ျမန္မာတစ္ဦးရဲ႕ ခႏၶာကုိယ္ အစိတ္အပုိင္းေတြနဲ႔ ကုိရီးယား ၄ ဦးရဲ႕အသက္ကုိ ကယ္တင္ႏုိင္ခဲ့

Posted on

ေတာင္ကုိရီးယားႏုိင္ငံက စက္ရုံတစ္ခုမွာ သြားေရာက္လုပ္ကုိင္ေနစဥ္ အသက္ဆုံးပါးခဲ့ရတဲ့ ျမန္မာအလုပ္သမား ကုိဝင္းထြဋ္ေဇာ္ ဆုိသူရဲ႕ ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိ သူ႔မိသားစုက လွဴဒါန္းခဲ့တဲ့အတြက္ ကုိရီးယားႏုိင္ငံသား ၄ ဦးရဲ႕ အသက္ေတြကုိ ကယ္ဆယ္ႏုိင္ခဲ့တယ္လုိ႔ မေန႔က သတင္းရပါတယ္။

ကုိဝင္းထြဋ္ေဇာ္ရဲ႕ ႏွလုံး၊ အသည္းနဲ႔ ေက်ာက္ကပ္ေတြကုိ ထုတ္ယူကာ ၿပီးခဲ့တဲ့ မတ္လ ၃ ရက္ေန႔က ကုိရီးယားလူမ်ဳိး ၄ ဦးကုိ အစားထုိးကုသ ေပးခဲ့တာပါ။ အခုလုိ ခႏၶာကုိယ္လွဴဒါန္းတာမ်ဳိးဟာ တစ္ႏွစ္မွာမွ ၂ ႀကိမ္ေလာက္ပဲ ျဖစ္ေပၚေလ့ရွိတယ္လုိ႔ ေတာင္ကုိရီးယား အာဏာပုိင္ေတြကေျပာပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံကုိ ၂ဝ၁၂ ခုႏွစ္က သြားေရာက္ခဲ့ၿပီးေနာက္ ေတာင္ဂြ်န္ဆန္ျပည္နယ္ မီလ္ယန္ျမဳိ႕က ေမာ္ေတာ္ကား အစိတ္အပုိင္းထုတ္လုပ္တဲ့ စက္ရုံတစ္ခုမွာ လုပ္ကုိင္ခဲ့တဲ့ အသက္ ၄၄ ႏွစ္ရွိ ကုိဝင္းထြဋ္ေဇာ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၁ ရက္ေန႔က စက္ရုံအတြင္း ေခ်ာ္လဲျပီးေနာက္ ဦးေခါင္းကုိ ထိခုိက္သြားခဲ့ပါတယ္။ ဦးေႏွာက္အတြင္း ေသြးယုိစီးမႈကုိ ခြဲစိပ္ကုသခဲ့ရာမွာ တုိးတက္လာခဲ့ျပီး ေဖေဖာ္၀ါရီလ ၁၂ရက္ေန႔မွာ နာလံထလူနာအထိျဖစ္လာပါတယ္။ ဒါေပမယ့္ ေနာက္တစ္ေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မနက္မွာ ႏွလုံးခုန္ရပ္ဆုိင္းသြားခဲ့ပါတယ္။ အဲဒီေနာက္ ဆရာဝန္ေတြက ၂ ပတ္ၾကာခန္႔ ဆက္လက္ျပီး အျပင္းအထန္ ႀကိဳးစားခဲ့ၾကေပမယ့္ ျပန္လည္ေကာင္းမြန္လာျခင္း မရွိေတာ့ဘဲ ဦးေႏွာက္ပါ ေသဆံုးသြားခဲ့တယ္လုိ႔ ဆုိပါတယ္။

သူ႔ရဲ႕ေနာက္ဆုံးအေျခအေနကုိ ၾကားသိခဲ့ရတဲ့အတြက္ ျမန္မာႏုိင္ငံက ေတာင္ကုိရီးယားကုိ သြားေရာက္ခဲ့တဲ့ ႏွစ္မျဖစ္သူကုိ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ ဆရာဝန္ေတြက ရွင္းလင္းေျပာၾကားခဲ့ျပီးေနာက္ ကုိဝင္းထြဋ္ေဇာ္ရဲ႕ ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိ လွဴဒါန္းဖုိ႔ မိသားစုက ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕ကုိယ္အဂၤါအစိတ္အပုိင္းေတြနဲ႔ ကုိရီးယားလူမ်ဳိး ၄ဦးရဲဲ႕ အသက္ကုိ ကယ္တင္ႏုိင္ခဲ့ျခင္းျဖစ္ပါတယ္။

သူတုိ႔မိသားစုဟာ ဗုဒၵဘာသာကုိ အထူးသက္ဝင္ယုံၾကည္ကုိးကြယ္သူေတြျဖစ္ၿပီး ကုိဝင္းထြဋ္ေဇာ္ ကုိယ္တုိင္ကလည္း မရွိဆင္းရဲသားေတြကုိ ရွင္ျပဳေပးျခင္းစတဲ့ အလွဴအတန္းေတြ ျပဳလုပ္ေလ့ရွိတယ္လုိ႔ သိရွိရေၾကာင္း ေတာင္ကုိရီးယားကလာတဲ့ သတင္းေတြမွာ ေဖၚျပထားပါတယ္။

“ကြ်န္မတုိ႔ ဗုဒၶဘာသာေတြမွာ အလွဴအတန္းျပဳလုပ္ျခင္းဟာ လုပ္ရုိးလုပ္စဥ္တစ္ခုပါပဲ၊ ဒီလုိ ကုိယ္ခႏၶာလွဴဒါန္းမႈေတြဟာ ျမန္မာေတြအတြက္ေတာ့ သိပ္မစိမ္းပါဘူး။ သူ႔ရဲ႕ခႏၶာကုိယ္အစိတ္အပုိင္းေတြနဲ႔ အျခားသူေတြရဲ႕အသက္ကယ္ဆယ္ႏုိင္ခဲ့တယ္ဆုိတာကုိသိရင္ ကြ်န္မအစ္ကုိ ေက်နပ္ေပ်ာ္ရႊင္ေနမယ္လုိ႔ ကြ်န္မတို႔ယုံၾကည္ပါတယ္” လုိ႔ ကုိ၀င္းေဇာ္ထြဋ္ရဲ႕ ညီမျဖစ္သူက ဆုိပါတယ္။

ေတာင္ကုိးရီးယားအစုိးရက ကုိဝင္းထြဋ္ေဇာ္အတြက္ ေဆးကုသစရိတ္ ဝမ္ေငြ ၁.၈ သန္းနဲ႔ စ်ာပနစရိတ္အျဖစ္ ဝမ္ေငြ ၃.၆ သန္း စုစုေပါင္း ဝမ္ေငြ ၅.၄ သန္း ေပးအပ္္ခဲ့ရာမွာ မိသားစုေတြက ကေလးသူငယ္ ေစာင့္ေရွာက္ေရးအဖြဲ႔ တစ္ခုကို လွဴဒါန္းခဲ့ပါတယ္။ ကုိဝင္းထြဋ္ေဇာ္ဟာ သူ႔ဝင္ေငြတခ်ဳိ႕ကုိ ျမန္မာျပည္က မိဘမဲ့ ကေလးေတြနဲ႔ သက္ၾကီးရြယ္အုိေတြ လွဴဒါန္းေလ့ရွိတဲ့အတြက္ သူ႔ရဲ႕ေစတနာကုိ ေလးစားတဲ့အေနနဲ႔ ေတာင္ကုိရီးယား အစုိးရေပးတဲ့ေငြကုိ အခုလုိ လွဴဒါန္းခဲ့တာပါလုိ႔လည္း မိသားစုဝင္ေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံဆုိင္ရာ ကုိရီးယားသံအမတ္ၾကီး Lee Sang-hwa လီဆင္ဝွားက ကုိဝင္းထြဋ္ေဇာ္ရဲ႕ ခႏၶာကုိယ္အစိတ္အပုိင္းေတြ အခုလုိ လွဴဒါန္းမႈဟာ အင္မတန္ျမင့္ျမတ္လွတဲ့အတြက္ လူေတြရဲ႕ႏွလုံးသားေတြကုိ ရုိက္ခတ္လႈပ္ရွားေစခဲ့ပါတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ သူကုိယ္တုိင္ ကုိဝင္းထြဋ္ေဇာ္ရဲ႕ မိသားစုဝင္ေတြကုိ သြားေရာက္ေတြ႔ဆုံၿပီး ဂုဏ္ျပဳစကားေျပာၾကားမယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ျမန္မာျပည္မွာရွိတဲ့ ကုိရီးယားအစည္းအရုံးကလည္း ကုိဝင္းထြဋ္ေဇာ္ အမွတ္တရ ပညာသင္ဆုတစ္ခုကုိ ခ်ီးျမွင့္ဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရွိရပါတယ္။

Via : RFA Burmese
koreajoongangdaily


မြန်မာတစ်ဦးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ကိုရီးယား ၄ ဦးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ (unicode)

တောင်ကိုရီးယားနိုင်ငံက စက်ရုံတစ်ခုမှာ သွားရောက်လုပ်ကိုင်နေစဉ် အသက်ဆုံးပါးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုဝင်းထွဋ်ဇော် ဆိုသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့မိသားစုက လှူဒါန်းခဲ့တဲ့အတွက် ကိုရီးယားနိုင်ငံသား ၄ ဦးရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မနေ့က သတင်းရပါတယ်။

ကိုဝင်းထွဋ်ဇော်ရဲ့ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေကို ထုတ်ယူကာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကိုရီးယားလူမျိုး ၄ ဦးကို အစားထိုးကုသ ပေးခဲ့တာပါ။ အခုလို ခန္ဓာကိုယ်လှူဒါန်းတာမျိုးဟာ တစ်နှစ်မှာမှ ၂ ကြိမ်လောက်ပဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ၂ဝ၁၂ ခုနှစ်က သွားရောက်ခဲ့ပြီးနောက် တောင်ဂျွန်ဆန်ပြည်နယ် မီလ်ယန်မြို့က မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ လုပ်ကိုင်ခဲ့တဲ့ အသက် ၄၄ နှစ်ရှိ ကိုဝင်းထွဋ်ဇော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က စက်ရုံအတွင်း ချော်လဲပြီးနောက် ဦးခေါင်းကို ထိခိုက်သွားခဲ့ပါတယ်။ ဦးနှောက်အတွင်း သွေးယိုစီးမှုကို ခွဲစိပ်ကုသခဲ့ရာမှာ တိုးတက်လာခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ နာလံထလူနာအထိဖြစ်လာပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မနက်မှာ နှလုံးခုန်ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲဒီနောက် ဆရာဝန်တွေက ၂ ပတ်ကြာခန့် ဆက်လက်ပြီး အပြင်းအထန် ကြိုးစားခဲ့ကြပေမယ့် ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ဘဲ ဦးနှောက်ပါ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့နောက်ဆုံးအခြေအနေကို ကြားသိခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက တောင်ကိုရီးယားကို သွားရောက်ခဲ့တဲ့ နှစ်မဖြစ်သူကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆရာဝန်တွေက ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ မိသားစုက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကိုရီးယားလူမျိုး ၄ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

သူတို့မိသားစုဟာ ဗုဒ္ဒဘာသာကို အထူးသက်ဝင်ယုံကြည်ကိုးကွယ်သူတွေဖြစ်ပြီး ကိုဝင်းထွဋ်ဇော် ကိုယ်တိုင်ကလည်း မရှိဆင်းရဲသားတွေကို ရှင်ပြုပေးခြင်းစတဲ့ အလှူအတန်းတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရှိရကြောင်း တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

“ကျွန်မတို့ ဗုဒ္ဓဘာသာတွေမှာ အလှူအတန်းပြုလုပ်ခြင်းဟာ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ၊ ဒီလို ကိုယ်ခန္ဓာလှူဒါန်းမှုတွေဟာ မြန်မာတွေအတွက်တော့ သိပ်မစိမ်းပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အခြားသူတွေရဲ့အသက်ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတာကိုသိရင် ကျွန်မအစ်ကို ကျေနပ်ပျော်ရွှင်နေမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” လို့ ကိုဝင်းဇော်ထွဋ်ရဲ့ ညီမဖြစ်သူက ဆိုပါတယ်။

တောင်ကိုးရီးယားအစိုးရက ကိုဝင်းထွဋ်ဇော်အတွက် ဆေးကုသစရိတ် ဝမ်ငွေ ၁.၈ သန်းနဲ့ ဈာပနစရိတ်အဖြစ် ဝမ်ငွေ ၃.၆ သန်း စုစုပေါင်း ဝမ်ငွေ ၅.၄ သန်း ပေးအပ်ခဲ့ရာမှာ မိသားစုတွေက ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ တစ်ခုကို လှူဒါန်းခဲ့ပါတယ်။ ကိုဝင်းထွဋ်ဇော်ဟာ သူ့ဝင်ငွေတချို့ကို မြန်မာပြည်က မိဘမဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ လှူဒါန်းလေ့ရှိတဲ့အတွက် သူ့ရဲ့စေတနာကို လေးစားတဲ့အနေနဲ့ တောင်ကိုရီးယား အစိုးရပေးတဲ့ငွေကို အခုလို လှူဒါန်းခဲ့တာပါလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Lee Sang-hwa လီဆင်ဝှားက ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အခုလို လှူဒါန်းမှုဟာ အင်မတန်မြင့်မြတ်လှတဲ့အတွက် လူတွေရဲ့နှလုံးသားတွေကို ရိုက်ခတ်လှုပ်ရှားစေခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ သူကိုယ်တိုင် ကိုဝင်းထွဋ်ဇော်ရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုစကားပြောကြားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာရှိတဲ့ ကိုရီးယားအစည်းအရုံးကလည်း ကိုဝင်းထွဋ်ဇော် အမှတ်တရ ပညာသင်ဆုတစ်ခုကို ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

Via : RFA Burmese
koreajoongangdaily

Leave a Reply