တစ္ေခတ္တစ္ေယာက္ ပုဂၢဳိလ္ႀကီး ဆာဦးသြင္

Posted on

ဦးသြင္ (ျမန္မာႏွစ္ ၁၂၄ဝ-၁၃၂၇၊ ခရစ္ႏွစ္ ၁၈၇၈- ၁၉၆၆) ကို ျမန္မာသကၠရာဇ္ ၁၂၄ဝ ျပည့္ႏွစ္ နတ္ေတာ္လျပည့္ေက်ာ္ ၅ရက္ေန႔ (၁၈၇၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္ ေသာၾကာေန႔) တြင္ အဘဦးဖန္ (အခ်ိဳ႕စာအုပ္မ်ားတြင္ ဦးဖလ္ဟု ေရးသားၾကသည္)၊ အမိေဒၚယဥ္တို႔မွ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ ၌ ဖြားျမင္သည္။ ေမြးခ်င္း သုံးေယာက္တြင္ အႀကီးဆုံးျဖစ္ၿပီး ညီျဖစ္သူမွာ ေမာ္လၿမိဳင္ လၽွပ္စစ္ဓာတ္မီး သူေဌး ဦးအုန္းေဖ၊ ညီမမွာ စက္ရွင္မင္းႀကီးကေတာ္ ေဒၚႏွင္းအိ ျဖစ္သည္။

ဦးသြင္သည္ ေမာ္လၿမိဳင္ ေတာင္ေလးလုံး ဘုန္းႀကီးေက်ာင္းတိုက္၊ စိန္႔ပတ္ထရစ္ေက်ာင္း၊ ရန္ကုန္ အစိုးရ အထက္တန္းေက်ာင္း၊ ရန္ကုန္ ေကာလိပ္တို႔တြင္ ပညာသင္ခဲ့သည္။ ထို႔ေနာက္ ရန္ကုန္ေကာလိပ္တြင္ ပညာသင္ၾကားရာ ခရစ္ႏွစ္ ၁၉ဝ၁-ခုတြင္ အက္(ဖ)ေအစာေမးပြဲကို ေျဖဆိုေအာင္ျမင္ခဲ့၏။ ၁၉၀၁-၂ ခုႏွစ္အတြင္းတြင္ အစိုးရပညာေရးဌာနသို႔ ဝင္ေရာက္ကာ ပညာအုပ္အျဖစ္ အမႈထမ္းခဲ့သည္။ ၁၉ဝ၂-ခုႏွစ္တြင္ ပညာအုပ္အလုပ္မွ ႏုတ္ထြက္ၿပီးေနာက္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆန္စက္ပိုင္ရွင္အျဖစ္ျဖင့္ လည္းေကာင္း၊ လၽွပ္စစ္ဓာတ္အား ကုမၸဏီပိုင္ရွင္အျဖစ္ျဖင့္ လည္းေကာင္း၊ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေဆာင္႐ြက္ခဲ့သည္။

ထို႔ေနာက္ ရန္ကုန္သို႔ ေျပာင္း၍ ရန္ကုန္ တဖက္ကမ္း ခေနာင္တို႔၌ ဆန္စက္တည္ကာ ဆန္ေရာင္းဝယ္ေရး လုပ္သည္။ ဆန္ေဈး အတက္အက် ခန္႔မွန္းရာတြင္ တိက် မွန္ကန္လွသူ ျဖစ္သည္။ ဆန္အေရာင္းအဝယ္ကို မေလးကၽြန္းဆြယ္ႏွင့္ စင္ကာပူသို႔ သြားေရာက္ လုပ္ကိုင္ခဲ့ရာ ဆန္ဝိဇၨာဟု ထင္ရွားခဲ့သည္။ ျမန္မာႏိုင္ငံအမ်ိဳးသား အာမခံကုမၸဏီလီမိတက္၏ အုပ္ခ်ဳပ္သူလူႀကီးမ်ားအဖြဲ႕တြင္လည္း ဥကၠ႒အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ရန္ကုန္ၿမိဳ႕၌ ၁၉၁၁-ခုႏွစ္တြင္ သူရိယသတင္းစာတိုက္ကို စတင္တည္ေထာင္ေသာအခါ ဦးသြင္သည္ သတင္းစာတိုက္တည္ေထာင္သူမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည့္အျပင္ သူရိယသတင္း စာတိုက္အုပ္ခ်ဳပ္သူလူႀကီးမ်ားအဖြဲ႕၏ ပထမဆုံး ဥကၠ႒အျဖစ္လည္း ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္း ခံခဲ့ရေပသည္။

ဦးသြင္သည္ ရန္ကုန္ၿမိဳ႕ အတြင္းဝန္မ်ား႐ုံးကို ေက်ာင္းသားတို႔ဝိုင္းဝန္းၾကသည့္ အေရးအခင္းတြင္ ေက်ာင္းသားမ်ားကို ပုလိပ္တို႔ ႐ိုက္ႏွက္သည့္အမႈ စုံစမ္းေရးေကာ္မတီတြင္ လည္းေကာင္း၊ အစိုးရအမႈထမ္းတို႔ လာဘ္စားမႈေကာ္မတီတြင္လည္းေကာင္း၊ ရန္ကုန္တကၠသိုလ္ ေထာက္ပံ့ေရးအဖြဲ႕တြင္ လည္းေကာင္း၊ ျမန္မာႏိုင္ငံအဆုတ္ေရာဂါႏွင့္ အနာႀကီးေရာဂါ ပေပ်ာက္ေရးအသင္းတြင္ လည္းေကာင္းပါဝင္ကာ တိုင္းျပည္၏အက်ိဳးကိုသယ္ပိုး ႐ြက္ေဆာင္ခဲ့ေပသည္။ ၁၉၁၄ ခုႏွစ္တြင္ ပထမကမၻာစစ္အတြင္းက ျမန္မာျပည္အစိုးရသည္ဆန္စပါး ေရာင္းဝယ္ေရးကို ခ်ဳပ္ကိုင္လိုက္ရာမွ ဥေရာပတိုက္သား ဆန္စက္ပိုင္ရွင္ႀကီးမ်ားသာ အက်ိဳးခံစားခြင့္ ရၾကေလရာ ဦးသြင္သည္ ဆန္စက္ငယ္မ်ားအသင္းကို တည္ေထာင္ၿပီးလၽွင္ အစိုးရကို အတိုက္အခံျပဳခဲ့၏။ ထိုသို႔ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ျမန္မာ့ေတာင္သူလယ္သမားတို႔ အက်ိဳးခံစာခဲ့ၾကရေပသည္။

ထို႔ျပင္ ၁၉၂၄ ခုႏွစ္မွ ၁၉၄၁ ခုႏွစ္အတြင္း ရန္ကုန္ဆိပ္ကမ္းအုပ္ခ်ဳပ္ေရးအဖြဲ႕တြင္ အဖြဲ႕ဝင္၊ ရန္ကုန္စည္ပင္သာယာေရးအဖြဲ႕တြင္အဖြဲ႕ဝင္၊ ျမန္မာျပည္ ဘိလတ္ေျမကုမၸဏီလီမိတက္၏အုပ္ခ်ဳပ္သူ လူႀကီး၊ ျမန္မာျပည္ဆိုင္ရာ အိႏၵိယသီးသန္႔ဘဏ္လီမိတက္၏ အုပ္ခ်ဳပ္သူလူႀကီး၊ ျမန္မာျပည္ကုန္သည္ႀကီးမ်ားအသင္း၏ ဥကၠ႒စသည့္ တာဝန္မ်ားကိုလည္း ထမ္းေဆာင္ခဲ့ေပသည္။ ျမန္မာျပည္ဥပေဒျပဳလႊတ္ေတာ္ အထက္လႊတ္ေတာ္အမတ္ (၁၉၃၇-၁၉၄၁) အျဖစ္လည္းေ႐ြးေကာက္တင္ေျမႇာက္ ျခင္းခံခဲ့ရ၏။ ဦးသြင္သည္ စီးပြားကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ကၽြမ္းက်င္သူျဖစ္၍ ျမန္မာလူမ်ိဳးကုန္သည္တို႔၏ ဦးစီးဦးကိုင္ပုဂၢိဳလ္ႀကီး ျဖစ္ခဲ့ေပသည္။ ျမန္မာလူမ်ိဳးတို႔သည္ ကုန္သြယ္ေဖာက္ကားျခင္းအမႈ၌ထိုး ထြင္းဉာဏ္ထက္သန္ျခင္း မရွိဟူ၍လည္းေကာင္း၊ စြမ္းစြမ္းတမံ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ျခင္း မရွိဟူ၍လည္းေကာင္း၊ ႏိုင္ငံျခားသားတို႔က အထင္ေသးခဲ့ၾကရာ ဦးသြင္၏ေဆာင္႐ြက္ခ်က္မ်ားက ထိုအထင္ေသးမႈကိုပ်က္ျပား ေစခဲ့သည္။

ဦးသြင္သည္ ၁၉၄၁-ခုႏွစ္တြင္ ၿဗိတိသၽွအစိုးရက ခ်ီးျမႇင့္ခဲ့ေသာ ဆာဘြဲ႕ကိုရရွိခဲ့သျဖင့္ ဆာဦးသြင္ ဟူ၍ ထင္ရွားေလသည္။ ဦးသြင္ဆာဘြဲ႕ရရွိျခင္းမွာ ၿဗိတိသၽွအစိုးရ အမႈတြင္ က်ိဳးႏြံစြာ ထမ္းေဆာင္ခဲ့ျခင္းေၾကာင့္မဟုတ္၊ ၿဗိတိသၽွအစိုးရ၏အထူးထူးေသာေက်းဇူးဂုဏ္ကို တိုးပြားေအာင္ ေဆာင္႐ြက္ျခင္းေၾကာင့္ လည္းမဟုတ္ေပ။ တိုင္းသူ ျပည္သားတို႔၏ အားထားယုံၾကည္ျခင္းကိုခံယူရရွိျခင္း၊ သစၥာသမာဓိႏွင့္ျပည့္စုံျခင္း၊ အဂတိတရားေလးပါး မလိုက္စားျခင္း စသည့္ဂုဏ္ပုဒ္မ်ားကို ေလးစားအသိအမွတ္ျပဳေသာအားျဖင့္ဦးသြင္ကို ၿဗိတိသၽွအစိုးရက ဆာဘြဲ႕ေပးအပ္ခဲ့ျခင္းျဖစ္၏။

ဦးသြင္သည္ ၁၉၁ဝ ျပည့္ႏွစ္ခန္႔မွစ၍ ဝံသာႏုလုပ္ငန္းမ်ားတြင္လည္း ပါဝင္ေဆာင္႐ြက္ခဲ့ေပသည္။ ျမန္မာျပည္တြင္အစိုးရအရာရွိမ်ားကို ရွိခိုးဦးႏွိမ္ရေသာအေလ့၊ အစိုးရအရာရွိတို႔ေရွ႕ေမွာက္တြင္ ဖိနပ္ခၽြတ္ရေသာအေလ့၊ စသည္အေလ့ဆိုးမ်ားကို ပေပ်ာက္ေအာင္ ခုခံတိုက္ခိုက္ခဲ့၏။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသပိတ္ႀကီး ျဖစ္ပြားစဥ္ကလည္း ႏွစ္ဦးႏွစ္ဖက္ တင္းမာလၽွက္ရွိေသာ အေျခအေနကို ဦးသြင္ကိုယ္တိုင္ေစ့စပ္ျဖန္ေျဖ၍ ၿငိမ္းေအးေစခဲ့ေပသည္။ အမ်ိဳးသား တကၠသိုလ္ တည္ေထာင္ေရးတြင္လည္း ေငြေၾကးမတည္ လႉဒါန္းခဲ့ပါသည္။ ၁၉၃ရ ခုႏွစ္တြင္က်င္းပေသာ ဆဌမေျမာက္ ေဂ်ာ့ဘုရင္၏ဘိသိက္ပြဲသို႔တက္ေရာက္ရန္အတြက္ ဦးသြင္သည္ အစိုးရ အရာရွိ မဟုတ္သူ ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေပသည္။

၁၉၄၆ ခုႏွစ္တြင္ ကႏၷီစာခ်ဳပ္ ခ်ဳပ္ဆိုရန္ သီဟိုဠ္ (သီရိလကၤာ) သို႔ သြားေရာက္ခဲ့ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္သည့္ ကိုယ္စားလွယ္ေတာ္ အဖြဲ႕ကို ခရီးစရိတ္ ေငြတေသာင္း လႉဒါန္းခဲ့သည္။ ဦးသြင္သည္ျမန္မာျပည္၏ ပထမဆုံး ႏိုင္ငံေရးအသင္းႀကီး ျဖစ္ေသာ ျမန္မာျပည္သဟာယအသင္းကို စတင္တည္ေထာင္သူျဖစ္၍ အသင္း၏ပထမဆုံးဥကၠ႒အျဖစ္လည္း ေဆာင္႐ြက္ခဲ့၏။ ဂ်ပန္ေခတ္ (၁၉၄၃-၄၅) တြင္ ျမန္မာအစိုးရ အတိုင္ပင္ခံ အဖြဲ႕ ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ၁၉၅၅ ခုႏွစ္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ မြန္အမ်ိဳးသား အထက္တန္းေက်ာင္း တည္ေဆာက္ေရး အဖြဲ႕ ဥကၠ႒၊ ရန္ကုန္ၿမိဳ႕ ၿမိဳ႕မ မိန္းကေလးေက်ာင္း တည္ေဆာက္ေရး အဖြဲ႕ ဥကၠ႒ အျဖစ္ ေဆာင္႐ြက္ခဲ့သည္။

သာသနာအက်ိဳး

ဆာဦးသြင္သည္ ဘာသာေရးလုပ္ငန္းမ်ားကိုလည္း အားေပးေဆာင္႐ြက္ခဲ့၏။ ေ႐ႊတိဂုံေစတီေတာ္၏ ဘ႑ာေတာ္ထိန္း လူႀကီးတစ္ဦးျဖစ္သည္သာမက မဟာေဗာဓိအသင္း၏ ဒုတိယဥကၠ႒အျဖစ္လည္း ေဆာင္႐ြက္ခဲ့ေပသည္။ အိႏၵိယႏိုင္ငံ ဗာရာဏသီ၊ မိဂဒါဝုန္၌ ဓမၼာ႐ုံတည္ေဆာက္လႉဒါန္းျခင္း၊ ဂ်ပန္ႏိုင္ငံ မိုဂ်ီၿမိဳ႕ရွိ ကမၻာေအးေစတီေတာ္အတြက္ စိန္ဖူးေတာ္လႉဒါန္းျခင္းစသည့္ ႏိုင္ငံျခားသာသနာျပဳ လုပ္ငန္းမ်ားကိုလည္းလုပ္ကိုင္ခဲ့သည္။ ျမန္မာႏိုင္ငံလြတ္လပ္ေရးရရွိၿပီးေနာက္တြင္ ဦးသြင္သည္ ဆ႒သဂၤါယနာျဖစ္ေျမာက္ေရးအဖြဲ႕၊ ျမန္မာႏိုင္ငံ ဗုဒၶသာသနာ႔ေကာင္စီ၊ တိပိဋကဓရ ေ႐ြးခ်ယ္ေရးအဖြဲ႕ စသည္တို႔တြင္ ပါဝင္ကာ သာသနာေရးရာတာဝန္မ်ားကို ထမ္းေဆာင္ခဲ့သည္။

ဆုတံဆိပ္မ်ား

၁၉၅ဝ ျပည့္ႏွစ္တြင္ သတိုးသီရိသုဓမၼ ဘြဲ႕ကိုရရွိခဲ့၏။ ၁၉၅၅ ခုႏွစ္တြင္ ယိုးဒယားဘုရင္၏ ေအာ္ဒါေအာ့ဖ္ ကေရာင္း (ပထမဆင့္) ဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္ခံရသည္။ သတိုးသီရိသုဓမၼဆာဦးသြင္သည္ အသက္ ၈၈ ႏွစ္အ႐ြယ္ ၁၃၂၇ ခုႏွစ္တပို႔တြဲလဆန္း ၁၂ ရက္၊ ၁၉၆၇ ခုႏွစ္ ေဖေဖၚဝါရီလ ၂ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ခဲ့ေလသည္။

အိမ္ေထာင္ေရး

၁၉၁၁ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ ဦးေဖ၊ ေဒၚမိန္းကေလး တို႔၏ သမီး မသိန္းႏွင့္ လက္ထပ္သည္။ သမီး ေဒၚခင္ခင္ႀကီး (တရားလႊတ္ေတာ္ ဝန္ႀကီး၊ အိုင္စီအက္စ္ ဦးစံေမာင္) ထြန္းကားသည္။

ဆာဦးသြင္သည္ကား တစ္ေခတ္တစ္ခါက အလြန္ေအာင္ျမင္ေက်ာ္ၾကားခဲ့ေသာ ပုဂၢဳိ္လ္ႀကီးျဖစ္သည္။ ေရႊေပၚျမတင္ေမြးဖြားလာခဲ့ေသာ္လည္း ေလာကႀကီးတြင္ေပါ့ေပါ့ေန ေပါ့ေပါ့စားဆန္ကုန္ေျမေလး သူေဌးသားဘ၀ကို မက္ေမာတြယ္ဖက္တတ္သူမဟုတ္။ ေလာကႀကီးကုိ အဓိပၸါယ္ရွိရွိ ရင္ဆုိင္ခဲ့ ၊ ေအာင္ျမင္မႈမ်ားကို ရယူႏုိင္ခဲ့ေသာ စီးပြားေရးသမား ၊ ႏုိင္ငံေရးသမား ၊ လူမႈေရးသမားႀကီးအျဖစ္ ႏုိင္ငံအားအက်ဳိးျပဳခဲ့ေသာ ပုဂၢဳိလ္ႀကီးျဖစ္ေလေတာ့သည္။

ကိုးကား

ေမာင္ေဇယ်ာ – ျမန္မာလူေက်ာ္ ၁ဝဝ
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)
ကုိေဂ် – ျမန္မာ့လုပ္ငန္းရွင္ႀကီးမ်ား


တစ်ခေတ်တစ်ယောက် ပုဂ္ဂိုလ်ကြီး ဆာဦးသွင် (unicode)

ဦးသွင် (မြန်မာနှစ် ၁၂၄ဝ-၁၃၂၇၊ ခရစ်နှစ် ၁၈၇၈- ၁၉၆၆) ကို မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၅ရက်နေ့ (၁၈၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့) တွင် အဘဦးဖန် (အချို့စာအုပ်များတွင် ဦးဖလ်ဟု ရေးသားကြသည်)၊ အမိဒေါ်ယဉ်တို့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၌ ဖွားမြင်သည်။ မွေးချင်း သုံးယောက်တွင် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူမှာ မော်လမြိုင် လျှပ်စစ်ဓာတ်မီး သူဌေး ဦးအုန်းဖေ၊ ညီမမှာ စက်ရှင်မင်းကြီးကတော် ဒေါ်နှင်းအိ ဖြစ်သည်။

ဦးသွင်သည် မော်လမြိုင် တောင်လေးလုံး ဘုန်းကြီးကျောင်းတိုက်၊ စိန့်ပတ်ထရစ်ကျောင်း၊ ရန်ကုန် အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ပညာသင်ကြားရာ ခရစ်နှစ် ၁၉ဝ၁-ခုတွင် အက်(ဖ)အေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့၏။ ၁၉၀၁-၂ ခုနှစ်အတွင်းတွင် အစိုးရပညာရေးဌာနသို့ ဝင်ရောက်ကာ ပညာအုပ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉ဝ၂-ခုနှစ်တွင် ပညာအုပ်အလုပ်မှ နုတ်ထွက်ပြီးနောက် မော်လမြိုင်မြို့တွင် ဆန်စက်ပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ကုမ္ပဏီပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရန်ကုန်သို့ ပြောင်း၍ ရန်ကုန် တဖက်ကမ်း ခနောင်တို့၌ ဆန်စက်တည်ကာ ဆန်ရောင်းဝယ်ရေး လုပ်သည်။ ဆန်ဈေး အတက်အကျ ခန့်မှန်းရာတွင် တိကျ မှန်ကန်လှသူ ဖြစ်သည်။ ဆန်အရောင်းအဝယ်ကို မလေးကျွန်းဆွယ်နှင့် စင်ကာပူသို့ သွားရောက် လုပ်ကိုင်ခဲ့ရာ ဆန်ဝိဇ္ဇာဟု ထင်ရှားခဲ့သည်။ မြန်မာနိုင်ငံအမျိုးသား အာမခံကုမ္ပဏီလီမိတက်၏ အုပ်ချုပ်သူလူကြီးများအဖွဲ့တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့၌ ၁၉၁၁-ခုနှစ်တွင် သူရိယသတင်းစာတိုက်ကို စတင်တည်ထောင်သောအခါ ဦးသွင်သည် သတင်းစာတိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့်အပြင် သူရိယသတင်း စာတိုက်အုပ်ချုပ်သူလူကြီးများအဖွဲ့၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ်လည်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပေသည်။

ဦးသွင်သည် ရန်ကုန်မြို့ အတွင်းဝန်များရုံးကို ကျောင်းသားတို့ဝိုင်းဝန်းကြသည့် အရေးအခင်းတွင် ကျောင်းသားများကို ပုလိပ်တို့ ရိုက်နှက်သည့်အမှု စုံစမ်းရေးကော်မတီတွင် လည်းကောင်း၊ အစိုးရအမှုထမ်းတို့ လာဘ်စားမှုကော်မတီတွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ထောက်ပံ့ရေးအဖွဲ့တွင် လည်းကောင်း၊ မြန်မာနိုင်ငံအဆုတ်ရောဂါနှင့် အနာကြီးရောဂါ ပပျောက်ရေးအသင်းတွင် လည်းကောင်းပါဝင်ကာ တိုင်းပြည်၏အကျိုးကိုသယ်ပိုး ရွက်ဆောင်ခဲ့ပေသည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက မြန်မာပြည်အစိုးရသည်ဆန်စပါး ရောင်းဝယ်ရေးကို ချုပ်ကိုင်လိုက်ရာမှ ဥရောပတိုက်သား ဆန်စက်ပိုင်ရှင်ကြီးများသာ အကျိုးခံစားခွင့် ရကြလေရာ ဦးသွင်သည် ဆန်စက်ငယ်များအသင်းကို တည်ထောင်ပြီးလျှင် အစိုးရကို အတိုက်အခံပြုခဲ့၏။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာ့တောင်သူလယ်သမားတို့ အကျိုးခံစာခဲ့ကြရပေသည်။

ထို့ပြင် ၁၉၂၄ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်၊ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့တွင်အဖွဲ့ဝင်၊ မြန်မာပြည် ဘိလတ်မြေကုမ္ပဏီလီမိတက်၏အုပ်ချုပ်သူ လူကြီး၊ မြန်မာပြည်ဆိုင်ရာ အိန္ဒိယသီးသန့်ဘဏ်လီမိတက်၏ အုပ်ချုပ်သူလူကြီး၊ မြန်မာပြည်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌစသည့် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပေသည်။ မြန်မာပြည်ဥပဒေပြုလွှတ်တော် အထက်လွှတ်တော်အမတ် (၁၉၃၇-၁၉၄၁) အဖြစ်လည်းရွေးကောက်တင်မြှောက် ခြင်းခံခဲ့ရ၏။ ဦးသွင်သည် စီးပွားကုန်သွယ်မှုလုပ်ငန်းများတွင် ကျွမ်းကျင်သူဖြစ်၍ မြန်မာလူမျိုးကုန်သည်တို့၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပေသည်။ မြန်မာလူမျိုးတို့သည် ကုန်သွယ်ဖောက်ကားခြင်းအမှု၌ထိုး ထွင်းဉာဏ်ထက်သန်ခြင်း မရှိဟူ၍လည်းကောင်း၊ စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဟူ၍လည်းကောင်း၊ နိုင်ငံခြားသားတို့က အထင်သေးခဲ့ကြရာ ဦးသွင်၏ဆောင်ရွက်ချက်များက ထိုအထင်သေးမှုကိုပျက်ပြား စေခဲ့သည်။

ဦးသွင်သည် ၁၉၄၁-ခုနှစ်တွင် ဗြိတိသျှအစိုးရက ချီးမြှင့်ခဲ့သော ဆာဘွဲ့ကိုရရှိခဲ့သဖြင့် ဆာဦးသွင် ဟူ၍ ထင်ရှားလေသည်။ ဦးသွင်ဆာဘွဲ့ရရှိခြင်းမှာ ဗြိတိသျှအစိုးရ အမှုတွင် ကျိုးနွံစွာ ထမ်းဆောင်ခဲ့ခြင်းကြောင့်မဟုတ်၊ ဗြိတိသျှအစိုးရ၏အထူးထူးသောကျေးဇူးဂုဏ်ကို တိုးပွားအောင် ဆောင်ရွက်ခြင်းကြောင့် လည်းမဟုတ်ပေ။ တိုင်းသူ ပြည်သားတို့၏ အားထားယုံကြည်ခြင်းကိုခံယူရရှိခြင်း၊ သစ္စာသမာဓိနှင့်ပြည့်စုံခြင်း၊ အဂတိတရားလေးပါး မလိုက်စားခြင်း စသည့်ဂုဏ်ပုဒ်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်ဦးသွင်ကို ဗြိတိသျှအစိုးရက ဆာဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်၏။

ဦးသွင်သည် ၁၉၁ဝ ပြည့်နှစ်ခန့်မှစ၍ ဝံသာနုလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပေသည်။ မြန်မာပြည်တွင်အစိုးရအရာရှိများကို ရှိခိုးဦးနှိမ်ရသောအလေ့၊ အစိုးရအရာရှိတို့ရှေ့မှောက်တွင် ဖိနပ်ချွတ်ရသောအလေ့၊ စသည်အလေ့ဆိုးများကို ပပျောက်အောင် ခုခံတိုက်ခိုက်ခဲ့၏။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားစဉ်ကလည်း နှစ်ဦးနှစ်ဖက် တင်းမာလျှက်ရှိသော အခြေအနေကို ဦးသွင်ကိုယ်တိုင်စေ့စပ်ဖြန်ဖြေ၍ ငြိမ်းအေးစေခဲ့ပေသည်။ အမျိုးသား တက္ကသိုလ် တည်ထောင်ရေးတွင်လည်း ငွေကြေးမတည် လှူဒါန်းခဲ့ပါသည်။ ၁၉၃ရ ခုနှစ်တွင်ကျင်းပသော ဆဌမမြောက် ဂျော့ဘုရင်၏ဘိသိက်ပွဲသို့တက်ရောက်ရန်အတွက် ဦးသွင်သည် အစိုးရ အရာရှိ မဟုတ်သူ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပေသည်။

၁၉၄၆ ခုနှစ်တွင် ကန္နီစာချုပ် ချုပ်ဆိုရန် သီဟိုဠ် (သီရိလင်္ကာ) သို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်တော် အဖွဲ့ကို ခရီးစရိတ် ငွေတသောင်း လှူဒါန်းခဲ့သည်။ ဦးသွင်သည်မြန်မာပြည်၏ ပထမဆုံး နိုင်ငံရေးအသင်းကြီး ဖြစ်သော မြန်မာပြည်သဟာယအသင်းကို စတင်တည်ထောင်သူဖြစ်၍ အသင်း၏ပထမဆုံးဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ဂျပန်ခေတ် (၁၉၄၃-၄၅) တွင် မြန်မာအစိုးရ အတိုင်ပင်ခံ အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မော်လမြိုင်မြို့ မွန်အမျိုးသား အထက်တန်းကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့ မြို့မ မိန်းကလေးကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

သာသနာအကျိုး

ဆာဦးသွင်သည် ဘာသာရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ခဲ့၏။ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်း လူကြီးတစ်ဦးဖြစ်သည်သာမက မဟာဗောဓိအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပေသည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီ၊ မိဂဒါဝုန်၌ ဓမ္မာရုံတည်ဆောက်လှူဒါန်းခြင်း၊ ဂျပန်နိုင်ငံ မိုဂျီမြို့ရှိ ကမ္ဘာအေးစေတီတော်အတွက် စိန်ဖူးတော်လှူဒါန်းခြင်းစသည့် နိုင်ငံခြားသာသနာပြု လုပ်ငန်းများကိုလည်းလုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်တွင် ဦးသွင်သည် ဆဋ္ဌသင်္ဂါယနာဖြစ်မြောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီ၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ စသည်တို့တွင် ပါဝင်ကာ သာသနာရေးရာတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆုတံဆိပ်များ
၁၉၅ဝ ပြည့်နှစ်တွင် သတိုးသီရိသုဓမ္မ ဘွဲ့ကိုရရှိခဲ့၏။ ၁၉၅၅ ခုနှစ်တွင် ယိုးဒယားဘုရင်၏ အော်ဒါအော့ဖ် ကရောင်း (ပထမဆင့်) ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည်။ သတိုးသီရိသုဓမ္မဆာဦးသွင်သည် အသက် ၈၈ နှစ်အရွယ် ၁၃၂၇ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက်၊ ၁၉၆၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့လေသည်။

အိမ်ထောင်ရေး
၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့ ဦးဖေ၊ ဒေါ်မိန်းကလေး တို့၏ သမီး မသိန်းနှင့် လက်ထပ်သည်။ သမီး ဒေါ်ခင်ခင်ကြီး (တရားလွှတ်တော် ဝန်ကြီး၊ အိုင်စီအက်စ် ဦးစံမောင်) ထွန်းကားသည်။

ဆာဦးသွင်သည်ကား တစ်ခေတ်တစ်ခါက အလွန်အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂ်ိုလ်ကြီးဖြစ်သည်။ ရွှေပေါ်မြတင်မွေးဖွားလာခဲ့သော်လည်း လောကကြီးတွင်ပေါ့ပေါ့နေ ပေါ့ပေါ့စားဆန်ကုန်မြေလေး သူဌေးသားဘဝကို မက်မောတွယ်ဖက်တတ်သူမဟုတ်။ လောကကြီးကို အဓိပ္ပါယ်ရှိရှိ ရင်ဆိုင်ခဲ့ ၊ အောင်မြင်မှုများကို ရယူနိုင်ခဲ့သော စီးပွားရေးသမား ၊ နိုင်ငံရေးသမား ၊ လူမှုရေးသမားကြီးအဖြစ် နိုင်ငံအားအကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်လေတော့သည်။

ကိုးကား

မောင်ဇေယျာ – မြန်မာလူကျော် ၁ဝဝ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
ကိုဂျေ – မြန်မာ့လုပ်ငန်းရှင်ကြီးများ

Leave a Reply