စားစရာမရွိတဲ့ဘဝကေန ကမာၻေက်ာ္ေဟာလီဝုဒ္မင္းသား သန္းၾကြယ္သူေဌးျဖစ္သြားသူ (သုိ႔) ဆီဗက္စတာ စတားလုံး

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

ဆီဗက္စတာ စတားလုံး ဆိုတာ လြန္ခဲ့တဲ့အႏွစ္၃၀ေလာက္ကစၿပီး ေဟာလီးဝုဒ္က လူႀကိဳက္အမ်ားဆံုး အေက်ာ္ၾကားဆံုးမင္းသားတေယာက္ပါ။ သူပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Rocky လက္ေဝွ႕ဇာတ္လမ္းေတြ Rambo ဗီယက္နမ္စစ္ျပန္တေယာက္ရဲ႕ဇာတ္လမ္းေတြဟာ လူႀကိဳက္အမ်ားဆံုးနဲ႔ ဝင္ေငြအေကာင္းဆံုး႐ုပ္ရွင္ကားေတြျဖစ္ခဲ့ပါတယ္။

စတားလုံးဟာ ရုပ္ရွင္မင္းသားအျဖစ္ ေအာင္ျမင္ခဲ့သူတစ္ေယာက္တင္ မကေသးပါဘူး။ ဆင္းရဲသားကေန ေအာင္ျမင္ႀကီးပြားသြားသူ(Rag to Riches)ေတြအေၾကာင္း အေမရိကန္လူငယ္ေတြကိုေျပာျပတဲ့ေဟာေျပာပဲြေတြမွာဆိုရင္ စတားလံုးအေၾကာင္းကို စံျပထားၿပီး ေျပာေလ့ရွိတယ္။ လူငယ္ေတြကုိ သူ႔လုိႀကဳိးစားေစခ်င္လုိ႔ပါ။ စတားလံုးက ဘာေတြမ်ားႀကီးႀကီးက်ယ္က်ယ္လုပ္ခဲ့လို႔လဲ။ ဆက္ဖတ္ၾကည့္ပါ။

စတားလံုးဟာ ငယ္ငယ္တုံးက အေတာ္ေလးဆင္းရခဲ့ပါတယ္။ ဆင္းရဲေပမဲ့ ႐ုပ္ရွင္မင္းသားအရမ္းျဖစ္ခ်င္တယ္။ အားရင္ တေယာက္ထဲအိုက္တင္က်င့္ေနတယ္။ စတားလံုးဟာ မိန္းမေတြက်ေလာက္တဲ့မ်က္ႏွာေပါက္နဲ႔ အခ်ိဳးက်တဲ့ခႏၶာကိုယ္ကိုပိုင္ဆိုင္တယ္။ ဒါေပမဲ့ သူ႔မွာအားနည္းခ်က္တစ္ခုရွိပါတယ္။ သူ႔ကိုေမြးတုံးက ေမြးရခက္တဲ့အတြက္ ဆရာဝန္က ညႇပ္နဲ႔ဆြဲေမြးေပးခဲ့ရာမွာ သူရဲ႕ဘယ္ဖက္ပါးက အေၾကာကိုနည္းနည္းထိသြားတယ္။ သူ ႀကီးလာေတာ့ ဘယ္ဖက္ပါးတျခမ္းနည္းနည္းေစာင္းသြားတယ္။ နည္းနည္းရြဲ႕သြားတာေၾကာင့္ စကားကို သြက္သြက္လက္လက္မေျပာႏိုင္ေတာ့သလို ေျပာလိုက္တဲ့စကားကလဲ မပီမသျဖစ္ေနတယ္။

သူအထက္တန္းေက်ာင္းတက္ေနတာကို တပိုင္းတစနဲ႔ထြက္လိုက္တယ္။ ႐ုပ္ရွင္မင္းသားလုပ္ခ်င္လို႔ပါ။ အသက္၂၉ႏွစ္ေလာက္မွာ နယူးေရာက္ၿမိဳကိုေရာက္လာၿပီး ေဟာလီးဝုဒ္က႐ုပ္ရွင္ကုမၸဏီေတြမွာ မင္းသားလုပ္ဖို႔ေလွ်ာက္တယ္။ ဘယ္ကုမၸဏီမွ လက္မခံၾကဘူး။ သ႐ုပ္ေဆာင္ေကာင္းေပမဲ့ စကားကိုပီပီသသ သြက္သြက္လက္လက္မေျပာႏိုင္တာေတြေၾကာင့္ပါ။ ဒါေပမဲ့ သူစိတ္မေလွ်ာ့ဘူး။

မင္းသားျဖစ္ဖို႔ပဲ စိတ္ကူးေနလို႔ တျခားဘာအလုပ္မွမလုပ္ဘူး။ အလုပ္မလုပ္ေတာ့ စားစရာေတာင္မရွိဘူး။ စားစရာမရွိလို႔ တေန႔မွာသူ႔မိန္းမရဲ႕လက္ဝတ္လက္စားေတြခိုးေရာင္းၿပီး စားစရာဝယ္တယ္။ သူ႔မိန္းမသိသြားလို႔ အိမ္ေပၚကအေမာင္းခ်ခံရတယ္။ အိပ္စရာေနရာမရွိလို႔ ဘတ္စကားစခန္း(Bus_Terminal)မွာ သံုးရက္ေလာက္သြားအိပ္ရတယ္။ တရက္မွာ သူ႔မွာစားစရာမရွိလို႔ အရက္ဆိုင္နားမွာ သူ႔ေခြးးကိုေရာင္းဖို႔စပ္တယ္။ လူတေယာက္က ၂၅ေဒၚလာေပးမယ္ဆိုတာနဲ႔ေရာင္းလိုက္တယ္။ ေခြးေရာင္းၿပီးအျပန္လမ္းမွာ သူျခံဳးပြဲခ်ငိုပါတယ္။ မတတ္သလို႔သာ ေရာင္းလိုက္ရတယ္ သူေခြးကိုသူအရမ္းခ်စ္တာကိုး။

တညေန စားေသာက္ဆိုင္တခုမွာျပေနတဲ့တီဗြီကေန အဲဒီအခိ်န္ကဟဲဗီးဝိတ္တန္းလက္ေဝွ႕ကမာၻ့ခ်န္ပီယံမိုဟာမက္အလီရဲ႕လက္ေဝွ႕ပြဲကိုၾကည့္မိတယ္။ -၁၉၇၅ခုႏွစ္ မတ္လ(၂၄)ရက္။ သူ႔ဘဝက္ုေျပာင္းလဲသြားေစခဲ့တဲ့ေန႔ေပါ့။ ခ်န္ပီယံအလီကိုယွဥ္ၿပိဳင္ထိုးသူကမထင္မရွားလက္ေဝွ႕သမားခ်တ္ဝက္ပနာပါ။ ဝက္ပနာရဲ႕လက္ေဝွ႕အဆင့္ဟာ အလီနဲ႔ဘယ္လိုမွမယွဥ္ႏိုင္ပါဘူး။ ၁၅ခ်ီထိုးရပါတယ္။ အလီရဲ႕မညႇာမတာထိုးႏွက္တဲ့ လက္သီးခ်က္ေတြေၾကာင့္ ဝက္ပနာဟာ အႀကိမ္ႀကိမ္အလဲထိုးခံရတယ္။ အလဲထိုးခံရၿပီးတိုင္း သူျပန္ျပန္ထလာတယ္။ ၁၅ခ်ီျပည့္ေအာင္ထိုးၿပီးမွ အမွတ္နဲ႔ရံႉးသြားတယ္။ စတားလံုးဟာ ဝက္ပနာရဲ႕အႏိုင္မခံ အရႉံမေပးစိတ္ဓါတ္ကို သေဘာက်လြန္းလို႔ ခ်က္ခ်င္းပဲလက္ေဝွ႕ပြဲအေၾကာင္း ႐ုပ္ရွင္ဇာတ္ၫႊန္းတပုဒ္ကို နာရီ၂ဝၾကာေအာင္ ဘာမွမစားပဲမနားတမ္းေရးပါေတာ့တယ္။ ဇာတ္ၫႊန္းကို သံုးရက္အတြင္းအေခ်ာသတ္လိုက္တယ္။

ရက္အတန္ၾကာမွာ သူ႔႐ုပ္ရွင္ဇာတ္ၫႊန္းကို ေဟာလီးဝုဒ္႐ုပ္ရွင္ကုမၸဏီေတြ ဒါ႐ိုက္တာေတြကိုလိုက္ျပတယ္။ ဘယ္သူမွမႀကိဳက္ၾကဘူး။ ေနာက္ဆံုးေတာ့ ထုတ္လုပ္သူတစ္ေယာက္က စိတ္ဝင္းစားလို႔ ႐ုပ္ရွင္႐ိုက္မယ္ေျပာတယ္။ ဇာတ္ၫႊန္းကို ေဒၚလာတစ္သိန္းႏွစ္ေသာင္းခြဲနဲ႔ဝယ္မယ္လို႔ကမ္းလွမ္းတယ္။ စတားလံုးက အဲဒီ႐ုပ္ရွင္မွာ သူ႔ကိုမင္းသားအခန္းက႐ိုက္ရမွ ေရာင္းမယ္လို႔ေျပာတယ္။ သေဘာတူညီမႈ မရၾကဘူး။ စတားလံုးလည္း သူ႔ဇာတ္ၫႊန္းကိုမေရာင္းပဲျပန္ယူလာတယ္။

Rambo Series

၂ပတ္ၾကာေတာ့ ထုတ္လုပ္သူက၂ဆတိုးၿပီး ေဒၚလာ၂သိန္းခဲြကမ္းလွမ္းျပန္တယ္။ စတားလံုးက သူ႔ကို မင္းသားအခန္းကမ႐ိုက္ရင္ မေရာင္းဖူးပဲေျပာတယ္။ ေနာက္ဆံုး ေဒၚလာ၃သိန္းခြဲ(အခုေခတ္ဆိုရင္ ေဒၚလာတစ္သန္းေက်ာ္)အထိ တိုးေပးျပန္တယ္။ စတားလံုးဟာ အရင္အတိုင္းပဲ မင္းသားမလုပ္ရရင္မေရာင္းဖူးလို႔ျငင္းတံုးပဲ။ အဲဒီအခ်ိန္က သူ႔လက္ထဲမွာေငြ(၁၀၆)ေဒၚလာပဲရွိတယ္။ သူ ေဒၚလာ၃သိန္းခြဲကို မယူလိုက္တာက တသက္လံုးမက္ခဲ့တဲ့သူ႔အိပ္မက္ကို အဲဒီေငြနဲ႔မလဲႏိုင္လို႔ပဲ။

ေနာက္ဆံုးေတာ့ ထုတ္လုပ္သူက သူ႔ကိုမင္းသားအခန္းက တင္႐ိုက္ဖို႔သေဘာတူလိုက္တယ္။ ဒါေပမဲ့ ေဒၚလာသံုးေသာင္းခဲြပဲေပးမယ္လို႔ေျပာတယ္။ စကားကိုပီပီသသမေျပာတတ္ ပါးတျခမ္းကလဲေစာင္းေနတဲ့ စတားလံုးကို မင္းသားအျဖစ္႐ိုက္ရင္ ရံႉးမွာေသခ်ာသေလာက္ရွိေနတာမို႔ ေစ်းကိုမတန္တဆနိမ္ေပးတာပါ။

စတားလံုးက မင္းသားအျဖစ္႐ိုက္ရလို႔ ၃ေသာင္းခြဲနဲ႔ပဲ လက္ခံလိုက္တယ္။ ရတဲ့ေဒၚလာသံုးေသာင္းခြဲကိုယူၿပီး သူပထမဆံုးဘာလုပ္သလဲ။ သူေခြးေရာင္းလိုက္တ ဲ့အရက္ဆိုင္နားကိုသြားတယ္။ သူ႔ေခြးကိုျပန္ဝယ္မလို႔ပါ။ ေခြးဝယ္သြားတဲ့လူကိုမေတြ႕ပါဘူး။ ၃ရက္ဆက္ေစာင့္တယ္။ ေခြးဝယ္သြားတဲ့လူေရာက္လာတယ္။ သူက သူ႔ေခြးကိုျပန္ဝယ္ခ်င္တယ္။ ေဒၚလာငါးဆယ္ေပးမယ္လို႔ေျပာတယ္။ ဟိုလူက မေရာင္းဘူး။ ေဒၚလာတစ္ရာထိတိုးေပးတယ္။ မေရာင္းဘူး။ ေဒၚလာတစ္ေထာင္ထိတိုးေပးတယ္။ ဟိုလူကလဲမေရာင္းဘူးပဲ။ ေနာက္ဆံုး၂၅ေဒၚလာနဲ႔ ေရာင္းလိုက္တဲ့သူ႔ေခြးကို ေဒၚလာတစ္ေသာင္းခြဲနဲ႔ျပန္ဝယ္ခဲ့ရတယ္။

၁၉၇၆ခုႏွစ္မွာ သူ႔ဇာတ္ၫႊန္းကို ေဒၚလာတစ္သန္းအကုန္ခံၿပီး ၂၈ရက္နဲ႔ အၿပီး႐ိုက္လိုက္တယ္။ ဇာတ္ကားနာမည္က Rockyပါ။ အမဲသတ္တဲ့ရံုမွာ အလုပ္လုပ္ေနတဲ့ လူတစ္ေယာက္ကေန ကမာၻ႔လက္ေဝွ႕ခ်န္ပီယံျဖစ္လာပံုကို ႐ိုက္ကူးထားတာပါ။ ႐ုပ္ရွင္ထဲမွာ သူ႔ေခြးကိုေတာင္ ထည့္႐ိုက္ထားေသးတယ္။ စတားလံုးရဲ႕သ႐ုပ္ေဆာင္ေကာင္းတာရယ္ ဇာတ္လမ္းေကာင္းတာေတြေၾကာင့္ Rocky ႐ုပ္ရွင္ကားဟာ အရမ္းေအာင္ျမင္သြားတယ္။ ရံုတင္ရက္တပတ္အတြင္း ေဒၚလာသန္း၃၀၀နီပါးဝင္ေငြေတြရခဲ့တယ္။ ဒါက ၁၉၈၈ခုႏွစ္ကေနာ္။ အခုေခတ္ေငြနဲ႔တြက္ရင္ ဘီလီယံေက်ာ္ပါလိမ့္မယ္။ ႐ုပ္ရွင္ကားဟာလဲ ေအာ္စကာဆုႀကီး၃ဆု( ဇာတ္ကားဆု ဒါ႐ိုက္တာဆုနဲ႔ ဇာတ္ၫႊန္းဆု)ရသြားတယ္။ စတားလံုးလဲ ေအာ္စကာမင္းသားဆုစကာတင္စာရင္းမွာပါခဲ့ၿပီး ကမာၻေက်ာ္မင္းသားျဖစ္သြားတယ္။ ႐ုပ္ရွင္ကားကရတဲ့အျမတ္ေငြထဲက အခ်ိဳးက်ရတဲ့ေငြေတြေၾကာင့္ စတားလံုးဟာ သန္းႂကြယ္သူေ႒းတေယာက္ခ်က္ခ်င္းျဖစ္သြားခဲ့ပါတယ္။ ေနာက္ပိုင္း ႐ုပ္ရွင္ထုတ္လုပ္သူ ဒါ႐ိုက္တာ မင္းသားေနရာအားလံုးမွာ ေအာင္ျမင္ခဲ့ျပန္တယ္။

ဇနီး ၊ သမီးမ်ား ႏွင့္အတူ

Rockyကားေအာင္ျမင္သြားလို႔ ေနာက္ထပ္ Rocky ဇာတ္လမ္းတြဲေတြ ဆက္႐ိုက္တယ္။ Rocky_V အထိေရာက္တယ္။ အားလံုးေအာင္ျမင္တယ္။ ေနာက္ႏွစ္အနည္းငယ္အၾကာမွာ စတားလံုးပါဝင္တဲ့ Rambo_First_Blood ဆုိတဲ့ ဗီယက္နမ္စစ္ျပန္တစ္ေယာက္အေၾကာင္း႐ုပ္ရွင္ကို ႐ိုက္တယ္။ အရမ္းေအာင္ျမင္သြားလို႔ Rambo_IV အထိ႐ိုက္ရျပန္တယ္။ အခု သူ႔အသက္ ၇၁ႏွစ္အထိ စတားလံုးဟာ႐ုပ္ရွင္သ႐ုပ္ေဆာင္လုပ္ေနဆဲပါပဲ။ သူ႔ရဲ႕ပုိင္ဆုိင္မႈဟာလည္း ၂၀၁၅ခုႏွစ္ စာရင္းအရ ေဒၚလာ သန္း ၄၀၀ ခ်မ္းသာပါတယ္။

တကယ္လို႔ စတားလံုးဟာ သူ႔ဇာတ္ၫႊန္းကို မင္းသားမလုပ္ေတာ့ပဲ ေဒၚလာ၃သိန္းခြဲကိုပဲ လက္ခံယူလိုက္မယ္ဆိုရင္ သူတသက္လံုးျဖစ္ခ်င္ေနခဲ့တဲ့ သူအိမ္မက္ထဲက႐ုပ္ရွင္မင္းသားျဖစ္လာပါ့မလား။ ေတြးစရာပါ။

လူတိုင္း ဘဝမွာျဖစ္ခ်င္တာေလးကို အိပ္မက္တစ္ခုလိုေမ်ာ္မွန္းတတ္ၾကတယ္။ တမ္းတတတ္ၾကတယ္။ အဲဒီအိပ္မက္ကိုအေကာင္အထည္ေဖၚဖို႔ ေၾကာက္ေနမယ္ ေတြေဝမယ္ တံု႔ဆိုင္းေနမယ္ဆိုရင္ စားစရာေတာင္မရွိတဲ့ ဘဝကေန ေအာင္ျမင္ေက်ာ္ၾကားသြားတဲ့”စတားလံုး”အေၾကာင္းေလးကို သတိရလုိက္ပါလုိ႔…

ဆရာဗန္းေမာ္သိန္းေဖ ရဲ႕ “သူတုိ႔ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ” စာအုပ္မွ


စားစရာမရှိတဲ့ဘဝကနေ ကမ္ဘာကျော်ဟောလီဝုဒ်မင်းသားဖြစ်သွားသူ (သို့) ဆီဗက်စတာ စတားလုံး

ရေးသားသူ ဗန်းမော်သိန်းဖေ

ဆီဗက်စတာ စတားလုံး ဆိုတာ လွန်ခဲ့တဲ့အနှစ်၃၀လောက်ကစပြီး ဟောလီးဝုဒ်က လူကြိုက်အများဆုံး အကျော်ကြားဆုံးမင်းသားတယောက်ပါ။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rocky လက်ဝှေ့ဇာတ်လမ်းတွေ Rambo ဗီယက်နမ်စစ်ပြန်တယောက်ရဲ့ဇာတ်လမ်းတွေဟာ လူကြိုက်အများဆုံးနဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားတွေဖြစ်ခဲ့ပါတယ်။

စတားလုံးဟာ ရုပ်ရှင်မင်းသားအဖြစ် အောင်မြင်ခဲ့သူတစ်ယောက်တင် မကသေးပါဘူး။ ဆင်းရဲသားကနေ အောင်မြင်ကြီးပွားသွားသူ(Rag to Riches)တွေအကြောင်း အမေရိကန်လူငယ်တွေကိုပြောပြတဲ့ဟောပြောပွဲတွေမှာဆိုရင် စတားလုံးအကြောင်းကို စံပြထားပြီး ပြောလေ့ရှိတယ်။ လူငယ်တွေကို သူ့လိုကြိုးစားစေချင်လို့ပါ။ စတားလုံးက ဘာတွေများကြီးကြီးကျယ်ကျယ်လုပ်ခဲ့လို့လဲ။ ဆက်ဖတ်ကြည့်ပါ။

စတားလုံးဟာ ငယ်ငယ်တုံးက အတော်လေးဆင်းရခဲ့ပါတယ်။ ဆင်းရဲပေမဲ့ ရုပ်ရှင်မင်းသားအရမ်းဖြစ်ချင်တယ်။ အားရင် တယောက်ထဲအိုက်တင်ကျင့်နေတယ်။ စတားလုံးဟာ မိန်းမတွေကျလောက်တဲ့မျက်နှာပေါက်နဲ့ အချိုးကျတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်တယ်။ ဒါပေမဲ့ သူ့မှာအားနည်းချက်တစ်ခုရှိပါတယ်။ သူ့ကိုမွေးတုံးက မွေးရခက်တဲ့အတွက် ဆရာဝန်က ညှပ်နဲ့ဆွဲမွေးပေးခဲ့ရာမှာ သူရဲ့ဘယ်ဖက်ပါးက အကြောကိုနည်းနည်းထိသွားတယ်။ သူ ကြီးလာတော့ ဘယ်ဖက်ပါးတခြမ်းနည်းနည်းစောင်းသွားတယ်။ နည်းနည်းရွဲ့သွားတာကြောင့် စကားကို သွက်သွက်လက်လက်မပြောနိုင်တော့သလို ပြောလိုက်တဲ့စကားကလဲ မပီမသဖြစ်နေတယ်။

သူအထက်တန်းကျောင်းတက်နေတာကို တပိုင်းတစနဲ့ထွက်လိုက်တယ်။ ရုပ်ရှင်မင်းသားလုပ်ချင်လို့ပါ။ အသက်၂၉နှစ်လောက်မှာ နယူးရောက်မြိုကိုရောက်လာပြီး ဟောလီးဝုဒ်ကရုပ်ရှင်ကုမ္ပဏီတွေမှာ မင်းသားလုပ်ဖို့လျှောက်တယ်။ ဘယ်ကုမ္ပဏီမှ လက်မခံကြဘူး။ သရုပ်ဆောင်ကောင်းပေမဲ့ စကားကိုပီပီသသ သွက်သွက်လက်လက်မပြောနိုင်တာတွေကြောင့်ပါ။ ဒါပေမဲ့ သူစိတ်မလျှော့ဘူး။

မင်းသားဖြစ်ဖို့ပဲ စိတ်ကူးနေလို့ တခြားဘာအလုပ်မှမလုပ်ဘူး။ အလုပ်မလုပ်တော့ စားစရာတောင်မရှိဘူး။ စားစရာမရှိလို့ တနေ့မှာသူ့မိန်းမရဲ့လက်ဝတ်လက်စားတွေခိုးရောင်းပြီး စားစရာဝယ်တယ်။ သူ့မိန်းမသိသွားလို့ အိမ်ပေါ်ကအမောင်းချခံရတယ်။ အိပ်စရာနေရာမရှိလို့ ဘတ်စကားစခန်း(Bus_Terminal)မှာ သုံးရက်လောက်သွားအိပ်ရတယ်။ တရက်မှာ သူ့မှာစားစရာမရှိလို့ အရက်ဆိုင်နားမှာ သူ့ခွေးကိုရောင်းဖို့စပ်တယ်။ လူတယောက်က ၂၅ဒေါ်လာပေးမယ်ဆိုတာနဲ့ရောင်းလိုက်တယ်။ ခွေးရောင်းပြီးအပြန်လမ်းမှာ သူခြုံးပွဲချငိုပါတယ်။ မတတ်သလို့သာ ရောင်းလိုက်ရတယ် သူခွေးကိုသူအရမ်းချစ်တာကိုး။

တညနေ စားသောက်ဆိုင်တခုမှာပြနေတဲ့တီဗွီကနေ အဲဒီအချိန်ကဟဲဗီးဝိတ်တန်းလက်ဝှေ့ကမ္ဘာ့ချန်ပီယံမိုဟာမက်အလီရဲ့လက်ဝှေ့ပွဲကိုကြည့်မိတယ်။ -၁၉၇၅ခုနှစ် မတ်လ(၂၄)ရက်။ သူ့ဘဝက်ုပြောင်းလဲသွားစေခဲ့တဲ့နေ့ပေါ့။ ချန်ပီယံအလီကိုယှဉ်ပြိုင်ထိုးသူကမထင်မရှားလက်ဝှေ့သမားချတ်ဝက်ပနာပါ။ ဝက်ပနာရဲ့လက်ဝှေ့အဆင့်ဟာ အလီနဲ့ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ ၁၅ချီထိုးရပါတယ်။ အလီရဲ့မညှာမတာထိုးနှက်တဲ့ လက်သီးချက်တွေကြောင့် ဝက်ပနာဟာ အကြိမ်ကြိမ်အလဲထိုးခံရတယ်။ အလဲထိုးခံရပြီးတိုင်း သူပြန်ပြန်ထလာတယ်။ ၁၅ချီပြည့်အောင်ထိုးပြီးမှ အမှတ်နဲ့ရှူံးသွားတယ်။ စတားလုံးဟာ ဝက်ပနာရဲ့အနိုင်မခံ အရှူံမပေးစိတ်ဓါတ်ကို သဘောကျလွန်းလို့ ချက်ချင်းပဲလက်ဝှေ့ပွဲအကြောင်း ရုပ်ရှင်ဇာတ်ညွှန်းတပုဒ်ကို နာရီ၂ဝကြာအောင် ဘာမှမစားပဲမနားတမ်းရေးပါတော့တယ်။ ဇာတ်ညွှန်းကို သုံးရက်အတွင်းအချောသတ်လိုက်တယ်။

ရက်အတန်ကြာမှာ သူ့ရုပ်ရှင်ဇာတ်ညွှန်းကို ဟောလီးဝုဒ်ရုပ်ရှင်ကုမ္ပဏီတွေ ဒါရိုက်တာတွေကိုလိုက်ပြတယ်။ ဘယ်သူမှမကြိုက်ကြဘူး။ နောက်ဆုံးတော့ ထုတ်လုပ်သူတစ်ယောက်က စိတ်ဝင်းစားလို့ ရုပ်ရှင်ရိုက်မယ်ပြောတယ်။ ဇာတ်ညွှန်းကို ဒေါ်လာတစ်သိန်းနှစ်သောင်းခွဲနဲ့ဝယ်မယ်လို့ကမ်းလှမ်းတယ်။ စတားလုံးက အဲဒီရုပ်ရှင်မှာ သူ့ကိုမင်းသားအခန်းကရိုက်ရမှ ရောင်းမယ်လို့ပြောတယ်။ သဘောတူညီမှု မရကြဘူး။ စတားလုံးလည်း သူ့ဇာတ်ညွှန်းကိုမရောင်းပဲပြန်ယူလာတယ်။

၂ပတ်ကြာတော့ ထုတ်လုပ်သူက၂ဆတိုးပြီး ဒေါ်လာ၂သိန်းခွဲကမ်းလှမ်းပြန်တယ်။ စတားလုံးက သူ့ကို မင်းသားအခန်းကမရိုက်ရင် မရောင်းဖူးပဲပြောတယ်။ နောက်ဆုံး ဒေါ်လာ၃သိန်းခွဲ(အခုခေတ်ဆိုရင် ဒေါ်လာတစ်သန်းကျော်)အထိ တိုးပေးပြန်တယ်။ စတားလုံးဟာ အရင်အတိုင်းပဲ မင်းသားမလုပ်ရရင်မရောင်းဖူးလို့ငြင်းတုံးပဲ။ အဲဒီအချိန်က သူ့လက်ထဲမှာငွေ(၁၀၆)ဒေါ်လာပဲရှိတယ်။ သူ ဒေါ်လာ၃သိန်းခွဲကို မယူလိုက်တာက တသက်လုံးမက်ခဲ့တဲ့သူ့အိပ်မက်ကို အဲဒီငွေနဲ့မလဲနိုင်လို့ပဲ။

နောက်ဆုံးတော့ ထုတ်လုပ်သူက သူ့ကိုမင်းသားအခန်းက တင်ရိုက်ဖို့သဘောတူလိုက်တယ်။ ဒါပေမဲ့ ဒေါ်လာသုံးသောင်းခွဲပဲပေးမယ်လို့ပြောတယ်။ စကားကိုပီပီသသမပြောတတ် ပါးတခြမ်းကလဲစောင်းနေတဲ့ စတားလုံးကို မင်းသားအဖြစ်ရိုက်ရင် ရှူံးမှာသေချာသလောက်ရှိနေတာမို့ ဈေးကိုမတန်တဆနိမ်ပေးတာပါ။

စတားလုံးက မင်းသားအဖြစ်ရိုက်ရလို့ ၃သောင်းခွဲနဲ့ပဲ လက်ခံလိုက်တယ်။ ရတဲ့ဒေါ်လာသုံးသောင်းခွဲကိုယူပြီး သူပထမဆုံးဘာလုပ်သလဲ။ သူခွေးရောင်းလိုက်တ ဲ့အရက်ဆိုင်နားကိုသွားတယ်။ သူ့ခွေးကိုပြန်ဝယ်မလို့ပါ။ ခွေးဝယ်သွားတဲ့လူကိုမတွေ့ပါဘူး။ ၃ရက်ဆက်စောင့်တယ်။ ခွေးဝယ်သွားတဲ့လူရောက်လာတယ်။ သူက သူ့ခွေးကိုပြန်ဝယ်ချင်တယ်။ ဒေါ်လာငါးဆယ်ပေးမယ်လို့ပြောတယ်။ ဟိုလူက မရောင်းဘူး။ ဒေါ်လာတစ်ရာထိတိုးပေးတယ်။ မရောင်းဘူး။ ဒေါ်လာတစ်ထောင်ထိတိုးပေးတယ်။ ဟိုလူကလဲမရောင်းဘူးပဲ။ နောက်ဆုံး၂၅ဒေါ်လာနဲ့ ရောင်းလိုက်တဲ့သူ့ခွေးကို ဒေါ်လာတစ်သောင်းခွဲနဲ့ပြန်ဝယ်ခဲ့ရတယ်။

၁၉၇၆ခုနှစ်မှာ သူ့ဇာတ်ညွှန်းကို ဒေါ်လာတစ်သန်းအကုန်ခံပြီး ၂၈ရက်နဲ့ အပြီးရိုက်လိုက်တယ်။ ဇာတ်ကားနာမည်က Rockyပါ။ အမဲသတ်တဲ့ရုံမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကနေ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာပုံကို ရိုက်ကူးထားတာပါ။ ရုပ်ရှင်ထဲမှာ သူ့ခွေးကိုတောင် ထည့်ရိုက်ထားသေးတယ်။ စတားလုံးရဲ့သရုပ်ဆောင်ကောင်းတာရယ် ဇာတ်လမ်းကောင်းတာတွေကြောင့် Rocky ရုပ်ရှင်ကားဟာ အရမ်းအောင်မြင်သွားတယ်။ ရုံတင်ရက်တပတ်အတွင်း ဒေါ်လာသန်း၃၀ဝနီပါးဝင်ငွေတွေရခဲ့တယ်။ ဒါက ၁၉၈၈ခုနှစ်ကနော်။ အခုခေတ်ငွေနဲ့တွက်ရင် ဘီလီယံကျော်ပါလိမ့်မယ်။ ရုပ်ရှင်ကားဟာလဲ အော်စကာဆုကြီး၃ဆု( ဇာတ်ကားဆု ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆု)ရသွားတယ်။ စတားလုံးလဲ အော်စကာမင်းသားဆုစကာတင်စာရင်းမှာပါခဲ့ပြီး ကမ္ဘာကျော်မင်းသားဖြစ်သွားတယ်။ ရုပ်ရှင်ကားကရတဲ့အမြတ်ငွေထဲက အချိုးကျရတဲ့ငွေတွေကြောင့် စတားလုံးဟာ သန်းကြွယ်သူဋ္ဌေးတယောက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ မင်းသားနေရာအားလုံးမှာ အောင်မြင်ခဲ့ပြန်တယ်။

Rockyကားအောင်မြင်သွားလို့ နောက်ထပ် Rocky ဇာတ်လမ်းတွဲတွေ ဆက်ရိုက်တယ်။ Rocky_V အထိရောက်တယ်။ အားလုံးအောင်မြင်တယ်။ နောက်နှစ်အနည်းငယ်အကြာမှာ စတားလုံးပါဝင်တဲ့ Rambo_First_Blood ဆိုတဲ့ ဗီယက်နမ်စစ်ပြန်တစ်ယောက်အကြောင်းရုပ်ရှင်ကို ရိုက်တယ်။ အရမ်းအောင်မြင်သွားလို့ Rambo_IV အထိရိုက်ရပြန်တယ်။ အခု သူ့အသက် ၇၁နှစ်အထိ စတားလုံးဟာရုပ်ရှင်သရုပ်ဆောင်လုပ်နေဆဲပါပဲ။ သူ့ရဲ့ပိုင်ဆိုင်မှုဟာလည်း ၂၀၁၅ခုနှစ် စာရင်းအရ ဒေါ်လာ သန်း ၄၀၀ ချမ်းသာပါတယ်။

တကယ်လို့ စတားလုံးဟာ သူ့ဇာတ်ညွှန်းကို မင်းသားမလုပ်တော့ပဲ ဒေါ်လာ၃သိန်းခွဲကိုပဲ လက်ခံယူလိုက်မယ်ဆိုရင် သူတသက်လုံးဖြစ်ချင်နေခဲ့တဲ့ သူအိမ်မက်ထဲကရုပ်ရှင်မင်းသားဖြစ်လာပါ့မလား။ တွေးစရာပါ။

လူတိုင်း ဘဝမှာဖြစ်ချင်တာလေးကို အိပ်မက်တစ်ခုလိုမျော်မှန်းတတ်ကြတယ်။ တမ်းတတတ်ကြတယ်။ အဲဒီအိပ်မက်ကိုအကောင်အထည်ဖေါ်ဖို့ ကြောက်နေမယ် တွေဝေမယ် တုံ့ဆိုင်းနေမယ်ဆိုရင် စားစရာတောင်မရှိတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားသွားတဲ့”စတားလုံး”အကြောင်းလေးကို သတိရလိုက်ပါလို့…

ဆရာဗန်းမော်သိန်းဖေ ရဲ့ “သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ” စာအုပ်မှ

Leave a Reply