Tom Hanks (သို့) သုညဘဝရဲ့နောက်ကွယ်က တန်ဖိုးမဖြတ်နိုင်တဲ့ လူတယောက်ရဲ့ အထ္ထုပ္ပတ္တိ

Posted on

ရေးသားသူ – Htet Wa Na

” ကျွန်တော်ယုံကြည်တဲ့အရာတခုက တခြားလူတွေအတွက် ရယ်စရာဖြစ်ချင်ဖြစ်မယ် ၊ အထင်သေးစရာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့်ကျွန်တော့်အတွက် အရေးမကြီးဘူး။ ဒီယုံကြည်မူက မချမ်းသာချင်လဲမချမ်းသာဘူး။ ဒါလည်းကျွန်တော့် အတွက်အရေးမကြီးဘူး။ ကျွန်တော်ယုံကြည်တဲ့အရာကို ကျွန်တော်သိနေသ၍ ကြိုးစားခွင့်ရနေသ၍ ဘယ်အရာမှကျတော့်အတွက်သိမ်ငယ် စရာမရှိဘူး။ “
Tom Hanks

ကျတော်တို့လူမှန်းသိတတ်စထဲက ရုပ်ရှင်ကားအများအပြားကို ကြည့်ဖူးကြတယ်။ မင်းသားအများအပြားကိုလည်း ကြိုက်ခဲ့ကြတယ်။ အထူးသဖြင့် ကျတော်တို့ အသက်အရွယ်အလိုက် ကြိုက်နှစ်သက်ကြတဲ့ ကားတွေနဲ့မင်းသားတွေကမတူနိုင်ကြဘူး။ ဒီဖက်ခေတ်လူငယ်တွေအဖို့ စတားလုံး ဗန်ဒိန်း လိုမင်းသားတွေကထိပ်ဆုံးကကြိုက်နေမယ့် မင်းသားတွေမဟုတ်ကြပေမယ့် လီယိုနာဒိုလို မင်းသားကို သူတို့အသည်းစွဲတတ်ကြတယ်။ ဒီလိုပဲ ဂီတဖက်မှာ Aerosmithက ဒီဖက်ခေတ်ဆယ်ကျော်သက်တွေအသည်းမစွဲကြတော့ပေမယ့် ကျတော်တို့ဦးလေး အဖေအရွယ်တွေအများစုကတော့ Aerosmithဟာ ယနေ့ချိန်ထိထိပ်ဆုံးကရပ်တည်နေဆဲပါပဲ။ ဒါပေမယ့်ကျတော်တို့ဘဝ မှာဆယ်စုနှစ် ၄စုစာအသက်အရွယ်အပိုင်းခြားအလိုက် ကြိုက်နှစ်သက်နေသေးတဲ့ မင်းသားကြီးတွေရှိနေသေးတယ်။ သူတို့ထဲက မကြာသေးခင်ကမှ Honors Medallion ဂုဏ်ထူးဆောင်ဆုကြီးကို ပေးအပ်ခြင်းခံရတဲ့ လူသားအကျိုးပြုမင်းသားကြီးတစ်ယောက်အကြောင်းကို ဒီတခါဖော်ပြချင်ပါတယ်။

” ကျတော်တို့ ရှုံးနိမ့်ရမှာကို ကြောက်ကြတယ်။ အောင်မြင်အောင်ကြိုးစားရမှာကိုလည်း ကြောက်ကြတယ်။ ဒါက လောကကြီးမှာ အောင်မြင်တဲ့လူ နဲ့ရှုံးနိမ့်တဲ့လူတွေကို ခွဲခြားပစ်လိုက်တဲ့အချက်ပဲ “
Tom Hanks

ဒုတိယကမ္ဘာ့စစ်အပြီး နောက်ဆက်တွဲ ပြဿနာထဲ ဂျာမာန်ကအလေအလွင့်နိုင်ငံသားမဟုတ်သူတချို့ ပြည်ပြေးရတာပါခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်း တောမီးလောင်တောကြောင် လက်ခမောင်းခတ်ဆိုသလို ဥရောပအမေရိကအနှံ့ မူးယစ်ဆေးနယ်ပယ်က ထိန်းမရတော့တာပါပဲ။ဒီပြသနာကို စစ်ကြီးအပြီးအစိုးရတိုင်းက လိုက်လံသုတ်သင်မူမှာ Amos Mefford Hanks တယောက်အမေရိကကိုပြေးလာခဲ့ရတာပဲ။ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ သူ့ဘဝနေထိုင်မူကနောက်ဆုံးတော့အမေရိကန်ကိုရောက်လာခဲ့တယ်။ သူဘာတတ်လဲ? ဟင်းချက်တတ်တယ်။ ပွဲစားလုပ်တတ်တယ်။ ပွဲစားဆိုတာကလဲ ခိုးရာပါကားဈေးကွက်က ကားပစ္စည်းအပိုတွေကို မှောင်ခိုလုပ်တာပါ။ နာဗားနားကစားသောက်ဆိုင်တခုမှာ စားဖိုမှူးလုပ်ရင်းသူ့ဘဝကို အသစ်ကပြန်စတင်ခဲ့တယ်။ ဒီအချိန်မှာ ညပိုင်းသူအမြဲအစားအစာသွားပို့ရတဲ့နယ်ဆေးရုံလေးတခုက ဆေးရုံသန့်ရှင်းသမလေးတဦးနဲ့ ကံအကြောင်းပါလာခဲ့တယ်။ ၂ဦးသားနှုတ်ခမ်းပဲ့ချင်းမီးမှုတ်တယ်ပဲ ပြောရမယ်၊ လက်ထပ်ခဲ့ကြပြီး ကယ်လီဖိုးနီးယားကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ Janet Marylyn ကလည်းဇနီးကောင်းတယောက်ပါပဲ။ သူ့ဘဝမှာယောကျာ်းဖြစ်သူကလွဲရင်ဆွေမျိုးသားချင်းမရှိခဲ့ဘူး။

” ကိုယ့်မိသားစုကိုသိမ်ငယ်ခြင်းက လောကမှာ အောက်တန်းအကျဆုံးစိတ်ထားပဲ။ “
Tom Hanks

အချိန်အားဖြင့် ၁၉၅၆ခုနှစ် ဇူလိုင်လ ၉ရက်နေ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်အင်္ဂလန်နဲ့ မိခင်ပေါ်တူဂီတို့က မွေးဖွားခဲ့တဲ့ အမေရိကန်ဇာတိဖွားလေးပေါ့။ အစ်မတစ်ဦး အကိုတစ်ဦး မွေးဖွားပြီးချိန်သူနဲ့ သူ့ညီ Jim ပါမွေးဖွားပြီးခဲ့တာတောင် ဖခင်ဖြစ်သူရဲ့ ဆေးစွဲမူပြသနာက အတောမသတ်နိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့လင်မယား၂ယောက် ဟာ သူ့ အသက်၎နှစ်သားမှာ ကွဲခဲ့ကြပါတော့တယ်။ ဖခင်ဖြစ်သူကလည်း သားသမီးထဲသူ့ကိုသာခေါ်ခဲ့ပြီး ကွာရှင်းပေးခဲ့ပါတယ်။ အစ်မ အစ်ကိုဖြစ်သူတွေက ဖခင်ကိုမုန်းပေမယ့် သူကတော့ဖခင်ကို အတော်ချစ်ရှာတယ်။ ဒီလိုနဲ့ရံဖန်ရံခါမှမိခင်ဖြစ်သူနဲ့တွေ့ရပြီး သူဟာဖခင်နဲ့ပဲအနေများခဲ့ပါတယ်။

ကျောင်းစနေတဲ့အရွယ် – ကျောင်းမှာဆင်းရဲသားကျောင်းသားလေးတွေရဲ့ထုံးစံအတိုင်း သူကလည်း အပယ်ခံဖြစ်ခဲ့ပါတယ်။ လုပ်ချင်တာလုပ်နေတတ် တယ်။ ကဗျာရေးတယ် သီချင်းတွေအော်ဆိုနေတတ်တယ် သူငယ်ချင်းမရှိဘူး။ စာလည်းမတော်ဘူး။ ကျောင်းပြန်ရင် Rodan လိုလမ်းဘေးတင်ဆက်မူတွေရှိတဲ့ လမ်းကြားတွေမှာ အိမ်ကိုတန်းမပြန်ပဲငန်းနေတတ်တယ်။ တခါတလေဆေးလိပ်ခိုးသောက်တယ်။ ဆုံးမမယ့် မိဘကလည်းမရှိဘူး။ကျောင်းမှာ အကောင်သေးလို့ဆိုပြီး အနိုင်ကျင့်ခံရတယ်။ ကြောက်လို့ ကျောင်းပြေးပြီးလမ်းမပေါ်မှာလေနေတတ်တယ်။ ငယ်ဘဝကတော့အစုံပါပဲ။

သူ့အသက်၉နှစ်မှာ ဖခင်နောက်မိန်းမယူခြင်းက သူ့ကိုဒီထက်ပိုဆိုးသွားစေခဲ့တာပါပဲ။ နောက်မိန်းမနဲ့ပါလာတဲ့ သားသမီးတွေအပေါ်ပဲ မိထွေးနဲ့ဖခင်ဟာချီးမွမ်းတတ်ပြီးသူကတော့ လူညံ့တယောက်အဖြစ်မိသားစုရဲ့အပယ်ခံထပ်ဖြစ်ခဲ့ရတယ်။

” အဖေက ကျတော့်ကိုတခါမှဂုဏ်ယူရတဲ့ သားတယောက်အဖြစ်မထင်ခဲ့ဘူး။ ဒါပေမယ့်အဖေက ချစ်ကြောင်းမပြတတ်တဲ့ ဖခင်ကောင်းတယောက်လို့ပဲကျတော်အမြဲလေးစားခဲ့တယ်။ အထက်တန်းကျောင်းသားဘဝကတော့ အဖေ့နဲ့တလနေလို့ တခါမျက်နှာချင်းမဆိုင်ရတဲ့ဝမ်းနည်းစရာအချိန်ပေါ့ဗျာ။ “

အုခ်လန်းမှာ အထက်တန်းကျောင်းသားဘဝစတက်ရတဲ့အချိန်မှာ သူဟာဘဝကိုအရှုံး ပေးပြီးအားငယ်တတ်သွားပြီ။ တခါတလေညီဖြစ်သူနဲ့တွေ့ပြီး အရက်ပါခိုးသောက်တတ်ခဲ့တယ်။ ဒါဟာသူ့ဘဝကိုရေစုန်မျောစေခဲ့တဲ့ အခိုက်အတန့်ပါပဲ။ တရက် – သူသွားနေကျ လမ်းဘေးတင်ဆက်မူလမ်းကို ရုပ်ရှင်ပိုစတာတခုလာဝေတယ်။ လူလိုလို့ လက်ကမ်းစာစောင်ဝေဖို့ခေါ်တော့ သူကလုပ်မယ်ပြောခဲ့တယ်။ အဲ့ဒီမှာပဲ ပိုစတာဝေခိုင်းတဲ့လူကြီးကသူ့ကိုခင်မင်တဲ့အနေနဲ့ ရုပ်ရှင်လက်မှတ်တခုအလကားပေးခဲ့ပါတယ်။ သူအဲ့နေ့ကသွားကြည့်ခဲ့တဲ့ရုပ်ရှင်ကတော့ Stand Easy ပါပဲ။ ၃နာရီကြာဒီကားကိုကြည့်ပြီးရုံထဲကထွက်လာချိန်တော့ သူ ဘာဖြစ်ချင်လဲဆိုတာကိုသိရှိသွားပုံရတယ်။

နောက်ပိုင်းကျောင်းမှာ သူငြိမ်ချက်သားကောင်းခဲ့တယ်။ ပီဇာပို့လို့ရတဲ့ငွေနဲ့ သူ့ကိုယ်ပိုင်TVတလုံးကိုအိမ်နောက်က ပစ္စည်းဟောင်းဂိုထောင်ထဲထားပြီး အားလပ်ချိန်အများစုကို သူဒီအခန်းထဲကုန်စေခဲ့တယ်။ ကျောင်းစာကြည့်တိုက်ကရုပ်ရှင်နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုငှားလာပြီးဖတ်နေတာကို ဖခင်ဖြစ်သူကမြင်ပြီး အံ့သြသွားခဲ့တယ်။ ဟုတ်ပါတယ်.. သူကတော့ ကျတော်တို့ ခဗျားတို့ကို ရုပ်ရှင်ကားတစ်ကားကြည့်ပြီး ဘဝကြိုးစားမူ လူသားဝါဒ ဒဿန သရုပ်ဆောင်တယောက်၊ သရုပ်ဆောင်ပြီးကမ္ဘာကြီးက လူအများအပြားကို ငိုစေနိုင်တဲ့သူ၊ ရုပ်ရှင်ဆိုတာ ဖျော်ဖြေမူတခုသာမဟုတ်ပဲပညာများစွာ အသိဥာဏ်များစွာကိုရရှိစေတဲ့အရာဖြစ်ကြောင်းပြသလာမယ့် ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အချမ်းသာဆုံးမင်းသားကြီး၅ယောက်ထဲပါဝင်လာမယ့် Oscar ဆုတွေ တင်မကပဲဂုဏ်ထူးဆောင်ဆုကြီးတွေကိုပါချီးမြင့်ခြင်းခံလာရမယ့် မင်းသားကြီး Tom Hanks ပါပဲ။

အထက်တန်းအောင်ပြီးချိန်မှာတော့ ဒီအပေအတေလေးဟာChabot College Hayward ကောလိပ်ကြီးကိုတက်ခွင့်ရခဲ့ပြီး Tom ဟာ California State University ကိုပါထပ်မံပြောင်းရွှေ့တက်ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာသူဝါသနာပါခဲ့တဲ့ သရုပ်ဆောင်သင်တန်းကို အချိန်ပိုင်းလုပ်အားခနဲ့တက်ခဲ့ပြီး ပြဇာတ်ပညာကိုလည်းသင်ယူခဲ့ပါတယ်။ ရံဖန်ရံခါပြဇာတ်အသေးလေးတွေ ပါသွားတတ်ပါတယ်။ ဒါကပဲသူ့ကို့မင်းသားကြီး ဒါရိုက်တာကြီး Vincent Dowling နဲ့တွေ့ဆုံစေခဲ့ပါတယ်။ Vincent Dowling ကလည်းထိုအချိန်က Great Lakes Theater Festival ကိုပါဝင်လုပ်ကိုင်နေချိန်ပေါ့။ ဒီပွဲတော်မှာ Tom က အရမ်းပါချင်တယ်။ မင်းသားကြီး Vincent ကလည်းထည့်ခဲ့ပါတယ်။ Tom ဟာဒီပွဲတော်မှာ Best Actor ရခဲ့သလို ကောလိပ်ကနေထွက်ခဲ့ပြီး The Two Gentlemen of Veronaပြဇာတ် ဇာတ်လမ်းမှာ သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာ Tom ဟာသရုပ်ဆောင်တဦးဘဝကိုအရမ်းရူးသွပ်ခဲ့ပါပြီ။ အိမ်ကနေဆင်းပြီးLAမှာအခန်းငှားနေခဲ့တယ်။ အချိန်ပြည့်သရုပ်ဆောင်ပညာကို လေ့လာခဲ့ပါတယ်။

” ချို့တဲ့တာ မပြည့်စုံတာကအပြစ်မဟုတ်ဘူး။ ကျတော်တို့ဘဝကို ကျတော်တို့စိတ်ပျက်နေတာကသာအပြစ်တခုပါ။ လုပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့အရိပ်က အောင်မြင်မူဆိုတဲ့အလင်းထဲဘယ်တော့မှမရောက်စေတဲ့လောင်းရိပ်တခုပဲ။ “
Tom Hanks

၃နှစ်လောက် Tomဟာဘာမှရေရေရာရာမရှိခဲ့ဘူး။ သူရုပ်ရှင်လောကကို တိုးနိုင်ဖို့လည်း ရုပ်ရည်ကသာမာန် ခန္ဓာကိုယ်ကပိန်သေး နောက်ခံအင်အားက သုံည။ ဒီတော့သူရုပ်ရှင်လောကကိုတိုးဖို့ သူများထက်ပိုကြိုးစားရမယ်ဆိုတဲ့ အချက်ကိုသိရှိခဲ့တယ်။ သူကြိုးစားမူက အရာထင်တယ်ပြောရမယ်။ ၃နှစ်ကျော်လောက်ကြာမှ He Knows You’re Alone ဆိုတဲ့ကားမှာအရံအဖြစ်နဲ့ မထင်မရှားဇာတ်ကောင် Elliot နေရာကနေပါဝင်ခွင့်ရခဲ့တယ်။ ဘားဂျက်မရှိလို့ရိုက်မရဘူးဆိုတဲ့အချက်ကို ဒီကားကဆန့်ကျင်ပြထားတယ်။ ဒေါ်လာ၂သိန်းခွဲလောက်ပဲ ထုတ်လုပ်ရေးကပေးခဲ့ပေမယ့် ဒီကားဟာ ၁၉၈၀ခုနှစ်မှာပြသလာချိန်မှာတော့ ဒေါ်လာ၅သန်းနီးအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာ Tomကထင်သလောက်နာမည်ကြီးခဲ့တာတော့မဟုတ်ဘူး။

နောက်ပိုင်းTV ကလွှင့်တဲ့ဇာတ်ကားလေးတွေမှာ ပါခွင့်ရရုံပဲရှိတယ်။ TV series Bosom Buddies မှာပါဝင်ခွင့်ရခဲ့တယ်။ဒီလို ၄နှစ်တာ ထပ်မံရုန်းကန်ရပြန်တယ်။ ဘာမင်းသား ဘာရုပ်ရှင်Starမှ မဖြစ်သေးဘူး။ ၁၉၈၄ခုနှစ်မှာတော့ ဒါရိုက်တာ Ron Howard ရိုက်ကူးတဲ့ ဟာသအချစ်ဇာတ်ကားဖြစ်တဲ့ Splash ဇာတ်ကားမှာTom ဟာအဓိကမင်းသားနေရာကနေ ပွဲထွက်လာခဲ့ပါတော့တယ်။ ဒီကားဟာ ၈သန်းရင်းပြီး သန်း၇၀ရယူနိုင်ခဲ့တဲ့ကားဖြစ်သလို ၁၉၈၄ခုနှစ် ရဲ့ ဝေငွေအမြင့်ဆုံးရုပ်ရှင်ကား၁၀ကားစာရင်းမှာ ပါခဲ့ပါတယ်။ မင်းသမီးဖြစ်သူ Hannah ကတော့ အကောင်းဆုံးမင်းသမီးဆုကိုရခဲ့ပေမယ့် Tom ကတော့ဘာဆုမှမရခဲ့ပါဘူး။ Splash ဟာအကောင်းဆုံးသရုပ်ဆောင်ဆု ဇာတ်ကားတွေအပြင် ဆုပေါင်း၁၄ဆုကိုရရှိခဲ့သလို အကယ်ဒမီရော ရွှေကမ္ဘာလုံးဆုတွေကိုပါရရှိခဲ့ပါတယ်။ Tomဟာလည်း Hollywood ရဲ့ နာမည်ရမင်းသားတဦးအဖြစ် အသက်၃၀ပြည့်ခါနီးမှ စတင်ခဲ့ပါတော့တယ်။

” ဆုနဲ့ငွေ တွေရဖို့ အောင်မြင်မူကိုဘယ်လိုကြိုးစားရမလဲထက် ကျတော်ကတော့ကော်ဖီသောက်ရတာကိုပိုကြိုက်တယ်။ “
Tom Hanks

Big

စာရေးဆရာ Gary Ross ကဒီဇာတ်လမ်းကို ဘာစိတ်ကူးနဲ့တွေးလဲတော့မသိဘူး။ Anne Spielberg လိုနာမည်ကြီးစာရေးဆရာ ဇာတ် ညွှန်းရေးဆရာနဲ့ပေါင်းရေးပြီး ဒါရိုက်တာPenny Marshallကိုကမ်းလှမ်းခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် Josh Baskin နေရာမှာအံ့ဝင်ဖို့ ကြောင်တောင်တောင်မင်းသားတစ်ယောက်ကို သူတို့ရှာခဲ့ကြတယ်။ ထုတ်လုပ်သူ JamesBrooks ကသိပ်တော့စိတ်အားမသန်လှဘူး။ ဒေါ်လာ၁၀သန်းပဲပေးမယ်။ ရိုက်လို့မရရင် တခြားကိုရောင်းလိုက်ပါလို့ပြောခဲ့တယ်။ “ကျတော်နောင်တ အရဆုံး ပြောခဲ့တဲ့စကားပါပဲ “လို့နောင်တချိန်သူ မပြောခင်ပေါ့။ မင်းသားနေရာရှာတော့ ၄နှစ်လောက် ဘာကားမှမရိုက်ရတဲ့ ငကြောင်မင်းသားတစ်ယောက်ကို သူတို့သွားတွေ့တယ်။ အသက်က လဲ၃၀ကျော်နေပြီ ရုပ်ကလဲသာမာန် လူတွေ့လာတွေ့တော့ စကားပြောတာကလည်း တောသားအထှာဖြစ်နေတဲ့ Tomပေါ့။

ဒါပေမယ့်ဒါရိုက်တာနဲ့ နောက်ထပ်ပိုက်ဆံထုတ်ပေးမယ့် Greenhut တို့က Tom ကိုပဲရွေးခဲ့ပါတယ်။ ကားနာမည်က Big ။ ၁၉၈၈ခုနှစ် ဇွန်လမှာ ဒီကားကိုဒေါ်လာ၁၈သန်းပဲ အကုန်ကျခံပြီးပြသလာခဲ့တယ်။ ကျတော့် မူလတန်းငယ်ဘဝမှာ ရုပ်ရှင်တစ်ကားကို တပတ်လုံးလောက်ခဏခဏပြန်ကြည့်ဖြစ်စေခဲ့တဲ့ကားပေါ့ဗျာ။ဘာကောင်းလို့လဲ? Big က ကျတော်တို့ကလေးဘဝမှာတွေးတောတတ်တဲ့ စိတ်ကူးလေးတခုကို ရိုက်ပြသွားတဲ့ကားပါပဲ။ အသက်၁၂နှစ်အရွယ် အသိဥာဏ်သာရှိသေးတဲ့ ကလေးတယောက်က ချက်ချင်းလူကြီးဖြစ်သွားရင် ဘာတွေဖြစ်လာမလဲ ဆိုတဲ့အချက်ကိုဒီကားက ဇာတ်အိမ်စထားတယ်။ တွေးကြည့်ဖူးတယ်။ လူကြီးအရမ်းဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့်ဒီကားမှာ ချက်ချင်းလူကြီးတယောက်ဖြစ်သွားပေမယ့် အသက်၁၂နှစ်အရွယ်အသိဥာဏ်နဲ့ ကြုံတွေ့ဖြတ် သန်းရပုံတွေကို ပြသထားတဲ့ကားပါ။ ဒီကားဟာ ၁၈သန်းရင်းပြီး ၁၅၁သန်းကျော်ရုံ ဝင်ငွေရခဲ့သလို Tomရဲ့သရုပ်ဆောင်ချက်က အကယ်ဒမီ ဆုကြီးပါရရှိခဲ့ပါတယ်။ ဒါတင်မကဘူး Big က ဆယ်စုနှစ်၃စုအတွင်း မိသားစုတွေကရွေးချယ်တဲ့ အကောင်းဆုံးကားအဖြစ်ပါ Voting ရခဲ့ပါတယ်။

Turner & Hooch

ဒီကားကဟာသကားပေမယ့် အတွေးအခေါ်များစွာကိုထည့်သွင်းထားတယ်။ Bigနဲ့အောင်မြင်လာတဲ့ Tom ကပေါကြောင်ကြောင်မ
အူမလည်ဇာတ်ကောင်အနေနဲ့ပဲဒီ Turner & Hoochမှာ ပါဝင်လာခဲ့ပြန်တယ်။ ဒေါ်လာ ၇၁သန်း ထိအမြတ်ငွေရခဲ့သလို Tom ဟာလဲဒီကားမှာ သရုပ်ဆောင်က ၁သန်းနဲ့ ၁သိန်းထိ ရရှိခဲ့ပါတယ်။

Philadelphia

Turner & Hooch ကားပြီးချိန်မှာတော့ Tomဟာပြသနာတချို့နဲ့ရင်ဆိုင်လာရပါတယ်။ ဒါကတော့သူ့မိခင်ကျန်းမာရေးပါပဲ။ မိခင်ဖြစ်သူကျန်းမာရေးမကောင်းချိန် သူဟာချက်ချင်းပဲ မိခင်ဆီကိုလိုက်ပါသွားခဲ့သလို ညီဖြစ်သူကလည်း ဒီအချိန်မှာ ရုပ်ရှင်နယ်ပယ်နဲ့ထဲတိုးနေချိန်ပေါ့။ ဒီပြသနာက သူ့ကိုရုပ်ရှင်ကားကြီးတစ်ကားကို လက်လွှတ်ခဲ့ရဖို့အထိ ဖြစ်သွားခဲ့ပါတယ်။

” ပြင်လို့မရတဲ့အတိတ်တွေထဲ ကိုယ်ချစ်ခင်မြတ်နိုးသူတွေကို ဂရုမစိုက်မိခဲ့တဲ့အတိတ်က အဆိုးဆုံးပဲ။ ဒါကြောင့် မိသားစုချစ်ခင်တန်ဖိုးထားသူတွေနဲ့ပတ်သက်ရင် ကျတော်ဘယ်တော့မှနောင်တမရအောင်နေတယ်။ “
Tom Hanks

မိသားစုဟာ ငွေကြေး အောင်မြင်မူထက်အရေးမပါကြောင်းကို ကျတော်ရေးဖူးသမျှထဲ Tom နဲ့ Toma(အာဖရိကမော့စ်)၂ယောက် ပဲကြုံဖူးသေးတယ်။ “မင်းကိုသန်း ၁၀၀ပေးမယ်မင်းဒီကားကိုရိုက် မင်းအကယ်ဒမီရမယ် “လို့ပြောရင်တောင် မိသားစုအခက်အခဲဖြစ်နေရင် Tomက ရိုက်မယ့်မင်းသားထဲတော့မပါဘူး။ ဒါကတခြားလူအတွက် မိုက်မဲတယ်လို့ ထင်ရပေမယ့်ကိုယ်တိုင်မိသားစုသေရေးရှင်ရေးကြုံလာတဲ့အခါ Tom လို စိတ်ထားတတ်သူကသာ လူပီသတဲ့လူပါ။ ငွေကြေး အောင်မြင်မူက အရေးပါပေမယ့် မိသားစုချစ်သူခင်သူတွေနဲ့ ယှဉ်ရင်တော့အသေးအဖွဲပါပဲ။ သူ့ဗီဇကိုယုံကြည်တဲ့ ဒါရိုက်တာကြီး Jonathan Demme က Tom ကိုရုပ်ရှင်လောကထဲနောက်တဖန်ပြန်ဝင်လာစေတဲ့ကားတကားကိုရိုက်ခဲ့ပါတယ်။

ဒါကတော့ ၁၉၉၃ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာမှရုံတင်လာတဲ့ဇတ်ကားကြီး Philadelphia ပါပဲ။ Denzelလိုသရုပ်ဆောင်မျိုးလည်း ဒီကားမှာပါခဲ့ပြီး Drama ကားတစ်ကားပါ။ ရုံတင်ပြီးမကြာဘူး Action တွေဟာသတွေ သိပ္ပံတွေမှာ ဝင်ငွေမြိုင်နေတဲ့ 90- 95လိုခေတ်မှာ ဒီDrama အငိုအယိုကားကြီးကဒေါ်လာ ၂၀၆သန်းအထိဝင်ငွေရခဲ့ပါတယ်။ ဘယ် ပြောကောင်းမလဲ အကယ်ဒမီဆုကို Tomက သိမ်းသွားခဲ့တယ်။ တခြားအကယ်ဒမီဆုတွေလည်း ဒီကားကရရှိခဲ့တယ်။ ဆုပေါင်း၂၂ဆုအပြင်ဒီကား ကို ကမ္ဘာ့ Gay လူထုရဲ့ဝေဖန်မူတွေအထိရှိခဲ့ပါတယ်။ ဒီကားအောင်မြင်မူကTomကိုရုပ်ရှင်လောကထဲ တကားရိုက်တခါပေါက် တကားထွက် လာဟာခနဲဟင်ခနဲဖြစ်စေတဲ့ ၃ကားထဲနဲ့ကမ္ဘာကျော်လာတဲ့မင်းသားဖြစ်ပါတယ်။ ဒါ့အပြင်ဒီကား ကဂီတလောကမှာပါ Grammy ဆုတွေအထိရခဲ့တဲ့ ဇာတ်ဝင်တေးတွေပါပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်ဒီကားရုံမတင်မှီထဲက ရိုက်နေခဲ့တဲ့ကားတကားရှိတယ်။ ဒါရိုက်တာ Robert Zemeckis က ၁၉၉၃ခုနှစ်လိုအချိန်မှာတောင် ဒီကားကိုပြင်ဆင်မူများစွာနဲ့ ယနေ့ထိတအံ့တသြကြည့်စေရ မယ့်ကားတကားအဖြစ်ရိုက်ကူးခဲ့ပါတယ်။ အဲ့ကားကတော့…………

” ကျတော့်အမေကပြောတယ် လူတွေအကြောင်းသိချင်ရင် သူတို့စီးထားတဲ့ဖိနပ်ကိုကြည့်တဲ့ သူတို့ဘယ်လိုဘဝတွေမှာရုန်းကန်နေကြသူတွေလဲဆိုတာကိုသိနိုင်တယ်တဲ့ “

” ကျတော့်အမေကအမြဲပြောတယ် ချောကလက်တွေရှိဖူးတဲ့ဗူးလိုပဲတဲ့ အထဲမှာဘာထပ်ရှိလဲဆိုတာဘယ်သူမှမသိနိုင်ဘူးတဲ့ “

ဒီလောက်ဆိုရင်ဒီကားကိုသိကြပြီပေါ့။ ကျတော်တို့ငယ်ဘဝမှာစိတ်ဓာတ်ခွန်အားများစွာ ပေးစေခဲ့တဲ့ကားဖြစ်ပြီး အသက်ကြီးလာလို့အခက်အခဲကြုံလာလေ ဒီကားကိုပြန်ကြည့်ပြီးစိတ်ဓာတ်ခွန်အားပြန်ရစေတဲ့ယနေ့ထိ မအိုမလွှင့်ပစ်လိုက်ရတဲ့ ထာဝရသစ်နေဦးမယ့်ရုပ်ရှင်ကားForrest Gump ပါပဲ။ ရုပ်ရှင်ကားတကားက ဒီလောက်အရေးပါလို့လားလို့အများစုကပြောကြမယ်။

စာရေးသူလျှာရှည်မူ

ကျတော်တို့ငယ်ငယ်ကပါဝါရိန်းဂျားကြည့်ပြီး ပါဝါရိန်းဂျားဖြစ်ချင်ဖူးတယ်။ ဒီလိုပဲနင်ဂျာကားကြည့်ပြီး အဖေ့ပုဆိုးကိုမျက်နှာမှာစီး ပါးစပ်က ရှီရှောင်နဲ့အော်ရင်းသိုင်းချခဲ့ဖူးတယ်။ ဒါကရုပ်ရှင်ကနေ လူငယ်တွေကိုပေးစွမ်းခဲ့တဲ့ မသိစိတ်အတုယူပါပဲ။ ကျတော်တို့ကလေးဘဝကသာအပြာ ကားတွေချည်းကြည့်ခဲ့ရမယ်ဆို ကျတော်တို့လူပျိုပေါက်အရွယ်မှာ မုဒိန်းမူတွေမကျုးလွန်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ အခုလက်ရှိမြန်မာနိုင်ငံအနေအထားတချက်ကြည့်။ မနက် နေ့လည် ညကိုရီးယားဇာတ်လမ်းတွဲတွေချည်း လွှင့်ခဲ့တာနှစ်မနည်းတော့ဘူး။ ဒီ၁၀စုနှစ်အတွင်းမှာဆယ်ကျော်သက်လူငယ်တွေနဲ့ မိဘတွေရဲ့ အထိတွေ့ဆုံးကားက ဂျိုလီပညာပေးကားလား စတာလုံးRockyလား ဝေးသွားပါပြီ။ ပညာဥာက်အမြော်အမြင်ရှိတဲ့ မိဘအနည်းစုသာကိုယ့်သားသမီးကို TVဖက်ကနေ Educate နိုင်တဲ့Channel / Filmကိုသာပြကြပြီး သာမာန်မိဘနဲ့သာမာန်မိသားစုတွေ အဖို့တနေ့တာပင်ပန်းမူဟာ ဒီဇာတ်လမ်းတွဲလာချိန်မှာသာဆုံဆုံညီညီနဲ့ကြည့်ရတာပါ။

ကိုရီးယားကားကိုအပြစ်ပြောတယ်မထင်နဲ့နော်။ Educate ဖက်အားနည်းတဲ့ ကြော်ငြာ အချစ် ဖန်စီကားတွေသာ အလွှင့်များတဲ့နိုင်ငံရဲ့မယောင်ရာဆီလူးထားမူ စီးပွားရေးmediaတွေကို အပြစ်ပြောခြင်းပါ။ ဒီတော့ဘာဖြစ်လာသလဲဆို Stage ကျောင်းသား ဘဝမှာတင် အချစ်ဆိုတာကြီးကရေပန်းစားရင်ခုန်စရာဖြစ်လာခဲ့တယ်။ ကျတော့်တို့အမေတွေခေတ် ၉တန်း ၁၀တန်းထိ ကြိုးခုန် ထုံစည်းထိုး ကောင်းတုန်း ကျတော်တို့၉တန်း၁၀တန်းအရွယ်ကျ မျက်လုံးကစား ရင်ခုန်တတ်တာနဲ့ဘာနဲ့၊ ဒါပေမယ့် ရည်းစားဆိုတာ၉တန်းဘဝမှာထားဖို့က လူမူနယ်ပယ်မှာသိပ်မတွင်ကျယ်သေးဘူး။ ဟောအခု ၉တန်း၁၀တန်းဘာတွေဖြစ်လာကြလဲ။ ဒီသဘောပါပဲ။ ဒါကခေတ်တိုးတက်လာတာထက် ခေတ်နဲ့အမှီ လူငယ်တွေရဲ့ Learning ပိုင်းနိမ့်ကျ လာစေတဲ့ Entertainment / Social Network / Government incomplete တွေကြောင့်ပါပဲ။ ပြောချင်တာကမိဘနဲ့အစိုးရက သာလူငယ်တွေကိုမြှင့်တင်ပေးချင်ရင်အမိန့်တွေ တုတ်တွေကိုင်ပြီး ငွေအများကြီးအကုန်ခံပြီးပြုပြင်ပေးစရာမလိုပါဘူး။

Entertainmentနဲ့တင် စတင်ပြောင်းလဲပေးလို့ရပါတယ်။ တနေ့လုံးထိုင်ကြည့်လို့ လူငယ်တွေဘဝအသိဥာဏ်တခုမရတဲ့ အစီအစဉ်တွေကိုလွှင့်နေမယ့်အစား ဆွဲဆောင်ပြောင်းလဲပေးနိုင်မယ့်ပညာပေးအစီအစဉ်တွေကို ကျယ်ပြန့်ပေးသင့်တယ်။ ဒါက Forrest Gump နဲ့ဘာဆိုင်လဲဆို ………

ဘ နဲ့ ဝ ၂လုံးထဲပါတဲ့ ဘဝက စာသားအရသာတိုတာ တကယ်တမ်းကြိုးစားရုန်းကန်မူတွေအပြည့်နဲ့ လမ်းမကြီးတခုပါပဲ။ဒီကားကို
တခါကြည့်ပြီး နောက်တခါထပ်ကြည့်လေမရိုးလေ အမြင်တခုရလေ ဘာကြောင့်ဖြစ်နေရလဲ…ရှင်းပါတယ် ဒီကားမှာလူတယောက်ဘယ်ဒေသ ဘယ်လိုအခြေအနေ ဘယ်နေရာရောက်ရောက် အရိုးသားဆုံးကြိုးစားရုန်းကန်ရမယ် လောကမှာကြိုက်တာလာ ကြိုက်သလိုလာ ကြိုက်တဲ့ဒုက္ခလာကြိုမသိနိုင်တဲ့အတွက် ကြုံတာနဲ့ ကြိုးစားရမယ်၊ ဒီလိုကြိုးစားမူမှာ ခဗျားကမျက်မမြင်ဖြစ်နေပါစေ ခြေမသန်ပါစေ အရေးမကြီးဘူး။ ဘဝ= life ၊ life = ရှင်သန်နေတဲ့အရာ ။ ကိုယ်အရှုံးပေး ကိုယ်ရပ်လိုက်မှ life ကနေ die ဖြစ်သွားမှာဆိုတဲ့အချက်ကို ဒီကားကတခမ်းတနားထောက်ပြ ထားခဲ့တယ်။ ရိုးသားပါ မယုတ်မာပါနဲ့ ဘယ်သူမှ မလိုမုန်းမထားပါနဲ့ မနာလိုမဖြစ်နဲ့ မဝေဖန်နဲ့ ဒါဆိုခဗျားဟာ Forrest Gump ကိုကြည့်ပြီး ဘဝဆိုတာဘာလဲအသေးစိတ်သိသွားလိမ့်မယ်။

ဒါပညာပေးထက် တဘဝစာအသိအမြင်အစကို ပေးထားတဲ့ကားပါ။ မျက်လုံးနဲ့ကြည့် ဦးနှောက်ထဲထည့် ရင်ဘတ်ထဲသိမ်းထားလို့ရတဲ့ရုပ်ရှင်ကားမျိုးပါပဲ။ ဒီလောက်ဘာလို့ညွှန်းလဲဆို ဒီကားကိုကြည့်ဖို့ ကျတော်၃တန်းအရွယ်မှာအိမ်က လက်ဖက်ခြောက်ဝယ်ခိုင်းတာတောင်မေ့ပြီး ဗီဒီယိုရုံထဲ ဝင်ကြည့်ဖူးခဲ့တယ်။ မေ့ပြီးလဖက်ခြောက်ဝယ်မယ့်ပိုက်ဆံကိုဗီဒီယိုရုံခပေးတယ်။ ဗီဒီယိုရုံထဲထိ အမေလိုက်ရိုက်တယ်။ ထွက်ပြေးရင်းချော်လဲတယ်။ လက်အဆစ်လွဲတယ်။ ကျောက်ပတ်တီး နဲ့ဖြစ်သွားတယ်။TV တလုံးတောင်ဝယ်ဖို့ခက်ခဲတဲ့ ကျတော်တို့ငယ်ဘဝရဲ့တကယ့်အမှတ်တရပါပဲ။ အခုချိန်တော့ ကြည့်ချင်ရင် တခွေ၄၀၀ ဒါမှမဟုတ် fb ကဖြတ်စေ downပြီးphနဲ့ဖြစ်စေ ကြည့်လို့ရနေပြီဖြစ်တဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့IT ခေတ်ပေါ့ဗျာ။ ( ဒီလိုပြောလို့ ၃၀မထင်နဲ့ကိုယ်လဲ ၂၀ကျော်ပဲရှိသေးတာ 😛 )

Forrest Gump

ဒါရိုက်တာ Robert Zemeckis ထုတ်လုပ်သူ Wendy Finerman /Steve Tisch နဲ့ Steve Starkey တို့ကဒီကားကို အမေရိကန်စာရေးဆရာကြီး Winston Francis Groom ရဲ့ဝတ္ထုဖြစ်တဲ့ Gump ကိုပြန်ရိုက်ဖို့  ၁၉၈၉ခုနှစ်ထဲကပြင်ဆင်ခဲ့ကြပေမယ့် နိုင်ငံရေး လူမျိုးရေးပြသနာတွေဖြစ်လာမှာကိုသိ ရှိခဲ့တာကြောင့်ရယ် ပထမကမ္ဘာစစ်အတွင်းကနိုင်ငံရေးပြသနာတချို့ရဲ့သမိုင်းကိုအခြေခံမူတွေပါဝင်နေတာကြောင့် ရိုက်ကူးဖို့ideaကိုဖျက်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၉၁ခုနှစ်မှာဒီအကြောင်းကို ထပ်မံကြိုးစားလာခဲ့ပြန်တယ်။ ဒါပေမယ့် စာရေးဆရာကြီး Winston Groomရဲ့ Gump အကြောင်းအစအဆုံးမဟုတ်ပဲ ရုပ်ရှင်နဲ့အစိုးရကို တပတ်ရိုက်ပြသဖို့အတွက် Forrest Gump ဆိုတဲ့နာမည်နာ Gumpရဲ့တကယ့်စစ်တပ်ထဲကနာမည်ကို ဇာတ်ကောင်အဖြစ်သုံးခဲ့ကြပါတယ်။ ဒီကားဟာGumpဆိုတဲ့စစ်သားတဦး ရဲ့တကယ့်ဖြစ်ရပ်မှန်ဘဝဖြတ်သန်းခဲ့မူဖြစ်ပြီးသူ့နေရာမှာသရုပ်ဆောင်ဖို့ မင်းသားဟာ Tomလုံး ဝမဟုတ်ခဲ့ပါဘူး။

ပထမဆုံးထုတ်လုပ်သူတွေ အဆင့်ဆင့်ကမ်းလှမ်းခဲ့ကြတာကတော့ Rowan ( Mr.Bean )/ John Travolta / Chevy Chase / Bill Murray စတဲ့မင်းသားကြီးတွေ ပဲဖြစ်ပါတယ်။ သူတို့ ၎ယောက်လုံးငြင်းခဲ့ကြတယ်။ အကြောင်းက ကားကဇာတ်လမ်းဖတ်ရုံနဲ့ပျင်းစရာကောင်းမူ ၊ ဇာတ်ကောင်ဟာကြောင်တောင်တောင်နိုင်မှု၊ ရိုက်လည်းသာမာန်ကားတကားပဲဖြစ်လာမယ်ထင်မှုတွေကြောင့်ပါပဲ။ ရိုက်မယ့်မင်းသား ရှာမရဘူး။ ဒါရိုက်တာက ဒီ Forrest Gump နေရာမှာငကြောင်တကောင်လိုနေတယ်။ ဒါပေမယ့် ဒီငကြောင်ကသူလိုချင်တဲ့သရုပ်ဆောင်မူအချက်တွေကို90% လုပ်ပြနိုင်ရမယ်။ နောက်ဆုံးသူအစမ်းရွေးခဲ့တာက Tom Hanks ပါပဲ။

ဒီကားမရိုက်ခင် ၅လလောက်Tom ဟာပြင်ဆင်ခဲ့ရသလိုရှေ့ကကားPhiladelphia နဲ့ Sleepless In Seattle ရိုက်ပြီးထဲကမနား ခဲ့ရပါဘူး။ ဒီForrest Gump ကားကအိမ်က တကယ်ဆောက်ခဲ့ကြသလို ပထမကမ္ဘာစစ်နဲ့ အမေရိကန်ပြည်တွင်းစစ်ကာလက ဘဝကိုရိုး သားမူတခုထဲနဲ့အရှုံးမပေးရုံးကန်ခဲ့တဲ့ ချူချာတဲ့ကလေးတဦး နုံချာတဲ့လူငယ်တဦး ဘဝရဲ့ရုန်းကန်မူတွေကိုလွန်မြောက်ပြီးစစ်မှန်တဲ့နေထိုင်မူကို သိရှိသွားတဲ့လူလတ်ပိုင်းတဦးရဲ့ဘဝကိုရိုက်ကူး ထားခဲ့တဲ့ စစ်သားတဦး လူရိုးတဦး နိုဗယ်ဆုရှင်ကြီးတဦးဖြစ်လာမယ့်လူတယောက်ရဲ့ အကြောင်းပါ။ Forrest Gump ကဘာလဲ?

” ကျတော်တို့ဘဝတွေမှာ ကိုယ်ပိုင်ကံတရားများရှိနေသလား? ဒါမှမဟုတ်ရင် လေတိုက်ရာလျှောက် လွင့်နေတတ်တဲ့ ဒီလိုငှက်မွှေးများလား “
( Forrest Gump အစမှTomရဲ့ စကား)

Forrest Gump ဟာမွေးရာပါ ဦးနှောက်အာရုံကြောနဲ့ ဥာဏ်ရည်မကောင်းခဲ့သူပါ။ ဒါ့အပြင်ဒီအာရုံကြောကပဲသူ ၁နှစ်သားမှာ ခြေလက်တွေကိုအလုပ်မလုပ်ဖို့အထိဖြစ်သွားခဲ့တယ်။ ၅နှစ်သားထိလမ်းမလျှောက်တတ်ဘူး။ Braces တွေတပ်ပြီးလမ်းလျှောက်ဖို့သင်ပေးခဲ့
ရတဲ့အထိပါပဲ။ အမေဖြစ်သူကသားကိုတခြားက လေးတွေလို ကျောင်းတက်စေချင်တယ် ကစားစေချင်တယ် အရမ်းချစ်တယ်။ Forrest Gump ကလည်း ကျောင်းမရရအောင်တက်ခဲ့တယ်။ အဲ့မှာသူငယ်စဉ်ထဲကသူ့ကိုခင်မင်သူတယောက်ပဲရှိတယ်။ အဲ့ဒါကတော့ Jenny ဆိုတဲ့မိန်းကလေးပါပဲ။ မသန်မစွမ်း ခြောက်သလိုလိုပေါသလိုလို Gump ကတခြားကျောင်းသားတွေအမြဲအနိုင်ကျင့်တာခံရ တယ်။ အဲ့လိုအနိုင်ကျင့်ခံရတိုင်း သူငယ်ချင်းဖြစ် သူ Jenny ရဲ့ ” run run Forrest run ” ဆိုတဲ့ စိုးရိမ်တကြီးအားပေးသံကပဲ Gump ကိုသာမာန်လူထက်အပြေးသန်တဲ့လူတယောက်ဖြစ်စေခဲ့ပါတယ်။

အထက်တန်းကျာင်းသားဘဝ တက္ကသိုလ်ကျောင်းသားဘဝအထိ Gumpရဲ့ ဘဝမှာ အပူအပင်သိပ်မရှိလှပါဘူး။ ဒါပေမယ့် လောကကြီးရဲ့
အပြောင်းအလဲကြောင့် Forrest Gumpဆိုတဲ့ မသန်မစွမ်းလေး ပညာတတ်လေးဟာအဆိုးဆုံးဆိုတဲ့ ဘဝအချိုးအကွေ့တွေနဲ့အတူ ကြေကွဲစရာတွေချည်းစတင်ခဲ့ပါတော့တယ်။ ကျတော်တို့ ဘဝတွေကရှေ့မှာဘာဆက်ဖြစ်မလဲမသိနိုင်ဘူး။ ဖြစ်လာရင်ဘယ်လိုကြေကွဲမလဲပဲသိကြပြီးဘယ်လိုရုန်းကန်ရမယ် ရိုးသားရမယ် ကြိုးစားရမယ်ကို ကြိုမစဉ်းစားတတ်ကြဘူး။ ဒီForrest Gump ကားက ရုပ်ရှင်ကားတကားကိုအပျင်းပြေကြည့်ရုံ အချိန်ဖြုန်းရုံ မျက်လုံးနဲ့သာကြည့်ရုံအတွက်လုံးဝမဟုတ်ပါဘူး။ #ဘဝ# ဘဝ ဆိုတာ လူမှန်ရင်အကုန်သိကြပါတယ်။ ဒီForrest Gump ကားက ဘဝတခုစာမှာဘယ်လိုပြုမူနေထိုင်ရမယ် ကြိုးစားရမယ် အရှုံးမပေးရဘူးဆိုတာကိုပြသထားတဲ့ကားပါပဲ။

အဲ့ခေတ်ကတောင် အမေရိကန်ဒေါ်လာ ၆၇၈သန်းရခဲ့တယ်။ ၂၀ရာစုရဲ့ကမ္ဘာ့အကောင်းဆုံး visual effects ကားပါပဲ။ Best Actor /Best Director / Best Film / Best Visual Effect ပြောနေကုန်မယ်တောင်မထင်ပါဘူး။ ရှိသမျှဆုကြီးတွေအကုန်နီးပါးရခဲ့ပါတယ်။ ဒါ့အပြင် Forrest Gump ဟာ ကမ္ဘာ့စာကြည့်တိုက်ပေါင်း၃၀၀၀ကျော်မှာ လူငယ်စိတ်ဓာတ်မြှင့်တင်ရေးကားအပြစ် ပြသငှားရမ်းဖို့အထိကမ္ဘာ့ရုပ်ရှင်အစည်းအရုံးများစွာက သတ်မှတ်ခဲ့ကြပါတယ်။ ဒီ Forrest Gump က Tom ကို၂နှစ် ဆက်တိုက် အော်စကာဆုကိုရစေခဲ့တဲ့ကားပါပဲ။ ရှေ့က Philadelphia ကားတောင်အောင်မြင်မူ အရှိန်မသေသေးဘူး Forrest Gump ကထပ်ပြီး အော်စကာထပ်ရခဲ့တယ်။

ဒီForrest Gump က ဒါရိုက်တာခတင် သန်း၄၀အထိရခဲ့ပါတယ်။ ဒါကဒါရိုက်တာ တစ်ယောက်တောင်ထိုခေတ်အခါက
ကြိုးစားရင်ကြိုးစားသလောက်ငွေပုံပေးတယ်ဆို တာပါပဲ။ ဒီကားကခေါင်းဆောင်သရုပ်ဆောင်တွေ အားလုံးအော်စကာရခဲ့ပါတယ်။ ဒီလိုရဖို့လဲဒီကား မှာ Tom ရဲ့သရုပ်ဆောင်မူကအံ့အားသင့်စေခဲ့တာကြောင့်ပါပဲ။ Forrest Gump ကရုပ်ရှင်အနေနဲ့ သာပြသခဲ့တာမဟုတ်ဘူး။ ရုပ်ရှင်ကအရင်းခံပြီးနိုင်ငံတခုရဲ့အထင်ကရစစ်သမိုင်းအငွေ့အသက်ကို ပါထည့်သွင်းခဲ့တာပါ။ Gumpဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်အထိအသက်ရှင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းမှာ The Beatles တို့ သမ္မတကြီး ကနေဒီ တို့လို အဖွဲ့တွေ ခေါင်းဆောင်တွေနဲ့ပါတွေ့ခဲ့သူပါ။ ဒါကိုလဲ ဒီကားရဲ့ virsual effects နဲ့Tomကို ရိုက်ကူးပြသခဲ့မူက တအံ့တသြပါပဲ။ ဒီကားမှာတခြားထူးခြားချက်က 3D Annimationတွေမှာ သာအသုံးပြုလာမယ့် Xio နည်းပညာလိုပညာတချို့ကို သာမာန်ကွန်ပျုတာတွေနဲ့လုပ်ပြီးသုံးခဲ့မူတွေက လက်ရှိ 3D ရုပ်ရှင်ခေတ်အကူရဲ့သမိုင်းအစလို့တောင်ပြောရမလိုပါပဲ။

ဒီForrest Gump ကိုရိုက်ကူးနေစဉ် Tom ရဲ့အမနဲ့အမေဟာလာရောက်အားပေးခဲ့သလို ညီဖြစ်သူကလဲလိုအပ်တဲ့ အခန်းတချို့မှာအစားဝင်ကူခဲ့ပါတယ်။ ကူရအောင်လဲ Tom နဲ့ Jim ဟာရုပ်ရှင်အရမ်းဆင်လို့ပါပဲ။ ဒီမှာပဲအမေနဲ့ အစ်မလာကြည့်ခြင်းကသူ့ကိုစိတ်ကျဉ်းကျပ်စေခဲ့တယ်။ အမေနဲ့အမကTomကိုမာနကြီးသွားတယ်ထင်တယ်။ စိတ်ဆိုးပြီးနောက်လာမကြည့်တော့ Tomကဝမ်းနည်း။ ဒီmoodကပဲ Forrest Gump ဆိုတဲ့ဇာတ်ကောင်ဟာအမေ နဲ့ Jennyဆိုတဲ့ကောင်ကလေးကလွဲရင်ဘာမှမသိတဲ့ ကောင်လေးတယောက်အဖြစ်ကို ပိုပီပြင်သွားစေခဲ့တာပါပဲ။

Forrest Gump ကိုဘာကြောင့် အရူးအမူး၁၀ကြိမ်ထက်မနည်းကြည့်ခဲ့ရလဲ? ရှင်းပါတယ်။ ရုပ်ရှင်တကားကို၁၀ကြိမ်ထက်မနည်းကြည့်ရုံမက တသက်စာသိမ်းထားလို့ရတဲ့ ဘဝအတွက်လိုအပ်တဲ့ဇာတ်ကားမျိုး ၁နှစ်နေလို့ တကားမထွက်ပါဘူး။ ကျတော်တို့ငယ်ဘဝရမ်ဘို စူပါမန်း ဂျက်ကီချမ်းကားတွေကြည့်ရင်ပျော်ရ တယ် စိတ်ဓာတ်တက်ကြွတယ်။ ဒါပေမယ့်Tomရဲ့ Forrest Gumpကတော့ ငါလည်းသူ့လိုသာမာန်လူပါလား ငါဘယ်လိုကြိုးစားရမလဲ ဘယ်လိုစိတ်ထားရမလဲဆိုတဲ့သင်ကြားမူအသိဥာဏ်ကိုရစေ တဲ့ဇာတ်ကားမျိုးပါ။ ဘဝကိုမသန်မစွမ်းနဲ့စတင်တယ် လူ၂ယောက်ကလွဲရင် သူ့မှာချစ်ရမယ့်သူမရှိဘူး ရိုးသားတယ် အေးချမ်းနေရာကနေဘဝဟာ အခက်အခဲများစွာ ဘဝပေါင်းစုံနဲ့ကြုံခဲ့ရတယ်။ နောက်ဆုံး သူဖြတ်သန်းလာခဲ့ပြီးတာတောင် သားဖြစ်သူရှိလို့ရှိမှန်းမသိတဲ့ ငယ်ချစ်ဦးJenny နဲ့ ပြန်တွေ့ခဲ့တယ်။

ပထမသူကြေကွဲတယ် နောက်မှ ထိုကလေးကသူနဲ့ရတဲ့သားမှန်းသိတယ်။ဒါပေမယ့် ထိုကလေးက လူတော်လား သူ့လိုငပေါပဲလားလို့ မိန်းမဖြစ်သူကိုကြောင်တောင်တောင်နဲ့ မေးတတ်သေးတဲ့သူ တသက်လုံးမှာလူမှန်းသိထဲ ကချစ်ခဲ့တဲ့Jenny သေဆုံးသွားခဲ့ချိန်ဟာဒီဇာတ် လမ်းတခုလုံးရဲ့ကြိုးစားရုန်းကန်ခဲ့ရတဲ့ Forrest Gump ဆိုတဲ့လူတယောက်အကြီးအကျယ်ကြေကွဲငိုကြွေးခဲ့တဲ့ အသိမ်းMassage တခုနဲ့အတူ ယောကျာ်းရင့်မာကြီးတွေတောင် ခံစားသွားရမယ့်အခန်းပါပဲ။ ဒါအပြင်လက်တွေ့လောကမှာလဲ Jenny Curran ဟာ Gump ရဲ့ ဇနီးအဖြစ် ခုလိုပဲသေဆုံးခဲ့ပါတယ်။ Forrest Gump ဆိုတဲ့ရုပ်ရှင်ကားတဖြစ်လဲ ဘဝအတွက်လိုအပ်တဲ့ကားတကားပါပဲ။ဒီကားကိုကျတော့်ဘဝမှာ ၁၅နှစ်တာမျှမရိုးသွားစေတဲ့ကားပါ။ ရုပ်ရှင်လောကသမိုင်းမှာလဲ အထင်ကရအကောင်းဆုံးဖြစ်နေဆဲကားကြီးတစ်ကားပါပဲ။

” အကြိမ်၁၀၀ကျရှုံးလို့ဘာမှမဖြစ်ဘူး။ အကြိမ်ကြိမ်ပြန်ထဖို့ ကြောက်နေရင်တော့ ထာဝရ ရှုံးနိမ့်သွားလိမ့်မယ်။ “
Tom Hanks

” အလုပ်တခုက မခက်ခဲဘူးဆိုရင် လူတိုင်းလိုက်လုပ်နေမှာပေါ့။ အခက်အခဲက လူတွေကို အဆင့်မြင့်သွားစေတာပါပဲ။ ”
Tom Hanks

တစ်ကားလုံးမှာ ကျတော်ပြုံးမိ ဒီစကားကို သူပြောလာရင်အရင်ကကောင်မလေးကိုရယ်မိစေတဲ့ဒိုင်ယာလော့တခုရှိတယ်။ 😛 အဲ့ဒါက

“Its funny how people say they miss you. But don’t even make an effort to even see you. ”
” လူတွေက ခဗျားကိုတွေ့ ဖြစ်ဖို့  ကြိုးတောင်မကြိုးစားပဲ သတိရတယ် လွမ်းတယ်လို့ ပြောတတ်ကြတယ်။ တော်တော်တော့ရယ်စရာကောင်းတဲ့စကားပဲဗျ “

တကယ်တမ်း Forrest Gump ဟာPart 5 ထိရိုက်ဖို့ ထုတ်လုပ်သူကစီစဉ်ခဲ့ပါတယ်။ ငွေအပုံလိုက်ထပ်ရမှာသူသိသွားပြီလေ။ ဒါပေမယ့် Tom ကငြင်းခဲ့တယ်။

” ရုပ်ရှင်တကားကို ငွေရလို့ ၂ကား၃ကားထပ်ရိုက် ထပ်သရုပ်ဆောင်မယ့်မင်းသားထဲကျတော် မပါဘူး Finerman ” ဆိုတဲ့စကားက Forrest Gump ကိုတစ်ကားထဲတွေ့ရဖို့ဖြစ်ခဲ့တာပါပဲ။ တခြားမင်းသားနဲ့ဒီကားကိုရိုက်လို့ဘယ်လိုမှ အံ့ဝင်မယ်မထင်ဘူး။ ဥပမာ ဂျက်ကီချမ်းကားကိုစတား လုံးရိုက်ရင်သူ့လောက်မကောင်းနိုင်သလိုTomရဲ့Forrest Gumpကလဲ Hollywoodမင်းသားထဲ ဘယ်မငိးသားနဲ့မှအံ့မဝင်တဲ့ဇာတ်ကောင်ပါ။ ထူးခြားမူကတော့ Tom Hanks ရဲ့ရုပ်ရှင်ကား တိုင်းဟာ အဆက်မရှိပါဘူး တကားထဲအပြီးပဲသူရိုက်ပါတယ်။ Toy Story ကာတွန်းကားလေးတွေကလွဲရင်ပေါ့။

Philadelphia ဘာကြောင့်အော်စကာဆု ရလဲ Forrest Gump ဘာလို့အော်စကာဆုရလဲ ရှင်းပါတယ်။ ရုပ်ရှင်ပေမယ့် ရင်ကိုမရှုပ်စေပဲေ ငွနောက်မလိုက်ပဲ ခွဲထွက်ပြသလာတဲ့တသက်အကြည့်ခံတဲ့ကားတွေဖြစ်နေလို့ပါပဲ။ လီယိုနာဒို ကျုပ်အခုနောက်ပိုင်း ဒီဘဲကိုသိပ်ခိုက်စေတဲ့အချက်ရှိတယ် ။ ဒါကအကြမ်းဖက်မူကိုသူဆန့်ကျင်တဲ့ကားတွေ ရိုက်လာတယ်။ လူသားဒဿနဆန်တဲ့ ကားတွေရိုက်လာတယ်။ ရှာရွတ်ခန်း Aamir Khan ကျတော်Bollywoodမှာအကြိုက်ဆုံးတွေပဲ။ ဘာလို့ကြိုက်လဲဆိုပညာပေးကားတွေmassage တခုစီ ကားတိုင်းထည့်ပေးလို့။တွန်ခရု ကျတော်အကြိုက်ဆုံးမင်းသား၃ယောက်ထဲ No.3 ပါပဲ။ Tom Hanks – သူကတကားကို massageတခုမဟုတ်ပဲ တကားလုံးက masg ဖြစ်နေလို့ No.1 ကြိုက်ရမင်းသားဖြစ်နေပါပဲ။

ခဗျားဟာသူ့ကားတွေမကြည့်ဖူးဘူးဆိုရင် ၆ကား ပဲထိုင်ကြည့် ခဗျားအသိအမြင်တွေသိသိသာသာပြောင်းလဲသွားလိမ့်မယ်။ Forrest Gump / Saving Private Ryan / Cast Away / Catch me if you can / The Terminal/Big ။ကျတော် ဒီ၆ကားကိုသင်္ကြန်တွင်းရက်တွေမှာ နှစ်စဉ်ကြည့်ဖြစ်တယ်။ တကားကိုတမျိုးဖြစ်နေတဲ့ဇာတ်ကောင်စရိုက်နဲ့ massage ပေးထားမူက ဒီTom Hanks ဆိုတဲ့ဘဲကြီးကသရုပ်ဆောင်မဟုတ်ပဲ ပညာပေးဆရာကြီးများလားလို့ထင်မိတဲ့အထိပါပဲ။

” ဦးနှောက်ထက် နှလုံးသားနဲ့ အလုပ်လုပ်ပါ။ ဦးနှောက်ရှိတဲ့လူက ဥာဏ်ပဲကောင်းမှာ နှလုံးသားရှိတဲ့လူကမှ ပျော်ရွှင်ဖို့ကောင်းတာပါ။ ကျတော်ကတော့ဥာဏ်မကောင်းချင်ဘူး ကိုယ်ဝါသနာပါရာကိုပျော်ပျော်ရွှင်ရွှင်လုပ်နေရရင်တော်ပြီ။ “
Tom Hanks

Apollo 13

ကျတော်အများကြီးပြောစရာမလိုပါဘူး။ ဒေါ်လာသန်း ၃၅၅သန်းကျော်ရရှိခဲ့ပြီး အကယ်ဒမီ ၉ဆုကြီးတောင်ရခဲ့တဲ့ ၁၉၉၅ ခုနှစ်ရဲ့ထိပ်တန်းကားတကားဖြစ်နေပြန်တဲ့ Tomရဲ့ကားပါပဲ။ သိပ္ပံ drama ကားတကားဖြစ်ပြီး ဆုပေါင်း ၃၆ဆုထိရခဲ့တဲ့နည်းပညာမြင့်ကားတကားပါ။ mobile launch platform အသုံးပြုမူတွေနဲ့ရိုက်ကူးခဲ့သလို Editingအကောင်း ဆုံးဇာတ်ကားကြီးတကားပါ။Tom ရဲ့ကားက၇၀ နီးပါးရှိတယ်ဆိုတော့ တကားချင်းစီပြောနေရင် ၂ညအိပ်၃ရက်ဖတ်ရမယ့်postဖြစ်သွားလိမ့်မယ်။ ဒီတော့Tom ရဲ့ ဇာတ်ကားတွေထဲက ၅ကားကိုပဲရွေးချယ်ဖော်ပြပါရစေ။ ဒီထဲမှာဟိုကားဘာလို့မပါတာလဲ ဒီကားဘာလို့မပါတာလဲလို့တော့မထင်ပါနဲ့။ ကားတိုင်းကမကောင်းတဲ့ကားတကားမှမရှိ လို့ခုလိုရွေးလိုက်ရခြင်းပါ။ ဒီတော့အခုပြောမယ့်ကားက Saving Private Ryan ။

Saving Private Ryan

Big /Forrest Gump/Philadelphia/ Apollo 13 လိုကားတွေပြီးနောက်Tomဟာ ရုပ်ရှင်လောကမှာ Characterပေါင်းစုံရမင်းသား တဦးအဖြစ် Hollywood ရဲ့ထိပ်တန်းမင်းသားတဦးဖြစ်လာခဲ့ပါပြီ။ ဒီလိုအချိန်မှာသူ့ရဲ့ဇကမကျသွားတဲ့အပြင် နောက်ထပ်ရုပ်ရှင်လောကကိုတကားပြီးတကားပစ်သွင်းလာမယ့် ပညာပေးသြချတာစရာကားကြီးတွေများစွာထပ်ထွက်လာခဲ့ပါတော့တယ်။ ဒီထဲက Saving Private Ryan။ Saving Private Ryan ဟာ ဒရာမာ စစ်ကားတကားဖြစ်ပါတယ်။ Forrest Gump ထဲကTom ကိုသဘောကျနေခဲ့တဲ့ ဒါရိုက်တာကြီး Steven Spielberg ကSaving Private Ryan ကိုTom နဲ့အတူရိုက်ကူးပြီး ၁၉၉၈ခုနှစ် မှာရုံတင်ပြသခဲ့ပါတယ်။ Tom Hanks ဆိုတာ အကယ်ဒမီရရုပ်ရှင်ကားတွေရဲ့ဘုရင်ပါ။ ဒီလိုပြော တာကျတော်မဟုတ်ဘူးနော်။ Times သတင်းစာကြီးက သတင်းထောင်ကြီး Gray Marco ပါပဲ။

ဘာလို့ခုလိုပြောရလဲ။ ရှေ့မှာတင်မကြာသေးဘူး အကယ်ဒမီ ၈ဆု ၁၁ဆုရကားတွေထွက်ခဲ့သေးတယ်အခု Saving Private Ryan ကလည်း ၁၁ဆု ထပ်ရတဲ့ကားကြီးဖြစ်နေပြန်တယ်။ ဒေါ်လာသန်း ၄၈၁သန်းထိရခဲ့သလို ဒီကားဟာရွှေကမ္ဘာလုံးဆုကြီးအပြင် ဆုပေါင်း ၁၁၀ကျော်အထိရခဲ့တဲ့ တကားထဲဆုအများဆုံးရကားကြီး၃ကားထဲက တကားအဖြစ် ယနေ့ထိစံချိန်တင်ထားဆဲပါ။

Saving Private Ryanဟာ ဒုတိယ ကမ္ဘာစစ် နော်မန်ဒီကမ်းခြေကိုအမေရိကန်တွေ ဝင်သိမ်းပိုက်ခဲ့ရတဲ့သမိုင်းကိုအခြေခံထားတာပါ။ဒါပေမယ့် စစ်ကားချည်းမဟုတ်ပါဘူး။ ညီကို၎ယောက်မှာ ၃ယောင်ထိတိုက်ပွဲမှာကျသွားတဲ့ Ryan ဆိုတဲ့စစ်ဗိုလ်အကြောင်းကိုရိုက်ကူးထားတဲ့ dramaကားတကားပါ။ ဗိုလ်ကြီးဖြစ်သူကသား၃ယောက်ဆုံးရှုံးသွားတဲ့မိခင်ကိုကိုယ်ချင်းစာပြီး ကျန်သားတယောက်ကိုထပ်ဆုံးရှုံးရင်ဒီမိခင်နေ ရာကမခံစားနိုင်လို့ ကျန်သားတယောက်ဖြစ်သူ လေထီးစစ်သားဗိုလ်ကိုအသက်ရှင်လျက်နဲ့ မိခင်စီပြန်လာနိုင်အောင်ကယ်ခိုင်းခဲ့ပါတယ်။ မိခင်ကိုချစ်တဲ့သားတယောက်ဖြစ်သလို တိုင်းပြည်အတွက်လဲအသက်စွန့်တာဝန်ထမ်းဆောင်ချင်တဲ့စစ်သားတဦးအဖို့ ညီကိုတွေဆုံးရှံးပြီးအမေကရူးမတတ်ခံစားနေရ တဖက်မှာလဲကိုယ့်နိုင်ငံတပ်သားတွေသေကြေနေရ ဒါကြောင့်Tom Hanks ကားတွေကိုကြည့်ရင်တရာဖိုး၃ကားရုပ်ရှင်ကားတွေကိုသာကြိုက်တဲ့သူတွေရူးလောက်မယ်ပြောတာ။

ခဗျားသာဆိုဘယ်ဖက်ကိုရွေးမလဲ အမေကိုလား တိုင်းပြည်ကိုလား။ အမေကိုရွေးလဲစစ်ဗိုလ် ကသေမှာပဲ ဘာလို့လဲဆို ဒီစာကိုရချိန်သူဟာ ရန်သူ့နယ်မြေထဲရောက်နေချိန် ကယ်ဆယ်ရေးအဖွဲ့ကလည်း မဖြစ်နိုင်တဲ့ကယ်ဆယ်ရေးဖြစ်လို့ပြသနာ တက်နေချိန်။ ထူးခြားမူကတော့ကယ်ဆယ်ရေးအဖွဲ့ဟာ Ryan ကိုဘယ်လိုကယ်တင်ခဲ့လဲပါပဲ။ ဒီကားမှာကြက်သီးထစရာ ဇာတ်ဝင်ခန်း၃နေရာပါတယ်။ ကြည့်ဖူးသူတွေသိကြလိမ့်မယ်။ဘာလို့ဆုပေါင်း ၁၁၀ကျော် အကယ်ဒမီတသီကြီး အော်စကာတွေဘာလို့ရလဲ။ တော်ရုံဇာတ်ကားကဘယ်လိုလုပ်အကယ်ဒမီ၁၁ဆုရပါ့မလဲ။Tom Hanks ဆိုတာ ဘာလဲမမေးနဲ့ ရုပ်ရှင်လောကရဲ့အကယ်ဒမီကားကြီးများရဲ့ဘုရင်တဆူပါ။ ရုပ်မချောဘူး ဗလမရှိဘူး သူ့ကားတွေသန်းရာရှိမသုံးဘူး။ ဘာအကြောင်းပြချက်မှမပေးဘူး။ ဒါပေမယ့်ထွက်လာရင်ကားတိုင်း ထိပ်တန်းကားဖြစ်နေတာပါပဲ။

Saving Private Ryan ကားကဘာအသိပညာတွေပေးထားလဲဆို ခေါင်းဆောင်ဆိုတဲ့လူတယောက်မှာရှိရမယ့် လက်အောက်ငယ်သားတွေ အပေါ်တန်ဖိုးထားစိုးရိမ်မူ စစ်သားတဦးရဲ့စစ်မှန်တဲ့ စိတ်ဓာတ် ပြည်သူသည်သာစစ်သားတွေရဲ့ အလေးထားရမယ့်သူ အစိုးရကနိုင်ငံသားတဦးချင်းအပေါ်အလေးထားတန်ဖိုးထားမူ စစ်သားချင်းရိုင်းပင်းကူညီမူ တိုင်းပြည်နဲ့လူမျိုးအပေါ်စစ် သားတဦးကသစ္စာထားမူ တွေကိုပြသသွားပါတယ်။ သြော် အစိုးရကိုဖားတဲ့ကားလို့မထင်နဲ့ နော် အစိုးရကိုသောက်မြင်အကတ်ဆုံးမင်းသားထဲ Tomကထိပ်ဆုံးကပါ ။ နောက်တခုကဒီကား မှာနောက်တချိန်မှာ မင်းသားကြီးတယောက်ဖြစ်လာမယ့် F&F တို့ XxX တို့ရဲ့မင်းသားကြီး Van Diesel က စစ်သားပေါက်စအနေနဲ့ပါနေခဲတာပါပဲ။ လူ၁၅၀၀အထိဒီကားမှာအသုံးပြုရိုက်ကူးခဲ့ပြီး ကျတော်တို့ Gameတွေခေတ်စားလာချိန်မှာ Call Of Duty ဆိုတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး Game တွေထဲကတခုဟာလဲ ဒီကားကိုအခြေခံပြီး Programm ရေးဆွဲလာမှာဖြစ်ပါတယ်။ နောက်တကားက Tom Hanksဆိုတဲ့လူကို ကမ္ဘာ့ရုပ်ရှင်လောကသမိုင်းရဲ့ ဂုဏ်ထူးဆောင်အနုပညာရှင်ဆုကြီးကိုပေးအပ်ခြင်းခံရဖို့အထိနောင် တချိန်မှာဖြစ်လာမယ့် Cast Away ပါပဲ။

” ငါအခုဘာဆက်လုပ်ရမလဲ ငါသိတယ်။ ငါဆက်ပြီးအသက်ရှင်နေအောင်ကြိုးစား ရမယ်။ မနက်ဖြန် နေထွက်လာဦးမယ်။ လှိုင်းတွေငါ့ကိုဘာသယ်လာပေးဦးမလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ “
( Cast away ထဲမှTomစကား)

Cast Away

ဒါရိုက်တာထဲ Survival ပိုင်းကို ရိုက်ရာမှာတကွက်ကျော်မထင်ထားတာတွေလုပ်တတ်တဲ့သူတယောက်ရှိတယ်။ သူကတော့ Cast Away ကိုရိုက်ကူးလာမယ့် ဒါရိုက်တာကြီး Robert Zemeckisပါပဲ။ Cast Away ရဲ့အဓိ ကမင်းသားရွေးချယ်မူမှာလဲ Tom ကိုရွေးခဲ့ခြင်း ကတော့သိပ်တော့မထူးဆန်းဘူး။ ဒီကားကိုအစ ကတခြားထုတ်လုပ်သူနဲ့စီစဉ်နေစဉ် အရှုံးပေါ်မယ့်ကားလို့ထင်ကြေးတွေကြောင့် Tomကိုယ် တိုင်ထုတ်လုပ်သူလုပ် မင်းသားလုပ်ရိုက်ခဲ့တဲ့ကားပါ။ လူမရှိတဲ့ကျွန်းပေါ်မှာ တယောက်ထဲသောင် တင်ခဲ့တဲ့Chuck Noland တယောက်နှစ်ပေါင်း များစွာဒီကျွန်းလေးမှာတယောက်ထဲဘယ်လိုအ သက်ရှင်ဖို့ရုန်းကန်ခဲ့သလဲ သူအသက်ရှင်ဖို့ မျော်လင့်ချက်ကဘာလဲ လောကမှာနေတတ်ရင် ကျေနပ်စရာတွေချည်းပဲလို့သတ်မှတ်ထားတဲ့သူ့ အဖို့ ဒီကားကိုကြည့်ရတဲ့လူတိုင်းက တကယ်သနားမိမှာဖြစ်သလို ပညာပေးစာသားအုံနဲ့ကျင်းနဲ့ပါဝင်လာခဲ့ပါတယ်။

နှစ်ရှည်လများမသေအောင်ကြိုးစားရုန်းကန်ပြီး ဇနီးဖြစ်သူဆီပြန်ရောက်သွားချိန်မှာတော့ တကားလုံးရဲ့အဓိကအခန်းပါပဲ။ဇနီးဖြစ်သူကနောက်အိမ်ထောင်နဲ့သာယာနေပြီဖြစ်သလို သူ့ကိုလဲသေပြီဆိုပြီးအသုဘလုပ်ပြီးမေ့ထားခဲ့ပါပြီ။ ကမ္ဘာပေါ်မှာသူအယုံကြည်ဆုံး အချစ်ဆုံးမိန်းမတယောက်ပဲရှိတယ်။ ဒီအတွက်သူမသေ အောင်နှစ်တွေအများကြီးကိုးစားရုန်းကန်ခဲ့တယ်။ ဒါပေမယ့်ပြန်တွေ့ချိန်ဟာ သူထင်ထားသလိုမဟုတ်ခဲ့တော့ဘူး။

” ကမ္ဘာပေါ်မှာအလှဆုံးက ? ကမ္ဘာကြီးကိုယ်တိုင်ပဲလေ .”
Cast Away

” တခါတလေ လူတွေကကိုယ်ခံစားရ ကြိုးစားရအောင်မြင်ရ ဝမ်းနည်းရ တာတွေကိုသူများတွေကို သိစေချင်ကြတယ်။ ခဗျားအသက်ရှင်ရုန်းကန်နေတာ ခဗျားလား သူတို့သိစေချင်တဲ့အတွက်ကြောင့်လား ? “
Tom Hanks

” အမေကပြောတယ်။ အသက်ဆက်ရှင်မယ်ဆိုရင်ဖြစ်ပြီးခဲ့တဲ့အတိတ်တွေကို ထားခဲ့နိုင်ရမယ်တဲ့ “
Tom Hanks

Cast Away ဟာ ဒေါ်လာသန်း၄၂၉ သန်းရရှိခဲ့ပြီး လူအင်အားများမှ ဇာတ်ပို့ဇာတ်ရံ ကောင်းမှ ဘာမှညာမှနဲ့ တောင်စဉ်ရေမရပြောနေတဲ့ သူတွေအတွက်တော့ တကားထဲတယောက်ထဲ တကျွန်းထဲ ဘာအဝတ်အစားဖိုးမှမကုန်ပဲ Cast Away ကရိုက်ပြသွားခဲ့ပါတယ်။ ထုံးစံအတိုင်းအကယ်ဒမီတွေရခဲ့သလို ဆုကြီး၁၀ဆုကိုလည်း ဒီကားကရရှိခဲ့ပါတယ်။ ဒီကားထဲက Wilson ကိုထည့်သွင်းထားတာနဲ့တင်ရူးချင်စရာပါပဲ။

” အောင်မြင်မူကိုရဖို့ကလွယ်တယ် အရိုးသားဆုံးကြိုးစားနိုင်မူကသာ ခက်တာ။ အခုခေတ်ရုပ်ရှင်လောက ကမှာ အောင်မြင်မူနောက်ပဲနည်း ပေါင်းစုံနဲ့လိုက်ကြတော့တယ်။ ဒါဝမ်းနည်းစရာပါပဲ “
Tom Hanks

Catch Me If You Can

ဂျူနီယာမင်းသား လီယိုနာဒိုကိုတင်ပေးတဲ့ကားလို့ပဲပြောရမယ်။ မင်းသားထဲသာမာန် ရိုက်နေကျဇာတ်အိမ်တွေကိုမရိုက်တတ်တဲ့ ဒီအဘ၂ယောက်ပေါင်းရိုက်တယ်ဆိုထဲက ဒီကားကလည်း အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ ထုံးစံအတိုင်း Tom ရိုက်နေကျ ဖြစ်ရပ်မှန်ဇာတ်လမ်းတခု ကိုအခြေခံထားတာပါ။သန်း ၃၅၀ကျော်ရရှိခဲ့သလို ဆုတွေလဲရရှိခဲ့ပါတယ်။ လူလိမ်ပေါက်စနဲ့FBI စုံထောက်ရဲ့ သာမာန်ကားလေးပေမယ့်ဒီကားရဲ့ ပညာပေးမူကလဲပေါ့သေးသေးမဟုတ်လှပါဘူး။ Leo လဲဒီကားထဲ Tomကိုမှီအောင်တော်တော် သရုပ်ဆောင်လိုက်ရတယ်။ နောက်တကားက

The Terminal

Tom နဲ့ လက်တွဲနေကျဒါရိုက်တာကြီး Steven Spielberg ရဲ့ နောက်တစ်ကြိမ်ပစ်လွှတ်လိုက်တဲ့ ၂၁ရာစုထဲအထင်ကရကားကြီးတကားပါပဲ။ ခဗျားဟာTom Hanksကဘာအရည်အချင်းတွေရှိလို့လဲ ဆိုပြီး တခြားမင်းသားတဦးနဲ့ ယှဉ်ပြောမယ်ဆိုရင်တော့ဒါရူးသွပ်မူတခုပါပဲ။ ဒီ Terminal မှာ Tom က အင်္ဂလိပ်စကားကိုဥရောပလေသံနဲ့ပြောသွားတယ်။ နောက်တချက်က သူသရုပ်ဆောင်ချက်က လုံးဝအသစ်တခုဖြစ်ခဲ့တယ်။ ပိုထူးခြားတာကဒီကားကိုရိုက်ကူးရာမှာ ဒီအဘက တရက်၁၈နာရီသူပါမနားပဲ သူမပါတဲ့ အခန်းတွေလဲပါဝင်ကူညီပေးပြီးဒါရိုက်တာနဲ့အတူကြိုးစားခဲ့တယ်။ Cast Away လိုပဲဒီကားရဲ့ပညာ ပေးမူတွေကမြင့်လွန်းပြန်တယ်။

လေဆိပ်ထဲမအူ မလည်လူကြီးတယောက် English စာလိုက်သင် နေရတဲ့ လူကြီးတယောက်အဖြစ် Tom ကပါဝင်ထားတယ်။ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ဒီမအူမလည်ဦးလေးကြီးက ဘယ်တော့မှသူ့ကိုယ်သူဒုက္ခသည် လို့ဝင်မခံပဲ မြေပုံထဲတောင်မရှိတဲ့နိုင်ငံသားတဦးအဖြစ် ဒီ THE TerminalကလဲTom Hanks ဆိုတဲ့ မင်းသားကိုထပ်ပြီးအံ့သြရမယ့်ကားတကား ပါပဲ။ အဖေကိုချစ်လို့အမေရိကန်ကိုလာတယ် နိုင်ငံကိုချစ်လို့ ဒုက္ခသည်လို့မခံယူဘူး။ ကဲTom ရဲ့ကားတွေကပေါ့ပျက်ပျက်ကြည့်ဖို့ကားတွေတ ကားမှမရှိတာအံ့သြစရာပါပဲ။ Navorski ဆိုတဲ့ Tom ရဲ့ဇာတ်ကောင်ကပေးတဲ့ပညာပေးတွေကတအံ့တသြပါပဲ။ နောက်တကားက

Captain Phillips

ဘာမှထူးထူးခြားဇာတ်လမ်းမဟုတ်ဘူး။ ဆိုမာလီဓားမြတွေဖမ်းတာခံရတယ် ဓားစာခံလုပ်ခံရတယ်။ ဒါလေးပဲ။ ဒါပေမယ့် ဒီCaptain Phillipsဟာ ရုပ်ရှင်လောကအတွက်တော့မင်းသားတယောက်ကို အံ့သြစရာဖြစ်သွားစေခဲ့တာပါပဲ။Tom နဲ့ Barkhad Abdi ပါဝင်သရုပ်ဆောင် ထားတဲ့ ဒီကားဟာ သင်္ဘောသားတွေရဲ့ဘဝ ဓားစာခံတွေရဲ့ဘဝကို ဒဲ့ချပြလိုက်တာပါပဲ။ သင်္ဘောရဲ့ Captain ဖြစ်တဲ့ Tom က Captainတဦး ပီသတယ်။ ထူးခြားမူကတော့ သင်္ဘောသားတွေသာ အသုံးပြုကြသိကြတဲ့ လုပ်ကွက်တွေကိုဒီကားမှာ သရုပ်ဆောင်တွေကလုပ်ခဲ့မူပါပဲ။ ဒါမျိုးက ရုပ်ရှင်လောကမှာခပ်ရှားရှားရယ်။ သင်္ဘောမောင်းတယ်။ Evasive-Maneuver တွေကို Tom ကအမိန့်ပေးတာမျိုးတွေ သင်္ဘောကို Croma ဖောက်ရာမှာတကယ့်သင်္ဘောဆောက်လုပ်တဲ့ Engineer တွေပါလာတာမျိုးတွေ Layer ခွဲရာ မှာ သင်္ဘောရဲ့ Structure ကိုပထမဆုံးအသေး စိတ်သိရှိအောင်လေ့လာထားတဲ့ ဒါရိုက်တာရဲ့အံ့သြစရာပညာတွေစသဖြင့် လုံးဝလက်တွေ့ဘဝ လက်တွေ့အဖြစ်တွေကို ရိုက်ပြနိုင်ခဲ့ပါတယ်။

Titanic ရိုက်ပြတယ်တကမ္ဘာလုံးသာကျော်သွားတယ်။ သင်္ဘောStructure / Layer ခွဲမူရဲ့ ဟာကွက်တင် ၂၀၀ကျော်ရှိခဲ့တယ်။ Battle Ship လဲဒီလိုပဲ ။ Tom ကအဲ့လိုမင်းသားပါ။ ရုပ်ရှင်ကားထက် လက်တွေဘဝဖြစ်ရပ်မှန်တွေကို ချည်း တကယ်အတိုင်းသရုပ်ဆောင်ပြတတ်တဲ့ Captain Phillips ကြီးလဲဖြစ် Forrest Gumpလဲဖြစ်တဲ့သူပါ။ အော်စကာစာရင်းမှာ ၆နေရာထိ စာရင်းဝင်ခဲ့သလို ဒေါ်လာသန်း ၂၁၈သန်းထိရခဲ့တဲ့ကားပါ။

” ကျတော့်မှာမွေးရာပါအရည်အချင်း ရုပ်ရည် အသံ ဥာဏ်ပညာ ဘာမှ မပါလာခဲ့ဘူး။ ဒီအတွက်ကျတော်ပို ပျော်ခဲ့တယ်။ အရာအားလုံးဟာကျတော်ကြိုးစားမှရမယ်ဆိုတာသိစေလို့ပဲ “
Tom Hanks

“စိတ်ကူးယဉ်မူတွေကိုပုံဖော်ပါ အတ္တတွေကို အရှုံးပေးလိုက်ပါ။ အပြစ်တင်မူတွေကိုကျေးဇူးတင်ပါ။ အရာရာဟာ သင့်အပေါ်မှာပဲမူတည်သွားလိမ့်မယ်။ “
Tom Hanks

” အရွယ်ရောက်ပြီးသားလူတိုင်းမှာ အရွယ်ရောက်ပြီးသားအသိဥာဏ် မရှိဘူး။ ဒါကိုခဗျားဒုက္ခရောက်နေချိန် နဲ့ ကျရှုံးလာချိန်ပိုသိလာလိမ့်မယ်။ “
Tom Hanks

Sully

မကြာသေးခင်ကမှထွက်ထားတဲ့Tomရဲ့ ကားသစ်။ ၂၀၀၉ခုနှစ် ဟဒ်ဆန်မြစ်ထဲဆင်းခဲ့ရတဲ့ A320-214 လေယာဉ်ကြီးရဲ့အကြောင်း
ကိုရိုက်ထားခဲ့ဖြစ်ရပ်မှန်ဇာတ်ကားပါ။ သင်္ဘောလေယာဉ် တွေပေါ်ကနေ အသက်၆၀ရှိနေတာတောင် မဆင်းသေးတဲ့ Tom ရဲ့ထုံးစံအတိုင်းပါပဲ။ Captain Chesley “Sully” Sullenberger နေရာကနေ Tomကသရုပ်ဆောင်ခဲ့တယ်။ လူ့ အသက်ပေါင်းများစွာကိုကယ်တင်ခဲ့တဲ့ Sully ဟာ Heroမဟုတ်ပါဘူး သာမာန်လေယာဉ်မှူးတယောက်ပါပဲ။ US Airways Flight 1549 ရဲ့ Captain ဖြစ်တဲ့ Sully ဟာသေဘေးကြုံလာ ချိန်မှာ သူ့တာဝန် နဲ့ သူ့အသက်ဘေးလွတ်မူတခုကိုမလဲခဲ့ပါဘူး။ အသက်အရွယ်အားဖြင့်လဲမတိမ်းမယိမ်းဖြစ်တဲ့ Tom ကဒီကားမှာလေယာဉ်မှူးတယောက်ရဲ့ရှိသင့်တဲ့တာဝန် ပညာရပ် စေတနာ တွေကိုချပြသွားခဲ့တယ်။ ၂၀၁၆ခုနှစ်စက်တင်ဘာ လမှာဒီကားကိုရုံတင်ခဲ့ပြီးလက်ရှိမှာတင်သန်း၁၈၀ကျော်ရရှိနေပါပြီ။ Sully ဟာလဲလက်တွေ့လောကမှာ Top 100 Most Influential Heroes and Icons ထဲဒီဖြစ်ရပ်ကြောင့်ပါဝင်သွားခဲ့သူပါ။

” ကျတော်က ခဗျားကြိုက်တဲ့တချို့ကားတွေရဲ့မင်းသားပါ။ ခဗျားမကြိုက် လက်မခံတဲ့ တချို့ကားတွေမှာလဲ မင်းသားပါပဲ။ ကားတိုင်းကျုပ်က ခဗျားအတွက်ကောင်းချင်မှကောင်းလိမ့် မယ်။ ဒါပေမယ့် ဘာအရေးကြီးလဲဗျာ။ ဒီအလုပ်မှာဆက်ရှင်သန်ရဦးမှာ ကျုပ်အလုပ်ပဲလေ။ “

“ကိုယ့်အလုပ်အတွက်ပဲ ကိုယ်အသက်ရှင်ကြပါ”
Tom Hanks

သူကသာအဲ့လိုပြောတာ သူ့ကားဆို ဘာကားလာလာကြိုက်ရစောင့်ရတဲ့ကျုပ်လိုလူတွေ ကမ္ဘာမှာအများကြီးဆိုတာ သူ့ကိုသိစေချင် တယ်။ ရုပ်ရှင်ကားတကားထွက်လာရင်ကျတော်တို့ အများကြီးကြိုးစားထားပါတယ် အားပေးကြပါ ကားကအရမ်းကောင်းပါတယ်လို့ ဖောပြီးကြေငြာတဲ့မင်းသားထဲ Tom မပါဘူး။ Forrest Gump ထွက်တုန်းက Times က interviewခွင့်ကို သူရသွားတယ်။ ” ကျတော်ဒီကားကိုရိုက်နေချိန်မှာပဲ လုပ်နိုင်သလောက်လုပ်ခဲ့ရုံပါ။ ကျတော်မလုပ်နိုင်တာဘာမှမလုပ်ခဲ့ပါဘူး။ ဒါကျတော်အလုပ်ပြ နိုင်ဆုံးပမာဏလေးပါပဲ ” လို့ဖြေသွားမူကကားကိုစောင့်ကြည့်နေသူတွေအဖို့ ဒီကားကောင်းပါ့မလားလို့စိတ်ထဲဖြစ်သွားမှာအမှန်ပဲ။ ဒါပေမယ့် ထွက်လာချိန်မှာတော့ဝက်ဝက်ကွဲ ဒိတ်ဒိတ်ကြဲပါပဲ။

” လူတိုင်းကိုချစ်ကြည့်ပါ၊ ဖော်ရွေပေးပါ ၊ ဒါဆိုကမ္ဘာပေါ်မှာကံအကောင်းဆုံး အပျော်ဆုံးလူသားကသင်ဖြစ်လာပါလိမ့်မယ်။ “
Tom Hanks

” ရုပ်ရှင်ဆိုတာ လူတဦးချင်းရဲ့ ဘာသာတရားကိုစော်ကားဖို့ ပညာရပ်မဟုတ်ဘူး။ ဒါပေမယ့် အကြမ်းဖက်မူကိုတော့ဆန့်ကျင်ပြရဲရမယ့် ပညာရပ်ပဲ “
Tom Hanks

Tom Hanks ဟာကမ္ဘာ့ရုပ်ရှင်လောကမှာ အရင်းနည်းနည်းနဲ့ အမြတ်အများဆုံးရရှိစေတဲ့ မင်းသားအဖြစ် သူရိုက်ခဲ့တဲ့ကားတွေရဲ့အမြတ် သန်း၈ထောင်၇သိန်းနဲ့ No.1နေရာကိုရပ်တည်ထားသလို အမေရိကတိုက်မင်းသားတွေထဲ No.4 အချမ်းသာဆုံးပါ။ ဒါ့အပြင်ကမ္ဘာ့Voting အများဆုံးမင်းသားအဖြစ် Johnny Deppပြီးရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ဒါ့အပြင် Keanu Reeves ဟာ ၂၀၀၃ခုနှစ်ကThe Matrix ကားနဲ့ အနုပညာကြေးသန်း၃၀ရခဲ့သလို Bruce Willis က The Sixth Sense နဲ့ ၁၄သန်း Tom ကတော့၁၉၉၄ခုနှစ်က Forrest Gump နဲ့ သန်း၂၀ ရရှိခဲ့ပြီး တကယ်တမ်းတရားဝင်ငွေကြေးအရ ၂၅သန်းပါ။ ဒီပမာဏကခေတ်အလိုက်ငွေကြေးတန်ဖိုးအရ Tom ကိုကမ္ဘာ့အနုပညာကြေးတကားထဲနဲ့ အများဆုံးရမင်းသားအဖြစ်သမိုင်းဝင်သွားစေခဲ့ပါတယ်။ သူ့အအောက်မှာ Tom Cruise နဲ့ Will Smith တို့ကရပ်တည် နေပါတယ်။

Tom.ရိုက်ခဲ့တဲ့ဇာတ်ကားတွေနဲ့နောက် ထွက်လာဦးမယ့်ဇာတကားတွေကတော့

He Knows You’re Alone -1980
Splash – 1984
Bachelor Party – 1984
The Man with One Red Shoe- 1985

Volunteers -1985
The Money Pit -1986
Nothing in Common – 1986
Every Time We Say Goodbye -1986

Dragnet -1987
Big -1988
Punchline -1988
The ‘Burbs -1989

Turner & Hooch -1989
Joe Versus the Volcano -1990
The Bonfire of the Vanities -1990
Radio Flyer -1992

A League of Their Own -1992
Sleepless in Seattle -1993
Philadelphia -1993
Forrest Gump -1994

Apollo 13 – 1995
Toy Story -1995
That Thing You Do!
Saving Private Ryan -1998

You’ve Got Mail -1998
Toy Story 2 -1999
The Green Mile -1999
Cast Away :-2000

My Big Fat Greek Wedding -2002
Road to Perdition -2002
Catch Me If You Can -2002
The Ladykillers – 2004

Connie and Carla -2004
The Terminal -2004
Elvis Has Left the Building -2004
The Polar Express -2004

Magnificent Desolation: Walking on the Moon 3D :-2005
The Da Vinci Code -2006
Cars -2006
The Ant Bully -2006

Starter for 10 -2006
Evan Almighty -2007
Charlie Wilson’s War -2007
The Simpsons Movie -2007

Mamma Mia! -2008
City of Ember – 2008
The Great Buck Howard – 2009
My Life in Ruins -2009

Angels & Demons – 2009
Where the Wild Things Are -2009
Beyond All Boundaries – 2009
Toy Story 3 – 2010

Hawaiian Vacation – 2011
Larry Crowne – 2011
Small Fry – 2011
Extremely Loud and Incredibly Close -2011

Cloud Atlas -2012
Partysaurus Rex – 2012
Parkland – 2013
Captain Phillips -2013

Saving Mr. Banks -2013
Bridge of Spies -2015
Ithaca -2015
My Big Fat Greek Wedding – 2016

A Hologram for the King – 2016
Sully – 2016
Inferno – 2016
The Circle – 2017

Felt – 2017
Toy Story 4 -2019 တွေပါပဲဖြစ်ပါတယ်။

HIV ဖြစ်နေတဲ့ Gay တယောက်အဖြစ် Philadelphia ကားနဲ့လိင်တူချစ်သူဇာတ်ရုပ် နဲ့ Tom / ပေါကြောင်ကြောင်ဇာတ်ရုပ်နဲ့ BIG/ Forrest Gump အထူးပြောစရာမလိုတော့ဘူး။ ( Forrest Gump ရဲ့အဆက်စာအုပ် Gump. Co ထဲလဲ Tom ပါဝင်ရေးသားခဲ့သေးတယ်) ။ Captain Phillips ကြီး Captain Sullyကြီး ဗိုလ်ကြီး Ryan / Cast Away ရဲ့ အချစ်ကြီးသူကြီး / ဗီလိန် လူဆိုး လူလိမ် စုံထောက် အစုံပါပဲ Tom ရဲ့ ဇာတ်ရုပ်ပေါင်းအစုံရမင်းသားကြီးပါ။

” မင်းက ဂျာမာန် ငါက အိုင်းရစ် ဘယ်အရာက ငါတို့၂ယောက်လုံးကို အမေရိကန်လုပ်ပေးလဲသိလား အေး စည်းကမ်း ဆိုတဲ့အရာကပဲ “
( Bridge Of Spies ထဲက Tom ရဲ့စကား)

” အောင်မြင်မူဆိုတာ ကိုယ်နဲ့မကွာဆောင်ထားလို့ရတဲ့အရာမဟုတ်ဘူး ကိုယ်နဲ့မကွာဆောင်ထားလို့ရတာ ကျတော်တို့ရဲ့ ယုံကြည်မူ နဲ့ ရိုးသားမူပဲ”
Tom Hanks

၂၀၁၄ ခုနှစ်မှာတော့ ဒီမင်းသားကြီးဟာ Honors Medallion ဂုဏ်ထူးဆောင်ဘွဲ့ကြီး ကိုချီးမြင့်ခြင်းခံရပြီး ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အော်စကာဆုအများဆုံးရရှိတဲ့ ဇကာတင်ခံရမူ အများဆုံးကားတွေရဲ့မင်းသားအဖြစ်သမိုင်းဝင် သွားခဲ့ပါပြီ။ ဒါတင်မကပါဘူး ၂၀၁၆ခုနှစ်စစ်တမ်းများအရ Tom Hanksဟာရုပ်ရှင်တခုထဲက အနုပညာကြေး သန်း၄၀၀ကျော်ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားလဲဖြစ်သွားခဲ့ပါပြီ။ ဘယ်ကားကျန်သေးတယ် ဘယ်ကားကတော့၂၀၁၇မှာပြဦးမှာ တွေမပြောကြေးပေါ့ဗျာ။ Tomရဲ့တကားချင်းက တယောက်အကြ်ုက်တမျိုး အကုန်ကောင်းတဲ့ ကားချည်းပဲဆိုတော့ ဒီကား၇၀ကျော်သာပြောရ ရင်ပြီးမယ်တောင်မထင်ပါဘူး။

စာရေးသူသုံးသပ်ချက်

* Tom ဟာသာမာန်ဆင်းရဲသားမိသားစုကမွေးဖွားခဲ့သူပါ။

* Tomဟာ တတိယသား မိကွဲဖကွဲအနှိမ်ခံဖြစ်ပေမယ့်တမျိုးလုံးမှာ အထူးချွန်ဆုံးပါ။

* Tom ဟာအသက်ကြီးမှမင်းသားဖြစ်လာသူပါ။

* ၄ ၅ နှစ်လောက်နေမှတကားရိုက်ခွင့်ရလိုက် ၃ ၄နှစ်လောက်ပြန်ပျောက်လိုက်ဖြစ်ခဲ့ပေမယ့် ရုပ်ရှင်လောကကိုမစွန့်လွှတ်ခဲ့သူပါ။

* Tom ဟာ အော်စကာ၂နှစ်ဆက်တိုက်ရတဲ့ရုပ်ရှင်လောကသမိုင်းရဲ့ ဒုတိယမင်းသားပါ။

* Tom ဟာရုပ်ရှင်တကားရိုက်တိုင်းသူဝတ်တဲ့ အဝတ်စားကအစသူကိုယ်တိုင်ဆုံးဖြတ်သူပါ။
( Forrest Gump မှာတကားလုံးအစနဲ့အဆုံးသတ်ထိ ရှယ်အကျီ င်္ဖြူပြာကွာလေးကိုထည့်သွင်းထားမူကိုသတိထားမိရဲ့လား )

( Captain Phillips မှာ တကယ့်Captainလို ညာဖက်မျက်လုံးအကြောလိုက်တတ်တဲ့အကျင့်ကိုလုပ်ယူခဲ့တာရောသတိထားမိလား )

( Cast Away မှာတကားလုံးအကျီ င်္ဖိုးဟာ$500 တောင်မကုန်ခဲ့ပါဘူး )

* Tom ဟာအော်စကာဆုအများဆုံးရ ဇကာတင်ခံရတဲ့ဇာတ်ကားတွေရဲ့ No.1မင်းသားပါ။

* Tom ဟာပြင်ပလောကမှာလဲ Forrest Gump ထဲကလိုမိခင်ကိုအရမ်းချစ်တဲ့သားပါ။
(မကြာသေးခင်က သူမကွယ်လွန်သွားခဲ့ပါပြီ)

* Tomဟာ သူရရှိတဲ့ အနုပညာကြေးသန်း၄၀၀ နီးပါးမှား သန်း၇၀ထိ ကမ္ဘာ့ပညာမသင်ရတဲ့က လေးသူငယ်တွေအဖို့ နှစ်၃၀အတွင်းလှူတန်း
ထားခဲ့ပြီးပါပြီ။

* Tom ဟာရုပ်ရှင်တကားကိုဘယ်တော့မှ၂ပိုင်းခွဲမရိုက်တဲ့မင်းသားပါ။
(Toy Story ကာတွန်းကားကလွဲရင်ပေါ့ )

* Tom ရဲ့ ရုပ်ရှင်ကား 85% ဟာဖြစ်ရပ်မှန်များ ကိုအခြေခံထားရိုက်ကူးခဲ့တာပါ။

* Tom ဟာ အမေရိကတိုက်ရဲ့ပထမဆုံးတသက် တာလူသားအကျိုးပြုသရုပ်ဆောင်အဖြစ်ပေးအပ်ခြင်းခံထားရတဲ့မင်းသားပါ။

* Tom ဟာForrest Gumpထဲကလိုပဲငယ်ငယ်က TVပိုးကြောင့် ခြေထောက်အကြောထိခဲ့သူပါ။

* Tom ဟာသင်္ဘောသားပညာရပ် လေယာဉ်မှူး ပညာရပ်တွေကို အင်္ဂလန်မှာသင်ယူခဲ့ပြီးမှ Captain Philips / Sully လိုကားတွေကို
ရိုက်ကူးခဲ့သူပါ။

* Tom ဟာလီယိုနာဒို ဘရက်ပစ် တွန်ခရုတို့ အားအကျဆုံးမင်းသားပါ။

* Will Smith ဟာသူသာဒါရိုက်တာတယောက် အဖြစ်လုပ်ကိုင်တော့ရင် Tom နဲ့ပထမဆုံးရိုက် ချင်ပါတယ်လို့ ပြောကြားထားပါတယ်။

* Tom ဟာအက်ရှင် စတန့်လုံးဝမရကြောင်းဝန်ခံထားသူပါ။ ဒါပေမယ့်သူ့ကားတွေကသိတဲ့ အတိုင်းပါပဲ။

* Tom ဟာသာမာန်ကလေးတယောက်နေ သုညကစပြီး ကမ္ဘာ့အအောင်မြင်ဆုံးမင်းသားထဲ မှတဦးဖြစ်လာသူပါ။

Ref : Inc Magazine ,Twitter , Tom Hanks’s Tom Hanks , The Richest Actors in the ,World Are Not Who You Expect

[ Music Review ပဲရေးတတ်တဲ့သူဖြစ်လို့ခုလို ကိုယ့်အဖိုးအဖေလက်ထက် ကနေယနေ့ထိ အထင်ကရဖြစ်နေတဲ့မင်းသားကြီးတယောက်အကြောင်းကိုရေးသားရာမှာ ကျတော့်တထွာတမိုက်ဥာဏ်လေးနဲ့ဘယ်လိုမှမပြည့်စုံနိုင်ပါဘူး။ ဒါကိုအထူးနားလည်ပေးနိုင်မယ်လို့မျော်လင့်ပါတယ်။ ]

My Fav: Actor : Forever Respect.

ထက်ဝန

ဒီလို သုညဘ၀ကနေ ကမ္ဘာကျော်လာတဲ့ အနုပညာရှင်တွေရဲ့ အထ္ထုပ္ပတ္တိအသေးစိတ်တွေကို တစုတစည်းတည်းဖတ်ချင်ရင် ကိုထက်ဝန ရေးတဲ့ သုညဘ၀မှ ကမ္ဘာကျော်ခဲ့သော အနုပညာရှင်များစာအုပ်ကို ၀ယ်ဖတ်ပါ။

အခုနောက်ထပ်ထွက်ထားတဲ့ စာအုပ်ကတော့ Behind The World ဆိုတဲ့စာအုပ်ပါ။ လူအများစု မသိကြတဲ့ ကမ္ဘာ့ကြီးနောက်ကွယ်က အကြောင်းအရာတွေကို ရေးထားတဲ့စာအုပ်ပါ။ ဒီအထဲမှာ ရှေးဟောင်းလျို့ဝှက်လူမျိုးစုတွေ ၊ ပျောက်ကွယ်သွားတဲ့မြို့တော်ကြီးတွေ ၊ လူသိနည်းတဲ့ ရှားပါးဖြစ်ရပ်တွေအကြောင်းကို စုစည်းရေးသားထားပါတယ်။ ရှားပါးဗဟုသုတတွေကို နှစ်သက်တဲ့ စာဖတ်သူတွေအတွက် တကယ်ကောင်းတဲ့ စာအုပ်ပါ။ city mart တွေမှာ ရပါသတဲ့ 🙂

Leave a Reply