ၾသစေၾတးလွ်ရဲ႕ အႏၱရာယ္အရွိဆုံး တိရစာၦန္မ်ား

Posted on

Box Jelllyfish

ဂ်ယ္လီငါး အမ်ဳိးအစားတစ္မ်ဳိးျဖစ္ၿပီး ၾသစေၾတးလွ်တ၀ုိက္ ပင္လယ္ေရနက္ပုိင္းတြင္ေနေလ့ရွိသည္။ အရြယ္အစားေသးငယ္ၿပီး သားေကာင္မ်ားကိုလက္တံမ်ားႏွင့္ ဖမ္းဆီးတတ္သည္။ အဆိပ္အလြန္ျပင္းထန္ၿပီး ၈၀ကီလုိရွိေသာ လူတစ္ေယာက္ကုိ ၃မိနစ္အတြင္း ေသေစႏုိင္သည္။ သူ႔ရဲ႕အဆိပ္သည္ လူသားေတြရဲ႕ ႏွလံုး၊ အာရံုေႀကာနဲ အသားအေရဆဲလ္ေတြကို ထိခိုက္ပ်က္စီးေစႏိုင္သည္။ ကံေကာင္း၍ မေသေသာသူမ်ားမွာ အလြန္ျပင္းထန္တဲ့ နာက်င္မႈကုိ တစ္ပတ္ေလာက္ အထိခံစားရမည္ျဖစ္သည္။

ဒီဂ်ယ္လီငါး အမ်ဳိးအစားမ်ားတြင္ လက္တံရွည္ (၆၀) ပါရွိၿပီး တစ္ေခ်ာင္းခ်င္းစီဟာ (၁၅) ေပ ေလာက္ရွည္လ်ားသည္။ သူ႔ရဲလက္တံံရွည္ေတြမွာ cnidocyst လို႔ေခၚတဲ႔ စုပ္ယူငယ္ေလးေတြနဲ႔ ဖံုးလႊမ္းေနၿပီး အဲဒီ စုပ္ခြက္တစ္ခုခ်င္းစီတြင္ အဆိပ္ရည္ေတြရယ္နဲ႔ ျဖည္႔တင္းထားေသာ ေသးငယ္တဲ႔စူးခြ်န္ေလး တစ္ေခ်ာင္းပါရွိသည္။

Taipan

အဆိပ္ရွိေသာေျမြအမ်ဳိးအစားမ်ားတြင္ အႀကီးဆုံးျဖစ္ၿပီး အလြန္လွ်င္ျမန္သည့္ေျမြမ်ဳိးျဖစ္သည္။ အရွည္အားျဖင့္ ၅ေပ ၉ လက္မ မွ ၈ ေပ ၂ လက္မေလာက္ထိ ရွည္ႏိုင္တဲ့ ေျမႊမ်ိဳးျဖစ္သည္။ Inland taipan လို႔ေခၚျပီး Fierce Snake လို႔လည္း ေခၚၾကေသးသည္။ ေႏြရာသီမွာ ညိဳဝါဝါ အေရာင္ ေျပာင္းျပီး ေဆာင္းရာသီမွာ အနက္ေရာင္၊ ညိဳရင့္ေရာင္ တုိ႔ကုိ ေျပာင္းလဲသြားတတ္သည္။သူ၏အဆိပ္အား အျပင္းထန္ဆုံးဟုသတ္မွတ္ၾကသည္။ ၾသစေၾတးလွ်ေျမာက္ပိုင္းကြင္းစလန္ျပည္နယ္ႏွင့္ ၾသစေၾတးလွ်အေနာက္ဘက္ပုိင္းမ်ားတြင္ ေတြ႔ရတတ္သည္။

The saltwater crocodile

ေရငန္ပုိင္းတြင္ေနထုိင္ေသာ မိေက်ာင္းအမ်ဳိးအစားျဖစ္ၿပီး မိေက်ာင္းမ်ုိးစိတ္တြင္အႀကီးမားဆုံးျဖစ္သည္။ အရြယ္အစားမွာ အနည္းဆုံး ၁၀ေပ ၀န္းက်င္ခန္႔ရွိတတ္ၿပီး အလြန္ႀကီးမားေသာေကာင္မ်ားသည္ ေပ၂၀နီးပါးရွိတတ္သည္။ အေကာင္ႀကီးသေလာက္ အလြန္လွ်င္ျမန္သည္။ အေၾကာက္အရြံ႕ နည္းနည္းေလးမွ မရွိ၊ စိတ္္အလြန္ဆတ္၊ ရန္စ လို႔ သိပ္လြယ္ၿပီး တစ္ခ်ိန္လံုး ရန္လိုေနတတ္ေသာ မိေက်ာင္းမ်ဳိးျဖစ္သည္။ လူႏွင့္ အျခားတိရစာၦန္မ်ားအတြက္အလြန္အႏၱရာယ္ရွိၿပီး သားေကာင္ကုိ နာရီေပါင္းမ်ားစြာၾကာေအာင္ ၿငိမ္သက္ေစာင့္ေနတတ္သည့္ မိေက်ာင္းမ်ားလည္းျဖစ္သည္။ ကမာၻေပၚမွာ ရွိတဲ့ အလြန္အႏၱရာယ္အေပးႏုိင္ဆံုး မ်ိဳးႏြယ္ေတြထဲမွာ အၾကီးဆံုးတိရစာၦန္အျဖစ္သတ္မွတ္ထားသည္။

The Blue Ring Octopus

ပုံစံကုိၾကည့္လွ်င္ေတာ့ လွပသည့္ ေရဘ၀ဲငယ္အမ်ဳိးအစားျဖစ္ၿပီး လွသေလာက္ အလြန္အဆိပ္ျပင္းထန္သည္။ ၾသစေၾတးလွ်ေရျပင္၏ ေႏြးေသာအပုိင္းတြင္ ေနထုိင္ေလ့ရွိသည္။ အျပာေရာင္လက္စြပ္ကြင္းပုံစံနဲ႔တူသျဖင့္ Blue Ring Octopus ဟု ေခၚၾကျခင္းျဖစ္သည္။ တင္းနစ္ေဘာလုံးအရြယ္အစားသာရွိေသာ္လည္း သူ၏အဆိပ္မိလွ်င္ အသက္ရွင္ႏုိင္ဖုိ႔ အခြင့္အလမ္းနည္းပါးလြန္းသည္။ လူ ၂၆ဦးကို မိနစ္ပုိင္းအတြင္းေသေစႏုိင္သည့္ အဆိပ္ပမာဏကုိ သယ္ေဆာင္ထားသူျဖစ္သည္။ သူ႔လက္တံႏွင့္ ထိမိလွ်င္ အဆိပ္သည္ အာရုံေၾကာမ်ားမွ တစ္ဆင့္ ျပန္႔၀င္ၿပီး ၾကြက္သားမ်ားေလးလံထုံထုိင္းလာကာ အသက္ရႈရပ္ ေသဆုံးေလ့ရွိသည္ ဟု သိရသည္။

Stone Fish

အဆိပ္အျပင္းထန္ဆုံး ငါးအမ်ဳိးအစားမ်ားတြင္ တစ္မ်ဳိးအပါ၀င္ျဖစ္သည္။ ၾသစေၾတးလွ်ေတာင္ပိုင္း အပူပုိင္းေဒသတြင္ ေတြ႔ရတတ္သည္။ ေက်ာက္တုံးႏွင့္တူသျဖင့္ ေက်ာက္တုံးမ်ားႏွင့္ေရာေနလွ်င္ ျမင္ရန္အလြန္ခက္ၿပီး ကိုယ္ေပ်ာက္သလုိျဖစ္ေနတတ္သည္။ ေရတိမ္ပုိင္း ၊ သႏာၱေက်ာက္ေတြၾကား ၊ ရြံ႕ေတာေတြထဲ ႏွင့္ပင္လယ္ကမ္းစပ္ေက်ာက္ေဆာင္မ်ားအၾကားတြင္ ေနထုိင္ေလ့ရွိသည္။ အဆိပ္ျပင္းေသာ ဆူးေတာင္မ်ားပါရွိၿပီး ဆူးေတာင္ႏွင့္ ထုိးမိလွ်င္ အသက္အႏၱရာယ္ရွိၿပီး ခ်က္ခ်င္းေဆးကုသျခင္း မျပဳလုပ္မိပါက ေသဆုံးတတ္သည္။

The Red Back Spider

ၾသစေၾတးလွ်တြင္ လူသတ္ပင့္ကူအျဖစ္ နာမည္ႀကီးၿပီး ေနရာမေရြးေတြ႔ရတတ္သည္။ တစ္ကုိယ္လုံးအနက္ေရာင္ျဖစ္ၿပီး ခႏၶာကုိယ္အေနာက္ပုိင္းတြင္ အနီေရာင္အက်ားေလးပါရွိသည္။ အိမ္ ၊ ပန္းၿခံ ၊ သစ္ေတာ အစရွိသည့္ေနရာတုိင္းေတြ႔ရတတ္ၿပီး ႏွစ္စဥ္ လူေပါင္း ေထာင္ႏွင့္ခ်ီ၍ အကုိက္ခံရေလ့ရွိသည္။ Redback Spider အကုိက္ ခံရလွ်င္ နာက်င္ျခင္း၊ ႏွလုံးခုန္ျမန္ေစျခင္း၊ ၾကြက္တက္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ ေျဖေဆးေပးကုသျခင္းမျပဳလုပ္ပါက ေသေစႏုိင္သည္အထိ အဆိပ္ျပင္းထန္သည္။

Brown Snake

အဆိပ္ျပင္းေျမြတစ္မ်ဳိးျဖစ္ၿပီး ၂မီတာခန္႔ရွည္တတ္သည္။ လႈပ္ရွားမႈအလြန္ျမန္ဆန္ၿပီး၊ အဆိပ္မရွိတဲ့ ေျမြမ်ိဳးနဲ႔ မွားယြင္းတတ္ေလ့ရွိသည္။ လူနဲ႔ တိရစာၦန္ေတြကို ရန္လုိတုိက္ခုိက္တတ္ၿပီး အလြန္စိတ္ဆုိးလြယ္တဲ့ ေျမြမ်ိဳးျဖစ္သည္။ အဆိပ္ျပင္းထန္ၿပီး ခ်က္ခ်င္းမကုသႏုိင္လွ်င္ နာရီအနည္းငယ္အတြင္း ေသဆုံးတတ္သည္။

Tiger Snake

ရွားပါးေျမြတစ္မ်ဳိးျဖစ္ၿပီး တုိက္၏ေတာင္ပုိင္းတြင္ အဆိပ္အျပင္းထန္ဆုံးေျမြမ်ဳိးျဖစ္သည္။ ရွားပါးသေလာက္ အလြန္အႏၱရာယ္ရွိတတ္ၿပီး အရွည္ ၆ေပခန္႔ရွိတတ္သည္။ Tiger Snake ဆုိသည့္ အတုိင္း ေခါင္းျပားျပားနဲ႔ အဝါအနက္ အစင္းေတြကို ပုိင္ဆုိင္ထားသည္။ ပုံမွန္အားျဖင့္ ရန္မလုိပဲ ေအးေအးေဆးေဆးေနတတ္တဲ့ ေျမြမ်ဳိးျဖစ္ၿပီး တကယ္တုိက္ခုိက္လာလွ်င္ေတာ့ အျပင္းအထန္တုိက္ခုိက္ေလ့ရွိသည္။ အလြန္အဆိပ္ျပင္းထန္ၿပီး မိနစ္(၃၀)အတြင္း လူကို ေသေစႏုိင္သည္အစြမ္းရွိသည္။

Great White Shark

သူ႔ကုိ great white, white pointer, white shark, white death စသည္ျဖင့္ အမ်ဳိးမ်ုိးေခၚေ၀ၚၾကသည္။ ကမာၻေပၚရွိ ပင္လယ္သမုဒၵရာအားလုံးတြင္ေတြ႔ရေလ့ရွိၿပီး အရြယ္အစားအလြန္ႀကီးမားသည္။ အလြန္လွ်င္ျမန္ေသာငါးမန္းအမ်ဳိးအစားျဖစ္ၿပီး တစ္နာရီကုိ ၂၄ကီလုိမီတာခန္႔ကူးခတ္ႏုိင္သည္။ ပ်မ္းမွ်အားျဖင့္ ၁၅ေပခန္႔ရွိတတ္ၿပီး သက္တမ္းမွာ ႏွစ္၇၀ ျဖစ္သည္။ ကမ္းေျခမ်ားတြင္ တခါတရံေပၚလာတတ္ကာ လူမ်ားအား ဒုကၡေပးတတ္သည္။

SYDNEY Funnel Web Spider

ကမာၻေပၚတြင္ အဆိပ္အျပင္းဆုံးပင့္ကူျဖစ္သည္။ မီးခုိးေခါင္းတုိင္ကဲ့သုိ႔ အေရာင္ရွိၿပီး အဆိပ္ရွိသည့္ပင့္ကူအမ်ဳိးအစားျဖစ္သည္။ ထိုုပင့္ကူ၏ အစြယ္သည္ အဆိပ္ရွိိၿပီး ၆မီလီမီတာခန္႔ ရွည္ကာ အပ္လိုုပင္ အေခါင္းေပါက္ေလးရွိသျဖင့္ လူ၏အသားအေရကုိ အလြယ္တကူထုိးေဖာက္ႏုိင္ကုိက္ခဲႏုိင္ျခင္းျဖစ္သည္။ ထုိပင့္ကူေၾကာင့္ ၾသစေၾတးလွ်တြင္ ၁၉၂၇ခုႏွစ္ မွ ၁၉၈၁ခုႏွစ္ – အထိ လူ ၁၃ ေယာက္ေသခဲ့ပါသည္ ။ ၁၉၈၁ေနာက္ပိုင္းတြင္ အဆိပ္ေျဖေဆးေပၚလာၿပီးေနာက္ အသက္ဆုံးရႈံးမႈမ်ား မရွိေတာ့ပါ။ သုိ႔ေသာ္ အလြယ္တကူ အႏၱရာယ္အေပးႏုိင္ဆုံး တိရစာၦန္အျဖစ္သတ္မွတ္ထားဆဲျဖစ္သည္။ ၾသစေၾတးလွ်အေရွ႕ဘက္ပုိင္း နယူးေဆာက္ေ၀းျပည္နယ္ ၊ ဗစ္တိုးရီးယား ႏွင့္ ကြင္းစလန္ျပည္နယ္မ်ားတြင္ ေတြ႔ရတတ္သည္။


ဩစတြေးလျှရဲ့ အန္တရာယ်အရှိဆုံး တိရစ္ဆာန်များ (unicode)

Box Jelllyfish

ဂျယ်လီငါး အမျိုးအစားတစ်မျိုးဖြစ်ပြီး ဩစတြေးလျှတဝိုက် ပင်လယ်ရေနက်ပိုင်းတွင်နေလေ့ရှိသည်။ အရွယ်အစားသေးငယ်ပြီး သားကောင်များကိုလက်တံများနှင့် ဖမ်းဆီးတတ်သည်။ အဆိပ်အလွန်ပြင်းထန်ပြီး ၈ဝကီလိုရှိသော လူတစ်ယောက်ကို ၃မိနစ်အတွင်း သေစေနိုင်သည်။ သူ့ရဲ့အဆိပ်သည် လူသားတွေရဲ့ နှလုံး၊ အာရုံကြောနဲ အသားအရေဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သည်။ ကံကောင်း၍ မသေသောသူများမှာ အလွန်ပြင်းထန်တဲ့ နာကျင်မှုကို တစ်ပတ်လောက် အထိခံစားရမည်ဖြစ်သည်။

ဒီဂျယ်လီငါး အမျိုးအစားများတွင် လက်တံရှည် (၆၀) ပါရှိပြီး တစ်ချောင်းချင်းစီဟာ (၁၅) ပေ လောက်ရှည်လျားသည်။ သူ့ရဲလက်တံရှည်တွေမှာ cnidocyst လို့ခေါ်တဲ့ စုပ်ယူငယ်လေးတွေနဲ့ ဖုံးလွှမ်းနေပြီး အဲဒီ စုပ်ခွက်တစ်ခုချင်းစီတွင် အဆိပ်ရည်တွေရယ်နဲ့ ဖြည့်တင်းထားသော သေးငယ်တဲ့စူးချွန်လေး တစ်ချောင်းပါရှိသည်။

Taipan

အဆိပ်ရှိသောမြွေအမျိုးအစားများတွင် အကြီးဆုံးဖြစ်ပြီး အလွန်လျှင်မြန်သည့်မြွေမျိုးဖြစ်သည်။ အရှည်အားဖြင့် ၅ပေ ၉ လက်မ မှ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုးဖြစ်သည်။ Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း ခေါ်ကြသေးသည်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားတတ်သည်။သူ၏အဆိပ်အား အပြင်းထန်ဆုံးဟုသတ်မှတ်ကြသည်။ ဩစတြေးလျှမြောက်ပိုင်းကွင်းစလန်ပြည်နယ်နှင့် ဩစတြေးလျှအနောက်ဘက်ပိုင်းများတွင် တွေ့ရတတ်သည်။

The saltwater crocodile

ရေငန်ပိုင်းတွင်နေထိုင်သော မိကျောင်းအမျိုးအစားဖြစ်ပြီး မိကျောင်းမျိုးစိတ်တွင်အကြီးမားဆုံးဖြစ်သည်။ အရွယ်အစားမှာ အနည်းဆုံး ၁၀ပေ ဝန်းကျင်ခန့်ရှိတတ်ပြီး အလွန်ကြီးမားသောကောင်များသည် ပေ၂ဝနီးပါးရှိတတ်သည်။ အကောင်ကြီးသလောက် အလွန်လျှင်မြန်သည်။ အကြောက်အရွံ့ နည်းနည်းလေးမှ မရှိ၊ စိတ်အလွန်ဆတ်၊ ရန်စ လို့ သိပ်လွယ်ပြီး တစ်ချိန်လုံး ရန်လိုနေတတ်သော မိကျောင်းမျိုးဖြစ်သည်။ လူနှင့် အခြားတိရစ္ဆာန်များအတွက်အလွန်အန္တရာယ်ရှိပြီး သားကောင်ကို နာရီပေါင်းများစွာကြာအောင် ငြိမ်သက်စောင့်နေတတ်သည့် မိကျောင်းများလည်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အလွန်အန္တရာယ်အပေးနိုင်ဆုံး မျိုးနွယ်တွေထဲမှာ အကြီးဆုံးတိရစ္ဆာန်အဖြစ်သတ်မှတ်ထားသည်။

The Blue Ring Octopus

ပုံစံကိုကြည့်လျှင်တော့ လှပသည့် ရေဘဝဲငယ်အမျိုးအစားဖြစ်ပြီး လှသလောက် အလွန်အဆိပ်ပြင်းထန်သည်။ ဩစတြေးလျှရေပြင်၏ နွေးသောအပိုင်းတွင် နေထိုင်လေ့ရှိသည်။ အပြာရောင်လက်စွပ်ကွင်းပုံစံနဲ့တူသဖြင့် Blue Ring Octopus ဟု ခေါ်ကြခြင်းဖြစ်သည်။ တင်းနစ်ဘောလုံးအရွယ်အစားသာရှိသော်လည်း သူ၏အဆိပ်မိလျှင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးလွန်းသည်။ လူ ၂၆ဦးကို မိနစ်ပိုင်းအတွင်းသေစေနိုင်သည့် အဆိပ်ပမာဏကို သယ်ဆောင်ထားသူဖြစ်သည်။ သူ့လက်တံနှင့် ထိမိလျှင် အဆိပ်သည် အာရုံကြောများမှ တစ်ဆင့် ပြန့်ဝင်ပြီး ကြွက်သားများလေးလံထုံထိုင်းလာကာ အသက်ရှုရပ် သေဆုံးလေ့ရှိသည် ဟု သိရသည်။

Stone Fish

အဆိပ်အပြင်းထန်ဆုံး ငါးအမျိုးအစားများတွင် တစ်မျိုးအပါဝင်ဖြစ်သည်။ ဩစတြေးလျှတောင်ပိုင်း အပူပိုင်းဒေသတွင် တွေ့ရတတ်သည်။ ကျောက်တုံးနှင့်တူသဖြင့် ကျောက်တုံးများနှင့်ရောနေလျှင် မြင်ရန်အလွန်ခက်ပြီး ကိုယ်ပျောက်သလိုဖြစ်နေတတ်သည်။ ရေတိမ်ပိုင်း ၊ သန္တာကျောက်တွေကြား ၊ ရွံ့တောတွေထဲ နှင့်ပင်လယ်ကမ်းစပ်ကျောက်ဆောင်များအကြားတွင် နေထိုင်လေ့ရှိသည်။ အဆိပ်ပြင်းသော ဆူးတောင်များပါရှိပြီး ဆူးတောင်နှင့် ထိုးမိလျှင် အသက်အန္တရာယ်ရှိပြီး ချက်ချင်းဆေးကုသခြင်း မပြုလုပ်မိပါက သေဆုံးတတ်သည်။

The Red Back Spider

ဩစတြေးလျှတွင် လူသတ်ပင့်ကူအဖြစ် နာမည်ကြီးပြီး နေရာမရွေးတွေ့ရတတ်သည်။ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်ပြီး ခန္ဓာကိုယ်အနောက်ပိုင်းတွင် အနီရောင်အကျားလေးပါရှိသည်။ အိမ် ၊ ပန်းခြံ ၊ သစ်တော အစရှိသည့်နေရာတိုင်းတွေ့ရတတ်ပြီး နှစ်စဉ် လူပေါင်း ထောင်နှင့်ချီ၍ အကိုက်ခံရလေ့ရှိသည်။ Redback Spider အကိုက် ခံရလျှင် နာကျင်ခြင်း၊ နှလုံးခုန်မြန်စေခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ဖြေဆေးပေးကုသခြင်းမပြုလုပ်ပါက သေစေနိုင်သည်အထိ အဆိပ်ပြင်းထန်သည်။

Brown Snake

အဆိပ်ပြင်းမြွေတစ်မျိုးဖြစ်ပြီး ၂မီတာခန့်ရှည်တတ်သည်။ လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး၊ အဆိပ်မရှိတဲ့ မြွေမျိုးနဲ့ မှားယွင်းတတ်လေ့ရှိသည်။ လူနဲ့ တိရစ္ဆာန်တွေကို ရန်လိုတိုက်ခိုက်တတ်ပြီး အလွန်စိတ်ဆိုးလွယ်တဲ့ မြွေမျိုးဖြစ်သည်။ အဆိပ်ပြင်းထန်ပြီး ချက်ချင်းမကုသနိုင်လျှင် နာရီအနည်းငယ်အတွင်း သေဆုံးတတ်သည်။

Tiger Snake

ရှားပါးမြွေတစ်မျိုးဖြစ်ပြီး တိုက်၏တောင်ပိုင်းတွင် အဆိပ်အပြင်းထန်ဆုံးမြွေမျိုးဖြစ်သည်။ ရှားပါးသလောက် အလွန်အန္တရာယ်ရှိတတ်ပြီး အရှည် ၆ပေခန့်ရှိတတ်သည်။ Tiger Snake ဆိုသည့် အတိုင်း ခေါင်းပြားပြားနဲ့ အဝါအနက် အစင်းတွေကို ပိုင်ဆိုင်ထားသည်။ ပုံမှန်အားဖြင့် ရန်မလိုပဲ အေးအေးဆေးဆေးနေတတ်တဲ့ မြွေမျိုးဖြစ်ပြီး တကယ်တိုက်ခိုက်လာလျှင်တော့ အပြင်းအထန်တိုက်ခိုက်လေ့ရှိသည်။ အလွန်အဆိပ်ပြင်းထန်ပြီး မိနစ်(၃၀)အတွင်း လူကို သေစေနိုင်သည်အစွမ်းရှိသည်။

Great White Shark

သူ့ကို great white, white pointer, white shark, white death စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာအားလုံးတွင်တွေ့ရလေ့ရှိပြီး အရွယ်အစားအလွန်ကြီးမားသည်။ အလွန်လျှင်မြန်သောငါးမန်းအမျိုးအစားဖြစ်ပြီး တစ်နာရီကို ၂၄ကီလိုမီတာခန့်ကူးခတ်နိုင်သည်။ ပျမ်းမျှအားဖြင့် ၁၅ပေခန့်ရှိတတ်ပြီး သက်တမ်းမှာ နှစ်၇၀ ဖြစ်သည်။ ကမ်းခြေများတွင် တခါတရံပေါ်လာတတ်ကာ လူများအား ဒုက္ခပေးတတ်သည်။

SYDNEY Funnel Web Spider

ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးပင့်ကူဖြစ်သည်။ မီးခိုးခေါင်းတိုင်ကဲ့သို့ အရောင်ရှိပြီး အဆိပ်ရှိသည့်ပင့်ကူအမျိုးအစားဖြစ်သည်။ ထိုပင့်ကူ၏ အစွယ်သည် အဆိပ်ရှိပြီး ၆မီလီမီတာခန့် ရှည်ကာ အပ်လိုပင် အခေါင်းပေါက်လေးရှိသဖြင့် လူ၏အသားအရေကို အလွယ်တကူထိုးဖောက်နိုင်ကိုက်ခဲနိုင်ခြင်းဖြစ်သည်။ ထိုပင့်ကူကြောင့် ဩစတြေးလျှတွင် ၁၉၂၇ခုနှစ် မှ ၁၉၈၁ခုနှစ် – အထိ လူ ၁၃ ယောက်သေခဲ့ပါသည် ။ ၁၉၈၁နောက်ပိုင်းတွင် အဆိပ်ဖြေဆေးပေါ်လာပြီးနောက် အသက်ဆုံးရှုံးမှုများ မရှိတော့ပါ။ သို့သော် အလွယ်တကူ အန္တရာယ်အပေးနိုင်ဆုံး တိရစ္ဆာန်အဖြစ်သတ်မှတ်ထားဆဲဖြစ်သည်။ ဩစတြေးလျှအရှေ့ဘက်ပိုင်း နယူးဆောက်ဝေးပြည်နယ် ၊ ဗစ်တိုးရီးယား နှင့် ကွင်းစလန်ပြည်နယ်များတွင် တွေ့ရတတ်သည်။

Leave a Reply