ကမာၻေပၚမွာ ရွိခဲ့ဖူးတဲ့ ဆင္လူသား ရဲ႕ ဘ၀ဇာတ္လမ္း

Posted on

သူ႔နာမည္က Joseph Carey Merrick ၊ သူ႔ကုိ ၁၈၆၂ခုႏွစ္ ၾသဂုတ္လ ၅ရက္ေန႔တုန္းက အဂၤလန္ႏုိင္ငံ လက္ဆက္စတာၿမဳိ႕မွာေမြးဖြားခဲ့တယ္။ သူ႔႔ကုိအားလုံးက ဆင္လူသားတုိ႔ပဲ ေခၚၾကတယ္။ သူ႔ရဲ႕မ်က္ႏွာနဲ႔ ခႏၶာကုိယ္တစ္ခုလုံးက ဆင္တစ္ေကာင္ရဲ႕ ဖြဲ႔စည္းတည္ေဆာက္ပုံနဲ႔ တူေနလုိ႔ပါပဲ။

သူ႔ကုိေမြးဖြားတုန္းက ပုံမွန္ကေလးတစ္ေယာက္အတုိင္းက်န္းမာခဲ့ပါတယ္။ အသက္ ၅ႏွစ္အေရာက္မွာေတာ့ မ်က္ႏွာနဲ႔ ခႏၶာကုိယ္မွာ အဖုအထစ္ေတြ စထြက္လာခဲ့တယ္။ အသားအရည္ကလည္း ညဳိေဖ်ာ့ေဖ်ာ့ျဖစ္လာခဲ့တယ္။ သူ႔ရဲ႕ညာဘက္လက္ေမာင္းဟာ လိမ္ပိန္သြားခဲ့တယ္။ ခႏၶာကုိယ္မွာ ဒီလုိေျပာင္းလဲမႈေတြျဖစ္ခဲ့ေပမယ့္ Merrick ဟာ ေက်ာင္းဆက္တက္ႏုိင္ေနေသးတယ္။ ၁၁ႏွစ္ အရြယ္အထိေပါ့။

သူ႔မိဘေတြကေတာ့ ဒါဟာ အျဖစ္အပ်က္တစ္ခု နဲ႔ ပတ္သတ္ေနတယ္လုိ႔ ထင္ျမင္ေနၾကတယ္။ သူ႔ကုိ သူ႔အေမကုိယ္၀န္ေဆာင္ထားစဥ္က ခရီးတစ္ခုအသြားမွာ ဆင္တစ္ေကာင္ရဲ႕ကန္ေၾကာက္မႈကုိ ခံခဲ့ရတယ္။ ဒါေပမယ့္ ဒါဏ္ရာအနည္းငယ္ပဲ ရခဲ့တာေၾကာင့္ Merrick ကုိေကာင္းမြန္စြာေမြးဖြားလာႏုိင္ခဲ့တယ္။ တကယ့္တကယ္မွာေတာ့ ဆင္ကန္ခံလုိက္တာနဲ႔ မဆုိင္ပဲ ခႏၶာကုိယ္ဗီဇေဖာက္ျပန္မႈေၾကာင့္သာျဖစ္တယ္လုိ႔ ပညာရွင္ေတြက ဆုိၾကပါတယ္။ ဆရာ၀န္ေတြကေတာ့ Merrick ရဲ႕ေရာဂါကုိ ရွားပါးတဲ့ဗီဇေဖာက္ျပန္မႈေရာဂါတစ္မ်ဳိးျဖစ္တဲ့ Proteus syndrome လုိ႔ သတ္မွတ္လုိက္ၾကတယ္။

Merrick ဟာ ဒီေရာဂါကုိ အလြန္အမင္းခံစားခဲ့ရတယ္။ ဒီေရာဂါေၾကာင့္ သူ႔ရဲ႕အရုိး ၊ အရည္ျပား နဲ႔ အျခားကုိယ္ခႏၶာအစိတ္အပုိင္းေတြဟာ ပုံမွန္ထက္မ်ားစြာ ႀကီးထြားလာတယ္။ သူ႔ရဲ႕ခႏၶာကုိယ္က ဒီလုိဆုိးဆုိးရြားရြားေျပာင္းလဲေနခ်ိန္မွာပဲ မိခင္ျဖစ္သူက ကြယ္လြန္သြားတယ္။ ဖခင္ျဖစ္သူကလည္း ေနာက္မိန္းမ ထပ္ယူလုိက္တယ္။ ဒါေၾကာင့္ Merrick ေက်ာင္းဆက္မတက္ႏုိင္ေတာ့ဘူး။ ေဆးျပင္းလိပ္လိပ္တဲ့ အလုပ္ကုိ၀င္လုပ္ရတယ္။ ဒါေပမယ့္ ေနာက္တစ္ႏွစ္ေလာက္အၾကာမွာေတာ့ သူအလုပ္မလုပ္ႏုိင္ေတာ့ဘူး။ သူ႔ရဲ႕ညာဘက္လက္ေမာင္းက လုံး၀နီးပါးလႈပ္ရွားလုိ႔မရေအာင္ အားနည္းလာလုိ႔ပါ။

ဒါေပမယ့္ Merrick က ဇြဲရွိတယ္။ လက္နဲ႔ ေဆးလိပ္မလိပ္ႏုိင္ေတာ့ေပမယ့္ အင္အားသိပ္မစိုက္ရတဲ့ ေနာက္အလုပ္တစ္ခုကို ထပ္လုပ္တယ္။ သူ႔အေဖရဲ႕အလုပ္တစ္ခုျဖစ္တဲ့ အကၤ်ီနဲ႔ အျခားတုိလီမုိလီေရာင္းတဲ့ ဆုိင္ေလးမွာ အေရာင္း၀န္ထမ္းအျဖစ္ေပါ့။ ဇြဲဘယ္ေလာက္ရွိရွိ Merrick တေန႔တျခား စိတ္ဓာတ္က်လာရတယ္။ သူ႔ရဲ႕ေျခေထာက္ နဲ႔ တင္ပဆုံရုိးေတြပါ ထပ္မံႀကီးထြားလာၿပီး ဆင္တစ္ေကာင္နဲ႔ ပုိပုိတူလာတဲ့ အတြက္ေၾကာင့္ပါ။ လမ္းေလွ်ာက္ရင္ေတာင္ ေကာင္းေကာင္းမေလွ်ာက္ႏုိင္ေတာ့သလုိ ကုန္ပစၥည္းေတြသယ္တဲ့ေနရာမွာ အလြန္ဒုကၡေရာက္ရပါတယ္။

သူ႔မ်က္ႏွာပုံပန္းသ႑ာန္ပ်က္မႈဟာ သူ႔ကုိ စကားေျပာတဲ့ေနရာမွာ ဒုကၡေပးျပန္ပါတယ္။ သူ႔စကားေတြဟာ ပီပီသသ မထြက္တဲ့အတြက္ေစ်း၀ယ္သူေတြက နားမလည္ၾကပါဘူး။ အမ်ားစုကေတာ့ သူ႔ရုပ္ျမင္တာနဲ႔ ထြက္ေျပးသြားၾကေတာ့တာပါပဲ။ Merrick ဘ၀ဟာ အလြန္သနားဖုိ႔ေကာင္းပါတယ္။ သူဘယ္ေလာက္ႀကဳိးစားႀကဳိးစား လုံေလာက္တဲ့ေရာင္းခ်ရမႈ မရွိတဲ့အတြက္ ဖခင္ျဖစ္သူက သူ႔ကုိရုိက္ႏွက္ပါတယ္။ ေနာက္ဆုံး သူအသက္ ၁၇ႏွစ္မွာေတာ့ အိမ္ေပၚကေန ႏွင္ခ်ခံလုိက္ရပါတယ္။

Tom Norman

ေနစရာမဲ့ လမ္းေပၚေရာက္သြားတဲ့ Merrick ကံေကာင္းတယ္ပဲ ဆုိရပါမယ္။ သူဘာလုပ္ရမွန္းမသိျဖစ္ေနစဥ္မွာ ကပြဲစီစဥ္သူတစ္ေယာက္ျဖစ္တဲ့ Tom Norman နဲ႔ သြားေတြ႔ပါတယ္။ Tom Norman ဟာ Mrrick ကုိ သူ႔ရဲ႕အထူးအဆန္းပြဲေတြမွာ ျပသခဲ့ပါတယ္။ ဆင္တစ္၀က္ လူတစ္၀က္ လူသားဆုိၿပီးေတာ့ေပါ့။ သူတုိ႔ႏွစ္ေယာက္စလုံး ဒီပြဲေတြကေန ေငြေတြမနည္းရလုိက္ပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာလာေတာ့ လူေတြကသူတုိ႔ရဲ႕ပြဲကုိ စိတ္၀င္စားမႈမရွိေတာ့သလုိ ၊ ရဲေတြကလည္း ျပသခြင့္ပိတ္လုိက္တဲ့အတြက္ အဂၤလန္မွာပြဲေတြမျပရေတာ့ပါဘူး။

ဘာလုပ္ရမွန္းမသိေတာ့တဲ့ Merrick ဘယ္လ္ဂ်ီယံကုိ ခရီးထြက္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံမွာ ထူးဆန္းတဲ့လူသားအေနနဲ႔ ျပပြဲလုပ္ခဲ့ေပမယ့္ သူ႔ကုိ ဘယ္သူမွ စိတ္မ၀င္စားခဲ့ပါဘူး။ ဒီပြဲအၿပီးမွာေတာ့ လူဆုိးတခ်ဳိ႕ဟာ Merrick ကို ဓားျပတုိက္ခဲ့တာေၾကာင့္ စုေဆာင္းထားသမွ်ကုန္သြားသလုိ ၊ လူကိုလည္းရုိက္ႏွက္ၿပီး လူမရွိတဲ့ေနရာမွာ စြန္႔ပစ္ခံခဲ့ရပါတယ္။ အဲဒီေနာက္ေတာ့ ၁၈၈၆ခုႏွစ္မွာ Merrick အဂၤလန္ကို ျပန္လာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံကေန အဂၤလန္ျပန္ခရီးမွာ လည္ေခ်ာင္းနာေရာဂါျဖစ္လာခဲ့တယ္။ အဂၤလန္ေရာက္ေတာ့ လူေတြက သူ႔ရဲ႕ဆုိးရြားတဲ့ရုပ္ရည္ေၾကာင့္ ရုိက္ႏွက္ ႏွိပ္စက္ၾကတာေၾကာင့္ ရဲေတြက ကာကြယ္ေပးခဲ့ရတယ္။ Merrick ဟာ သူ႔အေၾကာင္း အျဖစ္အပ်က္အစုံကုိ စာေရးခဲ့တယ္။ စာမ်က္ႏွာ ၃မ်က္ႏွာပါတဲ့ ပန္းဖလက္ေလးပါ။ ဒါေလးထုတ္ၿပီး လူေတြကိုလုိက္ေ၀တဲ့အခါ လူေတြက သူ႔အေၾကာင္းကုိ သိသြားၾကၿပီး သနားသြားၾကတယ္။ သူေရာဂါကုသဖုိ႔အတြက္္လည္း ကူညီေပးၾကတယ္။ Dr. Frederick Treves ရဲ႕အကူအညီေၾကာင့္ လန္ဒန္ေဆးရုံမွာ အခမဲ့တက္ခြင့္ကုိ ရရွိခဲ့တယ္။ အဲဒီေနာက္ေတာ့ Merrick ဟာ စာေရးျခင္းကုိႏွစ္သက္လာၿပီး သူ႔အတြက္ရတဲ့ အခန္းထဲမွာ စာေတြေရး ကဗ်ာေတြေရးေနပါေတာ့တယ္။ ( သူ႔ရဲ႕ကဗ်ာတခ်ဳိ႕ကုိ လန္ဒန္ေဆးရုံက အမွတ္တရအေနနဲ႔ သိမ္းဆည္းထားပါတယ္)

ရွားပါးတဲ့သူ႔ရဲ႕ေရာဂါကို ဆရာ၀န္ေတြမကုသႏုိင္ခဲ့ပဲ သူ႔ကုိသက္သက္သာသာေနႏုိင္ေစဖုိ႔ပဲ ႀကဳိးစားေပးၾကပါတယ္။ အရုိးအဆစ္ေတြႀကီးထြားမႈဟာ ရပ္တန္႔မသြားပဲ အရည္ျပားေတြကလည္း အထပ္ထပ္ေခါက္ထားသလုိ ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ႕ဦးေခါင္းဟာ အလြန္ေလးလံလာၿပီး လွဲေလ်ာင္းအိပ္စက္ဖုိ႔ေတာင္ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ Merrick ဟာ သူ႔ရဲ႕အိပ္စက္ခ်ိန္ေတြကုိ ကုလားထုိင္ေပၚမွာ ထုိင္ရက္နဲ႔ ျဖတ္သန္းခဲ့ရပါတယ္။ တစ္ညမွာေတာ့ Merrick ဟာ ကုလားထုိင္ေပၚမွာ မအိပ္ပဲ သာမန္လူေတြလုိပဲ အိပ္ယာေပၚမွာ အိပ္စက္ခဲ့ပါသတဲ့။ အဲဒီညဟာ သူ႔ရဲ႕ေနာက္ဆုံးညပါ။ သူဟာ အိပ္စက္ေနစဥ္အတြင္းေသဆုံးသြားခဲ့ပါတယ္။ အဲဒီေန႔ဟာ ၁၈၉၀ခုႏွစ္ ဧၿပီလ ၁၁ရက္ေန႔ ျဖစ္တဲ့အတြက္ ဆင္လူသားဟာ အသက္ ၂၇ႏွစ္အရြယ္မွာပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသဆုံးခဲ့ရပါတယ္။

သူေသၿပီးတဲ့ေနာက္ သူ႔ခႏၶာကိုယ္ကုိ ခြဲစိတ္ၾကည့္ေတာ့ မြန္းၾကပ္မႈေၾကာင့္ေသဆုံးတယ္လုိ႔ ေဒါက္တာ Frederick က အေျဖထုတ္ပါတယ္။ ဒါေပမယ့္ ေနာက္ႏွစ္ေပါင္း ၁၀၀ အၾကာမွာ သူ႔ရဲ႕အရုိးကုိ ထပ္မံစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ Merrick ဟာ မြမ္းၾကပ္မႈေၾကာင့္ ေသတာမဟုတ္ပဲ ေလးလံတဲ့ဦးေခါင္းဟာ လဲေလ်ာင္းလုိက္မႈေၾကာင့္ လည္ပင္းအဆစ္ကုိ လြဲသြားၿပီးတဲ့ေနာက္ ေက်ာရုိးမႀကီးကို အခ်ိန္ၾကာဖိမိသြားတာေၾကာင့့္ျဖစ္တယ္လုိ႔ အေျဖထုတ္ အတည္ျပဳခဲ့ၾကပါတယ္။

ဒါကေတာ့ ကမာၻေပၚမ်ာ ပင္ပန္းဆင္းရဲစြာေနသြားခဲ့ရတဲ့ ဆင္လူသားတစ္ေယာက္ရဲ႕အေၾကာင္းပါ။ သူ႔ရဲ႕အရုိးကုိေတာ့ လန္ဒန္က Queen Mary တကၠသုိလ္ျပတုိက္မွာ ယေန႔တုိင္ျပသထားပါတယ္။ ရႈပ္ေထြးလွတဲ့ သူ႔အရုိးတည္ေဆာက္ပုံကုိ 3D နဲ႔ Scan ဖတ္ၿပီး အခ်က္အလက္အေသးစိတ္နဲ႔ ရွင္းျပထားပါတယ္။ Merrick ရဲ႕ သနားစရာဘ၀ဇာတ္လမ္းကို ၁၉၈၀ခုႏွစ္မွာေတာ့ ဒါရုိက္တာ David Lynch က The Elephant Man: A Story in Human Dignity လုိ႔အမည္နဲ႔ ရုပ္ရွင္ရုိက္ခဲ့ရာကေန ဆင္လူသားအေၾကာင္းဟာ ကမာၻအႏွံ႔ကုိ ျပန္႔ႏွံ႔သြားပါေတာ့တယ္။

The Elephant Man: A Story in Human Dignity

ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတဲ့ ဆင်လူသား ရဲ့ ဘဝဇာတ်လမ်း (unicode)

သူ့နာမည်က Joseph Carey Merrick ၊ သူ့ကို ၁၈၆၂ခုနှစ် ဩဂုတ်လ ၅ရက်နေ့တုန်းက အင်္ဂလန်နိုင်ငံ လက်ဆက်စတာမြို့မှာမွေးဖွားခဲ့တယ်။ သူ့ကိုအားလုံးက ဆင်လူသားတို့ပဲ ခေါ်ကြတယ်။ သူ့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဆင်တစ်ကောင်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ တူနေလို့ပါပဲ။

သူ့ကိုမွေးဖွားတုန်းက ပုံမှန်ကလေးတစ်ယောက်အတိုင်းကျန်းမာခဲ့ပါတယ်။ အသက် ၅နှစ်အရောက်မှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အဖုအထစ်တွေ စထွက်လာခဲ့တယ်။ အသားအရည်ကလည်း ညိုဖျော့ဖျော့ဖြစ်လာခဲ့တယ်။ သူ့ရဲ့ညာဘက်လက်မောင်းဟာ လိမ်ပိန်သွားခဲ့တယ်။ ခန္ဓာကိုယ်မှာ ဒီလိုပြောင်းလဲမှုတွေဖြစ်ခဲ့ပေမယ့် Merrick ဟာ ကျောင်းဆက်တက်နိုင်နေသေးတယ်။ ၁၁နှစ် အရွယ်အထိပေါ့။

သူ့မိဘတွေကတော့ ဒါဟာ အဖြစ်အပျက်တစ်ခု နဲ့ ပတ်သတ်နေတယ်လို့ ထင်မြင်နေကြတယ်။ သူ့ကို သူ့အမေကိုယ်ဝန်ဆောင်ထားစဉ်က ခရီးတစ်ခုအသွားမှာ ဆင်တစ်ကောင်ရဲ့ကန်ကြောက်မှုကို ခံခဲ့ရတယ်။ ဒါပေမယ့် ဒါဏ်ရာအနည်းငယ်ပဲ ရခဲ့တာကြောင့် Merrick ကိုကောင်းမွန်စွာမွေးဖွားလာနိုင်ခဲ့တယ်။ တကယ့်တကယ်မှာတော့ ဆင်ကန်ခံလိုက်တာနဲ့ မဆိုင်ပဲ ခန္ဓာကိုယ်ဗီဇဖောက်ပြန်မှုကြောင့်သာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဆရာဝန်တွေကတော့ Merrick ရဲ့ရောဂါကို ရှားပါးတဲ့ဗီဇဖောက်ပြန်မှုရောဂါတစ်မျိုးဖြစ်တဲ့ Proteus syndrome လို့ သတ်မှတ်လိုက်ကြတယ်။

Merrick ဟာ ဒီရောဂါကို အလွန်အမင်းခံစားခဲ့ရတယ်။ ဒီရောဂါကြောင့် သူ့ရဲ့အရိုး ၊ အရည်ပြား နဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ ပုံမှန်ထက်များစွာ ကြီးထွားလာတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ဒီလိုဆိုးဆိုးရွားရွားပြောင်းလဲနေချိန်မှာပဲ မိခင်ဖြစ်သူက ကွယ်လွန်သွားတယ်။ ဖခင်ဖြစ်သူကလည်း နောက်မိန်းမ ထပ်ယူလိုက်တယ်။ ဒါကြောင့် Merrick ကျောင်းဆက်မတက်နိုင်တော့ဘူး။ ဆေးပြင်းလိပ်လိပ်တဲ့ အလုပ်ကိုဝင်လုပ်ရတယ်။ ဒါပေမယ့် နောက်တစ်နှစ်လောက်အကြာမှာတော့ သူအလုပ်မလုပ်နိုင်တော့ဘူး။ သူ့ရဲ့ညာဘက်လက်မောင်းက လုံးဝနီးပါးလှုပ်ရှားလို့မရအောင် အားနည်းလာလို့ပါ။

ဒါပေမယ့် Merrick က ဇွဲရှိတယ်။ လက်နဲ့ ဆေးလိပ်မလိပ်နိုင်တော့ပေမယ့် အင်အားသိပ်မစိုက်ရတဲ့ နောက်အလုပ်တစ်ခုကို ထပ်လုပ်တယ်။ သူ့အဖေရဲ့အလုပ်တစ်ခုဖြစ်တဲ့ အင်္ကျီနဲ့ အခြားတိုလီမိုလီရောင်းတဲ့ ဆိုင်လေးမှာ အရောင်းဝန်ထမ်းအဖြစ်ပေါ့။ ဇွဲဘယ်လောက်ရှိရှိ Merrick တနေ့တခြား စိတ်ဓာတ်ကျလာရတယ်။ သူ့ရဲ့ခြေထောက် နဲ့ တင်ပဆုံရိုးတွေပါ ထပ်မံကြီးထွားလာပြီး ဆင်တစ်ကောင်နဲ့ ပိုပိုတူလာတဲ့ အတွက်ကြောင့်ပါ။ လမ်းလျှောက်ရင်တောင် ကောင်းကောင်းမလျှောက်နိုင်တော့သလို ကုန်ပစ္စည်းတွေသယ်တဲ့နေရာမှာ အလွန်ဒုက္ခရောက်ရပါတယ်။

သူ့မျက်နှာပုံပန်းသဏ္ဍာန်ပျက်မှုဟာ သူ့ကို စကားပြောတဲ့နေရာမှာ ဒုက္ခပေးပြန်ပါတယ်။ သူ့စကားတွေဟာ ပီပီသသ မထွက်တဲ့အတွက်ဈေးဝယ်သူတွေက နားမလည်ကြပါဘူး။ အများစုကတော့ သူ့ရုပ်မြင်တာနဲ့ ထွက်ပြေးသွားကြတော့တာပါပဲ။ Merrick ဘဝဟာ အလွန်သနားဖို့ကောင်းပါတယ်။ သူဘယ်လောက်ကြိုးစားကြိုးစား လုံလောက်တဲ့ရောင်းချရမှု မရှိတဲ့အတွက် ဖခင်ဖြစ်သူက သူ့ကိုရိုက်နှက်ပါတယ်။ နောက်ဆုံး သူအသက် ၁၇နှစ်မှာတော့ အိမ်ပေါ်ကနေ နှင်ချခံလိုက်ရပါတယ်။

နေစရာမဲ့ လမ်းပေါ်ရောက်သွားတဲ့ Merrick ကံကောင်းတယ်ပဲ ဆိုရပါမယ်။ သူဘာလုပ်ရမှန်းမသိဖြစ်နေစဉ်မှာ ကပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ Tom Norman နဲ့ သွားတွေ့ပါတယ်။ Tom Norman ဟာ Mrrick ကို သူ့ရဲ့အထူးအဆန်းပွဲတွေမှာ ပြသခဲ့ပါတယ်။ ဆင်တစ်ဝက် လူတစ်ဝက် လူသားဆိုပြီးတော့ပေါ့။ သူတို့နှစ်ယောက်စလုံး ဒီပွဲတွေကနေ ငွေတွေမနည်းရလိုက်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတော့ လူတွေကသူတို့ရဲ့ပွဲကို စိတ်ဝင်စားမှုမရှိတော့သလို ၊ ရဲတွေကလည်း ပြသခွင့်ပိတ်လိုက်တဲ့အတွက် အင်္ဂလန်မှာပွဲတွေမပြရတော့ပါဘူး။

ဘာလုပ်ရမှန်းမသိတော့တဲ့ Merrick ဘယ်လ်ဂျီယံကို ခရီးထွက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံမှာ ထူးဆန်းတဲ့လူသားအနေနဲ့ ပြပွဲလုပ်ခဲ့ပေမယ့် သူ့ကို ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။ ဒီပွဲအပြီးမှာတော့ လူဆိုးတချို့ဟာ Merrick ကို ဓားပြတိုက်ခဲ့တာကြောင့် စုဆောင်းထားသမျှကုန်သွားသလို ၊ လူကိုလည်းရိုက်နှက်ပြီး လူမရှိတဲ့နေရာမှာ စွန့်ပစ်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၈၈၆ခုနှစ်မှာ Merrick အင်္ဂလန်ကို ပြန်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံကနေ အင်္ဂလန်ပြန်ခရီးမှာ လည်ချောင်းနာရောဂါဖြစ်လာခဲ့တယ်။ အင်္ဂလန်ရောက်တော့ လူတွေက သူ့ရဲ့ဆိုးရွားတဲ့ရုပ်ရည်ကြောင့် ရိုက်နှက် နှိပ်စက်ကြတာကြောင့် ရဲတွေက ကာကွယ်ပေးခဲ့ရတယ်။ Merrick ဟာ သူ့အကြောင်း အဖြစ်အပျက်အစုံကို စာရေးခဲ့တယ်။ စာမျက်နှာ ၃မျက်နှာပါတဲ့ ပန်းဖလက်လေးပါ။ ဒါလေးထုတ်ပြီး လူတွေကိုလိုက်ဝေတဲ့အခါ လူတွေက သူ့အကြောင်းကို သိသွားကြပြီး သနားသွားကြတယ်။ သူရောဂါကုသဖို့အတွက်လည်း ကူညီပေးကြတယ်။ Dr. Frederick Treves ရဲ့အကူအညီကြောင့် လန်ဒန်ဆေးရုံမှာ အခမဲ့တက်ခွင့်ကို ရရှိခဲ့တယ်။ အဲဒီနောက်တော့ Merrick ဟာ စာရေးခြင်းကိုနှစ်သက်လာပြီး သူ့အတွက်ရတဲ့ အခန်းထဲမှာ စာတွေရေး ကဗျာတွေရေးနေပါတော့တယ်။ ( သူ့ရဲ့ကဗျာတချို့ကို လန်ဒန်ဆေးရုံက အမှတ်တရအနေနဲ့ သိမ်းဆည်းထားပါတယ်)

ရှားပါးတဲ့သူ့ရဲ့ရောဂါကို ဆရာဝန်တွေမကုသနိုင်ခဲ့ပဲ သူ့ကိုသက်သက်သာသာနေနိုင်စေဖို့ပဲ ကြိုးစားပေးကြပါတယ်။ အရိုးအဆစ်တွေကြီးထွားမှုဟာ ရပ်တန့်မသွားပဲ အရည်ပြားတွေကလည်း အထပ်ထပ်ခေါက်ထားသလို ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဦးခေါင်းဟာ အလွန်လေးလံလာပြီး လှဲလျောင်းအိပ်စက်ဖို့တောင် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် Merrick ဟာ သူ့ရဲ့အိပ်စက်ချိန်တွေကို ကုလားထိုင်ပေါ်မှာ ထိုင်ရက်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ တစ်ညမှာတော့ Merrick ဟာ ကုလားထိုင်ပေါ်မှာ မအိပ်ပဲ သာမန်လူတွေလိုပဲ အိပ်ယာပေါ်မှာ အိပ်စက်ခဲ့ပါသတဲ့။ အဲဒီညဟာ သူ့ရဲ့နောက်ဆုံးညပါ။ သူဟာ အိပ်စက်နေစဉ်အတွင်းသေဆုံးသွားခဲ့ပါတယ်။ အဲဒီနေ့ဟာ ၁၈၉ဝခုနှစ် ဧပြီလ ၁၁ရက်နေ့ ဖြစ်တဲ့အတွက် ဆင်လူသားဟာ အသက် ၂၇နှစ်အရွယ်မှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရပါတယ်။

သူသေပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ကြည့်တော့ မွန်းကြပ်မှုကြောင့်သေဆုံးတယ်လို့ ဒေါက်တာ Frederick က အဖြေထုတ်ပါတယ်။ ဒါပေမယ့် နောက်နှစ်ပေါင်း ၁၀၀ အကြာမှာ သူ့ရဲ့အရိုးကို ထပ်မံစစ်ဆေးကြည့်တဲ့အခါမှာတော့ Merrick ဟာ မွမ်းကြပ်မှုကြောင့် သေတာမဟုတ်ပဲ လေးလံတဲ့ဦးခေါင်းဟာ လဲလျောင်းလိုက်မှုကြောင့် လည်ပင်းအဆစ်ကို လွဲသွားပြီးတဲ့နောက် ကျောရိုးမကြီးကို အချိန်ကြာဖိမိသွားတာကြောင့်ဖြစ်တယ်လို့ အဖြေထုတ် အတည်ပြုခဲ့ကြပါတယ်။

ဒါကတော့ ကမ္ဘာပေါ်မျာ ပင်ပန်းဆင်းရဲစွာနေသွားခဲ့ရတဲ့ ဆင်လူသားတစ်ယောက်ရဲ့အကြောင်းပါ။ သူ့ရဲ့အရိုးကိုတော့ လန်ဒန်က Queen Mary တက္ကသိုလ်ပြတိုက်မှာ ယနေ့တိုင်ပြသထားပါတယ်။ ရှုပ်ထွေးလှတဲ့ သူ့အရိုးတည်ဆောက်ပုံကို 3D နဲ့ Scan ဖတ်ပြီး အချက်အလက်အသေးစိတ်နဲ့ ရှင်းပြထားပါတယ်။ Merrick ရဲ့ သနားစရာဘဝဇာတ်လမ်းကို ၁၉၈ဝခုနှစ်မှာတော့ ဒါရိုက်တာ David Lynch က The Elephant Man: A Story in Human Dignity လို့အမည်နဲ့ ရုပ်ရှင်ရိုက်ခဲ့ရာကနေ ဆင်လူသားအကြောင်းဟာ ကမ္ဘာအနှံ့ကို ပြန့်နှံ့သွားပါတော့တယ်။

Leave a Reply