ျမတပူ (သို႔) ေရွးေခတ္ ျမန္မာ့အေျမာက္အေၾကာင္း

Posted on

ေရးသားသူ – သုတၾကယ္စင္

ေရွးေခတ္က ျမန္မာ့စစ္တပ္အတြက္ အားထားရေသာ စစ္လက္နက္ပစၥည္းမ်ားတြင္ အေျမာက္၊စိန္ေျပာင္း၊ ျမတပူဟူ၍ ပါရွိသည္ကို သမိုင္းေလ့လာဖူးသူတိုင္း သတိထားမိၾကမည္ဟု ထင္ပါသည္ ။

ေရွးေခတ္ျမန္မာ့စစ္လက္နက္ခဲယမ္းမီးေက်ာက္ ပစၥည္းမ်ား၌ အေျမာက္၊ စိန္ေျပာင္း၊ ျမတပူ တို႕သည္ထူးျခား၍ စိတ္ဝင္စားဖြယ္ ေကာင္းၿပီး အသံုးဝင္ေသာ စစ္လက္နက္ပစၥည္းမ်ားျဖစ္ၾကသည္။

အေျမာက္သည္ စစ္ေရးတြင္မ်ားစြာ အားထားရေသာ လက္နက္ပစၥည္းတစ္ခုျဖစ္သည္ သာမက ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး ဧည့္သည္ေတာ္ မ်ားအား ႀကိဳဆိုရာတြင္လည္းေကာင္း၊ ႏိုင္ငံေရးအရ အခ်က္အခ်ာက်ေသာ ေန႔ထူးေန႔ျမတ္ႀကီးမ်ား က်င္းပရာတြင္ လည္းေကာင္း၊ အေျမာက္ကို တခမ္းတနား ပစ္ေဖာက္ကာ ဂုဏ္ျပဳေလ့ရွိသည္။

ထိုစစ္လက္နက္မ်ားျဖစ္ၾကေသာ အေျမာက္၊ စိန္ေျပာင္း ႏွင့္ ျမတပူ တို႕ထဲတြင္ ျမတပူ ဆိုေသာ ထူးဆန္းေသာ နာမည္ရွိသည့္ အေျမာက္လက္ နက္ကို စာဖတ္သူမ်ား သတိထားမိၾကပါလိမ့္မည္ ။ ထိုျမတပူ ဆိုေသာ အေျမာက္လက္နက္ဟာ အျခားေသာ စိန္ေျပာင္း ၊ အေျမာက္မ်ား ႏွင့္ ပံုပန္းသဏၭာန္မည္သို႕ ကြာျခားသည္၊ အသံုးျပဳပံု အသံုး ဝင္ ပံုျခင္းမည္သို႕ ကြာျခားသည္ကိုလည္း ခြဲျခားသိခ်င္ၾကမည္ဟု ယူဆသျဖင့္ ျမတပူအေၾကာင္း ရွာေဖြလို႕ရသမွ်ကို တင္ဆက္ေပးပါရေစ။

စိန္ေျပာင္း၊ အေျမာက္၊ ျမတပူ ဟူေသာ အသံုးအႏႈန္းကို အေစာဆံုးေတြ႕ရွိရသည္မွာ သကၠရာဇ္ ၇၆၆ – ၇၆၇ ခုႏွစ္မ်ားတြင္ ရာဇာဓိရာဇ္ႏွင့္ ဘုရင္မင္းေခါင္တို႔ ဆင္ႏႊဲေသာ မြန္-ျမန္မာ ႏွစ္ေလးဆယ္ တိုက္ပြဲမ်ားတြင္မွ ေတြ႕ရွိရ၏။ မြန္ဝန္ႀကီးဗညာဒလ ေရးသားျပဳစုေသာ မွန္နန္းရာဇ၀င္ေတာ္ႀကီး ၌ “မြန္မင္း ရာဇာဓိရာဇ္လည္း ဟံသာဝတီက ဆန္တက္၍ ျပည္ၿမိဳ႕သို႔ေရာက္လွ်င္ အႀကိမ္ႀကိမ္ လုပ္ႀကံသည္။ ျပည္ၿမိဳ႕တြင္းက ေျပာင္းေသနတ္၊ အေျမာက္ျမတပူ တို႕ႏွင့္ျပင္းစြာ ပစ္ခတ္ ေသာေၾကာင့္ ၿမိဳ႕ကိုမတက္၀ံ့၊ သူရဲသူခက္ အေသအေပ်ာက္မ်ားလွ်င္ ျပည္ၿမိဳ႕ကခြာ၍ ေျမထဲသို႔ ဆန္ရေလ၏” ဟု ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျမတပူ ဟူေသာ စစ္လက္နက္ဟာ အင္းဝ – ဟံသာဝတီ ႏွစ္ေလးဆယ္စစ္ပြဲအတြင္း အသံုးျပဳခဲ့ေသာ ႏွစ္ေပါင္း ၄၀၀ ေက်ာ္ သက္တမ္းရွိ စစ္လက္နက္ ျဖစ္ေၾကာင္း ေကာက္ခ်က္ ခ်ႏိုင္ပါသည္ ။

ထို ျမတပူ၏ပံုပန္းသဏၭာန္ ႏွင့္ အေျမာက္ စိန္ေျပာင္း တို႕မွာ ဆင္တူေသာ္လည္း ကြဲျပားျခားနားမွဳ႕ေတာ့ ရွိပါသည္ ။ ျမတပူ ဟာ အေျမာက္ စိန္ေျပာင္းကဲ့သို႕ ေျပာင္းတို၊ ေျပာင္းရွည္ မ်ားအတြင္း ဗံုးသီး၊ ဗံုးဆန္ထည့္ၿပီး ေနာက္မွ ယမ္းကို မီးရွိဳ႕ေပါက္ကြဲေစၿပီး ဗံုးသီး၊ ဗံုးဆန္ကို ယမ္းေပါက္ကြဲအားျဖင့္တြန္းထုတ္ေစေသာ လက္နက္မ်ိဳး မဟုတ္ပါ။

ျမတပူတြင္ အသံုးျပဳေသာ ေျပာင္းသည္ အတန္ငယ္ရွည္ေသာ ေျပာင္းရွည္ျဖစ္ၿပီး ၎ ေျပာင္းရွည္ကို ေၾကးသြန္း၊ ေငြသြန္းၿပီး ေပါ့ပါးေအာင္ လုပ္ထားသည္ဟု သိရသည္ ။ ထို႕ေနာက္ အလြယ္တကူ ေရႊ႕ေျပာင္း၍ ရေအာင္ ဘီးတပ္လွည္း၊ ယဥ္မ်ားတြင္ တင္၍ အသံုးျပဳရသည္။

ျမတပူသည္ အေျမာက္ စိန္၊ေျပာင္းတို႕ေလာက္ ေလးပင္မွဳ႕မရွိပဲ ေျပာင္းသည္လည္း သိပ္ထူျခင္းမရွိဟု ဆိုသည္ ။ထို႔အျပင္ အေျမာက္၊ စိန္ေျပာင္းကဲ့သို႕ ေျပာင္းတြင္ ေနာက္ပိတ္မပါပဲ ဒိုးရွိဳေပါက္ဟုသိရသည္။ထို႔ျပင္ ယမ္းကိုပံုကာ မီးရွိဳ႕ရေသာ နားခြက္လည္းမပါေခ်။ ျမတပူသည္ ေျပာင္းဝ ၄လက္မ မွ ၆လက္မ အထိ က်ယ္ၿပီး ၄ေပ မွ၆ေပ အထိ ရွည္လ်ားေလ့ရွိသည္”ဟု ေဖာ္ျပထားသည္။

ျမတပူတြင္ ထည့္သြင္း အသံုးျပဳရသည့္ အရာမွာ ဗုံးဆံ၊ ဗုံးသီးကဲ့သို႕ လံုးဝန္းေသာ သံလံုး၊ ေၾကးလံုး မဟုတ္ပဲ ၊ ဒံုးပ်ံကဲ့သို႕ ရွည္ၿပီး၊ေနာက္တြင္လည္း ပဲ့ထိန္းကဲ့သို႔အၿမီးပါေသာ ယမ္းေခ်ာင္း၊ ယမ္းေတာင့္သာျဖစ္သည္ ။

ထိုအရာဟာ ဘာႏွင့္ဆင္တူသလည္းဆိုေတာ့ သီတင္းကၽြတ္ကာလတြင္ ကေလးမ်ား ကစားေလ့ရွိေသာ ရႊီးဒိုင္းႏွင့္တူသည္ ။ ယမ္းစႀကိဳးကို မီး႐ွိဳ႕လိုက္ပါက ရႊီးဒိုင္းသည္ သူ႕ဟာသူ ေလေပၚသို႕ တြန္းကန္ၿပီး တက္သြားကာ အရွိန္ကုန္သည့္အခါ ေပါက္ကြဲသြားသကဲ့သို႕ပင္ ျမတပူက်ည္ ေတာင့္ဟာလည္း သူ႔ အေတာင့္အတြင္းထည့္သြင္းထားေသာ ယမ္း၏ ေပါက္ကြဲအားကိုပင္ အရွိန္ယူကာ ေလေပၚသို႕ တြန္းကန္ တက္သြားၿပီး အရွိန္ကုန္ပါက ေပါက္ကြဲသြားသည့္အမ်ိဳးပင္ျဖစ္သည္ ။

ရႊီးဒိုင္းအႀကီးစားသေဘာမ်ိဳးျဖစ္ေသာ္လည္း အၿမီးပါရွိေသာေၾကာင့္ လိုရာခရီးကို တည့္မတ္စြာ ေရာက္ရွိေစၿပီး ခ်ိန္ထားေသာ ေျပာင္း၏ လမ္းေၾကာင္း ပစ္မွတ္ အတိုင္းပင္ လြဲေခ်ာ္မွဳ႕ မရွိေစပဲ လိုရာသို႕တည့္မတ္စြာ ေရာက္ရွိေပါက္ကြဲေစႏိုင္သည္။

ျမတပူေတာင့္ျပဳလုပ္ရာတြင္ ဒံုးက်ည္ကဲ့သို႔ ရွည္ေသာ လံုးဝန္းေသာ က်ည္ဆံေတာင့္ျဖစ္ေအာင္ ၊အေခါင္းေပါက္ ျဖစ္ေအာင္ ေၾကး၊သံကၽြတ္မ်ားျဖင့္ သြန္းရသည္ဟုဆိုသည္ ။ တခါတရံ ေၾကး၊သံမရႏိုင္တဲ့ အခါမ်ားမွာ မီးသင္းထားေသာ ဝါးဆစ္ကိုပင္ အသံုးျပဳသည္ဟု သိရသည္။ ထို က်ည္ဆံေတာင့္အတြင္းထဲသို႕ပထမဦးစြာ ကန္႕ႏွင့္ေရာထားေသာ ယမ္းျပင္းကို က်စ္လစ္ေအာင္သိပ္သည္းစြာ သံုးပံု တစ္ပံုခန္႕ထည့္ရသည္ ။

အဲဒီေနာက္တြင္မွ ယမ္းစိမ္း၊ မီးေသြးမွဳန္႕၊ ေက်ာက္မွဳန္႕၊ မီးစုန္း၊ ကန္႕တို႕ အခ်ိဳးခ် စပ္ထားေသာ ယမ္းေပ်ာ့မွဳ႕ကို သိပ္ထည့္ရသည္။ ထို႕ေနာက္ ယမ္းႀကိဳးကို အလယ္အူေၾကာင္းတြင္ ထည့္သြင္းၿပီး ေနာက္ပိတ္ကို ေလလံုေအာင္ ခ်ိတ္ျဖင့္ ပိတ္ရသည္ဟု ဆိုသည္ ။ ထို႕အျပင္ အေရွ႕သို႕ တည့္မတ္စြာ ပ်ံသန္းသြားႏိုင္ရန္ အေနာက္တြင္ အၿမီးတပ္ေပးရသည္။ ထို႕ေနာက္ ယမ္းႀကိဳးေရမစိုေအာင္ ေျခာက္ေသြ႕စြာထားရသည္။

အသံုးျပဳသည့္အခါ ျမတပူက်ည္ဆံေတာင့္ကို ေျပာင္း၏ အေနာက္မွထည့္သြင္းၿပီး ယမ္းႀကိဳးေပၚေအာင္ထားရသည္ ။ ထို႕ေနာက္ ဘီးတပ္လွည္းႏွင့္ ေျပာင္းကို လိုသလိုေရြ႕ကာ ပစ္မွတ္ကို တည့္မတ္စြာခ်ိန္ၿပီး ယမ္းႀကိဳးစနက္တံကို မီးရွိဳ႕ရသည္။ ယမ္းႀကိဳးစနက္မွ မီးဟာ ပထမဦးစြာ ယမ္းေပ်ာ့ကိုကူူးသြားသည့္အတြက္ ျမတပူဟာ အားတခုျဖင့္ ေပါက္ကြဲတြန္းကန္ၿပီး ေျပာင္းတေလွ်ာက္ အရွိန္ျပင္းစြာ ပ်ံထြက္သြားသည္။ ထို႕ေနာက္ တေျဖးေျဖးမီးဟာ ျမတပူေတာင့္အရင္းနားရွိ သိပ္သည္းဆျပင္းေသာ ယမ္းျပင္းရွိရာေနရာ အေရာက္တြင္ျမတ ပူသည္ ျပင္းထန္စြာေပါက္ကြဲသြားေတာ့သည္ ။

ထို႕ေၾကာင့္ ျမတပူလက္နက္ဟာ အေျမာက္ ၊ စိန္ေျပာင္းကဲ့သို႕ အလွမ္းကြာေဝးေသာ ပစ္မွတ္မ်ားကို မွန္းဆၿပီး အေဝးကေန ပစ္ခတ္၍မရေသာ္လည္း ၿမိဳ႕သိမ္းတိုက္ပြဲမ်ားႏွင့္ အနီးကပ္ ရင္ဆိုင္တိုက္ပြဲမ်ားတြင္ ပစ္မွတ္မ်ားကို တည့္မတ္စြာ ပစ္ခတ္ႏိုင္သည့္အတြက္ မ်ားစြာ အသံုးဝင္လွသည္။

ျမန္မာ့စစ္သမိုင္းတြင္ ျမတပူကို အထူး အားကိုးအားထားျပဳခဲ့ေၾကာင္း ဦးကုလားရာဇဝင္ႏွင့္ မွန္နန္းရာဇဝင္ေတာ္ႀကီးတြင္ ေဖာ္ျပခဲ့ေသာ သကၠရာဇ္ ၇၇၁ခုႏွစ္တြင္ ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ‘ဘားနံတိုက္ပြဲ’ အေၾကာင္းတြင္ အထူးတလည္ပါရွိသည္။ ကုန္းေဘာင္ေခတ္ဦးတြင္လည္း အေျမာက္ ႏွင့္ စိန္ေျပာင္း ၊ ျမတပူတို႕ ကိုအေလးေပး ထုတ္လုပ္သံုးစြဲခဲ့ေၾကာင္း ကုန္းေဘာင္ေခတ္ စစ္သမိုင္းမ်ားတြင္ ပါရွိသည္။

အယုဒၶယၿမိဳ႕ကို ဝန္းရံလုပ္ၾကံစဥ္က “က်ည္ဝ ႏွစ္မိုက္၊ အလ်ား ခုႏွစ္ေတာင္၊ က်ည္ေစ့ လံုးပတ္ ႏွစ္ထြာ၊ အခ်ိန္ ငါးဆယ္ ထိုဗံုးအေျမာက္ႏွင့္ မီးျဖဴမီးဝါသြတ္ ထားေသာ ျမတပူဆန္တို႕ျဖင့္ ညေနညေနတိုင္း …… ၿမိဳ႕တြင္းသို႕ ဆယ္လံုးဆယ္လံုးစီမျပတ္ပစ္ခတ္” ေစေၾကာင္း ယိုးဒယား-ျမန္မာ စစ္သမိုင္းေမာ္ကြန္းတြင္ ပါရွိေလသည္။

ကိုးကား – သန္းဝင္းလွိဳင္(ျမန္မာအေျမာက္)
– မွန္နန္းရာဇဝင္ ( ဦးကုလား)
– ဦးေမာင္ေမာင္တင္( ေရႊနန္းသံုးေဝါ ဟာရအဘိဓာန္)


မြတပူ (သို့) ရှေးခေတ် မြန်မာ့အမြောက်အကြောင်း (unicode)

ရေးသားသူ – သုတကြယ်စင်

ရှေးခေတ်က မြန်မာ့စစ်တပ်အတွက် အားထားရသော စစ်လက်နက်ပစ္စည်းများတွင် အမြောက်၊စိန်ပြောင်း၊ မြတပူဟူ၍ ပါရှိသည်ကို သမိုင်းလေ့လာဖူးသူတိုင်း သတိထားမိကြမည်ဟု ထင်ပါသည် ။

ရှေးခေတ်မြန်မာ့စစ်လက်နက်ခဲယမ်းမီးကျောက် ပစ္စည်းများ၌ အမြောက်၊ စိန်ပြောင်း၊ မြတပူ တို့သည်ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းပြီး အသုံးဝင်သော စစ်လက်နက်ပစ္စည်းများဖြစ်ကြသည်။

အမြောက်သည် စစ်ရေးတွင်များစွာ အားထားရသော လက်နက်ပစ္စည်းတစ်ခုဖြစ်သည် သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး ဧည့်သည်တော် များအား ကြိုဆိုရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ အချက်အချာကျသော နေ့ထူးနေ့မြတ်ကြီးများ ကျင်းပရာတွင် လည်းကောင်း၊ အမြောက်ကို တခမ်းတနား ပစ်ဖောက်ကာ ဂုဏ်ပြုလေ့ရှိသည်။

ထိုစစ်လက်နက်များဖြစ်ကြသော အမြောက်၊ စိန်ပြောင်း နှင့် မြတပူ တို့ထဲတွင် မြတပူ ဆိုသော ထူးဆန်းသော နာမည်ရှိသည့် အမြောက်လက် နက်ကို စာဖတ်သူများ သတိထားမိကြပါလိမ့်မည် ။ ထိုမြတပူ ဆိုသော အမြောက်လက်နက်ဟာ အခြားသော စိန်ပြောင်း ၊ အမြောက်များ နှင့် ပုံပန်းသဏ္ဌာန်မည်သို့ ကွာခြားသည်၊ အသုံးပြုပုံ အသုံး ဝင် ပုံခြင်းမည်သို့ ကွာခြားသည်ကိုလည်း ခွဲခြားသိချင်ကြမည်ဟု ယူဆသဖြင့် မြတပူအကြောင်း ရှာဖွေလို့ရသမျှကို တင်ဆက်ပေးပါရစေ။

စိန်ပြောင်း၊ အမြောက်၊ မြတပူ ဟူသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရသည်မှာ သက္ကရာဇ် ၇၆၆ – ၇၆၇ ခုနှစ်များတွင် ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့ ဆင်နွှဲသော မွန်-မြန်မာ နှစ်လေးဆယ် တိုက်ပွဲများတွင်မှ တွေ့ရှိရ၏။ မွန်ဝန်ကြီးဗညာဒလ ရေးသားပြုစုသော မှန်နန်းရာဇဝင်တော်ကြီး ၌ “မွန်မင်း ရာဇာဓိရာဇ်လည်း ဟံသာဝတီက ဆန်တက်၍ ပြည်မြို့သို့ရောက်လျှင် အကြိမ်ကြိမ် လုပ်ကြံသည်။ ပြည်မြို့တွင်းက ပြောင်းသေနတ်၊ အမြောက်မြတပူ တို့နှင့်ပြင်းစွာ ပစ်ခတ် သောကြောင့် မြို့ကိုမတက်ဝံ့၊ သူရဲသူခက် အသေအပျောက်များလျှင် ပြည်မြို့ကခွာ၍ မြေထဲသို့ ဆန်ရလေ၏” ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြတပူ ဟူသော စစ်လက်နက်ဟာ အင်းဝ – ဟံသာဝတီ နှစ်လေးဆယ်စစ်ပွဲအတွင်း အသုံးပြုခဲ့သော နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိ စစ်လက်နက် ဖြစ်ကြောင်း ကောက်ချက် ချနိုင်ပါသည် ။

ထို မြတပူ၏ပုံပန်းသဏ္ဌာန် နှင့် အမြောက် စိန်ပြောင်း တို့မှာ ဆင်တူသော်လည်း ကွဲပြားခြားနားမှု့တော့ ရှိပါသည် ။ မြတပူ ဟာ အမြောက် စိန်ပြောင်းကဲ့သို့ ပြောင်းတို၊ ပြောင်းရှည် များအတွင်း ဗုံးသီး၊ ဗုံးဆန်ထည့်ပြီး နောက်မှ ယမ်းကို မီးရှို့ပေါက်ကွဲစေပြီး ဗုံးသီး၊ ဗုံးဆန်ကို ယမ်းပေါက်ကွဲအားဖြင့်တွန်းထုတ်စေသော လက်နက်မျိုး မဟုတ်ပါ။

မြတပူတွင် အသုံးပြုသော ပြောင်းသည် အတန်ငယ်ရှည်သော ပြောင်းရှည်ဖြစ်ပြီး ၎င်း ပြောင်းရှည်ကို ကြေးသွန်း၊ ငွေသွန်းပြီး ပေါ့ပါးအောင် လုပ်ထားသည်ဟု သိရသည် ။ ထို့နောက် အလွယ်တကူ ရွှေ့ပြောင်း၍ ရအောင် ဘီးတပ်လှည်း၊ ယဉ်များတွင် တင်၍ အသုံးပြုရသည်။

မြတပူသည် အမြောက် စိန်၊ပြောင်းတို့လောက် လေးပင်မှု့မရှိပဲ ပြောင်းသည်လည်း သိပ်ထူခြင်းမရှိဟု ဆိုသည် ။ထို့အပြင် အမြောက်၊ စိန်ပြောင်းကဲ့သို့ ပြောင်းတွင် နောက်ပိတ်မပါပဲ ဒိုးရှိုပေါက်ဟုသိရသည်။ထို့ပြင် ယမ်းကိုပုံကာ မီးရှို့ရသော နားခွက်လည်းမပါချေ။ မြတပူသည် ပြောင်းဝ ၄လက်မ မှ ၆လက်မ အထိ ကျယ်ပြီး ၄ပေ မှ၆ပေ အထိ ရှည်လျားလေ့ရှိသည်”ဟု ဖော်ပြထားသည်။

မြတပူတွင် ထည့်သွင်း အသုံးပြုရသည့် အရာမှာ ဗုံးဆံ၊ ဗုံးသီးကဲ့သို့ လုံးဝန်းသော သံလုံး၊ ကြေးလုံး မဟုတ်ပဲ ၊ ဒုံးပျံကဲ့သို့ ရှည်ပြီး၊နောက်တွင်လည်း ပဲ့ထိန်းကဲ့သို့အမြီးပါသော ယမ်းချောင်း၊ ယမ်းတောင့်သာဖြစ်သည် ။

ထိုအရာဟာ ဘာနှင့်ဆင်တူသလည်းဆိုတော့ သီတင်းကျွတ်ကာလတွင် ကလေးများ ကစားလေ့ရှိသော ရွှီးဒိုင်းနှင့်တူသည် ။ ယမ်းစကြိုးကို မီးရှို့လိုက်ပါက ရွှီးဒိုင်းသည် သူ့ဟာသူ လေပေါ်သို့ တွန်းကန်ပြီး တက်သွားကာ အရှိန်ကုန်သည့်အခါ ပေါက်ကွဲသွားသကဲ့သို့ပင် မြတပူကျည် တောင့်ဟာလည်း သူ့ အတောင့်အတွင်းထည့်သွင်းထားသော ယမ်း၏ ပေါက်ကွဲအားကိုပင် အရှိန်ယူကာ လေပေါ်သို့ တွန်းကန် တက်သွားပြီး အရှိန်ကုန်ပါက ပေါက်ကွဲသွားသည့်အမျိုးပင်ဖြစ်သည် ။

ရွှီးဒိုင်းအကြီးစားသဘောမျိုးဖြစ်သော်လည်း အမြီးပါရှိသောကြောင့် လိုရာခရီးကို တည့်မတ်စွာ ရောက်ရှိစေပြီး ချိန်ထားသော ပြောင်း၏ လမ်းကြောင်း ပစ်မှတ် အတိုင်းပင် လွဲချော်မှု့ မရှိစေပဲ လိုရာသို့တည့်မတ်စွာ ရောက်ရှိပေါက်ကွဲစေနိုင်သည်။

မြတပူတောင့်ပြုလုပ်ရာတွင် ဒုံးကျည်ကဲ့သို့ ရှည်သော လုံးဝန်းသော ကျည်ဆံတောင့်ဖြစ်အောင် ၊အခေါင်းပေါက် ဖြစ်အောင် ကြေး၊သံကျွတ်များဖြင့် သွန်းရသည်ဟုဆိုသည် ။ တခါတရံ ကြေး၊သံမရနိုင်တဲ့ အခါများမှာ မီးသင်းထားသော ဝါးဆစ်ကိုပင် အသုံးပြုသည်ဟု သိရသည်။ ထို ကျည်ဆံတောင့်အတွင်းထဲသို့ပထမဦးစွာ ကန့်နှင့်ရောထားသော ယမ်းပြင်းကို ကျစ်လစ်အောင်သိပ်သည်းစွာ သုံးပုံ တစ်ပုံခန့်ထည့်ရသည် ။

အဲဒီနောက်တွင်မှ ယမ်းစိမ်း၊ မီးသွေးမှုန့်၊ ကျောက်မှုန့်၊ မီးစုန်း၊ ကန့်တို့ အချိုးချ စပ်ထားသော ယမ်းပျော့မှု့ကို သိပ်ထည့်ရသည်။ ထို့နောက် ယမ်းကြိုးကို အလယ်အူကြောင်းတွင် ထည့်သွင်းပြီး နောက်ပိတ်ကို လေလုံအောင် ချိတ်ဖြင့် ပိတ်ရသည်ဟု ဆိုသည် ။ ထို့အပြင် အရှေ့သို့ တည့်မတ်စွာ ပျံသန်းသွားနိုင်ရန် အနောက်တွင် အမြီးတပ်ပေးရသည်။ ထို့နောက် ယမ်းကြိုးရေမစိုအောင် ခြောက်သွေ့စွာထားရသည်။

အသုံးပြုသည့်အခါ မြတပူကျည်ဆံတောင့်ကို ပြောင်း၏ အနောက်မှထည့်သွင်းပြီး ယမ်းကြိုးပေါ်အောင်ထားရသည် ။ ထို့နောက် ဘီးတပ်လှည်းနှင့် ပြောင်းကို လိုသလိုရွေ့ကာ ပစ်မှတ်ကို တည့်မတ်စွာချိန်ပြီး ယမ်းကြိုးစနက်တံကို မီးရှို့ရသည်။ ယမ်းကြိုးစနက်မှ မီးဟာ ပထမဦးစွာ ယမ်းပျော့ကိုကူးသွားသည့်အတွက် မြတပူဟာ အားတခုဖြင့် ပေါက်ကွဲတွန်းကန်ပြီး ပြောင်းတလျှောက် အရှိန်ပြင်းစွာ ပျံထွက်သွားသည်။ ထို့နောက် တဖြေးဖြေးမီးဟာ မြတပူတောင့်အရင်းနားရှိ သိပ်သည်းဆပြင်းသော ယမ်းပြင်းရှိရာနေရာ အရောက်တွင်မြတ ပူသည် ပြင်းထန်စွာပေါက်ကွဲသွားတော့သည် ။

ထို့ကြောင့် မြတပူလက်နက်ဟာ အမြောက် ၊ စိန်ပြောင်းကဲ့သို့ အလှမ်းကွာဝေးသော ပစ်မှတ်များကို မှန်းဆပြီး အဝေးကနေ ပစ်ခတ်၍မရသော်လည်း မြို့သိမ်းတိုက်ပွဲများနှင့် အနီးကပ် ရင်ဆိုင်တိုက်ပွဲများတွင် ပစ်မှတ်များကို တည့်မတ်စွာ ပစ်ခတ်နိုင်သည့်အတွက် များစွာ အသုံးဝင်လှသည်။

မြန်မာ့စစ်သမိုင်းတွင် မြတပူကို အထူး အားကိုးအားထားပြုခဲ့ကြောင်း ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြခဲ့သော သက္ကရာဇ် ၇၇၁ခုနှစ်တွင် ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ‘ဘားနံတိုက်ပွဲ’ အကြောင်းတွင် အထူးတလည်ပါရှိသည်။ ကုန်းဘောင်ခေတ်ဦးတွင်လည်း အမြောက် နှင့် စိန်ပြောင်း ၊ မြတပူတို့ ကိုအလေးပေး ထုတ်လုပ်သုံးစွဲခဲ့ကြောင်း ကုန်းဘောင်ခေတ် စစ်သမိုင်းများတွင် ပါရှိသည်။

အယုဒ္ဓယမြို့ကို ဝန်းရံလုပ်ကြံစဉ်က “ကျည်ဝ နှစ်မိုက်၊ အလျား ခုနှစ်တောင်၊ ကျည်စေ့ လုံးပတ် နှစ်ထွာ၊ အချိန် ငါးဆယ် ထိုဗုံးအမြောက်နှင့် မီးဖြူမီးဝါသွတ် ထားသော မြတပူဆန်တို့ဖြင့် ညနေညနေတိုင်း …… မြို့တွင်းသို့ ဆယ်လုံးဆယ်လုံးစီမပြတ်ပစ်ခတ်” စေကြောင်း ယိုးဒယား-မြန်မာ စစ်သမိုင်းမော်ကွန်းတွင် ပါရှိလေသည်။

ကိုးကား – သန်းဝင်းလှိုင်(မြန်မာအမြောက်)
– မှန်နန်းရာဇဝင် ( ဦးကုလား)
– ဦးမောင်မောင်တင်( ရွှေနန်းသုံးဝေါ ဟာရအဘိဓာန်)

Leave a Reply