ေၾကာက္စရာအေကာင္းဆုံး ေနရာတစ္ခုအျဖစ္သတ္မွတ္ထားခံရတဲ့ အရုပ္ကြ်န္း

Posted on

ေရးသားသူ – Dr.Aung

ကမာၻေပၚမွာ ထူးဆန္းေျခာက္ျခားဖြယ္ ေနရာေတြ အမ်ားႀကီး ရွိ ေနပါတယ္။ အခ်ိဳ႕ ေနရာေတြ ဟာ ေရာက္သြားတာ နဲ႔ ကံဆိုး မိုးေမွာင္က်ၿပီး မေကာင္းတာ တစ္ခုခု ျဖစ္ေတာ့မယ္ ဆိုတာ ကို ႀကိဳသိ ေနတဲ႔ ခံစားခ်က္မ်ိဳး ရရွိ ေနတတ္ ပါတယ္။ တစ္ခ်ိဳ႕ ေနရာေတြ က်ေတာ့ ေရာက္သြားတာ နဲ႔ တစ္ၿပိဳင္နက္ အလိုလို ဝမ္းနည္းတဲ႔ စိတ္ေတြ ျဖစ္ေပၚေနတတ္သလို ။ အခ်ိဳ႕က်ေတာ့လည္း ေရာက္ရွိေနတုန္း တစ္ခဏ စိတ္ထဲ ခဲဆြဲ ထားသလို တင္းတင္း က်ပ္က်ပ္ ခံစားရၿပီး အဲ႔ဒီ ေနရာက ျပန္လည္ ထြက္ခြာၿပီး ေနာက္ပိုင္း လဲ အိပ္မက္ဆိုး ေတြနဲ႔ ေၾကာက္လန္႔ ေနရတဲ႔ အထိ ေျခာက္ျခားဖြယ္ ေနရာမ်ိဳးေတြ က်ေနာ္တို႔ ကမၻာေျမႀကီး မွာ အမွန္တကယ္ တည္ရွိ ေနတာပါ။

အထက္ပါ ခံစားခ်က္ေတြ တစ္ေနရာတည္း ေရာေထြးၿပီး ခံစားရေစမယ့္ ေနရာတစ္ခု မကၠဆီကို ႏိုင္ငံ မွာ ေတြ႕ရွိႏိုင္ ပါတယ္။ အဲ႔ဒီ ေနရာ ကေတာ့ ‘La Isla de las Munecas’ လို႔ အမည္တြင္ တဲ႔ မကၠဆီကို က အရုပ္ကြ်န္း လို႔ ေခၚတဲ႔ ကြ်န္းငယ္ေလး တစ္ခု ပဲ ျဖစ္ပါတယ္။Island of the Dolls ( La Isla de las Munecas ) ဟာ Mexico City ေတာင္ဘက္ ပိုင္းမွာ ရွိၿပီး လူ လုပ္ ကြ်န္းတစ္ခု ျဖစ္ခဲ႔ ပါတယ္။ ေရွးေခတ္ အခါေတြ တုန္းက စိုက္ပ်ိဳး ေမြးျမဴေရး ေတြ ထြန္းကားဖို႔ အတြက္ ဖန္တီးထားတဲ႔ ကြ်န္းငယ္ေလး တစ္ခု ျဖစ္ၿပီး ‘Floating Garden’ ဆိုၿပီး အသုံးေတာ္ခံ ဖူးခဲ႔ တာပါ။

Mexico City ေတာင္ဘက္ပိုင္း မွာ ထို ကဲ႔သို႔ေသာ လူ လုပ္ ကြ်န္းငယ္ေတြ ေျမာက္ျမားစြာ ရွိခဲ႔ဖူးၿပီး ယေန႔ေခတ္ စက္မႈ႕လယ္ယာထြန္းကားခ်ိန္ မွာေတာ့ ထို ကြ်န္းေတြ ဟာ စြန္႔ပယ္ျခင္း ခံခဲ႔ရၿပီး ႏိုင္ငံျခားသား ေတြ ေလ့လာေရး ခရီး အတြက္ သက္သက္သာ ရပ္တည္ ေနေတာ့ တာ ျဖစ္ပါ တယ္။ ဒီကြ်န္းေလးတစ္ခုလံုးမွာ ရာေပါင္းမ်ားစြာေသာ အ႐ုပ္ေတြနဲ႕ ျပည့္ေနပါတယ္။ ဒါေပမယ့္ အဲ့ဒီအ႐ုပ္ေတြအားလံုးဟာ ကိုယ္လက္အဂၤါမစံုတဲ့ အ႐ုပ္ေတြခ်ည္းပါပဲ။ ေျချပတ္လက္ျပတ္ အ႐ုပ္ေတြ၊ ေခါင္းျပတအ႐ုပ္ေတြကို ကြ်န္းရဲ႕ သစ္ပင္ေတြ၊ ထုိင္ခံုေတြ အႏွံ႔မွာ ခ်ိတ္ဆြဲလို႕ထားပါတယ္။

ထို ကြ်န္ငယ္ေတြ အမ်ားႀကီးထဲ မွ ေျခာက္ျခားဖြယ္ အေကာင္းဆံုး သရဲေျခာက္တယ္လို႔ နာမည္ အႀကီးဆံုး ျဖစ္တဲ႔ ‘La Isla de las Munecas ‘ ဟာ လူသိ အမ်ားဆံုး ေနရာ တစ္ခု ျဖစ္လာ ခဲ႔တာပါ။ အဲ႔ဒီ ကြ်န္းဟာ ဘာလို႔ Island of the Dolls လို႔ အမည္တြင္ခဲ႔ တာလည္း, ဘယ္လို ေျခာက္ျခားဖြယ္ အတိတ္ေတြ ရွိခဲ႔ တာလည္း ဆို ဒီ ဇာတ္လမ္း အစျပဳခဲ႔ ပံုက ဒီလို ပါ။

၁၉၅၀ ခုႏွစ္မွာ တစ္ကိုယ္တည္းသမား ျဖစ္တဲ႔ ဒြန္ ဂ်ဴလီယံ ဆန္တာနာ ဆိုသူ ဟာ ခု Island of the Dolls လို႔ နာမည္တြင္ လာမယ့္ စြန္႔ပစ္ထားတဲ႔ လူ လုပ္ ကြ်န္းေလး မွာ တဲအိမ္ ေဆာက္ၿပီး ေနထိုင္ခဲ႔ ပါတယ္။ အစ မွာေတာ့ သူ႔ ရည္ရြယ္ခ်က္ က အသီးအႏွံေတြ စိုက္ပ်ိဳးဖို႔ ျဖစ္ေပမယ့္ ေနာက္ပိုင္း သူပ်ိဳးေထာင္ ရမွာ က အိမ္မက္ဆိုး ေတြ ဆိုတာ ကို ဆိုးရြား လွတဲ႔ ကံၾကမၼာ က လႊဲလို႔ ဘယ္သူ မွ ႀကိဳတင္ မသိရွိ ႏိုင္ခဲ႔ ပါဘူး။

တစ္ေန ႔မွာ Barrera ဟာ မိန္းကေလးငယ္ တစ္ေယာက္ ကြ်န္းအစပ္ မွာ ေရနစ္ေနတာ ကို ေတြ႕လိုက္ ရ ပါတယ္။ သူ ဟာ မိန္းကေလး ကို ကယ္ဆယ္ဖို႔ ၾကိဳးစားခဲ႔ ေပမယ့္ မမွီခဲ႔ ပါဘူး။ ထို မိန္းကေလး ကို မကယ္ဆယ္ ႏိုင္တဲ႔ Barrera ဟာ သူ႕ကိုယ္သူ အျပစ္ မကင္းဘူး လို႔ ခံစားရၿပီး စိတ္ေတြ ဖိစည္း ေနခဲ႔ ပါတယ္။ ဒီလို နဲ႔ Barrera ဟာ ကြ်န္းေပၚမွာ မိန္းကေလးငယ္ေလး ရဲ႕ သီခ်င္းဆိုသံ, ရယ္ေမာ ေနသံ, သူ႕ကို လာကယ္ ဘို႔ ေခၚေဆာင္ ေနတဲ႔ အသံ တို႔ကို စတင္ၾကား ရတယ္လို႔ ေျပာဆိုခဲ႔ ပါတယ္။ ဒါ႔ အျပင္ သူမွာ႔ တစ္ပါး အျခား ဘယ္သူဘယ္ဝါ မွ ရွိ မေနတဲ႔ ကြ်န္းေပၚမွာ ညဘက္ေရာက္လၽွင္ သူ႕တဲအိမ္ အျပင္ဘက္ က ကုတ္ျခစ္သံမ်ား ၾကားလာ ရျခင္း ျပတင္းတံခါး လာ ေခါက္ျခင္းေတြ ကိုပါ ခံစား ရလာ တယ္။

တစ္ခါတစ္ရံ ည အခ်ိန္ Barrera ကြ်န္းေပၚလွည့္ပတ္သြားခ်ိန္ ေတြမွာ သူမ ၏ အရိပ္ အေယာင္ ကို သစ္ပင္ထက္ သို႔ ေရျပင္ တို႔တြင္ ျမင္ရျခင္းေတြ ျဖစ္ေပၚ လာပါ ေတာ့ တယ္။ ဒီလို နဲ႔ လူသူ ကင္းမဲ႔တဲ႔ ဒီ ကြ်န္းေပၚမွာ တစ္ကိုယ္တည္း ေနတဲ႔ Barrera ရဲ႕ အျပဳအမူ ေတြဟာ ေၾကာင္စီစီ ျဖစ္လာ ခဲ႔ပါတယ္။ တစ္ေန႔ေတာ့ ေရထဲ မွာ အရုပ္ကေလး တစ္ရုပ္ ေမ်ာပါလာတာ ကို Barrera ေတြ႕ျမင္ လိုက္ ပါတယ္။ သူ ဟာ ေရနစ္ ေသဆံုး သြားတဲ႔ မိန္းကေလးငယ္ ရဲ႕ အတိတ္နမိတ္ ျပတယ္ လို႔ ယူဆၿပီး ထို အရုပ္ ကို ေရထဲ မွ မရရေအာင္ ဆယ္ယူခဲ႔ ပါေတာ့ တယ္။

ၿပီးေနာက္ ထို အရုပ္ကို ကြ်န္းေပၚရွိ သစ္ပင္ တစ္ပင္ ေပၚ ခ်ိတ္ထားၿပီး ေသဆံုး သြားတဲ႔ မိန္းကေလးငယ္ ေက်နပ္ေအာင္ ဆိုၿပီး ခ်ိတ္ေပးခဲ႔ ပါတယ္။ ထိုေန႔ က စၿပီး Barrera ရဲ႕ ေျခာက္ျခားမႈေတြ ဟာ အေတာ္အတန္ ေျပေလ်ာ့ လာခဲ႔ တာေၾကာင့္ သူ ဟာ မိန္းကေလးငယ္ ရဲ႕ဝိဥာည္ ပိုမို ေက်နပ္မႈ႕ရေအာင္ အရုပ္ေတြ ကို ထပ္မံ ရွာေဖြၿပီး ခ်ိတ္ဖို႔ ၾကိဳးစား လာခဲ႔ ပါတယ္။

Barrera ဟာ သူ စိုက္ပ်ိဳး ထားတဲ႔ အသီးအႏွံေတြ ကိုေတာင္ အရုပ္ေတြ နဲ႔ အလဲအထပ္ လုပ္တဲ႔ အထိ ျဖစ္လာ ခဲ႔ၿပီး အရုပ္ေတြ ကို ကြ်န္းအႏွံ႔ ရွိ သစ္ပင္ ေအာက္ေျခမ်ား မွာ ထားရွိျခင္း, သစ္ပင္ ပင္စည္ ႏွင့္ ကိုယ္ထည္မ်ားတြင္ ခ်ည္ထားျခင္း, ကြ်န္းရွိ ျခံစည္းရိုး မ်ားတြင္ စိုက္ထားျခင္းမ်ား အျပင္ သစ္ပင္ ထက္ မွ ႀကိဳးျဖင့္ တြဲေလာင္း ခ်ိတ္ျခင္း တို႔ကို ပါ ျပဳလုပ္ လာခဲ႔ ပါတယ္။ မၾကာခဏ လည္း ထို အရုပ္မ်ား ကို စိတ္တိုင္းက် ေနရာမ်ား သို႔ ျပန္လည္ ေရြ႕ေျပာင္း ျခင္း တို႔ကို ပါ ျပဳလုပ္ေလ့ ရွိတာပါ။

ဒီလို နဲ႔ Barrera အရုပ္ေတြ ဟာ ကြ်န္း တစ္ခုလံုး အေပၚ ျပန္႔ႏွံ႔ မ်ားျပား လာခဲ့ျပီး သူ႕ရဲ႕ ထူးျခားတဲ႔ အမူအက်င့္ ကို နီးစပ္ရာ ကြ်န္း က လူေတြ ကပါ ေျပာစဖြယ့္ ျဖစ္လာခဲ႔ တာပါ။ လူ အခ်ိဳ႕က ထို ကြ်န္း မွ အရုပ္မ်ား သည္ ညဘက္ မ်ားတြင္ သီခ်င္းဆိုျခင္း, ျပံဳးရယ္ျခင္း တို႔ ျပဳကာ အသက္ဝင္ လာၾက သည္ ဟု ယုံၾကည္ ေနၾက ပါတယ္။

ဒါ့အျပင္ ကြ်န္း ႏွင့္ နီးစပ္ရာ လူမ်ား က Barrera သည္ ညဘက္ မ်ားတြင္ ထို အရုပ္မ်ား ႏွင့္ စကား ေျပာျခင္း ႏွင့္ သီခ်င္း ဆိုျခင္း တို႔ကို ျပဳလုပ္ ေနသည္ ကို ျမင္ေတြ႕ခဲ႔ေၾကာင္း ေျပာဆိုခဲ႔ ပါတယ္။ ဒီလို နဲ႔ ထို ကြ်န္းေပၚ ရွိ အရုပ္မ်ား ႏွင့္ Barrera တို႔ အေၾကာင္းသည္ ကြ်န္း အနီးတစ္ဝိုက္ သို႔ေလာ သို႔ေလာ ေျပာစမွတ္ ျဖစ္လာခဲ႔ ပါတယ္။

Barrera ရဲ႕ အရုပ္ စုေဆာင္း ခ်ိတ္ဆြဲျခင္း အက်င့္ထူး ဟာ ႏွစ္ေပါင္း ၅၀ အၾကာ မွာ ရပ္တန္႔ သြားခဲ ႔ရ ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ Barrera ရဲ႕ ရုပ္အေလာင္း ကိုလည္း ယခင္ Barrera ေျပာခဲ႔ ဖူးတဲ႔ မိန္းကေလးငယ္ ေရနစ္ ေသဆံုး ခဲ႔တဲ႔ ေနရာ မွာပဲ ရွာေဖြေတြ႕ရွိ ခဲ႔ရတာ ေၾကာင့္ ျဖစ္ ပါတယ္။ ေဒသခံေတြ ရဲ႕ အဆိုအရ Barrera ရဲ႕ ဝိဥာည္ ဟာ မိန္းကေလးငယ္ေလး ရဲ႕ ဝိဥာည္ နဲ႔ ပူးေပါင္းၿပီး ထို ကြ်န္းေပၚမွာ ဆက္လက္ ရွိေနတယ္ လို႔ ယုံၾကည္ ေနၾက ပါတယ္။

ဒြန္ေသဆံုးျပီးသြားတဲ့ေနာက္မွာေတာ့ ဒီကြ်န္းကေလးအေၾကာင္းကို လူသိမ်ားလာျပီး ေတာ့ လာေရာက္လည္ပတ္သူေတြလည္း မ်ားလာပါတယ္။ ဒီအထဲမွာ ႐ုပ္ျမင္သံၾကား ႒ာနေတြကပါ လာေရာက္႐ိုက္ကူးျပီးေတာ့ အစီအစဥ္တစ္ခုမွာ ဒီ အ႐ုပ္ကြ်န္းေလးဟာ တစ္ကယ့္ ကို သရဲေျခာက္ပါတယ္ဆိုျပီးေတာင္ ပါပါသတဲ့။ ယေန႔အခ်ိန္ အထိ ထို ကြ်န္းႀကီး ေပၚမွာ Barrera စုဆာင္း ခ်ိတ္ဆြဲ ခဲ႔တဲ႔ အရုပ္မ်ား ကို လက္ရာမပ်က္ ထပ္မံ ေတြ႕ရွိ ႏိုင္ၿပီး ထို ကြ်န္းသို႔ အလည္သြား သူေတြ အေနနဲ႔လည္း အရုပ္အသစ္ တစ္ခုစီ ယူေဆာင္ ေပးသြားေလ့ ရွိတာပါ။

လက္ရွိ အခ်ိန္တြင္ လည္း ကြ်န္းေလး ေပၚသို႔ အလြယ္တကူ သြားလာ ႏိုင္မႈ႕တို႔ေၾကာင့္ သဘာဝလြန္ ျဖစ္ရပ္မ်ား အား စိတ္ဝင္စားသူမ်ား, ထိတ္လန္႔ စြန္႔စားမႈ႕ကို ႀကိဳက္ႏွစ္ သက္ေသာ ခရီးသည္မ်ား ႏွင့္ ျပည့္ႏွက္လ်က္ ရွိေနပါတယ္။ အလည္လာသူေတြကေတာ့ သူတို႕ဟာ အ႐ုပ္ကေလးေတြရဲ႕ တုိးတုိးေလး ညည္းသံကို ၾကားရတယ္လို႕ဆိုပါတယ္။ ခရီးသြားမ်ား အဝင္အထြက္ျဖင့္ ရႈပ္ေထြး ေနေသာ္လည္း La Isla de las Munecas ကြ်န္း မွ Barrera ၏ အရုပ္ကေလးမ်ား မွာမူ သူတို႔ အား ခ်ိတ္ဆြဲ ခ်ည္ေႏွာင္ ထားေသာ သစ္ပင္, ျခံစည္းရိုးမ်ား ထက္မွ ေသးငယ္ ဝိုင္းစက္ေသာ မ်က္လံုး အစုံ တို႕ျဖင့္ ေငးေမာ ၾကည့္ရႈ က်န္ေနခဲ႔ မည္သာ ျဖစ္ပါ ေတာ့တယ္။

Barrera မကယ္ႏိုင္ လိုက္တဲ႔ မိန္းကေလး ဟာ ဘယ္သူ ဘယ္ဝါလဲ ?

Barrera က ဘာ ရည္ရြယ္ခ်က္ ေတြနဲ႔ ကြ်န္း တစ္ခုလံုး ကို အရုပ္ေတြ ျပည့္ေန ေစခဲ႔ တာလဲ ?

Barrera ကိုယ္တိုင္ ကေကာ ဘယ္လို နည္း နဲ႔ ေရနစ္ ေသဆံုး ေနရ တာလဲ ? သူ ေသဆံုးမႈ႕ ကလည္း တိုက္ဆိုင္မႈ႕သက္သက္လား ?

သို႕မဟုတ္ ေသဆံုးသြားတဲ႔ မိန္းကေလး ရဲ႕ ဝိဥာည္ ကို သြားေရာက္ ေစာင့္ေရွာက္ဖို႔ သက္သက္လား ?

ဆိုတာ ေတြ ကေတာ့ Don Julian Santana Barrera မွာ႔ လြဲလို႔ ေျဖရွင္း မရေသးတဲ႔ ပေဟ႒ိ တစ္ခု အေန နဲ႔ က်န္ရွိ ေနဦး မွာ ျဖစ္ပါတယ္…….

VIDEO


ကြောက်စရာအကောင်းဆုံး နေရာတစ်ခုအဖြစ်သတ်မှတ်ထားခံရတဲ့ အရုပ်ကျွန်း (unicode)

ရေးသားသူ – Dr.Aung

ကမ္ဘာပေါ်မှာ ထူးဆန်းခြောက်ခြားဖွယ် နေရာတွေ အများကြီး ရှိ နေပါတယ်။ အချို့ နေရာတွေ ဟာ ရောက်သွားတာ နဲ့ ကံဆိုး မိုးမှောင်ကျပြီး မကောင်းတာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ ကို ကြိုသိ နေတဲ့ ခံစားချက်မျိုး ရရှိ နေတတ် ပါတယ်။ တစ်ချို့ နေရာတွေ ကျတော့ ရောက်သွားတာ နဲ့ တစ်ပြိုင်နက် အလိုလို ဝမ်းနည်းတဲ့ စိတ်တွေ ဖြစ်ပေါ်နေတတ်သလို ။ အချို့ကျတော့လည်း ရောက်ရှိနေတုန်း တစ်ခဏ စိတ်ထဲ ခဲဆွဲ ထားသလို တင်းတင်း ကျပ်ကျပ် ခံစားရပြီး အဲ့ဒီ နေရာက ပြန်လည် ထွက်ခွာပြီး နောက်ပိုင်း လဲ အိပ်မက်ဆိုး တွေနဲ့ ကြောက်လန့် နေရတဲ့ အထိ ခြောက်ခြားဖွယ် နေရာမျိုးတွေ ကျနော်တို့ ကမ္ဘာမြေကြီး မှာ အမှန်တကယ် တည်ရှိ နေတာပါ။

အထက်ပါ ခံစားချက်တွေ တစ်နေရာတည်း ရောထွေးပြီး ခံစားရစေမယ့် နေရာတစ်ခု မက္ကဆီကို နိုင်ငံ မှာ တွေ့ရှိနိုင် ပါတယ်။ အဲ့ဒီ နေရာ ကတော့ ‘La Isla de las Munecas’ လို့ အမည်တွင် တဲ့ မက္ကဆီကို က အရုပ်ကျွန်း လို့ ခေါ်တဲ့ ကျွန်းငယ်လေး တစ်ခု ပဲ ဖြစ်ပါတယ်။Island of the Dolls ( La Isla de las Munecas ) ဟာ Mexico City တောင်ဘက် ပိုင်းမှာ ရှိပြီး လူ လုပ် ကျွန်းတစ်ခု ဖြစ်ခဲ့ ပါတယ်။ ရှေးခေတ် အခါတွေ တုန်းက စိုက်ပျိုး မွေးမြူရေး တွေ ထွန်းကားဖို့ အတွက် ဖန်တီးထားတဲ့ ကျွန်းငယ်လေး တစ်ခု ဖြစ်ပြီး ‘Floating Garden’ ဆိုပြီး အသုံးတော်ခံ ဖူးခဲ့ တာပါ။

Mexico City တောင်ဘက်ပိုင်း မှာ ထို ကဲ့သို့သော လူ လုပ် ကျွန်းငယ်တွေ မြောက်မြားစွာ ရှိခဲ့ဖူးပြီး ယနေ့ခေတ် စက်မှု့လယ်ယာထွန်းကားချိန် မှာတော့ ထို ကျွန်းတွေ ဟာ စွန့်ပယ်ခြင်း ခံခဲ့ရပြီး နိုင်ငံခြားသား တွေ လေ့လာရေး ခရီး အတွက် သက်သက်သာ ရပ်တည် နေတော့ တာ ဖြစ်ပါ တယ်။ ဒီကျွန်းလေးတစ်ခုလုံးမှာ ရာပေါင်းများစွာသော အရုပ်တွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီအရုပ်တွေအားလုံးဟာ ကိုယ်လက်အင်္ဂါမစုံတဲ့ အရုပ်တွေချည်းပါပဲ။ ခြေပြတ်လက်ပြတ် အရုပ်တွေ၊ ခေါင်းပြတအရုပ်တွေကို ကျွန်းရဲ့ သစ်ပင်တွေ၊ ထိုင်ခုံတွေ အနှံ့မှာ ချိတ်ဆွဲလို့ထားပါတယ်။

ထို ကျွန်ငယ်တွေ အများကြီးထဲ မှ ခြောက်ခြားဖွယ် အကောင်းဆုံး သရဲခြောက်တယ်လို့ နာမည် အကြီးဆုံး ဖြစ်တဲ့ ‘La Isla de las Munecas ‘ ဟာ လူသိ အများဆုံး နေရာ တစ်ခု ဖြစ်လာ ခဲ့တာပါ။ အဲ့ဒီ ကျွန်းဟာ ဘာလို့ Island of the Dolls လို့ အမည်တွင်ခဲ့ တာလည်း, ဘယ်လို ခြောက်ခြားဖွယ် အတိတ်တွေ ရှိခဲ့ တာလည်း ဆို ဒီ ဇာတ်လမ်း အစပြုခဲ့ ပုံက ဒီလို ပါ။

၁၉၅၀ ခုနှစ်မှာ တစ်ကိုယ်တည်းသမား ဖြစ်တဲ့ ဒွန် ဂျူလီယံ ဆန်တာနာ ဆိုသူ ဟာ ခု Island of the Dolls လို့ နာမည်တွင် လာမယ့် စွန့်ပစ်ထားတဲ့ လူ လုပ် ကျွန်းလေး မှာ တဲအိမ် ဆောက်ပြီး နေထိုင်ခဲ့ ပါတယ်။ အစ မှာတော့ သူ့ ရည်ရွယ်ချက် က အသီးအနှံတွေ စိုက်ပျိုးဖို့ ဖြစ်ပေမယ့် နောက်ပိုင်း သူပျိုးထောင် ရမှာ က အိမ်မက်ဆိုး တွေ ဆိုတာ ကို ဆိုးရွား လှတဲ့ ကံကြမ္မာ က လွှဲလို့ ဘယ်သူ မှ ကြိုတင် မသိရှိ နိုင်ခဲ့ ပါဘူး။

တစ်နေ့မှာ Barrera ဟာ မိန်းကလေးငယ် တစ်ယောက် ကျွန်းအစပ် မှာ ရေနစ်နေတာ ကို တွေ့လိုက် ရ ပါတယ်။ သူ ဟာ မိန်းကလေး ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ ပေမယ့် မမှီခဲ့ ပါဘူး။ ထို မိန်းကလေး ကို မကယ်ဆယ် နိုင်တဲ့ Barrera ဟာ သူ့ကိုယ်သူ အပြစ် မကင်းဘူး လို့ ခံစားရပြီး စိတ်တွေ ဖိစည်း နေခဲ့ ပါတယ်။ ဒီလို နဲ့ Barrera ဟာ ကျွန်းပေါ်မှာ မိန်းကလေးငယ်လေး ရဲ့ သီချင်းဆိုသံ, ရယ်မော နေသံ, သူ့ကို လာကယ် ဘို့ ခေါ်ဆောင် နေတဲ့ အသံ တို့ကို စတင်ကြား ရတယ်လို့ ပြောဆိုခဲ့ ပါတယ်။ ဒါ့ အပြင် သူမှာ့ တစ်ပါး အခြား ဘယ်သူဘယ်ဝါ မှ ရှိ မနေတဲ့ ကျွန်းပေါ်မှာ ညဘက်ရောက်လျှင် သူ့တဲအိမ် အပြင်ဘက် က ကုတ်ခြစ်သံများ ကြားလာ ရခြင်း ပြတင်းတံခါး လာ ခေါက်ခြင်းတွေ ကိုပါ ခံစား ရလာ တယ်။

တစ်ခါတစ်ရံ ည အချိန် Barrera ကျွန်းပေါ်လှည့်ပတ်သွားချိန် တွေမှာ သူမ ၏ အရိပ် အယောင် ကို သစ်ပင်ထက် သို့ ရေပြင် တို့တွင် မြင်ရခြင်းတွေ ဖြစ်ပေါ် လာပါ တော့ တယ်။ ဒီလို နဲ့ လူသူ ကင်းမဲ့တဲ့ ဒီ ကျွန်းပေါ်မှာ တစ်ကိုယ်တည်း နေတဲ့ Barrera ရဲ့ အပြုအမူ တွေဟာ ကြောင်စီစီ ဖြစ်လာ ခဲ့ပါတယ်။ တစ်နေ့တော့ ရေထဲ မှာ အရုပ်ကလေး တစ်ရုပ် မျောပါလာတာ ကို Barrera တွေ့မြင် လိုက် ပါတယ်။ သူ ဟာ ရေနစ် သေဆုံး သွားတဲ့ မိန်းကလေးငယ် ရဲ့ အတိတ်နမိတ် ပြတယ် လို့ ယူဆပြီး ထို အရုပ် ကို ရေထဲ မှ မရရအောင် ဆယ်ယူခဲ့ ပါတော့ တယ်။

ပြီးနောက် ထို အရုပ်ကို ကျွန်းပေါ်ရှိ သစ်ပင် တစ်ပင် ပေါ် ချိတ်ထားပြီး သေဆုံး သွားတဲ့ မိန်းကလေးငယ် ကျေနပ်အောင် ဆိုပြီး ချိတ်ပေးခဲ့ ပါတယ်။ ထိုနေ့ က စပြီး Barrera ရဲ့ ခြောက်ခြားမှုတွေ ဟာ အတော်အတန် ပြေလျော့ လာခဲ့ တာကြောင့် သူ ဟာ မိန်းကလေးငယ် ရဲ့ဝိဥာည် ပိုမို ကျေနပ်မှု့ရအောင် အရုပ်တွေ ကို ထပ်မံ ရှာဖွေပြီး ချိတ်ဖို့ ကြိုးစား လာခဲ့ ပါတယ်။

Barrera ဟာ သူ စိုက်ပျိုး ထားတဲ့ အသီးအနှံတွေ ကိုတောင် အရုပ်တွေ နဲ့ အလဲအထပ် လုပ်တဲ့ အထိ ဖြစ်လာ ခဲ့ပြီး အရုပ်တွေ ကို ကျွန်းအနှံ့ ရှိ သစ်ပင် အောက်ခြေများ မှာ ထားရှိခြင်း, သစ်ပင် ပင်စည် နှင့် ကိုယ်ထည်များတွင် ချည်ထားခြင်း, ကျွန်းရှိ ခြံစည်းရိုး များတွင် စိုက်ထားခြင်းများ အပြင် သစ်ပင် ထက် မှ ကြိုးဖြင့် တွဲလောင်း ချိတ်ခြင်း တို့ကို ပါ ပြုလုပ် လာခဲ့ ပါတယ်။ မကြာခဏ လည်း ထို အရုပ်များ ကို စိတ်တိုင်းကျ နေရာများ သို့ ပြန်လည် ရွေ့ပြောင်း ခြင်း တို့ကို ပါ ပြုလုပ်လေ့ ရှိတာပါ။

ဒီလို နဲ့ Barrera အရုပ်တွေ ဟာ ကျွန်း တစ်ခုလုံး အပေါ် ပြန့်နှံ့ များပြား လာခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ အမူအကျင့် ကို နီးစပ်ရာ ကျွန်း က လူတွေ ကပါ ပြောစဖွယ့် ဖြစ်လာခဲ့ တာပါ။ လူ အချို့က ထို ကျွန်း မှ အရုပ်များ သည် ညဘက် များတွင် သီချင်းဆိုခြင်း, ပြုံးရယ်ခြင်း တို့ ပြုကာ အသက်ဝင် လာကြ သည် ဟု ယုံကြည် နေကြ ပါတယ်။

ဒါ့အပြင် ကျွန်း နှင့် နီးစပ်ရာ လူများ က Barrera သည် ညဘက် များတွင် ထို အရုပ်များ နှင့် စကား ပြောခြင်း နှင့် သီချင်း ဆိုခြင်း တို့ကို ပြုလုပ် နေသည် ကို မြင်တွေ့ခဲ့ကြောင်း ပြောဆိုခဲ့ ပါတယ်။ ဒီလို နဲ့ ထို ကျွန်းပေါ် ရှိ အရုပ်များ နှင့် Barrera တို့ အကြောင်းသည် ကျွန်း အနီးတစ်ဝိုက် သို့လော သို့လော ပြောစမှတ် ဖြစ်လာခဲ့ ပါတယ်။

Barrera ရဲ့ အရုပ် စုဆောင်း ချိတ်ဆွဲခြင်း အကျင့်ထူး ဟာ နှစ်ပေါင်း ၅၀ အကြာ မှာ ရပ်တန့် သွားခဲ့ရ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Barrera ရဲ့ ရုပ်အလောင်း ကိုလည်း ယခင် Barrera ပြောခဲ့ ဖူးတဲ့ မိန်းကလေးငယ် ရေနစ် သေဆုံး ခဲ့တဲ့ နေရာ မှာပဲ ရှာဖွေတွေ့ရှိ ခဲ့ရတာ ကြောင့် ဖြစ် ပါတယ်။ ဒေသခံတွေ ရဲ့ အဆိုအရ Barrera ရဲ့ ဝိဥာည် ဟာ မိန်းကလေးငယ်လေး ရဲ့ ဝိဥာည် နဲ့ ပူးပေါင်းပြီး ထို ကျွန်းပေါ်မှာ ဆက်လက် ရှိနေတယ် လို့ ယုံကြည် နေကြ ပါတယ်။

ဒွန်သေဆုံးပြီးသွားတဲ့နောက်မှာတော့ ဒီကျွန်းကလေးအကြောင်းကို လူသိများလာပြီး တော့ လာရောက်လည်ပတ်သူတွေလည်း များလာပါတယ်။ ဒီအထဲမှာ ရုပ်မြင်သံကြား ဋ္ဌာနတွေကပါ လာရောက်ရိုက်ကူးပြီးတော့ အစီအစဉ်တစ်ခုမှာ ဒီ အရုပ်ကျွန်းလေးဟာ တစ်ကယ့် ကို သရဲခြောက်ပါတယ်ဆိုပြီးတောင် ပါပါသတဲ့။ ယနေ့အချိန် အထိ ထို ကျွန်းကြီး ပေါ်မှာ Barrera စုဆာင်း ချိတ်ဆွဲ ခဲ့တဲ့ အရုပ်များ ကို လက်ရာမပျက် ထပ်မံ တွေ့ရှိ နိုင်ပြီး ထို ကျွန်းသို့ အလည်သွား သူတွေ အနေနဲ့လည်း အရုပ်အသစ် တစ်ခုစီ ယူဆောင် ပေးသွားလေ့ ရှိတာပါ။

လက်ရှိ အချိန်တွင် လည်း ကျွန်းလေး ပေါ်သို့ အလွယ်တကူ သွားလာ နိုင်မှု့တို့ကြောင့် သဘာဝလွန် ဖြစ်ရပ်များ အား စိတ်ဝင်စားသူများ, ထိတ်လန့် စွန့်စားမှု့ကို ကြိုက်နှစ် သက်သော ခရီးသည်များ နှင့် ပြည့်နှက်လျက် ရှိနေပါတယ်။ အလည်လာသူတွေကတော့ သူတို့ဟာ အရုပ်ကလေးတွေရဲ့ တိုးတိုးလေး ညည်းသံကို ကြားရတယ်လို့ဆိုပါတယ်။ ခရီးသွားများ အဝင်အထွက်ဖြင့် ရှုပ်ထွေး နေသော်လည်း La Isla de las Munecas ကျွန်း မှ Barrera ၏ အရုပ်ကလေးများ မှာမူ သူတို့ အား ချိတ်ဆွဲ ချည်နှောင် ထားသော သစ်ပင်, ခြံစည်းရိုးများ ထက်မှ သေးငယ် ဝိုင်းစက်သော မျက်လုံး အစုံ တို့ဖြင့် ငေးမော ကြည့်ရှု ကျန်နေခဲ့ မည်သာ ဖြစ်ပါ တော့တယ်။

Barrera မကယ်နိုင် လိုက်တဲ့ မိန်းကလေး ဟာ ဘယ်သူ ဘယ်ဝါလဲ ? Barrera က ဘာ ရည်ရွယ်ချက် တွေနဲ့ ကျွန်း တစ်ခုလုံး ကို အရုပ်တွေ ပြည့်နေ စေခဲ့ တာလဲ ? Barrera ကိုယ်တိုင် ကကော ဘယ်လို နည်း နဲ့ ရေနစ် သေဆုံး နေရ တာလဲ ? သူ သေဆုံးမှု့ ကလည်း တိုက်ဆိုင်မှု့သက်သက်လား ?

သို့မဟုတ် သေဆုံးသွားတဲ့ မိန်းကလေး ရဲ့ ဝိဥာည် ကို သွားရောက် စောင့်ရှောက်ဖို့ သက်သက်လား ? ဆိုတာ တွေ ကတော့ Don Julian Santana Barrera မှာ့ လွဲလို့ ဖြေရှင်း မရသေးတဲ့ ပဟေဋ္ဌိ တစ်ခု အနေ နဲ့ ကျန်ရှိ နေဦး မှာ ဖြစ်ပါတယ်…….

Leave a Reply