ကမာၻႀကီးေပၚက လွ်ိဳ႕၀ွက္မႈမ်ား

Posted on

ေရးသားသူ – ေမာင္သာ (ေရွးေဟာင္းသုေတသန)

ယေန႔ ကမၻာေပၚရွိ လူသားမ်ား၏ အတိတ္သမိုင္းကို ေဖာ္ထုတ္ၾကရာတြင္ သမိုင္းပညာရပ္က စာေပ အေထာက္အထားမ်ားျဖင့္ လည္းေကာင္း၊ ေရွးေဟာင္း သုေတသနပညာက တူးေဖာ္ေတြ႕ရွိေသာ ရုပ္၀တၳဳပစၥည္း အေထာက္အထားမ်ားျဖင့္ လည္းေကာင္း၊ ဘူမိေဗဒပညာက ေက်ာက္တုံးေက်ာက္လႊာမ်ားျဖင့္ လည္းေကာင္း၊ မႏုႆေဗဒ ပညာက လူသားမ်ား၏ မ်ိဳးႏြယ္စုႏွင့္ ယဥ္ေက်းမႈ ထုံးတမ္းမ်ားျဖင့္ လည္းေကာင္း ေလ့လာၾကသည္။

ယင္းတို႔အနက္ ေရွးေဟာင္း သုေတသန ပညာရွင္မ်ား၏ ရွာေဖြတူးေဖာ္ ​ေတြ႕ရွိမႈမ်ားသည္ လူသားမ်ား၏ သမိုင္း အေထာက္အထား မ်ားစြာကို ေဖာ္ထုတ္ေပးႏိုင္ခဲ့သည္။ သို႔​ေစကာမူ ပညာရွင္တို႔ ယေန႔တိုင္ အေျဖ မထုတ္ႏိုင္ေသးသည့္ ေရွးေဟာင္း သုေတသန ​ေတြ႕ရွိမႈမ်ားသည္ လွ်ိဳ႕၀ွက္မႈ မ်ားစြာႏွင့္အတူ စိတ္၀င္စားဖြယ္ ေကာင္းလွေပသည္။

၁၀။ ဘာသာမျပန္ႏိုင္ေသးေသာ မွတ္တမ္း

​ေယးတကၠသိုလ္ စာၾကည့္တိုက္တြင္ ထူးဆန္းေသာ မွတ္တမ္းတစ္ခု ရွိသည္။ ထိုမွတ္တမ္းတြင္ ​ေရးထားေသာ စာသားမ်ားႏွင့္ ေရးသားထားသည့္ စနစ္ကို ယခုတိုင္ မည္သူမွ် အဓိပၸါယ္ မေဖာ္ႏိုင္ေသးပါေခ်။ စာမ်ား ​ေရးထားသည့္ သားေရခ်ပ္သည္ ၁၅ ရာစုမွ သားေရခ်ပ္ တစ္ခ်ပ္ျဖစ္ေၾကာင္း ဆုံးျဖတ္ေပးႏိုင္ၿပီး စာသားမ်ားသည္လည္း ၁၅ ရာစု ၀န္းက်င္က ေရးသားထားခဲ့ျခင္း ျဖစ္မည္ဟုသာ ယူဆထားႏိုင္ၾကသည္။

ထူးဆန္းေသာ စာသားမ်ား ​ေရးထားသည့္ ယင္းသားေရခ်ပ္ကို ၁၉၁၂ ခုႏွစ္တြင္ ဗြိဳင္နင့္ခ်္ အမည္ရွိ စာအုပ္ေရာင္းခ်သူ တစ္ဦးက ေတြ႕ရွိခဲ့ကာ အဓိပၸါယ္ မေဖာ္ႏိုင္ေသာ စာမူဟု အမည္ေပးခဲ့ၿပီး ယေန႔တိုင္ အေျဖထုတ္ရန္ ခက္ခဲေနဆဲ ျဖစ္သည္။ မ်က္ေမွာက္ အင္တာနက္ေခတ္၀ယ္ ပညာရွင္မ်ားေရာ၊ အေပ်ာ္တမ္းသမားမ်ားပါ ယင္းစာသားမ်ားကို အၿပီးသတ္ အဓိပၸါယ္ေဖာ္ႏိုင္ရန္ ၾကိဳးပမ္းၾကသည့္ အေနျဖင့္ သတင္းအခ်က္အလက္မ်ား ဖလွယ္ၾကသည္။

အဓိကက်ေသာ ​ေမးခြန္းမွာ ထိုမွတ္တမ္းသည္ မည္သည့္ေဒသမွ လာသနည္း ဆိုသည့္ အခ်က္ပင္ျဖစ္သည္။ မူလပိုင္ရွင္ကို ​ေျခရာခံမိႏိုင္မည္လား၊ သို႔မဟုတ္ မွတ္တမ္းမ်ားႏွင့္ ပတ္သက္သည့္ တစ္ဦးထက္မကေသာ သမိုင္း၀င္ပုဂၢိဳလ္မ်ား ရွိေနႏိုင္မည္လားဟု ေမးခြန္းထုတ္ၾကရသည္။ ထိုစာမူကို ျမင္ဖူးၾကသူတိုင္းက အစစ္အမွန္​ ျဖစ္​သည္​ဟု မယုံၾကည္ၾကပါေခ်။ အခ်ိဳ႕ကလည္း စာမူကို ​ေတြ႕ရွိခဲ့သည္ဆိုသူ ဗြိဳင္နင့္ခ်္ က အတု ဖန္တီးထားျခင္းသာ ျဖစ္ေၾကာင္း ယုံၾကည္ၾကသည္။ မည္သို႔ပင္ ဆိုၾကေစကာမူ လူသားမ်ား မသိႏိုင္ေလာက္သည့္ ဘာသာစကားစနစ္ တစ္ခုကိုကား မည္သူတစ္ဦး တစ္ေယာက္ကမွ် ျပဳလုပ္ႏိုင္မည္ မဟုတ္ပါေခ်။

၉။ ေကာစ္ကာရီကာ ေက်ာက္လုံးမ်ား

ယူနက္စ္ကိုအဖြဲ႕က ကမၻာ့ အေမြအႏွစ္အျဖစ္ သတ္မွတ္ခဲ့သည့္ ေကာစ္ကာရီကာႏိုင္ငံမွ ေက်ာက္ထုလုံးမ်ားသည္ သုေတသနသမားမ်ားအား အဘယ္ေၾကာင့္ ယင္းတို႔ကို ျပဳလုပ္ခဲ့သည္ ဟူသည့္ ရည္ရြယ္ခ်က္ကို္ ေဖာ္ထုတ္ႏိုင္ရန္ တြန္းအား ေပးေနသကဲ့သို႔ ျဖစ္ေနသည္။ ေဒသခံမ်ားက လာစ္ဘိုလာစ္ ဟု သိထားၾကသည့္ လုံး၀ိုင္းေနေသာ ေက်ာက္လုံးမ်ားသည္ ေဒသမွ ေခ်ာ္ရည္ခဲမ်ားျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ၿပီး ၁၉ ရာစု ​ေႏွာင္းပိုင္းႏွင့္ ၂၀ ရာစုဦးပိုင္းတြင္ ပထမဆုံး ​ေက်ာက္ထုလုံးမ်ားကို ေကာ့စ္ကာရီကာ ႏိုင္ငံ ​ေနရာအႏွံ႔တြင္ ေတြ႕ရွိခဲ့ရသည္။ ယင္းေက်ာက္ထုလုံးမ်ားသည္ စပိန္တို႕ ထိုေဒသသို႔ ​ေရာက္ရွိမလာမီကပင္ ရွိေနခဲ့ၾကၿပီး ေက်ာက္လုံးအမ်ားစုကို စပိန္တို႔က ဖ်က္ဆီးခဲ့ၾကသျဖင့္ သုေတသနသမားမ်ား ​ေလ့လာႏိုင္ရန္ အနည္းငယ္သာ က်န္ရွိခဲ့သည္။

ေရွးဦးေရွးေဟာင္း သုေတသန ပညာရွင္တစ္ဦးျဖစ္ေသာ ​ေဒါက္တာဆမ္လက္သေရာ့ပ္က ​ေက်ာက္ထုလုံးမ်ားကို ပကတိအတိုင္း ​ေလ့လာခဲ့ၿပီးေနာက္ ယင္းတို႔သည္ ဘာသာေရး သို႔မဟုတ္ ေဗဒင္ လကၡဏာ ယုံၾကည္မႈမ်ားႏွင္​့ ဆက္ႏြယ္မႈ ရွိႏိုင္ေၾကာင္း အေျဖထုတ္ခဲ့သည္။ ​ေက်ာက္ထုလုံး အမ်ားအျပားသည္ စပိန္တို႔ ေကာစ္ကာရီကာ ႏိုင္ငံအား က်ဴးေက်ာ္ခဲ့စဥ္က ေပ်ာက္ဆုံးခဲ့ၿပီျဖစ္ရာ ထူးဆန္းေသာ ေက်ာက္တုံးမ်ား၏ တိက်ေသာအေျဖကို ထုတ္ႏိုင္ရန္ ထပ္မံရွာေဖြႏိုင္ပါဦးမည္ေလာ ဟု ေမးခြန္းထုတ္ဖြယ္ ျဖစ္​ေနသည္။

၈။ အီဂ်စ္တို႔ မူးယစ္ေဆး သုံးစြဲခဲ့သေလာ

ဂ်ာမနီ ႏိုင္ငံမွ သုေတသန ပညာရွင္တစ္စုသည္ အီဂ်စ္မွ မံမီရုပ္အေလာင္းမ်ားတြင္ ကိုကင္းႏွင့္ မူးယစ္ေဆး၀ါး အၾကြင္းအက်န္မ်ား ​ေတြ႕ရွိခဲ့ရေၾကာင္း ၁၉၉၂ ခုႏွစ္တြင္ သတင္းထုတ္ျပန္ခဲ့သည္။ သူတို႔သည္ ​ေရွးေခတ္ လူ႔အဖြဲ႔အစည္း အတြင္း စိတ္အာရုံကို ​ေထြျပားေစသည့္ အရာမ်ားအား သုံးစြဲခဲ့မႈကို ေဖာ္ထုတ္ရန္ ၾကိဳးပမ္းေနၾကသူမ်ား ျဖစ္သည္။

နီကိုတင္းႏွင့္ ကိုကင္းတို႕သည္ အ​ေမရိကတိုက္တြင္သာ ​ေတြ႕ရသည့္ အပင္မ်ား ျဖစ္ၾကေသာ္လည္း အီဂ်စ္တို႔သည္ အေမရိကတိုက္မွ လူမ်ားႏွင့္ ယဥ္ေက်းမႈခ်င္း ကူးလူးဆက္ဆံမႈ ရွိခဲ့ေၾကာင္း ေဒါက္တာဘာလဘႏိုဗာႏွင့္ အဖြဲ႕က မွန္းဆခဲ့ၾကသည္။ဤသို႔ဆိုလွ်င္ အီဂ်စ္တို႔သည္ အေနာက္ကမၻာျခမ္းကို ဥေရာပသားတို႔ထက္ ​ေစာစြာ ရွာေဖြေတြ႕ရွိခဲ့ၾကသည္ဟု ဆိုႏိုင္ေပလိမ့္မည္။

၇။ ပင္လယ္ျပင္ေအာက္မွ ၿဂိဳဟ္​သားရုပ္ၾကြင္း

၂၀၁၁ ခုႏွစ္က ေဘာလ္တစ္ပင္လယ္ ​ေအာက္ေျခမွ ေက်ာက္ျဖစ္ရုပ္ၾကြင္း တစ္ခုကို ေတြ႕ရွိခဲ့သည္။ ယင္းရုပ္ၾကြင္းအား ပညာရွင္မ်ားက ကမၻာေျမျပင္ကို ၀င္ေရာက္ တိုက္မိေသာ ယူအက္ဖ္အို တစ္ခုမွ ျပင္ပကမၻာသား တစ္ေယာက္​ ျဖစ္​သည္ဟု ဆိုၾကသည္။ ယင္းရုပ္ၾကြင္းသည္ အျခားၿဂိဳဟ္သား တစ္ေယာက္ မည္သို႔ ျဖစ္ႏိုင္ပါမည္နည္း။ သဘာ၀ ပထ၀ီဆိုင္ရာ ဖြဲ႕စည္းမႈေၾကာင့္ ျဖစ္လာေသာ အရာတစ္ခုလည္း ျဖစ္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ား ရွိခဲ့သည္။

ေဘာလ္တစ္ ပင္လယ္ေအာက္တြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဟု ဆိုေသာ ေရငုပ္​အဖြဲ႕ေခါင္းေဆာင္ ပီတာ လင္းဒ္ဘာ့ဂ္သည္ ေရေအာက္တြင္ မည္သည့္ေနရာတြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဆိုသည့္ အခ်က္ကို အတိအက် မေျပာျပႏိုင္ခဲ့ပါေခ်။ဆြီဒင္ႏိုင္ငံ၊ စေတာ့ဟုမ္း တကၠသိုလ္မွ ဘူမိေဗဒ တြဲဘက္ပါေမာကၡ ေဘာ္လ္ကာဘရူခ်တ္က အဆိုပါ ရုပ္ၾကြင္း ဟူသည့္ အရာသည္ ပုံမွန္ မဟုတ္ေသာ ေဘာလ္တစ္ေက်ာက္ အပိုင္းအစ တစ္ခုသာ ျဖစ္ေၾကာင္း၊ ​ေရခဲေတာင္တစ္ခု တည္ရွိခဲ့ ေသာေနရာမွ အနယ္က်ခဲ့ျခင္း ျဖစ္ႏိုင္ေၾကာင္း ​ေျပာခဲ့သည္။

၆။ ေျမေအာက္စစ္သည္မ်ား

တရုတ္ ပထမ အင္ပါယာ၏ ဘုရင္ျဖစ္သူ ခ်င္ရွီေဟာင္ဒီ၏ ဂူဗိမာန္ေနရာကို ၁၉၇၄ ခုႏွစ္တြင္ တူးေဖာ္ ​ေတြ႕ရွိခဲ့ၿပီးေနာက္ ယူနက္စ္ကို အဖြဲ႕က ကမၻာ့ ေရွးေဟာင္း အေမြအႏွစ္ ေနရာတစ္ခုအျဖစ္ သတ္မွတ္ခဲ့သည္။ ဘုရင္၏ သခ်ၤ ိဳင္းဂူမွ ရြံ႕ေျမျဖင့္ ျပဳ လုပ္ထားသည့္ ေထာင္ႏွင့္ခ်ီေသာ စစ္သည္ရုပ္မ်ား ပါ၀င္သည့္ အရုပ္တပ္မေတာ္တစ္ခုကို ေတြ႕ရွိခဲ့ရသည္။ ရႈပ္ေထြး ျပန္႔ ၾကဲေနေသာ ထိုေနရာတြင္ ​ေျမက်င္​း ၄ ခုကို တူးေဖာ္ခဲ့ရာ ေတြ႕ရွိခဲ့သည့္ စစ္သည္ ရုပ္ေပါင္းသည္ ရွစ္ေထာင္ေက်ာ္ ရွိမည္ဟု ခန္႕မွန္းထားသည္။သို႔တိုင္ေအာင္ ခ်င္ရွီေဟာင္ဒီ ဘုရင္ရုပ္ၾကြင္းအား ျမွဳပ္ႏွံထားသည့္ ဂူကို မေတြ႕ရွိခဲ့ရေခ်။
ေျမေအာက္ ခန္းေဆာင္မ်ား ရွိမည္ဟု ယူဆၾကေသာ္လည္း ေရွးေဟာင္း သုေတသန ပညာရွင္မ်ားသည္ ေျမေအာက္လိုဏ္အား လိုဏ္အတြင္း ရွိေနမည့္ အရာမ်ားႏွင့္ လိုဏ္၀န္းက်င္ကို မထိခိုက္ေစရန္ ဖြင့္လွစ္ျခင္း မျပဳခဲ့ေခ်။

၅။ ထူးဆန္း​ေသာ ေက်ာက္တုံးမ်ား

ေတာင္အေမရိကရွိ ထူးဆန္းေသာ ေက်ာက္တုံးမ်ားသည္ ကမၻာ့ အံ့ဖြယ္ စာရင္းတြင္ မပါ၀င္ခဲ့ေသာ္လည္း ယင္းတို႔သည္ ကမၻာ့ ေျမမ်က္ႏွာျပင္ ေအာက္တြင္ အေစာဆုံး ရွိေနခဲ့သည့္ ေရွးေဟာင္း အၾကြင္းအက်န္မ်ားဟု ယုံၾကည္ၾကသည္။ ​ေရွးေဟာင္း ေခတ္ကာလမ်ားတြင္ အိုင္မာရာ အင္ဒီယန္းမ်ား ေနထိုင္ခဲ့သည္ဟု ယူဆသည့္ တီရာ ဟြာနာကို ေဒသမွ ​ေက်ာက္တုံးမ်ားက ေရွးေဟာင္း သုေတသနသမားမ်ားအား အံ့ၾသ၍ စိတ္ရႈပ္ေထြးေစခဲ့သည္။

ေက်ာက္တုံးတစ္ခုစီကို မည္သည့္ နည္းပညာျဖင့္ မည္သို႕ ျဖတ္ေတာက္ခဲ့ၾကသည္ ဆိုသည္ကို ရွင္းမျပႏိုင္ခဲ့ပါေခ်။ တစ္တုံးႏွင့္ တစ္တုံး ျပဳတ္မထြက္ေစရန္ ခ်ိတ္ဆက္ထားသည့္ ပူမာပင္ကူ ဟု အမည္ေပးထားသည့္ ေက်ာက္တုံးမ်ားသည္ ဂရင္းႏိုက္ႏွင့္ ဒိုင္အိုရိုက္ ​ေက်ာက္မ်ားျဖင့္ ျပဳလုပ္ထားသည္။ စိတ္၀င္စားဖြယ္ေကာင္းသည့္ အခ်က္မွာ ထိုေက်ာက္မ်ားသည္ စိန္ၿပီးလွ်င္ အမာဆုံး ျဖစ္သည္ ဆိုသည့္ အခ်က္ပင္​ ျဖစ္​သည္​။ ​ေက်ာက္တုံးမ်ားကို လူမ်ားကသာ ျပဳလုပ္ခဲ့မည္ ဆိုပါက ထိုေက်ာက္မ်ားကို စိန္ျဖင့္ ျပဳလုပ္ထားသည့္ ကိရိယာမ်ားျဖင့္သာ ျဖတ္ေတာက္ရမည္​ ျဖစ္​သည္​။

ပို၍ ရႈပ္ေထြးေစသည့္ အခ်က္မွာ ယင္းေက်ာက္တုံးမ်ားသည္ တစ္တုံးလွ်င္ တန္ ရွစ္ရာေက်ာ္ ​ေလးလံျခင္း ျဖစ္ၿပီး အနီးဆုံး ​ေက်ာက္မိုင္းသည္ ေက်ာက္တုံးမ်ား ​ေတြ႕ရွိရသည့္ ေနရာမွ ၁၀ မိုင္ေက်ာ္ အေ၀းတြင္ ႐ွိ​ေနျခင္းပင္​ ျဖစ္​သည္​။ ယင္း ေက်ာက္တုံးကို မယူလ်က္ ၁၀ မိုင္ေက်ာ္ အေ၀းသို႔ သယ္ယူလာႏိုင္ခဲ့ျခင္းသည္ ယခုေခတ္ ေခတ္မီ နည္းပညာကို သုံးႏိုင္သည့္ အခ်ိန္မွာပင္ ခက္ခဲသည့္ အလုပ္တစ္ခု ျဖစ္ေနေပသည္။

၄။ ခရစ္ယာန္တို႔၏ အေမြအႏွစ္

အီတလီႏိုင္ငံ တူရင္ မွ အ၀တ္စ သည္ ကမၻာေပၚတြင္ အထင္ရွားဆုံးေသာ ခရစ္ယာန္ဘာသာ အေမြအႏွစ္ တစ္ခုျဖစ္သည္။ ယင္း အ၀တ္စျဖင့္ ခရစ္ေတာ္ ေယရႈကို ေျမျမွဳပ္ သၿဂိဳဟ္​ခဲ့စဥ္က ရစ္ပတ္ခဲ့သည္ဟု ယုံၾကည္ၾကသည္။ ၁၈၉၈ ခုႏွစ္တြင္ အထူး ျပဳလုပ္ထားသည့္ ပစၥည္းကိရိယာ အကူအညီျဖင့္ တူရင္ အ၀တ္စအား ၾကည့္ရာတြင္ လူတစ္ဦး၏ မ်က္ႏွာပုံသြင္ကို ပိတ္စေပၚ တြင္ ​ေတြ႕ရွိၾကရသျဖင့္ ယင္းပိတ္စကို လူအမ်ားက မ်ားစြာ စိတ္၀င္စားလာခဲ့ၾကသည္။ ယခုအခါတြင္ သိပၸံပညာရွင္မ်ားသည္ အံ့ၾသဖြယ္ ပုံရိပ္သည္ မည္သို႔ ​ေပၚလာရျခင္း၏ စိတ္၀င္စားဖြယ္ အေသးစိတ္ အခ်က္မ်ားကို ေဖာ္ထုတ္ခဲ့ၾကသည္။

ေအဒီ ၃၃ ခုႏွစ္တြင္ ေဂ်ရုဆလမ္တြင္ လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ျပင္းထန္သည့္ ေရာင္ျခည္မ်ား ထြက္ရွိခဲ့သည္။ အခ်ိဳ႕ေသာ ပညာရွင္မ်ားက ယင္းေရာင္ျခည္မ်ားေၾကာင့္ အ၀တ္စေပၚတြင္ ပံု​ေပၚလာျခင္း ျဖစ္ႏိုင္ေၾကာင္း ယုံၾကည္ၾကသည္။ ယင္းေရာင္ျခည္လိႈင္းမ်ားမွ ႏ်ဴထရြန္မ်ားသည္ ပိတ္ခ်ည္မွ်င္မ်ားတြင္ ရွိေနသည့္ ကာဗြန္မ်ားကို ထိတိုက္ေစသည္ဟု ဆိုၾကသည္။ ထိုထိတိုက္မႈက ယင္းအ၀တ္စ၏ သက္တမ္း တြက္ခ်က္မႈတြင္ မူလသက္တမ္းကို ေျပာင္းလဲေစခဲ့သည္။ သုေတသန ပညာရွင္မ်ားက ႏ်ဴထရြန္မ်ားသည္ ႏိုက္ထရိုဂ်င္ အက္တမ္မ်ားႏွင့္ တုံ႔လွယ္ၾကရာတြင္ ပရိုတြန္မ်ား ျဖစ္ေပၚလာေစကာ ပိတ္စေပၚတြင္ ပံုရိပ္မ်ား ထင္လာေစေၾကာင္း ရွင္းျပခဲ့ၾကသည္။

သို႔​ေသာ္လည္း လူအမ်ားက ယင္းရွင္းျပခ်က္ကို အမွန္တရားႏွင့္ မ်ားစြာ ကင္းေ၀းေနေသာ အတည္မျပဳႏိုင္သည့္ သီအိုရီ တစ္ခုအျဖစ္သာ လက္ခံထားၾကေပသည္။

၃။ ဂီဇာ ပစ္ရမစ္

ကမၻာ့ အံ့ဖြယ္ ခုနစ္သြယ္တြင္ တစ္ခုအပါအ၀င္​ ျဖစ္​​ေသာ ဂီဇာရွိ မဟာပစ္ရမစ္သည္ ယေန႔တိုင္ ဒါဇင္ေပါင္း မ်ားစြာေသာ ေရွးေဟာင္း သုေတသန၊ ရုပေဗဒ ႏွင့္ နကၡတၱေဗဒ ပညာရွင္မ်ားအား ဆြဲေဆာင္လ်က္ ႐ွိသည္။ ​ေခတ္အဆက္ဆက္ ပညာရပ္ဆိုင္ရာ သုေတသီမ်ားသည္ ရာစုႏွစ္ေပါင္း မ်ားစြာ ၾကာျမင့္ခဲ့ၿပီး ယေန႔တိုင္ အေျဖရွာမရေသး သည့္ ဂီဇာ ပစ္ရမစ္ အေဆာက္အဦႀကီး၏ မွန္ကန္ေသာ အံ့ဖြယ္မ်ားကို ေဖာ္ထုတ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိၾကသည္။

အီဂ်စ္ႏိုင္ငံ၊ ဂီဇာရွိ ပစ္ရမစ္ႀကီးကို တည္ေဆာက္ခဲ့စဥ္က ၆ ဒသမ ၅ တန္ မွ ၉ တန္ အထိေလးေသာ ေက်ာက္တုံးႀကီးမ်ားကို လုပ္သားမ်ားက ေရႊ႕ေျပာင္းသယ္ယူ ဆင့္ထပ္ခဲ့ၾကရသည္။ ထိုစဥ္က လုပ္သားမ်ား အားလုံးသည္ ေက်ာက္တုံးႀကီးမ်ားကို ေရႊ႕ေျပာင္းရန္ သစ္သား ႏွင့္ ႀကိဳးမ်ားကိုသာ အသုံးျပဳခဲ့ၾကရေပမည္။ သုေတသန အေျဖမ်ားအရ စဖင့္ ရုပ္ထုမ်ား ျပဳ လုပ္ႏိုင္ရန္ ယင္းေက်ာက္တုံးႀကီးမ်ားသည္ ယင္းရုပ္ထုႀကီး၏ သုံးဘက္တြင္ ႐ွိ​ေနသည့္ က်ဳံးတစ္ခုမွ သယ္ေဆာင္ခဲ့ၾကသည္ ဟု ဆိုသည္။ ယင္းေက်ာက္တုံး အမ်ားအျပားသည္ အလြန္ႀကီးမားသည္ျဖစ္ရာ အခ်ိဳ႕ေသာ ေက်ာက္တုံးႀကီးမ်ားတြင္ မတူညီေသာ ဘူမိေျမလႊာ ႏွစ္ခုမွ သုံးခု အထိ ပါ၀င္လ်က္​ ႐ွိသည္​။ ထို႔​ေၾကာင့္ အခ်ိဳ႕ေသာ သီအိုရီမ်ားက ပစ္ရမစ္မ်ားကို အျခား ၿဂိဳဟ္သားမ်ားက တည္ေဆာက္ခဲ့သည္ဟု ယူဆၾကျခင္း ျဖစ္သည္။

၂။ စတုန္း ဟင့္ခ်္

ၿဗိတိန္ႏိုင္ငံရွိ စတုန္းဟင့္ခ်္သည္ ဥေရာပတိုက္၏ အထင္ရွားဆုံး ​ေရွးေဟာင္း ေမာ္ကြန္းတိုင္မ်ား ျဖစ္ေၾကာင္း ယုံမွားဖြယ္ မရွိပါေခ်။ စတုန္းဟင့္ခ်္အား လာေရာက္​ ၾကည္​့႐ႈ ၾကသူမ်ားသည္ စတုန္းဟင့္ခ်္၏ ပုံသ႑ာန္ ႏွင့္ လွိ်ဳ႕၀ွက္နက္နဲေသာ သမိုင္း ေၾကာင္းမ်ားႏွင့္ တကြ ေက်ာက္တိုင္မ်ားကို ထူးထူးဆန္းဆန္း ျပဳလုပ္ထားပုံကို သေဘာက် စြဲလမ္​းမိၾကေပသည္။

စတုန္းဟင့္ခ်္ ေက်ာက္တိုင္ အၾကြင္းအက်န္မ်ားသည္ ၿဗိတိန္ႏိုင္ငံ ေဆာ့ဘာရီ ေတာင္ၾကားတြင္ တည္ရွိသည္။ ယင္း ေက်ာက္တိုင္မ်ားအနက္ အခ်ိဳ႕သည္ အေလးခ်ိန္ ေလးတန္ေက်ာ္ ေလးလံေသာ္လည္း ေ၀လျပည္နယ္ ​ေတာင္ပိုင္းမွ ယူေဆာင္ လာခဲ့ၾကသည္ဟု ယုံၾကည္ၾကသည္။ ​ေက်ာက္တုံး အမ်ားစုသည္ အရြယ္တူမ်ား ျဖစ္ၾကကာ ယင္းတို႔ကို အတြဲလိုက္ စုစည္းထားသည္။ စတုန္းဟင့္ခ်္ တစ္တြဲစီ၏ အေပၚတြင္ အရြယ္တူ ေက်ာက္တုံး တစ္တုံးစီကို အလ်ားလိုက္ တင္ထားသည္။ ပလႅင္ေက်ာက္ တုံး တစ္တုံးကို အလယ္တြင္ ခ်ထားသည္။ ျမင္းခြါပုံ ေက်ာက္တုိင္ ႏွစ္ခုက ေဘးမွ ၀န္းပတ္ထားသည္။

စတုန္းဟင့္ခ်္ အား မည္သည့္ အထိမ္းအမွတ္အျဖစ္ မည္သည့္ ရည္ရြယ္ခ်က္ျဖင့္ ျပဳလုပ္ခဲ့သည္ ဆိုသည့္ အခ်က္သည္ ပေဟဠိ တစ္ခုအျဖစ္ ယေန႔တိုင္ က်န္ရွိေနသည္။စတုန္းဟင့္ခ်္ တည္ေဆာက္ခဲ့မႈႏွင့္ စပ္လ်ဥ္း၍ သီအိုရီ သုံးခု ရွိရာ တစ္ခုက စတုန္းဟင့္ခ်္ ရွိေနသည့္ ​ေနရာသည္ ၿမိဳ႕ေတာ္ တစ္ခု၏ အနီးတြင္ တည္ရွိေသာ အသုဘ အခမ္းအနားမ်ား ျပဳလုပ္ရာ ေနရာတစ္ခု သို႔မဟုတ္ ေနဘုရားရွိခိုးေက်ာင္း တစ္ေက်ာင္း ျဖစ္ႏိုင္သည္ဟု ဆိုသည္။

၁။ နက္ဇ္ကာ မ်ဥ္းေၾကာင္းမ်ား

နက္ဇ္ကာ မ်ဥ္းေၾကာင္းမ်ားသည္ ပီရူးႏိုင္ငံ၊ နက္ဇ္ကာ ကႏၱာရ နယ္ေျမအတြင္း ရွိသည္။ ကႏၱာရ ေျမျပင္ေပၚတြင္ ေရးဆြဲထားသည့္ ယင္းတို႔သည္ ေရွးေဟာင္းမ်ဥ္းမ်ားကို ကိုယ္စားျပဳသည္ဟု ဆိုၾကသည္။ ယင္းမ်ဥ္းေၾကာင္းမ်ားကို ၁၉၂၇ ခုႏွစ္တြင္ ရွာေဖြ ေတြ႕ရွိခဲ့ၿပီး ယင္းတို႔သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ႏွစ္ေထာင္ေက်ာ္ ေခတ္ေဟာင္း ယဥ္ေက်းမႈ၏ ၾကြင္းက်န္ေသာ အထူးျခားဆုံး အေမြအႏွစ္​ ျဖစ္​သည္​။ မ်ဥ္းေၾကာင္းမ်ားႏွင့္ ပုံသ႑ာန္မ်ားသည္ ရႈပ္ေထြးေသာ ဒီဇိုင္းအစဥ္ တစ္ခုကို ကိုယ္စားျပဳ ေနသည္။ အခ်ိဳ႕ေသာ မ်ဥ္းတန္းမ်ားသည္ မိုင္ေပါင္းမ်ားစြာ ရွည္လ်ားသျဖင့္ ေလယာဥ္ေပၚမွ ယင္းတို႕၏ အတိုင္းအတာကို ျမင္ၾကရသည္။

ေရွးေဟာင္း နက္ဇ္ကာ ယဥ္ေက်းမႈ ကာလတြင္ ယင္းမ်ဥ္းေၾကာင္းမ်ားကို မည္သည့္ နည္းပညာကို သုံး၍ မည္သည့္ ရည္ရြယ္ခ်က္ျဖင့္ ေရးဆြဲခဲ့သနည္​း ဟူသည္​့ ေမးခြန္းသည္ ယေန႔တိုင္ အေျဖမရရွိေသးပါေခ်။ မ်ဥ္းမ်ားသည္ အေျဖာင့္၊ ႀတိဂံ ႏွင့္ စပရိန္ပုံမ်ား ပါ၀င္ေနသည့္အျပင္ ပင့္ကူ၊ ငွက္ပိတုန္း၊ ​ေတာင္အေမရိက ကုလားအုတ္ လာမာ ႏွင့္ ေမ်ာက္ပုံသ႑ာန္မ်ား ပါ၀င္ေနသျဖင့္ ပိုမိုရႈပ္ေထြးေသာ မ်ဥ္းတန္းမ်ား ျဖစ္လာရသည္။ အရွည္ဆုံးမ်ဥ္းသည္ ၂၇၀ မီတာ ရွိကာ ၅၀၀ စတုရန္းကီလိုမီတာ အက်ယ္အ၀န္း အတြင္းတြင္ ႐ွိသည္။ မ်ဥ္းမ်ားကို အနီေရာင္ ေက်ာက္တုံးမ်ား ဖယ္ရွားကာ ဆြဲသားထားသျဖင့္ ေျမေအာက္ အျဖဴေရာင္ေျမလႊာ အနီးမွ ပန္းေရာင္မ်ားကို ျမင္ႏိုင္ၾကရသည္။

ေရွးေဟာင္း သုေတသနသည္ လူသားတို႔၏ ေရွးေခတ္ သမိုင္းႏွင့္ ယဥ္ေက်းမႈမ်ားကို ရွာေဖြေဖာ္ထုတ္ အေျဖရွာသည့္ ပညာရပ္တစ္ရပ္​ ျဖစ္​သည္​့တိုင္​ ရွာေဖြေတြ႕ရွိရသည့္ အခ်ိဳ႕ေသာ အေထာက္အထားမ်ားသည္ ပေဟဠိဆန္စြာ ယေန႔တိုင္ အေျဖရွာရန္ ခက္ခဲေနေၾကာင္း ေတြ႕ရွိၾကရေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
သုတစြယ္စုံ မဂၢဇင္း


ကမ္ဘာကြီးပေါ်က လျှို့ဝှက်မှုများ (unicode)

ယနေ့ ကမ္ဘာပေါ်ရှိ လူသားများ၏ အတိတ်သမိုင်းကို ဖော်ထုတ်ကြရာတွင် သမိုင်းပညာရပ်က စာပေ အထောက်အထားများဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသနပညာက တူးဖော်တွေ့ရှိသော ရုပ်ဝတ္ထုပစ္စည်း အထောက်အထားများဖြင့် လည်းကောင်း၊ ဘူမိဗေဒပညာက ကျောက်တုံးကျောက်လွှာများဖြင့် လည်းကောင်း၊ မနုဿဗေဒ ပညာက လူသားများ၏ မျိုးနွယ်စုနှင့် ယဉ်ကျေးမှု ထုံးတမ်းများဖြင့် လည်းကောင်း လေ့လာကြသည်။

ယင်းတို့အနက် ရှေးဟောင်း သုတေသန ပညာရှင်များ၏ ရှာဖွေတူးဖော် ​တွေ့ရှိမှုများသည် လူသားများ၏ သမိုင်း အထောက်အထား များစွာကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ သို့​စေကာမူ ပညာရှင်တို့ ယနေ့တိုင် အဖြေ မထုတ်နိုင်သေးသည့် ရှေးဟောင်း သုတေသန ​တွေ့ရှိမှုများသည် လျှို့ဝှက်မှု များစွာနှင့်အတူ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ဘာသာမပြန်နိုင်သေးသော မှတ်တမ်း

​ယေးတက္ကသိုလ် စာကြည့်တိုက်တွင် ထူးဆန်းသော မှတ်တမ်းတစ်ခု ရှိသည်။ ထိုမှတ်တမ်းတွင် ​ရေးထားသော စာသားများနှင့် ရေးသားထားသည့် စနစ်ကို ယခုတိုင် မည်သူမျှ အဓိပ္ပါယ် မဖော်နိုင်သေးပါချေ။ စာများ ​ရေးထားသည့် သားရေချပ်သည် ၁၅ ရာစုမှ သားရေချပ် တစ်ချပ်ဖြစ်ကြောင်း ဆုံးဖြတ်ပေးနိုင်ပြီး စာသားများသည်လည်း ၁၅ ရာစု ဝန်းကျင်က ရေးသားထားခဲ့ခြင်း ဖြစ်မည်ဟုသာ ယူဆထားနိုင်ကြသည်။

ထူးဆန်းသော စာသားများ ​ရေးထားသည့် ယင်းသားရေချပ်ကို ၁၉၁၂ ခုနှစ်တွင် ဗွိုင်နင့်ခ်ျ အမည်ရှိ စာအုပ်ရောင်းချသူ တစ်ဦးက တွေ့ရှိခဲ့ကာ အဓိပ္ပါယ် မဖော်နိုင်သော စာမူဟု အမည်ပေးခဲ့ပြီး ယနေ့တိုင် အဖြေထုတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ မျက်မှောက် အင်တာနက်ခေတ်ဝယ် ပညာရှင်များရော၊ အပျော်တမ်းသမားများပါ ယင်းစာသားများကို အပြီးသတ် အဓိပ္ပါယ်ဖော်နိုင်ရန် ကြိုးပမ်းကြသည့် အနေဖြင့် သတင်းအချက်အလက်များ ဖလှယ်ကြသည်။

အဓိကကျသော ​မေးခွန်းမှာ ထိုမှတ်တမ်းသည် မည်သည့်ဒေသမှ လာသနည်း ဆိုသည့် အချက်ပင်ဖြစ်သည်။ မူလပိုင်ရှင်ကို ​ခြေရာခံမိနိုင်မည်လား၊ သို့မဟုတ် မှတ်တမ်းများနှင့် ပတ်သက်သည့် တစ်ဦးထက်မကသော သမိုင်းဝင်ပုဂ္ဂိုလ်များ ရှိနေနိုင်မည်လားဟု မေးခွန်းထုတ်ကြရသည်။ ထိုစာမူကို မြင်ဖူးကြသူတိုင်းက အစစ်အမှန်​ ဖြစ်​သည်​ဟု မယုံကြည်ကြပါချေ။ အချို့ကလည်း စာမူကို ​တွေ့ရှိခဲ့သည်ဆိုသူ ဗွိုင်နင့်ခ်ျ က အတု ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း ယုံကြည်ကြသည်။ မည်သို့ပင် ဆိုကြစေကာမူ လူသားများ မသိနိုင်လောက်သည့် ဘာသာစကားစနစ် တစ်ခုကိုကား မည်သူတစ်ဦး တစ်ယောက်ကမျှ ပြုလုပ်နိုင်မည် မဟုတ်ပါချေ။

ကောစ်ကာရီကာ ကျောက်လုံးများ

ယူနက်စ်ကိုအဖွဲ့က ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် ကောစ်ကာရီကာနိုင်ငံမှ ကျောက်ထုလုံးများသည် သုတေသနသမားများအား အဘယ်ကြောင့် ယင်းတို့ကို ပြုလုပ်ခဲ့သည် ဟူသည့် ရည်ရွယ်ချက်က်ို ဖော်ထုတ်နိုင်ရန် တွန်းအား ပေးနေသကဲ့သို့ ဖြစ်နေသည်။ ဒေသခံများက လာစ်ဘိုလာစ် ဟု သိထားကြသည့် လုံးဝိုင်းနေသော ကျောက်လုံးများသည် ဒေသမှ ချော်ရည်ခဲများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၁၉ ရာစု ​နှောင်းပိုင်းနှင့် ၂၀ ရာစုဦးပိုင်းတွင် ပထမဆုံး ​ကျောက်ထုလုံးများကို ကော့စ်ကာရီကာ နိုင်ငံ ​နေရာအနှံ့တွင် တွေ့ရှိခဲ့ရသည်။ ယင်းကျောက်ထုလုံးများသည် စပိန်တို့ ထိုဒေသသို့ ​ရောက်ရှိမလာမီကပင် ရှိနေခဲ့ကြပြီး ကျောက်လုံးအများစုကို စပိန်တို့က ဖျက်ဆီးခဲ့ကြသဖြင့် သုတေသနသမားများ ​လေ့လာနိုင်ရန် အနည်းငယ်သာ ကျန်ရှိခဲ့သည်။

ရှေးဦးရှေးဟောင်း သုတေသန ပညာရှင်တစ်ဦးဖြစ်သော ​ဒေါက်တာဆမ်လက်သရော့ပ်က ​ကျောက်ထုလုံးများကို ပကတိအတိုင်း ​လေ့လာခဲ့ပြီးနောက် ယင်းတို့သည် ဘာသာရေး သို့မဟုတ် ဗေဒင် လက္ခဏာ ယုံကြည်မှုများနှင်​့ ဆက်နွယ်မှု ရှိနိုင်ကြောင်း အဖြေထုတ်ခဲ့သည်။ ​ကျောက်ထုလုံး အများအပြားသည် စပိန်တို့ ကောစ်ကာရီကာ နိုင်ငံအား ကျူးကျော်ခဲ့စဉ်က ပျောက်ဆုံးခဲ့ပြီဖြစ်ရာ ထူးဆန်းသော ကျောက်တုံးများ၏ တိကျသောအဖြေကို ထုတ်နိုင်ရန် ထပ်မံရှာဖွေနိုင်ပါဦးမည်လော ဟု မေးခွန်းထုတ်ဖွယ် ဖြစ်​နေသည်။

အီဂျစ်တို့ မူးယစ်ဆေး သုံးစွဲခဲ့သလော

ဂျာမနီ နိုင်ငံမှ သုတေသန ပညာရှင်တစ်စုသည် အီဂျစ်မှ မံမီရုပ်အလောင်းများတွင် ကိုကင်းနှင့် မူးယစ်ဆေးဝါး အကြွင်းအကျန်များ ​တွေ့ရှိခဲ့ရကြောင်း ၁၉၉၂ ခုနှစ်တွင် သတင်းထုတ်ပြန်ခဲ့သည်။ သူတို့သည် ​ရှေးခေတ် လူ့အဖွဲ့အစည်း အတွင်း စိတ်အာရုံကို ​ထွေပြားစေသည့် အရာများအား သုံးစွဲခဲ့မှုကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြသူများ ဖြစ်သည်။

နီကိုတင်းနှင့် ကိုကင်းတို့သည် အ​မေရိကတိုက်တွင်သာ ​တွေ့ရသည့် အပင်များ ဖြစ်ကြသော်လည်း အီဂျစ်တို့သည် အမေရိကတိုက်မှ လူများနှင့် ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှု ရှိခဲ့ကြောင်း ဒေါက်တာဘာလဘနိုဗာနှင့် အဖွဲ့က မှန်းဆခဲ့ကြသည်။ဤသို့ဆိုလျှင် အီဂျစ်တို့သည် အနောက်ကမ္ဘာခြမ်းကို ဥရောပသားတို့ထက် ​စောစွာ ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ဆိုနိုင်ပေလိမ့်မည်။

ပင်လယ်ပြင်အောက်မှ ဂြိုဟ်​သားရုပ်ကြွင်း

၂၀၁၁ ခုနှစ်က ဘောလ်တစ်ပင်လယ် ​အောက်ခြေမှ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို တွေ့ရှိခဲ့သည်။ ယင်းရုပ်ကြွင်းအား ပညာရှင်များက ကမ္ဘာမြေပြင်ကို ဝင်ရောက် တိုက်မိသော ယူအက်ဖ်အို တစ်ခုမှ ပြင်ပကမ္ဘာသား တစ်ယောက်​ ဖြစ်​သည်ဟု ဆိုကြသည်။ ယင်းရုပ်ကြွင်းသည် အခြားဂြိုဟ်သား တစ်ယောက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သဘာ၀ ပထဝီဆိုင်ရာ ဖွဲ့စည်းမှုကြောင့် ဖြစ်လာသော အရာတစ်ခုလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

ဘောလ်တစ် ပင်လယ်အောက်တွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဟု ဆိုသော ရေငုပ်​အဖွဲ့ခေါင်းဆောင် ပီတာ လင်းဒ်ဘာ့ဂ်သည် ရေအောက်တွင် မည်သည့်နေရာတွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဆိုသည့် အချက်ကို အတိအကျ မပြောပြနိုင်ခဲ့ပါချေ။ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း တက္ကသိုလ်မှ ဘူမိဗေဒ တွဲဘက်ပါမောက္ခ ဘော်လ်ကာဘရူချတ်က အဆိုပါ ရုပ်ကြွင်း ဟူသည့် အရာသည် ပုံမှန် မဟုတ်သော ဘောလ်တစ်ကျောက် အပိုင်းအစ တစ်ခုသာ ဖြစ်ကြောင်း၊ ​ရေခဲတောင်တစ်ခု တည်ရှိခဲ့ သောနေရာမှ အနယ်ကျခဲ့ခြင်း ဖြစ်နိုင်ကြောင်း ​ပြောခဲ့သည်။

မြေအောက်စစ်သည်များ

တရုတ် ပထမ အင်ပါယာ၏ ဘုရင်ဖြစ်သူ ချင်ရှီဟောင်ဒီ၏ ဂူဗိမာန်နေရာကို ၁၉၇၄ ခုနှစ်တွင် တူးဖော် ​တွေ့ရှိခဲ့ပြီးနောက် ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဘုရင်၏ သင်္ချ ိဳင်းဂူမှ ရွံ့မြေဖြင့် ပြု လုပ်ထားသည့် ထောင်နှင့်ချီသော စစ်သည်ရုပ်များ ပါဝင်သည့် အရုပ်တပ်မတော်တစ်ခုကို တွေ့ရှိခဲ့ရသည်။ ရှုပ်ထွေး ပြန့် ကြဲနေသော ထိုနေရာတွင် ​မြေကျင်​း ၄ ခုကို တူးဖော်ခဲ့ရာ တွေ့ရှိခဲ့သည့် စစ်သည် ရုပ်ပေါင်းသည် ရှစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်းထားသည်။သို့တိုင်အောင် ချင်ရှီဟောင်ဒီ ဘုရင်ရုပ်ကြွင်းအား မြှုပ်နှံထားသည့် ဂူကို မတွေ့ရှိခဲ့ရချေ။
မြေအောက် ခန်းဆောင်များ ရှိမည်ဟု ယူဆကြသော်လည်း ရှေးဟောင်း သုတေသန ပညာရှင်များသည် မြေအောက်လိုဏ်အား လိုဏ်အတွင်း ရှိနေမည့် အရာများနှင့် လိုဏ်ဝန်းကျင်ကို မထိခိုက်စေရန် ဖွင့်လှစ်ခြင်း မပြုခဲ့ချေ။

ထူးဆန်း​သော ကျောက်တုံးများ

တောင်အမေရိကရှိ ထူးဆန်းသော ကျောက်တုံးများသည် ကမ္ဘာ့ အံ့ဖွယ် စာရင်းတွင် မပါဝင်ခဲ့သော်လည်း ယင်းတို့သည် ကမ္ဘာ့ မြေမျက်နှာပြင် အောက်တွင် အစောဆုံး ရှိနေခဲ့သည့် ရှေးဟောင်း အကြွင်းအကျန်များဟု ယုံကြည်ကြသည်။ ​ရှေးဟောင်း ခေတ်ကာလများတွင် အိုင်မာရာ အင်ဒီယန်းများ နေထိုင်ခဲ့သည်ဟု ယူဆသည့် တီရာ ဟွာနာကို ဒေသမှ ​ကျောက်တုံးများက ရှေးဟောင်း သုတေသနသမားများအား အံ့ဩ၍ စိတ်ရှုပ်ထွေးစေခဲ့သည်။

ကျောက်တုံးတစ်ခုစီကို မည်သည့် နည်းပညာဖြင့် မည်သို့ ဖြတ်တောက်ခဲ့ကြသည် ဆိုသည်ကို ရှင်းမပြနိုင်ခဲ့ပါချေ။ တစ်တုံးနှင့် တစ်တုံး ပြုတ်မထွက်စေရန် ချိတ်ဆက်ထားသည့် ပူမာပင်ကူ ဟု အမည်ပေးထားသည့် ကျောက်တုံးများသည် ဂရင်းနိုက်နှင့် ဒိုင်အိုရိုက် ​ကျောက်များဖြင့် ပြုလုပ်ထားသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ ထိုကျောက်များသည် စိန်ပြီးလျှင် အမာဆုံး ဖြစ်သည် ဆိုသည့် အချက်ပင်​ ဖြစ်​သည်​။ ​ကျောက်တုံးများကို လူများကသာ ပြုလုပ်ခဲ့မည် ဆိုပါက ထိုကျောက်များကို စိန်ဖြင့် ပြုလုပ်ထားသည့် ကိရိယာများဖြင့်သာ ဖြတ်တောက်ရမည်​ ဖြစ်​သည်​။

ပို၍ ရှုပ်ထွေးစေသည့် အချက်မှာ ယင်းကျောက်တုံးများသည် တစ်တုံးလျှင် တန် ရှစ်ရာကျော် ​လေးလံခြင်း ဖြစ်ပြီး အနီးဆုံး ​ကျောက်မိုင်းသည် ကျောက်တုံးများ ​တွေ့ရှိရသည့် နေရာမှ ၁၀ မိုင်ကျော် အဝေးတွင် ရှိ​နေခြင်းပင်​ ဖြစ်​သည်​။ ယင်း ကျောက်တုံးကို မယူလျက် ၁၀ မိုင်ကျော် အဝေးသို့ သယ်ယူလာနိုင်ခဲ့ခြင်းသည် ယခုခေတ် ခေတ်မီ နည်းပညာကို သုံးနိုင်သည့် အချိန်မှာပင် ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်နေပေသည်။

ခရစ်ယာန်တို့၏ အမွေအနှစ်

အီတလီနိုင်ငံ တူရင် မှ အဝတ်စ သည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသော ခရစ်ယာန်ဘာသာ အမွေအနှစ် တစ်ခုဖြစ်သည်။ ယင်း အဝတ်စဖြင့် ခရစ်တော် ယေရှုကို မြေမြှုပ် သဂြိုဟ်​ခဲ့စဉ်က ရစ်ပတ်ခဲ့သည်ဟု ယုံကြည်ကြသည်။ ၁၈၉၈ ခုနှစ်တွင် အထူး ပြုလုပ်ထားသည့် ပစ္စည်းကိရိယာ အကူအညီဖြင့် တူရင် အဝတ်စအား ကြည့်ရာတွင် လူတစ်ဦး၏ မျက်နှာပုံသွင်ကို ပိတ်စပေါ် တွင် ​တွေ့ရှိကြရသဖြင့် ယင်းပိတ်စကို လူအများက များစွာ စိတ်ဝင်စားလာခဲ့ကြသည်။ ယခုအခါတွင် သိပ္ပံပညာရှင်များသည် အံ့ဩဖွယ် ပုံရိပ်သည် မည်သို့ ​ပေါ်လာရခြင်း၏ စိတ်ဝင်စားဖွယ် အသေးစိတ် အချက်များကို ဖော်ထုတ်ခဲ့ကြသည်။

အေဒီ ၃၃ ခုနှစ်တွင် ဂျေရုဆလမ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြင်းထန်သည့် ရောင်ခြည်များ ထွက်ရှိခဲ့သည်။ အချို့သော ပညာရှင်များက ယင်းရောင်ခြည်များကြောင့် အဝတ်စပေါ်တွင် ပုံ​ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ယုံကြည်ကြသည်။ ယင်းရောင်ခြည်လှိုင်းများမှ နျူထရွန်များသည် ပိတ်ချည်မျှင်များတွင် ရှိနေသည့် ကာဗွန်များကို ထိတိုက်စေသည်ဟု ဆိုကြသည်။ ထိုထိတိုက်မှုက ယင်းအဝတ်စ၏ သက်တမ်း တွက်ချက်မှုတွင် မူလသက်တမ်းကို ပြောင်းလဲစေခဲ့သည်။ သုတေသန ပညာရှင်များက နျူထရွန်များသည် နိုက်ထရိုဂျင် အက်တမ်များနှင့် တုံ့လှယ်ကြရာတွင် ပရိုတွန်များ ဖြစ်ပေါ်လာစေကာ ပိတ်စပေါ်တွင် ပုံရိပ်များ ထင်လာစေကြောင်း ရှင်းပြခဲ့ကြသည်။

သို့​သော်လည်း လူအများက ယင်းရှင်းပြချက်ကို အမှန်တရားနှင့် များစွာ ကင်းဝေးနေသော အတည်မပြုနိုင်သည့် သီအိုရီ တစ်ခုအဖြစ်သာ လက်ခံထားကြပေသည်။

ဂီဇာ ပစ်ရမစ်

ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ်တွင် တစ်ခုအပါအဝင်​ ဖြစ်​​သော ဂီဇာရှိ မဟာပစ်ရမစ်သည် ယနေ့တိုင် ဒါဇင်ပေါင်း များစွာသော ရှေးဟောင်း သုတေသန၊ ရုပဗေဒ နှင့် နက္ခတ္တဗေဒ ပညာရှင်များအား ဆွဲဆောင်လျက် ရှိသည်။ ​ခေတ်အဆက်ဆက် ပညာရပ်ဆိုင်ရာ သုတေသီများသည် ရာစုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီး ယနေ့တိုင် အဖြေရှာမရသေး သည့် ဂီဇာ ပစ်ရမစ် အဆောက်အဦကြီး၏ မှန်ကန်သော အံ့ဖွယ်များကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။

အီဂျစ်နိုင်ငံ၊ ဂီဇာရှိ ပစ်ရမစ်ကြီးကို တည်ဆောက်ခဲ့စဉ်က ၆ ဒသမ ၅ တန် မှ ၉ တန် အထိလေးသော ကျောက်တုံးကြီးများကို လုပ်သားများက ရွှေ့ပြောင်းသယ်ယူ ဆင့်ထပ်ခဲ့ကြရသည်။ ထိုစဉ်က လုပ်သားများ အားလုံးသည် ကျောက်တုံးကြီးများကို ရွှေ့ပြောင်းရန် သစ်သား နှင့် ကြိုးများကိုသာ အသုံးပြုခဲ့ကြရပေမည်။ သုတေသန အဖြေများအရ စဖင့် ရုပ်ထုများ ပြု လုပ်နိုင်ရန် ယင်းကျောက်တုံးကြီးများသည် ယင်းရုပ်ထုကြီး၏ သုံးဘက်တွင် ရှိ​နေသည့် ကျုံးတစ်ခုမှ သယ်ဆောင်ခဲ့ကြသည် ဟု ဆိုသည်။ ယင်းကျောက်တုံး အများအပြားသည် အလွန်ကြီးမားသည်ဖြစ်ရာ အချို့သော ကျောက်တုံးကြီးများတွင် မတူညီသော ဘူမိမြေလွှာ နှစ်ခုမှ သုံးခု အထိ ပါဝင်လျက်​ ရှိသည်​။ ထို့​ကြောင့် အချို့သော သီအိုရီများက ပစ်ရမစ်များကို အခြား ဂြိုဟ်သားများက တည်ဆောက်ခဲ့သည်ဟု ယူဆကြခြင်း ဖြစ်သည်။

စတုန်း ဟင့်ခ်ျ

ဗြိတိန်နိုင်ငံရှိ စတုန်းဟင့်ခ်ျသည် ဥရောပတိုက်၏ အထင်ရှားဆုံး ​ရှေးဟောင်း မော်ကွန်းတိုင်များ ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပါချေ။ စတုန်းဟင့်ခ်ျအား လာရောက်​ ကြည်​့ရှု ကြသူများသည် စတုန်းဟင့်ခ်ျ၏ ပုံသဏ္ဍာန် နှင့် လှိ်ဳ႕ဝှက်နက်နဲသော သမိုင်း ကြောင်းများနှင့် တကွ ကျောက်တိုင်များကို ထူးထူးဆန်းဆန်း ပြုလုပ်ထားပုံကို သဘောကျ စွဲလမ်​းမိကြပေသည်။

စတုန်းဟင့်ခ်ျ ကျောက်တိုင် အကြွင်းအကျန်များသည် ဗြိတိန်နိုင်ငံ ဆော့ဘာရီ တောင်ကြားတွင် တည်ရှိသည်။ ယင်း ကျောက်တိုင်များအနက် အချို့သည် အလေးချိန် လေးတန်ကျော် လေးလံသော်လည်း ဝေလပြည်နယ် ​တောင်ပိုင်းမှ ယူဆောင် လာခဲ့ကြသည်ဟု ယုံကြည်ကြသည်။ ​ကျောက်တုံး အများစုသည် အရွယ်တူများ ဖြစ်ကြကာ ယင်းတို့ကို အတွဲလိုက် စုစည်းထားသည်။ စတုန်းဟင့်ခ်ျ တစ်တွဲစီ၏ အပေါ်တွင် အရွယ်တူ ကျောက်တုံး တစ်တုံးစီကို အလျားလိုက် တင်ထားသည်။ ပလ္လင်ကျောက် တုံး တစ်တုံးကို အလယ်တွင် ချထားသည်။ မြင်းခွါပုံ ကျောက်တိုင် နှစ်ခုက ဘေးမှ ဝန်းပတ်ထားသည်။

စတုန်းဟင့်ခ်ျ အား မည်သည့် အထိမ်းအမှတ်အဖြစ် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည် ဆိုသည့် အချက်သည် ပဟေဠိ တစ်ခုအဖြစ် ယနေ့တိုင် ကျန်ရှိနေသည်။စတုန်းဟင့်ခ်ျ တည်ဆောက်ခဲ့မှုနှင့် စပ်လျဉ်း၍ သီအိုရီ သုံးခု ရှိရာ တစ်ခုက စတုန်းဟင့်ခ်ျ ရှိနေသည့် ​နေရာသည် မြို့တော် တစ်ခု၏ အနီးတွင် တည်ရှိသော အသုဘ အခမ်းအနားများ ပြုလုပ်ရာ နေရာတစ်ခု သို့မဟုတ် နေဘုရားရှိခိုးကျောင်း တစ်ကျောင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

နက်ဇ်ကာ မျဉ်းကြောင်းများ

နက်ဇ်ကာ မျဉ်းကြောင်းများသည် ပီရူးနိုင်ငံ၊ နက်ဇ်ကာ ကန္တာရ နယ်မြေအတွင်း ရှိသည်။ ကန္တာရ မြေပြင်ပေါ်တွင် ရေးဆွဲထားသည့် ယင်းတို့သည် ရှေးဟောင်းမျဉ်းများကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ယင်းမျဉ်းကြောင်းများကို ၁၉၂၇ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော် ခေတ်ဟောင်း ယဉ်ကျေးမှု၏ ကြွင်းကျန်သော အထူးခြားဆုံး အမွေအနှစ်​ ဖြစ်​သည်​။ မျဉ်းကြောင်းများနှင့် ပုံသဏ္ဍာန်များသည် ရှုပ်ထွေးသော ဒီဇိုင်းအစဉ် တစ်ခုကို ကိုယ်စားပြု နေသည်။ အချို့သော မျဉ်းတန်းများသည် မိုင်ပေါင်းများစွာ ရှည်လျားသဖြင့် လေယာဉ်ပေါ်မှ ယင်းတို့၏ အတိုင်းအတာကို မြင်ကြရသည်။

ရှေးဟောင်း နက်ဇ်ကာ ယဉ်ကျေးမှု ကာလတွင် ယင်းမျဉ်းကြောင်းများကို မည်သည့် နည်းပညာကို သုံး၍ မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သနည်​း ဟူသည်​့ မေးခွန်းသည် ယနေ့တိုင် အဖြေမရရှိသေးပါချေ။ မျဉ်းများသည် အဖြောင့်၊ တြိဂံ နှင့် စပရိန်ပုံများ ပါဝင်နေသည့်အပြင် ပင့်ကူ၊ ငှက်ပိတုန်း၊ ​တောင်အမေရိက ကုလားအုတ် လာမာ နှင့် မျောက်ပုံသဏ္ဍာန်များ ပါဝင်နေသဖြင့် ပိုမိုရှုပ်ထွေးသော မျဉ်းတန်းများ ဖြစ်လာရသည်။ အရှည်ဆုံးမျဉ်းသည် ၂၇၀ မီတာ ရှိကာ ၅၀၀ စတုရန်းကီလိုမီတာ အကျယ်အဝန်း အတွင်းတွင် ရှိသည်။ မျဉ်းများကို အနီရောင် ကျောက်တုံးများ ဖယ်ရှားကာ ဆွဲသားထားသဖြင့် မြေအောက် အဖြူရောင်မြေလွှာ အနီးမှ ပန်းရောင်များကို မြင်နိုင်ကြရသည်။

ရှေးဟောင်း သုတေသနသည် လူသားတို့၏ ရှေးခေတ် သမိုင်းနှင့် ယဉ်ကျေးမှုများကို ရှာဖွေဖော်ထုတ် အဖြေရှာသည့် ပညာရပ်တစ်ရပ်​ ဖြစ်​သည်​့တိုင်​ ရှာဖွေတွေ့ရှိရသည့် အချို့သော အထောက်အထားများသည် ပဟေဠိဆန်စွာ ယနေ့တိုင် အဖြေရှာရန် ခက်ခဲနေကြောင်း တွေ့ရှိကြရပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
သုတစွယ်စုံ မဂ္ဂဇင်း

Leave a Reply