ကိတ္ေတာင္းၿမဳိ႕က ကမာၻ႔သဘာ၀ အံ့ဖြယ္ ၇ခုေျမာက္ စားပြဲခုံေတာင္

Posted on

ကိတ္ေတာင္းၿမဳိ႕ဟာ အာဖရိကၿမဳိ႕ေတြထဲမွာေတာ့ အလွပဆုံးၿမဳိ႕ျဖစ္ပါတယ္။ ဒီၿမဳိ႕လွပရျခင္းအေၾကာင္းအရင္းမွာ ၿမဳိ႕အနီးမွာရွိတဲ့ ေတာင္ႀကီးတစ္ေတာင္ေၾကာင့္လည္း ပါပါတယ္။ ကိတ္ေတာင္းၿမဳိ႕ကုိ အေ၀းက လွမ္းၾကည့္လုိက္ရင္ ေဘးနားမွာေတာင္ႀကီးတစ္ခုရွိေနတာကုိ ေတြ႔ရမွာျဖစ္ၿပီး ဒီေတာင္ရဲ႕ထူးျခားခ်က္ကေတာ့ အျခားေတာင္ေတြနဲ႔ မတူပဲ စားပြဲခုံပုံစံျဖစ္ေနတာပါ။ ဒါေၾကာင့္လည္း ဒီေတာင္ကုိ စားပြဲခုံေတာင္(table mountain) လုိ႔ေခၚၾကပါတယ္။

ဒီေတာင္ရဲ႕ မ်က္ႏွာျပင္ဟာ ျပန္႔ျပဴးေနၿပီး တိုင္းၾကည့္မယ္ဆုိရင္ ဟုိဘက္ဒီဘက္ အကြာအေ၀း ၂မိုင္ေ၀းကြာပါတယ္။ ႏုိင္ငံျခားသား လာေရာက္လည္ပတ္သူေတြၾကားမွာ ေရပန္းစားတဲ့ေနရာျဖစ္ၿပီး စားပြဲပံုစံ ေျမျပန္႔ ေနရာေရာက္ဖုိ႔ ေျခက်င္တက္ႏုိင္တဲ့အျပင္ cable car နဲ႔လည္း တက္လုိ႔ရပါတယ္။ ေတာင္ရဲ႕အေပၚကေနျမင္ရတဲ့ ျမင္ကြင္းကုိ အာဖရိကရဲ႕ အလွပဆုံး ျမင္ကြင္းတစ္ခုျဖစ္တယ္လုိ့ဆုိၾကပါတယ္။ဒီေတာင္ရဲ႕စိတ္၀င္စားဖို႔ေကာင္းတဲ့အခ်က္တစ္ခ်ိဳ႕ကုိ ေအာက္မွာေဖာ္ျပေပးလုိက္ပါတယ္။

– ကိတ္ေတာင္းၿမဳိ႕ရဲ႕ အလံမွာ ဒီေတာင္တန္းအမွတ္အသားပံုေလးကုိေတြ႕ရမွာပါ။
– သူ႕ရဲ႕ျပားေနတဲ့ပံုစံေၾကာင့္ စားပြဲပံုေတာင္လုိ့ အမည္ေပးခံရျခင္းျဖစ္ပါတယ္။
– ေတာင္ရဲ႕ အျမင့္ဆံုးအပုိင္းဟာဆုိရင္ ပင္လယ္ေရမ်က္နွာျပင္အထက္ ၃၅၆၃ေပ ျမင့္ပါတယ္။ ေတာင္ေပၚေရာက္တဲ့အခါမွာေတာ့ Maclear’s  Beacon လုိ့ေခၚတဲ့ ေက်ာက္ပံုေလးတစ္ခုျမင္ရမွာျဖစ္ျပီး အဲ့ဒီ့ေက်ာက္ပံုေလးကုိ ၁၈၆၅ခုႏွစ္က ၾတိဂုိ(သခ်ာၤဘာသာရပ္ဆုိင္ရာ) စစ္တမ္းတစ္ခုမွာအသံုးျပဳဖုိ႕အတြက္ျပဳလုပ္ခဲ့ၾကတာပါ။

Maclear’s  Beacon လုိ့ေခၚတဲ့ ေက်ာက္ပံုေလး

– ပထမဆံုးဒီေတာင္ကုိတက္ခဲ့တဲ့သူကေတာ့ Antonio de Saldanha လုိ႔ အမည္ရတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ခဲ့ျပီး ၁၅၀၃ခုႏွစ္ကတည္းကျဖစ္ပါတယ္။ သူတက္ခဲ့တဲ့လမ္းေၾကာင္းဟာ ေတာင္ေပၚရဲ႕ ျပန္႔ေနတဲ့အပုိင္းဆီ တက္ေရာက္ဖုိ႔ အလြယ္ကူဆံုးလမ္းအျဖစ္လည္း သတ္မွတ္ျခင္းခံခဲ့ရပါတယ္။
– ပထမဆံုး အမ်ိဳးသမီးေတာင္တက္သမားကေတာ့ Anne Barnard ျဖစ္ျပီး ၁၇၉၀ခုနွစ္ကျဖစ္ပါတယ္။
– ဒီေန့ေခတ္မွာဆုိရင္ ဒီေတာင္ေပါ္တက္ဖုိ႔ ေတာတြင္းလမ္းေပါင္း ၃၉၀ ေလာက္ေတာင္ရွိေနပါျပီ။
– ေျခလ်င္ေတာင္မတက္ခ်င္သူေတြအတြက္ cable လမ္းေၾကာင္းေတြကုိေတာ့ ၁၉၂၉မွာ တည္ေဆာက္ခဲ့ပါတယ္။ အရင္က cable car တစ္စီးမွာ လူ ၂၅ေယာက္စီးနင္းနုိင္ခဲ့ပါတယ္။ အခုဆုိရင္ေတာ့ အေယာက္ ၆၀ေလာက္စီးနုိင္ေနၿပီျဖစ္ပါတယ္။

– ေတာင္ေပၚမွာ သဲေက်ာက္ဂူ အေျမာက္အမ်ားကုိလည္းေတြ႕နုိင္ပါေသးတယ္။ အၾကီးဆံုး သဲေက်ာက္ဂူကေတာ့ Wynberg သဲေက်ာက္ဂူပဲျဖစ္ပါတယ္။
– စားပြဲေတာင္ရဲ႕ အမည္အစစ္က Howrikwaggo လုိ႕အမည္ရျပီး သူ႕ရဲ႕ အဓိပၸာယ္ကေတာ့ ပင္လယ္ထဲကေတာင္(ေတာင္ပင္လယ္)လုိ႕အဓိပၸာယ္ရပါတယ္။
– ႏွစ္စဥ္ လာေရာက္လည္ပတ္သူေပါင္း ပ်မ္းမွ်အားျဖင့္ ၈သိန္းခန္႕ရွိျပီး ကိတ္ေတာင္းၿမဳိ႕ရဲ႕ အဓိကအက်ဆုံးေနရာတစ္ခုလုိ႔ ဆုိရမွာပါ။
– ေတာင္ေပၚမွာ အသက္ရွင္ေနထိုင္ၾကတဲ့ တိရိစာၦန္ေတြထဲမွာ အမ်ားစုကေတာ့ ပူးအၾကီးစားေလးေတြျဖစ္တဲ့ guinea pig ေတြျဖစ္ပါတယ္။

– စားပြဲခုံေတာင္ကုိ ကမာၻ႔သက္တမ္းအရင့္ဆံုးေတာင္ တစ္ေတာင္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ ဘာလုိ႔လည္းဆုိရင္ ေတာင္ရဲ႕ ေက်ာက္တံုးေတြဟာ ႏွစ္ေပါင္း သန္း ၆၀၀ နီးပါးသက္တမ္းရွိေနလုိ႔ျဖစ္ပါတယ္။ ေတာင္ေအာက္မွာရွိေနတဲ့ေက်ာက္ေတြကေတာ့ သင္ပုန္းေက်ာက္ေတြျဖစ္ၿပီး ေတာင္အေနာက္ဘက္ပုိင္းက ေက်ာက္ေတြကေတာ့ ႏွမ္းဖက္ေက်ာက္အမ်ဳိးအစားေတြျဖစ္ပါတယ္။
– စားပြဲပံုေတာင္ဟာ အာရွတုိက္မွာရွိတဲ့ ဟိမ၀ႏၱာေတာင္ထက္ ၆ဆေလာက္ သက္တမ္းရင့္ၿပီး အေမရိကက ေရာ့ကီးေတာင္တန္းေတြထက္ ၅ဆ သက္တမ္းပုိရင့္ပါတယ္တဲ့။

– တခါတခါ ေတာင္ထိပ္ေပၚမွာ ဖုံးအုပ္ေနေလ့ရွိတဲ့ တိမ္ေတြကိုျမင္ရမွာျဖစ္ၿပီး ဒီတိမ္ေတြဟာ မီးခုိးေငြ႔ေတြနဲ႔ အလားသ႑ာန္တူပါတယ္။ အမွန္တကယ္ကေတာ့ အေရွ႕ေတာင္ေလနဲ႔ ေတာင္ရဲ႕ေလေအးေတြ ေပါင္းဆုံၿပီးဒီလုိျဖစ္လာရျခင္းပါ။ ဒီတိမ္ခုိးေတြရဲ႕ အေအးဓာတ္ေၾကာင့္ပဲ ေတာင္ေပၚက သစ္ပင္ပန္းမန္ေတြကုိ စိမ္းလန္းစုိေျပေနေစတာ ျဖစ္ပါတယ္။

– ၁၈ရာစုအလယ္ေလာက္က စားပြဲခုံေတာင္ေပၚကုိေရာက္ရွိခဲ့တဲ့ ျပင္သစ္နကၡတ္ေဗဒပညာရွင္တစ္ဦးက ဒီေတာင္ေပၚကေန ၾကယ္စင္စုတစ္ခုရဲ႕ နာမည္ကိုေပးခဲ့ဖူးပါတယ္။ ၾကယ္စင္စုရဲ႕နာမည္ကေတာ့ Mensa ျဖစ္ပါတယ္။ လတ္တင္ဘာသာနဲ႔ Mensa အဓိပၸာယ္ကေတာ့ စားပြဲပဲျဖစ္ပါတယ္။ ဒီ Mensa ၾကယ္စင္စုဟာ ကြ်န္ေတာ္တုိ႔ေမာင္ရင္ဆုိင္းထမ္းၾကယ္လုိ႔ သိထားတဲ့ Orion ၾကယ္စင္စုရဲ႕ ေအာက္ဖက္တည့္တည့္မွာ တည္ရွိပါတယ္။ Mensa ၾကယ္စင္စု ကုိ ဇူလုိင္လ အလယ္ပုိင္းေလာက္မွာ ထင္ရွားစြာ ျမင္ရေလ့ရွိပါတယ္။

Mensa ၾကယ္စင္စု

– စားပြဲပံုေတာင္ဟာ ကိတ္ေတာင္းၿမဳိ႕က အမ်ိဳးသားပန္းျခံရဲ႕ အစိတ္အပုိင္းတစ္ခုအျဖစ္တည္ရွိေနျပီး ဒီပန္းျခံကုိ ၁၉၉၈ခုနွစ္က အမည္ေပးခဲ့တာပါ။ ယခင္က အမည္ကေတာ့ ကိတ္ ပနီဆူလာ အမ်ိဳးသားပန္းျခံလို႕သိၾကပါတယ္။ မုိင္ ၃၀ေလာက္ ရွည္လ်ားတဲ့ ပန္းျခံၾကီးထဲမွာ ကမာၻေပၚက အျခားေနရာမွာမရွိတဲ့ ရွားပါးသစ္ပင္ပန္းမန္မ်ိဳးစံုကုိလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
-ေနာက္ဆံုးအေနနဲ့ စားပြဲပံုေတာင္ဟာဆုိရင္ ကမာၻ႔ သဘာ၀အံ့ဖြယ္ေတြထဲက ၇ခုေျမာက္အံ့ဖြယ္အျဖစ္ တည္ရွိေနပါေတာ့တယ္။


ကိတ်တောင်းမြို့က ကမ္ဘာ့သဘာ၀ အံ့ဖွယ် ၇ခုမြောက် စားပွဲခုံတောင် (unicode)

ကိတ်တောင်းမြို့ဟာ အာဖရိကမြို့တွေထဲမှာတော့ အလှပဆုံးမြို့ဖြစ်ပါတယ်။ ဒီမြို့လှပရခြင်းအကြောင်းအရင်းမှာ မြို့အနီးမှာရှိတဲ့ တောင်ကြီးတစ်တောင်ကြောင့်လည်း ပါပါတယ်။ ကိတ်တောင်းမြို့ကို အဝေးက လှမ်းကြည့်လိုက်ရင် ဘေးနားမှာတောင်ကြီးတစ်ခုရှိနေတာကို တွေ့ရမှာဖြစ်ပြီး ဒီတောင်ရဲ့ထူးခြားချက်ကတော့ အခြားတောင်တွေနဲ့ မတူပဲ စားပွဲခုံပုံစံဖြစ်နေတာပါ။ ဒါကြောင့်လည်း ဒီတောင်ကို စားပွဲခုံတောင်(table mountain) လို့ခေါ်ကြပါတယ်။

ဒီတောင်ရဲ့ မျက်နှာပြင်ဟာ ပြန့်ပြူးနေပြီး တိုင်းကြည့်မယ်ဆိုရင် ဟိုဘက်ဒီဘက် အကွာအဝေး ၂မိုင်ဝေးကွာပါတယ်။ နိုင်ငံခြားသား လာရောက်လည်ပတ်သူတွေကြားမှာ ရေပန်းစားတဲ့နေရာဖြစ်ပြီး စားပွဲပုံစံ မြေပြန့် နေရာရောက်ဖို့ ခြေကျင်တက်နိုင်တဲ့အပြင် cable car နဲ့လည်း တက်လို့ရပါတယ်။ တောင်ရဲ့အပေါ်ကနေမြင်ရတဲ့ မြင်ကွင်းကို အာဖရိကရဲ့ အလှပဆုံး မြင်ကွင်းတစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ဒီတောင်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချို့ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

– ကိတ်တောင်းမြို့ရဲ့ အလံမှာ ဒီတောင်တန်းအမှတ်အသားပုံလေးကိုတွေ့ရမှာပါ။
– သူ့ရဲ့ပြားနေတဲ့ပုံစံကြောင့် စားပွဲပုံတောင်လို့ အမည်ပေးခံရခြင်းဖြစ်ပါတယ်။
– တောင်ရဲ့ အမြင့်ဆုံးအပိုင်းဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၆၃ပေ မြင့်ပါတယ်။ တောင်ပေါ်ရောက်တဲ့အခါမှာတော့ Maclear’s  Beacon လို့ခေါ်တဲ့ ကျောက်ပုံလေးတစ်ခုမြင်ရမှာဖြစ်ပြီး အဲ့ဒီ့ကျောက်ပုံလေးကို ၁၈၆၅ခုနှစ်က တြိဂို(သချာၤဘာသာရပ်ဆိုင်ရာ) စစ်တမ်းတစ်ခုမှာအသုံးပြုဖို့အတွက်ပြုလုပ်ခဲ့ကြတာပါ။

– ပထမဆုံးဒီတောင်ကိုတက်ခဲ့တဲ့သူကတော့ Antonio de Saldanha လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဖြစ်ခဲ့ပြီး ၁၅၀၃ခုနှစ်ကတည်းကဖြစ်ပါတယ်။ သူတက်ခဲ့တဲ့လမ်းကြောင်းဟာ တောင်ပေါ်ရဲ့ ပြန့်နေတဲ့အပိုင်းဆီ တက်ရောက်ဖို့ အလွယ်ကူဆုံးလမ်းအဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
– ပထမဆုံး အမျိုးသမီးတောင်တက်သမားကတော့ Anne Barnard ဖြစ်ပြီး ၁၇၉ဝခုနှစ်ကဖြစ်ပါတယ်။
– ဒီနေ့ခေတ်မှာဆိုရင် ဒီတောင်ပေါ်တက်ဖို့ တောတွင်းလမ်းပေါင်း ၃၉၀ လောက်တောင်ရှိနေပါပြီ။
– ခြေလျင်တောင်မတက်ချင်သူတွေအတွက် cable လမ်းကြောင်းတွေကိုတော့ ၁၉၂၉မှာ တည်ဆောက်ခဲ့ပါတယ်။ အရင်က cable car တစ်စီးမှာ လူ ၂၅ယောက်စီးနင်းနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အယောက် ၆၀လောက်စီးနိုင်နေပြီဖြစ်ပါတယ်။

– တောင်ပေါ်မှာ သဲကျောက်ဂူ အမြောက်အများကိုလည်းတွေ့နိုင်ပါသေးတယ်။ အကြီးဆုံး သဲကျောက်ဂူကတော့ Wynberg သဲကျောက်ဂူပဲဖြစ်ပါတယ်။
– စားပွဲတောင်ရဲ့ အမည်အစစ်က Howrikwaggo လို့အမည်ရပြီး သူ့ရဲ့ အဓိပ္ပာယ်ကတော့ ပင်လယ်ထဲကတောင်(တောင်ပင်လယ်)လို့အဓိပ္ပာယ်ရပါတယ်။
– နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ပျမ်းမျှအားဖြင့် ၈သိန်းခန့်ရှိပြီး ကိတ်တောင်းမြို့ရဲ့ အဓိကအကျဆုံးနေရာတစ်ခုလို့ ဆိုရမှာပါ။
– တောင်ပေါ်မှာ အသက်ရှင်နေထိုင်ကြတဲ့ တိရိစ္ဆာန်တွေထဲမှာ အများစုကတော့ ပူးအကြီးစားလေးတွေဖြစ်တဲ့ guinea pig တွေဖြစ်ပါတယ်။

– စားပွဲခုံတောင်ကို ကမ္ဘာ့သက်တမ်းအရင့်ဆုံးတောင် တစ်တောင်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုရင် တောင်ရဲ့ ကျောက်တုံးတွေဟာ နှစ်ပေါင်း သန်း ၆၀၀ နီးပါးသက်တမ်းရှိနေလို့ဖြစ်ပါတယ်။ တောင်အောက်မှာရှိနေတဲ့ကျောက်တွေကတော့ သင်ပုန်းကျောက်တွေဖြစ်ပြီး တောင်အနောက်ဘက်ပိုင်းက ကျောက်တွေကတော့ နှမ်းဖက်ကျောက်အမျိုးအစားတွေဖြစ်ပါတယ်။
– စားပွဲပုံတောင်ဟာ အာရှတိုက်မှာရှိတဲ့ ဟိမဝန္တာတောင်ထက် ၆ဆလောက် သက်တမ်းရင့်ပြီး အမေရိကက ရော့ကီးတောင်တန်းတွေထက် ၅ဆ သက်တမ်းပိုရင့်ပါတယ်တဲ့။

– တခါတခါ တောင်ထိပ်ပေါ်မှာ ဖုံးအုပ်နေလေ့ရှိတဲ့ တိမ်တွေကိုမြင်ရမှာဖြစ်ပြီး ဒီတိမ်တွေဟာ မီးခိုးငွေ့တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ အမှန်တကယ်ကတော့ အရှေ့တောင်လေနဲ့ တောင်ရဲ့လေအေးတွေ ပေါင်းဆုံပြီးဒီလိုဖြစ်လာရခြင်းပါ။ ဒီတိမ်ခိုးတွေရဲ့ အအေးဓာတ်ကြောင့်ပဲ တောင်ပေါ်က သစ်ပင်ပန်းမန်တွေကို စိမ်းလန်းစိုပြေနေစေတာ ဖြစ်ပါတယ်။

– ၁၈ရာစုအလယ်လောက်က စားပွဲခုံတောင်ပေါ်ကိုရောက်ရှိခဲ့တဲ့ ပြင်သစ်နက္ခတ်ဗေဒပညာရှင်တစ်ဦးက ဒီတောင်ပေါ်ကနေ ကြယ်စင်စုတစ်ခုရဲ့ နာမည်ကိုပေးခဲ့ဖူးပါတယ်။ ကြယ်စင်စုရဲ့နာမည်ကတော့ Mensa ဖြစ်ပါတယ်။ လတ်တင်ဘာသာနဲ့ Mensa အဓိပ္ပာယ်ကတော့ စားပွဲပဲဖြစ်ပါတယ်။ ဒီ Mensa ကြယ်စင်စုဟာ ကျွန်တော်တို့မောင်ရင်ဆိုင်းထမ်းကြယ်လို့ သိထားတဲ့ Orion ကြယ်စင်စုရဲ့ အောက်ဖက်တည့်တည့်မှာ တည်ရှိပါတယ်။ Mensa ကြယ်စင်စု ကို ဇူလိုင်လ အလယ်ပိုင်းလောက်မှာ ထင်ရှားစွာ မြင်ရလေ့ရှိပါတယ်။

– စားပွဲပုံတောင်ဟာ ကိတ်တောင်းမြို့က အမျိုးသားပန်းခြံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်တည်ရှိနေပြီး ဒီပန်းခြံကို ၁၉၉၈ခုနှစ်က အမည်ပေးခဲ့တာပါ။ ယခင်က အမည်ကတော့ ကိတ် ပနီဆူလာ အမျိုးသားပန်းခြံလို့သိကြပါတယ်။ မိုင် ၃၀လောက် ရှည်လျားတဲ့ ပန်းခြံကြီးထဲမှာ ကမ္ဘာပေါ်က အခြားနေရာမှာမရှိတဲ့ ရှားပါးသစ်ပင်ပန်းမန်မျိုးစုံကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
-နောက်ဆုံးအနေနဲ့ စားပွဲပုံတောင်ဟာဆိုရင် ကမ္ဘာ့ သဘာဝအံ့ဖွယ်တွေထဲက ၇ခုမြောက်အံ့ဖွယ်အဖြစ် တည်ရှိနေပါတော့တယ်။

Leave a Reply