ေတာ္ေလး၀၀င္ မိန္းမျမတ္ေလးဦး  ဆုိသည္မွာ

Posted on

ေတာ္ေလး၀၀င္ ဟူေသာ စကားကုိ ျမန္မာ့စာေပ ၊ သီခ်င္း ၊ ၀ထၳဳ ၊ ကဗ်ာ မ်ားမွာ မၾကာခဏၾကားဖူးၾကမွာပါ။ မိမိခ်စ္သူ လင္ေယာက်ၤားအေပၚ သစၥာ ေမတၱာႀကီးမားစြာနဲ႔ ေစာင့္ထိန္းၿပီး မယား၀တၱရားေက်ပြန္သည့္ အမ်ဳိးသမီးတုိ႔အား တင္စားသည့္အခါမ်ဳိးတြင္ သုံးေလ့ရွိပါသည္။ ထုိေတာ္ေလး၀၀င္ အမ်ဳိးသမီးမ်ားကား မည္သူေတြနည္း ။ သိသူမ်ားၾကမည္ ျဖစ္ေသာ္လည္း မသိေသးသူမ်ားအတြက္ ေဖာ္ျပလုိပါသည္။

ေတာ္ေလး၀၀င္ ဟု သတ္မွတ္ထားျခင္း ခံရေသာ အမ်ဳိးေကာင္း အမ်ဳိးျမတ္ အမ်ဳိးသမီး ေလးဦးမွာ ေရွးနိပါတ္ေတာ္မ်ားတြင္ ပါ၀င္သည့္ အမရာ ၊ ကိႏၵရီ ၊ မဒၵီ ႏွင့္ သမၻဴလတုိ႔ ျဖစ္သည္။

အမရာေဒ၀ီ ( မေဟာ္သဓာ၏ ဇနီး )

၀ိေဒဟရာဇ္ၿမဳိ႕ေတာ္ ေျမာက္ဘက္ ဥတၱရယ၀မဇၨ်ဂုံးရြာသူ ျဖစ္ၿပီး မေဟာ္သဓာကုိ ပါရမီျဖည့္ဖက္ ပီပီလုပ္ေကြ်းျပဳစုခဲ့သူျဖစ္သည္။ အမရာကို အမရာေဒဝီဟုလည္း ေခၚၾကသည္။ ဇနီးေလာင္း အရွာသြားေသာ မေဟာ္သဓာသည္ အမရာႏွင့္ လမ္းဝယ္ေတြ႕ရာ အျပန္အလွန္ ေမးေျဖ ပညာစမ္းၾကၿပီးေနာက္ အမရာ၏ အိမ္သို႔ မေဟာ္သဓာ သြားသည္။ ထိုေနာက္ အပ္ခ်ဳပ္သည္ဟန္ျဖင့္ အဝတ္အထည္စုတ္မ်ားကို ခ်ဳပ္သည္။ ထိုေနာက္ အမရာ၏ စိတ္ေနသေဘာထားႏွင့္ ပညာအဆင့္အတန္းကို အမ်ိဳးမ်ိဳးစုံစမ္းၿပီးေနာက္ ႏွစ္သက္သျဖင့္ မိဖုရားႀကီးအား ေလၽွာက္ထား၍ ေဆာင္ယူ လက္ထပ္သည္။

ေရႊေငြတုိ႔ျဖင့္ ဖ်ားေယာင္းေသာ္လည္း ခင္ပြန္းအေပၚ တစ္ခ်က္ကေလးမွ သစၥာမပ်က္ပဲ ကုိယ္က်င့္တရား ေစာင့္ထိန္းခဲ့သည့္ ဇနီးေကာင္းျဖစ္သည္။ ဥာဏ္ပညာအလြန္ထက္ျမက္ကာ မေဟာ္သဓာ၏ အခက္အခဲအခ်ဳိ႕ကုိ ကူညီေျဖရွင္းေပးခဲ့သူလည္း ျဖစ္သည္။ အမတ္ႀကီး ၄ ပါးသည္ မေဟာ္သဓာကို မလိုလားသျဖင့္ ခိုးသူျဖစ္ဟန္ ပရိယာယ္ဆင္၍ မင္းႀကီးကို ေလၽွာက္တင္ၾကသည္။ မင္းႀကီးလည္း ေလၽွာက္တင္ခ်က္ကို ယုံၾကည္၍ အျပစ္ဒဏ္ခတ္ရန္ မိန္႔မွတ္သျဖင့္ မေဟာ္သဓာသည္ ေတာင္မဇၩဂုံး႐ြာသို႔ အလြတ္တိမ္းေရွာင္ရေလသည္။

ထိုအခါ အမရာသည္ မိမိပညာဉာဏ္ျဖင့္ အမတ္ႀကီး ၄ ဦးတို႔ ႀကံစည္ေသာ အျပစ္တို႔ကို ထင္ရွားေစၿပီးလၽွင္ အမတ္ႀကီးတို႔အားလည္း အရွက္ရေအာင္ျပဳ၍ မင္းႀကီးအား အမွန္ကို ေလၽွာက္ထားသည္။ ယင္းသို႔အခါတြင္ ထီးခ်က္ေစာင့္ နတ္သမီးက ပုစၧာ ၄ ရပ္ကို ေမးရာ ေျဖႏိုင္သူမရွိေသာေၾကာင့္ မင္းႀကီးသည္ မေဟာ္သဓာအာ ရွာေဖြေစလ်က္ အိုးထိန္းသည္ အိမ္မွ ျပန္၍ ေခၚယူကာ ေျဖၾကားေစသည္။ မေဟာ္သဓာ ေျဖဆိုႏိုင္သျဖင့္ စစ္ဘုရင္ ေသနာပတိအျဖစ္ ခ်ီးေျမႇာက္ခံရျပန္သည္။

စႏၵကိႏၵရီ ( စႏၵကိႏၵရာ၏ ဇနီး)

ဗာရာဏသီျပည္ ျဗဟၼဒတ္မင္းႀကီးလက္ထက္ ဘုရားေလာင္း စႏၵကိႏၵရာသည္ ဇနီးကိႏၵရီ ႏွင့္ ေပါင္းသင္းေနထုိင္သည္။ ဇနီးေမာင္ႏွံတို႔သည္ ဟိမဝႏၲာအရပ္ စႏၵပဗၺတ (လမင္းေတာင္) တြင္ ေနထိုင္ၾက၏။ မိုးရာသီတြင္ ေတာင္ေပၚတြင္ ေနၾကေသာ္လည္း ေႏြရာသီသို႔ ေရာက္သည့္အခါတြင္ ေတာင္ေျခသို႔ ဆင္းၾကသည္။ ကိႏၷရာဇနီးေမာင္ႏွံတို႔သည္ ႏွစ္ဦးသား ျမဴးထူးေပ်ာ္ပါးလၽွက္ ရွိၾက၏။ ထိုအခ်ိန္တြင္ ဗာရာဏသီမင္းသည္ သူတို႔ရွိရာအရပ္သို႔ ေရာက္လာခဲ့၏။ မင္းႀကီးသည္ စႏၵကိႏၷရီကို ျမင္ေသာအခါ တပ္မက္ေသာ ရာဂ ျဖစ္ေပၚ၏။

ဇနီးျဖစ္သူကို အရယူရန္ လင္ျဖစ္သူ စႏၵကိႏၷရာအဖိုကို ပစ္ခြင္းေလ၏။ စႏၵကိႏၵရာသည္ မင္းႀကီးပစ္လိုက္ေသာ ျမႇားခ်က္ျဖင့္ လဲက်သြား၏။ ေယာက်ၤားျဖစ္သူ စႏၵကိႏၵရာအား ျမွားျဖင့္ပစ္ခြင္းၿပီး စႏၵကိႏၵရီအား ခ်စ္ေရးဆုိသည္။ ေရႊေငြ မိဖုရား ရာထူးတုိ႔ျဖင့္ ဆြဲေဆာင္ေသာ္လည္း လုံး၀ လက္မခံပဲ လင္ျဖစ္သူ စႏၵကိႏၵရာ အသက္ရွင္ေရးကုိသာ သစၥာျပဳခဲ့သည္။ သစၥာမွန္ကန္သည့္အတြက္ ေယာက်ၤားျဖစ္သူ စႏၵကိႏၵရာမွာ ျမွားဆိပ္ေျပခဲ့သည္။ ျဗဟၼဒတ္မင္းႀကီးကလည္း သစၥာႀကီးမားလွသည့္ ဇနီးေမာင္ႏွံအား ျပန္လည္ေပါင္းသင္းေစၿပီး အသက္ေဘးမွ လႊတ္ေပးခဲ့သည္။

မဒၵီေဒ၀ီ ( ေ၀သႏၱရာ၏ ဇနီး)

သီ၀ိတုိင္းမွ ေ၀သႏၱရာမင္း၏ ဇနီးျဖစ္သည္။ ခင္ပြန္းျဖစ္သူ ေ၀သႏၱရာမင္းႀကီးမွာ အလြန္အလွဴအတန္းရက္ေရာၿပီး တုိင္းျပည္၏ရတနာျဖစ္ေသာ ဆင္ျဖဴေတာ္ကုိပါ လွဴဒါန္းလုိက္သျဖင့္ ျပည္သူတုိ႔၏ ၿငဳိျငင္မႈကိုခံရၿပီး တုိင္းျပည္မွႏွင္ထုတ္ခံရသည္။ ၿမဳိင္ရပ္သုိ႔ထြက္ခြာရာတြင္ မဒၵီေဒ၀ီအား နန္းေတာ္မွာပဲ ေအးခ်မ္းစြာေနခဲ့ရန္ အတန္တန္တားေသာ္လည္း ဖ၀ါးထပ္မွ်မခြာပဲ ေနာက္ေတာ္မွ လုိက္ပါခဲ့သူျဖစ္သည္။

လမ္းခရီးတြင္ ျမင္းအလႉခံႏွင့္ေတြ႕ ေသာ အခါ ျမင္းလႉလိုက္ေပသည္။ လမ္းခရီးတြင္ ျမင္းအလႉခံႏွင့္ေတြ႕ ေသာ အခါ ျမင္းလႉလိုက္ေပသည္။ ေတာထဲတြင္ ရေသ့၀တ္ေသာ ခင္ပြန္းသည္အား ရွာေဖြေကြ်းေမြး ျပဳစုခဲ့သည္။ ခင္ပြန္းသည္က သားေတာ္သမီးေတာ္မ်ားသာမက ေနာက္ဆုံး သူမကုိပါ အလွဴခံသူမ်ားထံသုိ႔ လွဴဒါန္းခဲ့ရာ ပါရမီျဖည့္ဘက္ျဖစ္သူ မဒၵီေဒ၀ီသည္ ၾကည္ျဖဴစြာလက္ခံခဲ့ေလသည္။

သမၻဴလ ( ေသာတၱိေသန၏ ဇနီး)

သမၻဴလသည္ ဗာရာဏသီ ျဗဟၼဒတ္မင္း၏ သားေတာ္ ေသာတၱိေသန၏ ဇနီးျဖစ္သည္။ ခင္ပြန္းျဖစ္သူ ႏူနာေရာဂါျဖစ္ၿပီး ေတာသုိ႔သြားရာတြင္ အားလုံး၀ုိင္းတားေနသည့္ၾကားမွ ႏူနာခင္ပြန္းသည္ကုိ မပစ္ပဲေနာက္ပါးမွ လုိက္ပါကာေစာင့္ေရွာက္ျပဳစုခဲ့သူျဖစ္သည္။ ေတာထဲတြင္ သစ္ဥ သစ္ဖုမ်ားရွာကာ ခင္ပြန္းသည္ကို လုပ္ေကြ်းသည္။ ေဆးျမစ္မ်ားရွာကာ ခင္ပြန္းသည္၏ ႏူနာမ်ားကိုေန႔စဥ္ မရြံမရွာလိမ္းႀကံေပးသည္။

တစ္ေန႔ သစ္သီးသစ္ဖုမ်ား သြားရွာစဥ္ အေႏွာက္အယွက္မ်ားေၾကာင့္ ခင္ပြန္းသည္ဆီ ျပန္ရမည့္အခ်ိန္ထက္ ေနာက္က်မွေရာက္သည္။ အခ်ိန္ေနာက္ၾကျခင္းအေၾကာင္းမွာ အျခားသူမ်ားႏွင့္ေဖာက္ျပန္ေနတာေၾကာင့္ဟု လင္သားက စြပ္စြဲသည့္အခါ သမၻဴလ က
“မိမိေယာက်ၤားမွလြဲ၍ မည္သူတစ္ဦးတစ္ေယာက္ႏွင့္မွ် မေဖာက္ျပားခဲ့ပါ ၊ သစၥာမွန္ခဲ့ပါက လင္ေယာက်ၤား၏ ႏူနာေရာဂါေပ်ာက္ကင္းပါေစ” ဟု သစၥာ ဆုိသည့္အခါ သစၥာမွန္ကန္ခဲ့သျဖင့္ မင္းသား၏ ႏူနာေရာဂါမ်ားေပ်ာက္ကင္းခဲ့ေလသည္။

ဤကား ဇာတ္ေတာ္လာ ေတာ္ေလး၀၀င္ အမ်ဳိးသမီးေလးဦး အေၾကာင္းအက်ဥ္းခ်ဳပ္ပင္ျဖစ္သည္။


တော်လေး၀ဝင် မိန်းမမြတ်လေးဦး  ဆိုသည်မှာ (unicode)

တော်လေး၀ဝင် ဟူသော စကားကို မြန်မာ့စာပေ ၊ သီချင်း ၊ ဝထ္ထု ၊ ကဗျာ များမှာ မကြာခဏကြားဖူးကြမှာပါ။ မိမိချစ်သူ လင်ယောင်္ကျားအပေါ် သစ္စာ မေတ္တာကြီးမားစွာနဲ့ စောင့်ထိန်းပြီး မယားဝတ္တရားကျေပွန်သည့် အမျိုးသမီးတို့အား တင်စားသည့်အခါမျိုးတွင် သုံးလေ့ရှိပါသည်။ ထိုတော်လေး၀ဝင် အမျိုးသမီးများကား မည်သူတွေနည်း ။ သိသူများကြမည် ဖြစ်သော်လည်း မသိသေးသူများအတွက် ဖော်ပြလိုပါသည်။

တော်လေး၀ဝင် ဟု သတ်မှတ်ထားခြင်း ခံရသော အမျိုးကောင်း အမျိုးမြတ် အမျိုးသမီး လေးဦးမှာ ရှေးနိပါတ်တော်များတွင် ပါဝင်သည့် အမရာ ၊ ကိန္ဒရီ ၊ မဒ္ဒီ နှင့် သမ္ဘူလတို့ ဖြစ်သည်။

အမရာဒေဝီ ( မဟော်သဓာ၏ ဇနီး )

ဝိဒေဟရာဇ်မြို့တော် မြောက်ဘက် ဥတ္တရယဝမဇ္ဇျဂုံးရွာသူ ဖြစ်ပြီး မဟော်သဓာကို ပါရမီဖြည့်ဖက် ပီပီလုပ်ကျွေးပြုစုခဲ့သူဖြစ်သည်။ အမရာကို အမရာဒေဝီဟုလည်း ခေါ်ကြသည်။ ဇနီးလောင်း အရှာသွားသော မဟော်သဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟော်သဓာ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ရွှေငွေတို့ဖြင့် ဖျားယောင်းသော်လည်း ခင်ပွန်းအပေါ် တစ်ချက်ကလေးမှ သစ္စာမပျက်ပဲ ကိုယ်ကျင့်တရား စောင့်ထိန်းခဲ့သည့် ဇနီးကောင်းဖြစ်သည်။ ဥာဏ်ပညာအလွန်ထက်မြက်ကာ မဟော်သဓာ၏ အခက်အခဲအချို့ကို ကူညီဖြေရှင်းပေးခဲ့သူလည်း ဖြစ်သည်။ အမတ်ကြီး ၄ ပါးသည် မဟော်သဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟော်သဓာသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင်ရလေသည်။

ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟော်သဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

စန္ဒကိန္ဒရီ ( စန္ဒကိန္ဒရာ၏ ဇနီး)

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက် ဘုရားလောင်း စန္ဒကိန္ဒရာသည် ဇနီးကိန္ဒရီ နှင့် ပေါင်းသင်းနေထိုင်သည်။ ဇနီးမောင်နှံတို့သည် ဟိမဝန္တာအရပ် စန္ဒပဗ္ဗတ (လမင်းတောင်) တွင် နေထိုင်ကြ၏။ မိုးရာသီတွင် တောင်ပေါ်တွင် နေကြသော်လည်း နွေရာသီသို့ ရောက်သည့်အခါတွင် တောင်ခြေသို့ ဆင်းကြသည်။ ကိန္နရာဇနီးမောင်နှံတို့သည် နှစ်ဦးသား မြူးထူးပျော်ပါးလျှက် ရှိကြ၏။ ထိုအချိန်တွင် ဗာရာဏသီမင်းသည် သူတို့ရှိရာအရပ်သို့ ရောက်လာခဲ့၏။ မင်းကြီးသည် စန္ဒကိန္နရီကို မြင်သောအခါ တပ်မက်သော ရာဂ ဖြစ်ပေါ်၏။

ဇနီးဖြစ်သူကို အရယူရန် လင်ဖြစ်သူ စန္ဒကိန္နရာအဖိုကို ပစ်ခွင်းလေ၏။ စန္ဒကိန္ဒရာသည် မင်းကြီးပစ်လိုက်သော မြှားချက်ဖြင့် လဲကျသွား၏။ ယောင်္ကျားဖြစ်သူ စန္ဒကိန္ဒရာအား မြှားဖြင့်ပစ်ခွင်းပြီး စန္ဒကိန္ဒရီအား ချစ်ရေးဆိုသည်။ ရွှေငွေ မိဖုရား ရာထူးတို့ဖြင့် ဆွဲဆောင်သော်လည်း လုံး၀ လက်မခံပဲ လင်ဖြစ်သူ စန္ဒကိန္ဒရာ အသက်ရှင်ရေးကိုသာ သစ္စာပြုခဲ့သည်။ သစ္စာမှန်ကန်သည့်အတွက် ယောင်္ကျားဖြစ်သူ စန္ဒကိန္ဒရာမှာ မြှားဆိပ်ပြေခဲ့သည်။ ဗြဟ္မဒတ်မင်းကြီးကလည်း သစ္စာကြီးမားလှသည့် ဇနီးမောင်နှံအား ပြန်လည်ပေါင်းသင်းစေပြီး အသက်ဘေးမှ လွှတ်ပေးခဲ့သည်။

မဒ္ဒီဒေဝီ ( ဝေသန္တရာ၏ ဇနီး)

သီဝိတိုင်းမှ ဝေသန္တရာမင်း၏ ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဝေသန္တရာမင်းကြီးမှာ အလွန်အလှူအတန်းရက်ရောပြီး တိုင်းပြည်၏ရတနာဖြစ်သော ဆင်ဖြူတော်ကိုပါ လှူဒါန်းလိုက်သဖြင့် ပြည်သူတို့၏ ငြိုငြင်မှုကိုခံရပြီး တိုင်းပြည်မှနှင်ထုတ်ခံရသည်။ မြိုင်ရပ်သို့ထွက်ခွာရာတွင် မဒ္ဒီဒေဝီအား နန်းတော်မှာပဲ အေးချမ်းစွာနေခဲ့ရန် အတန်တန်တားသော်လည်း ဖဝါးထပ်မျှမခွာပဲ နောက်တော်မှ လိုက်ပါခဲ့သူဖြစ်သည်။

လမ်းခရီးတွင် မြင်းအလှူခံနှင့်တွေ့ သော အခါ မြင်းလှူလိုက်ပေသည်။ လမ်းခရီးတွင် မြင်းအလှူခံနှင့်တွေ့ သော အခါ မြင်းလှူလိုက်ပေသည်။ တောထဲတွင် ရသေ့ဝတ်သော ခင်ပွန်းသည်အား ရှာဖွေကျွေးမွေး ပြုစုခဲ့သည်။ ခင်ပွန်းသည်က သားတော်သမီးတော်များသာမက နောက်ဆုံး သူမကိုပါ အလှူခံသူများထံသို့ လှူဒါန်းခဲ့ရာ ပါရမီဖြည့်ဘက်ဖြစ်သူ မဒ္ဒီဒေဝီသည် ကြည်ဖြူစွာလက်ခံခဲ့လေသည်။

သမ္ဘူလ ( သောတ္တိသေန၏ ဇနီး)

သမ္ဘူလသည် ဗာရာဏသီ ဗြဟ္မဒတ်မင်း၏ သားတော် သောတ္တိသေန၏ ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ နူနာရောဂါဖြစ်ပြီး တောသို့သွားရာတွင် အားလုံးဝိုင်းတားနေသည့်ကြားမှ နူနာခင်ပွန်းသည်ကို မပစ်ပဲနောက်ပါးမှ လိုက်ပါကာစောင့်ရှောက်ပြုစုခဲ့သူဖြစ်သည်။ တောထဲတွင် သစ်ဥ သစ်ဖုများရှာကာ ခင်ပွန်းသည်ကို လုပ်ကျွေးသည်။ ဆေးမြစ်များရှာကာ ခင်ပွန်းသည်၏ နူနာများကိုနေ့စဉ် မရွံမရှာလိမ်းကြံပေးသည်။

တစ်နေ့ သစ်သီးသစ်ဖုများ သွားရှာစဉ် အနှောက်အယှက်များကြောင့် ခင်ပွန်းသည်ဆီ ပြန်ရမည့်အချိန်ထက် နောက်ကျမှရောက်သည်။ အချိန်နောက်ကြခြင်းအကြောင်းမှာ အခြားသူများနှင့်ဖောက်ပြန်နေတာကြောင့်ဟု လင်သားက စွပ်စွဲသည့်အခါ သမ္ဘူလ က
“မိမိယောင်္ကျားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မဖောက်ပြားခဲ့ပါ ၊ သစ္စာမှန်ခဲ့ပါက လင်ယောင်္ကျား၏ နူနာရောဂါပျောက်ကင်းပါစေ” ဟု သစ္စာ ဆိုသည့်အခါ သစ္စာမှန်ကန်ခဲ့သဖြင့် မင်းသား၏ နူနာရောဂါများပျောက်ကင်းခဲ့လေသည်။

ဤကား ဇာတ်တော်လာ တော်လေး၀ဝင် အမျိုးသမီးလေးဦး အကြောင်းအကျဉ်းချုပ်ပင်ဖြစ်သည်။

Leave a Reply