တခ်ိန္တုန္းက​ ျမန္မာႏုိင္ငံမွ ဓာတ္ရထားတုိ႔အေၾကာင္း

Posted on

ဓာတ္​ရထားလိုင္​းကို ထ​ေရာ္​လီဘတ္​စ္​ (Trolley Bus) ျဖင္​့ ​ေျပာင္​းလဲ ​ေျပးဆြဲ၏။ အလံုပန္​းျခံ (သခင္​ျမပန္​းျခံ) အနီး ကီလီလမ္​းအထိ ​ေျပးဆြဲသျဖင္​့ ယင္​း​ေနရာကို ယ​ေန႔တိုင္​ ထ​ေရာ္​လီ​ေကြ႔ဟု ​ေခၚဆို​ေနၾကသည္​။

ထ​ေရာ္​လီဘတ္​စ္​ ဟူသည္​ ဓာတ္​ဆီ၊ ဒီဇယ္​ဆီ မသံုးဘဲ လ်ွပ္​စစ္​ဓာတ္​ျဖင္​့ ​ေမာင္​းႏွင္​​ေသာ ကားမ်ိဳး ျဖစ္​သည္​။ လ်ွပ္​စစ္​ဓာတ္​အားကို ​ေကာင္​းကင္​ႀကိဳး မ်ဥ္​းၿပိဳင္​ ႏွစ္​ႀကိဳးတြင္​ ဘတ္​စ္​၏ အမိုးထက္​မွ လ်ွပ္​စစ္​ဓာတ္​အား သြယ္​ယူရန္​ လက္​တံႏွစ္​​ေခ်ာင္​းျဖင္​့ ရယူပါသည္​။

​ေနာက္​ပိုင္​း ထ​ေရာ္​လီလိုင္​းမ်ားကို တစ္​စတစ္​စ တိုးခ်ဲ့ ဖြင္​့လွစ္​ခဲ့သည္​။ ဖ​ေရဇာလိုင္​း၊ မားခ်င္​းလိုင္​း စသည္​ျဖင္​့ ​ေခၚဆိုၾကသည္​။ ဖ​ေရဇာလိုင္​းမွာ ဗိုလ္​တစ္​​ေထာင္​ဘက္​မွ အ​ေနာ္​ရထာလမ္​းတစ္​​ေလ်ွာက္​၊ ယင္​းမွ ​ေရႊတိဂံုဘုရား လမ္​းဆံု၊ သိမ္​ႀကီး​ေစ်းအထိ ​ေဖာက္​လုပ္​ထား​ေသာ လမ္​းျဖစ္​သည္​။ မားခ်င္​းလိုင္​းမွာ တာ​ေမြမွ ကုန္​သည္​လမ္​းအထိ ​ေျပးဆြဲ​ေသာလိုင္​း ျဖစ္​သည္​။

ထ​ေရာ္​လီကားမ်ားသည္​ အဂၤလန္​ႏိုင္​ငံလုပ္​ ဘက္​ဖို႔ဒ္​ ဘတ္​စ္​ကားမ်ား ျဖစ္​ၾကသည္​။ ​ေ႐ွ႕ႏွင္​့​ေဘးတို႔တြင္​ အတက္​အဆင္​း​ေပါက္​မ်ား ပါ႐ွိသည္​။ ျမန္​မာႏွင့္ ျမန္​မာကျပားမ်ားက ​ေမာင္​းႏွင္​ၾကၿပီး လက္​မွတ္​​ေရာင္​းတို႔မွာ အိႏၵိယ တိုင္​းသားမ်ား ျဖစ္​ၾကသည္​ ဆို၏။

လက္​မွတ္​​ေရာင္​းႏွင္​့ ခရီးသည္​တို႔မွာ အမ်ားအားျဖင့္ ဟင္ဒီဘာသာျဖင့္ ဆက္​သြယ္​ ​ေျပာဆိုၾကရသည္​။ လမ္​းခုလတ္​မွ ကျပားလက္​မွတ္​စစ္​မ်ား တက္​လာ​ေလ့႐ွိၾကသည္​။ ခရီးပိုစီးမိပါက ​ေနာက္​ထပ္​ က်သင့္သည့္ လက္​မွတ္​ ထပ္​ဝယ္​ရသည္​။ သို႔​ေသာ္​ ထိုသို႔ ျဖစ္​​ေလ့ ျဖစ္​ထ မ႐ွိဘဲ စည္​းကမ္​းတက် စီး​ေလ့႐ွိၾကသည္​ ဆို၏။

မႏၲေလးၿမိဳ႕နွင့္ဓာတ္ရထား

၁၈၈၅ခုတြင္ၿဗိတိသွ်တို႔သည္အထက္ျမန္မာနိုင္ငံကိုသိမ္းပိုက္၍ ၁၈၈၇ခုတြင္ ကတၲရာလမ္မ်ားစတင္ေဖာက္ခဲ့ၾကသည္။ ၁၉၀၄ခုတြင္လ်ွပ္စစ္စတင္အသံုးျပဳ၍ ဓာတ္ရထားလမ္းကိုလည္း တင္ႀကိဳေဖာက္လုပ္ခဲ့ပါသည္။ ဓာတ္ရထားလမ္းမွာနွစ္လမ္းျဖစ္ၿပီး ဘုရာႀကီးနွင့္ ရံုးႀကီးလမ္း၊ ရံုးႀကီးေဂါ၀ိန္ဆိပ္လမ္းတို႔ျဖစ္ၾကသည္။ ခရီးဆံုးဘူတာမ်ားမွာရုမ္းစုဘူတာ၊ ေဂါ၀န္ဆိပ္နွင့္ ရံုႀကီးတို႔ျဖစ္သည္။

ဘုရားႀကီးနွင့္ ရုံးႀကီးလမ္းကို ၁၉၀၄ခု ဇူလိုင္လ၁၄ရက္တြင္စတင္ဖြင့္လစ္ခဲ့ေလသည္။ ၎ေနာက္ ၈၄လမ္းဘက္သို႔ခ်ဲကာ ရံုႀကီးနွင့္ေဂါ၀ိန္ဆိပ္လမ္းကို ၁၉၀၇ခုႏွစ္ ဇန္နဝါရီလ၂၆ရက္တြင္ ဖြင့္လွစ္ ေျပးဆြဲခဲ့ပါသည္။ ေဘးတံခါမပါေသာဓာတ္ရထား၂၄စီး နွင့္ေျပဆြဲးခဲ့ၿပီးရထားတစ္စီးသည္ လူ၄၈ေယာက္ စီးနင္နိုင္သည္။ ဓာတ္ရထားေျပးဆြဲျခင္း နွင့္ သံလမ္းေဖာက္လုပ္ျခင္းတို႔ကို လန္ဒန္ ဒစ္ကားကုမၸဏီမွ တာ၀န္ ယူေဖာက္လုပ္ေျပးဆြဲခဲ့ပါသည္။

ဓာတ္ရထား ထားရန္၊ ျပင္ရန္နွင့္ကုမၸဏီ ရံုးခန္းအျပင္ ဓာတ္အားေပစက္ရုံ တုိ႔သည္၂၆လမ္းနွင့္၇၈လမ္းေထာင့္လမ္းအေရွ႕ ဘက္တြင္တည္ရိွခဲ့သည္။ ထို႔ေၾကာင့္ ၎ေနရာကို မႏၲေလးၿမိဳ႕သူၿမိဳ႕သားတို႔က ဓာတ္စက္ရံုဟု ေခၚခဲ့ၾကေလသည္။

 

ျမန္​မာႏိုင္​ငံသို႔ ဒုတိယ ကမၻာစစ္​ ကူးလာခ်ိန္​တြင္​ ထ​ေရာ္​လီဘတ္​စ္​မ်ားလည္​း ရပ္​ဆိုင္​းသြားပါသည္​။ တစ္​ဘက္​မွ ျမန္​မာလူမ်ိဳးပိုင္​ ဘတ္​စ္​ကားလုပ္​ငန္​းမွာ ၁၉၂၄ ခုႏွစ္​မွ စတင္​ ​ေပၚ​ေပါက္​လာခဲ့ရာ ထ​ေရာ္​လီဘတ္​စ္​မ်ား တစ္​စတစ္​စ တိမ္​​ေကာသြားဟန္​ ႐ွိပါသည္​။

မင္​းမ​ေဟာ္​၊ ဣစၦိတံ စသည္​့ ဘတ္​စ္​ကားမ်ားက ​ေရႊတိဂံု​ေစတီ​ေတာ္​မွ သိမ္​ႀကီး​ေစ်းသို႔ ၁ ပဲ၊ ငါးထပ္​ႀကီးသို႔ ၂ ပဲ စသည္​ျဖင္​့ ​ေစ်းႏႈန္​း ခ်ိဳသာစြာ ​ေျပးဆြဲ​ေပးခဲ့သည္​ကလည္​း ထ​ေရာ္​လီဘတ္​စ္​မ်ား ​ေပ်ာက္​ကြယ္​သြား​ေစသည္​့ အ​ေၾကာင္​းတစ္​ရပ္​ ျဖစ္​ဟန္​ ႐ွိပါသည္​။

ဆရာတင္​ႏိုင္​တိုး၏ ​ေရးသားမႈကို Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ဂ႐ု)မွ စာ႐ိုက္​တင္​ပါသည္​။
ကုိညီညီ (ေတာင္ႀကီး)


တချိန်တုန်းက​ မြန်မာနိုင်ငံမှ ဓာတ်ရထားတို့အကြောင်း (unicode)

ဓာတ်​ရထားလိုင်​းကို ထ​ရော်​လီဘတ်​စ်​ (Trolley Bus) ဖြင်​့ ​ပြောင်​းလဲ ​ပြေးဆွဲ၏။ အလုံပန်​းခြံ (သခင်​မြပန်​းခြံ) အနီး ကီလီလမ်​းအထိ ​ပြေးဆွဲသဖြင်​့ ယင်​း​နေရာကို ယ​နေ့တိုင်​ ထ​ရော်​လီ​ကွေ့ဟု ​ခေါ်ဆို​နေကြသည်​။

ထ​ရော်​လီဘတ်​စ်​ ဟူသည်​ ဓာတ်​ဆီ၊ ဒီဇယ်​ဆီ မသုံးဘဲ လျှပ်​စစ်​ဓာတ်​ဖြင်​့ ​မောင်​းနှင်​​သော ကားမျိုး ဖြစ်​သည်​။ လျှပ်​စစ်​ဓာတ်​အားကို ​ကောင်​းကင်​ကြိုး မျဉ်​းပြိုင်​ နှစ်​ကြိုးတွင်​ ဘတ်​စ်​၏ အမိုးထက်​မှ လျှပ်​စစ်​ဓာတ်​အား သွယ်​ယူရန်​ လက်​တံနှစ်​​ချောင်​းဖြင်​့ ရယူပါသည်​။

​နောက်​ပိုင်​း ထ​ရော်​လီလိုင်​းများကို တစ်​စတစ်​စ တိုးချဲ့ ဖွင်​့လှစ်​ခဲ့သည်​။ ဖ​ရေဇာလိုင်​း၊ မားချင်​းလိုင်​း စသည်​ဖြင်​့ ​ခေါ်ဆိုကြသည်​။ ဖ​ရေဇာလိုင်​းမှာ ဗိုလ်​တစ်​​ထောင်​ဘက်​မှ အ​နော်​ရထာလမ်​းတစ်​​လျှောက်​၊ ယင်​းမှ ​ရွှေတိဂုံဘုရား လမ်​းဆုံ၊ သိမ်​ကြီး​ဈေးအထိ ​ဖောက်​လုပ်​ထား​သော လမ်​းဖြစ်​သည်​။ မားချင်​းလိုင်​းမှာ တာ​မွေမှ ကုန်​သည်​လမ်​းအထိ ​ပြေးဆွဲ​သောလိုင်​း ဖြစ်​သည်​။

ထ​ရော်​လီကားများသည်​ အင်္ဂလန်​နိုင်​ငံလုပ်​ ဘက်​ဖို့ဒ်​ ဘတ်​စ်​ကားများ ဖြစ်​ကြသည်​။ ​ရှေ့နှင်​့​ဘေးတို့တွင်​ အတက်​အဆင်​း​ပေါက်​များ ပါရှိသည်​။ မြန်​မာနှင်​့ မြန်​မာကပြားများက ​မောင်​းနှင်​ကြပြီး လက်​မှတ်​​ရောင်​းတို့မှာ အိန္ဒိယ တိုင်​းသားများ ဖြစ်​ကြသည်​ ဆို၏။ လက်​မှတ်​​ရောင်​းနှင်​့ ခရီးသည်​တို့မှာ အများအားဖြင်​့ ဟင်​ဒီဘာသာဖြင်​့ ဆက်​သွယ်​ ​ပြောဆိုကြရသည်​။ လမ်​းခုလတ်​မှ ကပြားလက်​မှတ်​စစ်​များ တက်​လာ​လေ့ရှိကြသည်​။ ခရီး ပိုစီးမိပါက ​နောက်​ထပ်​ ကျသင်​့သည်​့ လက်​မှတ်​ ထပ်​ဝယ်​ရသည်​။ သို့​သော်​ ထိုသို့ ဖြစ်​​လေ့ ဖြစ်​ထ မရှိဘဲ စည်​းကမ်​းတကျ စီး​လေ့ရှိကြသည်​ ဆို၏။

မန္တလေးမြို့နှင့်ဓာတ်ရထား

၁၈၈၅ခုတွင်ဗြိတိသျှတို့သည်အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်၍ ၁၈၈၇ခုတွင် ကတ္တရာလမ်များစတင်ဖောက်ခဲ့ကြသည်။ ၁၉၀၄ခုတွင်လျှပ်စစ်စတင်အသုံးပြု၍ ဓာတ်ရထားလမ်းကိုလည်း တင်ကြိုဖောက်လုပ်ခဲ့ပါသည်။ ဓာတ်ရထားလမ်းမှာနှစ်လမ်းဖြစ်ပြီး ဘုရာကြီးနှင့် ရုံးကြီးလမ်း၊ ရုံးကြီးဂေါဝိန်ဆိပ်လမ်းတို့ဖြစ်ကြသည်။ ခရီးဆုံးဘူတာများမှာရုမ်းစုဘူတာ၊ ဂေါဝန်ဆိပ်နှင့် ရုံကြီးတို့ဖြစ်သည်။

ဘုရားကြီးနှင့် ရုံးကြီးလမ်းကို ၁၉၀၄ခု ဇူလိုင်လ၁၄ရက်တွင်စတင်ဖွင့်လစ်ခဲ့လေသည်။ ၎င်းနောက် ၈၄လမ်းဘက်သို့ချဲကာ ရုံကြီးနှင့်ဂေါဝိန်ဆိပ်လမ်းကို ၁၉၀၇ခုနှစ် ဇန်နဝါရီလ၂၆ရက်တွင် ဖွင့်လှစ် ပြေးဆွဲခဲ့ပါသည်။ ဘေးတံခါမပါသောဓာတ်ရထား၂၄စီး နှင့်ပြေဆွဲးခဲ့ပြီးရထားတစ်စီးသည် လူ၄၈ယောက် စီးနင်နိုင်သည်။ ဓာတ်ရထားပြေးဆွဲခြင်း နှင့် သံလမ်းဖောက်လုပ်ခြင်းတို့ကို လန်ဒန် ဒစ်ကားကုမ္ပဏီမှ တာဝန် ယူဖောက်လုပ်ပြေးဆွဲခဲ့ပါသည်။

ဓာတ်ရထား ထားရန်၊ ပြင်ရန်နှင့်ကုမ္ပဏီ ရုံးခန်းအပြင် ဓာတ်အားပေစက်ရုံ တို့သည်၂၆လမ်းနှင့်၇၈လမ်းထောင့်လမ်းအရှေ့ ဘက်တွင်တည်ရှိခဲ့သည်။ ထို့ကြောင့် ၎င်းနေရာကို မန္တလေးမြို့သူမြို့သားတို့က ဓာတ်စက်ရုံဟု ခေါ်ခဲ့ကြလေသည်။

မြန်​မာနိုင်​ငံသို့ ဒုတိယ ကမ္ဘာစစ်​ ကူးလာချိန်​တွင်​ ထ​ရော်​လီဘတ်​စ်​များလည်​း ရပ်​ဆိုင်​းသွားပါသည်​။ တစ်​ဘက်​မှ မြန်​မာလူမျိုးပိုင်​ ဘတ်​စ်​ကားလုပ်​ငန်​းမှာ ၁၉၂၄ ခုနှစ်​မှ စတင်​ ​ပေါ်​ပေါက်​လာခဲ့ရာ ထ​ရော်​လီဘတ်​စ်​များ တစ်​စတစ်​စ တိမ်​​ကောသွားဟန်​ ရှိပါသည်​။ မင်​းမ​ဟော်​၊ ဣစ္ဆိတံ စသည်​့ ဘတ်​စ်​ကားများက ​ရွှေတိဂုံ​စေတီ​တော်​မှ သိမ်​ကြီး​ဈေးသို့ ၁ ပဲ၊ ငါးထပ်​ကြီးသို့ ၂ ပဲ စသည်​ဖြင်​့ ​ဈေးနှုန်​း ချိုသာစွာ ​ပြေးဆွဲ​ပေးခဲ့သည်​ကလည်​း ထ​ရော်​လီဘတ်​စ်​များ ​ပျောက်​ကွယ်​သွား​စေသည်​့ အ​ကြောင်​းတစ်​ရပ်​ ဖြစ်​ဟန်​ ရှိပါသည်​။

ဆရာတင်​နိုင်​တိုး၏ ​ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်​စင်​ဂရု)မှ စာရိုက်​တင်​ပါသည်​။
ကိုညီညီ (တောင်ကြီး)

Leave a Reply