Posted on
ရေးသားသူ – ဒီမိုမင်း
၎-လေ့လာမှုစစ်တမ်းများအရ ခြင်ဆေးခွေထဲမှာ အပြင်းထန်ဆုံး သတ်မှတ် ထားတဲ့ S.2 ပိုးသတ်ဆေး၊ ကျန်းမာရေးနဲ့ မညီညွတ်သည့် လွှစာမှုန့် နှင့် ဗိုင်ဒါကော်များ၊ ကင်ဆာဖြစ်စေတတ်သော ဆိုးဆေး နှင့် ဖော်မယ်ဒီဟိုက်များ ၊ လူကိုအန္တရာယ်ဖြစ်စေသည့် မီဖာဖလူသရင်း နှင့် ဓါတုအမွှေးအကြိုင်ပစ္စည်းများ ပါဝင် နေကြောင်း တွေ့ ရှိရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ထုတ်ပြန်ထားတဲ့ သတိပေးချက်များ (unicode)
ရေးသားသူ – ဒီမိုမင်း
၁- စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း (styrene) ဓါတ်ပါတဲ့ 2B ပလတ်စတစ်အုပ်စုဝင်တွေဖြစ်ပါတယ်။  ဒီဓာတ်ဟာ အပူနှင့် ဆီပါသော အစားအစာများနှင့်ထိတွေ့ပါက လျှင်မြန်စွာ ဓါတ်ပြုလွယ်ပြီး ကင်ဆာရောဂါကို ဖြစ်စေတဲ့အရာတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အတည်ပြုထားပြီး မျိုးပွားမှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဖေါ့ဘူးတွေ ပလပ်စတစ်ဘူးတွေ သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(ပူသော အစားအစာများထည့်ပါက ချိုင့်များနှင့် အတတ်နိုင်ဆုံး အသုံးပါရန် အကြံပေးပါရစေ။)
၂-ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ကျန်းမာရေးအတွက် ပိုမိုဆိုးရွာစေပါတယ်။
၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပါတယ်။ ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ ရေရှည်စားသုံးရင်တော့­ အစာအိမ် အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ ဆိုင်တွေမှာ သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲ ချဉ်ရည်တွေကိုရှောင်ကြဉ်သင့်ပါတယ်။
၄-လေ့လာမှုစစ်တမ်းများအရ ခြင်ဆေးခွေထဲမှာ အပြင်းထန်ဆုံး သတ်မှတ် ထားတဲ့ S.2 ပိုးသတ်ဆေး၊ ကျန်းမာရေးနဲ့မညီညွတ်သည့် လွှစာမှုန့်နှင့် ဗိုင်ဒါကော်များ၊ ကင်ဆာဖြစ်စေတတ်သော ဆိုးဆေး နှင့် ဖော်မယ်ဒီဟိုက်များ ၊ လူကိုအန္တရာယ်ဖြစ်စေသည့် မီဖာဖလူသရင်း နှင့် ဓါတုအမွှေးအကြိုင်ပစ္စည်းများ ပါဝင် နေကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။
ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည် နှင့်ညီမျှပါတယ်။ ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။
၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြား နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ် များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေပါတယ်။
ထို့အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကို ဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။
၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်း နှင့်ကင်ဆာရောဂါများကို
ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
၇- တရုတ်နို့မှုန့်နှင့် ၎င်းနှင့်ပြုလုပ်သောမုန့်များသည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါတယ်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များ နှင့်၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။
၈-ကော်ဖီမစ်များတွင် နို့ဆီ နှင့် နို့မှုန့်အစား အသုံးပြုသော Creamer မှာ မလေးရှားတွင် စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကို
တရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့်နေအောင်ကြိတ်ပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရပါတယ်။ ထိုကြိတ်ဖက်မှုန့်များသည် သွေးတိုးရောဂါ နှလုံးသွေးကြော ပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။
၉- အချို့သော အသီအနှံများတွင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင် နှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ဖာ်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပြီးတော့ ပိုးသတ်ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သဘောၤတွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာသုံးပါတယ်။ ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။
ဖော်မလင်ကို အစားအသောက်တွေမှာ တာရှည်ခံပစ္စည်းအဖြစ် အသုံးမပြုရပါ။ ဖော်မလင်ကိုတာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့ အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊ တို့ဟူး/ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် တွေဖြစ်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားသုံးမိရင် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲဆိုတော့ ဖော်မလင်ပါတဲ့ အစားအသောက်ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
၁၀- လမ်းဘေး လ္ဘက်ရည်ဆိုင် နှင့် စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာ ၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ကို စားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာ အစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာ အမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။
အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ တချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
Leave a Reply