အဲကြန္းသုံးသူတုိင္း သိထားသင့္တဲ့ အဲကြန္းရီမုဒ္ အသုံးျပဳပုံ

Posted on

ေရးသားသူ – ကိုနႏၵမုိး(Ko Nanda Moe)

အဲကြန္း သုံးသူ ၊ ျပဳျပင္သူတုိင္း သိထားသင့္တဲ့ အဲကြန္းရီမုဒ္ရဲ႕ လုပ္ေဆာင္ခ်က္ အသုံးျပဳပုံကုိ ေ၀မွ်လုိက္ပါတယ္။

On/off ဆိုတဲ့ခလုပ္ကေတာ့ အဲကြန္းကို အဖြင့္အပိတ္လုပ္တဲ့ခလုပ္ပါ။ တခ်က္ႏွိပ္ရင္ ဖြင့္၊ ေနာက္တခ်က္ႏွိပ္ရင္ ပိတ္ေပးပါတယ္။ ဖြင့္လက္စအဲကြန္းကို ခ်ိန္ၿပီးႏွိပ္လိုက္ရင္ ပိတ္သြားၿပီး၊ ပိတ္ေနတဲ့အဲကြန္းဆို ပြင့္သြားပါလိမ့္မယ္။

Mode ဆိုတဲ့ခလုပ္ရဲ႕ လုပ္ေဆာင္ခ်က္ကို ေျပာျပပါမယ္။ တခ်က္ႏွိပ္ရင္ အဲကြန္းလုပ္ေဆာင္ခ်က္ အေနနဲ႔ Auto-Cool – Dry-Heat – Fan ဆိုၿပီး တခုခ်င္းစီေျပာင္းပါလိမ့္မယ္။

*Auto မွာထားရင္ အခန္းအပူခ်ိန္-ပန္ကာလည္ႏႈန္း- Outdoor unit အဖြင့္အပိတ္နဲ႔လည္ခ်ိန္ေတြကို အဲကြန္းထဲက Proccessor ကသူဟာသူ အလုပ္ေပးပါလိမ့္မယ္။
*Cool မွာထားရင္ အဲကြန္းကေအးေနပါလိမ္မယ္။

ဒီအခ်ိန္မွာ Out door unit တခုလံုး အလုပ္လုပ္ေနပါလိမ့္မယ္။ သံုးစဲြသူက ႏွိပ္ထားတဲ့ အခန္းအပူခ်ိန္ ေအာင္မေရာက္မခ်င္း အဲကြန္းက လည္ေနပါလိမ့္မယ္။
*Dry mode မွာလည္းအဲကြန္းက ေအးေနပါမယ္။

ဒီအခ်ိန္မွာေအးရံုသာမက အခန္းတြင္းက ေရေငြ႔ပမာဏကိုလည္း Cool ႏွိပ္ထားခ်ိန္ထက္ ပိုၿပီးေလ်ွာ့ခ်ေပးပါလိမ့္မယ္။

*Heat ဆိုတာကိုႏွိပ္ထားၿပီးခ်ိန္ထားမယ္ဆိုရင္ေတာ့ အဲကြန္းက အပူအေအးႏွစ္မ်ိဳး သံုးလို႔ရတဲ့ ဟာဆိုရင္ေတာ့ အခန္းတြင္းက Infoor က အပူကြိဳင္ျဖစ္သြားၿပီး Outdoor unitက အေအးကြိဳင္အျဖစ္ ေျပာင္းျပန္အလုပ္လုပ္ေပးပါလိမ့္မယ္။

*Fan ဆိုတဲ့ အေနအထားမွာႏွိပ္ထားၿပီးခ်ိန္ထားရင္ေတာ့ အဲကြန္း Outdoor ကအလုပ္မလုပ္ပဲ Indoor ပန္ကာပဲအလုပ္လုပ္ပါလိမ့္မယ္။ အခန္းတြင္းမေအးေတာ့ပါ။ ပန္ကာခ်ည္းသာလည္ေနလို႔ျဖစ္ပါတယ္။

တခ်ဳိ႕ဆို ရီမုတ္ကြန္ထ႐ိုးမွာ ဒီအေျခအေနကို ႏွိပ္ထားၿပီး အဲကြန္းမေအးလို႔ဆိုၿပီး ျပင္တဲ့သူေတြ လွမ္းေခၚေတာ့ လမ္းစရိတ္ကုန္တာမ်ိဳး ႐ွိတတ္ပါတယ္။

Temp လို႔ေရးထားတဲ့ အခန္းရဲ႕ေလထုအပူခ်ိန္ကိုကိုယ္လိုသလိုခ်ိန္ဖို႔ ဘယ္ ညာ ျမွားႏွစ္ခု နဲ႔ေရးထားတဲ့ အပူခ်ိန္ခ်ိန္ညႇိခလုပ္ပါ။ အခန္းရဲ႕အပူခ်ိန္ကို ကိုယ့္အတြက္သက္ေသာင့္သက္သာျဖစ္ေစမည့္ အပူခ်ိန္ အနည္းအမ်ားကိုခ်ိန္ရာမွာသံုးပါတယ္။ ႏွိပ္တဲ့အခ်ိန္မွာ အဲကြန္း Indoor ရဲ႕ ဆင္ဆာေနရာ ကိုခ်ိန္ၿပီးႏွိပ္ဖို႔လိုပါတယ္။

လူတစ္ေယာက္အတြက္ သက္ေသာင့္သက္သာျဖစ္တဲ့အပူခ်ိန္က ရာသီအလိုက္မွာ႐ွိတဲ့ ပတ္ဝန္းက်င္အပူခ်ိန္လိုက္လို႔ ေန႔ညလိုက္လို႔ အေျပာင္းအလဲ႐ွိပါတယ္။ အဲကြန္းဖြင့္ထားေပမယ္ သတိရမေနေစပဲ ကိုယ့္အတြက္ခ်မ္းမွန္းပူအိုက္မွန္း သိမေနေစတဲ့ အပူခ်ိန္ကေတာ့ အေကာင္းဆံုးပါပဲ။

ရန္ကုန္မွာေနသူသာမန္ ေပါင္ 120 ေလာက္ လူတစ္ေယာက္အတြက္ေကာင္းမြန္တဲ့အပူခ်ိန္ကေတာ့ ေန႔ခင္းဖက္ဆို 23’C ကေန 26’C
အတြင္းဆိုအေတာ္ပါပဲ။ ညဖက္ဆိုရင္ေတာ့..ေစာင္ျခံဳအိပ္တတ္ရင္ 19’C ကေန 23’C အတြင္း အေတာ္ပါပဲ။

ရီမုတ္ကိုႏွိပ္ၿပီး16’C ထိအပူခ်ိန္ ကိုခ်ိန္ထားတာမ်ိဳးမလုပ္သင့္ပါဘူး။ 16’C ထိ အပူခ်ိန္ကိုႏွိပ္ထားျခင္းဟာ အခန္းရဲ႕အပူခ်ိန္ အဲဒီေလာက္ထိ က်ဆင္းသြားမွ စက္ကို ရပ္ပါလို႔ေျပာတာပါ။ အခန္းအပူခ်ိန္ 16’Cဟာ လူအမ်ားစုအတြက္ က်န္းမာေရးအရ မေကာင္းပါဘူး။ ေအးလြန္းပါတယ္။

အဲဒီအပူခ်ိန္ထိ က်ဆင္းသြားဖို႔ ဆိုတာလည္း ေတာ္ေတာ္မ်ားမ်ားအခန္းေတြအတြက္ စက္ကို ဆက္တိုက္ ရက္႐ွည္ေမာင္းထားေတာင္ မေရာက္ပါဘူး။ မီတာခလည္း ပိုကုန္ပါတယ္။ အဲဒီအပူခ်ိန္ကို ေရာက္ခဲ့ရင္လည္း က်န္းမာေရးအတြက္ မေကာင္းပါဘူး။ တခ်ိဳ႕က ဘာမွန္းမသိပဲ အဲဒီအပူခ်ိန္ထိ ခ်ထားတတ္ပါတယ္။ မလုပ္သင့္ပါ။

Fan လို႔ေရးထားတဲ့ အဲကြန္း Indoor ရဲ႕အထဲက ပန္ကာ အျမန္ႏႈန္းကို ခ်ိန္တဲ့ခလုပ္တခုပါ ပါလိမ့္မယ္။ သူရဲ႕အသံုးက..ပန္ကာ အျမန္ႏႈန္းကို အျမန္(Hi)၊ အလည္အလတ္(M)၊ အေႏွး(L) ခ်ိန္ေပးရာမွာသံုးပါတယ္။ တစ္ခ်က္ႏွိပ္ရင္ တမ်ိဳးေျပာင္းပါတယ္ H-M-Lအစဥ္လိုက္ေျပာင္းေနပါလိမ့္မယ္။အမ်ားစု ရီမုတ္ေတြမွာေတာ့ မွန္ျပင္ထဲမွာအတံုးအႀကီး ၊အလတ္၊ အေသး ေျပာင္းသြားတဲ့ပုံစံနဲ႔ ျပပါလိမ့္မယ္။ ညအိပ္ခ်ိန္ေတြမွာေတာ့..အေႏွး (L) မွာထားျခင္းျဖင့္ ဆူညံမႈကုိ သက္သာေစႏိုင္ပါတယ္။

Swing ဆိုတာကိုတခ်က္ခ်င္းစီ ႏွိပ္ၿပီး အဲကြန္း Indoor Unit ရဲ႕ ေ႐ွ႕က Louvre ကိုအေပၚေအာက္ကစားတာနဲ႔ကိုယ္ႀကိဳက္တဲ့ေနရာမွရပ္ဖို႔ေစာင့္ၿပီး ႏွိပ္လိုက္တာနဲ႔အေသရပ္သြားဖို႔ လုပ္ႏိုင္ပါတယ္။

Timer ဆိုတဲ့ ခလုပ္နဲ႔ အပူခ်ိန္အတိုးအေလ်ာ့ျမွားေတြနဲ႔ ေပါင္းစပ္ႏွိပ္ၿပီး အဲကြန္း ကိုႀကိဳက္တဲ့အခ်ိန္မွာ ပိတ္ဖို႔ ႀကိဳက္တဲ့အခ်ိန္မွာ ျပန္လည္ေစဖို႔ အခ်ိန္သတ္မွတ္ေပးထားႏိုင္ပါတယ္။

Turbo ဆိုတဲ့ ခလုပ္ပါခဲ့ရင္ေတာ့ အဲကြန္း Indoor fan ကို အ႐ွိျမန္ျမန္ နဲ႔လည္ဖို႔ ျဖစ္သြားပါလိမ့္မယ္။

အဲကြန္းရီမုတ္ကိုႏွိပ္တဲ့အခါ Indoor unit ရဲ႕ ဆင္ဆာကို ေသခ်ာခ်ိန္ၿပီး ႏွိပ္မွာသာ ကိုယ္လိုခ်င္တဲ့ ခ်ိန္ဆမႈကို ရမယ္လို႔ သတိေပးခ်င္ပါတယ္။ ရီမုတ္အလုပ္လုပ္ရင္ အဲကြန္းကေန ” တီ” ဆိုတဲ့အသံေလးက ႏွိပ္လိုက္တိုင္းၾကားေနရတတ္ပါတယ္။

ကိုနႏၵမိုး


အဲကွန်းသုံးသူတိုင်း သိထားသင့်တဲ့ အဲကွန်းရီမုဒ်တစ်လုံး အသုံးပြုပုံ (unicode)

ရေးသားသူ – ကိုနန္ဒမိုး(Ko Nanda Moe)

On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို အဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါ။ တချက်နှိပ်ရင် ဖွင့်၊ နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။ ဖွင့်လက်စအဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင် ပိတ်သွားပြီး၊ ပိတ်နေတဲ့အဲကွန်းဆို ပွင့်သွားပါလိမ့်မယ်။

Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို ပြောပြပါမယ်။ တချက်နှိပ်ရင် အဲကွန်းလုပ်ဆောင်ချက် အနေနဲ့ Auto-Cool – Dry-Heat – Fan ဆိုပြီး တခုချင်းစီပြောင်းပါလိမ့်မယ်။

*Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။
*Cool မှာထားရင် အဲကွန်းကအေးနေပါလိမ်မယ်။

ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။ သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောင်မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်။
*Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။

ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချပေးပါလိမ့်မယ်။

*Heat ဆိုတာကိုနှိပ်ထားပြီးချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unitက အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

*Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီးချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲအလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာလည်နေလို့ဖြစ်ပါတယ်။

တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီးအဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

Temp လို့ရေးထားတဲ့ အခန်းရဲ့လေထုအပူချိန်ကိုကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကိုချိန်ရာမှာသုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီးနှိပ်ဖို့လိုပါတယ်။

လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက်ချမ်းမှန်းပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

ရန်ကုန်မှာနေသူသာမန် ပေါင် 120 လောက် လူတစ်ယောက်အတွက်ကောင်းမွန်တဲ့အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23’C ကနေ 26’C
အတွင်းဆိုအတော်ပါပဲ။ ညဖက်ဆိုရင်တော့..စောင်ခြုံအိပ်တတ်ရင် 19’C ကနေ 23’C အတွင်း အတော်ပါပဲ။

ရီမုတ်ကိုနှိပ်ပြီး16’C ထိအပူချိန် ကိုချိန်ထားတာမျိုးမလုပ်သင့်ပါဘူး။ 16’C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါလို့ပြောတာပါ။ အခန်းအပူချိန် 16’Cဟာ လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။ အေးလွန်းပါတယ်။

အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်းထားတောင် မရောက်ပါဘူး။ မီတာခလည်း ပိုကုန်ပါတယ်။ အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ တချို့က ဘာမှန်းမသိပဲ အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။ မလုပ်သင့်ပါ။

Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကို ချိန်တဲ့ခလုပ်တခုပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက်ပြောင်းနေပါလိမ့်မယ်။အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာအတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

Swing ဆိုတာကိုတချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကိုအပေါ်အောက်ကစားတာနဲ့ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန်အတိုးအလျော့မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီး အဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ်ပေးထားနိုင်ပါတယ်။

Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်းရီမုတ်ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်းကြားနေရတတ်ပါတယ်။

ကိုနန္ဒမိုး

Leave a Reply