ေက်ာက္စိမ္းအေၾကာင္း သိေကာင္းစရာ

Posted on

ေက်ာက္စိမ္းဟု ေျပာဆိုေခၚေဝၚေနၾကေသာ္လည္း ေယဘုယ်အားျဖင့္ ေဂ်ဒိုက္ (Jadeite) ႏွင့္ နက္ဖ႐ိုက္(Nephrite) ဟူ၍ ေက်ာက္စိမ္းႏွစ္မ်ိဳးရွိသည္။ ဤႏွစ္မ်ိဳးသည္ အျမင္အားျဖင့္ ခပ္ဆင္ဆင္ တူေသာ္လည္း စင္စစ္တြင္ တစ္ခုႏွင့္တစ္ခု လုံးဝ ကြဲျပားျခားနားသည္။ ယင္းကြဲျပားမႈကို ျပင္သစ္လူမ်ိဳး သိပၸံပညာရွင္ ဒမား (Damur) ဆိုသူက စနစ္တက် ခြဲျခားျပသခဲ့၏။ အဆိုပါေက်ာက္စိမ္းႏွစ္မ်ိဳးတြင္ ေဂ်ဒိုက္ေက်ာက္စိမ္းသည္ ပိုမိုေကာင္းမြန္လွပၿပီး ပိုရွားပါးသည့္ အမ်ိဳးအစားျဖစ္သည္။

ေက်ာက္စိမ္းကို သမိုင္းမတင္မီ ေခတ္မ်ားကပင္ လူသားတို႔ အသုံးျပဳခဲ့ေၾကာင္း သိရွိရေပသည္။ ကနဦးေက်ာက္စိမ္းကို ယင္း၏ မာေက်ာေသာသတၱိေၾကာင့္ ေက်ာက္လက္နက္ တန္ဆာပလာမ်ားအျဖစ္ အသုံးျပဳခဲ့ၾကျခင္းျဖစ္သည္။ ယဥ္ေက်းမႈ တျဖည္းျဖည္း ထြန္းကားလာေသာအခါ လူသားတို႔သည္ ေက်ာက္စိမ္းကို အလွအပ အဆင္တန္ဆာပလာ ပစၥည္းမ်ားအျဖစ္ သုံးစြဲလာၾကသည္။ တ႐ုတ္ျပည္တြင္မူ ေက်ာက္စိမ္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ဝ၀ ခန္႔ကပင္ အႀကီးအက်ယ္ သုံးစြဲခဲ့ၾကသည္။ ထိုေခတ္က တ႐ုတ္လူမ်ိဳးတို႔သည္ ေက်ာက္စိမ္း႐ုပ္တုမ်ားကို အေဆာင္အေယာင္သဖြယ္ သုံးစြဲခဲ့ၾကၿပီး ေသဆုံးေသာအခါ ယင္းေက်ာက္စိမ္းမ်ားႏွင့္အတူ ဂူသြင္းေလ့ရွိသည္။

တ႐ုတ္လူမ်ိဳးမ်ားသည္ ေက်ာက္စိမ္းကို ေက်ာက္မ်ားအားလုံး၏ အခ်ဳပ္အျခာ အႀကီးအကဲေက်ာက္မ်က္အျဖစ္ မွတ္ယူၾကသည္။ ယင္းေက်ာက္စိမ္း ေက်ာက္မ်က္ကို ဆင္ျမန္းသူတိုင္းတြင္ သဒၶါရက္ေရာျခင္း၊ ရဲစြမ္းသတၱိႏွင့္ျပည့္စုံျခင္း၊ တရားမၽွတေသာ စိတ္ဓာတ္ရွိျခင္း၊ မိမိကိုယ္မိမိ ႏွိမ့္ခ်ေသာ နိဝါတ တရားရွိျခင္း၊ အသိအလိမၼာ ဉာဏ္ပညာ ႀကီးျမင့္ျခင္း စေသာ ဂုဏ္အဂၤါႀကီး ငါးရပ္ႏွင့္ ျပည့္စုံသည္ဟု အယူရွိသည္။

တ႐ုတ္လူမ်ိဳးမ်ား၏ ေက်ာက္စိမ္းႏွင့္ ပတ္သက္၍ ယုံၾကည္ထားေသာ ေရွးေဟာင္းပုံျပင္တစ္ပုဒ္မွာ ေက်ာက္စိမ္းကို ေကာင္းကင္နတ္မင္းက လူသားတို႔အား ေပးေသာ လက္ေဆာင္ဟူ၍ ယူဆၾကသည္။ တ႐ုတ္လူမ်ိဳးတို႔၏ ယုံၾကည္ခ်က္အရ ယူဟန္းဟုေခၚေသာ ေက်ာက္စိမ္းနတ္သားသည္ ေကာင္းကင္ဘုံ ေတာင္ထြတ္ေပၚတြင္ ေတာင္ေျခတြင္ ေက်ာက္စိမ္းပင္မ်ား ေပါက္ေရာက္သည္ဆို၏။ တ႐ုတ္တို႔၏ တာအို (Taoiam) ဘာသာတြင္ ေက်ာက္စိမ္းကို အဖိုဟု အဓိပၸါယ္ရေသာ “ယန္” (Yang) ဟူေသာ စကားျဖင့္ ေခၚဆိုၾက၏။

တ႐ုတ္လူမ်ိဳးမ်ားသည္ ေက်ာက္စိမ္းကိုအသုံးျပဳဝတ္ဆင္လၽွင္ ၎ေက်ာက္စိမ္းသည္ဝတ္ဆင္အသုံးျပဳသူပိုင္ရွင္အား အႏၲာရယ္မွကာကြယ္ေပးျခင္း၊ ပိုင္ရွင္၏က်န္းမာေရးကိုေကာင္းေအာင္ ေစာင့္ေလၽွာက္ေပးႏိုင္သည္ဟု ယုံၾကည္ၾကသည္။ ေက်ာက္စိမ္းကိုတ႐ုတ္လူမ်ိဳးမ်ားသည္ ကံေကာင္းျခင္းကိုယူေဆာင္လာၿပီး ကံဆိုးျခင္းမ်ားကိုကာကြယ္တားဆီးေပးႏိုင္သည္ဟု ယုံၾကည္ၾကသည္။

တ႐ုတ္လူမ်ိဳးမ်ားသည္ ေက်ာက္စိမ္းကို ကမၻာေပၚတြင္ ပထမဦးဆုံးစတင္အသုံးျပဳခဲ့သည့္လူမ်ိဳးမ်ားျဖစ္ၾကသည္ကို ေရွးႏွစ္ေပါင္းေလးေထာင္ေက်ာ္စဥ္တြင္ ၎တို႔အသုံးျပဳခဲ့ၾကေသာေက်ာက္စိမ္းပန္းပုမ်ား၊ ေက်ာက္စိမ္းျဖင့္ျပဳလုပ္ထားေသာ လူ႕အသုံးအေဆာင္၊ လက္ဝတ္ရတနာမ်ားကိုၾကည့္ျခင္းအားျဖင့္ သိရွိႏိုင္ပါသည္။ ထို႔ေၾကာင့္ ေက်ာက္စိမ္းကိုတ႐ုတ္လူမ်ိဳးတို႔၏ ယဥ္ေက်းမႈအေမြအႏွစ္တစ္ခုအျဖစ္အသိအမွတ္ျပဳၾကၿပီး ကမၻာေပၚတြင္မည္သည့္လူမ်ိဳးထက္မဆို ေက်ာက္စိမ္းကိုပို၍ တန္ဖိုးထားတက္ၾကသည္။

တ႐ုတ္လူမ်ိဳးမ်ားသည္ ကမၻာေပၚတြင္ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသမွ ၉၅ရာခိုင္ႏႈန္းအထိအဓိကထြက္ေသာ ေဂ်ဒိုက္ေက်ာက္စိမ္းကို [[翡翠|Fěicuì]]သို႔မဟုတ္ [[硬玉|Yìngyù]] ဟုေခၚဆိုၿပီး တ႐ုတ္ျပည္ႏွင့္အျခားအေရွ႕အလယ္ပိုင္းေဒသမ်ားတြင္ထြက္ရွိေသာ နက္ဖ႐ိုက္ေက်ာက္စိမ္းမ်ားကို [[软玉|Ruǎn yù]] ဟုေခၚဆိုပါသည္။

တ႐ုတ္ျပည္တြင္ ေဂ်ဒိုက္ေက်ာက္စိမ္း မထြက္ရွိဘဲ နက္ဖ႐ိုက္ေက်ာက္စိမ္းသာ ထြက္ရွိသည္။ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံ ဆင္က်န္ျပည္နယ္တြင္ နက္ဖ႐ိုက္ေက်ာက္စိမ္းမ်ားကို ေရွးႏွစ္ေပါင္းမ်ားစြာကပင္ တူးေဖာ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ တ႐ုတ္ျပည္သည္ ျမန္မာႏိုင္ငံမွ ထြက္ရွိေသာ ေဂ်ဒိုက္ေက်ာက္စိမ္းမ်ားအား ၁၈ ရာစုႏွစ္မ်ားကပင္ ဝယ္ယူတင္သြင္းခဲ့ၾကသည္။

ေဂ်ဒိုက္ႏွင့္ နက္ဖ႐ိုက္ ျခားနားခ်က္

ေဂ်ဒိုက္ေက်ာက္စိမ္းႏွင့္ နက္ဖ႐ိုက္ေက်ာက္စိမ္းတို႔၏ ျခားနားခ်က္မ်ားမွာ ယင္းေက်ာက္စိမ္းႏွစ္မ်ိဳးလုံးသည္ ျဖစ္ပုံ ရင္းျမစ္ အေနအထား အသြင္ေျပာင္းေက်ာက္မ်ား ရွိရာ ဝန္းက်င္၌ ျဖစ္ေပၚခဲ့ၾကေသာ္လည္း တြင္းထြက္အုပ္စုခ်င္းမတူဘဲ ေဂ်ဒိုက္ေက်ာက္စိမ္းသည္ ပိုင္ေရာ့ဆင္း (Pyroxene) တြင္းထြက္အုပ္စုတြင္ ပါဝင္၍ နက္ဖ႐ိုက္ေက်ာက္စိမ္းသည္ အမ္ပီဖိုး(Amphipole) တြင္းထြက္အုပ္စုတြင္ ပါဝင္ေလသည္။

ေဂ်ဒိုက္ေက်ာက္စိမ္းႏွင့္နက္ဖ႐ိုက္ေက်ာက္စိမ္းတို႔၏ ျခားနားခ်က္မ်ားထဲမွ သိသာထင္ရွားၿပီး အေရးအႀကီးဆုံးေသာတစ္ခ်က္မွာ ေဂ်ဒိုက္ေက်ာက္စိမ္းတြင္ ေနေရာင္ေအာက္၌ယင္ေကာင္၏အေတာင္ပံကဲ့သို႔စူးရွၿပီး ေရာင္ျပန္ဟပ္ေစေသာကမၻာေပၚတြင္ မည္သည့္တြင္းထြက္တြင္မွမျမင္ေတြ႕ႏိုင္ေသာ ယမ္းဆိုသည့္အလႊာပါရွိသည္။ နက္ဖ႐ိုက္ေက်ာက္စိမ္းတြင္ ေႂကြကဲ့သို႔ေသာစူးရွမႈအားနည္းေသာ အလႊာသာပါရွိေခ်သည္။ ေဂ်ဒိုက္ေက်ာက္စိမ္းမ်ား၏အစိမ္းေရာင္သည္ ၾကည့္႐ႈသူအား ၾကည္လင္ေအးျမေသာေရေအာက္ထဲတြင္ အစိမ္းေရာင္ဖန္ပုလင္းကိုၾကည့္ေနရသကဲ့သို႔ေသာရသမ်ိဳးကို ေပးစြမ္းေစႏိုင္ၿပီး နက္ဖ႐ိုက္ေက်ာက္စိမ္းမ်ားမွာမူ ေလထဲတြင္ၾကည့္ေနရသကဲ့သို႔ေသာရသမ်ိဳးသာေပးစြမ္းႏိုင္ေခ်သည္။

ေဂ်ဒိုက္ေက်ာက္စိမ္းသည္ လက္ယွက္ထိုးအေနအထားမွာ ရွိေသာ ပုံေဆာင္ခဲကေလးမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ မ်က္ႏွာျပင္တြင္ ေက်ာက္ေပါက္မာကဲ့သို႔ေသာ ခ်ိဳင့္ခြက္ကေလးမ်ား၊ အဖုအထစ္ကေလးမ်ားႏွင့္ ျပည့္ေနသည္။ ၎တို႔ကို အဏုၾကည့္ ကိရိယာ မွန္ဘီလူးေအာက္တြင္ ေကာင္းစြာ ျမင္ရသည္။ နက္ဖ႐ိုက္ေက်ာက္စိမ္းကား လက္ယွက္ထိုးအေနအထားရွိေသာ အမၽွင္ကေလးမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ အမၽွင္အလိုက္ အေနအထားရွိသည္။ အမဲဆီေရာင္ ေတာက္ေနေသာ ေရာင္လက္ရွိသည္။

ေဂ်ဒိုက္ေက်ာက္စိမ္းတြင္ ခရမ္း၊ အနက္၊ အၫို၊ အနီ၊ လိေမၼာ္၊ အဝါ၊ အျဖဴ၊ ႏို႔ႏွစ္ေရာင္ႏွင့္ အစိမ္းေရာင္ အမ်ိဳးမ်ိဳးရွိသည္။ နက္ဖ႐ိုက္ေက်ာက္စိမ္း၌ သစ္႐ြက္စိမ္းေရာင္ အမ်ိဳးမ်ိဳး၊ မီးခိုးႏွင့္ အစိမ္းေရာင္အမ်ိဳးမ်ိဳးရွိသည္။

ေဂ်ဒိုက္ေက်ာက္စိမ္းကို အပူေပးေသာအခါ အရည္ေပ်ာ္၍ ေပ်ာ့ဖတ္အျဖစ္သို႔ အလြယ္တကူ ေျပာင္းလဲသြားသည္။ နက္ဖ႐ိုက္ေက်ာက္စိမ္းသည္ အလြယ္တကူ မေျပာင္းလဲေခ်။

ထို႔ျပင္ ေဂ်ဒိုက္ေက်ာက္စိမ္း၏ ထူးျခားခ်က္မွာ အပူရွိန္ျပင္း၍ ႀကီးမားေသာ ဖိအားရွိသည့္ ေျမမ်က္ႏွာျပင္ေအာက္ဘက္ မိုင္ ၂၀ မွ ၃၀ အထိ နက္ေသာ အလႊာမ်ားတြင္ ျဖစ္ေပၚေလ့ရွိသည္။ ေဂ်ဒိုက္ေက်ာက္စိမ္း အေပၚယံအခြံအကာမ်ားအား ဖဲ့ထုတ္လိုက္သည့္အခါမွ အစိမ္းေရာင္ ေက်ာက္ေၾကာမ်ားျဖင့္ ေပါင္းစပ္ထားသည့္ ေက်ာက္စိမ္း၏ အတြင္းပိုင္းကို ျမင္ရသည္။ ျမန္မာႏိုင္ငံမွ ထြက္ေသာ ေဂ်ဒိုက္ေက်ာက္စိမ္းသည္ နက္ဖ႐ိုက္ေက်ာက္စိမ္းထက္ ပိုမို၍ေကာင္းမြန္ၿပီး ပိုရွားေသာ အမ်ိဳးအစားျဖစ္သည္။

နက္ဖ႐ိုက္ေက်ာက္စိမ္းကို တ႐ုတ္ျပည္ ဟိုတန္ေဒသ၊ ၿဗိတိသၽွ၊ ကိုလံဘီယာ၊ ဩစေၾတးလ်၊ နယူးဇီလန္၊ ႐ုရွား၊ ေတာင္ကိုရီးယား၊ ဆြစ္ဇာလန္၊ အီတလီ၊ ပိုလန္၊ ထိုင္ဝမ္၊ အလက္စကား၊ ကယ္လီဖိုးနီးယား ေဒသမ်ား၌ ေတြ႕ရွိရသည္။ ေဂ်ဒိုက္ေက်ာက္စိမ္းကို ဂြာတီမာလာ၊ ဆိုက္ေဗးရီးယားႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ ေတြ႕ရွိရသည္။

သန္႔စင္ေသာ ေဂ်ဒိုက္ေက်ာက္စိမ္း၏ စံထား ဓာတ္ဖြဲ႕စည္းပုံတြင္ ဆိုဒီယမ္၊ အလူမီနီယမ္၊ ဆီလီကိတ္တို႔ ပါဝင္ၿပီး ယင္း၏ပုံေသနည္းမွာ NaAlSi2O6 ျဖစ္သည္။ ယင္းတြင္ ဆီလီကြန္ဒိုင္ေအာက္ဆိုဒ္ ၅၉.၄ ရာခိုင္ႏႈန္း၊ အလူမီနီယံေအာက္ဆိုဒ္ ၂၅.၂ ရာခိုင္ႏႈန္း၊ ဆိုဒီယမ္ေအာက္ဆိုဒ္ ၁၅.၄ ရာခိုင္ႏႈန္း ပါဝင္သည္။

သို႔ရာတြင္ ဤအခ်ိဳးအတိုင္း ေဖာ္ျပပါျဒပ္ေအာက္ဆိုဒ္မ်ား ပါဝင္ေသာ ေက်ာက္စိမ္းသည္ သဘာဝတြင္ မရွိႏိုင္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ေက်ာက္စိမ္း၏ ဇာကြက္ (Lattice) တြင္ ဆိုဒီယမ္ႏွင့္ အလူမီနီယမ္တို႔၏ ေနရာကို အျခားေသာ အိုင္ယြန္ (Iron) မ်ားက ဝင္ေရာက္ေနရာယူ အစားထိုးဖလွယ္ေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ၎အစားထိုးဖလွယ္ေသာ အိုင္ယြန္မ်ား၏ ပမာဏမွာ ႏွစ္ ရာခိုင္ႏႈန္းခန္႔သာ ရွိသည္။

ေက်ာက္စိမ္းႏွင့္ ဆင္တူယိုးမွား တြင္းထြက္မ်ား

အရည္အေသြးေကာင္းေသာ ေက်ာက္စိမ္းမ်ား ရွားပါးလာျခင္းေၾကာင့္ အခ်ိဳ႕က အရည္အေသြးညံ့ေသာ ေက်ာက္စိမ္းကို အေရာင္ဆိုး၍ တုပျပဳလုပ္လာၾကသည္။ ယခင္ေခတ္မ်ားက ေဆးဆိုးေက်ာက္စိမ္းတုမ်ားကို လြယ္ကူစြာ ခြဲျခားသိရွိႏိုင္ၾကေသာ္လည္း ယခုေခတ္တြင္ အသုံးျပဳေသာ ေဆးမ်ားမွာ အမ်ိဳးအစားေကာင္းမြန္လွသျဖင့္ လြယ္ကူစြာ ခြဲျခားမသိႏိုင္ေပ။

ေက်ာက္စိမ္းႏွင့္ ဆင္တူသည့္ အစိမ္းေရာင္ သဘာဝတြင္းထြက္မ်ားမွာ ခ႐ိုင္ဆိုပေရ႕(Chrysoprase) ၊ အစိမ္းေရာင္ဆိုးထားေသာ မဟူရာျဖဴ (Chalcedony) ႏွင့္ ဆမစ္ဆိုႏိုက္ ( Smithsonite) စသည္တို႔ျဖစ္သည္။ ဆမစ္ဆိုႏိုက္ တြင္းထြက္သည္ ပင္ကိုယ္အားျဖင့္ ခဲသတၳဳ ထုတ္လုပ္ႏိုင္ေသာ ခဲသတၱဳ႐ိုင္း တြင္းထြက္တစ္မ်ိဳးျဖစ္သည္။ ယင္းကို (Bonamite) ဟူ၍လည္း ေခၚသည္။

ဘူမိ ၊ ေက်ာက္မ်က္ရတနာ
Myanmar Wikipedia


ကျောက်စိမ်းအကြောင်း သိကောင်းစရာ (unicode)

ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တစ်ခုနှင့်တစ်ခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား (Damur) ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။

ကျောက်စိမ်းကို သမိုင်းမတင်မီ ခေတ်များကပင် လူသားတို့ အသုံးပြုခဲ့ကြောင်း သိရှိရပေသည်။ ကနဦးကျောက်စိမ်းကို ယင်း၏ မာကျောသောသတ္တိကြောင့် ကျောက်လက်နက် တန်ဆာပလာများအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယဉ်ကျေးမှု တဖြည်းဖြည်း ထွန်းကားလာသောအခါ လူသားတို့သည် ကျောက်စိမ်းကို အလှအပ အဆင်တန်ဆာပလာ ပစ္စည်းများအဖြစ် သုံးစွဲလာကြသည်။ တရုတ်ပြည်တွင်မူ ကျောက်စိမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ၀ ခန့်ကပင် အကြီးအကျယ် သုံးစွဲခဲ့ကြသည်။ ထိုခေတ်က တရုတ်လူမျိုးတို့သည် ကျောက်စိမ်းရုပ်တုများကို အဆောင်အယောင်သဖွယ် သုံးစွဲခဲ့ကြပြီး သေဆုံးသောအခါ ယင်းကျောက်စိမ်းများနှင့်အတူ ဂူသွင်းလေ့ရှိသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကျောက်များအားလုံး၏ အချုပ်အခြာ အကြီးအကဲကျောက်မျက်အဖြစ် မှတ်ယူကြသည်။ ယင်းကျောက်စိမ်း ကျောက်မျက်ကို ဆင်မြန်းသူတိုင်းတွင် သဒ္ဓါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချသော နိဝါတ တရားရှိခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း စသော ဂုဏ်အင်္ဂါကြီး ငါးရပ်နှင့် ပြည့်စုံသည်ဟု အယူရှိသည်။

တရုတ်လူမျိုးများ၏ ကျောက်စိမ်းနှင့် ပတ်သက်၍ ယုံကြည်ထားသော ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ ကျောက်စိမ်းကို ကောင်းကင်နတ်မင်းက လူသားတို့အား ပေးသော လက်ဆောင်ဟူ၍ ယူဆကြသည်။ တရုတ်လူမျိုးတို့၏ ယုံကြည်ချက်အရ ယူဟန်းဟုခေါ်သော ကျောက်စိမ်းနတ်သားသည် ကောင်းကင်ဘုံ တောင်ထွတ်ပေါ်တွင် တောင်ခြေတွင် ကျောက်စိမ်းပင်များ ပေါက်ရောက်သည်ဆို၏။ တရုတ်တို့၏ တာအို (Taoiam) ဘာသာတွင် ကျောက်စိမ်းကို အဖိုဟု အဓိပ္ပါယ်ရသော “ယန်” (Yang) ဟူသော စကားဖြင့် ခေါ်ဆိုကြ၏။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကိုအသုံးပြုဝတ်ဆင်လျှင် ၎င်းကျောက်စိမ်းသည်ဝတ်ဆင်အသုံးပြုသူပိုင်ရှင်အား အန္တာရယ်မှကာကွယ်ပေးခြင်း၊ ပိုင်ရှင်၏ကျန်းမာရေးကိုကောင်းအောင် စောင့်လျှောက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ကျောက်စိမ်းကိုတရုတ်လူမျိုးများသည် ကံကောင်းခြင်းကိုယူဆောင်လာပြီး ကံဆိုးခြင်းများကိုကာကွယ်တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးစတင်အသုံးပြုခဲ့သည့်လူမျိုးများဖြစ်ကြသည်ကို ရှေးနှစ်ပေါင်းလေးထောင်ကျော်စဉ်တွင် ၎င်းတို့အသုံးပြုခဲ့ကြသောကျောက်စိမ်းပန်းပုများ၊ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်၊ လက်ဝတ်ရတနာများကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် ကျောက်စိမ်းကိုတရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုကြပြီး ကမ္ဘာပေါ်တွင်မည်သည့်လူမျိုးထက်မဆို ကျောက်စိမ်းကိုပို၍ တန်ဖိုးထားတက်ကြသည်။

တရုတ်လူမျိုးများသည် ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ၉၅ရာခိုင်နှုန်းအထိအဓိကထွက်သော ဂျေဒိုက်ကျောက်စိမ်းကို [[翡翠|Fěicuì]]သို့မဟုတ် [[硬玉|Yìngyù]] ဟုခေါ်ဆိုပြီး တရုတ်ပြည်နှင့်အခြားအရှေ့အလယ်ပိုင်းဒေသများတွင်ထွက်ရှိသော နက်ဖရိုက်ကျောက်စိမ်းများကို [[软玉|Ruǎn yù]] ဟုခေါ်ဆိုပါသည်။

တရုတ်ပြည်တွင် ဂျေဒိုက်ကျောက်စိမ်း မထွက်ရှိဘဲ နက်ဖရိုက်ကျောက်စိမ်းသာ ထွက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆင်ကျန်ပြည်နယ်တွင် နက်ဖရိုက်ကျောက်စိမ်းများကို ရှေးနှစ်ပေါင်းများစွာကပင် တူးဖော်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်ပြည်သည် မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျေဒိုက်ကျောက်စိမ်းများအား ၁၈ ရာစုနှစ်များကပင် ဝယ်ယူတင်သွင်းခဲ့ကြသည်။

ဂျေဒိုက်နှင့် နက်ဖရိုက် ခြားနားချက်

ဂျေဒိုက်ကျောက်စိမ်းနှင့် နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များမှာ ယင်းကျောက်စိမ်းနှစ်မျိုးလုံးသည် ဖြစ်ပုံ ရင်းမြစ် အနေအထား အသွင်ပြောင်းကျောက်များ ရှိရာ ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့ကြသော်လည်း တွင်းထွက်အုပ်စုချင်းမတူဘဲ ဂျေဒိုက်ကျောက်စိမ်းသည် ပိုင်ရော့ဆင်း (Pyroxene) တွင်းထွက်အုပ်စုတွင် ပါဝင်၍ နက်ဖရိုက်ကျောက်စိမ်းသည် အမ်ပီဖိုး(Amphipole) တွင်းထွက်အုပ်စုတွင် ပါဝင်လေသည်။

ဂျေဒိုက်ကျောက်စိမ်းနှင့်နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များထဲမှ သိသာထင်ရှားပြီး အရေးအကြီးဆုံးသောတစ်ချက်မှာ ဂျေဒိုက်ကျောက်စိမ်းတွင် နေရောင်အောက်၌ယင်ကောင်၏အတောင်ပံကဲ့သို့စူးရှပြီး ရောင်ပြန်ဟပ်စေသောကမ္ဘာပေါ်တွင် မည်သည့်တွင်းထွက်တွင်မှမမြင်တွေ့နိုင်သော ယမ်းဆိုသည့်အလွှာပါရှိသည်။ နက်ဖရိုက်ကျောက်စိမ်းတွင် ကြွေကဲ့သို့သောစူးရှမှုအားနည်းသော အလွှာသာပါရှိချေသည်။ ဂျေဒိုက်ကျောက်စိမ်းများ၏အစိမ်းရောင်သည် ကြည့်ရှုသူအား ကြည်လင်အေးမြသောရေအောက်ထဲတွင် အစိမ်းရောင်ဖန်ပုလင်းကိုကြည့်နေရသကဲ့သို့သောရသမျိုးကို ပေးစွမ်းစေနိုင်ပြီး နက်ဖရိုက်ကျောက်စိမ်းများမှာမူ လေထဲတွင်ကြည့်နေရသကဲ့သို့သောရသမျိုးသာပေးစွမ်းနိုင်ချေသည်။

ဂျေဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုးအနေအထားမှာ ရှိသော ပုံဆောင်ခဲကလေးများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် ကျောက်ပေါက်မာကဲ့သို့သော ချိုင့်ခွက်ကလေးများ၊ အဖုအထစ်ကလေးများနှင့် ပြည့်နေသည်။ ၎င်းတို့ကို အဏုကြည့် ကိရိယာ မှန်ဘီလူးအောက်တွင် ကောင်းစွာ မြင်ရသည်။ နက်ဖရိုက်ကျောက်စိမ်းကား လက်ယှက်ထိုးအနေအထားရှိသော အမျှင်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ အမျှင်အလိုက် အနေအထားရှိသည်။ အမဲဆီရောင် တောက်နေသော ရောင်လက်ရှိသည်။

ဂျေဒိုက်ကျောက်စိမ်းတွင် ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ နို့နှစ်ရောင်နှင့် အစိမ်းရောင် အမျိုးမျိုးရှိသည်။ နက်ဖရိုက်ကျောက်စိမ်း၌ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနှင့် အစိမ်းရောင်အမျိုးမျိုးရှိသည်။

ဂျေဒိုက်ကျောက်စိမ်းကို အပူပေးသောအခါ အရည်ပျော်၍ ပျော့ဖတ်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားသည်။ နက်ဖရိုက်ကျောက်စိမ်းသည် အလွယ်တကူ မပြောင်းလဲချေ။

ထို့ပြင် ဂျေဒိုက်ကျောက်စိမ်း၏ ထူးခြားချက်မှာ အပူရှိန်ပြင်း၍ ကြီးမားသော ဖိအားရှိသည့် မြေမျက်နှာပြင်အောက်ဘက် မိုင် ၂၀ မှ ၃၀ အထိ နက်သော အလွှာများတွင် ဖြစ်ပေါ်လေ့ရှိသည်။ ဂျေဒိုက်ကျောက်စိမ်း အပေါ်ယံအခွံအကာများအား ဖဲ့ထုတ်လိုက်သည့်အခါမှ အစိမ်းရောင် ကျောက်ကြောများဖြင့် ပေါင်းစပ်ထားသည့် ကျောက်စိမ်း၏ အတွင်းပိုင်းကို မြင်ရသည်။ မြန်မာနိုင်ငံမှ ထွက်သော ဂျေဒိုက်ကျောက်စိမ်းသည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမို၍ကောင်းမွန်ပြီး ပိုရှားသော အမျိုးအစားဖြစ်သည်။

နက်ဖရိုက်ကျောက်စိမ်းကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်၊ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသများ၌ တွေ့ရှိရသည်။ ဂျေဒိုက်ကျောက်စိမ်းကို ဂွာတီမာလာ၊ ဆိုက်ဗေးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရသည်။

သန့်စင်သော ဂျေဒိုက်ကျောက်စိမ်း၏ စံထား ဓာတ်ဖွဲ့စည်းပုံတွင် ဆိုဒီယမ်၊ အလူမီနီယမ်၊ ဆီလီကိတ်တို့ ပါဝင်ပြီး ယင်း၏ပုံသေနည်းမှာ NaAlSi2O6 ဖြစ်သည်။ ယင်းတွင် ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၄ ရာခိုင်နှုန်း၊ အလူမီနီယံအောက်ဆိုဒ် ၂၅.၂ ရာခိုင်နှုန်း၊ ဆိုဒီယမ်အောက်ဆိုဒ် ၁၅.၄ ရာခိုင်နှုန်း ပါဝင်သည်။

သို့ရာတွင် ဤအချိုးအတိုင်း ဖော်ပြပါဒြပ်အောက်ဆိုဒ်များ ပါဝင်သော ကျောက်စိမ်းသည် သဘာဝတွင် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၏ ဇာကွက် (Lattice) တွင် ဆိုဒီယမ်နှင့် အလူမီနီယမ်တို့၏ နေရာကို အခြားသော အိုင်ယွန် (Iron) များက ဝင်ရောက်နေရာယူ အစားထိုးဖလှယ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းအစားထိုးဖလှယ်သော အိုင်ယွန်များ၏ ပမာဏမှာ နှစ် ရာခိုင်နှုန်းခန့်သာ ရှိသည်။

ကျောက်စိမ်းနှင့် ဆင်တူယိုးမှား တွင်းထွက်များ
အရည်အသွေးကောင်းသော ကျောက်စိမ်းများ ရှားပါးလာခြင်းကြောင့် အချို့က အရည်အသွေးညံ့သော ကျောက်စိမ်းကို အရောင်ဆိုး၍ တုပပြုလုပ်လာကြသည်။ ယခင်ခေတ်များက ဆေးဆိုးကျောက်စိမ်းတုများကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ကြသော်လည်း ယခုခေတ်တွင် အသုံးပြုသော ဆေးများမှာ အမျိုးအစားကောင်းမွန်လှသဖြင့် လွယ်ကူစွာ ခွဲခြားမသိနိုင်ပေ။

ကျောက်စိမ်းနှင့် ဆင်တူသည့် အစိမ်းရောင် သဘာဝတွင်းထွက်များမှာ ခရိုင်ဆိုပရေ့(Chrysoprase) ၊ အစိမ်းရောင်ဆိုးထားသော မဟူရာဖြူ (Chalcedony) နှင့် ဆမစ်ဆိုနိုက် ( Smithsonite) စသည်တို့ဖြစ်သည်။ ဆမစ်ဆိုနိုက် တွင်းထွက်သည် ပင်ကိုယ်အားဖြင့် ခဲသတ္ထု ထုတ်လုပ်နိုင်သော ခဲသတ္တုရိုင်း တွင်းထွက်တစ်မျိုးဖြစ်သည်။ ယင်းကို (Bonamite) ဟူ၍လည်း ခေါ်သည်။

ဘူမိ ၊ ကျောက်မျက်ရတနာ
Myanmar Wikipedia

Leave a Reply