အေလာင္းမင္းတရားကို စိန္ေခၚတုိက္ခုိက္ခဲ့သူ ခင္ဦးစားဦးခ်စ္ညိဳ

Posted on

ခင္ဦးစား ဦးခ်စ္ညိဳကား ဦးေအာင္ေဇယ်ႏွင့္ သင့္ျမတ္မႈ မရွိေသာေၾကာင့္ မြန္မ်ားႏွင့္ သြားေရာက္ပူးေပါင္းခဲ့ေသာ္လည္း အင္းဝပ်က္စဥ္က သူသည္ မိမိအပိုင္စားရရာ ခင္ဦးနယ္သို႔ျပန္ကာ မင္းေလာင္းတစ္ဦးအေနျဖင့္ တပည့္ေနာက္လိုက္မ်ား သိမ္းသြင္းေနခဲ့သည္။ သို႔ေသာ္ ဦးခ်စ္ညိဳသည္ သမိုင္းဝင္တေဘာင္အရ မင္းေလာင္းကား မဟုတ္ေခ်။ အေၾကာင္းမွာ ”ဖိုသံုးဖို တစ္ဖိုမီးေတာက္မည္” ဟူေသာ တေဘာင္စာအရ (၁) နဂါးဗိုလ္မွ ေရႊနဂါး (၂) မုဆိုးဖိုမွ ဦးေအာင္ေဇယ် (၃) မတၱရာအုတ္ဖိုမွ ေကြ႔မင္းဂုဏၰအိမ္ တို႔ကိုသာ ရည္ညႊန္းသည္။

ထိုတေဘာင္သည္ အင္းဝမပ်က္ခင္ လြန္ခဲ့ေသာ၁၀ႏွစ္ကပင္ ေပၚေပါက္ခဲ့သည္။ အင္းဝပ်က္ေသာအခါ ျမန္မာအရာရွိအရာခံမ်ားသည္ ထိုဖို(၃)ဖိုထံ ႀကိဳက္ရာေရြးခ်ယ္ ပါဝင္ၾကသည္။ ဦးခ်စ္ညိဳကား တေဘာင္၌ မပါဝင္ေသာ တသီးပုဂၢလမင္းေလာင္းဟု ဆိုရေပမည္။ အလားတူ မုဆိုးခ်ံဳမွ ဦးတြန္ကလည္း မင္းေလာင္းျပိဳင္ပြဲတြင္ ပါဝင္ဆင္ႏႊဲလိုသည္။ သို႔ေသာ္ ရွမ္းျပည္မွ ေဆးပညာေလ့လာဆည္းပူးျပီး အျပန္တြင္ ဦးေအာင္ေဇယ်ႏွင့္ ဆံုေတြ႔ရာမွ ဦးေအာင္ေဇယ်၏ ဘုန္းလက္ရံုးကို ရိုေသေသာေၾကာင့္ တစ္စင္မေထာင္ေတာ့ပဲ ေနာက္လိုက္ျဖစ္သြားသည္။ (အေလာင္းမင္းတရား၏ ကုန္းေဘာင္ျပည္ေထာင္ဘက္ ျမင္းရည္တက္သူရဲေကာင္း၆က်ိပ္တြင္ မင္းေခါင္ေနာ္ရထာဘြဲ႔ခံ စစ္သူႀကီးမွာ ဦးတြန္ျဖစ္သည္)

အင္းဝေကာင္းစားစဥ္က ခင္ဦးစားဦးလံုသည္ မင္းႀကီးေက်ာ္စြာဘြဲ႔ျဖင့္ အမႈေတာ္ထမ္းသည္။ ဇနီးေဒၚဇံကလားသည္ နကၡတ္ေဗဒင္ တတ္ေျမာက္သည္။ သူတို႔၌ သား၃ေယာက္ရွိရာ ေမာင္ခ်စ္ဝ ေမာင္ခ်စ္ညိဳ ေမာင္ခ်စ္ျမတို႔ ျဖစ္၍ သားလတ္ ေမာင္ခ်စ္ညိဳကို အင္းဝဘုရင္ကပင္ လက်ာၤပ်ံခ်ီဘြဲ႔ေပးကာ ခင္ဦးစားအျဖစ္ ခန္႔အပ္ခဲ့သည္။ ထိုမိသားစုတြင္ မ်ိဳးစပါး၂တင္းခြဲၾကဲရေသာ လယ္ကြက္ရွိရာ လယ္ရိတ္ခ်ိန္ျဖစ္၍ မိခင္ျဖစ္သူက ေကာက္ရိတ္သမား၅ေယာက္အတြက္ ထမင္းထုတ္မ်ား ေမာင္ခ်စ္ညိဳသို႔ေပးကာ လယ္ရိတ္ခိုင္းလိုက္သည္။ ေမာင္ခ်စ္ညိဳက လူရွာမရသျဖင့္ ၅ေယာက္ရိတ္ရမည့္ လယ္ကြက္ကို သူတစ္ေယာက္တည္းရိတ္ကာ ၅ေယာက္စာ ထမင္းထုတ္ကိုလည္း သူတစ္ေယာက္တည္း အဝစားပစ္လိုက္ရာ ၾကားရသူတိုင္း တအံ့တၾသ ခ်ီးမြမ္းၾကသည္။

အင္းဝဘုရင္၏လူယံု ေတာင္ငူရာဇာေခၚစဥ့္ကိုင္ဗိုလ္မွဴးက မင္းေလာင္းဆိုေသာ ဦးခ်စ္ညိဳႏွင့္ ဦးေအာင္ေဇယ်တို႔ ႏွစ္ေယာက္ကို ေခၚယူစစ္ေဆးသည္။ ဦးခ်စ္ညိဳသည္ အရပ္အေမာင္းေကာင္း၍ စြမ္းပကားႀကီးေသာ္လည္း သူ၏ေက်ာမွာ ေက်ာမြဲႀကီးျဖစ္လွ်က္ ဥပဓိရုပ္ခြ်တ္ယြင္းသည္ကို ေတြ႔ရသည္။ ဦးေအာင္ေဇယ်မွာမူကား မင္းေလာင္းသမုတ္သည္မွာ မလိုသူတို႔ ေခ်ာပစ္ျခင္းသာဟု ေျဖဆိုေသာ္လည္း ေျပာဆိုေနထိုင္ပံုေျပျပစ္လွ်က္ ေဆြမ်ိဳးအသိုင္းအဝိုင္း ေတာင့္တင္းေၾကာင္း သိရသည္။ ေတာင္ငူရာဇာက မုဆိုးဖိုရြာ ေရႊတန္ဆာဘုရားအနီး၌ ယာယီနန္းေတာ္တစ္ခု ေဆာက္လုပ္ကာ သူကိုယ္တိုင္ ေခတၱစံျမန္းျခင္းျဖင့္ ယၾတာေခ်သည္။ ”ယၾတာေကာင္းလွ်င္ မင္းေလာင္းပ်က္သည္” ဆိုသည့္အတိုင္း ျပဳလုပ္ျခင္းျဖစ္သည္။

ဦးေအာင္ေဇယ်ႏွင့္ ဦးခ်စ္ညိဳတို႔၏ တိုက္ပြဲ

ဦးခ်စ္ညိဳကား ျမင္းစီး လွံထိုး ႀကိဳးပစ္ စေသာ သူရဲေကာင္းအတတ္၌ ကြ်မ္းက်င္သည္။ သူ႔မိခင္ေဒၚဇံကလားကလည္း ”သား.. မင္းျဖစ္လိုလွ်င္ မုဆိုးဖိုသား ေအာင္ေဇယ်ကို သုတ္သင္ပစ္ရမည္။ ေအာင္ေဇယ်သည္ ကိန္းခန္းႀကီးလွသည္။ ေအာင္ေဇယ်ကို ေစာေစာကပင္ မသုတ္သင္ႏိုင္ခဲ့ေသာ္ အခက္ၾကံဳလိမ့္မည္။ သူ႔ကိုမရလွ်င္ အင္းဝသို႔ဝင္၍ မြန္တို႔ထံ ကြ်န္ခံေလ” ဟုဆိုသည္။ ေဒၚဇံကလားက ေဗဒင္အခါေပးေကာင္း၍ တစ္ေန႔၌ ”ယေန႔သည္ အခါေကာင္းေသာေန႔ျဖစ္၍ မုဆိုးဖိုသားကို အဖမ္းအယူထြက္ေလာ့”ဟု ဆိုေလေသာေၾကာင့္ ဦးခ်စ္ညိဳသည္ ညီျဖစ္သူ ေမာင္ခ်စ္ျမကိုေခၚကာ မုဆိုးဖိုရြာသို႔ ထြက္လာခဲ့သည္။

ထိုေန႔၌ပင္ ဦးေအာင္ေဇယ်ကလည္း ဦးခ်စ္ညိဳကို စည္းရံုးသိမ္းသြင္းရန္ ခင္ဦးျမိဳ႕သို႔ ျမင္းစီး၍ ထြက္လာသည္။ ဦးခ်စ္ညိဳသည္ ”စစ္မႈေရးရာကြ်မ္းက်င္၍ ဗိုလ္ေျခတစ္သိန္းေသာ္လည္း တစ္ေယာက္ႏွင့္ခံႏိုင္သူ” ဟု ယူဆေသာေၾကာင့္ အသာတၾကည္ ေဆြးေႏြးလိုသည္။

လမ္းတြင္ သူတို႔ႏွစ္ဦးရင္ဆိုင္မိရာ ဦးခ်စ္ညိဳက ႀကိဳးကြင္းျဖင့္ပစ္၍ ဦးေအာင္ေဇယ်လည္ပင္းကို ရစ္ပတ္ေလသည္။ ထိုသို႔ရစ္ပတ္ဆြဲငင္ရာ ဦးေအာင္ေဇယ်ႏွင့္တကြ ျမင္းပါ လဲသည္။ ဦးေအာင္ေဇယ်သည္ လဲရာမွထ၍ ႀကိဳးကိုဓားႏွင့္ျဖတ္ေနခိုက္ ဦးခ်စ္ညိဳက လွံႏွင့္ပစ္ေလသည္။ ထိုလွံကို ဦးေအာင္ေဇယ်က ဓားႏွင့္ကာသျဖင့္ လွံခ်က္လြဲသည္။ ထိုအခ်ိန္တြင္ ဦးခ်စ္ညိဳ၏ညီ ေမာင္ခ်စ္ျမက အစ္ကိုျဖစ္သူကို ကူညီရန္အတြက္ ဝင္ေရာက္လာသည္။ ထိုအခါ ထန္းပင္ထက္မွ ထန္းတက္သမားက ”ေယာက်ာၤးခ်င္း တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္ခိုက္ေနသည္ကို အဘယ္ေၾကာင့္ ကူရသနည္း” ဟုဆိုကာ ထန္းပင္ထက္မွဆင္း၍ ေမာက္ခ်စ္ျမကို လည္ပင္းညွစ္ေလသည္။

ဤတြင္ ေမာင္ခ်စ္ျမက ”ကယ္ပါ” ဟုေအာ္ရာ ဦးခ်စ္ညိဳသည္ ဦးေအာင္ေဇယ်ကို လႊတ္ခဲ့၍ ညီျဖစ္သူႏွင့္ထန္းသမားတို႔ လံုးေထြးသတ္ပုတ္ေနေသာ ေနရာသို႔ သြားေလသည္။ သို႔မွ ထန္းသမားလည္း ေမာင္ခ်စ္ျမကိုလႊတ္ကာ ေျပးသည္။ ဦးေအာင္ေဇယ်လည္း ႏွစ္ဦးႏွင့္တစ္ဦး ျဖစ္ေန၍ ျမင္းစီးကာ အျပင္းဆုတ္ခြာေတာ့သည္။ ခင္ဦးျမိဳ႕သို႔ ဦးခ်စ္ညိဳတို႔ညီအစ္ကို ျပန္ေရာက္ေသာ္ မိခင္က ေမးေလသည္။

မိခင္ – ေအာင္ခဲ့၏ေလာ
ဦးခ်စ္ညိဳ – ကြ်န္ေတာ္ႏွင့္ ေအာင္ေဇယ် အေထြးေထြးရွိေနစဥ္ ညီခ်စ္ျမသည္ ထန္းသမားႏွင့္ အခ်င္းျဖစ္ေန၍ ကူညီရန္သြားရပါသည္။ ထိုအေတာအတြင္း ေအာင္ေဇယ်က ျမင္းစီး၍ ခြာေလေသာေၾကာင့္ မေအာင္ျမင္ေလ။

မိခင္ – (ထမီကိုခါလွ်က္) ဟယ္.. သားေမာင္ မွားခဲ့ျပီ။ ဘုရင္လုပ္မည့္သူသည္ ညီဟူ၍ အမွတ္ထားရသေလာ။ ညီဆိုသည္မွာ ေဟာဒီက မိခင္ဝမ္းဗိုက္ရွိသမွ် ရႏိုင္သည္။
ဦးခ်စ္ညိဳ – ညီက ကယ္ပါဟူေသာေၾကာင့္ ကြ်န္ေတာ္ကူမိသည္။

မိခင္ – အခါရေသာ ယေန႔တြင္မွ ေအာင္ေဇယ်ကိုမရလွ်င္ ေနာင္အခါ သူႏွင့္တစ္ကိုယ္ခ်င္း ရင္မဆိုင္ႏွင့္။ မနက္ျဖန္ အင္းဝကိုသြား၍ မြန္တို႔ထံဝင္ေလာ့။
သို႔လွ်င္ ထိုေန႔မွစ၍ ဦးေအာင္ေဇယ်ႏွင့္ ဦးခ်စ္ညိဳတို႔ ရန္မီးပြားကာ ဦးခ်စ္ညိဳသည္ ဒလပန္းတို႔ႏွင့္ ဆက္သြယ္မိခဲ့သည္။

ဦးခ်စ္ညိဳႏွင့္ အဂၢမဟာေသနာပတိဦးေကာင္းတို႔၏ တိုက္ပြဲ

”ေသနတ္ဝန္ဆိုသူကို အမိဖမ္းပါ။ သူ႔ကိုမိလွ်င္ မုဆိုးဖိုကို ငါတို႔အလြယ္ႏွင့္ရမည္”
အင္းဝကိုသိမ္းပိုက္ျပီးေသာ မြန္စစ္ဗိုလ္ခ်ဳပ္ဒလပန္းက အထက္ပါအတိုင္း သူ၏တပ္မွဴးတပ္သားမ်ားကို မွာၾကားသျဖင့္ ျမန္မာလူစြမ္းေကာင္း ဦးေကာင္းသည္ မည္မွ်စြမ္းပကားရွိသည္ကို လြယ္လြယ္ႏွင့္ သိႏိုင္သည္။ အေလာင္းမင္းတရားက ပထမဆံုးေပးေသာ ဘြဲ႔အမည္မွာ ”မင္းေက်ာ္ပ်ံခ်ီ” ျဖစ္လွ်က္ ေနာက္ပိုင္းတြင္ ”အဂၢမဟာေသနာပတိ”ဟူေသာ အျမင့္ဆံုးေသာ စစ္ေရးဘြဲ႔ထူးကို ေပးအပ္ျခင္းခံရသူျဖစ္သည္။ မြန္-ျမန္မာ တိုက္ပြဲအတြင္း သူ႔ကိုပထမဆံုးေတြ႔ျမင္ရသည္မွာ အေလာင္းမင္းတရားက ခင္ဦးစားဦးခ်စ္ညိဳ မတရားယူေဆာင္သြားေသာ ကြ်ဲႏြားမ်ားကို ျမင္းတပ္သား၂၀ျဖင့္ သြားေရာက္တိုက္ယူရန္ တာဝန္ေပးခ်ိန္ျဖစ္သည္။

သို႔ႏွင့္ မုဆိုးဖိုသားႏွင့္ခင္ဦးသားတို႔ ရင္ဆိုင္ေတြ႔ၾကေလေသာ္ ခင္ဦးစားဦးခ်စ္ညိဳက ”ေယာက်ာၤးေကာင္းေသာ္ ထြက္ခဲ့ေစ။ စီးခ်င္းကစားမည္။ ေသနတ္သမားမ်ားက ပြဲၾကည့္ေနၾက” ဟုဆိုေလသည္။ ထို႔ေၾကာင့္ မုဆိုးဖိုသားမ်ားဘက္မွ မင္းေက်ာ္ဗညားဘြဲ႔ခံ ဦးျမတ္ထြန္း ထြက္လာသည္။ ”ငျမတ္ထြန္းႏွင့္ငါ တိုက္ဘက္မတန္။ ငါ့လွံသာ ေသြးစြန္းမည္”။ တစ္ဖန္ မင္းလွေရႊေတာင္ဘြဲ႔ခံ ဦးတြန္ ထြက္လာသည္။ ”ငတြန္ငယ္.. ငါ့လက္စြမ္းကို စဥ့္ကိုင္မွာေနစဥ္ကပင္ နင္သိရင္းျဖစ္သည္။ နင္ႏွင့္ငါ တိုက္ဘက္မတန္”။

ခင္ဦးစားဦးခ်စ္ညိဳက ဦးတြန္ကိုလည္း တိုက္ဖက္မတန္ဟုဆိုကာ ”ငေကာင္း ထြက္ခဲ့” ဟုဆိုေလေသာေၾကာင့္ မင္းေက်ာ္ပ်ံခ်ီဘြဲ႔ခံ ဦးေကာင္းထြက္လာေလရာ ”သည္တစ္ခါေသာ္ ေယာက်ာၤးေကာင္းခ်င္း ေတြ႔ၾကရျပီ။ အေမာင္တို႔တစ္စု ပြဲၾကည့္ကာသာေန” ဆိုကာ ဦးခ်စ္ညိဳသည္ ျမင္းကို သူရဲေကာင္းတို႔စီးဟန္ျဖင့္ အမ်ိဳးမ်ိဳး ကစားျပသည္။ မင္းေက်ာ္ပ်ံခ်ီက လွံကိုခ်ိန္လွ်က္သား ခ်က္ေကာင္းကို ေစာင့္ေနသည္။ ဦးခ်စ္ညိဳက မင္းေက်ာ္ပ်ံခ်ီထံ လွံလ်င္လြတ္လိုက္ရာ ဦးေကာင္း၏လွံရိုးကိုထိ၍ စီးသည့္ျမင္းကကို စြဲေလသည္။ ေသနတ္လုလင္တို႔က ဦးခ်စ္ညိဳကို အသီးသီးခ်ိန္ရြယ္ၾကရာ ”နင္တို႔ ဂတိမတည္ၾကပါကလား” ဆိုကာ ျပန္သြားေလသည္။

ဦးခ်စ္ညိဳျပႆနာကား ဦးေအာင္ေဇယ်အတြက္ စေနာင့္စနင္း ရွိလွသည္။ သူသည္ ျမန္မာအခ်င္းခ်င္း အေရးႀကီးခ်ိန္တြင္ ေသြးစည္းလိုသူမဟုတ္။ ရြာနီးခ်င္းျဖစ္ရာတြင္ ေက်ာင္းေတာ္က ရန္စမ်ားကို ေမ့ပစ္ႏိုင္သူမဟုတ္ေခ်။ တစ္သက္လံုး ဂုဏ္တုဂုဏ္ျပိဳင္ ေနလာခဲ့ျပီးေနာက္ ယခုအခ်ိန္တြင္ ဦးေအာင္ေဇယ်လက္ေအာက္ ခိုဝင္ရမည္မွာ သူ႔အတြက္ ျမိဳမက်ႏိုင္ေသာ အလံုးျဖစ္သည္။

ဦးခ်စ္ညိဳထံ ဦးေအာင္ေဇယ်က စာလႊာပါးရာတြင္ – ”ေမာင္ခ်စ္ညိဳ.. အင္းဝျပည္ႀကီး ပ်က္ဆီးလွ်င္ ငါတို႔ျမန္မာ ရဟန္းရွင္လူ ျပည္သူအမ်ား ဆင္းရဲျခင္းျဖင့္ နစ္မြန္းေလွ်ာ့ပါးၾကရွာမည္ကို ကယ္တင္ေတာ္မူလို၍ မင္းမ်ိဳးမင္းႏြယ္လည္း ျဖစ္သည္ႏွင့္အညီ ျမန္မာ့ဦးစြန္း တည္ထြန္းစိုက္ေဆာင္မည္ ၾကံရြယ္ေတာ္မူသည့္အတိုင္း ခ်ီတက္လာသမွ်ေသာ မြန္စစ္သည္တို႔ကို အႀကိမ္ႀကိမ္ လုပ္ၾကံေအာင္ျမင္ေတာ္မူသည္။ မင္းသည္ ေက်ာ္ေစာေသာ ျမန္မာသူရဲေကာင္းျဖစ္ပါလွ်က္ ေယာက်ာၤးမပီ၊ မြန္တို႔ထံ ကြ်န္ခံသည္။ ငါ့ထံသို႔ဝင္၍ အမႈေတာ္ထမ္းလွ်င္ သားမယား ေဆြမ်ိဳးႏွင့္တကြ သူေကာင္းျပဳေတာ္မူမည္” ဟု ပါရွိသည္။ ဦးခ်စ္ညိဳက ထိုစာကိုဖတ္ကာ – ” ငါက သူ႔ထံဝင္စားေသာ္လည္း ေရွးမဆြက ရန္စရန္ငုတ္ရွိသည္ျဖစ္၍ အသက္အႏၲရာယ္မလြတ္တန္ရာ။ ပရိယာယ္သာ ျဖစ္ဖို႔မ်ားသည္” ဟုဆိုကာ ”ျမန္မာအခ်င္းခ်င္း မရွစ္ခိုးလို။ မြန္တို႔ကိုသာ ရွစ္ခိုးေတာ့မည္” ဟု ခပ္တိုတိုျပန္ၾကားေလသည္။

ထို႔ေနာက္ ဦးေအာင္ေဇယ်ကိုယ္တိုင္ ခင္ဦးျမိဳ႕သို႔ ခ်ီတက္ဝန္းရံခဲ့သည္။ ဦးခ်စ္ညိဳက ျမင္းစီးထြက္လာရာ လက္ေျဖာင့္ေသာ သူရိန္ေဒဝက ေသနတ္ျဖင့္ပစ္ရာ ျမင္းကိုထိမွန္၍ လဲေလသည္။ ဦးခ်စ္ညိဳက လဲေသာျမင္းကိုထားခဲ့ျပီး တပ္တြင္းဝင္ကာ ေနာက္ထပ္ျမင္းတစ္စီးျဖင့္ ထြက္လာျပန္သည္။ ေသနတ္တပ္မ်ားကိုေရွာင္၍ ျမင္းတပ္သို႔ အတင္းတိုးဝင္သည္။ ဦးခ်စ္ညိဳႀကိမ္းဝါးသည္ကား – ”နင္လည္း ေအာင္ေဇယ်၊ ငါလည္း ခ်စ္ညိဳ။ ခံႏိုင္ေအာင္ခံ”။ ဦးေအာင္ေဇယ်က ျပန္ဟစ္သည္မွာ ”နင့္ကိုသာ ငါရွာသည္။ နင္လည္း ခ်စ္ညိဳ၊ ငါလည္း ေအာင္ေဇယ်။ နင္ေယာက်ာၤးေကာင္းဆို ထြက္ခဲ့”။ ဦးေအာင္ေဇယ် ၾကံ့ၾက့ံခံေနရာသို႔ ဦးခ်စ္ညိဳေရာက္လာျပီး ေခတၱမွ်အမ္းေနျပီးမွ ျမင္းဦးလွည့္ကာ ဆုတ္ခြာေလသည္။

ဦးခ်စ္ညိဳက အင္းဝျမိဳ႕ရွိ မြန္တို႔ထံ စစ္သည္၃၀၀၀အကူေတာင္းကာ ခုခံသည္။ သို႔ေသာ္ စည္သာမင္းႀကီးဦးစည္းစိမ္က ျမိဳ႕ကိုေဖာက္ထြင္း၍ တိုက္ႏိုင္ရာ ခင္ဦးျမိဳ႕က်ေလသည္။ ဦးခ်စ္ညိဳလည္း မဟာျမိဳင္ကြ်န္းေတာႀကီးအတြင္း ထြက္ေျပးလြတ္ေျမာက္သြားသည္။ အေလာင္းမင္းတရား မင္းေက်ာ္ပ်ံခ်ီဦးေကာင္းအား လက္နက္ကိုင္၂၀၀၀ေပး၍ လိုက္လံတိုက္ခိုက္ေစသည္။ ကြ်န္းေတာတပ္ပ်က္ေလေသာ္ ဦးခ်စ္ညိဳသည္ မြန္ဗိုလ္မွဴးရာဇာဓိရာဇ္ရွိရာ မင္းကင္းျမိဳ႕သို႔ ေျပးေလသည္။ ”ခ်စ္ညိဳကို လက္ရ ဖမ္းဆီးရမည္”ဟု အမိန္႔ေတာ္ ထပ္မံေရာက္လာသျဖင့္ ဦးခ်စ္ညိဳေျပးရာသို႔ မင္းေက်ာ္ပ်ံခ်ီဦးေကာင္းက ေကာက္ေကာက္ပါေအာင္ လိုက္သည္။

မြန္ဗိုလ္မွဴးရာဇာဓိရာဇ္သည္ ဦးေအာင္ေဇယ်ထံ လက္နက္ခ်လို၍ ”ငါတို႔ဆရာ ေတာင္ငူရာဇာလည္း မရွိေတာ့ျပီ။ ဦးေအာင္ေဇယ် ဘုန္းတန္ခိုး လက္ရံုးရည္သည္လည္း ဒီေရပမာ တက္ေနသည္။ အမွီရွာမွသင့္မည္”ဟု ဦးခ်စ္ညိဳႏွင့္ တိုင္ပင္သည္။ ဦးခ်စ္ညိဳက ”ကြ်န္ေတာ္ မုဆိုးဖုိမင္း၏သစၥာကို မခံလို။ ဗိုလ္မင္းသာ ခံပါေလ” ဟုဆိုကာ မြန္ဥပရာဇာတပ္သို႔ ဝင္ေလသည္။ သို႔ေသာ္ မြန္စစ္ဗိုလ္ဒလပန္းက မသကၤာသျဖင့္ ဦးခ်စ္ညိဳကို ဖမ္းဆီးကာ ဆံုတြင္ထည့္၍ ေထာင္းသတ္လိုက္ေလရာ ခင္ဦးစားဦးခ်စ္ညိဳဇာတ္ တစ္ခန္းရပ္သြားေလသည္။

မင္းေက်ာ္ပ်ံခ်ီဦးေကာင္းမွာလည္း အေလာင္းမင္းတရား မွာေတာ္မူသည့္အတိုင္း ဦးခ်စ္ညိဳကို အရွင္လတ္လတ္ဖမ္း၍ မဆက္သႏိုင္ ျဖစ္ခဲ့ရေလသည္။


အလောင်းမင်းတရားကို စိန်ခေါ်ခဲ့သော ခင်ဦးစားဦးချစ်ညို (unicode)

ခင်ဦးစား ဦးချစ်ညိုကား ဦးအောင်ဇေယျနှင့် သင့်မြတ်မှု မရှိသောကြောင့် မွန်များနှင့် သွားရောက်ပူးပေါင်းခဲ့သော်လည်း အင်းဝပျက်စဉ်က သူသည် မိမိအပိုင်စားရရာ ခင်ဦးနယ်သို့ပြန်ကာ မင်းလောင်းတစ်ဦးအနေဖြင့် တပည့်နောက်လိုက်များ သိမ်းသွင်းနေခဲ့သည်။ သို့သော် ဦးချစ်ညိုသည် သမိုင်းဝင်တဘောင်အရ မင်းလောင်းကား မဟုတ်ချေ။ အကြောင်းမှာ ”ဖိုသုံးဖို တစ်ဖိုမီးတောက်မည်” ဟူသော တဘောင်စာအရ (၁) နဂါးဗိုလ်မှ ရွှေနဂါး (၂) မုဆိုးဖိုမှ ဦးအောင်ဇေယျ (၃) မတ္တရာအုတ်ဖိုမှ ကွေ့မင်းဂုဏ္ဏအိမ် တို့ကိုသာ ရည်ညွှန်းသည်။

ထိုတဘောင်သည် အင်းဝမပျက်ခင် လွန်ခဲ့သော၁၀နှစ်ကပင် ပေါ်ပေါက်ခဲ့သည်။ အင်းဝပျက်သောအခါ မြန်မာအရာရှိအရာခံများသည် ထိုဖို(၃)ဖိုထံ ကြိုက်ရာရွေးချယ် ပါဝင်ကြသည်။ ဦးချစ်ညိုကား တဘောင်၌ မပါဝင်သော တသီးပုဂ္ဂလမင်းလောင်းဟု ဆိုရပေမည်။ အလားတူ မုဆိုးချုံမှ ဦးတွန်ကလည်း မင်းလောင်းပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲလိုသည်။ သို့သော် ရှမ်းပြည်မှ ဆေးပညာလေ့လာဆည်းပူးပြီး အပြန်တွင် ဦးအောင်ဇေယျနှင့် ဆုံတွေ့ရာမှ ဦးအောင်ဇေယျ၏ ဘုန်းလက်ရုံးကို ရိုသေသောကြောင့် တစ်စင်မထောင်တော့ပဲ နောက်လိုက်ဖြစ်သွားသည်။ (အလောင်းမင်းတရား၏ ကုန်းဘောင်ပြည်ထောင်ဘက် မြင်းရည်တက်သူရဲကောင်း၆ကျိပ်တွင် မင်းခေါင်နော်ရထာဘွဲ့ခံ စစ်သူကြီးမှာ ဦးတွန်ဖြစ်သည်)

အင်းဝကောင်းစားစဉ်က ခင်ဦးစားဦးလုံသည် မင်းကြီးကျော်စွာဘွဲ့ဖြင့် အမှုတော်ထမ်းသည်။ ဇနီးဒေါ်ဇံကလားသည် နက္ခတ်ဗေဒင် တတ်မြောက်သည်။ သူတို့၌ သား၃ယောက်ရှိရာ မောင်ချစ်ဝ မောင်ချစ်ညို မောင်ချစ်မြတို့ ဖြစ်၍ သားလတ် မောင်ချစ်ညိုကို အင်းဝဘုရင်ကပင် လကျာၤပျံချီဘွဲ့ပေးကာ ခင်ဦးစားအဖြစ် ခန့်အပ်ခဲ့သည်။ ထိုမိသားစုတွင် မျိုးစပါး၂တင်းခွဲကြဲရသော လယ်ကွက်ရှိရာ လယ်ရိတ်ချိန်ဖြစ်၍ မိခင်ဖြစ်သူက ကောက်ရိတ်သမား၅ယောက်အတွက် ထမင်းထုတ်များ မောင်ချစ်ညိုသို့ပေးကာ လယ်ရိတ်ခိုင်းလိုက်သည်။ မောင်ချစ်ညိုက လူရှာမရသဖြင့် ၅ယောက်ရိတ်ရမည့် လယ်ကွက်ကို သူတစ်ယောက်တည်းရိတ်ကာ ၅ယောက်စာ ထမင်းထုတ်ကိုလည်း သူတစ်ယောက်တည်း အဝစားပစ်လိုက်ရာ ကြားရသူတိုင်း တအံ့တဩ ချီးမွမ်းကြသည်။

အင်းဝဘုရင်၏လူယုံ တောင်ငူရာဇာခေါ်စဉ့်ကိုင်ဗိုလ်မှူးက မင်းလောင်းဆိုသော ဦးချစ်ညိုနှင့် ဦးအောင်ဇေယျတို့ နှစ်ယောက်ကို ခေါ်ယူစစ်ဆေးသည်။ ဦးချစ်ညိုသည် အရပ်အမောင်းကောင်း၍ စွမ်းပကားကြီးသော်လည်း သူ၏ကျောမှာ ကျောမွဲကြီးဖြစ်လျှက် ဥပဓိရုပ်ချွတ်ယွင်းသည်ကို တွေ့ရသည်။ ဦးအောင်ဇေယျမှာမူကား မင်းလောင်းသမုတ်သည်မှာ မလိုသူတို့ ချောပစ်ခြင်းသာဟု ဖြေဆိုသော်လည်း ပြောဆိုနေထိုင်ပုံပြေပြစ်လျှက် ဆွေမျိုးအသိုင်းအဝိုင်း တောင့်တင်းကြောင်း သိရသည်။ တောင်ငူရာဇာက မုဆိုးဖိုရွာ ရွှေတန်ဆာဘုရားအနီး၌ ယာယီနန်းတော်တစ်ခု ဆောက်လုပ်ကာ သူကိုယ်တိုင် ခေတ္တစံမြန်းခြင်းဖြင့် ယတြာချေသည်။ ”ယတြာကောင်းလျှင် မင်းလောင်းပျက်သည်” ဆိုသည့်အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။

ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့၏ တိုက်ပွဲ

ဦးချစ်ညိုကား မြင်းစီး လှံထိုး ကြိုးပစ် စသော သူရဲကောင်းအတတ်၌ ကျွမ်းကျင်သည်။ သူ့မိခင်ဒေါ်ဇံကလားကလည်း ”သား.. မင်းဖြစ်လိုလျှင် မုဆိုးဖိုသား အောင်ဇေယျကို သုတ်သင်ပစ်ရမည်။ အောင်ဇေယျသည် ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင် မသုတ်သင်နိုင်ခဲ့သော် အခက်ကြုံလိမ့်မည်။ သူ့ကိုမရလျှင် အင်းဝသို့ဝင်၍ မွန်တို့ထံ ကျွန်ခံလေ” ဟုဆိုသည်။ ဒေါ်ဇံကလားက ဗေဒင်အခါပေးကောင်း၍ တစ်နေ့၌ ”ယနေ့သည် အခါကောင်းသောနေ့ဖြစ်၍ မုဆိုးဖိုသားကို အဖမ်းအယူထွက်လော့”ဟု ဆိုလေသောကြောင့် ဦးချစ်ညိုသည် ညီဖြစ်သူ မောင်ချစ်မြကိုခေါ်ကာ မုဆိုးဖိုရွာသို့ ထွက်လာခဲ့သည်။

ထိုနေ့၌ပင် ဦးအောင်ဇေယျကလည်း ဦးချစ်ညိုကို စည်းရုံးသိမ်းသွင်းရန် ခင်ဦးမြို့သို့ မြင်းစီး၍ ထွက်လာသည်။ ဦးချစ်ညိုသည် ”စစ်မှုရေးရာကျွမ်းကျင်၍ ဗိုလ်ခြေတစ်သိန်းသော်လည်း တစ်ယောက်နှင့်ခံနိုင်သူ” ဟု ယူဆသောကြောင့် အသာတကြည် ဆွေးနွေးလိုသည်။

လမ်းတွင် သူတို့နှစ်ဦးရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းဖြင့်ပစ်၍ ဦးအောင်ဇေယျလည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ရစ်ပတ်ဆွဲငင်ရာ ဦးအောင်ဇေယျနှင့်တကွ မြင်းပါ လဲသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကိုဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညိုက လှံနှင့်ပစ်လေသည်။ ထိုလှံကို ဦးအောင်ဇေယျက ဓားနှင့်ကာသဖြင့် လှံချက်လွဲသည်။ ထိုအချိန်တွင် ဦးချစ်ညို၏ညီ မောင်ချစ်မြက အစ်ကိုဖြစ်သူကို ကူညီရန်အတွက် ဝင်ရောက်လာသည်။ ထိုအခါ ထန်းပင်ထက်မှ ထန်းတက်သမားက ”ယောကျာၤးချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည်ကို အဘယ်ကြောင့် ကူရသနည်း” ဟုဆိုကာ ထန်းပင်ထက်မှဆင်း၍ မောက်ချစ်မြကို လည်ပင်းညှစ်လေသည်။

ဤတွင် မောင်ချစ်မြက ”ကယ်ပါ” ဟုအော်ရာ ဦးချစ်ညိုသည် ဦးအောင်ဇေယျကို လွှတ်ခဲ့၍ ညီဖြစ်သူနှင့်ထန်းသမားတို့ လုံးထွေးသတ်ပုတ်နေသော နေရာသို့ သွားလေသည်။ သို့မှ ထန်းသမားလည်း မောင်ချစ်မြကိုလွှတ်ကာ ပြေးသည်။ ဦးအောင်ဇေယျလည်း နှစ်ဦးနှင့်တစ်ဦး ဖြစ်နေ၍ မြင်းစီးကာ အပြင်းဆုတ်ခွာတော့သည်။ ခင်ဦးမြို့သို့ ဦးချစ်ညိုတို့ညီအစ်ကို ပြန်ရောက်သော် မိခင်က မေးလေသည်။

မိခင် – အောင်ခဲ့၏လော
ဦးချစ်ညို – ကျွန်တော်နှင့် အောင်ဇေယျ အထွေးထွေးရှိနေစဉ် ညီချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်နေ၍ ကူညီရန်သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျက မြင်းစီး၍ ခွာလေသောကြောင့် မအောင်မြင်လေ။

မိခင် – (ထမီကိုခါလျှက်) ဟယ်.. သားမောင် မှားခဲ့ပြီ။ ဘုရင်လုပ်မည့်သူသည် ညီဟူ၍ အမှတ်ထားရသလော။ ညီဆိုသည်မှာ ဟောဒီက မိခင်ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။
ဦးချစ်ညို – ညီက ကယ်ပါဟူသောကြောင့် ကျွန်တော်ကူမိသည်။

မိခင် – အခါရသော ယနေ့တွင်မှ အောင်ဇေယျကိုမရလျှင် နောင်အခါ သူနှင့်တစ်ကိုယ်ချင်း ရင်မဆိုင်နှင့်။ မနက်ဖြန် အင်းဝကိုသွား၍ မွန်တို့ထံဝင်လော့။
သို့လျှင် ထိုနေ့မှစ၍ ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့ ရန်မီးပွားကာ ဦးချစ်ညိုသည် ဒလပန်းတို့နှင့် ဆက်သွယ်မိခဲ့သည်။

ဦးချစ်ညိုနှင့် အဂ္ဂမဟာသေနာပတိဦးကောင်းတို့၏ တိုက်ပွဲ

”သေနတ်ဝန်ဆိုသူကို အမိဖမ်းပါ။ သူ့ကိုမိလျှင် မုဆိုးဖိုကို ငါတို့အလွယ်နှင့်ရမည်”
အင်းဝကိုသိမ်းပိုက်ပြီးသော မွန်စစ်ဗိုလ်ချုပ်ဒလပန်းက အထက်ပါအတိုင်း သူ၏တပ်မှူးတပ်သားများကို မှာကြားသဖြင့် မြန်မာလူစွမ်းကောင်း ဦးကောင်းသည် မည်မျှစွမ်းပကားရှိသည်ကို လွယ်လွယ်နှင့် သိနိုင်သည်။ အလောင်းမင်းတရားက ပထမဆုံးပေးသော ဘွဲ့အမည်မှာ ”မင်းကျော်ပျံချီ” ဖြစ်လျှက် နောက်ပိုင်းတွင် ”အဂ္ဂမဟာသေနာပတိ”ဟူသော အမြင့်ဆုံးသော စစ်ရေးဘွဲ့ထူးကို ပေးအပ်ခြင်းခံရသူဖြစ်သည်။ မွန်-မြန်မာ တိုက်ပွဲအတွင်း သူ့ကိုပထမဆုံးတွေ့မြင်ရသည်မှာ အလောင်းမင်းတရားက ခင်ဦးစားဦးချစ်ညို မတရားယူဆောင်သွားသော ကျွဲနွားများကို မြင်းတပ်သား၂၀ဖြင့် သွားရောက်တိုက်ယူရန် တာဝန်ပေးချိန်ဖြစ်သည်။

သို့နှင့် မုဆိုးဖိုသားနှင့်ခင်ဦးသားတို့ ရင်ဆိုင်တွေ့ကြလေသော် ခင်ဦးစားဦးချစ်ညိုက ”ယောကျာၤးကောင်းသော် ထွက်ခဲ့စေ။ စီးချင်းကစားမည်။ သေနတ်သမားများက ပွဲကြည့်နေကြ” ဟုဆိုလေသည်။ ထို့ကြောင့် မုဆိုးဖိုသားများဘက်မှ မင်းကျော်ဗညားဘွဲ့ခံ ဦးမြတ်ထွန်း ထွက်လာသည်။ ”ငမြတ်ထွန်းနှင့်ငါ တိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းမည်”။ တစ်ဖန် မင်းလှရွှေတောင်ဘွဲ့ခံ ဦးတွန် ထွက်လာသည်။ ”ငတွန်ငယ်.. ငါ့လက်စွမ်းကို စဉ့်ကိုင်မှာနေစဉ်ကပင် နင်သိရင်းဖြစ်သည်။ နင်နှင့်ငါ တိုက်ဘက်မတန်”။

ခင်ဦးစားဦးချစ်ညိုက ဦးတွန်ကိုလည်း တိုက်ဖက်မတန်ဟုဆိုကာ ”ငကောင်း ထွက်ခဲ့” ဟုဆိုလေသောကြောင့် မင်းကျော်ပျံချီဘွဲ့ခံ ဦးကောင်းထွက်လာလေရာ ”သည်တစ်ခါသော် ယောကျာၤးကောင်းချင်း တွေ့ကြရပြီ။ အမောင်တို့တစ်စု ပွဲကြည့်ကာသာနေ” ဆိုကာ ဦးချစ်ညိုသည် မြင်းကို သူရဲကောင်းတို့စီးဟန်ဖြင့် အမျိုးမျိုး ကစားပြသည်။ မင်းကျော်ပျံချီက လှံကိုချိန်လျှက်သား ချက်ကောင်းကို စောင့်နေသည်။ ဦးချစ်ညိုက မင်းကျော်ပျံချီထံ လှံလျင်လွတ်လိုက်ရာ ဦးကောင်း၏လှံရိုးကိုထိ၍ စီးသည့်မြင်းကကို စွဲလေသည်။ သေနတ်လုလင်တို့က ဦးချစ်ညိုကို အသီးသီးချိန်ရွယ်ကြရာ ”နင်တို့ ဂတိမတည်ကြပါကလား” ဆိုကာ ပြန်သွားလေသည်။

ဦးချစ်ညိုပြဿနာကား ဦးအောင်ဇေယျအတွက် စနောင့်စနင်း ရှိလှသည်။ သူသည် မြန်မာအချင်းချင်း အရေးကြီးချိန်တွင် သွေးစည်းလိုသူမဟုတ်။ ရွာနီးချင်းဖြစ်ရာတွင် ကျောင်းတော်က ရန်စများကို မေ့ပစ်နိုင်သူမဟုတ်ချေ။ တစ်သက်လုံး ဂုဏ်တုဂုဏ်ပြိုင် နေလာခဲ့ပြီးနောက် ယခုအချိန်တွင် ဦးအောင်ဇေယျလက်အောက် ခိုဝင်ရမည်မှာ သူ့အတွက် မြိုမကျနိုင်သော အလုံးဖြစ်သည်။

ဦးချစ်ညိုထံ ဦးအောင်ဇေယျက စာလွှာပါးရာတွင် – ”မောင်ချစ်ညို.. အင်းဝပြည်ကြီး ပျက်ဆီးလျှင် ငါတို့မြန်မာ ရဟန်းရှင်လူ ပြည်သူအများ ဆင်းရဲခြင်းဖြင့် နစ်မွန်းလျှော့ပါးကြရှာမည်ကို ကယ်တင်တော်မူလို၍ မင်းမျိုးမင်းနွယ်လည်း ဖြစ်သည်နှင့်အညီ မြန်မာ့ဦးစွန်း တည်ထွန်းစိုက်ဆောင်မည် ကြံရွယ်တော်မူသည့်အတိုင်း ချီတက်လာသမျှသော မွန်စစ်သည်တို့ကို အကြိမ်ကြိမ် လုပ်ကြံအောင်မြင်တော်မူသည်။ မင်းသည် ကျော်စောသော မြန်မာသူရဲကောင်းဖြစ်ပါလျှက် ယောကျာၤးမပီ၊ မွန်တို့ထံ ကျွန်ခံသည်။ ငါ့ထံသို့ဝင်၍ အမှုတော်ထမ်းလျှင် သားမယား ဆွေမျိုးနှင့်တကွ သူကောင်းပြုတော်မူမည်” ဟု ပါရှိသည်။ ဦးချစ်ညိုက ထိုစာကိုဖတ်ကာ – ” ငါက သူ့ထံဝင်စားသော်လည်း ရှေးမဆွက ရန်စရန်ငုတ်ရှိသည်ဖြစ်၍ အသက်အန္တရာယ်မလွတ်တန်ရာ။ ပရိယာယ်သာ ဖြစ်ဖို့များသည်” ဟုဆိုကာ ”မြန်မာအချင်းချင်း မရှစ်ခိုးလို။ မွန်တို့ကိုသာ ရှစ်ခိုးတော့မည်” ဟု ခပ်တိုတိုပြန်ကြားလေသည်။

ထို့နောက် ဦးအောင်ဇေယျကိုယ်တိုင် ခင်ဦးမြို့သို့ ချီတက်ဝန်းရံခဲ့သည်။ ဦးချစ်ညိုက မြင်းစီးထွက်လာရာ လက်ဖြောင့်သော သူရိန်ဒေဝက သေနတ်ဖြင့်ပစ်ရာ မြင်းကိုထိမှန်၍ လဲလေသည်။ ဦးချစ်ညိုက လဲသောမြင်းကိုထားခဲ့ပြီး တပ်တွင်းဝင်ကာ နောက်ထပ်မြင်းတစ်စီးဖြင့် ထွက်လာပြန်သည်။ သေနတ်တပ်များကိုရှောင်၍ မြင်းတပ်သို့ အတင်းတိုးဝင်သည်။ ဦးချစ်ညိုကြိမ်းဝါးသည်ကား – ”နင်လည်း အောင်ဇေယျ၊ ငါလည်း ချစ်ညို။ ခံနိုင်အောင်ခံ”။ ဦးအောင်ဇေယျက ပြန်ဟစ်သည်မှာ ”နင့်ကိုသာ ငါရှာသည်။ နင်လည်း ချစ်ညို၊ ငါလည်း အောင်ဇေယျ။ နင်ယောကျာၤးကောင်းဆို ထွက်ခဲ့”။ ဦးအောင်ဇေယျ ကြံ့ကြံ့ခံနေရာသို့ ဦးချစ်ညိုရောက်လာပြီး ခေတ္တမျှအမ်းနေပြီးမှ မြင်းဦးလှည့်ကာ ဆုတ်ခွာလေသည်။

ဦးချစ်ညိုက အင်းဝမြို့ရှိ မွန်တို့ထံ စစ်သည်၃၀၀ဝအကူတောင်းကာ ခုခံသည်။ သို့သော် စည်သာမင်းကြီးဦးစည်းစိမ်က မြို့ကိုဖောက်ထွင်း၍ တိုက်နိုင်ရာ ခင်ဦးမြို့ကျလေသည်။ ဦးချစ်ညိုလည်း မဟာမြိုင်ကျွန်းတောကြီးအတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။ အလောင်းမင်းတရား မင်းကျော်ပျံချီဦးကောင်းအား လက်နက်ကိုင်၂၀၀၀ပေး၍ လိုက်လံတိုက်ခိုက်စေသည်။ ကျွန်းတောတပ်ပျက်လေသော် ဦးချစ်ညိုသည် မွန်ဗိုလ်မှူးရာဇာဓိရာဇ်ရှိရာ မင်းကင်းမြို့သို့ ပြေးလေသည်။ ”ချစ်ညိုကို လက်ရ ဖမ်းဆီးရမည်”ဟု အမိန့်တော် ထပ်မံရောက်လာသဖြင့် ဦးချစ်ညိုပြေးရာသို့ မင်းကျော်ပျံချီဦးကောင်းက ကောက်ကောက်ပါအောင် လိုက်သည်။

မွန်ဗိုလ်မှူးရာဇာဓိရာဇ်သည် ဦးအောင်ဇေယျထံ လက်နက်ချလို၍ ”ငါတို့ဆရာ တောင်ငူရာဇာလည်း မရှိတော့ပြီ။ ဦးအောင်ဇေယျ ဘုန်းတန်ခိုး လက်ရုံးရည်သည်လည်း ဒီရေပမာ တက်နေသည်။ အမှီရှာမှသင့်မည်”ဟု ဦးချစ်ညိုနှင့် တိုင်ပင်သည်။ ဦးချစ်ညိုက ”ကျွန်တော် မုဆိုးဖိုမင်း၏သစ္စာကို မခံလို။ ဗိုလ်မင်းသာ ခံပါလေ” ဟုဆိုကာ မွန်ဥပရာဇာတပ်သို့ ဝင်လေသည်။ သို့သော် မွန်စစ်ဗိုလ်ဒလပန်းက မသင်္ကာသဖြင့် ဦးချစ်ညိုကို ဖမ်းဆီးကာ ဆုံတွင်ထည့်၍ ထောင်းသတ်လိုက်လေရာ ခင်ဦးစားဦးချစ်ညိုဇာတ် တစ်ခန်းရပ်သွားလေသည်။

မင်းကျော်ပျံချီဦးကောင်းမှာလည်း အလောင်းမင်းတရား မှာတော်မူသည့်အတိုင်း ဦးချစ်ညိုကို အရှင်လတ်လတ်ဖမ်း၍ မဆက်သနိုင် ဖြစ်ခဲ့ရလေသည်။

Leave a Reply