ကမာၻ႔အေအာင္ျမင္ဆုံး ကုမၸဏီႀကီးေတြ ဘယ္လုိစျဖစ္ခဲ့ၾကသလဲ

Posted on

ဘာသာျပန္သူ – ေသာၾကာငယ္

ကမာၻ ့မဟာကုမၸဏီၾကီးမ်ားသည္ ယေန ့ေခတ္အခါတြင္ ေတာက္ေျပာင္လွေသာ ေကာ္ပုိရိတ္ေနရာမ်ားတြင္ ေနရာယူထားၾကေသာ္ျငားလည္း တစ္ခ်ိန္တုန္းက ၄င္းတုိ ့သည္ ယခုလုိေနရာမ်ားႏွင့္ ကြဲျပားျခားနားလွေသာ ပတ္ဝန္းက်င္တြင္ အစျပဳခဲ့ၾကရပါသည္။ ထုိအေၾကာင္းကို ေအာက္ပါ သာဓကမ်ားျဖင့္ ဆန္းစစ္ေလ့လာႏုိင္ပါသည္။

Amazon

ကမာၻ ့အေအာင္ျမင္ဆုံးႏွင့္ အၾကီးဆုံး အြန္လုိင္းစတုိးျဖစ္ေသာ Amazon.com သည္ ၁၉၉၄တြင္ အြန္လုိင္းစာအုပ္ဆုိင္အေနႏွင့္ စတင္အသက္ဝင္ခဲ့သည္။ အဲဒီအခ်ိန္တုန္းက ဘယ္လီဗ်ဴး၊ ဝါရွင္တန္တြင္ရွိေသာ ဂ်က္ဖ္ ဘီဇို႔စ္၏ ကားဂုိေဒါင္ေလးမွသာ အလုံးစုံစတင္ခဲ့သည္။ ဘီဇို႔စ္ဟာ သူ ့ရဲ ့ပထမဦးဆုံးေသာ စာအုပ္ကုိ ၁၉၉၅ ဇူလုိင္မွာ စတင္ေရာင္းခ်ခဲ့ရျပီး ႏွစ္ႏွစ္ၾကာျပီးေနာက္ ၁၉၉၇မွ စေတာ့ေစ်းကြက္တြင္ စာရင္းဝင္ခဲ့သည္။ ယခုအခါ Amazon.com သည္ ၀န္ထမ္းေပါင္း ၅သိန္း၆ေသာင္းရွိသည့္ အႀကီးဆုံးကုမၸဏီႀကီးတစ္ခုျဖစ္လာၿပီး ၂၀၁၇တစ္ႏွစ္တည္းမွာပင္ အေမရိကန္ေဒၚလာ ၁၇၇.၈ဘီလ်ံ အျမတ္ရခဲ့ေလသည္။

Apple

၁၉၇၆မွာ အသက္၂၁ႏွစ္နဲ ့ ၂၆ႏွစ္ အသီးသီးရွိတဲ့ စတိဗ္ေဂ်ာ့ဘ္ႏွင့္ စတိဗ္ေဝါ့ဇ္နီးယက္(က) က ေဝါ့ဇ္နီးယက္(က)ရဲ ့ အက္ပဲလ္ကြန္ပ်ဴတာ အလုံး ၅ဝ ကုိ တစ္လုံးေဒၚလာ ၅ဝဝ ႏွင့္ ေဒသခံလက္လီအေရာင္းဆုိင္ကုိ ေရာင္းခ်ျခင္းျဖင့္ အက္ပဲလ္ကြန္ပ်ဴတာကုိ စတင္ခဲ့သည္။ ေဂ်ာ့ဘ္သည္ အဝယ္လွ ြာမ်ားကုိ အစိတ္အပုိင္းျဖန္ ့ေဝသူတစ္ေယာက္ထံ ယူသြားျပီးမွ အစိတ္အပုိင္းေတြကုိ မွာယူခဲ့သည္။ သူတုိ ့ႏွင့့္ ေသးငယ္လွေသာ အသင္းအဖြဲ ့ေလးသည္ က်ဴပါတီႏုိ၊ ကယ္လီဖုိးနီးယားမွာ ရွိတဲ့ ကားဂုိေဒါင္ေလးကေန ရက္၃ဝအတြင္းမွာ ကြန္ပ်ဴတာအလုံး၅ဝကုိ လက္ျဖင့္ျပဳလုပ္ခဲ့သည္။ အက္ပဲလ္သည္ လက္ရွိအခ်ိန္တြင္ ကမာၻေပၚတြင္ တန္ဖုိးအၾကီးမားဆုံး နည္းပညာကုမၸဏီႀကီးျဖစ္လာခဲ့သည္။

Disney

အန္နာဟိမ္း၊ ကယ္လီဖုိးနီးယားမွာ ရွိတဲ့ ဒစၥနီလန္းပတ္ခ္ကေန ၄၅မိနစ္ေလာက္ လမ္းေအာက္ေလ်ွာက္လုိက္လ်ွင္ ေလာ့စ္အန္ဂ်လိစ္တြင္ အိမ္တစ္လုံးရွိပါသည္။ ယင္းသည္ ေဝါ့ဒစၥနီကုမၸဏီ အစပ်ိဳးခဲ့ေသာေနရာျဖစ္သည္။ ၁၉၆၃မွာ ဒီအိမ္ကုိ ေဝါ့ဒစၥနီရဲ ့ဦးေလး ေရာဘတ္ဒစၥနီက ပုိင္ဆုိင္ပါတယ္။ ေဝါ့လ္္(ဒ္)နဲ ့ သူ ့အကုိ ရြိဳင္းတုိ ့ဟာ သူတို ့ဦးေလးႏွင့္အတူ ေရႊ႕ေျပာင္းလာျပီးေနာက္ ကားတစ္စီးသာဆန္ ့တဲ့ ကားဂုိေဒါင္ကေန ပထမဦးဆုံးေသာ ဒစၥနီစတူဒီယုိကုိ ထူေထာင္ခဲ့သည္။ ဒစၥနီသည္ လက္ရွိအခ်ိန္တြင္ အေအာင္ျမင္ဆုံးႏွင့္ လူသိအမ်ားဆုံး ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္လာခဲ့သည္။

Google

စတန္းဖုိ ့ဒ္ေက်ာင္းထြက္ေက်ာင္းသားမ်ားျဖစ္တဲ့ လယ္ရီေပ့ခ်္နဲ ့ ဆာဂ်ီဘရင္းဟာ စူဆန္ေဝါ့စၥကီးရဲ ့ကားဂုိေဒါင္ကေန ယေန ့Googleလုိ ့သိတဲ့ဟာကုိ ၁၉၉၈ စက္တင္ဘာမွာ စတင္ခဲ့သည္။ ဒီစီမံကိန္းဟာ သူတုိ ့ရဲ ့ေက်ာင္းစာေတြေၾကာင့္ အတားအဆီးျဖစ္ခဲ့ေၾကာင္း မၾကာခင္မွာပဲ သိခဲ့ၾကသည္။ ထုုိ႔ေၾကာင့္ ထုိအခ်ိန္က နာမည္ႀကီး အင္တာနက္ရွာေဖြေရးအင္ဂ်င္ ကုမၸဏီတစ္ခုျဖစ္သည့္ Excite ထံ ေဒၚလာတစ္သန္းႏွင့္ ေရာင္းခ်ရန္ကမ္းလွမ္းခဲ့သည္။ သို႔ေသာ္ Exciteက ကမ္းလွမ္းခ်က္ကုိ လက္မခံခဲ့ေပသည္။ ဒါသည္ပင္ သူတုိ႔အတြက္အေကာင္းဆုံးျဖစ္လာခဲ့သည္။ ယေန႔တြင္ Google သည္ ကမာၻ႔နံပါတ္ ၁ လူၾကည့္အမ်ားဆုံး၀ဘ္ဆုိဒ္ျဖစ္လာခဲ့သည္။ တည္ေထာင္သူႏွစ္ဦးစလုံး ေဒၚလာ ၅၀ဘီလ်ံစီအသီးသီးခ်မ္းသာၿပီး ကမာၻ႔အခ်မ္းသာဆုံးသူေဌးစာရင္း၀င္သြားၿပီျဖစ္သည္။

Harley Davidson

၁၉ဝ၁ခုႏွစ္မွာ ၂၁ႏွစ္သား ဝီလီယံအက္စ္ဟာလီသည္ စက္ဘီးကုိစြမ္းအားျမွင့္ရန္ အင္ဂ်င္အေသးစားတစ္လုံး ဖန္တီးတပ္ဆင္ဖုိ႔ေလ့လာႀကံစည္ခဲ့ၾကတယ္။ ေနာက္ ၂ႏွစ္အၾကာတြင္ ဟာလီ ႏွင့္ သူ၏ သူငယ္ခ်င္း အာသာေဒးဗစ္ဆင္တုိ ့က မီလ္ဝါယူကီး၊ ဝစၥကြန္ဆင္မွာရွိေသာ သစ္သားတဲေလးကေန သူတုိ ့ရဲ ့ ပထမဆုံးေမာ္ေတာ္ဆုိင္ကယ္ကုိ တည္ေဆာက္ခဲ့ၾကသည္။ သူငယ္ခ်င္းႏွစ္ေယာက္၏ နာမည္ကိုေပါင္းၿပီး Harley Davidson ဟုေပးလုိက္ၾကသည္။ သူတို႔ ၁၉ဝ၃ခုႏွစ္ မွာ တရားဝင္တည္ေထာင္ခဲ့တဲ့ Harley Davidson ကုမၸဏီဟာ ယေန႔မွာေတာ့ ကမာၻ႔နာမည္အႀကီးဆုံး လူသိအမ်ားဆုံး ေမာ္ေတာ္ဆုိင္ကယ္ကုမၸဏီျဖစ္လာခဲ့သည္။

Hewlett-Packard

၁၉၃၉မွာ ဘီလ္ဟ်ဴးလတ္နဲ ့ေဒ့ဗ္ပတ္ကတ္က ကနဦးရင္းႏွီးျမွဳပ္ႏွံေငြ ၅၃၈ေဒၚလာနဲ ့ ပတ္ကတ္ရဲ ့ကားဂုိေဒါင္ထဲမွာ HP ကုိ တည္ေထာင္ခဲ့သည္။ သူတုိ ့ရဲ ့ပထမဦးဆုံးထုတ္ကုန္ကေတာ့ အသံလွဳိင္းထုတ္ကိရိယာျဖစ္ျပီးေတာ့ ပထမဦးဆုံးေဖာက္သည္မ်ားထဲက တစ္ေယာက္ကေတာ့ Walt Disney ျဖစ္သည္။ Fantasia ဆုိတဲ့ ရုပ္ရွင္အတြက္ အသံစနစ္တုိးတက္ေအာင္ အသံလွဳိင္းထုတ္ကိရိယာရွစ္ခုကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ပါလုိအယ္လ္တုိမွာရွိေသာ HP ရဲ ့ကားဂုိေဒါင္ကေတာ့ ဆီလီကြန္ေတာင္ၾကား (Sillicon Valley) စတင္ေမြးဖြားရာေနရာအျဖစ္ သိၾကသည္။ HP သည္ ယေန ့မွာေတာ့ ကမာၻေပၚမွာ အၾကီးဆုံး နည္းပညာကုမၸဏီမ်ားထဲမွ တစ္ခုျဖစ္လာခဲ့သည္။

Lotus Cars

၁၉၄၈မွာ အသက္၂ဝအရြယ္ရွိတဲ့ အန္သနီေကာ္လင္းဘရုုစ္ခ်က္ပ္မင္းဟာ ေျမာက္လန္ဒန္ရဲ ့ ဟြန္ဆီမွာရွိတဲ့ Railway ဟုိတယ္ရဲ ့အေနာက္ဘက္ ျမင္းေဇာင္းထဲမွာ ပထမဦးဆုံး Lotus ျပိဳင္ကားကုိ တည္ေဆာက္ျခင္းျဖင့္ Lotus Cars ကုိ စတင္ခဲ့ပါတယ္။ ခ်က္ပ္မင္းဟာ ၁၉၃ဝ ေအာ္စတင္ဆဲဗင္းနဲ ့ လ်ွပ္စစ္လြန္ပူတစ္ခုနဲ ့the Lotus Mark 1 ကုိတည္ေဆာက္ခဲ့ပါတယ္။

Maglite

၁၉၅ဝမွာ တုိနီမက္ခ္လီကာဟာ စစ္ေၾကာင့္ပ်က္စီးေနတဲ့ ခရုိေအးရွားမွ အေမရိကားသုိ ့ေရြွ ့ေျပာင္းလာခဲ့တယ္။ အဂၤလိပ္လုိအနည္းငယ္သာတတ္ေသာ္လည္း သူဟာ Los Angeles မွာအေျခခ်ျပီး ရသမွ်ေနရာတုိင္းက အလုပ္ကုိလုပ္ခဲ့တယ္။ ၁၉၅၅မွာ မက္ခ္လီကာဟာ ၁၂၅ေဒၚလာစုျပီးတဲ့ေနာက္ သူရဲ ့ပထမဦးဆုံးတြင္ခုံကုိ ေငြအေၾကေခ်ခဲ့တယ္။ အဲဒီေနာက္မွာ သူက ေလာ့စ္အန္ဂ်လိစ္နယ္ေျမ ကားဂုိေဒါင္ကေန အႏုစိတ္အစိတ္အပုိင္းေတြ ထုတ္လုပ္ဖို ့ စတင္လုပ္ေဆာင္ေတာ့တယ္။ သူဟာ Mag Instrument ကုိ ၁၉၇၄မွာ စတင္တည္ေထာင္ျပီးေတာ့ ၁၉၇၉မွာေတာ့ ပထမဦးဆုံး လက္ႏွိပ္ဓာတ္မီးကုိ ထုတ္လုပ္ခဲ့တယ္။ ယေန ့ေခတ္မွာေတာ့ Magliteဟာ USမွာရွိတဲ့ ရဲအရာရွိေတြအကုန္လုံးရဲ ့ စံမ်ိဳးဆက္လက္ႏွိပ္ဓာတ္မီးျဖစ္လာခဲ့တယ္။

Mattel

ဟယ္လ္ရုိး မတ္ေမဆင္ႏွင့္ အဲလီယက္ဟန္ဒလာတုိ ့ဟာ ၁၉၄၅မွာ Mattelကုိ ဓာတ္ပုံေဘာင္ကုမၸဏီအေနနဲ ့ ေတာင္ကယ္လီဖုိးနီးယားမွာရွိတဲ့ ကားဂုိေဒါင္တစ္ခုကေန တည္ေထာင္ခဲ့တယ္။ သူတို ့ရဲ ့ကုန္ၾကမ္းေတြကေန အမ်ားဆုံးျပန္လည္ရရွိဖုိ ့အတြက္ ဓာတ္ပုံေဘာင္အပြန္းေတြကေန အရုပ္အိမ္ေတြဖန္တီးဖုိ ့ စတင္ခဲ့တယ္။ မၾကာခင္မွာပဲ သူတို ့ရဲ ့အရုပ္အိမ္ေတြဟာ ဓာတ္ပုံေဘာင္ေတြထက္ ေရာင္းေကာင္းလာတဲ့အတြက္ေၾကာင့္ သူတုိ ့ဟာ အရုပ္ကုိ ပုိအာရုံစုိက္လာတယ္။ ယေန ့ေခတ္မွာေတာ့ Mattel ဟာ ကမာၻေပၚမွာ အျမင့္မားဆုံးအသားတင္ျမတ္တဲ့ အရုပ္ကုမၸဏီျဖစ္လာပါတယ္။

Yankee Candle ကုမၸဏီ

၁၉၆၉ခုႏွစ္ မွာ ၁၆ႏွစ္သား မုိက္ကယ္ကစ္ထရက္ခ်္ဟာ သူ ့အေမအတြက္ လက္ေဆာင္တစ္ခုအေနနဲ ့ ေပ်ာ္ေနေသာဖေယာင္းကေန ရနံ ့ရွိတဲ့ဖေယာင္းတုိင္ကုိ ကားဂုိေဒါင္ကေန ျပဳလုပ္ခဲ့တယ္။ အိမ္နီးနားခ်င္းေတြက သတိထားမိခဲ့ျပီး ကစ္ထရက္ခ်္ရဲ ့ဖေယာင္းတုိင္ေတြကုိ ဝယ္လုိစိတ္ထက္သန္မွဳျပခဲ့တယ္။ အဲဒီအတြက္ သူဟာ စတင္ျပီး အေျမာက္အမ်ား ထုတ္လုပ္ခဲ့တယ္။ ေလးႏွစ္ၾကာျပီးတဲ့ေနာက္မွာေတာ့ ကစ္ထရက္ခ်္ဟာ ကားဂုိေဒါင္ထက္မ်ားျပားတဲ့ ထုတ္ကုန္ေတြကုိ ထုတ္ႏုိင္တဲ့အတြက္ ဟုိရုိကီး၊ မက္ဆာခ်ဴးဆက္မွာရွိတဲ့ စက္ရုံေဟာင္းတစ္ရုံသုိ ့ Yankee Candle ကုမၸဏီကုိ ေျပာင္းေရြွ ့ခဲ့တယ္။ ယေန ့ေခတ္မွာေတာ့ ၄င္းဟာ USမွာ အၾကီးဆုံး ရနံ ့ရွိေသာဖေယာင္းတုိင္ ထုတ္လုပ္သူျဖစ္ပါတယ္။


ကမ္ဘာ့အအောင်မြင်ဆုံး ကုမ္ပဏီကြီးတွေ ဘယ်လိုစခဲ့ကြသလဲ (unicode)

ဘာသာပြန်သူ – သောကြာငယ်

ကမ္ဘာ့မဟာကုမ္ပဏီကြီးများသည် ယနေ့ခေတ်အခါတွင် တောက်ပြောင်လှသော ကော်ပိုရိတ်နေရာများတွင် နေရာယူထားကြသော်ငြားလည်း တစ်ချိန်တုန်းက ၎င်းတို့သည် ယခုလိုနေရာများနှင့် ကွဲပြားခြားနားလှသော ပတ်ဝန်းကျင်တွင် အစပြုခဲ့ကြရပါသည်။ ထိုအကြောင်းကို အောက်ပါ သာဓကများဖြင့် ဆန်းစစ်လေ့လာနိုင်ပါသည်။

Amazon

ကမ္ဘာ့အအောင်မြင်ဆုံးနှင့် အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Amazon.com သည် ၁၉၉၄တွင် အွန်လိုင်းစာအုပ်ဆိုင်အနေနှင့် စတင်အသက်ဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက ဘယ်လီဗျူး၊ ဝါရှင်တန်တွင်ရှိသော ဂျက်ဖ် ဘီဇို့စ်၏ ကားဂိုဒေါင်လေးမှသာ အလုံးစုံစတင်ခဲ့သည်။ ဘီဇို့စ်ဟာ သူ့ရဲ့ပထမဦးဆုံးသော စာအုပ်ကို ၁၉၉၅ ဇူလိုင်မှာ စတင်ရောင်းချခဲ့ရပြီး နှစ်နှစ်ကြာပြီးနောက် ၁၉၉၇မှ စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။ ယခုအခါ Amazon.com သည် ဝန်ထမ်းပေါင်း ၅သိန်း၆သောင်းရှိသည့် အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီး ၂၀၁၇တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၁၇၇.၈ဘီလျံ အမြတ်ရခဲ့လေသည်။

Apple

၁၉၇၆မှာ အသက်၂၁နှစ်နဲ့ ၂၆နှစ် အသီးသီးရှိတဲ့ စတိဗ်ဂျော့ဘ်နှင့် စတိဗ်ဝေါ့ဇ်နီးယက်(က) က ဝေါ့ဇ်နီးယက်(က)ရဲ့ အက်ပဲလ်ကွန်ပျူတာ အလုံး ၅ဝ ကို တစ်လုံးဒေါ်လာ ၅ဝဝ နှင့် ဒေသခံလက်လီအရောင်းဆိုင်ကို ရောင်းချခြင်းဖြင့် အက်ပဲလ်ကွန်ပျူတာကို စတင်ခဲ့သည်။ ဂျော့ဘ်သည် အဝယ်လှ ြာများကို အစိတ်အပိုင်းဖြန့်ဝေသူတစ်ယောက်ထံ ယူသွားပြီးမှ အစိတ်အပိုင်းတွေကို မှာယူခဲ့သည်။ သူတို့နှင့် သေးငယ်လှသော အသင်းအဖွဲ့လေးသည် ကျူပါတီနို၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ကားဂိုဒေါင်လေးကနေ ရက်၃ဝအတွင်းမှာ ကွန်ပျူတာအလုံး၅ဝကို လက်ဖြင့်ပြုလုပ်ခဲ့သည်။ အက်ပဲလ်သည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

Disney

အန်နာဟိမ်း၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒစ္စနီလန်းပတ်ခ်ကနေ ၄၅မိနစ်လောက် လမ်းအောက်လျှောက်လိုက်လျှင် လော့စ်အန်ဂျလိစ်တွင် အိမ်တစ်လုံးရှိပါသည်။ ယင်းသည် ဝေါ့ဒစ္စနီကုမ္ပဏီ အစပျိုးခဲ့သောနေရာဖြစ်သည်။ ၁၉၆၃မှာ ဒီအိမ်ကို ဝေါ့ဒစ္စနီရဲ့ဦးလေး ရောဘတ်ဒစ္စနီက ပိုင်ဆိုင်ပါတယ်။ ဝေါ့လ်(ဒ်)နဲ့ သူ့အကို ရွိုင်းတို့ဟာ သူတို့ဦးလေးနှင့်အတူ ရွှေ့ပြောင်းလာပြီးနောက် ကားတစ်စီးသာဆန့်တဲ့ ကားဂိုဒေါင်ကနေ ပထမဦးဆုံးသော ဒစ္စနီစတူဒီယိုကို ထူထောင်ခဲ့သည်။ ဒစ္စနီသည် လက်ရှိအချိန်တွင် အအောင်မြင်ဆုံးနှင့် လူသိအများဆုံး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

Google

စတန်းဖို့ဒ်ကျောင်းထွက်ကျောင်းသားများဖြစ်တဲ့ လယ်ရီပေ့ခ်ျနဲ့ ဆာဂျီဘရင်းဟာ စူဆန်ဝေါ့စ္စကီးရဲ့ကားဂိုဒေါင်ကနေ ယနေ့Googleလို့သိတဲ့ဟာကို ၁၉၉၈ စက်တင်ဘာမှာ စတင်ခဲ့သည်။ ဒီစီမံကိန်းဟာ သူတို့ရဲ့ကျောင်းစာတွေကြောင့် အတားအဆီးဖြစ်ခဲ့ကြောင်း မကြာခင်မှာပဲ သိခဲ့ကြသည်။ ထို့ကြောင့် ထိုအချိန်က နာမည်ကြီး အင်တာနက်ရှာဖွေရေးအင်ဂျင် ကုမ္ပဏီတစ်ခုဖြစ်သည့် Excite ထံ ဒေါ်လာတစ်သန်းနှင့် ရောင်းချရန်ကမ်းလှမ်းခဲ့သည်။ သို့သော် Exciteက ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေသည်။ ဒါသည်ပင် သူတို့အတွက်အကောင်းဆုံးဖြစ်လာခဲ့သည်။ ယနေ့တွင် Google သည် ကမ္ဘာ့နံပါတ် ၁ လူကြည့်အများဆုံးဝဘ်ဆိုဒ်ဖြစ်လာခဲ့သည်။ တည်ထောင်သူနှစ်ဦးစလုံး ဒေါ်လာ ၅ဝဘီလျံစီအသီးသီးချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင်သွားပြီဖြစ်သည်။

Harley Davidson

၁၉ဝ၁ခုနှစ်မှာ ၂၁နှစ်သား ဝီလီယံအက်စ်ဟာလီသည် စက်ဘီးကိုစွမ်းအားမြှင့်ရန် အင်ဂျင်အသေးစားတစ်လုံး ဖန်တီးတပ်ဆင်ဖို့လေ့လာကြံစည်ခဲ့ကြတယ်။ နောက် ၂နှစ်အကြာတွင် ဟာလီ နှင့် သူ၏ သူငယ်ချင်း အာသာဒေးဗစ်ဆင်တို့က မီလ်ဝါယူကီး၊ ဝစ္စကွန်ဆင်မှာရှိသော သစ်သားတဲလေးကနေ သူတို့ရဲ့ ပထမဆုံးမော်တော်ဆိုင်ကယ်ကို တည်ဆောက်ခဲ့ကြသည်။ သူငယ်ချင်းနှစ်ယောက်၏ နာမည်ကိုပေါင်းပြီး Harley Davidson ဟုပေးလိုက်ကြသည်။ သူတို့ ၁၉ဝ၃ခုနှစ် မှာ တရားဝင်တည်ထောင်ခဲ့တဲ့ Harley Davidson ကုမ္ပဏီဟာ ယနေ့မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး လူသိအများဆုံး မော်တော်ဆိုင်ကယ်ကုမ္ပဏီဖြစ်လာခဲ့သည်။

Hewlett-Packard

၁၉၃၉မှာ ဘီလ်ဟျူးလတ်နဲ့ဒေ့ဗ်ပတ်ကတ်က ကနဦးရင်းနှီးမြှုပ်နှံငွေ ၅၃၈ဒေါ်လာနဲ့ ပတ်ကတ်ရဲ့ကားဂိုဒေါင်ထဲမှာ HP ကို တည်ထောင်ခဲ့သည်။ သူတို့ရဲ့ပထမဦးဆုံးထုတ်ကုန်ကတော့ အသံလှိုင်းထုတ်ကိရိယာဖြစ်ပြီးတော့ ပထမဦးဆုံးဖောက်သည်များထဲက တစ်ယောက်ကတော့ Walt Disney ဖြစ်သည်။ Fantasia ဆိုတဲ့ ရုပ်ရှင်အတွက် အသံစနစ်တိုးတက်အောင် အသံလှိုင်းထုတ်ကိရိယာရှစ်ခုကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ပါလိုအယ်လ်တိုမှာရှိသော HP ရဲ့ကားဂိုဒေါင်ကတော့ ဆီလီကွန်တောင်ကြား (Sillicon Valley) စတင်မွေးဖွားရာနေရာအဖြစ် သိကြသည်။ HP သည် ယနေ့မှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး နည်းပညာကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

Lotus Cars

၁၉၄၈မှာ အသက်၂ဝအရွယ်ရှိတဲ့ အန်သနီကော်လင်းဘရုစ်ချက်ပ်မင်းဟာ မြောက်လန်ဒန်ရဲ့ ဟွန်ဆီမှာရှိတဲ့ Railway ဟိုတယ်ရဲ့အနောက်ဘက် မြင်းဇောင်းထဲမှာ ပထမဦးဆုံး Lotus ပြိုင်ကားကို တည်ဆောက်ခြင်းဖြင့် Lotus Cars ကို စတင်ခဲ့ပါတယ်။ ချက်ပ်မင်းဟာ ၁၉၃ဝ အော်စတင်ဆဲဗင်းနဲ့ လျှပ်စစ်လွန်ပူတစ်ခုနဲ့the Lotus Mark 1 ကိုတည်ဆောက်ခဲ့ပါတယ်။

Maglite

၁၉၅ဝမှာ တိုနီမက်ခ်လီကာဟာ စစ်ကြောင့်ပျက်စီးနေတဲ့ ခရိုအေးရှားမှ အမေရိကားသို့ရွှေ့ပြောင်းလာခဲ့တယ်။ အင်္ဂလိပ်လိုအနည်းငယ်သာတတ်သော်လည်း သူဟာ Los Angeles မှာအခြေချပြီး ရသမျှနေရာတိုင်းက အလုပ်ကိုလုပ်ခဲ့တယ်။ ၁၉၅၅မှာ မက်ခ်လီကာဟာ ၁၂၅ဒေါ်လာစုပြီးတဲ့နောက် သူရဲ့ပထမဦးဆုံးတွင်ခုံကို ငွေအကြေချေခဲ့တယ်။ အဲဒီနောက်မှာ သူက လော့စ်အန်ဂျလိစ်နယ်မြေ ကားဂိုဒေါင်ကနေ အနုစိတ်အစိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်တော့တယ်။ သူဟာ Mag Instrument ကို ၁၉၇၄မှာ စတင်တည်ထောင်ပြီးတော့ ၁၉၇၉မှာတော့ ပထမဦးဆုံး လက်နှိပ်ဓာတ်မီးကို ထုတ်လုပ်ခဲ့တယ်။ ယနေ့ခေတ်မှာတော့ Magliteဟာ USမှာရှိတဲ့ ရဲအရာရှိတွေအကုန်လုံးရဲ့ စံမျိုးဆက်လက်နှိပ်ဓာတ်မီးဖြစ်လာခဲ့တယ်။

Mattel

ဟယ်လ်ရိုး မတ်မေဆင်နှင့် အဲလီယက်ဟန်ဒလာတို့ဟာ ၁၉၄၅မှာ Mattelကို ဓာတ်ပုံဘောင်ကုမ္ပဏီအနေနဲ့ တောင်ကယ်လီဖိုးနီးယားမှာရှိတဲ့ ကားဂိုဒေါင်တစ်ခုကနေ တည်ထောင်ခဲ့တယ်။ သူတို့ရဲ့ကုန်ကြမ်းတွေကနေ အများဆုံးပြန်လည်ရရှိဖို့အတွက် ဓာတ်ပုံဘောင်အပွန်းတွေကနေ အရုပ်အိမ်တွေဖန်တီးဖို့ စတင်ခဲ့တယ်။ မကြာခင်မှာပဲ သူတို့ရဲ့အရုပ်အိမ်တွေဟာ ဓာတ်ပုံဘောင်တွေထက် ရောင်းကောင်းလာတဲ့အတွက်ကြောင့် သူတို့ဟာ အရုပ်ကို ပိုအာရုံစိုက်လာတယ်။ ယနေ့ခေတ်မှာတော့ Mattel ဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးအသားတင်မြတ်တဲ့ အရုပ်ကုမ္ပဏီဖြစ်လာပါတယ်။

Yankee Candle ကုမ္ပဏီ

၁၉၆၉ခုနှစ် မှာ ၁၆နှစ်သား မိုက်ကယ်ကစ်ထရက်ခ်ျဟာ သူ့အမေအတွက် လက်ဆောင်တစ်ခုအနေနဲ့ ပျော်နေသောဖယောင်းကနေ ရနံ့ရှိတဲ့ဖယောင်းတိုင်ကို ကားဂိုဒေါင်ကနေ ပြုလုပ်ခဲ့တယ်။ အိမ်နီးနားချင်းတွေက သတိထားမိခဲ့ပြီး ကစ်ထရက်ခ်ျရဲ့ဖယောင်းတိုင်တွေကို ဝယ်လိုစိတ်ထက်သန်မှုပြခဲ့တယ်။ အဲဒီအတွက် သူဟာ စတင်ပြီး အမြောက်အများ ထုတ်လုပ်ခဲ့တယ်။ လေးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကစ်ထရက်ခ်ျဟာ ကားဂိုဒေါင်ထက်များပြားတဲ့ ထုတ်ကုန်တွေကို ထုတ်နိုင်တဲ့အတွက် ဟိုရိုကီး၊ မက်ဆာချူးဆက်မှာရှိတဲ့ စက်ရုံဟောင်းတစ်ရုံသို့ Yankee Candle ကုမ္ပဏီကို ပြောင်းရွှေ့ခဲ့တယ်။ ယနေ့ခေတ်မှာတော့ ၎င်းဟာ USမှာ အကြီးဆုံး ရနံ့ရှိသောဖယောင်းတိုင် ထုတ်လုပ်သူဖြစ်ပါတယ်။

Leave a Reply