ေစတနာဆိုတာ အလဟႆမျဖစ္ပါ

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

အေမရိကန္ႏိုင္ငံက ဖီလဲေဒဖီးယားျမိဳ႕ရဲ႕ မိုးသဲသဲမဲမဲ ရြာၿပီး ေလျပင္းေတြ တိုက္ခတ္ေနတဲ့ ညဦးပိုင္းအခ်ိန္ပါ။ ဟိုတယ္ အေသးေလးတစ္ခုကို အသက္ ၇၀ အရြယ္ အဖိုးႀကီးနဲ႔ အဖြားႀကီး လင္မယား ၂ ေယာက္ ေရာက္လာၾကတယ္။ သူတို႔ကိုယ္မွာ မိုးေတြ စိုရွြဲေနၿပီး ခိုက္ခိုက္တုန္ခ်မ္းေနၾကတယ္။ သူတို႔ဟာ ဧည့္ႀကိဳေကာင္တာဆီကို ေျဖးေျဖးခ်င္း ေလွ်ာက္လာၾကၿပီး အဖိုးႀကီးက အသက္ အစိပ္အရြယ္ ဧည့္ႀကိဳလူငယ္ကို ဟိုတယ္မွာ တညတာ တည္းခိုဖို႔ အခန္းတစ္ခန္း လိုခ်င္တယ္လို႔ ေျပာလိုက္တယ္။

လူငယ္က ဒီၿမိဳ႕မွာ ေဟာေျပာပြဲ ၃ ခု က်င္းပေနလို႔ ေဟာေျပာပြဲကို လာတက္သူေတြက အခန္းေတြအားလံုးငွားထားၿပီးပါၿပီ။ ဒါေၾကာင့္ ဟိုတယ္မွာ အခန္းလြတ္ မရွိပါဘူးလို႔ ႐ို႐ိုေသေသ ျပန္ေျဖလိုက္တယ္။ အဖိုးႀကီးက ဒါဆိုလည္း ရပါတယ္ကြာဆိုၿပီး အဖြားႀကီးလက္ကို ဆြဲရင္း ဟိုတယ္ထဲက ထြက္သြားဖို႔ ဟန္ျပင္လိုက္တယ္။ လူငယ္က သူ႔တို႔ကို ခဏေနပါအံုးလို႔ လက္ျပတားလိုက္ၿပီး ခုလိုေျပာလိုက္တယ္။

“အန္ကယ္နဲ႔ အန္တီတို႔ ခင္ဗ်ာ၊ အျပင္မွာ ေလေရာ မိုးေရာ အရမ္းႀကီးေနလို႔ အႏၲရာယ္ ရွိပါတယ္။ ဒါေၾကာင့္ က်ေနာ္ အၾကံတစ္ခု ေပးခ်င္ပါတယ္။ ေနာက္ဖက္မွာ က်ေနာ္အိပ္တဲ့ အခန္းေလးတစ္ခု ရွိပါတယ္။ ဟိုတယ္ခန္းေလာက္ေတာ့ မသားနားဘူးေပါ့။ ဒါေပမဲ့ အခန္းထဲမွာ အပူေပးစက္ ရွိတာမို႔ အန္ကယ္တို႔ ၂ ေယာက္ ဒီညအတြက္ က်ေနာ္အိပ္ယာေပၚမွာ ေႏြးေႏြးေထြးေထြး အနားယူႏိုင္ပါတယ္။ ပိုက္ဆံ ေပးဖို႔ မလိုပါဘူး။ က်ေနာ္လည္း ဒီတညလံုး ေကာင္တာမွာပဲ ဂ်ဴတီက်ေနလို႔ အခန္းကို ျပန္အိပ္မွာ မဟုတ္ပါဘူး” တဲ့။

ဝီလီယံဝါးေဒါ့ဖ္အက္စတာပါ ႏွင့္ ဇနီး

အဖိုးႀကီးက”ေနပါေစ၊ ရပါတယ္၊ ေက်းဇူးတင္ပါတယ္ကြာ”လို႔ ေျပာရင္း ဟိုတယ္က ထြက္ဖို႔ တံခါးေပါက္ကို ဖြင့္လိုက္တယ္။ အျပင္မွာ အရင္ထက္ မိုးဟာ ပိုၿပီး သဲသဲမဲမဲ ရြာလာသလို ေလကလည္း ပိုၿပီးၾကမ္းၾကမ္းတမ္းတမ္း တိုက္ေနပါတယ္။ လူငယ္က သူတို႔ကို သူ႔အခန္းမွာပဲ အိပ္ဖို႔ ထပ္ခါထပ္ခါ ေျပာေနတာေၾကာင့္ အဖိုးႀကီးလည္း သေဘာတူ လက္ခံလိုက္ၿပီး သူ႔အခန္းမွာပဲ ညအိပ္လိုက္ၾကတယ္။

မနက္က်ေတာ့ အဖိုးႀကီးနဲ႔ အဖြားႀကီးဟာ လူငယ္ကို ေက်းဇူးတင္ေၾကာင္း ထပ္ခါထပ္ခါခါ ေျပာၿပီး ဟိုတယ္က ထြက္ဖို႔ ျပင္လိုက္ၾကတယ္။ ဟိုတယ္တံခါးေပါက္ဝ ေရာက္ေတာ့ အဖိုးႀကီးက ေကာင္တာမွာ က်န္ေနခဲ့တဲ့ လူငယ္ကို အခုလို လွမ္းေအာ္ေျပာလိုက္တယ္။ “မင္းဟာ ဟိုတယ္အေကာင္းစားႀကီးတစ္ခုရဲ႕ မန္ေနဂ်ာ ျဖစ္သင့္တယ္။ ငါ မင္းအတြက္ ဟိုတယ္ႀကီးတစ္လံုး ေဆာက္ေပးမယ္”တဲ့။ လူငယ္ေလးလည္း သူတို႔ကို ျပံဳးျပၿပီး လက္ျပႏူတ္ဆက္လိုက္တယ္။

၂ ႏွစ္ၾကာသြားၿပီ။ ဟိုတယ္ကို လူငယ္ရဲ႕ နာမည္တပ္ထားတဲ့ စာတိုက္ကေန ပို႔လိုက္တဲ့ စာတစ္ေစာင္ ေရာက္လာတယ္။ စာက နယူးေယာက္ၿမိဳ႕က ပို႔လိုက္တာပါ။ လူငယ္က စာကို ဖြင့္ဖတ္လိုက္တယ္။ စာထဲမွာ ေရးထားတာက အရင္ ၂ ႏွစ္က မိုးသဲ ေလျပင္းတိုက္တဲ့ တစ္ညမွာ သူ႔အခန္းမွာ လာအိပ္သြားတဲ့ လင္မယား ၂ ေယာက္က စာေရးလိုက္တာပါတဲ့။ သူတို႔က သူ႔ကို နယူးေယာက္ၿမိဳ႕ကို အလည္လာဖို႔ ဖိတ္ၾကားလိုက္ပါတယ္တဲ့။ စာထဲမွာ သူ႔အတြက္ နယူးေယာက္ၿမိဳ႕ကို ေလယဥ္အသြားအျပန္လက္မွတ္ ၂ ေစာင္လည္း ထည့္ေပးလိုက္တယ္။

လူငယ္ဟာ အလုပ္က ခြင့္ယူၿပီး နယူးေယာက္ၿမိဳ႕ကို သြားလိုက္တယ္။ ေလဆိပ္မွာ အဖိုးႀကီး လာႀကိဳတယ္။ ၿပီးေတာ့ အဖိုးႀကီးက သူ႔ကို ကားနဲ႔ နယူးေယာက္ၿမိဳ႕ထဲကို ေခၚသြားတယ္။ ၅ လမ္းနဲ႔ ၃၅ လမ္းၾကားကို ေရာက္ေတာ့ အဖိုးႀကီးက ကားေမာင္းသမားကို ကားရပ္ခိုင္းလိုက္တယ္။ ကားေပၚကဆင္းၾကၿပီး အဖိုးႀကီးက လူငယ္ရဲ႕ လက္ကို ဆြဲလို႔ အထပ္ေပါင္းမ်ားစြာရွိၿပီး အလြန္ႀကီးက်ယ္ခမ္းနားလွပတဲ့ အသစ္စက္စက္ အေဆာက္အဦႀကီးထဲကို ေခၚသြားတယ္။ လူငယ္ဟာ အေဆာက္အဦ အဝင္ဝမွာ ေရးထားတဲ့ ဆိုင္းဘုတ္ကို ျမင္ၿပီး ဒါဟာ ဟိုတယ္ႀကီးတစ္ခုဆိုတာ သိလိုက္တယ္။ အထဲေရာက္ေတာ့ ဟိုတယ္ဟာ ႀကီးက်ယ္ခမ္းနားလြန္းလို႔ လူငယ္ဟာ အံ့ၾသတႀကီးနဲ႔ လိုက္ၾကည့္ေနတယ္။ ခဏျကာေတာ့ အဖိုးႀကီးက လူငယ့္ပုခံုးကို လက္နဲ႔ အသာပုတ္လိုက္ၿပီး ခုလို ေျပာလိုက္တယ္။

“ဒီဟိုတယ္ကို မင္းကို စီမံအုပ္ခ်ဳပ္ေစခ်င္လို႔ ငါေဆာက္ခဲ့တာပါ။ ေဆာက္တာ ၂ ႏွစ္ေတာ့ ၾကာသြားတယ္ကြာ”

“အန္ကယ္ရယ္၊ မျဖစ္ႏိုင္တာေတြ မေနာက္ပါနဲ႔ဗ်ာ”

“ေဟ့ ေကာင္ေလး၊ ငါ မင္းကို ေနာက္ေနတာ မဟုတ္ဘူးကြ။ တကယ္ေျပာေနတာ။ ဒီေလာက္ႀကီးက်ယ္ခမ္းနားတဲ့ ဟိုတယ္ကို မင္းလို စိတ္သေဘာထားျပည့္ဝတဲ့၊ ေစတနာထားတတ္တဲ့လူကိုပဲ စီမံအုပ္ခ်ဳပ္ေစခ်င္တယ္” လို႔ အဖိုးႀကီးက အားပါးတရျပံဳးၿပီး ေျပာလိုက္တယ္။

အဖိုးႀကီးရဲ႕ နာမည္က ဝီလီယံဝါးေဒါ့ဖ္အက္စတာပါ( William Waldorf-Astor)။ သန္းႂကြယ္သူေ႒းႀကီး တစ္ေယာက္ပါ။ အခုေျပာတဲ့ ဟိုတယ္က အေမရိကန္ႏိုင္ငံက ဟိုတယ္ေတြထဲမွာ အႀကီးက်ယ္ဆံုး၊ အလွပဆံုးနဲ႔ ေစ်းအႀကီးဆံုးျဖစ္တဲ့ နယူးေယာက္က ဝါးေဒါ့ဖ္အက္စတိုးရီးယား(Waldorf-Astoria Hotel) ဟိုတယ္ပါ။ ဒီဟိုတယ္ရဲ႕ ပထမဆံုးမန္ေနဂ်ာကေတာ့ ေစာေစာက ေျပာတဲ့ ဟိုတယ္ဧည့္ႀကိဳလူငယ္ ေဂ်ာ့စီဘို႔(George C. Boldt) ပါ။

ေစတနာေကာင္းတဲ့ ဧည့္ႀကဳိလူငယ္ေလး ေဂ်ာ့စီဘို႔

လူတစ္ေယာက္ဟာ သူမ်ားအေပၚ ေစတနာထားလိုက္လို႔ သူ႔မွာ ဘာမွ မယုတ္ေလ်ာ့ မဆံုးရံႈးသြားသလို သူ႔ရဲ႕ ေစတနာဟာလည္း ဘယ္ေတာ့မွ အလဟႆ ျဖစ္မသြားပါဘူး။ ေစတနာမွန္ရင္ ထိုက္တန္တဲ့ အက်ိဳးခံစားရမွာပါ။


စေတနာဆိုတာ အလဟဿမဖြစ်ပါ (unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ

အမေရိကန်နိုင်ငံက ဖီလဲဒေဖီးယားမြို့ရဲ့ မိုးသဲသဲမဲမဲ ရွာပြီး လေပြင်းတွေ တိုက်ခတ်နေတဲ့ ညဦးပိုင်းအချိန်ပါ။ ဟိုတယ် အသေးလေးတစ်ခုကို အသက် ၇၀ အရွယ် အဖိုးကြီးနဲ့ အဖွားကြီး လင်မယား ၂ ယောက် ရောက်လာကြတယ်။ သူတို့ကိုယ်မှာ မိုးတွေ စိုရွှဲနေပြီး ခိုက်ခိုက်တုန်ချမ်းနေကြတယ်။ သူတို့ဟာ ဧည့်ကြိုကောင်တာဆီကို ဖြေးဖြေးချင်း လျှောက်လာကြပြီး အဖိုးကြီးက အသက် အစိပ်အရွယ် ဧည့်ကြိုလူငယ်ကို ဟိုတယ်မှာ တညတာ တည်းခိုဖို့ အခန်းတစ်ခန်း လိုချင်တယ်လို့ ပြောလိုက်တယ်။

လူငယ်က ဒီမြို့မှာ ဟောပြောပွဲ ၃ ခု ကျင်းပနေလို့ ဟောပြောပွဲကို လာတက်သူတွေက အခန်းတွေအားလုံးငှားထားပြီးပါပြီ။ ဒါကြောင့် ဟိုတယ်မှာ အခန်းလွတ် မရှိပါဘူးလို့ ရိုရိုသေသေ ပြန်ဖြေလိုက်တယ်။ အဖိုးကြီးက ဒါဆိုလည်း ရပါတယ်ကွာဆိုပြီး အဖွားကြီးလက်ကို ဆွဲရင်း ဟိုတယ်ထဲက ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။ လူငယ်က သူ့တို့ကို ခဏနေပါအုံးလို့ လက်ပြတားလိုက်ပြီး ခုလိုပြောလိုက်တယ်။

“အန်ကယ်နဲ့ အန်တီတို့ ခင်ဗျာ၊ အပြင်မှာ လေရော မိုးရော အရမ်းကြီးနေလို့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ကျနော် အကြံတစ်ခု ပေးချင်ပါတယ်။ နောက်ဖက်မှာ ကျနော်အိပ်တဲ့ အခန်းလေးတစ်ခု ရှိပါတယ်။ ဟိုတယ်ခန်းလောက်တော့ မသားနားဘူးပေါ့။ ဒါပေမဲ့ အခန်းထဲမှာ အပူပေးစက် ရှိတာမို့ အန်ကယ်တို့ ၂ ယောက် ဒီညအတွက် ကျနော်အိပ်ယာပေါ်မှာ နွေးနွေးထွေးထွေး အနားယူနိုင်ပါတယ်။ ပိုက်ဆံ ပေးဖို့ မလိုပါဘူး။ ကျနော်လည်း ဒီတညလုံး ကောင်တာမှာပဲ ဂျူတီကျနေလို့ အခန်းကို ပြန်အိပ်မှာ မဟုတ်ပါဘူး” တဲ့။

အဖိုးကြီးက”နေပါစေ၊ ရပါတယ်၊ ကျေးဇူးတင်ပါတယ်ကွာ”လို့ ပြောရင်း ဟိုတယ်က ထွက်ဖို့ တံခါးပေါက်ကို ဖွင့်လိုက်တယ်။ အပြင်မှာ အရင်ထက် မိုးဟာ ပိုပြီး သဲသဲမဲမဲ ရွာလာသလို လေကလည်း ပိုပြီးကြမ်းကြမ်းတမ်းတမ်း တိုက်နေပါတယ်။ လူငယ်က သူတို့ကို သူ့အခန်းမှာပဲ အိပ်ဖို့ ထပ်ခါထပ်ခါ ပြောနေတာကြောင့် အဖိုးကြီးလည်း သဘောတူ လက်ခံလိုက်ပြီး သူ့အခန်းမှာပဲ ညအိပ်လိုက်ကြတယ်။

မနက်ကျတော့ အဖိုးကြီးနဲ့ အဖွားကြီးဟာ လူငယ်ကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါခါ ပြောပြီး ဟိုတယ်က ထွက်ဖို့ ပြင်လိုက်ကြတယ်။ ဟိုတယ်တံခါးပေါက်ဝ ရောက်တော့ အဖိုးကြီးက ကောင်တာမှာ ကျန်နေခဲ့တဲ့ လူငယ်ကို အခုလို လှမ်းအော်ပြောလိုက်တယ်။ “မင်းဟာ ဟိုတယ်အကောင်းစားကြီးတစ်ခုရဲ့ မန်နေဂျာ ဖြစ်သင့်တယ်။ ငါ မင်းအတွက် ဟိုတယ်ကြီးတစ်လုံး ဆောက်ပေးမယ်”တဲ့။ လူငယ်လေးလည်း သူတို့ကို ပြုံးပြပြီး လက်ပြနူတ်ဆက်လိုက်တယ်။

၂ နှစ်ကြာသွားပြီ။ ဟိုတယ်ကို လူငယ်ရဲ့ နာမည်တပ်ထားတဲ့ စာတိုက်ကနေ ပို့လိုက်တဲ့ စာတစ်စောင် ရောက်လာတယ်။ စာက နယူးယောက်မြို့က ပို့လိုက်တာပါ။ လူငယ်က စာကို ဖွင့်ဖတ်လိုက်တယ်။ စာထဲမှာ ရေးထားတာက အရင် ၂ နှစ်က မိုးသဲ လေပြင်းတိုက်တဲ့ တစ်ညမှာ သူ့အခန်းမှာ လာအိပ်သွားတဲ့ လင်မယား ၂ ယောက်က စာရေးလိုက်တာပါတဲ့။ သူတို့က သူ့ကို နယူးယောက်မြို့ကို အလည်လာဖို့ ဖိတ်ကြားလိုက်ပါတယ်တဲ့။ စာထဲမှာ သူ့အတွက် နယူးယောက်မြို့ကို လေယဉ်အသွားအပြန်လက်မှတ် ၂ စောင်လည်း ထည့်ပေးလိုက်တယ်။

လူငယ်ဟာ အလုပ်က ခွင့်ယူပြီး နယူးယောက်မြို့ကို သွားလိုက်တယ်။ လေဆိပ်မှာ အဖိုးကြီး လာကြိုတယ်။ ပြီးတော့ အဖိုးကြီးက သူ့ကို ကားနဲ့ နယူးယောက်မြို့ထဲကို ခေါ်သွားတယ်။ ၅ လမ်းနဲ့ ၃၅ လမ်းကြားကို ရောက်တော့ အဖိုးကြီးက ကားမောင်းသမားကို ကားရပ်ခိုင်းလိုက်တယ်။ ကားပေါ်ကဆင်းကြပြီး အဖိုးကြီးက လူငယ်ရဲ့ လက်ကို ဆွဲလို့ အထပ်ပေါင်းများစွာရှိပြီး အလွန်ကြီးကျယ်ခမ်းနားလှပတဲ့ အသစ်စက်စက် အဆောက်အဦကြီးထဲကို ခေါ်သွားတယ်။ လူငယ်ဟာ အဆောက်အဦ အဝင်ဝမှာ ရေးထားတဲ့ ဆိုင်းဘုတ်ကို မြင်ပြီး ဒါဟာ ဟိုတယ်ကြီးတစ်ခုဆိုတာ သိလိုက်တယ်။ အထဲရောက်တော့ ဟိုတယ်ဟာ ကြီးကျယ်ခမ်းနားလွန်းလို့ လူငယ်ဟာ အံ့ဩတကြီးနဲ့ လိုက်ကြည့်နေတယ်။ ခဏကြာတော့ အဖိုးကြီးက လူငယ့်ပုခုံးကို လက်နဲ့ အသာပုတ်လိုက်ပြီး ခုလို ပြောလိုက်တယ်။

“ဒီဟိုတယ်ကို မင်းကို စီမံအုပ်ချုပ်စေချင်လို့ ငါဆောက်ခဲ့တာပါ။ ဆောက်တာ ၂ နှစ်တော့ ကြာသွားတယ်ကွာ”

“အန်ကယ်ရယ်၊ မဖြစ်နိုင်တာတွေ မနောက်ပါနဲ့ဗျာ”

“ဟေ့ ကောင်လေး၊ ငါ မင်းကို နောက်နေတာ မဟုတ်ဘူးကွ။ တကယ်ပြောနေတာ။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကို မင်းလို စိတ်သဘောထားပြည့်ဝတဲ့၊ စေတနာထားတတ်တဲ့လူကိုပဲ စီမံအုပ်ချုပ်စေချင်တယ်” လို့ အဖိုးကြီးက အားပါးတရပြုံးပြီး ပြောလိုက်တယ်။

အဖိုးကြီးရဲ့ နာမည်က ဝီလီယံဝါးဒေါ့ဖ်အက်စတာပါ( William Waldorf-Astor)။ သန်းကြွယ်သူဋ္ဌေးကြီး တစ်ယောက်ပါ။ အခုပြောတဲ့ ဟိုတယ်က အမေရိကန်နိုင်ငံက ဟိုတယ်တွေထဲမှာ အကြီးကျယ်ဆုံး၊ အလှပဆုံးနဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ နယူးယောက်က ဝါးဒေါ့ဖ်အက်စတိုးရီးယား(Waldorf-Astoria Hotel) ဟိုတယ်ပါ။ ဒီဟိုတယ်ရဲ့ ပထမဆုံးမန်နေဂျာကတော့ စောစောက ပြောတဲ့ ဟိုတယ်ဧည့်ကြိုလူငယ် ဂျော့စီဘို့ပါ။

လူတစ်ယောက်ဟာ သူများအပေါ် စေတနာထားလိုက်လို့ သူ့မှာ ဘာမှ မယုတ်လျော့ မဆုံးရှုံးသွားသလို သူ့ရဲ့ စေတနာဟာလည်း ဘယ်တော့မှ အလဟဿ ဖြစ်မသွားပါဘူး။ စေတနာမှန်ရင် ထိုက်တန်တဲ့ အကျိုးခံစားရမှာပါ။

Leave a Reply