အလာႀကီးမားၿပီး ဖခင္ႀကီး မင္းသုဝဏ္သည္ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အေ႐ြးခ်ယ္ခံရသကဲ့သို႔ ဦးထင္ေက်ာ္၏ေယာကၡမျဖစ္သူ ဦးလြင္သည္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တည္ေထာင္သူတဦးျဖစ္သည္။

အက်ိဳးအျမတ္မယူဘဲ က်န္းမာေရးႏွင့္ ပညာေရးေထာက္ပံ့ေနေသာ ေဖာင္ေဒးရွင္းတခုျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္၏ မိခင္အမည္ကို ဂုဏ္ျပဳေခၚေဝၚထားေသာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတြင္ ဦးထင္ေက်ာ္သည္ ထိပ္တန္းအမႈေဆာင္တဦးျဖစ္သည္။ သူသည္ ေဒၚေအာင္ဆန္းစုၾကည္၏ ညာလက္႐ုံး ယုံၾကည္စိတ္ခ်ရသူအျဖစ္ သတ္မွတ္ခံရၿပီး NLD ပါတီတြင္း၌လည္း ႐ိုးသားသူအျဖစ္ ဂုဏ္သတင္းရွိသည္။ သူ႔ဇနီးျဖစ္သူ ေဒၚစုစုလြင္မွာ NLD ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ၿပီး ႏိုင္ငံတကာဆက္ဆံေရးေကာ္မတီတြင္ ဥကၠ႒အျဖစ္ တာဝန္ယူထားသည္။

ဦးထင္ေက်ာ္သည္ စာေရးဆရာတဦးလည္းျဖစ္ၿပီး မြန္ႏွင့္ဗမာအေမြအႏွစ္ႏွစ္ခုစလုံး ဆက္ခံလ်က္ ထင္ရွားသည့္မြန္စစ္ပြဲကို အစြဲျပဳလ်က္ သူ႔ဖခင္ႀကီး ေ႐ြးခ်ယ္ေပးသည့္ ဒလဘန္းဟူေသာ ကေလာင္အမည္ျဖင့္ စာေပမ်ား ေရးသားေလ့ရွိသည္။ သူ႔ဖခင္ႀကီးအေၾကာင္း ေရးသားထားသည့္ စာအုပ္တအုပ္ကို ၂၀၀၉ ခုႏွစ္တြင္ ႐ိုက္ႏွိပ္ထုတ္ေဝခဲ့သည္။ ၎၏သမၼတရာထူးသက္တမ္းမွာ ၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္တြင္ ကုန္ဆုံးမည္ျဖစ္ေသာ္လည္း ၂၀၁၈ မတ္လ ၂၁ ရက္တြင္ ႏုတ္ထြက္ခဲ့သည္။

၁၁။ ဦး၀င္းျမင့္ ( ၁၉၅၁ – )

ဧရာ၀တီတုိင္း ဓႏုျဖဴၿမဳိ႕နယ္တြင္ ၁၉၅၁ တြင္ ေမြးဖြားခဲ့သူ ျဖစ္ျပီး ရန္ကုန္တကၠသုိလ္မွ ဘူမိေဗဒ ဘဲြ႕ ႏွင့္အတူ H.G.P., R.L တုိ႔ကုိ ရရွိခဲ့သည္။ ဘဲြ႕ရျပီးေနာက္ ဥပေဒပညာကုိ သာ ေလ့လာလုိက္စားခဲ့ျပီး ဧရာဝတီတိုင္းေဒသႀကီး၊ ဓႏုျဖဴၿမိဳ႕ႏွင့္ ပုသိမ္ၿမိဳ႕တို႔တြင္ အထက္တန္းေရွ႕ေန၊ တရားလႊတ္ေတာ္ေရွ႕ေန အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ၁၉၈၈ တြင္ မဆလ အစုိးရ၏ ျပင္းထန္လွေသာ ဖိႏွိပ္အုပ္ခ်ဳပ္မႈ မ်ား ႏွင့္ စီးပြားေရး ခၽြတ္ျခဳံက်လာခဲ့ရမႈမ်ားေၾကာင့္ ျဖစ္ေပၚလာခဲ့ေသာ အေထြေထြ သပိတ္ၾကီး တြင္ ႏုိင္ငံေရး နယ္ထဲသုိ႔ စတင္ကာ ေျခစုံ ျပစ္ ၀င္ေရာက္ခဲ့သည္။ ၁၉၈၈ လူထုအေရးေတာ္ပံုမွာပါ၀င္ခဲ့မႈနဲ႔ ဖမ္းဆီးခံခဲ့ရကာ ၁၉၉၀ ေရြးေကာက္ပြဲမတိုင္ခင္ ျပန္လည္လြတ္ေျမာက္ခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဓႏုျဖဴၿမိဳ႕နယ္ စည္း႐ုံးေရးအဖြဲ႕ အတြင္းေရးမႉး၊ ဧရာဝတီတိုင္း စည္း႐ုံးေရးအဖြဲ႕ အတြင္းေရးမႉး၊ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ဝင္အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး လက္ရွိတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမႉးအျဖစ္ ေဆာင္႐ြက္လ်က္ရွိသည္။ ၁၉၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႕လႊတ္ေတာ္အမတ္အျဖစ္ မဲအေရအတြက္ ၂၀,၃၈၈ (၅၆%) ျဖင့္ အႏိုင္ခဲ့ရသည္။ ၂၀၁၂ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္မဲဆႏၵနယ္၏ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရသည္။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္မဲဆႏၵနယ္၏ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရသည္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ တာဝန္ကိုေတာ့ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီ ၁ ရက္ကေန ၂၀၁၈ ခုႏွစ္ မတ္လ ၂၁ ရက္အထိ ထမ္းေဆာင္ခဲ့သည္။ မတ္လ ၂၃ ရက္ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႔က ဦးဝင္းျမင့္ကို ေထာက္ခံမဲ ၂၇၃ မဲျဖင့္ ဒုသမၼတအျဖစ္ ေရြးခ်ယ္ခဲ့သည္။ ၀၁၈ မတ္လ ၂၈ ရက္ေန႔တြင္ ဦး၀င္းျမင့္ကို ျပည္ေထာင္စုလႊတ္ေတာ္မွ ႏိုင္ငံေတာ္ သမၼတအျဖစ္ မဲအမ်ားဆံုးနဲ႔ ေရြးခ်ယ္တင္ေျမႇာက္ခဲ့သည္။

(အဂၤလိပ္ဘာသာျဖင့္ ဖတ္ရႈလိုပါက Myanmar′s Presidents Since Independence တြင္ ဖတ္ပါ)

Via : Irrawaddy Burmese


သမိုင်းတစ်လျှောက် မြန်မာ့သမ္မတများအကြောင်း (unicode)

Via : Irrawaddy Burmese

၁။ စဝ်ရွှေသိုက် (၁၈၉၄-၁၉၆၂)
စဝ်ရွှေသိုက်သည် ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေ၏ နောက်ဆုံးစော်ဘွား (သို့မဟုတ်) မျိုးရိုးအရ မင်းသားဖြစ်သည်။ စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ ဇန်နဝါရီလ လွတ်လပ်ရေးရရှိသည့်နေ့မှ စတင်၍ တိုင်းပြည်တာဝန်ကို ဝန်ကြီးချုပ်ဦးနုနှင့်အတူ ဦးဆောင်ထမ်းရွက်ခဲ့သည်။

သမ္မတမဖြစ်မီက စဝ်ရွှေသိုက်သည် ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းသည့်အခါ ရှမ်းမင်းသားမှာ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူသည် နောက်ပိုင်းတွင် အကျဉ်းစံဘဝဖြင့် ကွယ်လွန်ခဲ့သည်။

၂။ ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ဒေါက်တာဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတနှင့် ဗမာလူမျိုးဖြစ်သည်။ ၎င်းသည် ကိန်းဘရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရပြီး စဝ်ရွှေသိုက်၏ သမ္မတရာထူးကို ၁၉၅၂ ခုနှစ်၊ မတ်လတွင် မဆက်ခံမီအချိန်အထိ မြန်မာနိုင်ငံ၊ တရားရုံးချုပ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သမ္မတရာထူးကို ၁၉၅၇ ခုနှစ်၊ မတ်လအထိ ၅ နှစ်ထမ်းဆောင်ခဲ့သည်။

၃။ မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)

မန်းဝင်းမောင် ကရင်လူမျိုး၊ ဗုဒ္ဒဘာသာဝင်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတဖြစ်သည်။

၁၉၃၇-၄ဝ တွင် ဗမာ့ရေနံကုမ္ပဏီ (သန်လျင် ဘီအိုစီ) စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။လွတ်လပ်ရေးကြိုးပမ်းမှုအဖြစ် ထင်ရှားသည့်ဖြစ်ရပ်မှာ မြန်မာနိုင်ငံအတွင်းသို့ မဟာမိတ်အကူအညီဖြင့် ပြည်တွင်းတော်လှန်ရေးသမားများနှင့် ဆက်သွယ်ရန် လေထီးဖြင့် ဆင်းသက်လာသည့်တပ်သားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အတွက် လေထီးသမ္မတ ဟုလည်း တင်စားခေါ်ကြသည်။

ယခင်အစိုးရဟောင်း ဝန်ကြီးတဦးအနေဖြင့် ၁၉၅၇ ခုနှစ်၊ မတ်လတွင် ဒေါက်တာဘဦး၏ သမ္မတရာထူးကို ဆက်ခံရန် ဝန်ကြီးချုပ်ဦးနု၏ ရွေးချယ်ခြင်းခံရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းမှုအဖြစ် ဦးနုအစိုးရကို ဖြုတ်ချသည့်အချိန် ၁၉၆၂ ခုနှစ်၊ မတ်လအထိ မန်းဝင်းမောင်က သမ္မတရာထူးထမ်းဆောင်ခဲ့သည်။ ယင်းနောက် သူသည် ၅ နှစ် အကျဉ်းကျခံခဲ့ရသည်။ ၁၉၈၉-ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊ အသက်(၇၃)နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

၄။ ဗိုလ်ချုပ်ကြီးနေဝင်း (၁၉၁၀-၂၀၀၂)

ငယ်အမည် ရှုမောင်ဟုခေါ်သူ ဦးနေဝင်းသည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရဟုဆိုသည့် စစ်တပ်က အာဏာထိန်းသည့်ကာလတွင် မြန်မာနိုင်ငံကို ခေတ္တမျှ ထိန်းချုပ်ခွင့်ရလာသည်။ သူသည် အမြဲတမ်း အာဏာရယူထားနိုင်ရန် ၁၉၆၂ ခုနှစ်၊ မတ်လတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးအကဲနေရာကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်အထိ နှစ်ပေါင်း ၂၀ နီးပါးရယူထားခဲ့သည်။

တရုတ်-ဗမာကပြား တပ်မှူးတယောက်ဖြစ်သည့် သူသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ကို တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ယူလျက် ယင်းနှစ် ကျောင်းသားများ ဆန္ဒပြအုံကြွမှုဖြစ်နေစဉ်အတွင်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယင်းကာလတလျှောက်လုံး မဆလသည် တိုင်းပြည်တွင် တခုတည်းသော တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး ဦးနေဝင်းက စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင်သိမ်းခြင်းနှင့် ပြင်းထန်သော လူမျိုးရေးမုန်းတီးမှုကာလတခုဆီသို့ တိုင်းပြည်ကို သွတ်သွင်းခဲ့သည်။ စုစုပေါင်း ၂၆ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဦးနေဝင်း ရပ်တည်နေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရန်ကုန်မြို့တွင် နေအိမ်အကျယ်ချုပ်ကျခံရင်း ကွယ်လွန်သွားခဲ့သည်။

၅။ ဗိုလ်ချုပ်ကြီးစန်းယု (၁၉၁၈-၁၉၉၆)

တရုတ်-ဗမာကပြားတဦးလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးစန်းယုသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံဟုလည်းခေါ်ဆိုသည့် တိုင်းပြည်၏ ပဉ္စမမြောက်သမ္မတဖြစ်သည်။

၁၉၄၂ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ ဆေးကျောင်းတွင် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုနှင့် ကျောင်းသားသပိတ်၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေး မတိုင်မီကပင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ) တပ်ရင်း ၂ တွင် တပ်ရင်းမှုးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် ချေမှုန်းတိုက်ခိုက်ရေးနှင့် အနောက်တိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်သည်။ ၁၉၄၆ ခုနှစ်တွင် အမှတ် ၃ ဗမာ့သေနတ်ကိုင်တပ်ရင်း၌ ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးအဖြစ် တပ်မတော်တာဝန်ကို စတင်ထမ်းဆောင်သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တော်လှန်ရေးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဌာနတာဝန်ခံ (ဝန်ကြီး) အဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် မူလတာဝန်များ အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးနေဝင်းက မဆလပါတီဥက္ကဋ္ဌလုပ်နေစဉ်အတွင်း သူသည် သမ္မတရာထူးကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လအထိ ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတမဖြစ်လာမီ စစ်တပ်က ရေးဆွဲသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးတွင် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ဦးစန်းယုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

၆။ ဗိုလ်မှူးချုပ်စိန်လွင် (၁၉၂၃-၂၀၀၄)

ဗမာလူမျိုးတဦးဖြစ်သူ ဗိုလ်မှူးချုပ်စိန်လွင်သည် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှု ရေချိန်မြင့်တက်နေစဉ်ကာလအတွင်း ဆဋ္ဌမမြောက်သမ္မတအဖြစ် ၁၄ ရက်မျှသာ ထမ်းဆောင်ခဲ့ရသည်။ သူ အာဏာရခဲ့သည့်ကာလသည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၂ အထိဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် ရန်ကုန်ဆေးရုံကြီးအနီး ဆန္ဒပြကျောင်းသားများကို ပစ်သတ်ရန် အမိန့်ပေးခဲ့သဖြင့် ရန်ကုန်မြို့၏ သားသတ်သမားဟု လူသိများထင်ရှားသည်။

ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဗိုလ်မှူးချုပ်စိန်လွင် ပြုတ်ကျသွားခဲ့သည်။ အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ ဩဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။  ဦးစိန်လွင်သည် ၂ဝဝ၄- ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၁)ရှိပြီ ဖြစ်သည်။  သူ့အနေဖြင့် သွေးလွှမ်းမှု အမျိုးမျိုးအတွက် တာဝန်ရှိခဲ့ပြီး ဦးသန့်ဈာပန ရုပ်ပျက်ဆင်းပျက် ဖြစ်ရမှုနှင့် ရှစ်လေးလုံး ရက်စက်မှုများက သူ့အတွက် နာမည် အပျက်ရဆုံးများ ဖြစ်ခဲ့သည်။

၇။ ဦးအေးကို (၁၉၂၁-၂၀၀၆)

ဦးအေးကိုသည် ဗိုလ်မှူးချုပ်စိန်လွင် နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်ထိ (၂)ရက်သာ လစ်လပ်နေသော သမ္မတ တာဝန်ကို ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။ သီရိပျံချီ ဘွဲ့ရ တပ်မတော် အရာရှိကြီးဖြစ်သည်။ စာရိတ္တအလွန် အင်မတန်ကောင်းသည်ဟု ဆိုသည်။ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ နေရှင်နယ် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၃၉-ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ကျောင်းသားသပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ ဦးအေးကိုသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ နိုင်ငံတော်ကောင်စီ ဒုတိယဉက္ကဌ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၇.၇.၁၉၈၈ တွင် တာဝန်မှ အနားယူခဲ့ပြီး ၂၀၀၆-ခု၊ စက်တင်ဘာ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် အသက်(၈၆)နှစ် ရှိပြီဖြစ်သည်။

၈။ ဒေါက်တာမောင်မောင် (၁၉၂၅-၁၉၉၄)

ဗမာလူမျိုးတဦးဖြစ်သူ ဒေါက်တာမောင်မောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သတ္တမမြောက်သမ္မတဖြစ်ပြီး ထင်ရှားသည့်စာရေးဆရာတဦးလည်း ဖြစ်သည်။ သူသည် ဥပဒေပညာကို နယ်သာလန်နိုင်ငံ၊ Utrecht တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ဦးနေဝင်း၏ မဆလပါတီအစိုးရအောက်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သည့် စစ်တပ်က အာဏာမသိမ်းမီ ဒေါက်တာမောင်မောင်သည် သမ္မတအဖြစ် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ တလသာ ထမ်းဆောင်ခဲ့ရသည်။ ယင်းနောက် အစိုးရ၏ အမည်ကို ခေတ်ကာလအလျောက် ပြောင်းလဲခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ စစ်ခေါင်းဆောင်များဦးဆောင်လျက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေကောင်စီဟု ခေါ်ဆိုခဲ့သည်။ အဆိုပါကာလမှ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်တွင် သမ္မတဟူသောရာထူးဖြင့် နောက်ထပ်ခေါင်းဆောင် ပေါ်ထွက်မလာခဲ့ချေ။

၉။ ဦးသိန်းစိန် ( ၁၉၄၅- )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်ပြီး အနောက်အုပ်စု တိုင်းပြည်များက လွတ်လပ်၍ တရားမျှတမှုမရှိဟု သတ်မှတ်ခြင်းခံရသော ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီး အသွင်ပြောင်း နိုင်ငံရေးသမားကို အဋ္ဌမမြောက်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်၊ မတ်လတွင် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။

ဦးသိန်းစိန်သည် ယခင်စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် သူသည် စစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူလိုက်ပြီး စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ခဲ့သည်။ တိုင်းပြည်၏သမ္မတအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ထမ်းဆောင်ခဲ့သည်။

၁၀။ ဦးထင်ကျော် ( ၁၉၄၆- )

လက်ရှိသမ္မတဖြစ်သူ ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမျိုးသားစာဆို မင်းသုဝဏ်၏ ဒုတိယသားဖြစ်ပြီး လန်ဒန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ် လေ့လာဆည်းပူးပြီး ဘွဲ့ရခဲ့သည်။ သူ့မိသားစုမှာ နိုင်ငံရေးအစဉ်အလာကြီးမားပြီး ဖခင်ကြီး မင်းသုဝဏ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံရသကဲ့သို့ ဦးထင်ကျော်၏ယောက္ခမဖြစ်သူ ဦးလွင်သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူတဦးဖြစ်သည်။

အကျိုးအမြတ်မယူဘဲ ကျန်းမာရေးနှင့် ပညာရေးထောက်ပံ့နေသော ဖောင်ဒေးရှင်းတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်အမည်ကို ဂုဏ်ပြုခေါ်ဝေါ်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် ဦးထင်ကျော်သည် ထိပ်တန်းအမှုဆောင်တဦးဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံး ယုံကြည်စိတ်ချရသူအဖြစ် သတ်မှတ်ခံရပြီး NLD ပါတီတွင်း၌လည်း ရိုးသားသူအဖြစ် ဂုဏ်သတင်းရှိသည်။ သူ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးထင်ကျော်သည် စာရေးဆရာတဦးလည်းဖြစ်ပြီး မွန်နှင့်ဗမာအမွေအနှစ်နှစ်ခုစလုံး ဆက်ခံလျက် ထင်ရှားသည့်မွန်စစ်ပွဲကို အစွဲပြုလျက် သူ့ဖခင်ကြီး ရွေးချယ်ပေးသည့် ဒလဘန်းဟူသော ကလောင်အမည်ဖြင့် စာပေများ ရေးသားလေ့ရှိသည်။ သူ့ဖခင်ကြီးအကြောင်း ရေးသားထားသည့် စာအုပ်တအုပ်ကို ၂၀၀၉ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၎င်း၏သမ္မတရာထူးသက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ၂၀၁၈ မတ်လ ၂၁ ရက်တွင် နုတ်ထွက်ခဲ့သည်။

၁၁။ ဦးဝင်းမြင့် ( ၁၉၅၁ – )

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်တွင် ၁၉၅၁ တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ ဘွဲ့ နှင့်အတူ H.G.P., R.L တို့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် ဥပဒေပညာကို သာ လေ့လာလိုက်စားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ တွင် မဆလ အစိုးရ၏ ပြင်းထန်လှသော ဖိနှိပ်အုပ်ချုပ်မှု များ နှင့် စီးပွားရေး ချွတ်ခြုံကျလာခဲ့ရမှုများကြောင့် ဖြစ်ပေါ်လာခဲ့သော အထွေထွေ သပိတ်ကြီး တွင် နိုင်ငံရေး နယ်ထဲသို့ စတင်ကာ ခြေစုံ ပြစ် ဝင်ရောက်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရကာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်လွတ်မြောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကိုတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်အထိ ထမ်းဆောင်ခဲ့သည်။ မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဦးဝင်းမြင့်ကို ထောက်ခံမဲ ၂၇၃ မဲဖြင့် ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ၀၁၈ မတ်လ ၂၈ ရက်နေ့တွင် ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတအဖြစ် မဲအများဆုံးနဲ့ ရွေးချယ်တင်မြှောက်ခဲ့သည်။

(အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက Myanmar′s Presidents Since Independence တွင် ဖတ်ပါ)

Leave a Reply