မွားယြင္းေနေသာ ယံုၾကည္မႈမ်ား

Posted on

ေရးသားသူ – KznT

ခု ကၽြန္ေတာ္ေဖာ္ျပမယ့္ မွားယြင္းေနေသာ ယံုၾကည္မႈမ်ား ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ရွိေနတဲ့ အေၾကာင္းအရာေတြဟာ တစ္ခ်ိန္က ကၽြန္ေတာ္တို႕ ေလ့လာခဲ့ – ၾကားသိခဲ့တဲ့ စာအုပ္ စာေပေတြထဲက ကၽြန္ေတာ္တို႕ မွားမွန္းမသိ လက္ခံေနခဲ့တဲ့ Ideas ေတြကို ဘယ္ဟာမွားတယ္ – ဘယ္ဟာမွန္တယ္ ဆိုတာ ျမင္သာေအာင္ ဖြင့္ဆို ရွင္းျပထားတဲ့ စာမ်က္ႏွာျဖစ္ၿပီး ကၽြန္ေတာ္ခုေဖာ္ျပသြားမွာ အဲ့ဒီ့ ေဖာ္ျပခ်က္ေတြထဲက ေကာက္ႏႈတ္ခ်က္ တစ္ခ်ိဳ႕ ျဖစ္ပါတယ္ –

ေကာက္ႏႈတ္ခ်က္ ( ၁ ) 

ပထမဆံုး ေကာက္ႏႈတ္ခ်က္ကေတာ့ နပိုလီယံ အေၾကာင္းပါ – Napoleon Bonaparte ( နပိုလီယံ ဘိုနာပတ္ ) က အရပ္ မပုပါဘူး – ၁၈၂၁ ခုႏွစ္က သူေသေတာ့ သူ႕အရပ္ကို ျပင္သစ္စံညႊန္း အတိုင္းအတာ နဲ႕ တိုင္းတာရာမွာ သူ႕ အရပ္က ( ၅ ) ေပ ( ၂ ) လက္မ ရွိတယ္ ဆိုေပမယ့္ International စံညႊန္း နဲ႔ ျပန္ႏိႈင္းယွဥ္ၾကည့္ရင္ ( ၅ ) ေပနဲ႕ ( ၆.၅ ) လက္မ ( 1.686 metres ) ရွိပါတယ္ – ဒီအရပ္ဟာ ပုတယ္လို႕ ေျပာလို႕ မရပါ

ေကာက္ႏႈတ္ခ်က္ ( ၂ )

ဒုတိယ ေကာက္ႏႈတ္ခ်က္ကေတာ့ ရာသီဥတု ေျပာင္းလဲရျခင္း အေၾကာင္းပါ – ရာသီဥတုေတြ ေပၚေပါက္လာရျခင္းဟာ ကမာၻက ေႏြဥတုမွာ ေဆာင္းဥတုထက္ပိုၿပီး ေနနဲ႕ပိုနီးသြားလို႕ပါ ဆိုတဲ့ အယူအဆကလည္း မမွန္ပါဘူး – တကယ္ေတာ့ ကမာၻ႕ေျမာက္ျခမ္းမွာ ေႏြရာသီက်ေရာက္ေနတဲ့ အခ်ိန္မွာေတာင္ ကမာၻက ေနနဲ႕ ေဝးေနတဲ့ အေနအထားမွာ ရွိေနပါတယ္ – ရာသီဥတုေတြ ေပၚေပါက္လာရတဲ့ အထိက အေၾကာင္းအရင္းဟာ ကမာၻက 23.5 degrees ေစာင္းေနတဲ့ ဝင္ရိုးေပၚမွာ လည္ပတ္ေနတဲ့ အတြက္ေၾကာင့္ ျဖစ္ေပၚလာတာပါ – ေနပတ္လမ္းေၾကာင္းကို လိုက္ၿပီး ကမာၻ ေနရာ အသီးသီးကလည္း ေနေရာင္ တိုက္ရိုက္ရရွိမႈ ကြာျခားသြားၾကပါတယ္ –

ေကာက္ႏႈတ္ခ်က္ ( ၃ ) 

တတိယ ေကာက္ႏႈတ္ခ်က္ကေတာ့ အေမႊးအမွ်င္ ရိတ္တာနဲ႕ ပတ္သတ္ၿပီး မွားယြင္းေနတဲ့ အယူအဆမွားတစ္ခု အေၾကာင္းပါ – အေမႊးအမွ်င္ေတြကို ရိတ္ရင္ ျပန္ေပါက္တဲ့ အခါ ပိုၿပီး နက္လာမယ္ – သန္လာမယ္ – ၾကမ္းလာမယ္ ဆိုတာ မဟုတ္ပါဘူး – ဒီလိုယံုၾကည္ခ်က္ ျဖစ္ေပၚလာရျခင္းရဲ႕ အဓိက အေၾကာင္းတရားက အေမႊးအမွ်င္ေတြ ရိတ္တဲ့အခါ ေသေသခ်ာခ်ာ ေျပာင္စင္ေအာင္ အစြန္းအစပါ မက်န္ မရိတ္ခဲ့မိလို႕ ျဖစ္ပါတယ္ – ဒါ့ေၾကာင့္ ျပန္ေပါက္လာတဲ့ အခါ အရင္ ရိတ္တုန္းက က်န္ခဲ့ၿပီး မညီမညာ ထြက္လာတဲ့ ထိပ္ဆံုးအနားစက ပိုႀကီး – ပိုထူ- ပိုၾကမ္းသလို ထင္ေနၾကရတာပါ –

ေကာက္ႏႈတ္ခ်က္ ( ၄ ) 

စတုတၳ ေကာက္ႏႈတ္ခ်က္ကေတာ့ Gyroscopic forces နဲ႕ ပတ္သတ္တဲ့ အယူအဆပါ – စက္ဘီးစီးတဲ့ အခါ စက္ဘီး တစ္စီးကို ၿငိမ္ေအာင္ထိန္းဖို႕ အတြက္ Gyroscopic forces ဆိုတာ မလိုအပ္ပါဘူး – စက္ဘီး တစ္စီးရဲ႕ stability ျဖစ္မႈ မျဖစ္မႈကို အဆံုးအျဖတ္ေပးတာ – Inertia, Steering geometry နဲ႕ စက္ဘီးစီးသူရဲ႕ Steering အေပၚ ကၽြမ္းက်င္စြာ ထိန္းသိမ္းတတ္မႈ အေပၚ မူတည္ၿပီးပဲ ဆံုးျဖတ္ပါတယ္ –

ေကာက္ႏႈတ္ခ်က္ ( ၅ ) 

ပဥၥမေျမာက္ ေကာက္ႏႈတ္ခ်က္ကေတာ့ တရုတ္ႏိုင္ငံရဲ႕ မဟာတံတိုင္းနဲ႕ ပတ္သတ္တဲ့ အခ်က္တစ္ခုပါ – တရုတ္ႏိုင္ငံရဲ႕ မဟာတံတိုင္းက လေပၚက ၾကည့္မယ္ဆိုရင္ လူသားေတြဖန္တီးျပဳလုပ္ခ်က္ေတြထဲက တစ္ခုတည္းေသာ ျမင္ရတဲ့ အရာဆိုတဲ့ အခ်က္ဟာ မွားယြင္းပါတယ္ – Apollo နဲ႕ အတူ လကမာၻေပၚကို လိုက္ပါ ပ်ံသန္းသြားၾကတဲ့ ဘယ္ အာကာသယာဥ္မႈးမွ လေပၚကေနၿပီး ကမာၻကိုၾကည့္တဲ့ အခ်ိန္ လူသားေတြ လုပ္ထားတဲ့ အရာ ေတြ႕မိတယ္ဆိုတာမ်ိဳး မရွိခဲ့ဖူးသလို – ကမာၻပတ္ပ်ံသန္းရံုေလာက္ ပ်ံသန္းလိုက္ပါၾကတဲ့ အာကာသယာဥ္မႈးေတြေတာင္ မဟာတံတိုင္းကို ေတြ႕တယ္ဆိုယံုေလာက္ေလးပဲ ရွိခဲ့ၾကပါတယ္ –

ေကာက္ႏႈတ္ခ်က္ ( ၆ ) 

ဆဌမေျမာက္ ေကာက္ႏႈတ္ခ်က္ကေတာ့ Aerodynamic နဲ႕ပိုၿပီး သက္ဆိုင္ပါတယ္ – ဒီအေၾကာင္းကို ကၽြန္ေတာ္ 4th year – Fluid Mechanics မွာတုန္းက သင္ခဲ့ရဖူးတယ္ – အေၾကာင္းက ေလယာဥ္ေတာင္ပံရဲ႕ အထက္နဲ႕ ေအာက္ကို ျဖတ္ၿပီး သြားတဲ့ Upper Streamline နဲ႕ Lower Streamline က Airflow ႏွစ္ခုရဲ႕ time travel ဟာ တူညီတယ္ ဆိုတဲ့ သေဘာတရားဟာ မမွန္ပါဘူး – Textbooks ေတာ္ေတာ္မ်ားမ်ားနဲ႕ Non-technical reference books ေတာ္ေတာ္မ်ားမ်ားက ေအာက္ေဖာ္ျပခ်က္ အတိုင္း သေဘာတရားကို လြဲမွားၿပီး ေဖာ္ျပေနတာ ရွိပါတယ္ –

အမွန္က ေလယာဥ္ေတာင္ပံရဲ႕ အေပၚဘက္ မ်က္ႏွာျပင္မွာ ျဖတ္စီးတဲ့ Airflow ဟာ ေတာင္ပံေအာက္က Airflow ထက္ အျမဲ ပိုၿပီး ျမန္ပါတယ္ – ပံုသ႑န္ အမွန္က ေအာက္ေဖာ္ျပပါ အတိုင္းပါ –

ေကာက္ႏႈတ္ခ်က္ ( ၇ ) 

သတၱမေျမာက္ ေကာက္ႏႈတ္ခ်က္ ကေတာ့ ၾကြက္ႏို႕နဲ႕ ပတ္သတ္တဲ့ အယူအဆပါ – လူ႕ခႏၶာကိုယ္မွာ ျဖစ္ေလ့ရွိတဲ့ ၾကြက္ႏို႕ဆိုတာ ဖားတို႕ တစ္ျခား တိရစာၦန္ တစ္ေကာင္ေကာင္ ဆီကေန ကူးစက္လာတာ မဟုတ္ပါဘူး – ၾကြက္ႏို႕ ျဖစ္ရျခင္းဟာ human papillomavirus လို႕ ေခၚတဲ့ papillomavirus အမ်ိဳးအႏြယ္ဝင္ virus တစ္မ်ိဳးေၾကာင့္ ျဖစ္ပြားတာ ျဖစ္ပါတယ္ –

ဒီအေၾကာင္းအရာေလးေတြက ကၽြန္ေတာ္ ဖတ္မိတာေတြထဲကေန ထုတ္ႏႈတ္ၿပီး ေဝမွ် ေပးတာပါ – တစ္ျခား စိတ္ဝင္စားဖို႕ ေကာင္းတဲ့ အေၾကာင္းအရာေတြကိုလည္း List of common misconceptions ေအာက္မွာ သြားေရာက္ ဖတ္ရႈၾကဖို႕ တိုက္တြန္းလိုပါတယ္


မှားယွင်းနေသော ယုံကြည်မှုများ (unicode)

ရေးသားသူ – KznT

ခု ကျွန်တော်ဖော်ပြမယ့် မှားယွင်းနေသော ယုံကြည်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ အကြောင်းအရာတွေဟာ တစ်ချိန်က ကျွန်တော်တို့ လေ့လာခဲ့ – ကြားသိခဲ့တဲ့ စာအုပ် စာပေတွေထဲက ကျွန်တော်တို့ မှားမှန်းမသိ လက်ခံနေခဲ့တဲ့ Ideas တွေကို ဘယ်ဟာမှားတယ် – ဘယ်ဟာမှန်တယ် ဆိုတာ မြင်သာအောင် ဖွင့်ဆို ရှင်းပြထားတဲ့ စာမျက်နှာဖြစ်ပြီး ကျွန်တော်ခုဖော်ပြသွားမှာ အဲ့ဒီ့ ဖော်ပြချက်တွေထဲက ကောက်နှုတ်ချက် တစ်ချို့ ဖြစ်ပါတယ် –

ကောက်နှုတ်ချက် ( ၁ ) – ပထမဆုံး ကောက်နှုတ်ချက်ကတော့ နပိုလီယံ အကြောင်းပါ – Napoleon Bonaparte ( နပိုလီယံ ဘိုနာပတ် ) က အရပ် မပုပါဘူး – ၁၈၂၁ ခုနှစ်က သူသေတော့ သူ့အရပ်ကို ပြင်သစ်စံညွှန်း အတိုင်းအတာ နဲ့ တိုင်းတာရာမှာ သူ့ အရပ်က ( ၅ ) ပေ ( ၂ ) လက်မ ရှိတယ် ဆိုပေမယ့် International စံညွှန်း နဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် ( ၅ ) ပေနဲ့ ( ၆.၅ ) လက်မ ( 1.686 metres ) ရှိပါတယ် – ဒီအရပ်ဟာ ပုတယ်လို့ ပြောလို့ မရပါ

ကောက်နှုတ်ချက် ( ၂ ) – ဒုတိယ ကောက်နှုတ်ချက်ကတော့ ရာသီဥတု ပြောင်းလဲရခြင်း အကြောင်းပါ – ရာသီဥတုတွေ ပေါ်ပေါက်လာရခြင်းဟာ ကမ္ဘာက နွေဥတုမှာ ဆောင်းဥတုထက်ပိုပြီး နေနဲ့ပိုနီးသွားလို့ပါ ဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး – တကယ်တော့ ကမ္ဘာ့မြောက်ခြမ်းမှာ နွေရာသီကျရောက်နေတဲ့ အချိန်မှာတောင် ကမ္ဘာက နေနဲ့ ဝေးနေတဲ့ အနေအထားမှာ ရှိနေပါတယ် – ရာသီဥတုတွေ ပေါ်ပေါက်လာရတဲ့ အထိက အကြောင်းအရင်းဟာ ကမ္ဘာက 23.5 degrees စောင်းနေတဲ့ ဝင်ရိုးပေါ်မှာ လည်ပတ်နေတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ – နေပတ်လမ်းကြောင်းကို လိုက်ပြီး ကမ္ဘာ နေရာ အသီးသီးကလည်း နေရောင် တိုက်ရိုက်ရရှိမှု ကွာခြားသွားကြပါတယ် –

ကောက်နှုတ်ချက် ( ၃ ) – တတိယ ကောက်နှုတ်ချက်ကတော့ အမွှေးအမျှင် ရိတ်တာနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆမှားတစ်ခု အကြောင်းပါ – အမွှေးအမျှင်တွေကို ရိတ်ရင် ပြန်ပေါက်တဲ့ အခါ ပိုပြီး နက်လာမယ် – သန်လာမယ် – ကြမ်းလာမယ် ဆိုတာ မဟုတ်ပါဘူး – ဒီလိုယုံကြည်ချက် ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အမွှေးအမျှင်တွေ ရိတ်တဲ့အခါ သေသေချာချာ ပြောင်စင်အောင် အစွန်းအစပါ မကျန် မရိတ်ခဲ့မိလို့ ဖြစ်ပါတယ် – ဒါ့ကြောင့် ပြန်ပေါက်လာတဲ့ အခါ အရင် ရိတ်တုန်းက ကျန်ခဲ့ပြီး မညီမညာ ထွက်လာတဲ့ ထိပ်ဆုံးအနားစက ပိုကြီး – ပိုထူ- ပိုကြမ်းသလို ထင်နေကြရတာပါ –

ကောက်နှုတ်ချက် ( ၄ ) – စတုတ္ထ ကောက်နှုတ်ချက်ကတော့ Gyroscopic forces နဲ့ ပတ်သတ်တဲ့ အယူအဆပါ – စက်ဘီးစီးတဲ့ အခါ စက်ဘီး တစ်စီးကို ငြိမ်အောင်ထိန်းဖို့ အတွက် Gyroscopic forces ဆိုတာ မလိုအပ်ပါဘူး – စက်ဘီး တစ်စီးရဲ့ stability ဖြစ်မှု မဖြစ်မှုကို အဆုံးအဖြတ်ပေးတာ – Inertia, Steering geometry နဲ့ စက်ဘီးစီးသူရဲ့ Steering အပေါ် ကျွမ်းကျင်စွာ ထိန်းသိမ်းတတ်မှု အပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ပါတယ် –

ကောက်နှုတ်ချက် ( ၅ ) – ပဥ္စမမြောက် ကောက်နှုတ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းနဲ့ ပတ်သတ်တဲ့ အချက်တစ်ခုပါ – တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းက လပေါ်က ကြည့်မယ်ဆိုရင် လူသားတွေဖန်တီးပြုလုပ်ချက်တွေထဲက တစ်ခုတည်းသော မြင်ရတဲ့ အရာဆိုတဲ့ အချက်ဟာ မှားယွင်းပါတယ် – Apollo နဲ့ အတူ လကမ္ဘာပေါ်ကို လိုက်ပါ ပျံသန်းသွားကြတဲ့ ဘယ် အာကာသယာဉ်မှုးမှ လပေါ်ကနေပြီး ကမ္ဘာကိုကြည့်တဲ့ အချိန် လူသားတွေ လုပ်ထားတဲ့ အရာ တွေ့မိတယ်ဆိုတာမျိုး မရှိခဲ့ဖူးသလို – ကမ္ဘာပတ်ပျံသန်းရုံလောက် ပျံသန်းလိုက်ပါကြတဲ့ အာကာသယာဉ်မှုးတွေတောင် မဟာတံတိုင်းကို တွေ့တယ်ဆိုယုံလောက်လေးပဲ ရှိခဲ့ကြပါတယ် –

ကောက်နှုတ်ချက် ( ၆ ) – ဆဌမမြောက် ကောက်နှုတ်ချက်ကတော့ Aerodynamic နဲ့ပိုပြီး သက်ဆိုင်ပါတယ် – ဒီအကြောင်းကို ကျွန်တော် 4th year – Fluid Mechanics မှာတုန်းက သင်ခဲ့ရဖူးတယ် – အကြောင်းက လေယာဉ်တောင်ပံရဲ့ အထက်နဲ့ အောက်ကို ဖြတ်ပြီး သွားတဲ့ Upper Streamline နဲ့ Lower Streamline က Airflow နှစ်ခုရဲ့ time travel ဟာ တူညီတယ် ဆိုတဲ့ သဘောတရားဟာ မမှန်ပါဘူး – Textbooks တော်တော်များများနဲ့ Non-technical reference books တော်တော်များများက အောက်ဖော်ပြချက် အတိုင်း သဘောတရားကို လွဲမှားပြီး ဖော်ပြနေတာ ရှိပါတယ် –

အမှန်က လေယာဉ်တောင်ပံရဲ့ အပေါ်ဘက် မျက်နှာပြင်မှာ ဖြတ်စီးတဲ့ Airflow ဟာ တောင်ပံအောက်က Airflow ထက် အမြဲ ပိုပြီး မြန်ပါတယ် – ပုံသဏ္ဍန် အမှန်က အောက်ဖော်ပြပါ အတိုင်းပါ –

ကောက်နှုတ်ချက် ( ၇ ) – သတ္တမမြောက် ကောက်နှုတ်ချက် ကတော့ ကြွက်နို့နဲ့ ပတ်သတ်တဲ့ အယူအဆပါ – လူ့ခန္ဓာကိုယ်မှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ဆိုတာ ဖားတို့ တစ်ခြား တိရစ္ဆာန် တစ်ကောင်ကောင် ဆီကနေ ကူးစက်လာတာ မဟုတ်ပါဘူး – ကြွက်နို့ ဖြစ်ရခြင်းဟာ human papillomavirus လို့ ခေါ်တဲ့ papillomavirus အမျိုးအနွယ်ဝင် virus တစ်မျိုးကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ် –

ဒီအကြောင်းအရာလေးတွေက ကျွန်တော် ဖတ်မိတာတွေထဲကနေ ထုတ်နှုတ်ပြီး ဝေမျှ ပေးတာပါ – တစ်ခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း List of common misconceptions အောက်မှာ သွားရောက် ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ် –

Leave a Reply