အေက်ာ္ၾကားဆုံးရုပေဗဒ ပညာရွင္ႀကီး စတီဖင္ေဟာ့ကင္း ကြယ္လြန္

Posted on

တစ္ကုိယ္လုံးနီးပါး မလႈပ္မရွားႏုိင္ဘ၀မွ ရူပေဗဒအေတြးအေခၚမ်ားျဖင့္ ကမာၻကုိ ကုိင္လႈပ္ခဲ့သည့္ လက္ရွိအခ်ိန္တြင္ အေက်ာ္ၾကားဆုံး ရုပေဗဒပညာရွင္ႀကီးျဖစ္သူ စတီဖင္ေဟာ့ကင္းသည္ ယေန႔(၁၄ မတ္ ၂၀၁၈) ကြယ္လြန္သြားခဲ့ၿပီျဖစ္သည္။ ကြယ္လြန္ခ်ိန္တြင္ သူ၏ အသက္မွာ ၇၆ႏွစ္ ရွိၿပီျဖစ္သည္။

စတီဖင္ ဝီလီယံ ေဟာ့ကင္း ( ၈ ဇန္နဝါရီ ၁၉၄၂ – ၁၄ မတ္ ၂၀၁၈) သည္ သီအိုရီ ႐ူပေဗဒပညာရွင္၊ နကၡတၱေဗဒပညာရွင္တစ္ေယာက္ျဖစ္သည္။ သူသည္ ကြမ္တမ္ မကၠင္းနစ္ႏွင့္သက္ဆိုင္ေသာ လုပ္ငန္းမ်ားစြာအား ေထာက္ပံ့ေပးသူလည္း ျဖစ္သည္။ ေမာ္တာတပ္ဆင္ထားသည့္ ဘီးတပ္ကုလားထိုင္ကေလးသည္ ကိန္းဘရစ္တကၠသိုလ္တြင္ အထင္ရွားဆုံး ယာဥ္ကေလးျဖစ္သည္။ ဘီးတပ္ကုလားထိုင္ကေလးက အထင္ရွားဆုံးႏိုင္ငံသားကို တင္ေဆာင္ၿပီး၊ လူျပည့္က်ပ္ေနသည့္ ကင္းစ္ပရိတ္လမ္းအတိုင္း ေျပးလာခ်ိန္တြင္ အေမွာင္ထုက အဂၤလန္ႏိုင္ငံ ကိန္းဘရစ္ၿမိဳ႕ေပၚသို႔ လႊမ္းၿခဳံခဲ့ၿပီျဖစ္သည္။ ဘီးတပ္ကုလားထိုင္ေပၚတြင္ ပါလာသူမွာ၊ သူ၏ မ်က္ႏွာမွ ႂကြက္သားမ်ားႏွင့္ ဘယ္ဘက္လက္ေပၚမွ လက္ႏွစ္ေခ်ာင္းကိုသာ လႈပ္ရွားႏိုင္သည္။ အဝတ္အစားကို ကိုယ္တိုင္ဝတ္ဆင္၍ မရ။ ဘီးတပ္ကုလားထိုင္တြင္ ခ်ိတ္ဆက္ထားသည့္ ကြန္ပ်ဴတာခလုတ္ခုံ တစ္ခုကို ပင္ပန္းႀကီးစြာ ႐ိုက္ႏွိပ္ၿပီး အလုပ္လုပ္ေစသည့္ အသံေဖာ္စက္မွ တဆင့္သာလၽွင္ အျခားသူမ်ားႏွင့္ ေျပာဆိုဆက္သြယ္၍ ရသည္။

ေရာဂါဘယက သည္ပုဂၢိဳလ္အား သူ၏ ႐ုပ္ခႏၶာတြင္ အက်ဥ္းက်ေနေအာင္ ဖန္တီးထားသည္။ သို႔ေသာ္လည္း သူ၏ သတၱိႏွင့္ သူ၏ ဟာသစကားမ်ားကိုေတာ့ အေကာင္းပကတိ ခ်န္ထားရစ္သည္။ သူ၏ အသိဉာဏ္က လြတ္လပ္စြာ လွည့္လည္ က်က္စားႏိုင္ေအာင္ ဖန္တီးေပးသည္။ သူ၏ အသိဉာဏ္က တကယ္လည္း လြတ္လပ္စြာ လွည့္လည္က်က္စားသည္။ အနတၱမွ အနႏၲသို႔ လည္းေကာင္း၊ အက္တမ္ထက္ငယ္သည့္ ကမၻာေလာကမွေန၍ စႀကၤာဝဠာ၏ ဟိုမွာဘက္ကမ္းသို႔ လည္းေကာင္း လွည့္လည္က်က္စားသည္။ ဘီးတပ္ကုလားထိုင္ထဲမွ ပုဂၢိဳလ္မွာ ကမၻာေပၚတြင္ အထူးခၽြန္ဆုံး ႐ူပေဗဒပညာရွင္တဦး ျဖစ္သည့္ စတီဖင္ေဟာ့ကင္း ပင္ျဖစ္သည္။

ဇီဝေဗဒပညာရွင္တစ္ဦးျဖစ္သူ သူ၏ ဖခင္ႀကီးက ေဆးပညာ ဆည္းပူးရန္ တိုက္တြန္းသည္ကို ျငင္းဆန္ၿပီး၊ စတီဖင္ေဟာ့ကင္းသည္ သခ်ၤာႏွင့္ သီအိုရီဆန္သည့္ ႐ူပေဗဒပညာတို႔ကို အာ႐ုံစူးစိုက္ ေလ့လာသည္။ ပထမ ေအာက္စဖို႔ဒ္၊ ထို႔ေနာက္ ကိန္းဘရစ္ တကၠသိုလ္တြင္ ျဖစ္သည္။ သို႔ေသာ္လည္း အသက္ ၂၁ ႏွစ္ အ႐ြယ္တြင္ လူဂီးရစ္ေရာဂါ ဟု သိထားၾကသည့္ ေရာဂါလကၡဏာမ်ား သူ႕တြင္ ျပသလာသည္။ သည္ေရာဂါမ်ိဳးက လူကို မလြဲမေသ သြက္ခ်ာပါဒ ေဝဒနာ ခံစားရေစၿပီး၊ အလုပ္အမ်ားစုကို လုပ္ကိုင္၍ မရေအာင္ ဖန္တီးလိမ့္မည္။ သီအိုရီဆန္သည့္ ႐ႈပေဗဒပညာရွင္ တစ္ဦးအတြက္ ကိရိယာ၊ တစ္ရပ္သာ လိုအပ္ျခင္းကေတာ့ ကံေကာင္းသည္ဟု ဆိုရမည္။ စိတ္ဆိုသည့္ ကိရိယာပင္ ျဖစ္သည္။ ေဟာ့ကင္းသည္ ယင္းကိရိယာကို အလြန္ကၽြမ္းက်င္ပိုင္ႏိုင္စြာ အသုံးခ်သည္။ ဘြဲ႕ယူမည့္ ေက်ာင္းသားဘဝတြင္ ရွိေနေသးစဥ္၊ “ တြင္းနက္ႀကီး ” မ်ားကို သူ စိတ္ဝင္စားလာခဲ့သည္။

တြင္းနက္ႀကီးမ်ားဆိုသည္မွာ ၾကယ္တာရာမ်ား ေသပြဲဝင္ေနသည့္ ကာလအတြင္း ဖန္တီးျခင္းခံရသည့္ အလြန္ ထူးဆန္းသည့္အရာမ်ား ျဖစ္ၾကသည္။ သူသည္ သခ်ၤာပညာရွင္ ေရာဂ်ာပင္း႐ို႕စ္ႏွင့္ အတူတြဲကာ တြင္းနက္ႀကီးမ်ား၏ အလယ္ဗဟိုတြင္ တစ္ခုႏွင့္တစ္ခု လြန္စြာကြဲျပားသည့္ အရာမ်ားရွိေနေၾကာင္း သခ်ၤာနည္းအရသက္ေသျပရန္ နည္းစနစ္သစ္ တစ္ရပ္ကို တီထြင္ခဲ့သည္။ သူ ရည္ၫႊန္းသည့္ အရာမ်ားမွာ တြန္းလွန္၍ မရေလာက္သည့္ ျဒပ္ဆြဲအားမ်ား ရွိေနသည့္ အလြန္႔အလြန္ သိပ္သည္းၿပီး အတိုင္းအတာ မရွိသည့္ အရာမ်ား ျဖစ္ၾကသည္။ စႀကၤာဠာတခုလုံးသည္ တခုတည္းေသာ ထူးျခားသည့္အရာမွ ျဖန္႔ၾကက္ထြက္လာျခင္း ျဖစ္ႏိုင္ပုံကိုလည္း သူက ဆက္လက္ တြက္ခ်က္ျပခဲ့သည္။ စၾကာဝဠာကို ေမြးဖြားေပးသည့္ မဟာေပါက္ကြဲမႈႀကီးသည္ တြင္းနက္ငယ္မ်ားကို ဖန္တီးေပးခဲ့ပုံရေၾကာင္း၊ တြင္းနက္ငယ္ တစ္ခုစီသည္ ပ႐ိုတြန္၏ အ႐ြယ္အစားသာ ရွိေသာ္လည္း၊ ျဒပ္ထုမွာမူ ေတာင္တစ္လုံးမၽွ ႀကီးမား ႏိုင္ေၾကာင္း ေနာက္ပိုင္းတြင္ သူက အခိုင္အမာ ေျပာၾကားခဲ့သည္။ ေရာဂါဘယမ်ားၾကားမွပင္ အသက္ ၂၄ႏွစ္အရြယ္တြင္ ပါရဂူဘြဲ႔ကုိ ရယူႏုိင္ခဲ့သည္။

ထို႔ေနာက္တြင္ “ တြင္းနက္ႀကီးမ်ားမွ ေန၍ မည္သည့္အရာမွ မလြတ္ေျမာက္ႏိုင္၊ အလင္းသည္ပင္လၽွင္ တြင္းနက္ႀကီးမ်ားမွ မလြတ္ေျမာက္ႏိုင္ ” ဟူသည့္ တစ္ကမၻာလုံး လက္သင့္ခံထားသည့္ ယုံၾကည္ခ်က္ကို ပယ္ေဖ်ာက္သည့္ အေနျဖင့္ ေဟာ့ကင္းက တြင္းနက္ငယ္ကေလးမ်ား (ပို၍ ႀကီးသည္မ်ားလည္း ပါဝင္သည္) သည္ ျဖာထြက္ေရာင္ျခည္မ်ား ထုတ္လႊင့္ၾကသည္ဟု ေစာဒက တက္ခဲ့သည္။ တျဖည္းျဖည္းႏွင့္ ေနာက္ဆုံးတြင္ ေဟာ့ကင္း၏အဆို မွန္ကန္သည္ဟု အျခားသိပၸံပညာရွင္မ်ား ဝန္ခံခဲ့ၾကရသည္။ တြင္းနက္ႀကီးမ်ားမွ ေရာင္ျခည္ထုတ္လႊင့္မႈမ်ားကိုလည္း ေဟာ့ကင္း ျဖာထြက္ေရာင္ျခည္ (Hawking Radiation) ဟု သိလာၾကသည္။

ေဟာ့ကင္းသည္ သူ၏ ဒုကၡိတဘဝအေပၚ အာ႐ုံႏွစ္ထားျခင္း မရွိပါ။ သူ၏ အသံေဖာ္စက္မွ တဆင့္ စကားလုံးနည္းနည္းျဖင့္ ရွင္းလင္းေအာင္ ေျပာၾကားသည့္ မွတ္ခ်က္မ်ားတြင္ ဟာသမ်ား ေႏွာေနတတ္သည္။ သို႔ေသာ္လည္း သူသည္ ေခါင္းလည္း မာတတ္သည္၊ ႐ိုင္းပ်တတ္သည္၊ ေဒါသျဖစ္ လြယ္တတ္သည္။ သူ၏ ဇနီး ဂ်ိန္းသာ မရွိပါက သူ၏ အလုပ္အကိုင္ ဘယ္ေတာ့မွ တစ္ရွိန္ထိုး ေအာင္ျမင္ မလာႏိုင္ပါဟု ေဟာ့ကင္းက အေလးအနက္ ေျပာဆိုတတ္သည္။ လူဂီးရစ္ေရာဂါ ရွိ မရွိ သူ ေဆးစစ္ခံၿပီး၍ မ်ားမၾကာမီ၊ ေရာဂါဆိုး႐ြားၿပီး တိုးတက္ႀကီးထြားလာတတ္သည့္ သေဘာသဘာဝကို သတိထားမိေသာ ဂ်ိန္းက သူ႕အားလက္ထပ္ခဲ့သည္။

သို႔ျဖင့္ ေဟာ့ကင္းမွာ ေမၽွာ္လင့္ခ်က္မ်ား ရရွိလာၿပီး၊ သူ၏ ေလ့လာဆည္းပူးမႈမ်ား ဆက္လက္ျပဳလုပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ အိမ္ေထာင္က်ၿပီးစ ေစာေစာပိုင္း ကာလတြင္ သားသမီးသုံးေယာက္ ထြန္းကားခဲ့သည္။ ေဟာ့ကင္း၏ ေျခလက္အဂၤါမ်ား ပို၍ပို၍ မလႈပ္ႏိုင္ မရွားႏိုင္ ျဖစ္လာသည့္အခါ၊ ဂ်ိန္းက သူ၏ လိုအပ္ခ်က္မွန္သမၽွ ျဖည့္ဆည္းရန္ ဝတ္ႀကီးဝတ္ငယ္ ျပဳခဲ့သည္။ သူတို႔၏ ၂၅ ႏွစ္တာ အိမ္ေထာင္သက္ကို ၁၉၉၀ ျပည့္ႏွစ္တြင္ ေဟာ့ကင္း ဆိုင္းမဆင့္ ဗုံမဆင့္ ျဖတ္ေဆာက္လိုက္သည့္ အခါတြင္ေတာ့ သူ၏ မိတ္ေဆြအေပါင္းအသင္းမ်ား တုန္လႈပ္သြားခဲ့ၾကရသည္။ သူသည္ ၁၉၉၅ ခုႏွစ္တြင္ ယခင္က သူ႕အား ျပဳစုခဲ့သည့္ သူနာျပဳဆရာမတဦးကို လက္ထပ္ခဲ့သည္။

သူ၏ ၁၉၉၈ အေရာင္းအသြက္ဆုံးစာအုပ္ ျဖစ္သည့္ အခ်ိန္၏သမိုင္း အက်ဥ္း အမည္ရွိ စာအုပ္ျဖင့္ ေဟာ့ကင္းသည္ ကမၻာတြင္ လူသိအမ်ားဆုံး သိပၸံပညာရွင္ ျဖစ္လာခဲ့ပုံ ရသည္။ မယုံႏိုင္ေလာက္သည့္ အေရးအသားမ်ိဳးမ်ား ပါရွိသည့္ ႐ူပေဗဒပညာရပ္ဆိုင္ရာ စာအုပ္ထူႀကီး တစ္အုပ္ကို အဘယ္ေၾကာင့္ အေျပးအလႊားဝယ္ယူေနၾကပါ သလဲဟု ေမးစရာ ရွိသည္။ ဟာသေႏွာ၍ ေျပာတတ္သည့္ ေဟာ့ကင္းကေတာ့ သည္လို ေျဖၾကားခဲ့သည္။
“ဒုကၡိတျဖစ္ေနတဲ့ ပါရမီရွင္တစ္ဦးရဲ႕ အေတြးအေခၚကို ဘယ္သူမွ လြန္ဆန္လို႔ မရပါဘူးဗ်ာ”
ေဟာ့ကင္း၏ အထၳဳပတၱိကုိ ဒါရုိက္တာ James Marsh က ၂၀၁၄ခုႏွစ္တြင္ The Theory of Everything အမည္ျဖင့္ ဇာတ္ကားရုိက္ကူးခဲ့သည္။ သူသည္ တစ္ကုိယ္လုံးမလႈပ္ႏုိင္သည့္ၾကားမွပင္ သိပၸံပညာရပ္ဆုိင္ရာ စာအုပ္ ၁၅အုပ္ကုိ ေရးသားခဲ့သည့္ အာဂ ရုပေဗဒပညာရွင္ႀကီးျဖစ္သည္။

၂၀၁၈ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔တြင္ ေဟာ့ကင္းသည္ ကိန္းဘရစ္ခ္်ရွိ သူ၏ ေနအိမ္တြင္ ကြယ္လြန္ခဲ့ေၾကာင္း မိသားစု ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။ သူ၏ သားသမီးမ်ားက ဝမ္းနည္းေၾကာင္း ထုတ္ျပန္ခ်က္တစ္ရပ္ကို ထုတ္ျပန္ခဲ့ၾကသည္။

Stephen Hawking dies aged 76
၂၀ ရာစု အႀကီးက်ယ္ဆုံး ပုဂၢိဳလ္မ်ား
Myanmar Wikipedia


အကျော်ကြားဆုံးရုပဗေဒ ပညာရှင်ကြီး စတီဖင်ဟော့ကင်း ကွယ်လွန် (unicode)

တစ်ကိုယ်လုံးနီးပါး မလှုပ်မရှားနိုင်ဘဝမှ ရူပဗေဒအတွေးအခေါ်များဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် လက်ရှိအချိန်တွင် အကျော်ကြားဆုံး ရုပဗေဒပညာရှင်ကြီးဖြစ်သူ စတီဖင်ဟော့ကင်းသည် ယနေ့(၁၄ မတ် ၂၀၁၈) ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် သူ၏ အသက်မှာ ၇၆နှစ် ရှိပြီဖြစ်သည်။

စတီဖင် ဝီလီယံ ဟော့ကင်း ( ၈ ဇန်နဝါရီ ၁၉၄၂ – ၁၄ မတ် ၂၀၁၈) သည် သီအိုရီ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် ကွမ်တမ် မက္ကင်းနစ်နှင့်သက်ဆိုင်သော လုပ်ငန်းများစွာအား ထောက်ပံ့ပေးသူလည်း ဖြစ်သည်။ မော်တာတပ်ဆင်ထားသည့် ဘီးတပ်ကုလားထိုင်ကလေးသည် ကိန်းဘရစ်တက္ကသိုလ်တွင် အထင်ရှားဆုံး ယာဉ်ကလေးဖြစ်သည်။ ဘီးတပ်ကုလားထိုင်ကလေးက အထင်ရှားဆုံးနိုင်ငံသားကို တင်ဆောင်ပြီး၊ လူပြည့်ကျပ်နေသည့် ကင်းစ်ပရိတ်လမ်းအတိုင်း ပြေးလာချိန်တွင် အမှောင်ထုက အင်္ဂလန်နိုင်ငံ ကိန်းဘရစ်မြို့ပေါ်သို့ လွှမ်းခြုံခဲ့ပြီဖြစ်သည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ပါလာသူမှာ၊ သူ၏ မျက်နှာမှ ကြွက်သားများနှင့် ဘယ်ဘက်လက်ပေါ်မှ လက်နှစ်ချောင်းကိုသာ လှုပ်ရှားနိုင်သည်။ အဝတ်အစားကို ကိုယ်တိုင်ဝတ်ဆင်၍ မရ။ ဘီးတပ်ကုလားထိုင်တွင် ချိတ်ဆက်ထားသည့် ကွန်ပျူတာခလုတ်ခုံ တစ်ခုကို ပင်ပန်းကြီးစွာ ရိုက်နှိပ်ပြီး အလုပ်လုပ်စေသည့် အသံဖော်စက်မှ တဆင့်သာလျှင် အခြားသူများနှင့် ပြောဆိုဆက်သွယ်၍ ရသည်။

ရောဂါဘယက သည်ပုဂ္ဂိုလ်အား သူ၏ ရုပ်ခန္ဓာတွင် အကျဉ်းကျနေအောင် ဖန်တီးထားသည်။ သို့သော်လည်း သူ၏ သတ္တိနှင့် သူ၏ ဟာသစကားများကိုတော့ အကောင်းပကတိ ချန်ထားရစ်သည်။ သူ၏ အသိဉာဏ်က လွတ်လပ်စွာ လှည့်လည် ကျက်စားနိုင်အောင် ဖန်တီးပေးသည်။ သူ၏ အသိဉာဏ်က တကယ်လည်း လွတ်လပ်စွာ လှည့်လည်ကျက်စားသည်။ အနတ္တမှ အနန္တသို့ လည်းကောင်း၊ အက်တမ်ထက်ငယ်သည့် ကမ္ဘာလောကမှနေ၍ စင်္ကြာဝဠာ၏ ဟိုမှာဘက်ကမ်းသို့ လည်းကောင်း လှည့်လည်ကျက်စားသည်။ ဘီးတပ်ကုလားထိုင်ထဲမှ ပုဂ္ဂိုလ်မှာ ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး ရူပဗေဒပညာရှင်တဦး ဖြစ်သည့် စတီဖင်ဟော့ကင်း ပင်ဖြစ်သည်။

ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ သူ၏ ဖခင်ကြီးက ဆေးပညာ ဆည်းပူးရန် တိုက်တွန်းသည်ကို ငြင်းဆန်ပြီး၊ စတီဖင်ဟော့ကင်းသည် သင်္ချာနှင့် သီအိုရီဆန်သည့် ရူပဗေဒပညာတို့ကို အာရုံစူးစိုက် လေ့လာသည်။ ပထမ အောက်စဖို့ဒ်၊ ထို့နောက် ကိန်းဘရစ် တက္ကသိုလ်တွင် ဖြစ်သည်။ သို့သော်လည်း အသက် ၂၁ နှစ် အရွယ်တွင် လူဂီးရစ်ရောဂါ ဟု သိထားကြသည့် ရောဂါလက္ခဏာများ သူ့တွင် ပြသလာသည်။ သည်ရောဂါမျိုးက လူကို မလွဲမသေ သွက်ချာပါဒ ဝေဒနာ ခံစားရစေပြီး၊ အလုပ်အများစုကို လုပ်ကိုင်၍ မရအောင် ဖန်တီးလိမ့်မည်။ သီအိုရီဆန်သည့် ရှုပဗေဒပညာရှင် တစ်ဦးအတွက် ကိရိယာ၊ တစ်ရပ်သာ လိုအပ်ခြင်းကတော့ ကံကောင်းသည်ဟု ဆိုရမည်။ စိတ်ဆိုသည့် ကိရိယာပင် ဖြစ်သည်။ ဟော့ကင်းသည် ယင်းကိရိယာကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချသည်။ ဘွဲ့ယူမည့် ကျောင်းသားဘဝတွင် ရှိနေသေးစဉ်၊ “ တွင်းနက်ကြီး ” များကို သူ စိတ်ဝင်စားလာခဲ့သည်။

တွင်းနက်ကြီးများဆိုသည်မှာ ကြယ်တာရာများ သေပွဲဝင်နေသည့် ကာလအတွင်း ဖန်တီးခြင်းခံရသည့် အလွန် ထူးဆန်းသည့်အရာများ ဖြစ်ကြသည်။ သူသည် သင်္ချာပညာရှင် ရောဂျာပင်းရို့စ်နှင့် အတူတွဲကာ တွင်းနက်ကြီးများ၏ အလယ်ဗဟိုတွင် တစ်ခုနှင့်တစ်ခု လွန်စွာကွဲပြားသည့် အရာများရှိနေကြောင်း သင်္ချာနည်းအရသက်သေပြရန် နည်းစနစ်သစ် တစ်ရပ်ကို တီထွင်ခဲ့သည်။ သူ ရည်ညွှန်းသည့် အရာများမှာ တွန်းလှန်၍ မရလောက်သည့် ဒြပ်ဆွဲအားများ ရှိနေသည့် အလွန့်အလွန် သိပ်သည်းပြီး အတိုင်းအတာ မရှိသည့် အရာများ ဖြစ်ကြသည်။ စင်္ကြာဠာတခုလုံးသည် တခုတည်းသော ထူးခြားသည့်အရာမှ ဖြန့်ကြက်ထွက်လာခြင်း ဖြစ်နိုင်ပုံကိုလည်း သူက ဆက်လက် တွက်ချက်ပြခဲ့သည်။ စကြာဝဠာကို မွေးဖွားပေးသည့် မဟာပေါက်ကွဲမှုကြီးသည် တွင်းနက်ငယ်များကို ဖန်တီးပေးခဲ့ပုံရကြောင်း၊ တွင်းနက်ငယ် တစ်ခုစီသည် ပရိုတွန်၏ အရွယ်အစားသာ ရှိသော်လည်း၊ ဒြပ်ထုမှာမူ တောင်တစ်လုံးမျှ ကြီးမား နိုင်ကြောင်း နောက်ပိုင်းတွင် သူက အခိုင်အမာ ပြောကြားခဲ့သည်။ ရောဂါဘယများကြားမှပင် အသက် ၂၄နှစ်အရွယ်တွင် ပါရဂူဘွဲ့ကို ရယူနိုင်ခဲ့သည်။

ထို့နောက်တွင် “ တွင်းနက်ကြီးများမှ နေ၍ မည်သည့်အရာမှ မလွတ်မြောက်နိုင်၊ အလင်းသည်ပင်လျှင် တွင်းနက်ကြီးများမှ မလွတ်မြောက်နိုင် ” ဟူသည့် တစ်ကမ္ဘာလုံး လက်သင့်ခံထားသည့် ယုံကြည်ချက်ကို ပယ်ဖျောက်သည့် အနေဖြင့် ဟော့ကင်းက တွင်းနက်ငယ်ကလေးများ (ပို၍ ကြီးသည်များလည်း ပါဝင်သည်) သည် ဖြာထွက်ရောင်ခြည်များ ထုတ်လွှင့်ကြသည်ဟု စောဒက တက်ခဲ့သည်။ တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ဟော့ကင်း၏အဆို မှန်ကန်သည်ဟု အခြားသိပ္ပံပညာရှင်များ ဝန်ခံခဲ့ကြရသည်။ တွင်းနက်ကြီးများမှ ရောင်ခြည်ထုတ်လွှင့်မှုများကိုလည်း ဟော့ကင်း ဖြာထွက်ရောင်ခြည် (Hawking Radiation) ဟု သိလာကြသည်။

ဟော့ကင်းသည် သူ၏ ဒုက္ခိတဘဝအပေါ် အာရုံနှစ်ထားခြင်း မရှိပါ။ သူ၏ အသံဖော်စက်မှ တဆင့် စကားလုံးနည်းနည်းဖြင့် ရှင်းလင်းအောင် ပြောကြားသည့် မှတ်ချက်များတွင် ဟာသများ နှောနေတတ်သည်။ သို့သော်လည်း သူသည် ခေါင်းလည်း မာတတ်သည်၊ ရိုင်းပျတတ်သည်၊ ဒေါသဖြစ် လွယ်တတ်သည်။ သူ၏ ဇနီး ဂျိန်းသာ မရှိပါက သူ၏ အလုပ်အကိုင် ဘယ်တော့မှ တစ်ရှိန်ထိုး အောင်မြင် မလာနိုင်ပါဟု ဟော့ကင်းက အလေးအနက် ပြောဆိုတတ်သည်။ လူဂီးရစ်ရောဂါ ရှိ မရှိ သူ ဆေးစစ်ခံပြီး၍ များမကြာမီ၊ ရောဂါဆိုးရွားပြီး တိုးတက်ကြီးထွားလာတတ်သည့် သဘောသဘာဝကို သတိထားမိသော ဂျိန်းက သူ့အားလက်ထပ်ခဲ့သည်။

သို့ဖြင့် ဟော့ကင်းမှာ မျှော်လင့်ချက်များ ရရှိလာပြီး၊ သူ၏ လေ့လာဆည်းပူးမှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးစ စောစောပိုင်း ကာလတွင် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဟော့ကင်း၏ ခြေလက်အင်္ဂါများ ပို၍ပို၍ မလှုပ်နိုင် မရှားနိုင် ဖြစ်လာသည့်အခါ၊ ဂျိန်းက သူ၏ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းရန် ဝတ်ကြီးဝတ်ငယ် ပြုခဲ့သည်။ သူတို့၏ ၂၅ နှစ်တာ အိမ်ထောင်သက်ကို ၁၉၉၀ ပြည့်နှစ်တွင် ဟော့ကင်း ဆိုင်းမဆင့် ဗုံမဆင့် ဖြတ်ဆောက်လိုက်သည့် အခါတွင်တော့ သူ၏ မိတ်ဆွေအပေါင်းအသင်းများ တုန်လှုပ်သွားခဲ့ကြရသည်။ သူသည် ၁၉၉၅ ခုနှစ်တွင် ယခင်က သူ့အား ပြုစုခဲ့သည့် သူနာပြုဆရာမတဦးကို လက်ထပ်ခဲ့သည်။

သူ၏ ၁၉၉၈ အရောင်းအသွက်ဆုံးစာအုပ် ဖြစ်သည့် အချိန်၏သမိုင်း အကျဉ်း အမည်ရှိ စာအုပ်ဖြင့် ဟော့ကင်းသည် ကမ္ဘာတွင် လူသိအများဆုံး သိပ္ပံပညာရှင် ဖြစ်လာခဲ့ပုံ ရသည်။ မယုံနိုင်လောက်သည့် အရေးအသားမျိုးများ ပါရှိသည့် ရူပဗေဒပညာရပ်ဆိုင်ရာ စာအုပ်ထူကြီး တစ်အုပ်ကို အဘယ်ကြောင့် အပြေးအလွှားဝယ်ယူနေကြပါ သလဲဟု မေးစရာ ရှိသည်။ ဟာသနှော၍ ပြောတတ်သည့် ဟော့ကင်းကတော့ သည်လို ဖြေကြားခဲ့သည်။
“ဒုက္ခိတဖြစ်နေတဲ့ ပါရမီရှင်တစ်ဦးရဲ့ အတွေးအခေါ်ကို ဘယ်သူမှ လွန်ဆန်လို့ မရပါဘူးဗျာ”
ဟော့ကင်း၏ အထ္ထုပတ္တိကို ဒါရိုက်တာ James Marsh က ၂၀၁၄ခုနှစ်တွင် The Theory of Everything အမည်ဖြင့် ဇာတ်ကားရိုက်ကူးခဲ့သည်။ သူသည် တစ်ကိုယ်လုံးမလှုပ်နိုင်သည့်ကြားမှပင် သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် ၁၅အုပ်ကို ရေးသားခဲ့သည့် အာဂ ရုပဗေဒပညာရှင်ကြီးဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဟော့ကင်းသည် ကိန်းဘရစ်ခ်ျရှိ သူ၏ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သူ၏ သားသမီးများက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြသည်။

Stephen Hawking dies aged 76
၂၀ ရာစု အကြီးကျယ်ဆုံး ပုဂ္ဂိုလ်များ
Myanmar Wikipedia

Leave a Reply