ဗာရာဏသီ ေရွးေဟာင္းၿမဳိ႕ေတာ္အေၾကာင္း

Posted on

ေရးသားသူ – Htet Wa Na

ျပည္မသိ ဗာရာဏသီ၊ မင္းမသိ ျဗဟၼဒတ္ လုိ႔ ဆုိၾကတဲ့ ဗာရာဏသီ ဆုိတဲ့ နာမည္ကုိေတာ့ စာေတြထဲမွာ မၾကာခဏ ျမင္ဖူးၾကမွာပါ။ဒီနာမည္နဲ႔ ပတ္သက္ျပီး ကြ်န္ေတာ္တို႔ကေလးဘဝအရြယ္မွာ မ်ားစြာၾကားခဲ့ဖူးၾကတယ္။ ဥပမာ -” ဟိုးေရွးေရွးတုန္းက “ဆိုတဲ့စကားခ်ီရဲ႕ေနာက္ဆက္တြဲတိုင္းျပည္နာမည္ ၊ ပံုျပင္ ၊ ဗုဒၶဘာသာဆိုင္ရာဇာတ္ေတာ္အမ်ားအျပားမွာ ဗာရာဏသီဟာ အထင္ကရတိုင္းျပည္တစ္ခု ျဖစ္ခဲ့ျပီး တကယ္တမ္းရွိမွန္းေတာင္ေဝဝါးခဲ့ရတဲ့အထိ ပံုျပင္အမ်ားအျပားမွာအသံုးျပဳခဲ့ျကပါတယ္။

ဗာရာဏသီဟာ တကယ္ရွိခဲ့ ထင္ရွားခဲ့တဲ့ၿမဳိ႕ႀကီးတစ္ခုျဖစ္ျပီး ကမၻာ့ေရွးအက်ဆံုးၿမဳိ႕ႀကီး ေတြထဲမွာ တစ္ၿမဳိ႕အပါအ၀င္ျဖစ္သလို ဗုဒၶဘာသာဆိုင္ရာ အေဆာက္အဦး ႏုပညာလက္ရာ အမ်ားအျပားရွိခဲ့ရာ ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ဘီစီ ၁၈၀၀ (လြန္ခဲ့ေသာႏွစ္ေပါင္း ၄၀၀၀နီးပါး) က ဒီၿမဳိ႕ႀကီးဟာ စတင္ေပၚေပါက္ခဲ့ျပီး ေနာက္ ၁ရာစုေလာက္မွာေတာ့ ဗာရာဏသီတိုင္းျပည္ဟာ ထုိေခတ္အခါက တိုင္းျပည္တစ္ခုသဖြယ္ က်က်နနဖြံ ့ျဖိဳးမူမ်ားစြာနဲ့ တည္ရွိလာခဲ့ေၾကာင္း စာေပအေထာက္အထားမ်ားမွာေဖာ္ျပခဲ့ပါတယ္။

ဗာရာဏသီၿမဳိ႕ဟာ အိႏိၵယနိုင္ငံ ေျမာက္ဖက္ Uttar Pradesh ျပည္နယ္မွာတည္ရွိျပီး စီးပြားေရးအရေရာ တိုးတက္မူအရပါ အခ်က္အခ်ာက်တဲ့ ဗုဒၶဘုရားေျခခ်ခဲ့ရာ ဂဂၤါျမစ္ေဘးမွာတည္ရွိပါတယ္။ ဧဟိဘိကၡဳ လို ့ေခၚတဲ့ ေဂါတမဘုရားရွင္ သာသနာမွာ (အတိအက်အရ) ရဟန္းေပါင္း၂၈၆၄၁ပါး ေပၚထြက္ခဲ့ပါတယ္။ ထိုရဟန္းမ်ားအနက္ အေစာဆံုးရဟန္းတခိ်ဳ ့ဟာ ဒီဗာရာဏသီကလို႔လည္းေလ့လာရပါတယ္။ ၃၂ စတုရန္းမုိင္ေလာက္ႀကီးမားက်ယ္၀န္းတဲ့ ဒီၿမဳိ႕ဟာ တခတ္တခါက အိႏၵိယရဲ့အထင္ကရၿမဳိ႕ေတာ္ႀကီးျဖစ္ခဲ့သလို လူေနထူထပ္တၿမဳိ႕ႀကီးတၿမဳိ႕လည္းျဖစ္ခဲ့ပါတယ္။ ဘုရားရွင္လက္ထက္ ကာသိတိုင္းရဲ့ ျမိဳ့ေတာ္ျဖစ္သလို အာရွရဲ႕ လက္မႈပညာ ကုန္သြယ္ေရးပညာ ဝိဇၨာပညာတို ့ရဲ့ အေျခခံစတင္ရာ ၿမဳိ႕ႀကီးလို႔ စာေပေတြမွာ ေထာက္ျပထားခဲ့သလို တကယ္လည္း ဒီတိုင္းျပည္ရဲ႕ အေမြအႏွစ္ေတြဟာ ေရွးက်မူမ်ားစြာအရင္းတည္ထားပါတယ္။

Benares, Banaras လို႔လည္းေခၚၾကသလို Ancient Industrial Centre of Indai လို႔တင္စားခဲ့ၾကသလို ဒီၿမဳိ႕ကထြက္တဲ့ အထည္ ေက်ာက္ဆစ္ရုပ္ ေရေမႊး နဲ႔ အနုပညာဆိုင္ရာလက္မူပစၥည္းအမ်ားအျပားဟာ လြန္ခဲ့ေသာႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက ကမၻာအႏွံ႔မွာ နာမည္ႀကီးခဲ့ပါတယ္။ တခ်ိန္ကဗာရာဏသီတကၠသိုလ္ဟာ အထင္ကရပုဂၢိဳလ္မ်ားစြာကိုေမြးထုတ္ေပးခဲ့သလို ဒီအထဲေနာင္တခ်ိန္မွာ တရုတ္ရဲ့သူရဲေကာင္းျဖစ္လာတဲ့ ယြမ္စီလိုစစ္သူႀကီးေတာင္ ဒီတကၠသိုလ္ကဆင္းခဲ့သူပါ။ အိႏၵိယမွာ ဗုဒၶဘာသာစတင္ျပီးသည္အထိျပသနာမရွိခဲ့ေပမယ့္ ေနာက္ပိုင္းျပည္ပကုန္သည္အမ်ားစုဝင္ေရာက္ေျခခ်မူေၾကာင့္ ဗာရာဏသီဟာျပသနာမ်ားစြာျဖစ္ခဲ့သလို ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းေမွးမွိန္ခဲ့ရပါေတာ့တယ္။ဘုရားေက်ာင္းေပါင္း ၃၃၀၀ ေက်ာ္အထိရွိသလို ဟိႏၵဴဘာသာရဲ႕အႀကီးက်ယ္ဆံုးေရွးအက်ဆံုးျမိဳ့ေတာ္ႀကီးေတြထဲကတခုပါပဲ။ ဒါ့အျပင္ ခရစ္ယာန္ဘုရားေက်ာင္း ၁၂ေက်ာင္း နဲ႔ ဂ်ိန္းဘုရားေက်ာင္း ၃ေက်ာင္းတုိ႔လည္း ရွိေနပါေသးတယ္။

လက္ရွိမွာ လူဦးေရ ၂သန္းနီးပါးေနထိုင္တဲ့ၿမဳိ႕ျဖစ္ပါတယ္။ ဗာရာဏသီရဲ႕ Banaras Hindu University (BHU) တကၠသိုလ္ဟာလည္း အာရွရဲ႕အႀကီးဆုံး Residential University အျဖစ္သတ္မွတ္ျခင္းခံထားရသလို ဒီေရွးေဟာင္းျမိဳ့ေတာ္ျကီးဟာ ၁၉၅၅ခုနွစ္ေနာက္
ပိုင္းထဲက အိႏၵိယအစိုးရရဲ့ထိန္းသိမ္းမူနဲ့အတူ ေရွးေဟာင္းအေမြအနွစ္မ်ားစြာကိုထိမ္းသိမ္းထားရာေနရာလည္းျဖစ္ပါတယ္။ အထင္ကရေတြထဲကမွ ပညာေရးနဲ့ဆိုင္တဲ့

*Banaras Hindu University
*Central University for Tibetan
*Mahatma Gandhi Kashi Vidyapith
*Sampurnanand Sanskrit University

ႀကီးေတြဟာထင္ရွားသလို ဗာရာဏသီမွာေကာလိပ္ေက်ာင္းေပါင္း ၃၀ေက်ာ္နဲ ့ပညာေရးဆိုင္ရာ ေထာက္ပံ့မူအသက္ေမြးေက်ာင္း၁၀၀ေက်ာ္ရွိပါ တယ္။ ဒီအခ်က္ကို ဖတ္ရခ်ိန္အံ့ၾသမိသြားတယ္။ ကြ်န္ေတာ္တို႔ျမန္မာက ျမဳိ႕တစ္ခုမွာမွ ဒီပမာဏကမရွိေသးပါဘူး။ ဒါကဗာရာဏသီၿမဳိ႕ႀကီးဟာဘာေၾကာင့္နာမည္ႀကီးရသလဲဆိုတဲ့ အခ်က္ေတြထဲက တစ္ခ်က္ျဖစ္သလို တကယ္ျကီးက်ယ္ခမ္းနားတဲ့ေရွးေဟာင္းျမိဳ့ေတာ္ႀကီးပါပဲ။ ပံုျပင္ေတြထဲမွာၾကားဖူးရံုမွ်နဲ့ေတာင္ ဒီၿမဳိ႕ႀကီးကို ငယ္ငယ္ကတည္းက စိတ္ဝင္စားခဲ့သလို တကယ္တမ္း ဒီၿမဳိ႕ႀကီးရဲ႕ေရွးေဟာင္းအေဆာက္အအံုေတြသမိုင္းေတြကေတာ့ ဒီထက္မကေျပာလို့ရပါေသးတယ္။

လက္ရွိမွာေတာ့ ဗာရာဏသီကို ဟိႏၵဴၿမဳိ႕ေတာ္လုိ႔ ဆုိရမွာျဖစ္ၿပီး ဟိႏၵဴဘာသာ၀င္ေပါင္း ၇၁% ေနထုိင္ၾကပါတယ္။ ဗုဒၶဘာသာဘာသာ၀င္ေတြကေတာ့ အလြန္နည္းပါးသြားၿပီး ၀.၀၅ ရာခိုင္းသာက်န္ရွိေတာ့ပါတယ္။ အျခားဘာသာေတြျဖစ္တဲ့ ခရစ္ယာန္ ၊ အစၥလမ္ ၊ ဂ်ိန္း စတဲ့ဘာသာေပါင္းစုံ စုေဆာင္းေနထုိင္ၾကတဲ့ ၿငိမ္းခ်မ္းတဲ့ၿမဳိ႕ေတာ္တစ္ခုလည္းျဖစ္ပါတယ္။ ဗာရာဏသီၿမဳိ႕ရဲ႕အထင္ရွားဆံုးအေဆာက္အအံုေတြထဲက ကမၻာ လွည့္ခရီးသြားေတြရဲ့စိတ္ဝင္စားမူအခံရဆံုးဟိႏၵဴ ဘုရားေက်ာင္းကေတာ့ Kashi Vishwanath Temple ျဖစ္ၿပီး ဒီဘုရားေက်ာင္းဟာ အထင္ ရွားဆံုးျဖစ္သလို ခမ္းနားႀကီးက်ယ္လြန္းလွတဲ့ ဘာသာေရးျပယုဂ္တခုျဖစ္ခဲ့ပါတယ္။ မူလအေဆာက္အအံုဟာ ၁၁၉၄ခုနွစ္မွာ Mohammad Ghori ဦးေဆာင္တဲ့ ဘာသာေရးစစ္ပြဲေတြၾကားပ်က္စီးခဲ့ရျပီးလက္ရွိ Kashi Vishwanath ကို ၁၂၁၁ခုနွစ္မွာမွျပန္လည္မြန္းမံျပင္ဆင္ခဲ့ရပါတယ္။ ေခတ္အဆက္ဆက္အင္ပါယာေခတ္မ်ား စြာမွာလည္းအဖ်က္စီးခံခဲ့ရတဲ့ဘာသာေရး အေဆာက္အဦးတခုျဖစ္ခဲ့ပါတယ္။ ေနာက္ဆံုးျပဳျပင္ခဲ့မူကေတာ့ ၁၇၈၀ခုႏွစ္ျဖစ္ျပီး အဲ့ဒီေနာက္ပိုင္းကစ အိႏၵိယႏုိင္ငံလြတ္လပ္ေရးရသည္အထိ ဘာျပင္ဆင္မႈမွ မလုပ္ခဲ့ေတာ့ပါဘူး။

ဒုတိယကမၻာစစ္အျပီး အိႏၵိယအစိုးရသစ္လက္ထက္ေရာက္ခ်ိန္မွာေတာ့ ဒီဗာရာဏသီအပါအဝင္ၿမဳိ႔ေဟာင္းႀကီး ၇၆ၿမဳိ႕က သာသနာအေဆာက္အအံုေတြကို ျပန္လည္ ျပဳျပင္ထိန္းသိမ္းခဲ့ပါတယ္။ လက္ရွိမွာဗာရာဏသီေရွးေဟာင္းျမိဳ့ေတာ္ကို UNESCOက World
Heritage List ထဲထည့္ခဲ့ျပီး ကမၻာ့အေမြအနွစ္မ်ားထဲမွ တစ္ခုအျဖစ္ခမ္းနားစြာတည္ရွိေနပါတယ္။


ဗာရာဏသီ ရှေးဟောင်းမြို့တော်အကြောင်း (unicode)

ရေးသားသူ – Htet Wa Na

ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ် လို့ ဆိုကြတဲ့ ဗာရာဏသီ ဆိုတဲ့ နာမည်ကိုတော့ စာတွေထဲမှာ မကြာခဏ မြင်ဖူးကြမှာပါ။ဒီနာမည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလေးဘဝအရွယ်မှာ များစွာကြားခဲ့ဖူးကြတယ်။ ဥပမာ -” ဟိုးရှေးရှေးတုန်းက “ဆိုတဲ့စကားချီရဲ့နောက်ဆက်တွဲတိုင်းပြည်နာမည် ၊ ပုံပြင် ၊ ဗုဒ္ဓဘာသာဆိုင်ရာဇာတ်တော်အများအပြားမှာ ဗာရာဏသီဟာ အထင်ကရတိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး တကယ်တမ်းရှိမှန်းတောင်ဝေဝါးခဲ့ရတဲ့အထိ ပုံပြင်အများအပြားမှာအသုံးပြုခဲ့ကြပါတယ်။

ဗာရာဏသီဟာ တကယ်ရှိခဲ့ ထင်ရှားခဲ့တဲ့မြို့ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ကြီး တွေထဲမှာ တစ်မြို့အပါအဝင်ဖြစ်သလို ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး နုပညာလက်ရာ အများအပြားရှိခဲ့ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဘီစီ ၁၈၀၀ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ဝနီးပါး) က ဒီမြို့ကြီးဟာ စတင်ပေါ်ပေါက်ခဲ့ပြီး နောက် ၁ရာစုလောက်မှာတော့ ဗာရာဏသီတိုင်းပြည်ဟာ ထိုခေတ်အခါက တိုင်းပြည်တစ်ခုသဖွယ် ကျကျနနဖွံ့ဖြိုးမူများစွာနဲ့ တည်ရှိလာခဲ့ကြောင်း စာပေအထောက်အထားများမှာဖော်ပြခဲ့ပါတယ်။

ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ မြောက်ဖက် Uttar Pradesh ပြည်နယ်မှာတည်ရှိပြီး စီးပွားရေးအရရော တိုးတက်မူအရပါ အချက်အချာကျတဲ့ ဗုဒ္ဓဘုရားခြေချခဲ့ရာ ဂင်္ဂါမြစ်ဘေးမှာတည်ရှိပါတယ်။ ဧဟိဘိက္ခု လို့ခေါ်တဲ့ ဂေါတမဘုရားရှင် သာသနာမှာ (အတိအကျအရ) ရဟန်းပေါင်း၂၈၆၄၁ပါး ပေါ်ထွက်ခဲ့ပါတယ်။ ထိုရဟန်းများအနက် အစောဆုံးရဟန်းတချို့ဟာ ဒီဗာရာဏသီကလို့လည်းလေ့လာရပါတယ်။ ၃၂ စတုရန်းမိုင်လောက်ကြီးမားကျယ်ဝန်းတဲ့ ဒီမြို့ဟာ တခတ်တခါက အိန္ဒိယရဲ့အထင်ကရမြို့တော်ကြီးဖြစ်ခဲ့သလို လူနေထူထပ်တမြို့ကြီးတမြို့လည်းဖြစ်ခဲ့ပါတယ်။ ဘုရားရှင်လက်ထက် ကာသိတိုင်းရဲ့ မြို့တော်ဖြစ်သလို အာရှရဲ့ လက်မှုပညာ ကုန်သွယ်ရေးပညာ ဝိဇ္ဇာပညာတို့ရဲ့ အခြေခံစတင်ရာ မြို့ကြီးလို့ စာပေတွေမှာ ထောက်ပြထားခဲ့သလို တကယ်လည်း ဒီတိုင်းပြည်ရဲ့ အမွေအနှစ်တွေဟာ ရှေးကျမူများစွာအရင်းတည်ထားပါတယ်။

Benares, Banaras လို့လည်းခေါ်ကြသလို Ancient Industrial Centre of Indai လို့တင်စားခဲ့ကြသလို ဒီမြို့ကထွက်တဲ့ အထည် ကျောက်ဆစ်ရုပ် ရေမွှေး နဲ့ အနုပညာဆိုင်ရာလက်မူပစ္စည်းအများအပြားဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာအနှံ့မှာ နာမည်ကြီးခဲ့ပါတယ်။ တချိန်ကဗာရာဏသီတက္ကသိုလ်ဟာ အထင်ကရပုဂ္ဂိုလ်များစွာကိုမွေးထုတ်ပေးခဲ့သလို ဒီအထဲနောင်တချိန်မှာ တရုတ်ရဲ့သူရဲကောင်းဖြစ်လာတဲ့ ယွမ်စီလိုစစ်သူကြီးတောင် ဒီတက္ကသိုလ်ကဆင်းခဲ့သူပါ။ အိန္ဒိယမှာ ဗုဒ္ဓဘာသာစတင်ပြီးသည်အထိပြသနာမရှိခဲ့ပေမယ့် နောက်ပိုင်းပြည်ပကုန်သည်အများစုဝင်ရောက်ခြေချမူကြောင့် ဗာရာဏသီဟာပြသနာများစွာဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှေးမှိန်ခဲ့ရပါတော့တယ်။ဘုရားကျောင်းပေါင်း ၃၃၀၀ ကျော်အထိရှိသလို ဟိန္ဒူဘာသာရဲ့အကြီးကျယ်ဆုံးရှေးအကျဆုံးမြို့တော်ကြီးတွေထဲကတခုပါပဲ။ ဒါအပြည် ခရစ်ယာန်ဘုရားကျောင်း ၁၂ကျောင်း နဲ့ ဂျိန်းဘုရားကျောင်း ၃ကျောင်းတို့လည်း ရှိနေပါသေးတယ်။

လက်ရှိမှာ လူဦးရေ ၂သန်းနီးပါးနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဗာရာဏသီရဲ့ Banaras Hindu University (BHU) တက္ကသိုလ်ဟာလည်း အာရှရဲ့အကြီးဆုံး Residential University အဖြစ်သတ်မှတ်ခြင်းခံထားရသလို ဒီရှေးဟောင်းမြို့တော်ကြီးဟာ ၁၉၅၅ခုနှစ်နောက်
ပိုင်းထဲက အိန္ဒိယအစိုးရရဲ့ထိန်းသိမ်းမူနဲ့အတူ ရှေးဟောင်းအမွေအနှစ်များစွာကိုထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။ အထင်ကရတွေထဲကမှ ပညာရေးနဲ့ဆိုင်တဲ့

*Banaras Hindu University
*Central University for Tibetan
*Mahatma Gandhi Kashi Vidyapith
*Sampurnanand Sanskrit University

ကြီးတွေဟာထင်ရှားသလို ဗာရာဏသီမှာကောလိပ်ကျောင်းပေါင်း ၃၀ကျော်နဲ့ပညာရေးဆိုင်ရာ ထောက်ပံ့မူအသက်မွေးကျောင်း၁၀၀ကျော်ရှိပါ တယ်။ ဒီအချက်ကို ဖတ်ရချိန်အံ့ဩမိသွားတယ်။ ကျွန်တော်တို့မြန်မာက မြို့တစ်ခုမှာမှ ဒီပမာဏကမရှိသေးပါဘူး။ ဒါကဗာရာဏသီမြို့ကြီးဟာဘာကြောင့်နာမည်ကြီးရသလဲဆိုတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်သလို တကယ်ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းမြို့တော်ကြီးပါပဲ။ ပုံပြင်တွေထဲမှာကြားဖူးရုံမျှနဲ့တောင် ဒီမြို့ကြီးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့သလို တကယ်တမ်း ဒီမြို့ကြီးရဲ့ရှေးဟောင်းအဆောက်အအုံတွေသမိုင်းတွေကတော့ ဒီထက်မကပြောလို့ရပါသေးတယ်။

လက်ရှိမှာတော့ ဗာရာဏသီကို ဟိန္ဒူမြို့တော်လို့ ဆိုရမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်ပေါင်း ၇၁% နေထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဘာသာဝင်တွေကတော့ အလွန်နည်းပါးသွားပြီး ၀.၀၅ ရာခိုင်းသာကျန်ရှိတော့ပါတယ်။ အခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန် ၊ အစ္စလမ် ၊ ဂျိန်း စတဲ့ဘာသာပေါင်းစုံ စုဆောင်းနေထိုင်ကြတဲ့ ငြိမ်းချမ်းတဲ့မြို့တော်တစ်ခုလည်းဖြစ်ပါတယ်။ ဗာရာဏသီမြို့ရဲ့အထင်ရှားဆုံးအဆောက်အအုံတွေထဲက ကမ္ဘာ လှည့်ခရီးသွားတွေရဲ့စိတ်ဝင်စားမူအခံရဆုံးဟိန္ဒူ ဘုရားကျောင်းကတော့ Kashi Vishwanath Temple ဖြစ်ပြီး ဒီဘုရားကျောင်းဟာ အထင် ရှားဆုံးဖြစ်သလို ခမ်းနားကြီးကျယ်လွန်းလှတဲ့ ဘာသာရေးပြယုဂ်တခုဖြစ်ခဲ့ပါတယ်။ မူလအဆောက်အအုံဟာ ၁၁၉၄ခုနှစ်မှာ Mohammad Ghori ဦးဆောင်တဲ့ ဘာသာရေးစစ်ပွဲတွေကြားပျက်စီးခဲ့ရပြီးလက်ရှိ Kashi Vishwanath ကို ၁၂၁၁ခုနှစ်မှာမှပြန်လည်မွန်းမံပြင်ဆင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်အင်ပါယာခေတ်များ စွာမှာလည်းအဖျက်စီးခံခဲ့ရတဲ့ဘာသာရေး အဆောက်အဦးတခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပြုပြင်ခဲ့မူကတော့ ၁၇၈ဝခုနှစ်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကစ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသည်အထိ ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တော့ပါဘူး။

ဒုတိယကမ္ဘာစစ်အပြီး အိန္ဒိယအစိုးရသစ်လက်ထက်ရောက်ချိန်မှာတော့ ဒီဗာရာဏသီအပါအဝင်မြို့ဟောင်းကြီး ၇၆မြို့က သာသနာအဆောက်အအုံတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။ လက်ရှိမှာဗာရာဏသီရှေးဟောင်းမြို့တော်ကို UNESCOက World
Heritage List ထဲထည့်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်များထဲမှ တစ်ခုအဖြစ်ခမ်းနားစွာတည်ရှိနေပါတယ်။

Leave a Reply