ပထမကမာၻစစ္ ဆုိသည္မွာ

Posted on

ပထမကမၻာစစ္သည္ ၁၉၁၄ မွ ၁၉၁၈ အတြင္းျဖစ္ပြားခဲ့သည္။ ထိုကဲ့ေသာ ႀကီးမားေသာ စစ္ပြဲမ်ိဳး သမိုင္းတြင္ တစ္ခါမွ မျဖစ္ဖူးေသာေၾကာင့္ မဟာစစ္ပြဲႀကီး (Great war) ဟုေခၚဆိုခဲ့သည္။ ေနာက္ ၂၁ ႏွစ္ အၾကာတြင္ ေနာက္တစ္ႀကိမ္ႀကီးက်ယ္ေသာ စစ္ပြဲႀကီးေပၚလာေသာေၾကာင့္ ပထမ ကမၻာစစ္၊ ဒုတိယ ကမၻာစစ္ဟု ခြဲျခားေခၚဆိုခဲ့သည္။ ပထမကမၻာစစ္အတြင္းတြင္ စစ္သည္ေပါင္း ၉ သန္းေက်ာ္ေသဆုံးခဲ့သည္။ ထိုစစ္သည္ အမ်ားစုမွာ စစ္ႀကီးမျဖစ္ခင္က သာမန္အရပ္သားမ်ားသာ ျဖစ္ၾကသည္။ က်ဆုံးခဲ့ေသာ စစ္သည္မ်ားအား ဦးေခါင္းမွေန၍ ေျခဖ်ားအထိဆက္လိုက္လ်င္ ၁၅၀၈၄ ကီလိုမီတာ၊ မိုင္အားျဖင့္ ၉၃၇၅ မိုင္ ရွိသည္ဟု ဆိုၾကသည္။ ထိုအကြာအေဝးသည္ ကမၻာႀကီးကို တစ္ပတ္ပတ္ပါက ထက္ဝက္နီးပါးခန္႔ရွိမည္ျဖစ္သည္။

ပထမကမၻာစစ္အတြင္းတြင္ ႏိုင္ငံအုပ္စုႀကီးႏွစ္ခု ပါဝင္တိုက္ခိုက္ခဲ့ၾကသည္။ ၿဗိတိန္၊ ျပင္သစ္ ႏွင့္ ႐ုရွားတို႔ ပါဝင္ေသာ မဟာမိတ္ႏိုင္ငံမ်ား (Allied Powers/Triple Entente) ႏွင့္ ဂ်ာမနီ၊ ဩစႀတီးယားႏွင့္ ဟန္ေဂရီတို႔ ပါဝင္ေသာ ဗဟိုအင္အားႀကီး ႏိုင္ငံမ်ား (Central Power/Triple Alliance) တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ မဟာမိတ္ႏိုင္ငံမ်ားဘက္မွ ဂ်ပန္ႏိုင္ငံစေသာ ႏိုင္ငံငယ္မ်ား ပါဝင္လာၿပီး ဗဟိုအင္အားႀကီးႏိုင္ငံမ်ားဘက္မွ တူရကီ၊ ဘူလ္ေဂးရီယားစေသာ ႏိုင္ငံမ်ား ပါဝင္လာခဲ့သည္။ စစ္ပြဲႀကီး ၿပီးခါနီးတြင္မွ အေမရိကန္ျပည္ေထာင္စုသည္ မဟာမိတ္ႏိုင္ငံမ်ားဘက္မွ ပါဝင္လာခဲ့သည္။ စစ္ပြဲႀကီးအၿပီးတြင္ ဗဟိုအင္အားႀကီးႏိုင္ငံမ်ား ႐ႈံးနိမ့္၍ မဟာမိတ္ႏိုင္ငံမ်ား အႏိုင္ရရွိခဲ့သည္။

စစ္ျဖစ္ရသည့္ အေၾကာင္းအရင္းမ်ား

အရင္းရွင္ႏိုင္ငံႀကီးမ်ားအၾကား အခ်င္းခ်င္းၿပိဳင္ဆိုင္မႈ ျပင္းထန္လာေသာေၾကာင့္ ပထမကမၻာစစ္ႀကီးစတင္ ျဖစ္ပြားခဲ့သည္။ စစ္ႀကီးျဖစ္ပြားေစေသာ အေၾကာင္းအရင္းမ်ားမွာ –
ကိုလိုနီ နယ္ေျမမ်ား အၿပိဳင္အဆိုင္ရွာေဖြလာျခင္း

အမ်ိဳးသားေရးဝါဒမ်ား ျပင္းထန္လာျခင္း
မဟာမိတ္စစ္အုပ္စုမ်ား အၿပိဳင္ဖြဲ႕စည္းလာျခင္းႏွင့္
လက္နက္အၿပိဳင္ တပ္ဆင္လာျခင္းတို႔ေၾကာင့္ ျဖစ္သည္။

ပထမကမၻာစစ္ စတင္ျဖစ္ပြားရျခင္းအေၾကာင္း

ပထမကမၻာစစ္သည္ ၁၉၁၄၊ ဇြန္လ (၂၈) ရက္ေန႔တြင္ ဩစႀတီးယားအိမ္ေရွ႕မင္းသား ဖရန္စစ္ ဖာဒီနန္ႏွင့္ ၾကင္ရာေတာ္တို႔ ေဘာ့စနီးယားႏိုင္ငံ ဆာရာေယဗိုၿမိဳ႕တြင္ လုပ္ႀကံခံရရာမွ စတင္ခဲ့သည္။ ေဘာ့စနီးယားႏိုင္ငံသည္ ၁၉၀၈ ခုႏွစ္တြင္ ဩစႀတီးယားႏိုင္ငံ၏ သိမ္းပိုက္ျခင္းကိုခံခဲ့ရသည္။ ေဘာ့စနီးယန္း အမ်ားစုမွာ ဆာ့ဘ္လူမ်ိဳးမ်ား ျဖစ္ၾကသည္။ ထိုသူတို႔သည္ ဩစႀတီးယားလက္ေအာက္မွ လြတ္ေျမာက္၍ အိမ္နီးခ်င္း ဆားဘီးယားႏိုင္ငံႏွင့္ ေပါင္းစည္းလိုၾကသည္။ ဩစႀတီးယား အိမ္ေရွ႕မင္းသားကို လုပ္ႀကံသူမွာ Black Hand ဟုေခၚေသာ ဆာ့ဘ္အၾကမ္းဖက္အသင္းဝင္ ေဘာ့စနီးယန္း အမ်ိဳးသားတစ္ဦး ျဖစ္သည္။ သူသည္ ဆားဘီးယားႏွင့္ ေဘာ့စနီးယား ေပါင္းစည္းေရးကို လိုလားသူျဖစ္သည္။

ဆားဘီးယားႏိုင္ငံမွ ယင္းကဲ့သို႔လုပ္ႀကံမႈမ်ိဳး ေပၚေပါက္ေအာင္ အားေပးသည္ဟုဆိုကာ ဩစႀတီးယားက ဆားဘီးယားကို ျပင္းထန္သည့္ ရာဇသံမ်ားပို႔ခဲ့သည္။ ဩစႀတီးယား၏ ရာဇသံကို ဂ်ာမနီကေထာက္ခံခဲ့သည္။ ထိုရာဇသံပါ အခ်က္အလက္မ်ားသည္ ဆားဘီးယား၏ လြပ္လတ္ေရးကို ထိပါးေသာေၾကာင့္လည္းေကာင္း၊ ႐ုရွားႏိုင္ငံ၏ ေထာက္ခံမႈကို ရရွိေသာေၾကာင့္လည္းေကာင္း ဆားဘီးယားသည္ ဩစႀတီးယားကိုရင္ဆိုင္ရန္ စစ္ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ ရာဇသံကို လက္မခံႏိုင္ေၾကာင္း ဩစႀတီးယားအား အေၾကာင္းၾကား ခဲ့သည္။

ထို႔ေၾကာင့္ ၁၉၁၄၊ ဇူလိုင္(၂၈) တြင္ ဩစႀတီးယားက ဆားဘီးယားကို စစ္ေၾကညာခဲ့သည္။ ဩစႀတီးယားႏွင့္ ဆားဘီးယားတို႔ စစ္ျဖစ္ရာတြင္ ဩစႀတီးယားဘက္မွ ဂ်ာမနီကလည္းေကာင္း၊ ဆားဘီးယားဘက္မွ ျပင္သစ္၊ ႐ုရွားႏွင့္ အဂၤလန္တို႔မွလည္းေကာင္း အသီးသီး ပါဝင္တိုက္ခိုက္ခဲ့ၾကသည္။ ကိုလိုနီခြဲေဝေပးမည္ဟူေသာ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔၏ ဆြဲေဆာင္မႈေၾကာင့္ ၁၉၁၅ တြင္ အီတလီသည္ ယင္းတို႔ဘက္မွ ပါဝင္တိုက္ခိုက္ခဲ့သည္။

စစ္ဦးဘီလူးထြက္ ထြက္လာသည့္ ဂ်ာမနီကို တစ္ကမၻာလုံးက အံ့ဩခဲ့ၾကသည္။ ဂ်ာမန္တပ္တို႔၏ တိုက္ခိုက္ပုံမ်ားမွာ အႏွစ္ႏွစ္အလလက ႀကိဳတင္၍ ေသခ်ာစြာ ျပင္ဆင္မႈ ရွိသကဲ့သို႔ အခ်က္က်က် အရာေရာက္ေရာက္ႏွင့္ ထိမိစြာ တိုက္ခိုက္ႏိုင္သည္။ ဂ်ာမနီ၏ စစ္တပ္အင္အားမွာ ဥေရာပ တစ္တိုက္လုံး၌ အႀကီးမား အထင္ရွားဆုံး ကဲ့သို႔ ျဖစ္ခဲ့သည္။ ဂ်ာမနီသည္ တစ္လအတြင္း ျပင္သစ္အား သိမ္းပိုက္ၿပီးမွ ႐ုရွားကို တိုက္ခိုက္ရန္ ရည္႐ြယ္ထားသည္။ ထို႔အျပင္ ၿဗိတိန္ကို သိမ္းသြင္းၿပီး အေရွ႕ဘက္သို႔ နယ္ခ်ဲ႕ရန္၊ ေဗာ္လကန္နယ္မ်ားကို သိမ္းသြင္းရန္ အစီအစဥ္လည္း ရွိေလသည္။

ဘယ္လ္ဂ်ီယမ္သည္ ရွိသမၽွစစ္သား ၂ သန္းခန္႔ႏွင့္ အင္အားႀကီးမားေသာ ဂ်ာမန္စစ္တပ္ႀကီးကို ရက္သတၱ ၂ ပတ္မၽွ ၾကာေအာင္ ခုခံတြန္းလွန္ေနခဲ့သျဖင့္ ျပင္သစ္အဖို႔ ဂ်ာမန္မ်ားဝင္ေရာက္မည့္ လမ္းမ်ားတြင္ စစ္အင္အား ထပ္ျဖည့္ထားရန္ အခ်ိန္ရခဲ့သည့္အျပင္ ျပင္သစ္ႏိုင္ငံေျမာက္ပိုင္းသို႔ ရွိသမၽွေသာ အဂၤလိပ္စစ္တပ္မ်ားကိုလည္း တင္ပို႔ႏိုင္ခဲ့သည္။ ထိုသို႔ မဟာမိတ္မ်ားဘက္တြင္ စစ္အင္အား ျဖည့္တင္းရန္ အခ်ိန္ရရွိသြားသည့္အတြက္ ဂ်ာမနီမွ စစ္ကိုလ်င္ျမန္စြာ အႏိုင္ႏွင့္ပိုင္းရန္ ရည္မွန္းခ်က္ႀကီး ပ်က္ျပားရသည္။

ဘယ္လဂ်ီယမ္ အာဇာနည္စစ္သည္မ်ားသည္ အစြမ္းကုန္ႀကိဳးစား တြန္းလွန္ၾကေသာ္လည္း ဂ်ာမနီ၏ ႀကီးမားေတာင့္တင္းလွေသာ ဒဏ္ကို မခံႏိုင္ပဲ ဩဂုတ္လ ၁၅ ရက္ေန႔တြင္ လီေအ့ခံတပ္ႀကီး က်ိဳးေပါက္သြားၿပီးေနာက္ ၄ ရက္မၽွအၾကာတြင္ ဗရပ္ဆဲၿမိဳ႕ေတာ္ႀကီး က်ဆုံးခဲ့ရေလသည္။ ဘယ္လဂ်ီယမ္ အစိုးရအဖြဲ႕လည္း ျပင္သစ္ႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕သြားရသည္။

ဘယ္လဂ်ီယမ္ႏိုင္ငံကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီးေနာက္ ျပင္သစ္ႏိုင္ငံဘက္သို႔ ဂ်ာမန္တပ္မ်ား ဆက္လက္ ခ်ီတက္ခဲ့သည္။ ထိုအခါ ဘယ္လဂ်ီယမ္၊ ျပင္သစ္၊ အဂၤလိပ္တပ္မ်ားကလည္း တြန္းလွန္ႏိုင္သမၽွ တြန္းလွန္ခဲ့သည္။ ဤသို႔ျဖင့္ မဟာမိတ္တပ္မ်ားႏွင့္ ဂ်ာမန္တပ္မ်ားသည္ အေနာက္ဘက္ စစ္ေျမျပင္ မန္းျမစ္အနီးတြင္ ယွဥ္ၿပိဳင္တိုက္ခိုက္ၾကရာ ဂ်ာမန္တို႔ ေနာက္ဆုတ္ေပးရသည္။ ထို႔ေၾကာင့္ ျပင္သစ္ႏိုင္ငံအတြက္ အတန္စိတ္ေအး သြားရေသာ္လည္း ဂ်ာမန္တို႔မွာ ျပင္သစ္ႏိုင္ငံ၏ အႂကြယ္ဝဆုံးေသာနယ္ ဆယ္ပုံတစ္ပုံခန္႔ကို သိမ္းပိုက္မိထားၾကသည္။

စစ္ျဖစ္၍ ၾကည္းေၾကာင္းတိုက္ပြဲမ်ားတြင္ မဟာမိတ္တပ္မ်ားသာလၽွင္ အ႐ႈံးမ်ားေလသည္။ ဘယ္လဂ်ီယမ္ႏိုင္ငံ အီးပရားတိုက္ပြဲတြင္ အဂၤလိပ္စစ္တပ္ႀကီး တပ္လုံးျပဳတ္လုမတတ္ က်ဆုံးခဲ့သည္။ ထို႔ေၾကာင့္ ၿဗိတိန္သည္ စစ္တပ္အင္အားကို ထပ္မံျဖည့္တင္းခဲ့ရာ တစ္ႏွစ္အတြင္း တပ္သားေပါင္း ၁ သန္းေက်ာ္ ရရွိခဲ့၍ ၿဗိတိသၽွ ႏိုင္ငံေတာ္အတြင္းမွ စစ္တပ္အင္အားမ်ားပါဆိုလၽွင္ တပ္သား ၂ သန္းေက်ာ္ ရွိခဲ့သည္။ သို႔ေသာ္ စစ္ပြဲတြင္ ရန္သူတပ္မ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္ႏိုင္ေလာက္ေအာင္ကား က်င့္သား မရွိၾကေသးေပ။ ၁၉၁၇ ခုႏွစ္ေလာက္တြင္မွ အဂၤလိပ္တို႔၏ တိုက္ခိုက္မႈ အင္အားမွာ ထိပ္တန္းသို႔ ေရာက္ခဲ့သည္ဟု ဆိုႏိုင္သည္။

ပထမ ကမၻာစစ္ႀကီးတြင္ ႏိုင္ငံအမ်ား ပါဝင္တိုက္ခိုက္ၾကသျဖင့္ စစ္မ်က္ႏွာမွာ တစ္ေနရာတည္းတြင္ မဟုတ္ေပ။ အေနာက္ဘက္ စစ္မ်က္ႏွာ၊ အေရွ႕ဘက္ စစ္မ်က္ႏွာ၊ အီတာလ်ံ စစ္မ်က္ႏွာ၊ ေဗာ္လကန္ေတာင္ပိုင္း စစ္မ်က္ႏွာဟူ၍ ေနရာအႏွံ႔အျပား ရွိခဲ့သည္။ ထိုစစ္မ်က္ႏွာမ်ားအတြင္း အေရးအပါဆုံးမွာ အေနာက္ဘက္ စစ္မ်က္ႏွာ ျဖစ္သည္။ အဂၤလိပ္ေရလက္ၾကားႀကီးမွ ဆြစ္ဇာလန္ႏိုင္ငံအထိ စစ္ေၾကာင္း ျပန္႔ေန၍ မိုင္ေပါင္း ၄၅၀ မၽွ ရွည္လ်ားသည္။

အေရွ႕ဘက္ စစ္မ်က္ႏွာတြင္ ႐ုရွားက ေခါင္းေဆာင္ တိုက္ခိုက္ေလရာ နစ္ကလတ္ မင္းသားႀကီး ကိုယ္တိုင္ တစ္ႏွစ္ခြဲခန္႔ ဦးစီးခဲ့ၿပီးေနာက္ ႐ုရွားဇာဘုရင္ကိုယ္တိုင္ ကြပ္ကဲတိုက္ခိုက္ေလသည္။ ထိုစစ္မ်က္ႏွာတြင္ ဂ်ာမန္တို႔ဘက္မွ စစ္ဦးစီးခ်ဳပ္ လူဒင္ေဒါ့၏ အကူအညီျဖင့္ ဗိုလ္ခ်ဳပ္မႉး ဟင္ဒင္ဗတ္က ႀကီးမႉးတိုက္ခိုက္ခဲ့ရာ တန္နင္ဗတ္တိုက္ပြဲတြင္ နာမည္ရခဲ့ၿပီး မၾကာမီ ဂ်ာမနီ၏ စစ္ေသနာပတိခ်ဳပ္ ျဖစ္လာသည္။

အေနာက္ဘက္ စစ္မ်က္ႏွာတြင္ သုံးႏွစ္ခန္႔အတြင္း အႀကီးအက်ယ္ ေျပာင္းလဲခဲ့ျခင္း မရွိေပ။ ထိုေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔သည္ လက္နက္ခဲယမ္း မီးေက်ာက္မ်ား တိုးတက္တည္ေဆာက္ ထုတ္လုပ္ႏိုင္ခဲ့သည္ ျဖစ္ရာ တိုက္ပြဲမ်ားတြင္ အမ်ားအားျဖင့္ အေျမာက္ကို သုံးႏိုင္ခဲ့ၾကသည္။ ထိုႏွစ္အတြင္း စစ္မ်က္ႏွာ၌ အေရးအပါဆုံး တိုက္ပြဲမွာ ဗာဒန္တိုက္ပြဲ ျဖစ္သည္။ ဗာဒန္မွာ ပဲရစ္ၿမိဳ႕သြားရာ လမ္းေပၚတြင္ တည္ရွိ၍ ျပင္သစ္ခံစစ္ေၾကာင္း၏ အခ်က္အခ်ာ ျဖစ္ေလရာ ဂ်ာမန္အိမ္ေရွ႕ ဥပရာဇာကိုယ္တိုင္ ဗာဒန္ကို တိုက္ခိုက္သိမ္းပိုက္ရန္ ႀကိဳးစားခဲ့သည္။ ျပင္သစ္တို႔ကလည္း ႐ြပ္႐ြပ္ခၽြံခၽြံ ခုခံတိုက္ခိုက္ခဲ့၍ ေသြးေခ်ာင္းစီးေသာ တိုက္ပြဲႀကီးမ်ား ထိုၿမိဳ႕အနီး၌ ျဖစ္ပြားခဲ့ေလသည္။ သို႔ေသာ္ ဗာဒန္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္မႉး (ေနာက္မာရွယ္) ေပတန္း၏ ႀကိဳးပမ္းခ်က္ေၾကာင့္ မက်ပဲရွိေနခဲ့သည္။

အေရွ႕ဘက္ စစ္မ်က္ႏွာ ေျမာက္ဘက္တြင္ ဗြန္ဟင္ဒင္ဗတ္၏ ဂ်ာမန္စစ္တပ္မ်ားသည္ မဆူးရီယန္အိုင္မ်ား ေဒသတစ္ဝိုက္၌ အေရးသာေနၾကသည္။ ေတာင္ဘက္တြင္ ပထမေသာ္႐ုရွားသည္ စစ္ေရးလွခဲ့သည္။ ဩစႀတီးယားတပ္မ်ား ဂလစ္ရွာနယ္ကိုျဖတ္၍ ဟန္ေဂရီႏိုင္ငံထဲသို႔ပင္ ဝင္ႏိုင္ခဲ့သည္။ သို႔ေသာ္ ၁၉၁၅ ခုႏွစ္ ေႏြရာသီတြင္ ဂ်ာမန္ႏွင့္ ဩစႀတီးယားတပ္မ်ား ပူးေပါင္း၍ ႐ုရွားတို႔အား ဂလစ္ရွာနယ္ထဲမွ အထူးေအာင္ျမင္စြာ ေမာင္းထုတ္လိုက္သည္။ ထိုအခါ နစ္ကလပ္ မင္းသားႀကီးေနရာတြင္ ႐ုရွားဇာဘုရင္ကိုယ္တိုင္ ထိုတပ္မ်ားကို ကြပ္ကဲတိုက္ခိုက္ေလသည္။

႐ုရွားအား ဗဟိုႏိုင္ငံမ်ား၏ ဖိႏွိပ္ျခင္းမွ သက္သာရာရေစရန္ မဟာမိတ္တပ္မ်ားသည္ တူရကီပိုင္ ဒါးဒနဲေရလက္ၾကားမွ ဂလစ္ပိုလီကၽြန္းဆြယ္ကို တိုက္ခိုက္သိမ္းယူရန္ ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ရာတြင္ မေအာင္ျမင္သည့္အျပင္ ေဗာ္လကန္ျပည္နယ္မ်ား၏ အထင္ေသးျခင္းကိုပင္ ခံရေလသည္။ ဩစႀတီးယားသည္ ဆားဗီးယားကို တိုက္ခိုက္ခဲ့ရာတြင္ ေမၽွာ္လင့္သေလာက္ မလြယ္ကူလွေခ်။ ဩစႀတီးယားတို႔က ဆားဗီးယားၿမိဳ႕ေတာ္ ဗဲလ္ဂရိတ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ေသာ္လည္း ဆားဗီးယားတို႔က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္ မၾကာမီ အူေရာင္ငန္းဖ်ားေရာဂါ က်ေရာက္သျဖင့္ ဆားဗီးယားတပ္မ်ား အေတာ္ပင္ အင္အားနည္းသြားေလသည္။

ကမၻာစစ္ႀကီးဟုေခၚတြင္သည့္ အတိုင္း တိုက္ပြဲမ်ားမွာ ဥေရာပတိုက္တြင္သာ ျဖစ္ပြားသည္မဟုတ္ေခ်။ အာရွတိုက္ဘက္တြင္လည္း ျဖစ္ပြားၾကေသးသည္။ ၁၉၁၅ ခုႏွစ္ ကုန္ခါနီးေလာက္တြင္ အဂၤလိပ္ႏွင့္ အိႏၵိယ တပ္တစ္တပ္သည္ ဘဂၢဒက္ၿမိဳ႕ကို သိမ္းပိုက္ရန္ေရာက္လာခဲ့သည္။ ႏိုဝင္ဘာလတြင္ ၿဗိတိသၽွတပ္မ်ားသည္ ဘဂၢဒက္ၿမိဳ႕ေတာင္ဘက္ရွိ တူရကီတို႔ကို တိုက္ခိုက္ရာ အတန္ငယ္ အေရးသာေသာ္လည္း ဒီဇင္ဘာလတြင္ အေရးနိမ့္ကာ ကြယ္အယ္အဲမာရားၿမိဳ႕တြင္ အဝိုင္းခံရေလသည္။ ၁၉၁၆ ခု ဧၿပီလတြင္ ရိကၡာျပတ္လပ္၍ ငတ္မြတ္ေခါင္းပါးျခင္း ေဘးႏွင့္ ႀကဳံရေလျဖင့္ ၿဗိတိသၽွတပ္မ်ား လက္နက္ခ်ၾကရေလသည္။ ထိုေၾကာင့္ ၿဗိတိသၽွတို႔၏ ဂုဏ္သေရကို အတန္ပင္ ထိခိုက္သြားေလသည္။ သို႔ရာတြင္ ထိုတပ္ကို ကယ္တင္ရန္ ေရာက္လာေသာ စစ္ကူတပ္သည္ ၁၉၁၇ ခု မတ္လတြင္ ဘဂၢဒက္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီးလၽွင္ ေျမာက္ဘက္သို႔ ခ်ီတက္သြားႏိုင္ခဲ့ေလသည္။

၁၉၁၇ ခု ဒီဇင္ဘာ ၁ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္မႉး အယ္လင္ဗီေခါင္းေဆာင္ေသာ တပ္မ်ားသည္ ဂ်႐ူးဆလမ္းၿမိဳ႕သို႔ ခ်ီတက္ၿခံ၍ ၉ရက္ေန႔တြင္ ထိုၿမိဳ႕ကို သိမ္းပိုက္ခဲ့၏။ ထိုေအာင္ျမင္မႈမွာ ၁၉၁၇ ခုႏွစ္အတြင္း မဟာမိတ္တို႔၏ အေရးပါေသာ ေအာင္ျမင္မႈမ်ားထဲတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

ၿဗိတိသၽွတို႔၏ အင္အားေကာင္းေသာ ေရတပ္ေၾကာင့္ ဂ်ာမန္တို႔ ႏိုင္ငံျခားႏွင့္ ကုန္မသြယ္ႏိုင္ေအာင္ ပိတ္ပင္ႏိုင္ခဲ့သည့္ျပင္ ဂ်ာမန္ေရတပ္ႀကီးကို ေရတပ္စခန္းမ်ားမွ မထြက္ႏိုင္ေအာင္ ပိတ္ဆို႔ထားႏိုင္ခဲ့သည္။ စစ္ျဖစ္စက ဂ်ာမန္ေရတပ္ႀကီးသည္ ကီးတူးေျမာင္းအတြင္း စခန္းမ်ား၌ လုံၿခဳံစြာ ရွိေနခဲ့သည္။ သို႔ေသာ္ ပင္လယ္ျပင္တြင္ ရွိေနေသာ ဂ်ာမန္ ေတာ္ပီဒို သေဘၤာအခ်ိဳ႕ႏွင့္ က႐ုဇာစစ္သေဘၤာ အခ်ိဳ႕သည္ ေျမာက္ပင္လယ္အတြင္း ကူးသန္းသြားလာေရးတြင္ အေႏွာင့္အယွက္ ေပးခဲ့ေလသည္။ သို႔ေသာ္ တျဖည္းျဖည္း ထိုသေဘၤာမ်ားကို ဖမ္းဆီးျခင္း၊ ႏွစ္ျမႇဳပ္ျခင္း ျပဳလုပ္လာႏိုင္ခဲ့ေသာအျခ မဟာမိတ္ႏွင့္ ၾကားေနႏိုင္ငံသေဘၤာမ်ားမွာ ဂ်ာမန္ေရငုပ္သေဘၤာမ်ား၏ ရန္ကိုသာ ေၾကာက္႐ြံ႕ရေလေတာ့သည္။

ပထမကမၻာစစ္အတြင္း အႀကီးက်ယ္ဆုံးေသာ ေရေၾကာင္းတိုက္ပြဲမွာ ၁၉၁၆ ခု ေမလ ၃၁ ရက္ေန႔တြင္ ျဖစ္ပြားေသာ ဂ်တ္တလန္ တိုက္ပြဲျဖစ္ေပသည္။ ထိုတိုက္ပြဲတြင္ ဂ်ာမန္ေရတပ္ေရေၾကာင္းဗိုလ္ခ်ဳပ္ေရွးက ကြပ္ကဲ၍ အဂၤလိပ္ေရတပ္ တိုက္သေဘၤာမ်ားကို ေရေၾကာင္းဗိုလ္ခ်ဳပ္ ဗီးတီးက ဦးစီးအုပ္ခ်ဳပ္ခဲ့ေလသည္။ ႏွစ္ဖက္စလုံးမွ သေဘၤာမ်ားသည္ ဒိန္းမတ္ႏိုင္ငံကမ္းေျခတြင္ တစ္ေန႔လုံး တိုက္ခိုက္ၾကရာ ညေနဘက္တြင္ ေရေၾကာင္းဗိုလ္ခ်ဳပ္မႉးဂ်ယ္လီကို ဦးစီးေသာ အဂၤလိပ္ေရတပ္စုတစ္စုသည္ အကူေရာက္လာသျဖင့္ ဂ်ာမန္ေရတပ္သည္ ယင္း၏ စခန္းမ်ားသို႔ ေနာက္ျပန္ဆုတ္သြားေလေတာ့သည္။ ထိုတိုက္ပြဲတြင္ ဂ်ာမန္တို႔က အႏိုင္ရသည္ဟု ေက်ညာခဲ့သည္။

အဂၤလိပ္တို႔ဘက္မွ အပ်က္အစီး အဆုံးအ႐ႈံးမွာ ဂ်ာမန္တို႔ႏွင့္ ႏႈိင္းယွဥ္ေသာ္ အလြန္ပင္ မ်ားျပားေသာေၾကာင့္ တစ္နည္းအားျဖင့္ ထိုေက်ညာခ်က္မွာ မွန္သည္ဟု ဆိုႏိုင္ေပသည္။ သို႔ေသာ္ ထိုေနာက္တြင္ ကိုင္ဇာဘုရင္သည္ ေငြကိုေရလိုသုံးကာ တည္ေဆာက္ခဲ့သည့္ျပင္ သူတို႔ ဂုဏ္ယူခဲ့ေသာ ဂ်ာမန္ေရတပ္ႀကီးမွာ ကီးတူးေျမာင္း စခန္းမ်ားတြင္ ပိတ္မိေတာ့သည္။ ထို႔အျပင္ ဂ်ာမန္တို႔ထက္ အဆုံးအ႐ႈံးမ်ားေသာ္လည္း အဂၤလိပ္ေရတပ္သည္ ပင္လယ္ျပင္တြင္ ႀကီးစိုးၿမဲႀကီးစိုးေနခဲ့ေလသည္။ ဂ်ာမန္တို႔သည္ ေရတပ္ႀကီးကို အသုံးမျပဳႏိုင္ေသာေၾကာင့္ ေရငုပ္သေဘၤာမ်ားကို တြင္က်ယ္စြာ အသုံးျပဳခဲ့ကာ အဂၤလိပ္ေရတပ္ကို ႀကီးစြာ ေႏွာင့္ယွက္ႏိုင္ခဲ့သည္။

သုိ႔ေသာ္ မဟာမိတ္တပ္မ်ားသည္ ဂ်ာမန္ေရငုပ္သေဘၤာမ်ား၏ အႏၲရာယ္ကို ထိထိေရာက္ေရာက္မဟုတ္ေသာ္လည္း အေတာ္အတန္ကာကြယ္ႏိုင္ေသာ အစီအမံမ်ားကို တျဖည္းျဖည္းျပဳလုပ္လာႏိုင္ေသာေၾကာင့္လည္းေကာင္း ဂရိၿဗိတိန္ႏွင့္ အေမရိကန္ ျပည္ေထာင္စုႏိုင္ငံတို႔သည္ သေဘၤာမ်ားကို လ်င္ျမန္စြာ တည္ေဆာက္ လာႏိုင္ေသာေၾကာင့္လည္းေကာင္း ဂ်ာမန္တုိ႔၏ေရငုပ္သေဘၤာမ်ားမွာ ေနာက္ပိုင္းတြင္ အရာမေရာက္ေတာ့။ မဟာမိတ္တုိ႔၏ ဖ်က္စီးျခင္းကုိသာ ခံခဲ့ရသည္။ အေမရိကန္တုိ႔သည္လည္း သေဘၤာမ်ားကို ဂ်ာမန္မ်ားဖ်က္ဆီး၍ မရႏိုင္ေလာက္ေအာင္ပင္ လ်င္ျမန္စြာ တိုးတက္ေဆာက္လုပ္ႏိုင္ခဲ့ေလသည္။

ပထမကမၻာစစ္ႀကီးမွစ၍ ေလယာဥ္ပ်ံမ်ားကို စစ္ဆင္မႈအတြက္ အသုံးျပဳလာခဲ့ေလသည္။ ပထမတြင္ေလယာဥ္ပ်ံမ်ားကို ရန္သူအေျခအေနကို အကဲခတ္ ဓာတ္ပုံ႐ိုက္ယူရန္ ကင္းေထာက္ရန္သာ အသုံးျပဳခဲ့ၾကသည္။ ထိုစဥ္က ေလယာဥ္ပ်ံမ်ားမွာလည္း ေသးငယ္သည့္အျပင္ တစ္နာရီမိုင္ ကိုးဆယ္မၽွေလာက္သာ ပ်ံသန္းႏိုင္ေသးသည္။ စစ္ျဖစ္စက အဂၤလိပ္တို႔တြင္ ေလယာဥ္ပ်ံ အနည္းငယ္မၽွသာ ရွိ၍ ျပင္သစ္တြင္မူ အမ်ားဆုံး ရွိေလသည္။

ဂ်ာမနီသည္ အဂၤလိန္ကို ေလေၾကာင္းမွ တိုက္ခိုက္ရာ၌ ဇက္ပလင္ေခၚ ဗူးသီးပုံသဏၭာန္ ေလသေဘၤာမ်ားျဖင့္ တိုက္ခိုက္ခဲ့ၾကသည္။ ထိုဇက္ပလင္ေလသေဘၤာမ်ားသည္ ခရီးရွည္ သြားလာႏိုင္ေသာ ေလယာဥ္မ်ိဳးျဖစ္သျဖင့္ အဂၤလန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားသို႔ သြားေရာက္ ဗုံးႀကဲတိုက္ခိုက္ရန္အတြက္ အလြန္အသုံးဝင္ေလသည္။ ၁၉၁၅ ခုႏွစ္မွ ၁၉၁၈ ခု ေမလတိုင္ေအာင္ အဂၤလန္ႏွင့္ ျပင္သစ္ႏိုင္ငံတို႔မွ ဂ်ာမန္ဇက္ပလင္မ်ား၏ ဗုံးႀကဲတိုက္ခိုက္ျခင္းကို မၾကာခဏ ခံခဲ့ၾကရသည္။ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ကလည္း ေလယာဥ္ပ်ံတပ္စုမ်ားကို အသုံးျပဳၾက၍ လည္းေကာင္း၊ အားေကာင္းလွေသာ မီးေမာင္းမ်ားထိုးကာ ေလယာဥ္ပ်ံပစ္အေျမာက္မ်ားျဖင့္လည္းေကာင္းတြန္းလွန္ ခုခံၾကသည္။ ဂ်ာမန္တို႔ ေလေၾကာင္းမွ တိုက္ခိုက္ျခင္းေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ ဆုံး႐ႈံးနစ္နာမႈမ်ား၏ အရပ္ရပ္တန္ဖိုးမွာ ေဒၚလာ ၁၀ သန္းခန္႔ ျဖစ္သည္။ သို႔ေသာ္ ျပင္သစ္ႏိုင္ငံတြင္ တစ္ေန႔တည္း၌ ဇက္ပလင္ႀကီး ငါးစင္းပ်က္က်၍ တစ္စင္းအဖမ္းခံရၿပီးေနာက္တြင္ ဂ်ာမန္တို႔၏ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ား ရပ္စဲသြားေလေတာ့သည္။

အဘက္ဘက္မွ အင္အားနည္းသြားေသာ ဂ်ာမန္တုိ႔သည္ ဆက္လက္တုိက္ခုိက္ရန္ မျဖစ္ႏုိင္ေတာ့ ၊ အထူးသျဖင့္ စစ္ပြဲသုိ႔၀င္ေရာက္လာသည့္ အေမရိကန္တပ္မ်ားေၾကာင့္ျဖစ္သည္။ အေမရိကန္စစ္သားမ်ားသည္ စစ္ထဲသုိ႔စတင္၀င္ေရာက္ရသည္ျဖစ္သျဖင့္ တက္ၾကြလန္းဆန္းေနၾကသည္ျဖစ္ၿပီး ေရရွည္တုိက္ခုိက္ထားရသည္ျဖစ္ေသာ ဂ်ာမန္တပ္သားတုိ႔မွာမူ အင္အားနည္းေနၿပီျဖစ္သည္။ အေမရိကန္တပ္မ်ား ျပင္သစ္သုိ႔ေရာက္ေသာအခါ မဟာမိတ္တုိ႔၏ တပ္အင္အားမွာ ၃ဆ ပိုမ်ားသြားေလသည္။ ထုိ႔ေၾကာင့္ ဂ်ာမန္ေခါင္းေဆာင္တုိ႔က စစ္ပြဲအား အဆုံးသတ္ေစရန္ အစုိးရအား တုိက္တြန္းၾကသည္။ ၁၉၁၈ခုႏွစ္ ႏုိ၀င္ဘာ ၉ ရက္ေန႔တြင္ ဂ်ာမန္အင္ပါယာအရွင္သခင္ Wilhelm II သည္ အာဏာကိုစြန္႔လႊတ္လုိက္ေလေတာ့သည္။ ႏွစ္ရက္အၾကာတြင္ ဂ်ာမန္သည္ ယာယီအျပစ္အခတ္ရပ္စဲေရးစာခ်ဳပ္တြင္ လက္မွတ္ထုိးေလေတာ့သည္။

ဗာဆိုင္းစာခ်ဳပ္

စစ္ရပ္စဲေရး စည္းကမ္းခ်က္မ်ား အရ ဂ်ာမနီတပ္မ်ားသည္ ဗဲလဂ်ီ၊ ျပင္သစ္၊ လပ္ဇင္ ဗတ္၊ အယ္လဆက္လိုရိန္း အစရွိသည့္ ေဒသမ်ားမွ ႐ိုင္းျမစ္တိုင္ေအာင္ ဆုတ္ခြာေပးရ၏။ လက္နက္ခဲယမ္း မီးေက်ာက္၊ ေလယာဥ္ပ်ံ၊ စစ္သေဘၤာႏွင့္ ေရငုပ္သေဘၤာအားလုံးကို မဟာမိတ္တို႔အား ေပးအပ္ေလသည္။ ႐ုရွားႏိုင္ငံ၊ ႐ူေမးနီးယားႏိုင္ငံ၊ တူရကီႏိုင္ငံႏွင့္ အေရွ႕ အာဖရိကရွိ ဂ်ာမန္တို႔သိမ္းပိုက္ထားေသာ ေဒသမ်ားမွ ဂ်ာမန္တပ္မ်ားကို ျပန္ေခၚရ၏။ မဟာမိတ္စစ္သုံ႔ပန္းမ်ားအားလုံးကိုလည္း ခ်က္ျခင္းလႊတ္ေပးရ၏။ ထို႔အျပင္ ဂ်ာမန္တို႔ က်ဴးေက်ာ္တိုက္ခိုက္ခဲ့ေသာ နယ္မ်ားမွ ပ်က္စီးဆုံး႐ႈံးခဲ့သမၽွကို ဂ်ာမန္တို႔က ေလၽွာ္ေပးရ၍ ဗဲလဂ်ီယမ္ ဘဏ္တိုက္မွ ေငြမ်ား၊ ႐ုရွားႏွင့္ ႐ိုေမးနီယားႏိုင္ငံတို႔ မွ ေ႐ႊမ်ားကို ျပန္ေပးရန္ သေဘာတူရေလသည္။

မဟာမိတ္တို႔ဆုံး႐ႈံးခဲ့ေသာ ကုန္သေဘၤာမ်ားကို အစားထိုင္းရန္ ဂ်ာမန္ ကုန္သေဘၤာမ်ားကိုလည္း ေပးအပ္ရေလသည္။ ဂ်ာမနီႏိုင္ငံသည္ စစ္ႀကီးႏွင့္ စပ္လ်ဥ္း၍ တာဝန္ရွိေၾကာင္း ဝန္ခံခဲ့ရသျဖင့္ မဟာမိတ္တို႔အား စစ္ေလ်ာ္ေၾကး မ်ားေပရန္လည္း ဗာဆိုင္းစာခ်ဳပ္တြင္ ပါရွိေလသည္။ သို႔ေသာ္ မည္မၽွ ေပးရမည္ကို ေဖာ္ျပထားျခင္း မရွိသျဖင့္ ေတာင္းသမၽွေပးရလို ျဖစ္ေနေလသည္။ သို႔ေသာ္ ယင္းကိစၥအတြက္ ေကာ္မတီတရပ္ ဖြဲ႕စည္းေဆြးေႏြး စဥ္းစားခဲ့ရာ ၁၉၂၁ ခုႏွစ္ ဂ်ာမနီက ေဒၚလာကုေဋ သိန္းသုံးေထာင့္သုံးရာခန္႔ေပးရမည္ဟု ဆုံးျဖတ္ၿပီးစီးေလသည္။ ဗာေဆးစာခ်ဳပ္ကို ဂ်ာမနီကိုယ္စလွယ္မ်ားသည္ ၁၉၁၉ ခုႏွစ္ ဇြန္လ ၂၈ ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ေသာ္လည္း ေျမာက္မ်ားလွေသာ အျငင္းပြားမႈေၾကာင့္ ၁၉၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔မွ သာလၽွင္ အတည္ျဖစ္လာေလသည္။

ထို႔အျပင္ အျခားဗဟိုအင္အားစုႏိုင္ငံမ်ားႏွင့္လည္း ၿငိမ္းခ်မ္းေရးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့ေသး၏။ ဩစႀတီးယားဟန္ေဂရီႏိုင္ငံႏွင့္ ၁၉၁၉ ခု စက္တင္ဘာလ ၁၀ ရက္ေန႔တြင္ ခ်ဳပ္ဆိုခဲ့ရာ ထိုစာခ်ဳပ္အရ ဩစႀတီးယားႏိုင္ငံမွာ လူဦးေရ ၆ သန္းေက်ာ္ ၇ သန္းခန္႔သာ ရွိေသာ ႏိုင္ငံငယ္ကေလးတစ္ခု အျဖစ္သို႔ေရာက္ရွိခဲ့ေလသည္။ တူရကီႏိုင္ငံေတာ္တြင္ ပါဝင္ေသာ အာေရဗ်၊ အာမီးနီးယား၊ ပါလက္စတိုင္း၊ မက္ဆိုပိုေတးမီးယား၊ ဆီးရီးယား (တပိုင္းသာ) စသည့္တိုင္းျပည္မ်ားမွာ ၁၉၂၀ ျပည့္ႏွစ္ ဩဂုတ္လ ၁၀ ရက္ေန႔တြင္ ခ်ဳပ္ဆိုေသာ ဆဲဗရာ စာခ်ဳပ္အရ မဟာမိတ္ ဩဇာခံနယ္ေျမမ်ား ျဖစ္သြားေလသည္။

ပထမကမၻာစစ္ႀကီးအၿပီးတြင္ ဥေရာပတိုက္တြင္ ဩစႀတီးယား ဟန္ေဂရီႏိုင္ငံေတာ္ႀကီး ေပ်ာက္ကြယ္၍ ဩစႀတီးယားႏွင့္ ဟန္ေဂရီဟူေသာ သီးျခားႏိုင္ငံငယ္ေလး ႏွစ္ခုအျဖစ္သာ က်န္ခဲ့၏။ ၁၉၁၄ ခု ဇူလိုင္လ ၂၈ ရက္ေန႔တြင္ စတင္ခဲ့ေသာ ပထမကမၻာစစ္ႀကီးကား ၁၉၁၈ ခု ႏိုဝင္ဘာလ ၁၁ ရက္ေန႔တြင္ ၿပီးဆုံးသြားေလသည္။ ထိုလူသတ္ပြဲႀကီးအတြက္ စစ္သား ရွစ္သန္းမၽွ အသက္ဆုံး႐ႈံးခဲ့၍ ေဒၚလာသန္းေပါင္း ၁ သိန္းမၽွ စစ္စရိတ္ ကုန္က်ခဲ့၏။ စစ္တြင္ ပါဝင္ေသာ ႏိုင္ငံမ်ား၏ ပ်က္စီးဆုံး႐ႈံးမႈမ်ားမွာလည္း ေၾကာက္ခမန္းလိလိပင္ ျဖစ္၍၊ စစ္ဆိုလၽွင္ နားမွေလသံ မခံခ်င္ေအာင္ ႏိုင္ငံတိုင္က ေၾကာက္႐ြံ႕တုန္လႈပ္ခဲ့ၾကေလသည္။

သို႔ေသာ္ စစ္ျဖစ္ရျခင္း အေၾကာင္းမ်ားျဖစ္သည့္ ကမၻာ့ႏိုင္ငံေရးျပႆနာမ်ားကား စစ္ျဖစ္လိုက္သည့္တိုင္ေအာင္ရွင္းေျပလည္မသြားၾကေသးေပ။ ထို႔ေၾကာင့္ ပထမကမၻာစစ္ႀကီး ျဖစ္ပြားခဲ့၍ အႏွစ္ႏွစ္ဆယ္ၾကာမၽွတြင္ ဒုတိယ ကမၻာစစ္ႀကီး ျဖစ္ပြား ျပန္ေလသည္။ အခ်ိဳ႕ႏိုင္ငံေရးဆရာမ်ားတို႔က ဒုတိယ ကမၻာစစ္ႀကီးကို ၁၉၁၄ ခုႏွစ္တြင္ စတင္ခဲ့သည့္ ပထမ ကမၻာစစ္ႀကီး၏ တစ္စိတ္တစ္ေဒသဟုသာ ေခၚဆိုလိုသည္။

ျမန္မာ့စြယ္စုံက်မ္း
world war I
Myanmar Wikipedia


ပထမကမ္ဘာစစ် ဆိုသည်မှာ (unicode)

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီးနှစ်ခု ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ် နှင့် ရုရှားတို့ ပါဝင်သော မဟာမိတ်နိုင်ငံများ (Allied Powers/Triple Entente) နှင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဟန်ဂေရီတို့ ပါဝင်သော ဗဟိုအင်အားကြီး နိုင်ငံများ (Central Power/Triple Alliance) တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံများဘက်မှ ဂျပန်နိုင်ငံစသော နိုင်ငံငယ်များ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီယားစသော နိုင်ငံများ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီး ပြီးခါနီးတွင်မှ အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။

စစ်ဖြစ်ရသည့် အကြောင်းအရင်းများ
အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှု ပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီးစတင် ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ –

ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
မဟာမိတ်စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းလာခြင်းနှင့်
လက်နက်အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့် ဖြစ်သည်။

ပထမကမ္ဘာစစ် စတင်ဖြစ်ပွားရခြင်းအကြောင်း

ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် ဩစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ် ဖာဒီနန်နှင့် ကြင်ရာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။ ဘော့စနီးယားနိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ ဘော့စနီးယန်း အများစုမှာ ဆာ့ဘ်လူမျိုးများ ဖြစ်ကြသည်။ ထိုသူတို့သည် ဩစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ပေါင်းစည်းလိုကြသည်။ ဩစတြီးယား အိမ်ရှေ့မင်းသားကို လုပ်ကြံသူမှာ Black Hand ဟုခေါ်သော ဆာ့ဘ်အကြမ်းဖက်အသင်းဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယား ပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။

ဆားဘီးယားနိုင်ငံမှ ယင်းကဲ့သို့လုပ်ကြံမှုမျိုး ပေါ်ပေါက်အောင် အားပေးသည်ဟုဆိုကာ ဩစတြီးယားက ဆားဘီးယားကို ပြင်းထန်သည့် ရာဇသံများပို့ခဲ့သည်။ ဩစတြီးယား၏ ရာဇသံကို ဂျာမနီကထောက်ခံခဲ့သည်။ ထိုရာဇသံပါ အချက်အလက်များသည် ဆားဘီးယား၏ လွပ်လတ်ရေးကို ထိပါးသောကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံ၏ ထောက်ခံမှုကို ရရှိသောကြောင့်လည်းကောင်း ဆားဘီးယားသည် ဩစတြီးယားကိုရင်ဆိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း ဩစတြီးယားအား အကြောင်းကြား ခဲ့သည်။

ထို့ကြောင့် ၁၉၁၄၊ ဇူလိုင်(၂၈) တွင် ဩစတြီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။ ဩစတြီးယားနှင့် ဆားဘီးယားတို့ စစ်ဖြစ်ရာတွင် ဩစတြီးယားဘက်မှ ဂျာမနီကလည်းကောင်း၊ ဆားဘီးယားဘက်မှ ပြင်သစ်၊ ရုရှားနှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေပေးမည်ဟူသော အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅ တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။

စစ်ဦးဘီလူးထွက် ထွက်လာသည့် ဂျာမနီကို တစ်ကမ္ဘာလုံးက အံ့ဩခဲ့ကြသည်။ ဂျာမန်တပ်တို့၏ တိုက်ခိုက်ပုံများမှာ အနှစ်နှစ်အလလက ကြိုတင်၍ သေချာစွာ ပြင်ဆင်မှု ရှိသကဲ့သို့ အချက်ကျကျ အရာရောက်ရောက်နှင့် ထိမိစွာ တိုက်ခိုက်နိုင်သည်။ ဂျာမနီ၏ စစ်တပ်အင်အားမှာ ဥရောပ တစ်တိုက်လုံး၌ အကြီးမား အထင်ရှားဆုံး ကဲ့သို့ ဖြစ်ခဲ့သည်။ ဂျာမနီသည် တစ်လအတွင်း ပြင်သစ်အား သိမ်းပိုက်ပြီးမှ ရုရှားကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဗြိတိန်ကို သိမ်းသွင်းပြီး အရှေ့ဘက်သို့ နယ်ချဲ့ရန်၊ ဗော်လကန်နယ်များကို သိမ်းသွင်းရန် အစီအစဉ်လည်း ရှိလေသည်။

ဘယ်လ်ဂျီယမ်သည် ရှိသမျှစစ်သား ၂ သန်းခန့်နှင့် အင်အားကြီးမားသော ဂျာမန်စစ်တပ်ကြီးကို ရက်သတ္တ ၂ ပတ်မျှ ကြာအောင် ခုခံတွန်းလှန်နေခဲ့သဖြင့် ပြင်သစ်အဖို့ ဂျာမန်များဝင်ရောက်မည့် လမ်းများတွင် စစ်အင်အား ထပ်ဖြည့်ထားရန် အချိန်ရခဲ့သည့်အပြင် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ရှိသမျှသော အင်္ဂလိပ်စစ်တပ်များကိုလည်း တင်ပို့နိုင်ခဲ့သည်။ ထိုသို့ မဟာမိတ်များဘက်တွင် စစ်အင်အား ဖြည့်တင်းရန် အချိန်ရရှိသွားသည့်အတွက် ဂျာမနီမှ စစ်ကိုလျင်မြန်စွာ အနိုင်နှင့်ပိုင်းရန် ရည်မှန်းချက်ကြီး ပျက်ပြားရသည်။

ဘယ်လဂျီယမ် အာဇာနည်စစ်သည်များသည် အစွမ်းကုန်ကြိုးစား တွန်းလှန်ကြသော်လည်း ဂျာမနီ၏ ကြီးမားတောင့်တင်းလှသော ဒဏ်ကို မခံနိုင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့တွင် လီအေ့ခံတပ်ကြီး ကျိုးပေါက်သွားပြီးနောက် ၄ ရက်မျှအကြာတွင် ဗရပ်ဆဲမြို့တော်ကြီး ကျဆုံးခဲ့ရလေသည်။ ဘယ်လဂျီယမ် အစိုးရအဖွဲ့လည်း ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့သွားရသည်။

ဘယ်လဂျီယမ်နိုင်ငံကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံဘက်သို့ ဂျာမန်တပ်များ ဆက်လက် ချီတက်ခဲ့သည်။ ထိုအခါ ဘယ်လဂျီယမ်၊ ပြင်သစ်၊ အင်္ဂလိပ်တပ်များကလည်း တွန်းလှန်နိုင်သမျှ တွန်းလှန်ခဲ့သည်။ ဤသို့ဖြင့် မဟာမိတ်တပ်များနှင့် ဂျာမန်တပ်များသည် အနောက်ဘက် စစ်မြေပြင် မန်းမြစ်အနီးတွင် ယှဉ်ပြိုင်တိုက်ခိုက်ကြရာ ဂျာမန်တို့ နောက်ဆုတ်ပေးရသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံအတွက် အတန်စိတ်အေး သွားရသော်လည်း ဂျာမန်တို့မှာ ပြင်သစ်နိုင်ငံ၏ အကြွယ်ဝဆုံးသောနယ် ဆယ်ပုံတစ်ပုံခန့်ကို သိမ်းပိုက်မိထားကြသည်။

စစ်ဖြစ်၍ ကြည်းကြောင်းတိုက်ပွဲများတွင် မဟာမိတ်တပ်များသာလျှင် အရှုံးများလေသည်။ ဘယ်လဂျီယမ်နိုင်ငံ အီးပရားတိုက်ပွဲတွင် အင်္ဂလိပ်စစ်တပ်ကြီး တပ်လုံးပြုတ်လုမတတ် ကျဆုံးခဲ့သည်။ ထို့ကြောင့် ဗြိတိန်သည် စစ်တပ်အင်အားကို ထပ်မံဖြည့်တင်းခဲ့ရာ တစ်နှစ်အတွင်း တပ်သားပေါင်း ၁ သန်းကျော် ရရှိခဲ့၍ ဗြိတိသျှ နိုင်ငံတော်အတွင်းမှ စစ်တပ်အင်အားများပါဆိုလျှင် တပ်သား ၂ သန်းကျော် ရှိခဲ့သည်။ သို့သော် စစ်ပွဲတွင် ရန်သူတပ်များနှင့် ယှဉ်ပြိုင်တိုက်နိုင်လောက်အောင်ကား ကျင့်သား မရှိကြသေးပေ။ ၁၉၁၇ ခုနှစ်လောက်တွင်မှ အင်္ဂလိပ်တို့၏ တိုက်ခိုက်မှု အင်အားမှာ ထိပ်တန်းသို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။

ပထမ ကမ္ဘာစစ်ကြီးတွင် နိုင်ငံအများ ပါဝင်တိုက်ခိုက်ကြသဖြင့် စစ်မျက်နှာမှာ တစ်နေရာတည်းတွင် မဟုတ်ပေ။ အနောက်ဘက် စစ်မျက်နှာ၊ အရှေ့ဘက် စစ်မျက်နှာ၊ အီတာလျံ စစ်မျက်နှာ၊ ဗော်လကန်တောင်ပိုင်း စစ်မျက်နှာဟူ၍ နေရာအနှံ့အပြား ရှိခဲ့သည်။ ထိုစစ်မျက်နှာများအတွင်း အရေးအပါဆုံးမှာ အနောက်ဘက် စစ်မျက်နှာ ဖြစ်သည်။ အင်္ဂလိပ်ရေလက်ကြားကြီးမှ ဆွစ်ဇာလန်နိုင်ငံအထိ စစ်ကြောင်း ပြန့်နေ၍ မိုင်ပေါင်း ၄၅၀ မျှ ရှည်လျားသည်။

အရှေ့ဘက် စစ်မျက်နှာတွင် ရုရှားက ခေါင်းဆောင် တိုက်ခိုက်လေရာ နစ်ကလတ် မင်းသားကြီး ကိုယ်တိုင် တစ်နှစ်ခွဲခန့် ဦးစီးခဲ့ပြီးနောက် ရုရှားဇာဘုရင်ကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်လေသည်။ ထိုစစ်မျက်နှာတွင် ဂျာမန်တို့ဘက်မှ စစ်ဦးစီးချုပ် လူဒင်ဒေါ့၏ အကူအညီဖြင့် ဗိုလ်ချုပ်မှူး ဟင်ဒင်ဗတ်က ကြီးမှူးတိုက်ခိုက်ခဲ့ရာ တန်နင်ဗတ်တိုက်ပွဲတွင် နာမည်ရခဲ့ပြီး မကြာမီ ဂျာမနီ၏ စစ်သေနာပတိချုပ် ဖြစ်လာသည်။

အနောက်ဘက် စစ်မျက်နှာတွင် သုံးနှစ်ခန့်အတွင်း အကြီးအကျယ် ပြောင်းလဲခဲ့ခြင်း မရှိပေ။ ထိုကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် လက်နက်ခဲယမ်း မီးကျောက်များ တိုးတက်တည်ဆောက် ထုတ်လုပ်နိုင်ခဲ့သည် ဖြစ်ရာ တိုက်ပွဲများတွင် အများအားဖြင့် အမြောက်ကို သုံးနိုင်ခဲ့ကြသည်။ ထိုနှစ်အတွင်း စစ်မျက်နှာ၌ အရေးအပါဆုံး တိုက်ပွဲမှာ ဗာဒန်တိုက်ပွဲ ဖြစ်သည်။ ဗာဒန်မှာ ပဲရစ်မြို့သွားရာ လမ်းပေါ်တွင် တည်ရှိ၍ ပြင်သစ်ခံစစ်ကြောင်း၏ အချက်အချာ ဖြစ်လေရာ ဂျာမန်အိမ်ရှေ့ ဥပရာဇာကိုယ်တိုင် ဗာဒန်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ ပြင်သစ်တို့ကလည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ သွေးချောင်းစီးသော တိုက်ပွဲကြီးများ ထိုမြို့အနီး၌ ဖြစ်ပွားခဲ့လေသည်။ သို့သော် ဗာဒန်မြို့မှာ ဗိုလ်ချုပ်မှူး (နောက်မာရှယ်) ပေတန်း၏ ကြိုးပမ်းချက်ကြောင့် မကျပဲရှိနေခဲ့သည်။

အရှေ့ဘက် စစ်မျက်နှာ မြောက်ဘက်တွင် ဗွန်ဟင်ဒင်ဗတ်၏ ဂျာမန်စစ်တပ်များသည် မဆူးရီယန်အိုင်များ ဒေသတစ်ဝိုက်၌ အရေးသာနေကြသည်။ တောင်ဘက်တွင် ပထမသော်ရုရှားသည် စစ်ရေးလှခဲ့သည်။ ဩစတြီးယားတပ်များ ဂလစ်ရှာနယ်ကိုဖြတ်၍ ဟန်ဂေရီနိုင်ငံထဲသို့ပင် ဝင်နိုင်ခဲ့သည်။ သို့သော် ၁၉၁၅ ခုနှစ် နွေရာသီတွင် ဂျာမန်နှင့် ဩစတြီးယားတပ်များ ပူးပေါင်း၍ ရုရှားတို့အား ဂလစ်ရှာနယ်ထဲမှ အထူးအောင်မြင်စွာ မောင်းထုတ်လိုက်သည်။ ထိုအခါ နစ်ကလပ် မင်းသားကြီးနေရာတွင် ရုရှားဇာဘုရင်ကိုယ်တိုင် ထိုတပ်များကို ကွပ်ကဲတိုက်ခိုက်လေသည်။

ရုရှားအား ဗဟိုနိုင်ငံများ၏ ဖိနှိပ်ခြင်းမှ သက်သာရာရစေရန် မဟာမိတ်တပ်များသည် တူရကီပိုင် ဒါးဒနဲရေလက်ကြားမှ ဂလစ်ပိုလီကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် မအောင်မြင်သည့်အပြင် ဗော်လကန်ပြည်နယ်များ၏ အထင်သေးခြင်းကိုပင် ခံရလေသည်။ ဩစတြီးယားသည် ဆားဗီးယားကို တိုက်ခိုက်ခဲ့ရာတွင် မျှော်လင့်သလောက် မလွယ်ကူလှချေ။ ဩစတြီးယားတို့က ဆားဗီးယားမြို့တော် ဗဲလ်ဂရိတ်မြို့ကို သိမ်းပိုက်ခဲ့သော်လည်း ဆားဗီးယားတို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မကြာမီ အူရောင်ငန်းဖျားရောဂါ ကျရောက်သဖြင့် ဆားဗီးယားတပ်များ အတော်ပင် အင်အားနည်းသွားလေသည်။

ကမ္ဘာစစ်ကြီးဟုခေါ်တွင်သည့် အတိုင်း တိုက်ပွဲများမှာ ဥရောပတိုက်တွင်သာ ဖြစ်ပွားသည်မဟုတ်ချေ။ အာရှတိုက်ဘက်တွင်လည်း ဖြစ်ပွားကြသေးသည်။ ၁၉၁၅ ခုနှစ် ကုန်ခါနီးလောက်တွင် အင်္ဂလိပ်နှင့် အိန္ဒိယ တပ်တစ်တပ်သည် ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်ရန်ရောက်လာခဲ့သည်။ နိုဝင်ဘာလတွင် ဗြိတိသျှတပ်များသည် ဘဂ္ဂဒက်မြို့တောင်ဘက်ရှိ တူရကီတို့ကို တိုက်ခိုက်ရာ အတန်ငယ် အရေးသာသော်လည်း ဒီဇင်ဘာလတွင် အရေးနိမ့်ကာ ကွယ်အယ်အဲမာရားမြို့တွင် အဝိုင်းခံရလေသည်။ ၁၉၁၆ ခု ဧပြီလတွင် ရိက္ခာပြတ်လပ်၍ ငတ်မွတ်ခေါင်းပါးခြင်း ဘေးနှင့် ကြုံရလေဖြင့် ဗြိတိသျှတပ်များ လက်နက်ချကြရလေသည်။ ထိုကြောင့် ဗြိတိသျှတို့၏ ဂုဏ်သရေကို အတန်ပင် ထိခိုက်သွားလေသည်။ သို့ရာတွင် ထိုတပ်ကို ကယ်တင်ရန် ရောက်လာသော စစ်ကူတပ်သည် ၁၉၁၇ ခု မတ်လတွင် ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်ခဲ့ပြီးလျှင် မြောက်ဘက်သို့ ချီတက်သွားနိုင်ခဲ့လေသည်။

၁၉၁၇ ခု ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူး အယ်လင်ဗီခေါင်းဆောင်သော တပ်များသည် ဂျရူးဆလမ်းမြို့သို့ ချီတက်ခြံ၍ ၉ရက်နေ့တွင် ထိုမြို့ကို သိမ်းပိုက်ခဲ့၏။ ထိုအောင်မြင်မှုမှာ ၁၉၁၇ ခုနှစ်အတွင်း မဟာမိတ်တို့၏ အရေးပါသော အောင်မြင်မှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ဗြိတိသျှတို့၏ အင်အားကောင်းသော ရေတပ်ကြောင့် ဂျာမန်တို့ နိုင်ငံခြားနှင့် ကုန်မသွယ်နိုင်အောင် ပိတ်ပင်နိုင်ခဲ့သည့်ပြင် ဂျာမန်ရေတပ်ကြီးကို ရေတပ်စခန်းများမှ မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ စစ်ဖြစ်စက ဂျာမန်ရေတပ်ကြီးသည် ကီးတူးမြောင်းအတွင်း စခန်းများ၌ လုံခြုံစွာ ရှိနေခဲ့သည်။ သို့သော် ပင်လယ်ပြင်တွင် ရှိနေသော ဂျာမန် တော်ပီဒို သင်္ဘောအချို့နှင့် ကရုဇာစစ်သင်္ဘော အချို့သည် မြောက်ပင်လယ်အတွင်း ကူးသန်းသွားလာရေးတွင် အနှောင့်အယှက် ပေးခဲ့လေသည်။ သို့သော် တဖြည်းဖြည်း ထိုသင်္ဘောများကို ဖမ်းဆီးခြင်း၊ နှစ်မြှုပ်ခြင်း ပြုလုပ်လာနိုင်ခဲ့သောအခြ မဟာမိတ်နှင့် ကြားနေနိုင်ငံသင်္ဘောများမှာ ဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကိုသာ ကြောက်ရွံ့ရလေတော့သည်။

ပထမကမ္ဘာစစ်အတွင်း အကြီးကျယ်ဆုံးသော ရေကြောင်းတိုက်ပွဲမှာ ၁၉၁၆ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော ဂျတ်တလန် တိုက်ပွဲဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် ဂျာမန်ရေတပ်ရေကြောင်းဗိုလ်ချုပ်ရှေးက ကွပ်ကဲ၍ အင်္ဂလိပ်ရေတပ် တိုက်သင်္ဘောများကို ရေကြောင်းဗိုလ်ချုပ် ဗီးတီးက ဦးစီးအုပ်ချုပ်ခဲ့လေသည်။ နှစ်ဖက်စလုံးမှ သင်္ဘောများသည် ဒိန်းမတ်နိုင်ငံကမ်းခြေတွင် တစ်နေ့လုံး တိုက်ခိုက်ကြရာ ညနေဘက်တွင် ရေကြောင်းဗိုလ်ချုပ်မှူးဂျယ်လီကို ဦးစီးသော အင်္ဂလိပ်ရေတပ်စုတစ်စုသည် အကူရောက်လာသဖြင့် ဂျာမန်ရေတပ်သည် ယင်း၏ စခန်းများသို့ နောက်ပြန်ဆုတ်သွားလေတော့သည်။ ထိုတိုက်ပွဲတွင် ဂျာမန်တို့က အနိုင်ရသည်ဟု ကျေညာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ အပျက်အစီး အဆုံးအရှုံးမှာ ဂျာမန်တို့နှင့် နှိုင်းယှဉ်သော် အလွန်ပင် များပြားသောကြောင့် တစ်နည်းအားဖြင့် ထိုကျေညာချက်မှာ မှန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုနောက်တွင် ကိုင်ဇာဘုရင်သည် ငွေကိုရေလိုသုံးကာ တည်ဆောက်ခဲ့သည့်ပြင် သူတို့ ဂုဏ်ယူခဲ့သော ဂျာမန်ရေတပ်ကြီးမှာ ကီးတူးမြောင်း စခန်းများတွင် ပိတ်မိတော့သည်။ ထို့အပြင် ဂျာမန်တို့ထက် အဆုံးအရှုံးများသော်လည်း အင်္ဂလိပ်ရေတပ်သည် ပင်လယ်ပြင်တွင် ကြီးစိုးမြဲကြီးစိုးနေခဲ့လေသည်။ ဂျာမန်တို့သည် ရေတပ်ကြီးကို အသုံးမပြုနိုင်သောကြောင့် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကာ အင်္ဂလိပ်ရေတပ်ကို ကြီးစွာ နှောင့်ယှက်နိုင်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးမှစ၍ လေယာဉ်ပျံများကို စစ်ဆင်မှုအတွက် အသုံးပြုလာခဲ့လေသည်။ ပထမတွင်လေယာဉ်ပျံများကို ရန်သူအခြေအနေကို အကဲခတ် ဓာတ်ပုံရိုက်ယူရန် ကင်းထောက်ရန်သာ အသုံးပြုခဲ့ကြသည်။ ထိုစဉ်က လေယာဉ်ပျံများမှာလည်း သေးငယ်သည့်အပြင် တစ်နာရီမိုင် ကိုးဆယ်မျှလောက်သာ ပျံသန်းနိုင်သေးသည်။ စစ်ဖြစ်စက အင်္ဂလိပ်တို့တွင် လေယာဉ်ပျံ အနည်းငယ်မျှသာ ရှိ၍ ပြင်သစ်တွင်မူ အများဆုံး ရှိလေသည်။

ဂျာမနီသည် အင်္ဂလိန်ကို လေကြောင်းမှ တိုက်ခိုက်ရာ၌ ဇက်ပလင်ခေါ် ဗူးသီးပုံသဏ္ဌာန် လေသင်္ဘောများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုဇက်ပလင်လေသင်္ဘောများသည် ခရီးရှည် သွားလာနိုင်သော လေယာဉ်မျိုးဖြစ်သဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အလွန်အသုံးဝင်လေသည်။ ၁၉၁၅ ခုနှစ်မှ ၁၉၁၈ ခု မေလတိုင်အောင် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ဂျာမန်ဇက်ပလင်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ကြရသည်။ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကလည်း လေယာဉ်ပျံတပ်စုများကို အသုံးပြုကြ၍ လည်းကောင်း၊ အားကောင်းလှသော မီးမောင်းများထိုးကာ လေယာဉ်ပျံပစ်အမြောက်များဖြင့်လည်းကောင်းတွန်းလှန် ခုခံကြသည်။ ဂျာမန်တို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဆုံးရှုံးနစ်နာမှုများ၏ အရပ်ရပ်တန်ဖိုးမှာ ဒေါ်လာ ၁၀ သန်းခန့် ဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံတွင် တစ်နေ့တည်း၌ ဇက်ပလင်ကြီး ငါးစင်းပျက်ကျ၍ တစ်စင်းအဖမ်းခံရပြီးနောက်တွင် ဂျာမန်တို့၏ လေကြောင်းတိုက်ခိုက်ခြင်းများ ရပ်စဲသွားလေတော့သည်။

အင်အားနည်းသွားသော ဂျာမန်တို့သည် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ အထူးသဖြင့် စစ်ပွဲသို့ဝင်ရောက်လာသည့် အမေရိကန်တပ်များကြောင့်ဖြစ်သည်။ အမေရိကန်စစ်သားများသည် စစ်ထဲသို့စတင်ဝင်ရောက်ရသည်ဖြစ်သဖြင့် တက်ကြွလန်းဆန်းနေကြသည်ဖြစ်ပြီး ရေရှည်တိုက်ခိုက်ထားရသည်ဖြစ်သော ဂျာမန်တပ်သားတို့မှာမူ အင်အားနည်းနေပြီဖြစ်သည်။ အမေရိကန်တပ်များ ပြင်သစ်သို့ရောက်သောအခါ မဟာမိတ်တို့၏ တပ်အင်အားမှာ ၃ဆ ပိုများသွားလေသည်။ ထို့ကြောင့် ဂျာမန်ခေါင်းဆောင်တို့က စစ်ပွဲအား အဆုံးသတ်စေရန် အစိုးရအား တိုက်တွန်းကြသည်။ ၁၉၁၈ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ဂျာမန်အင်ပါယာအရှင်သခင် Wilhelm II သည် အာဏာကိုစွန့်လွှတ်လိုက်လေတော့သည်။ နှစ်ရက်အကြာတွင် ဂျာမန်သည် ယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးလေတော့သည်။

ဗာဆိုင်းစာချုပ်
စစ်ရပ်စဲရေး စည်းကမ်းချက်များ အရ ဂျာမနီတပ်များသည် ဗဲလဂျီ၊ ပြင်သစ်၊ လပ်ဇင် ဗတ်၊ အယ်လဆက်လိုရိန်း အစရှိသည့် ဒေသများမှ ရိုင်းမြစ်တိုင်အောင် ဆုတ်ခွာပေးရ၏။ လက်နက်ခဲယမ်း မီးကျောက်၊ လေယာဉ်ပျံ၊ စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောအားလုံးကို မဟာမိတ်တို့အား ပေးအပ်လေသည်။ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံ၊ တူရကီနိုင်ငံနှင့် အရှေ့ အာဖရိကရှိ ဂျာမန်တို့သိမ်းပိုက်ထားသော ဒေသများမှ ဂျာမန်တပ်များကို ပြန်ခေါ်ရ၏။ မဟာမိတ်စစ်သုံ့ပန်းများအားလုံးကိုလည်း ချက်ခြင်းလွှတ်ပေးရ၏။ ထို့အပြင် ဂျာမန်တို့ ကျူးကျော်တိုက်ခိုက်ခဲ့သော နယ်များမှ ပျက်စီးဆုံးရှုံးခဲ့သမျှကို ဂျာမန်တို့က လျှော်ပေးရ၍ ဗဲလဂျီယမ် ဘဏ်တိုက်မှ ငွေများ၊ ရုရှားနှင့် ရိုမေးနီယားနိုင်ငံတို့ မှ ရွှေများကို ပြန်ပေးရန် သဘောတူရလေသည်။

မဟာမိတ်တို့ဆုံးရှုံးခဲ့သော ကုန်သင်္ဘောများကို အစားထိုင်းရန် ဂျာမန် ကုန်သင်္ဘောများကိုလည်း ပေးအပ်ရလေသည်။ ဂျာမနီနိုင်ငံသည် စစ်ကြီးနှင့် စပ်လျဉ်း၍ တာဝန်ရှိကြောင်း ဝန်ခံခဲ့ရသဖြင့် မဟာမိတ်တို့အား စစ်လျော်ကြေး များပေရန်လည်း ဗာဆိုင်းစာချုပ်တွင် ပါရှိလေသည်။ သို့သော် မည်မျှ ပေးရမည်ကို ဖော်ပြထားခြင်း မရှိသဖြင့် တောင်းသမျှပေးရလို ဖြစ်နေလေသည်။ သို့သော် ယင်းကိစ္စအတွက် ကော်မတီတရပ် ဖွဲ့စည်းဆွေးနွေး စဉ်းစားခဲ့ရာ ၁၉၂၁ ခုနှစ် ဂျာမနီက ဒေါ်လာကုဋေ သိန်းသုံးထောင့်သုံးရာခန့်ပေးရမည်ဟု ဆုံးဖြတ်ပြီးစီးလေသည်။ ဗာဆေးစာချုပ်ကို ဂျာမနီကိုယ်စလှယ်များသည် ၁၉၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း မြောက်များလှသော အငြင်းပွားမှုကြောင့် ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ သာလျှင် အတည်ဖြစ်လာလေသည်။

ထို့အပြင် အခြားဗဟိုအင်အားစုနိုင်ငံများနှင့်လည်း ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့သေး၏။ ဩစတြီးယားဟန်ဂေရီနိုင်ငံနှင့် ၁၉၁၉ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ရာ ထိုစာချုပ်အရ ဩစတြီးယားနိုင်ငံမှာ လူဦးရေ ၆ သန်းကျော် ၇ သန်းခန့်သာ ရှိသော နိုင်ငံငယ်ကလေးတစ်ခု အဖြစ်သို့ရောက်ရှိခဲ့လေသည်။ တူရကီနိုင်ငံတော်တွင် ပါဝင်သော အာရေဗျ၊ အာမီးနီးယား၊ ပါလက်စတိုင်း၊ မက်ဆိုပိုတေးမီးယား၊ ဆီးရီးယား (တပိုင်းသာ) စသည့်တိုင်းပြည်များမှာ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ချုပ်ဆိုသော ဆဲဗရာ စာချုပ်အရ မဟာမိတ် ဩဇာခံနယ်မြေများ ဖြစ်သွားလေသည်။

ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဥရောပတိုက်တွင် ဩစတြီးယား ဟန်ဂေရီနိုင်ငံတော်ကြီး ပျောက်ကွယ်၍ ဩစတြီးယားနှင့် ဟန်ဂေရီဟူသော သီးခြားနိုင်ငံငယ်လေး နှစ်ခုအဖြစ်သာ ကျန်ခဲ့၏။ ၁၉၁၄ ခု ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ခဲ့သော ပထမကမ္ဘာစစ်ကြီးကား ၁၉၁၈ ခု နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြီးဆုံးသွားလေသည်။ ထိုလူသတ်ပွဲကြီးအတွက် စစ်သား ရှစ်သန်းမျှ အသက်ဆုံးရှုံးခဲ့၍ ဒေါ်လာသန်းပေါင်း ၁ သိန်းမျှ စစ်စရိတ် ကုန်ကျခဲ့၏။ စစ်တွင် ပါဝင်သော နိုင်ငံများ၏ ပျက်စီးဆုံးရှုံးမှုများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်၍၊ စစ်ဆိုလျှင် နားမှလေသံ မခံချင်အောင် နိုင်ငံတိုင်က ကြောက်ရွံ့တုန်လှုပ်ခဲ့ကြလေသည်။

သို့သော် စစ်ဖြစ်ရခြင်း အကြောင်းများဖြစ်သည့် ကမ္ဘာ့နိုင်ငံရေးပြဿနာများကား စစ်ဖြစ်လိုက်သည့်တိုင်အောင်ရှင်းပြေလည်မသွားကြသေးပေ။ ထို့ကြောင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့၍ အနှစ်နှစ်ဆယ်ကြာမျှတွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွား ပြန်လေသည်။ အချို့နိုင်ငံရေးဆရာများတို့က ဒုတိယ ကမ္ဘာစစ်ကြီးကို ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည့် ပထမ ကမ္ဘာစစ်ကြီး၏ တစ်စိတ်တစ်ဒေသဟုသာ ခေါ်ဆိုလိုသည်။

မြန်မာ့စွယ်စုံကျမ်း
world war I
Myanmar Wikipedia

Leave a Reply