“နဂါး” အေၾကာင္းသိေကာင္းစရာ

Posted on

နဂါး (Naga) ဆိုသည္မွာ သကၠတႏွင့္ ပါ႒ိဘာသာ စကားျဖစ္ၿပီး ဟိႏၵဴႏွင့္ ဗုဒၶဘာသာ က်မ္းဂန္လာ အလြန္ႀကီးမားေသာ ေႁမြႀကီးမ်ားကို ေခၚျခင္းျဖစ္သည္။ ဒ႑ာရီမ်ားတြင္ နဂါးသည္ ေျခေထာက္မပါပဲ မီးလၽွံမ်ားကို အသက္ရႉေသာ ၊ ၾကည့္လိုက္႐ုံႏွင့္ ေလာင္းကၽြမ္း ျပာက်သြားေစနိုင္သည့္ ေႁမြ ပုံသဏၭာန္ သတၱဝါ ျဖစ္သည္။ ၎အစြမ္းေၾကာင့္ မ်က္ေစာင္းထိုး၍ ညႇို႔အားေကာင္းေသာ မိန္းကေလးတို႔ကိုလည္း နဂါးဟု ယခုထိတိုင္ တင္စား ေခၚတပ္သည္။ ျမန္မာႏုိင္ငံတြင္ ေျခေထာက္ပါေသာ နဂါးကိုမူ နယားဟု ေခၚသည္။ ျမန္မာတို႔က နဂါးႏွင့္ ပုံသဏၭာန္ႏွင့္ ဂုဏ္သတၱိခ်င္း ဆင္တူေသာ အေနာက္တိုင္း ႏွင့္တ႐ုတ္ (Dragon) မ်ားကိုလည္း နဂါးဟုပင္ အလြယ္ တကူ ေခၚေဝၚၾကသည္။

ဗုဒၶဘာသာက်မ္းဂန္မ်ား၌ ေဖာ္ျပခ်က္

နဂါး ပုံသဏၭာန္

နဂါးေခါင္းသည္ ဒရယ္ခ်ိဳကဲ့သို႔ ခ်ိဳရွိသည္။
နဂါးေခါင္းသည္ ကုလားအုပ္ေခါင္းႏွင့္တူသည္။
နဂါးမ်က္လုံးသည္ နတ္မိစၧာမ်က္လုံးႏွင့္ တူသည္။
နဂါးလည္ပင္းသည္ ေႁမြႏွင့္ တူသည္။
နဂါးဝမ္းပိုက္သည္ ခုံးခြံႏွင့္တူသည္။

နဂါးအေၾကးသည္ ငါးၾကင္းအေၾကးခြံႏွင့္ တူသည္။
နဂါးလက္သည္းသည္ လင္းယုန္ငွက္လက္သည္းႏွင့္ တူသည္။
နဂါးဖဝါးသည္ က်ားဖဝါးႏွင့္ တူသည္။
နဂါးနားရြက္သည္ ႏြားနားရြက္ႏွင့္ တူသည္။

နဂါးအမ်ိဳးမ်ိဳး

ကဌမုခ နဂါး = (ထိုနဂါး ကိုက္လ်င္ အဆစ္အမ်က္မ်ား မေကြးမဆန႔္နိုင္ေတာ့ဘဲ သံတံက်င္လို ခိုင္ခံ့မာေက်ာသြားသည္။)
ပုတိမုခ နဂါး = (ထိုနဂါး ကိုက္လ်င္ ပိႏၷဲပုပ္လို အသားထဲမွ အရည္မ်ား ယိုထြက္က်လာသည္။)
အဂၢိမုခ နဂါး = (ထိုနဂါး ကိုက္လ်င္ လူ၏ အသားေတြသည္ မီးေလာင္သလို အက္ကြဲလာသည္။)
သတၱသုခ နဂါး = (ထိုနဂါး ကိုက္လ်င္ လူ၏ အသားေတြသည္ မိုးႀကိဳးပစ္သကဲ့သို႔ ကြဲျပတ္ ပ်က္စီးသြားသည္။)

ဂဠဳန္ငွက္ေဘးမွ ကင္းေဝးေသာ နဂါးမ်ိဳး ၇-ပါး

ပဏီတ တရာ-ဇလာဗုဇ, ဂဗၻေသယ်က, ဥပပါတိက, ဟုဆိုအပ္ေသာ မိမိတို႔ဇာတ္သေဘာအားျဖင့္ ျမတ္ေသာ နဂါးတို႔လည္း တစ္မ်ိဳး၊
ကမၺလႆ တရာနဂါးစစ္သူႀကီး, စစ္ဗိုလ္မႉး, စစ္ဘုရင္မ်ားျဖစ္ၾကေသာ ကမၺလနဂါး, အႆတရနဂါး တို႔လည္းတစ္မ်ိဳး၊
ဓတရ႒ာ-ဓတရ႒မည္ေသာ နဂါးဘုရင္ တို႔လည္းတစ္မ်ိဳး၊
သတၱသိဒႏၲရ ဝါသိေနာ- ေတာင္စဥ္သီဒါ မဟာသမုဒၵရာ၌ ေနၾကကုန္ေသာ နဂါး တို႔လည္းတစ္မ်ိဳး၊

ပထဝိ႒ကာ-ေျမအတြင္း၌ မွီတင္းပုန္းေအာင္းကာ ေနေလ့ရွိၾကကုန္ေသာ ေျမေအာင္းနဂါး တို႔လည္းတစ္မ်ိဳး၊
ပဗၺတ႒ကာ-ေတာင္ေခါင္း ေတာင္တြင္း၌ မွီတင္းေနထိုင္ၾကကုန္ေသာ ေတာင္တြင္းနဂါး တို႔လည္းတစ္မ်ိဳး၊
ဝိမာန႒ကာ-ေဘာဂဝတီ နဂါးျပည္၌ေရႊေငြဗိမာန္ စံအိမ္ပ်ံျဖင့္ ဇိမ္ခံေပ်ာ္ပါး၍ ေနၾကကုန္ေသာ နတ္နဂါး တို႔လည္းတစ္မ်ိဳး။

ဘူရိဒတၱနဂါးမင္း

လူသ႑ာန္ဖန္ဆင္းၿပီး နတ္ဝတ္တန္ဆာ ဝတ္ဆင္ထားေသာ နဂါးမ်ားကို ဘူရိဒတၱနဂါးမ်ား ဟုေခၚသည္။ ဘူရိဒတၱနဂါးမင္းမ်ားသည္ လူမိန္းမမ်ားႏွင့္ အတူေနလၽွင္ နဂါးမွန္းမသိေအာင္ နဂါးသဏၭာန္ႏွင့္ မေနဘဲ လူသဏၭာန္ဖန္ဆင္းၿပီး နတ္ဝတ္တန္ဆာႏွင့္ ေနၾကသည္။ ထိုနဂါးတို႔သည္ အျမဲ လူသဏၭာန္ဖန္ဆင္းၿပီး ေနလို႔မရပါ။

၁။ နဂါးမမ်ား ကိုယ္ဝန္ရွိလာေသာအခါ၊
၂။ အေရလဲခ်ိန္က်ေသာအခါ၊
၃။ ဇာတ္တူေသာ နဂါးခ်င္း ေမထုန္မွီဝဲေသာအခါ၊
၄။ ကိုယ္လြတ္လက္လြတ္ အိပ္ေပ်ာ္ေနေသာအခါ၊
၅။ ေသေသာအခါ မ်ားတြင္ နဂို နဂါး႐ုပ္ ျပန္ေပၚလာသည္။

နဂါးဌာေန

နဂါးမ်ားသည္ –
အိုင္ႀကီးမ်ား၊ သမုဒၵရာႀကီးမ်ား၊ ေတာင္ႀကီးမ်ား၏ ေအာက္မွာလည္း ေနတတ္သည္။
ေဝဘာရေတာင္၏ ေအာက္တြင္ ေျမေနနဂါးမ်ားေနသည္ ယူဇနာ(၅၀၀)ရွိေသာ နဂါးျပည္ ရွိသည္။
ဟိမဝႏၲာေတာ ဒဒၵရေတာင္ေျခတြင္ ေျမေနနဂါးမ်ားေနသည္ နဂါးျပည္ ရွိသည္။
ျမင့္မိုရ္ေတာင္ ေျခရင္းတြင္ ေရေနနဂါးမ်ားေနသည္။

အနဝတတ္အိုင္တြင္ ပဏၰကနဂါးေနသည္။
မုစလိႏၵအိုင္တြင္ မုစလိႏၵနဂါးေနသည္။
ဥ႐ုေဝလျမစ္မွာ ဥ႐ုေဝလနဂါးေနသည္။
ဂယာျမစ္မွာ အဂၢိဒဎု နဂါးေနသည္။

ဟိႏၵဴဘာသာက်မ္းဂန္မ်ား၌ ေဖာ္ျပခ်က္
မဟာျဗရတၱက်မ္းပါနဂါး

ဟိႏၵဴဘာသာတြင္ နဂါးသည္ အႏႈတ္လကၡဏာ ေဆာင္ေသာ သတၱဝါျဖစ္ၿပီး ေႁမြနဂါးယစ္ပူေဇာ္ စေတးမႈႏွင့္ ဂဠဳန္၏အစား ခံထိုက္သူမ်ား အျဖစ္ ေဖၚျပၾကသည္။ ထို႔အတူ က်မ္းဂန္တြင္ အလြန္အေရးပါေသာ ဇာတ္ေကာင္မ်ားျဖစ္ကာ တခါတရံတြင္ နတ္ဘုရားတို႔၏ ဘက္ေတာ္သားမ်ားလည္း ျဖစ္ၾက ျပန္သည္။ ဥပမာ နဂါးမင္းသား အနႏၲ စၾကာ (Ananta-Shesha)သည္ မိမိကိုယ္ကို လူအသြင္ဖန္ဆင္း၍ ေကာင္းေသာဆံထုံး ႏွင့္ သကၤန္း ဝတ္ဆင္က ျမင့္ျမတ္ေသာ ရေသ့အက်င့္ကို က်င့္၏။ ထိုအခါ ျဗဟၼာမွ လြန္စြာ ႏွစ္သက္သျဖင့္ ကမၻာေျမႀကီးအား သယ္ေဆာင္ ထမ္းပိုးရန္ တာဝန္ေပး လိုက္သည္ ဟုဆိုသည္။ နဂါးမင္းသားလည္း နဂါးအသြင္ျဖင့္ တြင္းနက္ႀကီး အတိုင္း ေျမအဆုံးထိ ဆင္းကာ ကမၻာႀကီးအား ေခါင္းေပၚ တင္ထားေလသည္။ ထို႔ေၾကာင့္ ကမၻာပ်က္သည့္ အခ်ိန္က်ေရာက္တိုင္းတြင္ ထိုနဂါးမွာ အသက္ေဘးမွ လြတ္ကင္းကာ အတိုင္းအဆမရွိ အသက္ရွည္သူ “အနႏၲ” ဟူေသာဘြဲ႕ကို ရသည္ဟု ဆိုထားသည္။

မဟာျဗရတၱက်မ္းတြင္ ညီအစ္ကို ဝမ္းကြဲ ေတာ္စပ္သူ နဂါးႏွင့္ ဂဠဳန္တို႔၏ ရန္ညႇိး ဖြဲ႕တည္ပုံ အားလည္း ေဖၚျပထားသည္။ ဖန္ဆင္းရွင္ျဗဟၼသည္ ကမၻာႏွင့္ သက္ရွိသက္မဲ့ တို႔အားဖန္ဆင္းရာတြင္ ကူညီရန္ ရီရွိ(rishi)ေခၚ ပညာရွိႀကီး၁၀ဦးအား ဦးစြာ ဖန္ဆင္း သည္။ ထို၁၀ဦးအနက္ ကရွက္ပ(Kashyapa) မွာ တစ္ဦးအပါအဝင္ ျဖစ္ၿပီး ဗိနတၱ (vinata) ႏွင့္ ကဒ႐ူ (kadru) ဟူေသာ ညီအမ ေတာ္စပ္သူ မယားႏွစ္ဦး ရွိသည္။ ဗိနတၱမွာ ခြန္အားႀကီးေသာ သားအနည္းငယ္သာ လိုခ်င္သူျဖစ္ၿပီး၊ ကဒ႐ူမွာ သားေပါင္း ေျမာက္မ်ားစြာကို ေတာင့္တသူျဖစ္သည္။ အခ်ိန္တန္ေသာ္ ဗိနတၱတြင္ ဥႏွစ္လုံးရ၍ ေနနတ္သား ႏွင့္ဂဠဳန္တို႔ ေပါက္ဖြါးလာၾကသည္။ ကဒ႐ူတြင္ ဥေပါင္းတစ္ေထာင္ရ၍ နဂါးမ်ား ေပါက္ဖြားလာၾကသည္။

ဂဠဳန္၏မိခင္ ဗိနတၱသည္ ညီမျဖစ္သူ ကဒ႐ူႏွင့္ မိုက္မဲေသာ အေလာင္းအစားျပဳလုပ္ရာမွ ရႈံးနိမ့္ကာ ကၽြန္အျဖစ္ေရာက္ရွိ သြားသည္။ ထို႔ေၾကာင့္ ဂဠဳန္မွ နဂါးတို႔ထံ ခ်ည္းကပ္ ကာကၽြန္အျဖစ္မွ မည့္သည့္အရာႏွင့္ ျပန္လည္ဝယ္ယူ ရမည္နည္းဟု ေမးျမန္းရာ နတ္ျပည္ရွိ မေသေဆး ပ်ားရည္ကို ေဆာင္ယူ ရမည္ဟု ေျဖသည္။ ဂဠဳန္သည္ နတ္ပ်ား ရည္ကို အခက္အခဲအမ်ိဳးမ်ိဳး ေက်ာ္ျဖတ္၍ ေဆာင္ယူအၿပီး နဂါးတို႔အား ေပးကာ မေသာက္သုံးမွီ ပူေဇာ္မႈ အခန္းအနားျပဳရန္ပါ လွည့္ျဖားတိုက္တြန္းသည္။ နဂါးတို႔ ပူေဇာ္မႈ ေဆာင္ရြက္ေနခ်ိန္ တြင္အိျႏၵာသိၾကားမွာ နတ္ပ်ားရည္ အားျပန္လည္ ေဆာင္ယူသြားေတာ့သည္။ သို႔ေသာ္ ပ်ားရည္အိုးမွ ဖိတ္စင္က် လာေသာ ပ်ားရည္စက္ အႂကြင္း အက်န္ မ်ားမွာ ျမက္ခင္းျပင္ ေပၚတြင္ က်န္ခဲ့ရာ နဂါးတို႔ လၽွာျဖင့္လ်က္ ရာမွ ထာ၀ရအသက္ကို ရလာသည္ ဟုဆိုသည္။ ထိုသို႔ျမက္ကို လ်က္ျခင္းေၾကာင့္ ျမက္ပင္တို႔ျဖင့္ ထိရွကာ လၽွာႏွစ္ခြ ျဖစ္ရသည္ ဟုလည္း ဆိုထားသည္။

သေရေခတၱရာ၊ ဗိႆနိုး၊ ဟန္လင္းႀကီး စေသာ ပ်ဴနိုင္ငံမ်ား ထြန္းကားခဲ့စဥ္ကပင္ နဂါး႐ုပ္မ်ား ရွိခဲ့သည္။ ပ်ဴလူမ်ိဳးတို႔ ဝတ္ဆင္ခဲ့ေသာ လက္ဝတ္တန္ဆာမ်ားတြင္ နဂါး႐ုပ္မ်ားပါဝင္ေပသည္။ လက္ေကာက္၊ ေျခက်င္း စေသာ ပန္းထိမ္လက္ရာမ်ားတြင္ နဂါးေခါင္း၌ အခၽြန္အေမာက္မ်ား ပါရွိၿပီး ကိုယ္ထည္တြင္ ေရႊနန္းလိမ္မ်ားျဖင့္ က်စ္ကာ ေဖာ္ထားသည္။

တေကာင္းေခတ္ မင္းခမ္းေတာ္ ပစၥည္းမ်ားတြင္ နဂါးကြမ္းအစ္၊ ကလပ္တို႔အျပင္ နဂါး႐ုပ္ထုသည္လည္း ထီးသုံးနန္းသုံး အေဆာင္အေယာင္ပစၥည္း တစ္ခုျဖစ္ေပသည္။

ပုဂံေခတ္တြင္ နဂါးစေသာ အႏုပညာအ႐ုပ္မ်ားသည္ ျမန္မာဆန္ၿပီး ျမန္မာဟန္ ေပၚလြင္လာသည္။

အင္းဝ၊ ေတာင္ငူ၊ ေညာင္ရမ္း ေခတ္မ်ားတြင္လည္း တံကဲမ်ားႏွင့္ သာသနိက အေဆာက္အဦမ်ား၌ နဂါး၊ နယား႐ုပ္မ်ားျဖင့္ မြမ္းမံမႈမ်ား ေပါႂကြယ္လာသည္။

ကုန္းေဘာင္ေခတ္တြင္ ကႏုတ္ပန္းႏွင့္ ယွဥ္တြဲကာ နဂါး႐ုပ္မ်ားကို သစ္ထြင္းပန္းပုမ်ား ထြင္းထုလာၾကသည္။

ေခတ္အဆက္ဆက္မွ ဗုဒၶ႐ုပ္ပြား ဆင္းတုေတာ္ ဘုဇဂၤါသန(မုစလိႏၵာသန) ပုံေတာ္မ်ားတြင္ နဂါး႐ုပ္တုမ်ား သုံးခဲ့ၾကသည္။ မုစလိႏၵာအိုင္တြင္ ဗုဒၶျမတ္စြာ သီတင္းသုံးစဥ္က နဂါးမင္းက ပါးပ်ဥ္းမိုး၍ ထားပုံမ်ားကို ျပဳလုပ္ ကိုးကြယ္ခဲ့ၾကသည္။ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးတို႔သည္ ေန႔နံအလိုက္ ႐ုပ္ပုံ႐ုပ္တုမ်ား ထုလုပ္ခဲ့ရာ စေနနံကို နဂါး႐ုပ္ျဖင့္ အမွတ္အသားျပဳၾကသည္။ ျမန္မာတို႔သည္ နဂါးႀကီး၏ ဦးေခါင္းလွည့္ပုံ`နဂါးလွည့္´ အယူအဆအရ သုံးလတစ္ႀကိမ္ ဦးေခါင္းျပဳရာအရပ္ ေျပာင္းသည့္ ယုံၾကည္ခ်က္ျဖင့္

(ေတာ္၊ ကၽြတ္၊ မုန္း = ေရွ႕)
( နတ္၊ ျပာ၊ တြဲ = ေတာင္)
( ေပါင္း၊ ခူး၊ ဆုန္ = ေနာက္)
( န၊ ဝါ၊ ဝါ = ေျမာက္) ဟု၍ပင္ သတ္မွတ္ၾကသည္။

ကမၻာဦးအစက ေႁမြနဂါးကို ကိုးကြယ္မႈရွိခဲ့သည္ဟု ဆိုၾကသည္။ ျမန္မာနိုင္ငံတြင္လည္း ဗုဒၶသာသနာ မထြန္းကားမီ ပုဂံေခတ္ႀကိဳကာလ သကၠရာဇ္ (၂၇၉)ခုႏွစ္၊ ပုဂံေခတ္ ေတာင္သူႀကီးမင္းလက္ထက္တြင္ နဂါးကိုးကြယ္မႈရွိခဲ့သည္။ နဂါး႐ုပ္တုႀကီးကို စိတ္တိုင္းက် ထုလုပ္ေစၿပီး ကိုးကြယ္ခဲ့သည္ ဟုဆိုသည္။

အင္ဒိုႏွင့္မေလးကၽြန္းဆြယ္

နဂါးကို အင္ဒိုနီးရွားနိုင္ငံတြင္ နာဂါဟုေခၚၿပီး၊ ဂ်ားဗားကၽြန္းတြင္ နိုဂိုဟုလည္း ေခၚၾကသည္။ မေလးရွားသေဘၤာသား ဒ႑ာရီမ်ားတြင္ နဂါးသည္ ေခါင္းမ်ားစြာရွိသည္ ဟုဆိုသည္။ မေလးရွားနိုင္ငံ ပါဟန္း(Pahang)ျပည္နည္ရွိ Chinniေရကန္ႀကီးတြင္ သီရိဂုမာမ္(Sri Gumum) အမည္ရွိ နဂါး ေနထိုင္သည္ဟု ယုံၾကည္ၾကသည္။ အင္ဒိုနီးရွားနိုင္ငံရွိ ကိုမိုဒို၊ ရင္ကာ၊ ဖေလာရက္စ္ ႏွင့္ ဂီလီမိုတန္း ႏွင့္ ပါဒါကၽြန္းမ်ားေပၚတြင္ ေနထိုင္ က်က္စားေသာ အဆိပ္အလြန္ျပင္းထန္သည့္ ဖြတ္ႀကီးတစ္မ်ိဳးကိုလည္း ကိုမိုဒိုနဂါးဟု ေခၚသည္။

အိႏၵိယ

အိႏၵိယနိုင္ငံတြင္ နဂါးသည္ ျမစ္၊ေခ်ာင္း၊ အင္းအိုင္ ႏွင့္ ေရတြင္း၊ ေရကန္ မ်ားကို ေစာင့္ၾကပ္သည္ဟု အယူရွိၾကသည္။ ထို႔အျပင္ မိုးေခၚေပးသူမ်ား လည္းျဖစ္သျဖင့္ ေကာက္ပဲသီးႏွံမ်ား ကိုအထြက္တိုးေစသူ ဟုလည္း ယုံၾကည္ၾကသည္။ သို႔ေသာ္ ေရႀကီး၊ ေရလ်ံျခင္း စသည့္ သဘာ၀ ေဘးအႏၲရာယ္မ်ားပါ ေဆာင္ယူတတ္သည္ ဟုလည္း ဆိုသည္။ ဒ႑ာရီမ်ား အရ နဂါးတို႔မွာ လူသားတို႔ မရိုမေသ ျပဳေသာ အခါတြင္သာ အမ်က္ထြက္ တတ္ၾကသည္။ အိႏၵိယေတာင္ပိုင္းတြင္ သီးႏွံမ်ားေအာင္ျမင္ရန္ႏွင့္ ႀကီးပြါး တိုးတက္ေစရန္ နဂါးမႏၲလ (Nagamandala) ဟူေသာ နဂါးပူေဇာ္ပြဲ မ်ားက်င္းပေလ့ရွိၾကသည္။

ကေမၻာဒီးယား

ခမာဘာသာျဖင့္ နဂါးကို (neak) ဟုေခၚၾကၿပီး ပစိဖိတ္ သမုဒၵရာအတြင္းတြင္ နဂါးျပည္ ရွိသည္ဟု ယုံၾကည္ၾကသည္။ နဂါးမင္းသမီးႏွင့္ ျဗဟၼဏလုလင္တို႔ ေပါင္းဖက္၍ ခမာလူမ်ိဳးမ်ား ေမြးဖြါးလာေသာေၾကာင့္ နဂါးအႏြယ္မ်ား ျဖစ္ၾကသည္ဟုလည္း ယေန႔တိုင္ ဆိုၾကသည္။ အန္ေကာဝတ္ ကဲ့သို႔ ဘုရားမ်ားတြင္ ေခါင္းခုႏွစ္လုံးပါ နဂါး ႐ုပ္တုမ်ား ေတြ႕ရၿပီး နဂါးမ်ိဳးႏြယ္ခုႏွစ္မ်ိဳးသာမက သက္တန႔္ေရာင္စဥ္ ခုႏွစ္သြယ္ကိုလည္း ကိုယ္စားျပဳသည္ ဟုဆိုသည္။ ကေမၻာဒီးယား နဂါး ယုံၾကည္ မႈမ်ားတြင္ ေခါင္းမဂဏန္း အေရအတြက္ ရွိေသာ နဂါးမွာ အဖိုဓာတ္ ေဆာင္ၿပီး ေခါင္းစုံဂဏန္း အေရအတြက္ ရွိေသာ နဂါးမွာ အမဓာတ္ ေဆာင္သည္ဟု ေဖၚျပထားသည္။

မဲေခါင္ေဒသ

မဲေခါင္ျမစ္ တစ္ေလၽွာက္ရွိ လာအိုႏွင့္ထိုင္း လူမ်ိဳးမ်ားတြင္လည္း ရိုးရာ နဂါးယုံၾကည္မႈ ေပါင္းမ်ားစြာ ရွိၾကသည္။ ထိုေဒသ ခံမ်ားသည္ ျမစ္ေခ်ာင္းမ်ားအား နဂါးမင္း ပိုင္စိုးသည္ ဟုယုံၾကည္ ေသာေၾကာင့္ အထြဋ္အျမတ္ ထားၾကသည္။ ႏွစ္စဥ္ ငါးႏွင့္ေလွသေဘၤာ လုပ္ငန္းမ်ား လုပ္ကို္င္ေသာ ေက်းရြာမ်ားတြင္ အစဥ္အလာအရ နဂါးပူေဇာ္ပြဲ မ်ားက်င္းပ ေလ့ရွိၿပီး ေရလမ္းခရီးအား ေဘးအႏၲရာယ္ ကင္းရွင္းေစသည္ဟု ယုံၾကည္ၾကသည္။

အေနာက္တိုင္းအယူအဆ

အေနာက္တိုင္းအယူအဆတြင္လည္း နဂါးရွိခဲ့သည္။ ေရွးယခင္အခ်ိန္က နဂါးႏွင့္လူတို႔တိုက္ပြဲမ်ားျဖစ္ခဲ့ျခင္းႏွင့္ နဂါးစီးသူရဲေကာင္းမ်ားအေၾကာင္း ဒ႑ာရီမ်ားရွိသည္။ အေနာက္တိုင္းအယူအဆအရ နဂါး၏ပုံသဏၭန္မွာ ႀကီးမားေသာ ဒိုင္နိုေဆာကဲ့သို႔ ခႏၶာကိုယ္ႏွင့္ အေတာင္ပံပါဝင္သည္။

ျမန္မာအယူအဆတြင္ နဂါးပုံသ႑န္ကို ေႁမြခႏၶာကိုယ္ႏွင့္ ဦးေခါင္းတြင္အေမာက္ပါရွိၿပီး အၿမီးမွာ ငါးကဲ့သို႔ျဖစ္သည္ဟု ယူဆၾကသည္ … နဂါး႐ုပ္ထုမ်ားျပဳလုပ္ရာတြင္ပင္ ထိုကဲ့သို႔ျပဳလုပ္ၾကသည္။

နဂါးမ်ားသည္ မီးမႈတ္နိုင္ျခင္း အျမဳေတပိုင္ဆိုင္ျခင္း အဆိပ္ျပင္းျခင္း မ်က္ေစာင္းထိုးလၽွင္ အရာဝတၳဳမ်ားျပာက်နိုင္ျခင္းစသည့္ အစြမ္းမ်ားရွိသည္ဟု အေရွ႕တိုင္းတြင္သာမက အေနာက္တိုင္းတြင္ပါယူဆၾကပါသည္။

က်မ္းကိုး
အရွင္ေကာဝိဒ (ေယာ)၏ ျမတ္ပန္းရဂုံ ဘေလာဂ့္
ပါရာဇိကဏ္အဌကထာ၊ စတုတၳပါရာဇိက၊ တေပါဒါဝတၱဳ
ဒဒၵရဇာတ္

ဇိနလကၤာရဋီကာႏွင့္ ေလာကဒီပနီက်မ္း
ဓမၼပဒ အဌကထာ
တ႐ုတ္စာေရးဆရာႀကီး ဝန္ဖူး
ျမန္မာ့စြယ္စုံက်မ္း


“နဂါး” ဆိုသည်မှာ (unicode)

နဂါး (Naga) ဆိုသည်မှာ သက္ကတနှင့် ပါဋ္ဌိဘာသာ စကားဖြစ်ပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်သည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော ၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ ဖြစ်သည်။ ၎င်းအစွမ်းကြောင့် မျက်စောင်းထိုး၍ ညှို့အားကောင်းသော မိန်းကလေးတို့ကိုလည်း နဂါးဟု ယခုထိတိုင် တင်စား ခေါ်တပ်သည်။ မြန်မာနိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးနှင့် ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိချင်း ဆင်တူသော အနောက်တိုင်း နှင့်တရုတ် (Dragon) များကိုလည်း နဂါးဟုပင် အလွယ် တကူ ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာကျမ်းဂန်များ၌ ဖော်ပြချက်

နဂါး ပုံသဏ္ဌာန်

နဂါးခေါင်းသည် ဒရယ်ချိုကဲ့သို့ ချိုရှိသည်။
နဂါးခေါင်းသည် ကုလားအုပ်ခေါင်းနှင့်တူသည်။
နဂါးမျက်လုံးသည် နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။
နဂါးလည်ပင်းသည် မြွေနှင့် တူသည်။

နဂါးဝမ်းပိုက်သည် ခုံးခွံနှင့်တူသည်။
နဂါးအကြေးသည် ငါးကြင်းအကြေးခွံနှင့် တူသည်။
နဂါးလက်သည်းသည် လင်းယုန်ငှက်လက်သည်းနှင့် တူသည်။
နဂါးဖဝါးသည် ကျားဖဝါးနှင့် တူသည်။
နဂါးနားရွက်သည် နွားနားရွက်နှင့် တူသည်။

နဂါးအမျိုးမျိုး

ကဌမုခ နဂါး = (ထိုနဂါး ကိုက်လျင် အဆစ်အမျက်များ မကွေးမဆန့်နိုင်တော့ဘဲ သံတံကျင်လို ခိုင်ခံ့မာကျောသွားသည်။)
ပုတိမုခ နဂါး = (ထိုနဂါး ကိုက်လျင် ပိန္နဲပုပ်လို အသားထဲမှ အရည်များ ယိုထွက်ကျလာသည်။)
အဂ္ဂိမုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မီးလောင်သလို အက်ကွဲလာသည်။)
သတ္တသုခ နဂါး = (ထိုနဂါး ကိုက်လျင် လူ၏ အသားတွေသည် မိုးကြိုးပစ်သကဲ့သို့ ကွဲပြတ် ပျက်စီးသွားသည်။)

ဂဠုန်ငှက်ဘေးမှ ကင်းဝေးသော နဂါးမျိုး ၇-ပါး

ပဏီတ တရာ-ဇလာဗုဇ, ဂဗ္ဘသေယျက, ဥပပါတိက, ဟုဆိုအပ်သော မိမိတို့ဇာတ်သဘောအားဖြင့် မြတ်သော နဂါးတို့လည်း တစ်မျိုး၊
ကမ္ဗလဿ တရာနဂါးစစ်သူကြီး, စစ်ဗိုလ်မှူး, စစ်ဘုရင်များဖြစ်ကြသော ကမ္ဗလနဂါး, အဿတရနဂါး တို့လည်းတစ်မျိုး၊
ဓတရဋ္ဌာ-ဓတရဋ္ဌမည်သော နဂါးဘုရင် တို့လည်းတစ်မျိုး၊

သတ္တသိဒန္တရ ဝါသိနော- တောင်စဉ်သီဒါ မဟာသမုဒ္ဒရာ၌ နေကြကုန်သော နဂါး တို့လည်းတစ်မျိုး၊
ပထဝိဋ္ဌကာ-မြေအတွင်း၌ မှီတင်းပုန်းအောင်းကာ နေလေ့ရှိကြကုန်သော မြေအောင်းနဂါး တို့လည်းတစ်မျိုး၊
ပဗ္ဗတဋ္ဌကာ-တောင်ခေါင်း တောင်တွင်း၌ မှီတင်းနေထိုင်ကြကုန်သော တောင်တွင်းနဂါး တို့လည်းတစ်မျိုး၊
ဝိမာနဋ္ဌကာ-ဘောဂဝတီ နဂါးပြည်၌ရွှေငွေဗိမာန် စံအိမ်ပျံဖြင့် ဇိမ်ခံပျော်ပါး၍ နေကြကုန်သော နတ်နဂါး တို့လည်းတစ်မျိုး။

ဘူရိဒတ္တနဂါးမင်း

လူသဏ္ဍာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော နဂါးများကို ဘူရိဒတ္တနဂါးများ ဟုခေါ်သည်။ ဘူရိဒတ္တနဂါးမင်းများသည် လူမိန်းမများနှင့် အတူနေလျှင် နဂါးမှန်းမသိအောင် နဂါးသဏ္ဌာန်နှင့် မနေဘဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နတ်ဝတ်တန်ဆာနှင့် နေကြသည်။ ထိုနဂါးတို့သည် အမြဲ လူသဏ္ဌာန်ဖန်ဆင်းပြီး နေလို့မရပါ။

၁။ နဂါးမများ ကိုယ်ဝန်ရှိလာသောအခါ၊
၂။ အရေလဲချိန်ကျသောအခါ၊
၃။ ဇာတ်တူသော နဂါးချင်း မေထုန်မှီဝဲသောအခါ၊
၄။ ကိုယ်လွတ်လက်လွတ် အိပ်ပျော်နေသောအခါ၊
၅။ သေသောအခါ များတွင် နဂို နဂါးရုပ် ပြန်ပေါ်လာသည်။

နဂါးဌာနေ

နဂါးများသည် –
အိုင်ကြီးများ၊ သမုဒ္ဒရာကြီးများ၊ တောင်ကြီးများ၏ အောက်မှာလည်း နေတတ်သည်။
ဝေဘာရတောင်၏ အောက်တွင် မြေနေနဂါးများနေသည် ယူဇနာ(၅၀၀)ရှိသော နဂါးပြည် ရှိသည်။
ဟိမဝန္တာတော ဒဒ္ဒရတောင်ခြေတွင် မြေနေနဂါးများနေသည် နဂါးပြည် ရှိသည်။
မြင့်မိုရ်တောင် ခြေရင်းတွင် ရေနေနဂါးများနေသည်။

အနဝတတ်အိုင်တွင် ပဏ္ဏကနဂါးနေသည်။
မုစလိန္ဒအိုင်တွင် မုစလိန္ဒနဂါးနေသည်။
ဥရုဝေလမြစ်မှာ ဥရုဝေလနဂါးနေသည်။
ဂယာမြစ်မှာ အဂ္ဂိဒဎု နဂါးနေသည်။

ဟိန္ဒူဘာသာကျမ်းဂန်များ၌ ဖော်ပြချက်
မဟာဗြရတ္တကျမ်းပါနဂါး

ဟိန္ဒူဘာသာတွင် နဂါးသည် အနှုတ်လက္ခဏာ ဆောင်သော သတ္တဝါဖြစ်ပြီး မြွေနဂါးယစ်ပူဇော် စတေးမှုနှင့် ဂဠုန်၏အစား ခံထိုက်သူများ အဖြစ် ဖေါ်ပြကြသည်။ ထို့အတူ ကျမ်းဂန်တွင် အလွန်အရေးပါသော ဇာတ်ကောင်များဖြစ်ကာ တခါတရံတွင် နတ်ဘုရားတို့၏ ဘက်တော်သားများလည်း ဖြစ်ကြ ပြန်သည်။ ဥပမာ နဂါးမင်းသား အနန္တ စကြာ (Ananta-Shesha)သည် မိမိကိုယ်ကို လူအသွင်ဖန်ဆင်း၍ ကောင်းသောဆံထုံး နှင့် သင်္ကန်း ဝတ်ဆင်က မြင့်မြတ်သော ရသေ့အကျင့်ကို ကျင့်၏။ ထိုအခါ ဗြဟ္မာမှ လွန်စွာ နှစ်သက်သဖြင့် ကမ္ဘာမြေကြီးအား သယ်ဆောင် ထမ်းပိုးရန် တာဝန်ပေး လိုက်သည် ဟုဆိုသည်။ နဂါးမင်းသားလည်း နဂါးအသွင်ဖြင့် တွင်းနက်ကြီး အတိုင်း မြေအဆုံးထိ ဆင်းကာ ကမ္ဘာကြီးအား ခေါင်းပေါ် တင်ထားလေသည်။ ထို့ကြောင့် ကမ္ဘာပျက်သည့် အချိန်ကျရောက်တိုင်းတွင် ထိုနဂါးမှာ အသက်ဘေးမှ လွတ်ကင်းကာ အတိုင်းအဆမရှိ အသက်ရှည်သူ “အနန္တ” ဟူသောဘွဲ့ကို ရသည်ဟု ဆိုထားသည်။

မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖေါ်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်များစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွါးလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။

ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခန်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စင်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာဝရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းကြီး စသော ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်ကပင် နဂါးရုပ်များ ရှိခဲ့သည်။ ပျူလူမျိုးတို့ ဝတ်ဆင်ခဲ့သော လက်ဝတ်တန်ဆာများတွင် နဂါးရုပ်များပါဝင်ပေသည်။ လက်ကောက်၊ ခြေကျင်း စသော ပန်းထိမ်လက်ရာများတွင် နဂါးခေါင်း၌ အချွန်အမောက်များ ပါရှိပြီး ကိုယ်ထည်တွင် ရွှေနန်းလိမ်များဖြင့် ကျစ်ကာ ဖော်ထားသည်။

တကောင်းခေတ် မင်းခမ်းတော် ပစ္စည်းများတွင် နဂါးကွမ်းအစ်၊ ကလပ်တို့အပြင် နဂါးရုပ်ထုသည်လည်း ထီးသုံးနန်းသုံး အဆောင်အယောင်ပစ္စည်း တစ်ခုဖြစ်ပေသည်။

ပုဂံခေတ်တွင် နဂါးစသော အနုပညာအရုပ်များသည် မြန်မာဆန်ပြီး မြန်မာဟန် ပေါ်လွင်လာသည်။

အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်များတွင်လည်း တံကဲများနှင့် သာသနိက အဆောက်အဦများ၌ နဂါး၊ နယားရုပ်များဖြင့် မွမ်းမံမှုများ ပေါကြွယ်လာသည်။

ကုန်းဘောင်ခေတ်တွင် ကနုတ်ပန်းနှင့် ယှဉ်တွဲကာ နဂါးရုပ်များကို သစ်ထွင်းပန်းပုများ ထွင်းထုလာကြသည်။

ခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဘုဇင်္ဂါသန(မုစလိန္ဒာသန) ပုံတော်များတွင် နဂါးရုပ်တုများ သုံးခဲ့ကြသည်။ မုစလိန္ဒာအိုင်တွင် ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ်က နဂါးမင်းက ပါးပျဉ်းမိုး၍ ထားပုံများကို ပြုလုပ် ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နေ့နံအလိုက် ရုပ်ပုံရုပ်တုများ ထုလုပ်ခဲ့ရာ စနေနံကို နဂါးရုပ်ဖြင့် အမှတ်အသားပြုကြသည်။ မြန်မာတို့သည် နဂါးကြီး၏ ဦးခေါင်းလှည့်ပုံ`နဂါးလှည့်´ အယူအဆအရ သုံးလတစ်ကြိမ် ဦးခေါင်းပြုရာအရပ် ပြောင်းသည့် ယုံကြည်ချက်ဖြင့်

(တော်၊ ကျွတ်၊ မုန်း = ရှေ့)
( နတ်၊ ပြာ၊ တွဲ = တောင်)
( ပေါင်း၊ ခူး၊ ဆုန် = နောက်)
( န၊ ဝါ၊ ဝါ = မြောက်) ဟု၍ပင် သတ်မှတ်ကြသည်။

ကမ္ဘာဦးအစက မြွေနဂါးကို ကိုးကွယ်မှုရှိခဲ့သည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီ ပုဂံခေတ်ကြိုကာလ သက္ကရာဇ် (၂၇၉)ခုနှစ်၊ ပုဂံခေတ် တောင်သူကြီးမင်းလက်ထက်တွင် နဂါးကိုးကွယ်မှုရှိခဲ့သည်။ နဂါးရုပ်တုကြီးကို စိတ်တိုင်းကျ ထုလုပ်စေပြီး ကိုးကွယ်ခဲ့သည် ဟုဆိုသည်။

အင်ဒိုနှင့်မလေးကျွန်းဆွယ်

နဂါးကို အင်ဒိုနီးရှားနိုင်ငံတွင် နာဂါဟုခေါ်ပြီး၊ ဂျားဗားကျွန်းတွင် နိုဂိုဟုလည်း ခေါ်ကြသည်။ မလေးရှားသင်္ဘောသား ဒဏ္ဍာရီများတွင် နဂါးသည် ခေါင်းများစွာရှိသည် ဟုဆိုသည်။ မလေးရှားနိုင်ငံ ပါဟန်း(Pahang)ပြည်နည်ရှိ Chinniရေကန်ကြီးတွင် သီရိဂုမာမ်(Sri Gumum) အမည်ရှိ နဂါး နေထိုင်သည်ဟု ယုံကြည်ကြသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ကိုမိုဒို၊ ရင်ကာ၊ ဖလောရက်စ် နှင့် ဂီလီမိုတန်း နှင့် ပါဒါကျွန်းများပေါ်တွင် နေထိုင် ကျက်စားသော အဆိပ်အလွန်ပြင်းထန်သည့် ဖွတ်ကြီးတစ်မျိုးကိုလည်း ကိုမိုဒိုနဂါးဟု ခေါ်သည်။

အိန္ဒိယ

အိန္ဒိယနိုင်ငံတွင် နဂါးသည် မြစ်၊ချောင်း၊ အင်းအိုင် နှင့် ရေတွင်း၊ ရေကန် များကို စောင့်ကြပ်သည်ဟု အယူရှိကြသည်။ ထို့အပြင် မိုးခေါ်ပေးသူများ လည်းဖြစ်သဖြင့် ကောက်ပဲသီးနှံများ ကိုအထွက်တိုးစေသူ ဟုလည်း ယုံကြည်ကြသည်။ သို့သော် ရေကြီး၊ ရေလျံခြင်း စသည့် သဘာ၀ ဘေးအန္တရာယ်များပါ ဆောင်ယူတတ်သည် ဟုလည်း ဆိုသည်။ ဒဏ္ဍာရီများ အရ နဂါးတို့မှာ လူသားတို့ မရိုမသေ ပြုသော အခါတွင်သာ အမျက်ထွက် တတ်ကြသည်။ အိန္ဒိယတောင်ပိုင်းတွင် သီးနှံများအောင်မြင်ရန်နှင့် ကြီးပွါး တိုးတက်စေရန် နဂါးမန္တလ (Nagamandala) ဟူသော နဂါးပူဇော်ပွဲ များကျင်းပလေ့ရှိကြသည်။

ကမ္ဘောဒီးယား

ခမာဘာသာဖြင့် နဂါးကို (neak) ဟုခေါ်ကြပြီး ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် နဂါးပြည် ရှိသည်ဟု ယုံကြည်ကြသည်။ နဂါးမင်းသမီးနှင့် ဗြဟ္မဏလုလင်တို့ ပေါင်းဖက်၍ ခမာလူမျိုးများ မွေးဖွါးလာသောကြောင့် နဂါးအနွယ်များ ဖြစ်ကြသည်ဟုလည်း ယနေ့တိုင် ဆိုကြသည်။ အန်ကောဝတ် ကဲ့သို့ ဘုရားများတွင် ခေါင်းခုနှစ်လုံးပါ နဂါး ရုပ်တုများ တွေ့ရပြီး နဂါးမျိုးနွယ်ခုနှစ်မျိုးသာမက သက်တန့်ရောင်စဉ် ခုနှစ်သွယ်ကိုလည်း ကိုယ်စားပြုသည် ဟုဆိုသည်။ ကမ္ဘောဒီးယား နဂါး ယုံကြည် မှုများတွင် ခေါင်းမဂဏန်း အရေအတွက် ရှိသော နဂါးမှာ အဖိုဓာတ် ဆောင်ပြီး ခေါင်းစုံဂဏန်း အရေအတွက် ရှိသော နဂါးမှာ အမဓာတ် ဆောင်သည်ဟု ဖေါ်ပြထားသည်။

မဲခေါင်ဒေသ

မဲခေါင်မြစ် တစ်လျှောက်ရှိ လာအိုနှင့်ထိုင်း လူမျိုးများတွင်လည်း ရိုးရာ နဂါးယုံကြည်မှု ပေါင်းများစွာ ရှိကြသည်။ ထိုဒေသ ခံများသည် မြစ်ချောင်းများအား နဂါးမင်း ပိုင်စိုးသည် ဟုယုံကြည် သောကြောင့် အထွဋ်အမြတ် ထားကြသည်။ နှစ်စဉ် ငါးနှင့်လှေသင်္ဘော လုပ်ငန်းများ လုပ်က်ိုင်သော ကျေးရွာများတွင် အစဉ်အလာအရ နဂါးပူဇော်ပွဲ များကျင်းပ လေ့ရှိပြီး ရေလမ်းခရီးအား ဘေးအန္တရာယ် ကင်းရှင်းစေသည်ဟု ယုံကြည်ကြသည်။

အနောက်တိုင်းအယူအဆ

အနောက်တိုင်းအယူအဆတွင်လည်း နဂါးရှိခဲ့သည်။ ရှေးယခင်အချိန်က နဂါးနှင့်လူတို့တိုက်ပွဲများဖြစ်ခဲ့ခြင်းနှင့် နဂါးစီးသူရဲကောင်းများအကြောင်း ဒဏ္ဍာရီများရှိသည်။ အနောက်တိုင်းအယူအဆအရ နဂါး၏ပုံသဏ္ဌန်မှာ ကြီးမားသော ဒိုင်နိုဆောကဲ့သို့ ခန္ဓာကိုယ်နှင့် အတောင်ပံပါဝင်သည်။

မြန်မာအယူအဆတွင် နဂါးပုံသဏ္ဍန်ကို မြွေခန္ဓာကိုယ်နှင့် ဦးခေါင်းတွင်အမောက်ပါရှိပြီး အမြီးမှာ ငါးကဲ့သို့ဖြစ်သည်ဟု ယူဆကြသည် … နဂါးရုပ်ထုများပြုလုပ်ရာတွင်ပင် ထိုကဲ့သို့ပြုလုပ်ကြသည်။

နဂါးများသည် မီးမှုတ်နိုင်ခြင်း အမြုတေပိုင်ဆိုင်ခြင်း အဆိပ်ပြင်းခြင်း မျက်စောင်းထိုးလျှင် အရာဝတ္ထုများပြာကျနိုင်ခြင်းစသည့် အစွမ်းများရှိသည်ဟု အရှေ့တိုင်းတွင်သာမက အနောက်တိုင်းတွင်ပါယူဆကြပါသည်။

ကျမ်းကိုး
အရှင်ကောဝိဒ (ယော)၏ မြတ်ပန်းရဂုံ ဘလောဂ့်
ပါရာဇိကဏ်အဌကထာ၊ စတုတ္ထပါရာဇိက၊ တပေါဒါဝတ္တု
ဒဒ္ဒရဇာတ်
ဇိနလင်္ကာရဋီကာနှင့် လောကဒီပနီကျမ်း

ဓမ္မပဒ အဌကထာ
တရုတ်စာရေးဆရာကြီး ဝန်ဖူး
မြန်မာ့စွယ်စုံကျမ်း

Leave a Reply