အနာဂတ္ကို ႀကိဳတင္သိျမင္ အာရံုထင္ျခင္းမ်ား

Posted on

ေရးသားသူ – Phyo Aung

ဗိုလ္ခ်ဴပ္၏ ေဟာတမ္​း

ဗိုလ္ခ်ဴပ္ေအာင္ဆန္းသည္ ျမန္မာျပည္ လြတ္လပ္ေရးအတြက္ ၿဗိတိသွ် အစိုးရကို အတိုက္အခံ ျပဳေနေသာ္လည္း ဘုရင္ခံ ေဒၚမန္စမစ္(Sir Reginald Dorman-Smith) ႏွင္႔ ခင္မင္ရင္းႏွီးသည္​့ အားေလွ်ာ္စြာ မၾကာမၾကာ ေဒၚမန္စမစ္ထံသို႔ အလည္အပတ္ သြား၍ စကားလက္ဆံု က်​ေလ႔ရွိ၏။

၁၉၄၆ ခုႏွစ္ ဇန္န၀ါရီလအတြင္း တစ္ေန႔တြင္ ဗိုလ္ခ်ဴပ္ေအာင္ဆန္းသည္ စိတ္ညိွဳးငယ္စြာျဖင္႔ ဘုရင္ခံ ေဒၚမန္စမစ္ထံ ေရာက္လာ၏။ ေဒၚမန္စမစ္က ဗိုလ္ခ်ဴပ္အား အက်ိဳးအေၾကာင္းေမးရာ ဗိုလ္ခ်ဴပ္က ဗမာျပည္အတြက္ ႏိုင္ငံ႔အက်ိဳးကို သယ္ပိုး ​ေဆာင္ရြက္ေနသူမ်ားသည္ ၾကာရွည္ မ​ေနၾကရေၾကာင္း၊ သူကိုယ္တိုင္လည္း ေနာက္ ၁၈ လထက္ ပို၍ေနရေတာ႔မည္ မဟုတ္ေၾကာင္း ဝမ္​းနည္​းပမ္​းနည္​း ညည္​းတြားရင္း မ်က္ရည္မ်ား လည္​လာသည္ဟု ေမာရစ္ေကာလစ္ (Mr.Maurice Collis) ေရးသားခဲ႔ေသာ “Last and First in Burma” စာအုပ္တြင္ ေဖာ္ျပထားသည္။

ဗုိလ္ခ်ဴပ္သည္ သူ ၾကိဳတင္ေျပာထားသည္႔အတိုင္း ေနာက္ ၁၈ လၾကာေသာအခါ လုပ္ၾကံသတ္ျဖတ္ျခင္း ခံရေလသည္။ အဘယ္ေၾကာင္႔ သူေသရမည္ကို အခ်ိန္ႏွင္႔တကြ ၾကိဳတင္္ သိျမင္​​ေနရသည့္ အေၾကာင္းကို ကၽြႏု္​ပ္တို႔မသိရေခ်။ ေဗဒင္ဆရာ တစ္ဦးဦးက ထိုသို႔ ​ေဟာေျပာခဲ႔သည္ ဟူ၍လည္း ကၽြႏု္​ပ္တို႔ မဖတ္ခဲ႔ရေပ။

ေမာရစ္ေကာလစ္ အတြက္ ေဟာတမ္​း

စာေရးဆရာ ေမာရစ္ေကာလစ္ (Maurice Collis) က ရခုိင္ျပည္မွ ဘုန္းေတာ္ၾကီး တစ္ပါးက သူ႔အား မည္သည႔္ေန႕ရက္၌ မည္သည္႔ေနရာသို႔ မည္သည္႔အလုပ္အကိုင္ႏွင္႔ ​ေျပာင္းေရႊ႕ရပါမည္၊ မည္သည္႔အခါ၌ အထက္လူၾကီးမ်ား၏ ၿငိဳျငင္မွဳကို ခံရပါမည္၊ မည္သည႔္အခ်ိန္၌ ရာထူးတိုးပါမည္ဟု စသည္​ျဖင္႔ စံုစံုလင္လင္ ေဟာေျပာထားသည္႔အတိုင္း တိတိက်က် မွန္ကန္ပံုမ်ားကိုလည္း ခ်ီးက်ဴးေရးသားခဲ႔ဖူးသည္။

သမၼတကေနဒီ အတြက္ ေဟာတမ္း

ဂ်င္းဒစ္ဆင္ (Jeane Dixon) အမည္ရွိ နကၡတၱ​ေဗဒပညာရွင္ အမ်ိဳးသမီးသည္လည္း သမၼတကေနဒီ လုပ္ၾကံၿခင္း ခံရမည္ကို ၾကိဳတင္ သိျမင္ခဲ႔၍ ေက်ာ္ၾကားခဲ႔သည္။

သမၼတလင္ကြန္း၏ အိပ္မက္

သမၼတ လင္ကြန္း (Abraham Lincoln) သည္လည္း သူလုပ္ၾကံမခံရမီ ရက္အနည္းငယ္ခန္႔က သူ ေသေတာ႔မည္႔အေၾကာင္း အိပ္မက္ မက္ခဲ႔သည္ ဆို၏။ သူ႔အိပ္မက္အေၾကာင္းကို သူ႔ဇနီး၊ သူ႔ကုိယ္ရံေတာ္ ၀ီလီယံ(William Crook) ႏွင္႔တကြ သူ႔အၾကာင္း မွတ္တမ္းေရးသူ လမြန္ ( Ward Hill Lamon) တို႔အား ေျပာျပခဲ႔သည္။

အိပ္မက္ထဲ၌ သူသည္ အိမ္ျဖဴေတာ္ရွိ အခန္းတစ္ခုမွ လူမ်ားငိုေနသံကို ၾကားရ၏။ အခန္းထဲသို႔ ၀င္သြားၾကည္႔ေသာအခါ အခန္း၏ အလယ္၌ မသာအ​ေခါင္း တစ္ခုကို ေတြ႕ရ၏။ အေစာင္႔စစ္သား တစ္ေယာက္က သမၼတၾကီးကို လူသတ္သမားက သတ္သြားပါသည္ဟု ေျပာသည္​ကို ျမင္​ခဲ့ရသည္​ ဆို၏။

အိပ္မက္ထဲက တိုက္တန္းနစ္

အဂၤလိပ္ကုန္သည္ မစၥတာ ကႏြန္း (Mr.J. Connon Middleton) သည္္ ပင္လယ္ကူး သေဘၤာၾကီး တိုက္တန္းနစ္ျဖင္႔ နယူးေယာက္ၿမိဳ႕သို႔ သြားရန္ လက္မွတ္အား ၾကိဳတင္ booking လုပ္ထား၏။ သေဘၤာမထြက္မီ ၁၀ ရက္ အလိုတြင္ သူသည္ ပင္လယ္ထဲ၌ သေဘၤာၾကီး ပ်က္စီးလ်က္ လူမ်ား ​ေရကူးေနၾကသည္ကို အိပ္မက္ျမင္မက္ခဲ႔၏။ ေနာက္တစ္ည၌လည္း ထိုအတိုင္း ထပ္၍ မက္ခဲ့ျပန္​၏။

အိပ္မက္အား ယံုရခက္ မယံုရခက္ႏွင္႔ ဇေ၀ဇ၀ါ ျဖစ္ေနစဥ္ ကံေကာင္းစြာျဖင္႔ အေမရိကန္မွ ေၾကးနန္းစာ ေရာက္လာ၍ စာထဲတြင္ သူလာရန္ ရက္ကို ေရႊ႕ဆိုင္းရန္ ေျပာထားသျဖင္​့ လက္မွတ္အား cancel လုပ္လိုက္ေလ၏။ ထို႔ေနာက္ သေဘာၤမထြက္မီ ရက္ပိုင္းအလိုတြင္ သူ၏ဇနီး၊ မိသားစု၀င္မ်ားႏွင္႔ မိတ္ေဆြမ်ားအား ထူးဆန္းေသာ သူ႔အိပ္မက္အေၾကာင္း ေျပာျပခဲ႔၏။ သူ​ေျပာသလို သူ႔အိပ္မက္ထဲက အတိုင္းပင္ တိုင္တန္းနစ္ သေဘၤာၾကီး သည္လည္း ပင္လယ္ထဲ၌ ခရီးသြားရင္း နစ္ျမဳပ္​သြားခဲ့​ေလသည္။

ေတာနက္ထဲမွ အသံမ်ား

အနာဂတ္ကို လူတို႔သည္ ၾကိဳတင္အာရံု ထင္တတ္သလို အတိတ္ျဖစ္ရပ္မ်ားသည္လည္း ပစၥဳပၸန္၌ ဆန္းၾကယ္စြာ အာရံုထင္တတ္ေလ၏။

ၿဗိတိသွ် သစ္ေတာ အရာရွိေဟာင္း ဂ်ိမ္းစ္ ေဟာင္း၀ပ္ (James Howard Williams) ၏ Elephant Bill စာအုပ္၌ ေဖာ္ျပထားသည္မွာ တစ္​ခါက ထုိအရာရွိသည္ အထက္ ျမန္မာျပည္ ​ေတာအရပ္ တစ္ေနရာတြင္ စခန္းခ်ေနစဥ္ နံနက္ အရုဏ္တက္ခါနီး၌ လူမ်ား ေအာ္ဟစ္သံ၊ စကားေၿပာသံ၊ ကေလးငိုသံ၊ ေမာင္းထုသံ၊ ​ေခြးေဟာင္သံမ်ားကို ၾကားခဲ့ရသည္ ဆို၏။

ထိုအနီးအနား၌ ရြာလည္​းမရွိ၊ လူလည္းမရွိေခ်။ ထို႔ေနာက္ စံုစမ္းၾကည္႔ရာ သူစခန္းခ်ေသာ ​ေနရာမွာ ​ေရွး ယခင္က ရြာတစ္​ရြာ ရွိခဲ႔ဖူးၿပီး ၀မ္းေရာဂါႏွင့္ ရြာလံုးကၽြတ္ ပ်က္စီးခဲ႔ရသည္ဟု သိရွိခဲ႔ရသည္။

နန္းတြင္းသားမ်ားႏွင့္ ​ေက်ာင္းဆရာမႏွစ္ဦး

ေနာက္ထပ္ၿဖစ္ရပ္မွာ ၁၉၀၁ ခုႏွစ္က အဂၤလန္ျပည္ St.Huge’s Collegue မွ ေက်ာင္းဆရာမ ႏွစ္ဦးျဖစ္ေသာ မိုဘာလီႏွင္႔ အယ္လီနာ (Anne Moberly and Eleanor Jourdian) တို႔သည္ ျပင္သစ္ျပည္သို႔ အလည္အပတ္ သြားစဥ္ တစ္ေနရာ၌ ထူးဆန္းေသာ နန္းတြင္း အေဆာက္အံုမ်ား၊ ေရွးအ၀တ္အစားမ်ားႏွင္႔ လူမ်ား၊ ေရွးေခတ္ အသံုးအေဆာင္မ်ားကို ​ေတြ႕ျမင္ခဲ႔၍ An Adventure အမည္ရွိ စာအုပ္ကို ေရးသား ထုတ္ေ၀ခဲ႔ၾကသည္။

သူတို႔၏ အေတြ႕အၾကံဳ ျဖစ္ရပ္မ်ားကို သမိုင္းပညာရွင္မ်ားက ​ေလ႔လာခဲ႔ၾကရာ ၁၇ ရာစု အတြင္းက ျပင္သစ္မိဖုရား၊ နန္းတြင္းသူ၊ နန္းတြင္းသားမ်ားႏွင္႔ ထိိုေခတ္က အေျခအေနမ်ားကို ေဖာ္က်ဴး ေရးသားထားသည္ကို သိရွိခဲ႔ရသည္။

သို႔ေသာ္ သူတို႔ ေတြ႕ခဲ႔ရပါသည္၊ ၾကားခဲ႔ရပါသည္ဟု ဆိုေသာ အရာမ်ား၊ လူမ်ားမွာ သူတို႔ေျပာေသာ ​ေနရာ၌လည္း မရွိေခ်။ ထိုုေကာလိပ္ဆရာမ ႏွစ္ဦးမွာ ျပင္သစ္သမိုင္း အေၾကာင္းလည္း ေလ႔လာဖူးသူမ်ား မဟုတ္သလို စိတ္၀င္စားသူမ်ားလည္း မဟုတ္ၾကေပ။

ဟိုတယ္ခန္းထဲမွ စစ္ပြဲသံမ်ား

ေနာက္ထပ္ အတိတ္ျဖစ္ရပ္ကို အာရံုထင္မွဳမွာ အဂၤလိပ္အမ်ိဳးသမီး ႏွစ္ဦးသည္ ျပင္သစ္ျပည္ ဟိုတယ္တစ္ခု၌ တည္းခိုေနစဥ္ တစ္ည၌ အေျမာက္ပစ္သံမ်ား၊ ေသနတ္သံမ်ား၊ ေလယာဥ္ပ်ံ ဗုံးၾကဲသံမ်ားကို ႏွစ္နာရီၾကာမွ် ဆူညံစြာ ၾကားၾကရ၏။

ေနာက္မွ စံုစမ္းၾကည္​့​ေလရာ ထိုေနရာမွာ ဒုတိယကမၻာစစ္အတြင္းက မဟာမိတ္တပ္မ်ား ၀င္ေရာက္ တိုက္​ခိုက္ခဲ႔ေသာ ​ေနရာျဖစ္ေၾကာင္း သိခဲ႔ရသည္ ဆို၏။

အတိတ္ႏွင္႔ အနာဂတ္အား အာရံုထင္မွဳ

စိတ္၀ိညာဥ္ သု​ေတသန ပညာရွင္တို႔၏ ေလ႔လာထားခ်က္မ်ားအရ အနာဂတ္ကို ၾကိဳတင္သိျမင္မွဳႏွင္႔ အတိတ္ကို အာရံုထင္မွဳတို႕သည္ ရုပ္၀ါဒအျမင္ႏွင္႔ ဆန္႔က်င္၍ သိပံၸပညာျဖင္႔ ရွင္းၿပ၍ မရအပ္ေသာ စိတ္စြမ္းအင္သတိၱ တစ္မ်ိဳးျဖစ္ေၾကာင္း ယံုမွားစရာ မရွိေခ်။

ဥပမာကား အထက္ေကာင္းကင္ကို မျမင္ႏိုင္ဘဲ ေျမၾကီးေပၚ၌ အၿမဲေနေသာ ပုရြက္ဆိတ္အတြက္ ေျမျပင္သည္သာ သူ၏ စၾကာ၀ဠာၾကီးျဖစ္ၿပီး ေကာင္းကင္ေပၚမွ တစ္စံုတစ္ရာ က်လာျခင္းသည္ ပုရြက္ဆိတ္အတြက္ အံ႔ဖြယ္သရဲအမႈ ျဖစ္ေနေပမည္။

ထိုနည္းတူစြာပင္ ပစၥဳပၸဳန္ကိုသာ လူတို႔သိျမင္ျခင္းသည္ အတိတ္ႏွင္႔ အနာဂတ္ကို တစ္ခါတစ္​ရံ အာရံုထင္ေသာအခါ ထူးဆန္းေနမည္သာ။

မေရာက္ဖူးေသာ အရပ္ေဒသသို႔ မီးရထားျဖင္႔ ခရီးသြားေသာအခါ ျပင္ပ ရွဳခင္းမ်ားကို ၾကည္႔ျမင္သူကဲ႔သို႔ ကၽြႏု္ပ္တို႔သည္ ပစၥဳပၸန္ကိုသာ ျမင္၍ အတိတ္ကို မွတ္မိၾက၏။ မီးရထားခရီးသည္အတြက္ ေနာင္ေတြ႕ျမင္ရမည္​့ ႐ႈခင္​းမ်ားသည္ ဧကန္ထင္ရွားရွိၿပီး ၾကိဳတင္​ ျမင္​ႏိုင္​စြမ္း မရွိသကဲ႔သို႔ ကၽြႏု္ပ္တို႔သည္ ရွိၿပီးသား အနာဂတ္ကို ၾကိဳတင္ မျမင္ႏိုင္ၿခင္း ျဖစ္ႏိုင္ေပသည္။

အာကာသႏွင္႔အခ်ိန္

အေမရိကန္ျပည္မွ စိတ္၀ိညာဥ္ သုေတသန ဌာနမွဴး ေဒါက္တာေဂ်ဘီရိုင္း၏ အဆိုအရ ေလာကဓာတ္ၾကီးသည္ အာကာသႏွင္႔ အခ်ိန္အေပၚ၌သာ တည္၍ လူ၏ စိတ္တန္ခိုးသည္ အာကာသကိုပင္ ေက်ာ္လႊားသြားႏိုင္သည္ ဟူ၏။

ဗိုလ္ခ်ဴပ္၏ မ်က္ရည္

မည္သို႔ပင္ဆိုေစကာမူ ဤဒုကၡဘံုၾကီး၌ ကၽြႏု္ပ္တို႔သည္ အနာဂတ္ကိုသာ အၿမဲျမင္ေနရပါက စိတ္ခ်မ္းသာ ေပ်ာ္ရြင္ၾကရမည္ မဟုတ္ေခ်။ ဗုိလ္ခ်ဴပ္ေအာင္ဆန္းသည္ သူေသရမည္႔အေၾကာင္း ဘုရင္ခံေဒၚမန္စမစ္အား ​ေျပာျပစဥ္က မ်က္ရည္ဝဲ​ေနခဲ့သည္ဟု ဆို၏။ ဗိုလ္ခ်ဴပ္သည္ သူေသရမည္ကို ေၾကာက္ေသာေၾကာင့္ ဝမ္​းနည္​းရသည္​ေတာ့ မျဖစ္တန္ရာ။ သို႔ရာတြင္ သူၾကိဳးပမ္း တည္ေဆာက္လ်က္ရွိေသာ ျမန္မာ႔လြတ္လပ္ေရး ဗိမာန္ၾကီးကို သူကိုယ္တိုင္ ျမင္ရေတာ႔မည္ မဟုတ္ေၾကာင္း သိရေသာအခါ စိတ္ထိခိုက္ခံစားရမည္မွာ အမွန္ပင္တည္း။

ကိုးကား

(1)ဘ၀အေတြ႕အၾကံဳမွ သိမွတ္ဖြယ္ရာမ်ားႏွင္႔ အျခားေဆာင္းပါးစာစုမ်ား (ဦးေအးေမာင္)
(2)စိတ္၀ိညာဥ္ဆိုင္ရာ ​ေလ႔လာေတြ႕ရွိခ်က္မ်ား (ဦးေအးေမာင္)


အနာဂတ်ကို ကြိုတင်သိမြင် အာရုံထင်ခြင်းများ (unicode)

ရေးသားသူ – Phyo Aung

ဗိုလ်ချူပ်၏ ဟောတမ်​း

ဗိုလ်ချူပ်အောင်ဆန်းသည် မြန်မာပြည် လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရကို အတိုက်အခံ ပြုနေသော်လည်း ဘုရင်ခံ ဒေါ်မန်စမစ်(Sir Reginald Dorman-Smith) နှင့် ခင်မင်ရင်းနှီးသည်​့ အားလျှော်စွာ မကြာမကြာ ဒေါ်မန်စမစ်ထံသို့ အလည်အပတ် သွား၍ စကားလက်ဆုံ ကျ​လေ့ရှိ၏။

၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် စိတ်ညှိုးငယ်စွာဖြင့် ဘုရင်ခံ ဒေါ်မန်စမစ်ထံ ရောက်လာ၏။ ဒေါ်မန်စမစ်က ဗိုလ်ချူပ်အား အကျိုးအကြောင်းမေးရာ ဗိုလ်ချူပ်က ဗမာပြည်အတွက် နိုင်ငံ့အကျိုးကို သယ်ပိုး ​ဆောင်ရွက်နေသူများသည် ကြာရှည် မ​နေကြရကြောင်း၊ သူကိုယ်တိုင်လည်း နောက် ၁၈ လထက် ပို၍နေရတော့မည် မဟုတ်ကြောင်း ဝမ်​းနည်​းပမ်​းနည်​း ညည်​းတွားရင်း မျက်ရည်များ လည်​လာသည်ဟု မောရစ်ကောလစ် (Mr.Maurice Collis) ရေးသားခဲ့သော “Last and First in Burma” စာအုပ်တွင် ဖော်ပြထားသည်။

ဗိုလ်ချူပ်သည် သူ ကြိုတင်ပြောထားသည့်အတိုင်း နောက် ၁၈ လကြာသောအခါ လုပ်ကြံသတ်ဖြတ်ခြင်း ခံရလေသည်။ အဘယ်ကြောင့် သူသေရမည်ကို အချိန်နှင့်တကွ ကြိုတင် သိမြင်​​နေရသည့် အကြောင်းကို ကျွန်ု​ပ်တို့မသိရချေ။ ဗေဒင်ဆရာ တစ်ဦးဦးက ထိုသို့ ​ဟောပြောခဲ့သည် ဟူ၍လည်း ကျွန်ု​ပ်တို့ မဖတ်ခဲ့ရပေ။

မောရစ်ကောလစ် အတွက် ဟောတမ်​း

စာရေးဆရာ မောရစ်ကောလစ် (Maurice Collis) က ရခိုင်ပြည်မှ ဘုန်းတော်ကြီး တစ်ပါးက သူ့အား မည်သည့်နေ့ရက်၌ မည်သည့်နေရာသို့ မည်သည့်အလုပ်အကိုင်နှင့် ​ပြောင်းရွှေ့ရပါမည်၊ မည်သည့်အခါ၌ အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံရပါမည်၊ မည်သည့်အချိန်၌ ရာထူးတိုးပါမည်ဟု စသည်​ဖြင့် စုံစုံလင်လင် ဟောပြောထားသည့်အတိုင်း တိတိကျကျ မှန်ကန်ပုံများကိုလည်း ချီးကျူးရေးသားခဲ့ဖူးသည်။

သမ္မတကနေဒီ အတွက် ဟောတမ်း

ဂျင်းဒစ်ဆင် (Jeane Dixon) အမည်ရှိ နက္ခတ္တ​ဗေဒပညာရှင် အမျိုးသမီးသည်လည်း သမ္မတကနေဒီ လုပ်ကြံခြင်း ခံရမည်ကို ကြိုတင် သိမြင်ခဲ့၍ ကျော်ကြားခဲ့သည်။

သမ္မတလင်ကွန်း၏ အိပ်မက်

သမ္မတ လင်ကွန်း (Abraham Lincoln) သည်လည်း သူလုပ်ကြံမခံရမီ ရက်အနည်းငယ်ခန့်က သူ သေတော့မည့်အကြောင်း အိပ်မက် မက်ခဲ့သည် ဆို၏။ သူ့အိပ်မက်အကြောင်းကို သူ့ဇနီး၊ သူ့ကိုယ်ရံတော် ဝီလီယံ(William Crook) နှင့်တကွ သူ့အကြာင်း မှတ်တမ်းရေးသူ လမွန် ( Ward Hill Lamon) တို့အား ပြောပြခဲ့သည်။

အိပ်မက်ထဲ၌ သူသည် အိမ်ဖြူတော်ရှိ အခန်းတစ်ခုမှ လူများငိုနေသံကို ကြားရ၏။ အခန်းထဲသို့ ဝင်သွားကြည့်သောအခါ အခန်း၏ အလယ်၌ မသာအ​ခေါင်း တစ်ခုကို တွေ့ရ၏။ အစောင့်စစ်သား တစ်ယောက်က သမ္မတကြီးကို လူသတ်သမားက သတ်သွားပါသည်ဟု ပြောသည်​ကို မြင်​ခဲ့ရသည်​ ဆို၏။

အိပ်မက်ထဲက တိုက်တန်းနစ်

အင်္ဂလိပ်ကုန်သည် မစ္စတာ ကနွန်း (Mr.J. Connon Middleton) သည် ပင်လယ်ကူး သင်္ဘောကြီး တိုက်တန်းနစ်ဖြင့် နယူးယောက်မြို့သို့ သွားရန် လက်မှတ်အား ကြိုတင် booking လုပ်ထား၏။ သင်္ဘောမထွက်မီ ၁၀ ရက် အလိုတွင် သူသည် ပင်လယ်ထဲ၌ သင်္ဘောကြီး ပျက်စီးလျက် လူများ ​ရေကူးနေကြသည်ကို အိပ်မက်မြင်မက်ခဲ့၏။ နောက်တစ်ည၌လည်း ထိုအတိုင်း ထပ်၍ မက်ခဲ့ပြန်​၏။

အိပ်မက်အား ယုံရခက် မယုံရခက်နှင့် ဇဝေဇဝါ ဖြစ်နေစဉ် ကံကောင်းစွာဖြင့် အမေရိကန်မှ ကြေးနန်းစာ ရောက်လာ၍ စာထဲတွင် သူလာရန် ရက်ကို ရွှေ့ဆိုင်းရန် ပြောထားသဖြင်​့ လက်မှတ်အား cancel လုပ်လိုက်လေ၏။ ထို့နောက် သဘောၤမထွက်မီ ရက်ပိုင်းအလိုတွင် သူ၏ဇနီး၊ မိသားစုဝင်များနှင့် မိတ်ဆွေများအား ထူးဆန်းသော သူ့အိပ်မက်အကြောင်း ပြောပြခဲ့၏။ သူ​ပြောသလို သူ့အိပ်မက်ထဲက အတိုင်းပင် တိုင်တန်းနစ် သင်္ဘောကြီး သည်လည်း ပင်လယ်ထဲ၌ ခရီးသွားရင်း နစ်မြုပ်​သွားခဲ့​လေသည်။

တောနက်ထဲမှ အသံများ

အနာဂတ်ကို လူတို့သည် ကြိုတင်အာရုံ ထင်တတ်သလို အတိတ်ဖြစ်ရပ်များသည်လည်း ပစ္စုပ္ပန်၌ ဆန်းကြယ်စွာ အာရုံထင်တတ်လေ၏။

ဗြိတိသျှ သစ်တော အရာရှိဟောင်း ဂျိမ်းစ် ဟောင်းဝပ် (James Howard Williams) ၏ Elephant Bill စာအုပ်၌ ဖော်ပြထားသည်မှာ တစ်​ခါက ထိုအရာရှိသည် အထက် မြန်မာပြည် ​တောအရပ် တစ်နေရာတွင် စခန်းချနေစဉ် နံနက် အရုဏ်တက်ခါနီး၌ လူများ အော်ဟစ်သံ၊ စကားပြောသံ၊ ကလေးငိုသံ၊ မောင်းထုသံ၊ ​ခွေးဟောင်သံများကို ကြားခဲ့ရသည် ဆို၏။

ထိုအနီးအနား၌ ရွာလည်​းမရှိ၊ လူလည်းမရှိချေ။ ထို့နောက် စုံစမ်းကြည့်ရာ သူစခန်းချသော ​နေရာမှာ ​ရှေး ယခင်က ရွာတစ်​ရွာ ရှိခဲ့ဖူးပြီး ဝမ်းရောဂါနှင့် ရွာလုံးကျွတ် ပျက်စီးခဲ့ရသည်ဟု သိရှိခဲ့ရသည်။

နန်းတွင်းသားများနှင့် ​ကျောင်းဆရာမနှစ်ဦး

နောက်ထပ်ဖြစ်ရပ်မှာ ၁၉၀၁ ခုနှစ်က အင်္ဂလန်ပြည် St.Huge’s Collegue မှ ကျောင်းဆရာမ နှစ်ဦးဖြစ်သော မိုဘာလီနှင့် အယ်လီနာ (Anne Moberly and Eleanor Jourdian) တို့သည် ပြင်သစ်ပြည်သို့ အလည်အပတ် သွားစဉ် တစ်နေရာ၌ ထူးဆန်းသော နန်းတွင်း အဆောက်အုံများ၊ ရှေးအဝတ်အစားများနှင့် လူများ၊ ရှေးခေတ် အသုံးအဆောင်များကို ​တွေ့မြင်ခဲ့၍ An Adventure အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ကြသည်။

သူတို့၏ အတွေ့အကြုံ ဖြစ်ရပ်များကို သမိုင်းပညာရှင်များက ​လေ့လာခဲ့ကြရာ ၁၇ ရာစု အတွင်းက ပြင်သစ်မိဖုရား၊ နန်းတွင်းသူ၊ နန်းတွင်းသားများနှင့် ထိုခေတ်က အခြေအနေများကို ဖော်ကျူး ရေးသားထားသည်ကို သိရှိခဲ့ရသည်။

သို့သော် သူတို့ တွေ့ခဲ့ရပါသည်၊ ကြားခဲ့ရပါသည်ဟု ဆိုသော အရာများ၊ လူများမှာ သူတို့ပြောသော ​နေရာ၌လည်း မရှိချေ။ ထိုကောလိပ်ဆရာမ နှစ်ဦးမှာ ပြင်သစ်သမိုင်း အကြောင်းလည်း လေ့လာဖူးသူများ မဟုတ်သလို စိတ်ဝင်စားသူများလည်း မဟုတ်ကြပေ။

ဟိုတယ်ခန်းထဲမှ စစ်ပွဲသံများ

နောက်ထပ် အတိတ်ဖြစ်ရပ်ကို အာရုံထင်မှုမှာ အင်္ဂလိပ်အမျိုးသမီး နှစ်ဦးသည် ပြင်သစ်ပြည် ဟိုတယ်တစ်ခု၌ တည်းခိုနေစဉ် တစ်ည၌ အမြောက်ပစ်သံများ၊ သေနတ်သံများ၊ လေယာဉ်ပျံ ဗုံးကြဲသံများကို နှစ်နာရီကြာမျှ ဆူညံစွာ ကြားကြရ၏။

နောက်မှ စုံစမ်းကြည်​့​လေရာ ထိုနေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ ဝင်ရောက် တိုက်​ခိုက်ခဲ့သော ​နေရာဖြစ်ကြောင်း သိခဲ့ရသည် ဆို၏။

အတိတ်နှင့် အနာဂတ်အား အာရုံထင်မှု

စိတ်ဝိညာဉ် သု​တေသန ပညာရှင်တို့၏ လေ့လာထားချက်များအရ အနာဂတ်ကို ကြိုတင်သိမြင်မှုနှင့် အတိတ်ကို အာရုံထင်မှုတို့သည် ရုပ်ဝါဒအမြင်နှင့် ဆန့်ကျင်၍ သိပ္ပံပညာဖြင့် ရှင်းပြ၍ မရအပ်သော စိတ်စွမ်းအင်သတ္တိ တစ်မျိုးဖြစ်ကြောင်း ယုံမှားစရာ မရှိချေ။

ဥပမာကား အထက်ကောင်းကင်ကို မမြင်နိုင်ဘဲ မြေကြီးပေါ်၌ အမြဲနေသော ပုရွက်ဆိတ်အတွက် မြေပြင်သည်သာ သူ၏ စကြာဝဠာကြီးဖြစ်ပြီး ကောင်းကင်ပေါ်မှ တစ်စုံတစ်ရာ ကျလာခြင်းသည် ပုရွက်ဆိတ်အတွက် အံ့ဖွယ်သရဲအမှု ဖြစ်နေပေမည်။

ထိုနည်းတူစွာပင် ပစ္စုပ္ပုန်ကိုသာ လူတို့သိမြင်ခြင်းသည် အတိတ်နှင့် အနာဂတ်ကို တစ်ခါတစ်​ရံ အာရုံထင်သောအခါ ထူးဆန်းနေမည်သာ။

မရောက်ဖူးသော အရပ်ဒေသသို့ မီးရထားဖြင့် ခရီးသွားသောအခါ ပြင်ပ ရှုခင်းများကို ကြည့်မြင်သူကဲ့သို့ ကျွန်ုပ်တို့သည် ပစ္စုပ္ပန်ကိုသာ မြင်၍ အတိတ်ကို မှတ်မိကြ၏။ မီးရထားခရီးသည်အတွက် နောင်တွေ့မြင်ရမည်​့ ရှုခင်​းများသည် ဧကန်ထင်ရှားရှိပြီး ကြိုတင်​ မြင်​နိုင်​စွမ်း မရှိသကဲ့သို့ ကျွန်ုပ်တို့သည် ရှိပြီးသား အနာဂတ်ကို ကြိုတင် မမြင်နိုင်ခြင်း ဖြစ်နိုင်ပေသည်။

အာကာသနှင့်အချိန်

အမေရိကန်ပြည်မှ စိတ်ဝိညာဉ် သုတေသန ဌာနမှူး ဒေါက်တာဂျေဘီရိုင်း၏ အဆိုအရ လောကဓာတ်ကြီးသည် အာကာသနှင့် အချိန်အပေါ်၌သာ တည်၍ လူ၏ စိတ်တန်ခိုးသည် အာကာသကိုပင် ကျော်လွှားသွားနိုင်သည် ဟူ၏။

ဗိုလ်ချူပ်၏ မျက်ရည်

မည်သို့ပင်ဆိုစေကာမူ ဤဒုက္ခဘုံကြီး၌ ကျွန်ုပ်တို့သည် အနာဂတ်ကိုသာ အမြဲမြင်နေရပါက စိတ်ချမ်းသာ ပျော်ရွင်ကြရမည် မဟုတ်ချေ။ ဗိုလ်ချူပ်အောင်ဆန်းသည် သူသေရမည့်အကြောင်း ဘုရင်ခံဒေါ်မန်စမစ်အား ​ပြောပြစဉ်က မျက်ရည်ဝဲ​နေခဲ့သည်ဟု ဆို၏။ ဗိုလ်ချူပ်သည် သူသေရမည်ကို ကြောက်သောကြောင့် ဝမ်​းနည်​းရသည်​တော့ မဖြစ်တန်ရာ။ သို့ရာတွင် သူကြိုးပမ်း တည်ဆောက်လျက်ရှိသော မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီးကို သူကိုယ်တိုင် မြင်ရတော့မည် မဟုတ်ကြောင်း သိရသောအခါ စိတ်ထိခိုက်ခံစားရမည်မှာ အမှန်ပင်တည်း။

ကိုးကား

(1)ဘဝအတွေ့အကြုံမှ သိမှတ်ဖွယ်ရာများနှင့် အခြားဆောင်းပါးစာစုများ (ဦးအေးမောင်)
(2)စိတ်ဝိညာဉ်ဆိုင်ရာ ​လေ့လာတွေ့ရှိချက်များ (ဦးအေးမောင်)

Leave a Reply