“အေလာင္းဝတ္တဲ့အဝတ္အစားမွာ အိတ္ကပ္မရွိလို႔ပါ”

Posted on

ႏုိင္းႏုိင္းစေန

သူ႔ကို နယူးဂ်ာစီေန အေမရိကန္အိုင္းရစ္လူမ်ဳိး ခရစ္ယာန္ဘာသာဝင္ သာမန္မိသားစုတစ္စု က ေမြးဖြားခဲ့တာျဖစ္တယ္။ ၂ဝ၁၈ခုႏွစ္မွာ သူ႔အသက္(၈၆)ျပည့္ခဲ့ၿပီး အေမရိကန္ ဆန္ဖရန္စစၥကိုမွာ အိမ္ခန္းႏွစ္ခန္းပါတဲ့အိမ္ေလးမွာ ဇနီးနဲ႔အတူ ငွားရမ္းေနထိုင္ခဲ့ပါတယ္။

နာမည္ႀကီးတံဆိပ္ အဝတ္အစားေတြ သူ မဝတ္ဆင္ခဲ့ဖူးသလို သူ႔မ်က္မွန္ကတည္းေဟာင္းႏြမ္းေန ခဲ့ပါတယ္။ သူ႔လက္မွာပတ္ထားတဲ့ နာရီကလည္း ေျမေအာက္ဘူတာတစ္ေနရာမွာ ဝယ္ခဲ့တဲ့နာရီျဖစ္တယ္။ အစားအေသာက္ေကာင္းေတြကို သူ မမက္ေမာခဲ့ပါဘူး။ သူႏွစ္သက္တဲ့အစားအစာက ေစ်းခ်ဳိတဲ့ ခရမ္းခ်ဥ္သီးခ်ိစ္ဆန္းဝွစ္ျဖစ္တယ္။ သူ႔မွာ ကိုယ္ပိုင္ကားမရွိဘူး။ ဘတ္စကားကိုပဲ သူအသံုးျပဳတယ္။ သူ႔ရဲ႕လက္ကိုင္အိတ္ဟာလည္း အဝတ္စနဲ႔ခ်ဳပ္ထားတဲ့အိတ္ပဲျဖစ္တယ္။ တကယ္လို႔ သူနဲ႔အတူ စားေသာက္ဆိုင္သြားရင္ ေဘလ္ေတြကို စနစ္တက် သူစစ္ေဆးမွာကို သင္ေတြ႔ရပါလိမ့္မယ္။ တကယ္လို႔ သူ႔အိမ္မွာ ညအိပ္ညေန သင္အိပ္ခဲ့ရင္ မအိပ္ခင္ မီးပိတ္ပါလို႔ သူသတိေပးပါလိမ့္မယ္။

ဒီေလာက္ဆင္းရဲတဲ့ အေမရိကန္အဘိုးႀကီးတစ္ေယာက္အေၾကာင္း ဘာမ်ားေျပာစရာရွိသလဲလို႔ သင္အံ့ၾသေကာင္း အံ့ၾသလိမ့္မယ္။ သူလုပ္ခဲ့သမွ်ကို ကၽြန္ေတာ္တို႔ အရင္ၾကည့္ရေအာင္…..

Cornell University အတြက္ သူလွဴဒါန္းခဲ့တဲ့ေငြက စုစုေပါင္း ၅၈၈ မီလီယံ
California University အတြက္ သူလွဴဒါန္းခဲ့တဲ့ေငြက စုစုေပါင္း ၁၂၅ မီလီယံ
Stanford University အတြက္ သူလွဴဒါန္းခဲ့တဲ့ေငြက စုစုေပါင္း သန္း ၆ဝ
အိုင္ယာလန္မွာ တကၠသိုလ္အသစ္ ၇ေက်ာင္းနဲ႔ ေျမာက္အိုင္ယာလန္မွာ ၂ေက်ာင္းေဆာက္ဖို႔ တစ္ဘီလီယံကို သူလွဴဒါန္းခဲ့တယ္။

ႏႈတ္ခမ္းကဲြကေလးသူငယ္ေတြရဲ႕ လက္မႈပစၥည္းေတြ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ အၿပံဳးစစ္ဆင္ေရး “Operation Smile” ပရဟိတလုပ္ငန္းကို သူစတင္တည္ေထာင္ခဲ့ၿပီး ေဆးဖိုးဝါးခေတြ ရွာေပးခဲ့တယ္။ အာဖရိကတိုက္ အတြက္ ပုလိပ္ေရာဂါနဲ႔ အျခားေရာဂါတိုက္ဖ်က္ေရးအတြက္ ေငြေၾကးအေျမာက္အျမား သူလွဴဒါန္းခဲ့တယ္။ ဒီကေန႔အထိ သူလွဴဒါန္းလိုက္တဲ့ ေငြေၾကးေပါင္း အေမရိကန္ေဒၚလာ ၈ဘီလ်ံေက်ာ္ရွိၿပီျဖစ္ပါတယ္။

သူကေတာ့သူကိုယ္တိုင္အတြက္မၾကည့္ဘဲအမ်ားအတြက္ၾကည့္သူ၊ေငြေၾကးရွာေဖြတာကိုႏွစ္သက္ေပမယ့္ ေငြေၾကးေတြကို လက္ဝယ္မထားတဲ့သူ “Chuck Feeney”ပဲျဖစ္ပါတယ္။

Chuck Feeney ဟာ ထင္ေပၚေက်ာ္ၾကားလိုသူ မဟုတ္ပါဘူး။ သူဟာ အမည္မေဖာ္တဲ့အလွဴရွင္ျဖစ္တယ္။ သူဟာ ေငြေၾကး ၈ဘီလီယံပိုင္ဆိုင္တဲ့ The Atlantic Philanthropies ကို သူတည္ေထာင္ခဲ့ၿပီး ပရဟိတလုပ္ငန္းနဲ႔ဆိုင္တဲ့ အေမရိကန္ဥပေဒက ကင္းလြတ္ေအာင္ အေမရိကန္နဲ႔ေဝးတဲ့ Bermuda ကၽြန္းစုမွာ သြားေရာက္ တည္ေထာင္ခဲ့တာျဖစ္တယ္။ လုပ္ငန္းကိုလည္း သူ႔နာမည္ျဖစ္တဲ့ Chuck Feeney ကို မေပးခဲ့တဲ့အျပင္ အဲဒီမွာ အလုပ္လုပ္တဲ့လူေတြကိုလည္း ဘယ္သူ႔ဆီမွာ အလုပ္လုပ္ေၾကာင္း မေပါက္ၾကားေစခဲ့ပါဘူး။ သူ႔ေတာင္းဆိုခ်က္ေၾကာင္း သူတို႔လုပ္ငန္းက လွဴဒါန္းခဲ့တဲ့ေငြေတြမွာ သူ႔နာမည္ကို မွတ္တမ္းမတင္ခဲ့ၾကဘူး။

၁၉၉၇ခုႏွစ္ေရာက္မွ Chuck Feeney တည္ေထာင္ခဲ့တဲ့ Duty Free Shoppers Group ကို ျပင္သစ္ကနာမည္ႀကီးတဲ့ Bernard Arnault က ဝယ္ယူလိုက္မွ သူ႔ကို လူေတြသိခဲ့ၾကတာျဖစ္တယ္။ အဲဒီကုမၸဏီရဲ႕ အစုရွယ္ယာေတြကို The Atlantic Philanthropiesထဲ သူအားလံုးလဲႊေျပာင္းခဲ့တယ္။ သူလွဴဒါန္းခဲ့တဲ့ေငြေတြဟာ Macarthur ၊ Rockefellerတို႔တည္ေထာင္ခဲ့တဲ့ နာမည္ႀကီး ပရဟိတလုပ္ငန္းေတြထက္ ပိုမ်ားခဲ့ပါတယ္။

သူ ထင္ထင္ေပၚေပၚ မေနခဲ့ဘူး။ လွဴဒါန္းေငြေတြမွာလည္း နာမည္ကိုမေဖာ္ျပခဲ့ဘူး။ သူကိုယ္တိုင္တည္ေထာင္ထားတဲ့ ၈ဘီလီယံတန္ The Atlantic Philanthropies ကိုေတာင္ သူ႔နာမည္နဲ႔တည္ေထာင္ဖို႔ ျငင္းခဲ့တယ္။ ႏွစ္အေတာ္ၾကာမွ လူေတြက သူ႔ကိုသိခဲ့ၾကတယ္။ သူဟာ တစ္ကမာၻလံုးကို အံ့ၾသတုန္လႈပ္ေစခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ထင္ထင္ေပၚေပၚ မေနခ်င္သူတစ္ေယာက္ဟာ ထင္ေပၚလာခဲ့တယ္။ ဒါေပမဲ့ သူတို႔အဖဲြ႔အစည္းက လွဴဒါန္းမယ့္အေၾကာင္းေတြကို သူတို႔မေၾကညာတတ္သလို အလွဴရွင္ဆိုတဲ့ စာတန္း၊ နာမည္ေတြ ကမည္းမထိုးဖို႔လည္း ေတာင္းဆိုခဲ့တယ္။ သူလွဴဒါန္းတဲ့ အေဆာက္အဦးေတြမွာ သူ႔နာမည္ကို ကမည္းမထိုးဖုိ႔ ေျပာခဲ့ပါတယ္။

“အေဆာက္အဦးေတြ ဘယ္သူေဆာက္တယ္၊ ဘယ္သူလွဴဒါန္းတယ္ဆိုတာ အေရးမႀကီးပါဘူး။ အေရးႀကီးတာက အေဆာက္အဦး ေဆာက္လုပ္ၿပီးစီးဖို႔ပဲ” လို႔ သူကဆိုခဲ့ပါတယ္။

Chuck Feeney က သူဟာ “အဝတ္အစားစုတ္ျပတ္ျပတ္နဲ႔ အလွဴရွင္” လို႔ဆိုခဲ့ပါတယ္။ သူရဲ႕ေခၽြတာမႈက လူေတြကို အံ့ၾသေစခဲ့တယ္။ သူဟာ အေဆာက္အဦးေပါင္းမ်ားစြာ ေဆာက္လုပ္လွဴဒါန္းခဲ့တယ္။ ျပင္သစ္ နာမည္ႀကီးခရီးသြားေနရာေတြ၊ လန္ဒန္အဆင့္ျမင့္ေနရာေတြနဲ႔ နယူးေယာက္ပန္းၿခံ အနီးအနားေတြမွာ အဆင့္ျမင့္ အေဆာက္အဦးေပါင္း ၆ခုရွိခဲ့ေပမယ့္ ဒီကေန႔မွာ တစ္ခုမွ သူ႔အတြက္ သူခ်န္မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ႔အတူ ဆန္ဖရန္စၥကိုေနရာတစ္ခုမွာ အိမ္ငွားေနထိုင္ၿပီး ဘတ္စကား၊ ေျမေအာက္ရထား၊ တကၠစီေတြကိုပဲ အသံုးျပဳေနခဲ့ပါတယ္။

Chuck Feeneyဟာ သူတည္ေထာင္ခဲ့တဲ့ Duty Freeဆိုင္ေတြကေန ေငြေၾကးမ်ားစြာ ရရွိခဲ့ေပမယ့္ သူကိုယ္တိုင္ နာမည္ႀကီးတံဆိပ္ အဝတ္အစားေတြကို မဝတ္ဆင္ခဲ့ပါဘူး။ သူစားတဲ့ အစားအေသာက္ေတြဟာလည္း ဆင္းရဲသားဆန္လြန္းခဲ့ပါတယ္။

“နာမည္ႀကီး အဆင့္ျမင့္စားေသာက္ဆိုင္ေတြမွာ ထမင္းတစ္နပ္ကို ေဒၚလာ(၁ဝဝ)နဲ႔ သင္စားႏိုင္ပါတယ္။ ဒါေပမဲ့ ၂၅ ေဒၚလာတန္တဲ့ ထမင္းတစ္နပ္ကလည္း ကၽြန္ေတာ့္ကို ျပည့္ဝမႈေတြေပးႏိုင္ပါတယ္” လို႔ Chuck Feeney က ေျပာခဲ့ပါတယ္။

Chuck Feeneyမွာ သားသမီးငါးေယာက္ရွိၿပီး ဒီသားသမီးေတြဟာ ထူးျခားတဲ့အလုိလိုက္ျခင္း၊ ဥစၥာပစၥည္းေတြအေပၚ ဇိမ္ခံျခင္းေတြ မရွိခဲ့ပါဘူး။ ေက်ာင္းအားရက္ေတြမွာ သူတို႔ဟာ စားေသာက္ဆိုင္၊ ဟိုတယ္ေတြမွာ အလုပ္သြားလုပ္ရပါတယ္။ ကေလးေတြထဲက သမီးတစ္ေယာက္က ဆယ္ႏွစ္ေက်ာ္အရြယ္မွာ“သူငယ္ခ်င္းတစ္ေယာက္နဲ႔ ဖုန္းအၾကာႀကီး ေျပာခဲ့မိလို႔ ဖုန္းခေဆာင္ရခ်ိန္မွာ Chuck Feeney ဟာ အိမ္ကဖုန္းကို ျဖတ္ေတာက္ခဲ့ပါတယ္။ အိမ္ကဖုန္းနံေဘးမွာလည္း လမ္းေဘးဖုန္း တည္ေနရာကို ေျမပံုဆဲြကပ္ထားခဲ့တယ္။ သမီးရဲ႕သူငယ္ခ်င္းကိုလည္း ဖုန္းခစာရြက္ကို ပို႔ေပးခဲ့တယ္။ စစခ်င္းမွာ သမီးက သူငယ္ခ်င္းျဖစ္သူကို အားနာခဲ့ေပမယ့္ ေနာက္ဆံုးဟာ Chuck Feeney လုပ္တဲ့အလုပ္ဟာ မွန္ကန္ေၾကာင္းေထာက္ခံခဲ့တယ္။ ဖခင္ရဲ႕ အမည္မေဖာ္တဲ့အလွဴေတြကိုလည္း သားသမီးေတြက ေထာက္ခံခဲ့ၾကၿပီး “အေဖ ဒီလိုလုပ္တာ နည္းနည္းေတာ့ထူးဆန္းေပမဲ့ ဒီလိုလုပ္လိုက္တဲ့အတြက္ လွဴဒါန္းခံရသူေတြရဲ႕ အထူးတလည္ဆက္ဆံတာကို ကၽြန္မတို႔မခံရေတာ့ဘူး။ ကၽြန္မတို႔ဟာ တျခားလူေတြနဲ႔ တန္းတူျဖစ္တယ္” လို႔ ဆိုခဲ့ၾကတယ္။

The Atlantic Philanthropies ရဲ႕ အစည္းအေဝးမွတ္တမ္းတစ္ခုမွာ “သူေဌးေတြက သူတို႔ပိုင္ဆိုင္သမွ်ကို ပရဟိတလုပ္ငန္းမွာ အသံုးျပဳၾကတယ္။ အမည္မသိနဲ႔ ထင္ထင္ေပၚေပၚ မလွဴဒါန္းခဲ့ရင္ သူတို႔ရဲ႕ေနာင္မ်ဳိးဆက္အတြက္ အေႏွာင့္အယွက္ေတြ ျဖစ္ေစႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္တယ္” လို႔ ေရးခဲ့တယ္။ ထင္ထင္ေပၚေပၚ၊ ေက်ာ္ေက်ာ္ၾကားၾကားေနခ်င္သူေတြနဲ႔စာရင္ Chuck Feeneyက တမ်ဳိးတဘာသာ ထူးျခားတယ္၊ ဆိတ္ၿငိမ္တယ္လို႔ ဆိုရလိမ့္မယ္။

Chuck Feeneyရဲ႕ အလွဴအတန္းေတြထဲမွာ “Operation Smile” လို႔ေခၚတဲ့လုပ္ငန္းတစ္ခုပါတယ္။ အဓိက,က ႏႈတ္ခမ္းကဲြကေလးသူငယ္ေတြကို ခဲြစိတ္ကုသေပးဖို႔ျဖစ္တယ္။ တစ္ခါက ႏႈတ္ခမ္းခဲြစိတ္ကုသေနတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ သူဆံုခဲ့တယ္။ ေကာင္မေလးက ပါးစပ္ကိုလက္နဲ႔အုပ္ထားေပမယ့္ လႈပ္ရွားေပ်ာ္ရႊင္ေနတဲ့ ေမွ်ာ္လင့္စိတ္ကိုေတာ့ မဖံုးကြယ္ႏိုင္ခဲ့ဘူး။ ခဲြစိတ္ကုသၿပီးေနာက္ ေကာင္မေလးဟာ ၿပံဳးရယ္ေနၿပီး “ကၽြန္မရဲ႕ပံုစံက အရင္ကလို ရုပ္ဆိုးမေနေတာ့ဘူး”လို႔ ဆိုေနသေယာင္ရွိေနခဲ့တယ္။ ေကာင္မေလးကိုၾကည့္ၿပီး Chuck Feeney က “ဒီလိုအခ်ိန္မ်ဳိးမွာမွ ဥစၥာပစၥည္းက တန္ဖိုးရွိလြန္းတယ္” လို႔ဆိုခဲ့ပါတယ္။

တစ္ခါက စားေသာက္ဆိုင္တစ္ခုမွာ ေကာင္ေလးတစ္ေယာက္ Chuck Feeney ဆီေလွ်ာက္လာၿပီး “မစၥတာရဲ႕ ပညာေတာ္သင္ဆုကို ကၽြန္ေတာ္ရခဲ့ပါတယ္။ အခု ကၽြန္ေတာ္ဟာ ဒီစားေသာက္ဆိုင္ရဲ႕ မန္ေနဂ်ာျဖစ္ေနပါၿပီ” လို႔ဆိုခဲ့တယ္။

Chuck Feeneyဟာ ျပင္သစ္စကား၊ ဂ်ပန္စကားေတြကို ေကာင္းစြာေျပာႏိုင္ၿပီး ကမာၻ႔အရပ္ရပ္ ခရီးသြားရတာကို ႏွစ္သက္ပါတယ္။ ေရာက္ရာအရပ္မွာလည္း အလွဴဒါနေတြ သူျပဳလုပ္လွဴဒါန္းေလ့ရွိတယ္။ The Atlantic Philanthropies လွဴဒါန္းခဲ့တဲ့ဝန္းက်င္ဟာ ကမာၻ႔ဝန္းက်င္ထက္ ေက်ာ္လြန္ေနခဲ့ပါၿပီ။ ဗီယက္နမ္ကေလးငယ္ေတြအတြက္ ယာဥ္လမ္းစည္းကမ္းအလွဴေငြ၊ ၾသစေတးလ် ကင္ဆာရွာေဖြေရးအတြက္ လွဴဒါန္းေငြ၊ ဖိလစ္ပိုင္ မ်က္ႏွာခၽြတ္ယြင္းကေလးငယ္အတြက္ ပလပ္စတစ္ဆာဂ်င္ရီ လွဴဒါန္းေငြ စတာေတြရွိခဲ့ပါတယ္။

“လူေတြဟာ ေငြရွာၿပီး သူေဌးသူၾကြယ္လုပ္ၾကတယ္။ လူအမ်ားရဲ႕အာရံုကို ဖမ္းစားၾကတယ္။ လူေတြကို ဘာလုပ္ပါလို႔ ကၽြန္ေတာ္ေျပာခ်င္တာမဟုတ္ဘူး။ ပရဟိတလုပ္ငန္းေတြမွာ ထည့္သြင္းလွဴဒါန္းတာဟာလည္း ကၽြန္ေတာ္တို႔ကို ျပည့္စံုမႈ၊ ျပည့္ဝမႈေတြ ျဖစ္ေစပါတယ္”

Chuck Feeney ကေတာ့ ပရဟိတလုပ္ငန္းမွာ သူေဌးသူၾကြယ္ေတြအတြက္ သင္ယူေလ့လာသင့္တဲ့ ဆရာေကာင္းဆိုလည္း မွားမယ္မထင္ပါဘူး။ ကမာၻ႔အခ်မ္းသာဆုံး သူေဌးေတြအားလုံးကလည္း သူ႔ကုိ ေလးစားၾကပါတယ္။ Feeney အေၾကာင္းကို ၂၀၁၄ ခုႏွစ္မွာ သူေဌးႀကီး၀ါရင္းဘတ္ဖတ္က ဒီလုိေျပာပါတယ္။
“သူဟာ ကြ်န္ေတာ္ နဲ႔ ဘီဂိတ္စ္ရဲ႕သူရဲေကာင္းပါ။ လူတုိင္းရဲ႕ သူရဲေကာင္းလည္းျဖစ္သင့္ပါတယ္”

အခုေလာေလာဆယ္ Chuck Feeneyမွာ ေမွ်ာ္လင့္ခ်က္ႏွစ္ခု ရွိပါသတဲ့။ တစ္ခုက ၂ဝ၁၆ခုႏွစ္မတိုင္ခင္ သူပိုင္ဆိုင္တဲ့ က်န္ရွိေနေသးတဲ့ ၄ဘီလီယံကို အကုန္လွဴဒါန္းခ်င္တာျဖစ္ပါတယ္။(အခုေတာ့ လွဴဒါန္းလုိက္ၿပီးပါၿပီ) အခုခ်ိန္ခါမွာ အဲဒီေငြထဲက ၄မီလီယံဟာ ကမာၻ႔အရပ္ရပ္က လိုအပ္သူေတြအတြက္ ႏွစ္စဥ္လွဴဒါန္းေငြေတြျဖစ္ပါတယ္။ ကမာၻႀကီးရဲ႕ေနရာတိုင္းမွာ အကူအညီလိုသူေတြ အမ်ားႀကီးရွိေသးေၾကာင္း Chuck Feeney က ခန္႔မွန္းပါတယ္။ ဒါေၾကာင့္ လွဴဒါန္းေငြေတြကို မၾကန္႔ၾကာေစခဲ့ပါဘူး။

“ဒီေငြေတြကို ကၽြန္ေတာ္မလွဴဒါန္းႏိုင္ခဲ့ရင္ ကၽြန္ေတာ္အေသေျဖာင့္မွာ မဟုတ္ဘူး” လို႔ Chuck Feeney က အရယ္တစ္ဝက္နဲ႔ ဆိုခဲ့ပါတယ္။

သူ႔ရဲ႕ေနာက္ေမွ်ာ္လင့္ခ်က္တစ္ခုက သူေဌးသူၾကြယ္ေတြ စံနမူနာယူတတ္ဖို႔ ျဖစ္ပါတယ္။
“ဘဝမွာေနထိုင္ရတာ ေပ်ာ္ရႊင္ၾကည္ႏူးသလို လွဴဒါန္းမႈေတြကိုလည္း လုပ္ပါ” လို႔ သူကဆိုပါတယ္။

သတင္းေထာက္ေတြက Chuck Feeney ကို ဘာေၾကာင့္ တစ္ျပားတစ္ခ်ပ္မွမခ်န္ဘဲ လွဴဒါန္းမႈေတြ လုပ္ေနသလဲလို႔ေမးေတာ့ Chuck Feeney က ရိုးရိုးရွင္းရွင္းပဲ ေျဖခဲ့ပါတယ္။

“အေလာင္းဝတ္တဲ့အဝတ္အစားမွာ အိတ္ကပ္မရွိလို႔ပါ” တဲ့…..


“အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ” (unicode)

နိုင်းနိုင်းစနေ

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စု က မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၈ခုနှစ်မှာ သူ့အသက်(၈၆)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်းဟောင်းနွမ်းနေ ခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့ဩကောင်း အံ့ဩလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်…..

Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း ၆ဝ
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။

နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး “Operation Smile” ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက် အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း အမေရိကန်ဒေါ်လာ ၈ဘီလျံကျော်ရှိပြီဖြစ်ပါတယ်။

သူကတော့သူကိုယ်တိုင်အတွက်မကြည့်ဘဲအများအတွက်ကြည့်သူ၊ငွေကြေးရှာဖွေတာကိုနှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ “Chuck Feeney”ပဲဖြစ်ပါတယ်။

Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။

၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။

သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။

“အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ” လို့ သူကဆိုခဲ့ပါတယ်။

Chuck Feeney က သူဟာ “အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်” လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့ဩစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။

Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။

“နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်” လို့ Chuck Feeney က ပြောခဲ့ပါတယ်။

Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ“သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်မဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး “အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်” လို့ ဆိုခဲ့ကြတယ်။

The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ “သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်” လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။

Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ “Operation Smile” လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး “ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး”လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeney က “ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်” လို့ဆိုခဲ့ပါတယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး “မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ” လို့ဆိုခဲ့တယ်။

Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ ဩစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။

“လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်”

Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ Feeney အကြောင်းကို ၂၀၁၄ ခုနှစ်မှာ သူဌေးကြီးဝါရင်းဘတ်ဖတ်က ဒီလိုပြောပါတယ်။
“သူဟာ ကျွန်တော် နဲ့ ဘီဂိတ်စ်ရဲ့သူရဲကောင်းပါ။ လူတိုင်းရဲ့ သူရဲကောင်းလည်းဖြစ်သင့်ပါတယ်”

အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။(အခုတော့ လှူဒါန်းလိုက်ပြီးပါပြီ) အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။

“ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး” လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။

သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခုက သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။
“ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ” လို့ သူကဆိုပါတယ်။

သတင်းထောက်တွေက Chuck Feeney ကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။

“အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ” တဲ့…..

Leave a Reply