ျမန္မာ့သမုိင္းထဲက လူေမ်ာက္မိသားစု အေၾကာင္း

Posted on

ပထမဆံုး လူေမ်ာက္ ျဖစ္တဲ့ ဦးေ႐ႊေမာင္္ ကို ၁၇၉၆ ခုနွစ္ မွာ သံလြင္ျမစ္ ( သို႕ ) မုတၱျမစ္ ေဘးက ေလာ နိုင္ငံ မိုင္းရံုးႀကီး နယ္ မွာ ေမြးဖြား ခဲ့တယ္။ ( ပထဝီ အေျခ အေနနဲ႔ အေခၚအေဝၚ အရ အဲဒီ ေဒသ ဟာ အခု ထိုင္း ႏိုင္ငံ ထဲက Mae Yong ပဲ ျဖစ္ဖို႔မ်ားပါတယ္ ) အဲဒီေဒသကို အပိုင္စား တဲ့ ေစာ္ဘြားတစ္ေယာက္ က ထူးထူး ဆန္းဆန္း အေမြးအမ်ွင္ေတြ နဲ႕ ကေလးငယ္ကို ျမန္မာဘုရင္ ထံ အထူးအဆန္း လက္ေဆာင္ပဏၰာအျဖစ္နဲ႕ ဆက္သလိုက္တာမို႔ သူ႔အသက္ ငါးနွစ္သားအရြယ္ မွာ အင္းဝဘုရင္ထံ ကို ေရာက္လာ ပါတယ္။ သူ႔ တစ္ကိုယ္လံုးမွာ အေမြး ႏုႏုေလး ေတြ ရွည္လ်ားစြာ ေပါက္ေနတယ္။ သူ႔မ်က္လံုး အသားအေရပံုစံ စတာ ေတြ က ျမန္မာေတြ နဲ႔ မတူဘူး လို႔ ဆိုပါတယ္။ ( ဒီ အျဖစ္အပ်က္ ေတြ ကို ၁၈၂၆ မွာ ပထမဆံုး မွတ္တမ္း တင္နိုင္ ခဲ့တဲ့ အဂၤလိပ္ သံအဖြဲ႔ က ကေရာဖို႔ (ဒ္) မွတ္တမ္း ကို လူထု ေဒၚအမာ ေဆာင္းပါး ထဲမွာ ဖတ္နိုင္ ပါတယ္)

ေ႐ႊေမာင္္ ဟာ အဲဒီကတည္းက နန္းတြင္းမွာ ေပ်ာ္ေတာ္ဆက္ အျဖစ္နဲ႔ႀကီးျပင္း လာခဲ့တယ္။ ေမ်ာက္ေတြ လို ကျပ ေဖ်ာ္ေျဖ ရပါသတဲ့။ သူ႔မိဘေတြ မွာေရာ သူတို႔ မ်ဳိးႏြယ္စု ထဲမွာပါ သူ႔လို အေမြးအမ်ွင္ေတြ မရွိဘူး လို႔ သူက ေျပာပါတယ္။ လူပ်ိဳ အျဖစ္ကို အသက္၂၀ အရြယ္ မွ ေရာက္ပါ တယ္တဲ့။ အသက္ ၂၂ မွာေတာ့ ဘုရင္ (ဘႀကီးေတာ္ဘုရား)က သူ႔့ကို လွတဲ့ နန္းတြင္းသူ တစ္ေယာက္နဲ႔ လက္ထပ္ ေပးပါတယ္။ သူတို႔ ကေလး ေလးေယာက္ ရခဲ့တယ္။ အားလံုးက မိန္းခေလး ေတြ ခ်ည္းပါပဲ။ ႏွစ္ေယာက္ ကေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ဆံုးပါး သြားခဲ့ျပီး တတိယသမီးေလး က မိခင္ ျဖစ္သူ နဲ႔ အေတာ္ကိုတူပါ သတဲ့။ ေနာက္ဆံုး ၂ ႏွစ္အရြယ္ ကေလး တစ္ေယာက္ကေတာ့ သူ႔လိုပဲ အေမြးအမ်ွင္ ေတြနဲ႔ ျဖစ္လာ တယ္။ အဲဒီ အငယ္ဆံုးသမီး က ေ႐ႊေမာင္္ရဲ့ အေမြ ကို ဆက္ခံတဲ့ မဖံုး ျဖစ္ပါတယ္။ ကေရာဖို႔(ဒ္) ရဲ့ စာအုပ္ ထဲမွာ ကိုေ႐ႊေမာင္္ နဲ႔ သမီး မဖံုး ရဲ့ ပံုဆိုျပီး ေဖၚျပ ခဲ့ရာမွာ ကိုေ႐ႊေမာင္ ရဲ့ ပံုက ဟုတ္ေပမယ့္ မဖံုး ရဲ့ ပံုက မွား ေနတယ္ လို႕ ေနာက္ပိုင္း မွာ ဟင္နရီနယူး(လ္) က ေထာက္ျပ ခဲ့ပါတယ္။

သူ႔မွတ္တမ္းထဲမွာ မဖုံးရဲ႕ပုံကုိဒီလုိေရးထားပါတယ္။
မယ္ဖံု၏အေနအထိုင္မွာကား ပိရိယဥ္ေက်းလွေပသည္။ သူ့အသံမွာေပ်ာ့ေပ်ာင္းနူးညံ႔၍သာယာလွသည္။ သူ့မ်က္နွထားမွာေအးေဆးတည္ၾကည္သည္။အလြန္လည္းမြန္ရည္သည္။ သူ႔ခႏၶာကိုယ္တခုလံုးကိုျခံဳၾကည့္လိုက္လ်ွင္ မိန္းမေခ်ာတေယာက္ မ်က္နွာဖံုးတပ္ဆင္ထားသည္ႏွင့္သာ တူလွသည္။မ်ားမၾကာမီသူမ၏ ေယာက်ာ္းျဖစ္သူေပၚေပါက္လာပါသည္။ မယ္ဖံုနွင့္ရေသာ သားေယာက်ာ္းေလး၂ေယာက္ပါလာသည္။ ၎၂ဦးအနက္ သားအႀကီးမွာလူသားပကတိပင္ျဖစ္၍ ခႏၶာကိုယ္၌ အေမြးအမွင္မ်ားေပါက္သည္ကိုမေတြ႔ရပါ။ ကေလးငယ္မွာမူ မိခင္ႏွင့္လြန္စြာတူျပီးလ်ွင္ ၁၄လအရြယ္နွင့္ပင္ နားေပၚ၌အေမြးမ်ားစံုစံုလင္လင္ေပါက္ေနျပီျဖစ္ေျကာင္းေတြ႔ရသည္။ ဤကေလးမ်ားမွာ လူေမ်ာက္ေရႊေမာင္၏ေျမးငယ္မ်ားျဖစ္၍ မယ္ဖံုမွာေရႊေမာင္၏သမီးအရင္းျဖစ္သည္။ မယ္ဖံု၏သြားမ်ားကိုစစ္ေဆးျကည့္ရႈသည့္အခါတြင္ သူ့အေဖေရႊေမာင္ကဲ႔သို႔ပင္ အသြားဟူ၍အလ်ဥ္းမရွိပဲ ေရွ႔ပိုင္းမ်ွေလာက္သာရွိသည္။ အံေနရာတြင္ကား မာေက်ာေသာသြားဖံုးမ်ားေလာက္သာရွိျပီး ၎တုိ႔ႏွင့္ပင္အစားအစာမ်ားကို ေကာင္းစြာဝါးနိုင္သည္ဟုဆိုသည္။

အဲဒီေနာက္ ၁၈၅၅ မွာ အင္းဝကို ကပၸတိန္ ဟင္နရီယူး(လ္) ေရာက္ လာခဲ့ ပါတယ္။ သူတို႔ ေရာက္လာခ်ိန္ မွာေတာ့ ကိုေ႐ႊေမာင့္ သမီး မဖံုး ဟာ အသက္ ၃၁ အရြယ္ ရွိေန ပါၿပီ။ သူ႔ကို အီတလီ လူမ်ိဳး တစ္ေယာက္ က လက္ထပ္ျပီး နိုင္ငံျခား ကို ေခၚသြားဖို႔ ႀကဳိးစား ပါေသး တယ္။ ဒါေပမယ့္ သီေပါမင္း က ခြင့္မျပဳ ခဲ့ပါဘူး။ ေနာက္ဆံုး ေတာ့ မဖံုးကို ဘုရင္ ကပဲ သာမန္ အရပ္သား တစ္ေယာက္ နဲ႔ လက္ထပ္ ေပးခဲ့ တာလို႕ ဆိုရ ပါမယ္။ ဟင္နရီယူး(လ္) တို႔ လာေရာက္ ခ်ိန္မွာ မဖံုး မွာ သားေလး နွစ္ေယာက္ ေတာင္ ရေန ပါျပီ။ ဦးေရႊေမာင္ ကေတာ့ လူဆိုး ဓားျပေတြ သတ္ျဖတ္ လို႔ ကြယ္လြန္ ျပီးခဲ့ျပီ လို႔ သိရ ပါတယ္။ မဖံုး ဟာ လည္း သူ႕ အေဖ ဦးေရႊေမာင္ လိုပဲ တစ္ကိုယ္လံုးကို အေမြးရွည္ ေတြနဲ႕ ဖံုးလို႔ ေနပါတယ္။ မဖံုး ကေန သားသမီး သံုးေယာက္ ေမြးဖြား ခဲ့ျပီး အဲဒီ အထဲက ေမာင္ဖိုးဆက္ နဲ႔ မမိ တို႔ဟာ မဖံုး လိုပဲ တစ္ကိုယ္လံုး မွာ အေမြးေတြနဲ႕ ျဖစ္ပါတယ္။

သူတို႔ မိသားစု ဟာ သူတို႔ကို အထူး အဆန္း လာၾကည့္ တဲ့ နိုင္ငံျခားသား ေတြ ဆီကေန အခေၾကးေငြ ကို ေကာက္ခံ ျပီး အသက္ေမြး ဝမ္းေက်ာင္းမွဳ ျပဳခဲ့တယ္။ သူတို႔ ဟာ ျကည့္ရွုသူ တစ္ေယာက္ ခ်င္း စီ ကေန ရူပီးေငြ ေလးဆယ္ ယူတယ္ လို႔ သိရ ပါတယ္။

နာမည္ႀကီး ေဖ်ာ္ေျဖ တင္ဆက္သူ တစ္ေယာက္ ျဖစ္တဲ့ ဘာနမ္ ဟာ ၁၈၇၁ ခုနွစ္ ကတည္း က သူတို႔ကို အေမရိကန္ ေခၚျပီး သူ႕ရဲ႕ ( Greatest Show On Earth ) ဆိုတဲ့ ဆပ္ကပ္ပြဲ ႀကီးမွာ ျပစားဖို႔ ႀကဳိးစား ခဲ့တယ္။ ဒါေပမယ့္ ဘုရင္ က ခြင့္မျပဳ ခဲ့ဘူး။ ၁၈၈၅ မွာ ေတာ့ သီေပါမင္း နန္းက်ျပီး နန္းတြင္းေရး ေတြ ရွုပ္ေထြး ေနတဲ့ အခ်ိန္ မွာ မဖံုးတို႔ မိသားစု ဟာ ေနျပည္ေတာ္ ကေန ေတာတြင္း တစ္ေနရာ ကို ထြက္ေျပး ခဲ့ျကတယ္။ ေမာင္ဖိုးဆက္ ဟာ မ်က္စိ မေကာင္းေတာ့ တဲ့ မိခင္ မဖံုး ကို ေက်ာမွာ ပိုးျပီး ထြက္ေျပး ခဲ့တယ္လို႔ ဆိုပါတယ္။ ေတာ ထဲမွာ သူတို႔ ဒုကၡ ေရာက္ေနစဥ္ မွာပဲ သီေပါမင္း ထံမွာ အမွုထမ္း ခဲ့ဖူးတဲ့ အီတလီ လူမ်ိုး အရာရွိ ကပၸတိန္ ေပပါနို က ( Captain Paperno ) သူတို႔ ကို ရွာေတြ႔ ျပီး ကယ္တင္ ခဲ့တယ္။ ျပီးေတာ့ သူတို႔ ကို ဥပေရာ ကို ပို႔ဖို႔ စီစဥ္ ခဲ့ပါတယ္။၁၈၈၆ ဇြန္လ ထဲမွာ မမိ ကြယ္လြန္ ခဲ့တယ္ လို႔ ဆိုပါတယ္။ အသက္၂၃ နွစ္ အရြယ္ ေလာက္ မွာ ျဖစ္ ပါလိမ့္မယ္။ ၁၈၈၆ ေႏြရာသီ မွာ ေတာ့ သူတို႔ကို လန္ဒန္ၿမိဳ ့ပီကာ ဒလီ လမ္း ေပၚက Egyptian Hall မွာ ျပန္လည္ ေတြ႔ျမင္ ရပါတယ္။

၁၈၈၆ ခုနွစ္ ေႏြ ရာသီမွာ မဖံုး နဲ႔ ေမာင္ဖိုးဆက္ တို႕ အဂၤလန္ကို ေရာက္လာခဲ့ပါတယ္။ အဲဒီ အခ်ိန္မွာ မဖံုး အသက္ က ၆၂ နွစ္ ေလာက္ ရွိေနျပီ ျဖစ္ျပီး မ်က္စိ လည္း ကြယ္ ေနပါျပီ။ ဘာနမ္ လည္း သူတို႔ ရွိရာ အဂၤလန္ ကို လိုက္လာ ပါတယ္။ သူ႔ အျကံ က အေမရိကား မွာ စီစဥ္ တင္ဆက္ေန တဲ့ သူ႔ရဲ့ ပြဲထဲမွာ မဖံုး တို႔ သားအမိ နွစ္ေယာက္ ကို ျပသ ဖို႔ပါပဲ။ဒါေပမယ့္ သူ့ထက္ အရင္ လာျပီး စည္းရံုး ေနတဲ့ အျခားေသာ ပြဲ စီစဥ္ေနသူ ေတြ လည္း အဲဒီကို ျကိုေရာက္ ေနတာကို ေတြ႔ခဲ့ ရတယ္။ ေနာက္ဆံုး မွာေတာ့ ဘာနမ္ ဟာ အျခား သူေတြေပး တဲ့ ေစ်းထက္ အမ်ားႀကီး ပိုေပးျပီး သူတို႔ မိသားစု ကို ၁နွစ္ စာခ်ဳပ္ နဲ႔ သူ႔ဆီမွာ ျပသ ဖို႔ သေဘာ တူညီခ်က္ ရရွိခဲ့ ပါတယ္။ မဖံုး နဲ႔ သားျဖစ္သူ တို႔ဟာ ၁၈၈၇ မွာ လန္ဒန္ ကေန ျပင္သစ္ နိုင္ငံ က နာမည္ ေက်ာ္ Folies Bergere ကို လည္း ေရာက္သြား ခဲ့ပါေသး တယ္။ အဲဒီေနာက္ သူတို႔ ဟာ ဘာနမ္ နဲ႔ သေဘာ တူညီခ်က္ အရ အေမရိကန္ က ဘာနမ္ ရဲ့ ဆပ္ကပ္ပြဲ ေတြမွာ လိုက္ပါ ေဖ်ာ္ေျဖ ခဲ့ၾကတယ္။

စာခ်ဳပ္ သက္တမ္း မကုန္ဆံုး မီကာလ ၁၈၈၈ ခုနွစ္ ေဖေဖာ္ဝါရီလ မွာ ေတာ့ မဖံုး ဟာ အေမရိကန္ နိုင္ငံ ဝါရွင္တန္ ဒီစီ မွာ ကြယ္လြန္ ခဲ့တယ္။ ၁၈၅၅ ကပၸတိန္ ဟနရီယူး(လ္) လာတုန္း က သူမ အသက္က ၃၁နွစ္ ဆို ခဲ့ေတာ့ ကြယ္လြန္ ခ်ိန္မွာ အသက္ ၆၄ နွစ္လို႕ မွတ္ယူ ရပါတယ္။သူ႔ စ်ာပနကို ဝါရွင္တန္ ဒီစီ သခၤ်ိဳင္းမွာပဲ ျမန္မာ ထံုးတမ္း စဥ္လာ အတိုင္း သၿဂဳိဟ္ ခဲ့တယ္ လို႕ သိရပါတယ္။

မဖံုး ကြယ္လြန္ သြား ေပမယ့္ ေမာင္ ဖိုးဆက္ ဟာ သူ႕ မိန္းမနဲ႕ အတူ ဆက္ျပီး ပြဲေတြ ျပသ ခဲ့တယ္ လို႕ ယူဆရ ပါတယ္။ သူ့မိန္းမ ဟာ တခ်ိန္ က နန္းတြင္း အပ်ိဳေတာ္ တစ္ဦး ျဖစ္ပါ တယ္။ ေမာင္ဖိုးဆက္ ဟာ တစ္ကိုယ္ လံုး အေမြးေတြ ဖံုးေနေပမယ့္ ခါးကေန စျပီး ဒူးအထိ မင္ေၾကာင္ အျပည့္ ထိုးထား တယ္ နူးညံ့ သိမ္ေမြ႔ျပီး ဉာဏ္ရည္ လည္း မနိမ့္က် သလို ဆက္ဆံေရး ေကာင္းမြန္ တယ္လို႔ J.J. Weir ဆိုသူ ကလည္း မွတ္တမ္း တင္ခဲ့တယ္။

ေမာင္ ဖိုးဆက္ အေၾကာင္း ေနာက္ဆံုး ေတြ႔ ရတာက ၁၈၉၄ ခုနွစ္မွာ ထုတ္ေဝ ခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မွာပါ။ အဲဒီ အထဲက ဆရာဝန္ တစ္ေယာက္ ဟာ ေမာင္ဖိုးဆက္ ကို ၁၈၉၁ မွာ ေတြ႔ဆံု ခဲ့တယ္ လို႕ ဆိုပါတယ္။ သူ႔ရဲ့ သြားေတြ ကို စစ္ေဆး ၾကည့္ဖို႕ ႀကဳိးစား ေပမယ့္ ပြဲ စီစဥ္သူ ေတြက ခြင့္မျပဳ ခဲ့ဘူး လို႔ ဆိုပါတယ္။ အဲဒီ ေနာက္ပိုင္း မွာေတာ့ သူတို႕ ရဲ့ သတင္းေတြ ေပ်ာက္ကြယ္ သြားခဲ့တယ္။


မြန်မာ့သမိုင်းထဲက လူမျောက်မိသားစု အကြောင်း (unicode)

ပထမဆုံး လူမျောက် ဖြစ်တဲ့ ဦးရွှေမောင် ကို ၁၇၉၆ ခုနှစ် မှာ သံလွင်မြစ် ( သို့ ) မုတ္တမြစ် ဘေးက လော နိုင်ငံ မိုင်းရုံးကြီး နယ် မှာ မွေးဖွား ခဲ့တယ်။ ( ပထဝီ အခြေ အနေနဲ့ အခေါ်အဝေါ် အရ အဲဒီ ဒေသ ဟာ အခု ထိုင်း နိုင်ငံ ထဲက Mae Yong ပဲ ဖြစ်ဖို့များပါတယ် ) အဲဒီဒေသကို အပိုင်စား တဲ့ စော်ဘွားတစ်ယောက် က ထူးထူး ဆန်းဆန်း အမွေးအမျှင်တွေ နဲ့ ကလေးငယ်ကို မြန်မာဘုရင် ထံ အထူးအဆန်း လက်ဆောင်ပဏ္ဏာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက် ငါးနှစ်သားအရွယ် မှာ အင်းဝဘုရင်ထံ ကို ရောက်လာ ပါတယ်။ သူ့ တစ်ကိုယ်လုံးမှာ အမွေး နုနုလေး တွေ ရှည်လျားစွာ ပေါက်နေတယ်။ သူ့မျက်လုံး အသားအရေပုံစံ စတာ တွေ က မြန်မာတွေ နဲ့ မတူဘူး လို့ ဆိုပါတယ်။ ( ဒီ အဖြစ်အပျက် တွေ ကို ၁၈၂၆ မှာ ပထမဆုံး မှတ်တမ်း တင်နိုင် ခဲ့တဲ့ အင်္ဂလိပ် သံအဖွဲ့ က ကရောဖို့ (ဒ်) မှတ်တမ်း ကို လူထု ဒေါ်အမာ ဆောင်းပါး ထဲမှာ ဖတ်နိုင် ပါတယ်)

ရွှေမောင် ဟာ အဲဒီကတည်းက နန်းတွင်းမှာ ပျော်တော်ဆက် အဖြစ်နဲ့ကြီးပြင်း လာခဲ့တယ်။ မျောက်တွေ လို ကပြ ဖျော်ဖြေ ရပါသတဲ့။ သူ့မိဘတွေ မှာရော သူတို့ မျိုးနွယ်စု ထဲမှာပါ သူ့လို အမွေးအမျှင်တွေ မရှိဘူး လို့ သူက ပြောပါတယ်။ လူပျို အဖြစ်ကို အသက်၂၀ အရွယ် မှ ရောက်ပါ တယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင် (ဘကြီးတော်ဘုရား)က သူ့ကို လှတဲ့ နန်းတွင်းသူ တစ်ယောက်နဲ့ လက်ထပ် ပေးပါတယ်။ သူတို့ ကလေး လေးယောက် ရခဲ့တယ်။ အားလုံးက မိန်းခလေး တွေ ချည်းပါပဲ။ နှစ်ယောက် ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါး သွားခဲ့ပြီး တတိယသမီးလေး က မိခင် ဖြစ်သူ နဲ့ အတော်ကိုတူပါ သတဲ့။ နောက်ဆုံး ၂ နှစ်အရွယ် ကလေး တစ်ယောက်ကတော့ သူ့လိုပဲ အမွေးအမျှင် တွေနဲ့ ဖြစ်လာ တယ်။ အဲဒီ အငယ်ဆုံးသမီး က ရွှေမောင်ရဲ့ အမွေ ကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်) ရဲ့ စာအုပ် ထဲမှာ ကိုရွှေမောင် နဲ့ သမီး မဖုံး ရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ ကိုရွှေမောင် ရဲ့ ပုံက ဟုတ်ပေမယ့် မဖုံး ရဲ့ ပုံက မှား နေတယ် လို့ နောက်ပိုင်း မှာ ဟင်နရီနယူး(လ်) က ထောက်ပြ ခဲ့ပါတယ်။

သူ့မှတ်တမ်းထဲမှာ မဖုံးရဲ့ပုံကိုဒီလိုရေးထားပါတယ်။
မယ်ဖုံ၏အနေအထိုင်မှာကား ပိရိယဉ်ကျေးလှပေသည်။ သူ့အသံမှာပျော့ပျောင်းနူးညံ့၍သာယာလှသည်။ သူ့မျက်နှထားမှာအေးဆေးတည်ကြည်သည်။အလွန်လည်းမွန်ရည်သည်။ သူ့ခန္ဓာကိုယ်တခုလုံးကိုခြုံကြည့်လိုက်လျှင် မိန်းမချောတယောက် မျက်နှာဖုံးတပ်ဆင်ထားသည်နှင့်သာ တူလှသည်။များမကြာမီသူမ၏ ယောက်ျားဖြစ်သူပေါ်ပေါက်လာပါသည်။ မယ်ဖုံနှင့်ရသော သားယောက်ျားလေး၂ယောက်ပါလာသည်။ ၎င်း၂ဦးအနက် သားအကြီးမှာလူသားပကတိပင်ဖြစ်၍ ခန္ဓာကိုယ်၌ အမွေးအမှင်များပေါက်သည်ကိုမတွေ့ရပါ။ ကလေးငယ်မှာမူ မိခင်နှင့်လွန်စွာတူပြီးလျှင် ၁၄လအရွယ်နှင့်ပင် နားပေါ်၌အမွေးများစုံစုံလင်လင်ပေါက်နေပြီဖြစ်ကြောင်းတွေ့ရသည်။ ဤကလေးများမှာ လူမျောက်ရွှေမောင်၏မြေးငယ်များဖြစ်၍ မယ်ဖုံမှာရွှေမောင်၏သမီးအရင်းဖြစ်သည်။ မယ်ဖုံ၏သွားများကိုစစ်ဆေးကြည့်ရှုသည့်အခါတွင် သူ့အဖေရွှေမောင်ကဲ့သို့ပင် အသွားဟူ၍အလျဉ်းမရှိပဲ ရှေ့ပိုင်းမျှလောက်သာရှိသည်။ အံနေရာတွင်ကား မာကျောသောသွားဖုံးများလောက်သာရှိပြီး ၎င်းတို့နှင့်ပင်အစားအစာများကို ကောင်းစွာဝါးနိုင်သည်ဟုဆိုသည်။

အဲဒီနောက် ၁၈၅၅ မှာ အင်းဝကို ကပ္ပတိန် ဟင်နရီယူး(လ်) ရောက် လာခဲ့ ပါတယ်။ သူတို့ ရောက်လာချိန် မှာတော့ ကိုရွှေမောင့် သမီး မဖုံး ဟာ အသက် ၃၁ အရွယ် ရှိနေ ပါပြီ။ သူ့ကို အီတလီ လူမျိုး တစ်ယောက် က လက်ထပ်ပြီး နိုင်ငံခြား ကို ခေါ်သွားဖို့ ကြိုးစား ပါသေး တယ်။ ဒါပေမယ့် သီပေါမင်း က ခွင့်မပြု ခဲ့ပါဘူး။ နောက်ဆုံး တော့ မဖုံးကို ဘုရင် ကပဲ သာမန် အရပ်သား တစ်ယောက် နဲ့ လက်ထပ် ပေးခဲ့ တာလို့ ဆိုရ ပါမယ်။ ဟင်နရီယူး(လ်) တို့ လာရောက် ချိန်မှာ မဖုံး မှာ သားလေး နှစ်ယောက် တောင် ရနေ ပါပြီ။ ဦးရွှေမောင် ကတော့ လူဆိုး ဓားပြတွေ သတ်ဖြတ် လို့ ကွယ်လွန် ပြီးခဲ့ပြီ လို့ သိရ ပါတယ်။ မဖုံး ဟာ လည်း သူ့ အဖေ ဦးရွှေမောင် လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည် တွေနဲ့ ဖုံးလို့ နေပါတယ်။ မဖုံး ကနေ သားသမီး သုံးယောက် မွေးဖွား ခဲ့ပြီး အဲဒီ အထဲက မောင်ဖိုးဆက် နဲ့ မမိ တို့ဟာ မဖုံး လိုပဲ တစ်ကိုယ်လုံး မှာ အမွေးတွေနဲ့ ဖြစ်ပါတယ်။

သူတို့ မိသားစု ဟာ သူတို့ကို အထူး အဆန်း လာကြည့် တဲ့ နိုင်ငံခြားသား တွေ ဆီကနေ အခကြေးငွေ ကို ကောက်ခံ ပြီး အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ ဟာ ကြည့်ရှုသူ တစ်ယောက် ချင်း စီ ကနေ ရူပီးငွေ လေးဆယ် ယူတယ် လို့ သိရ ပါတယ်။

နာမည်ကြီး ဖျော်ဖြေ တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ဘာနမ် ဟာ ၁၈၇၁ ခုနှစ် ကတည်း က သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့ ( Greatest Show On Earth ) ဆိုတဲ့ ဆပ်ကပ်ပွဲ ကြီးမှာ ပြစားဖို့ ကြိုးစား ခဲ့တယ်။ ဒါပေမယ့် ဘုရင် က ခွင့်မပြု ခဲ့ဘူး။ ၁၈၈၅ မှာ တော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေး တွေ ရှုပ်ထွေး နေတဲ့ အချိန် မှာ မဖုံးတို့ မိသားစု ဟာ နေပြည်တော် ကနေ တောတွင်း တစ်နေရာ ကို ထွက်ပြေး ခဲ့ကြတယ်။ မောင်ဖိုးဆက် ဟာ မျက်စိ မကောင်းတော့ တဲ့ မိခင် မဖုံး ကို ကျောမှာ ပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တော ထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ် မှာပဲ သီပေါမင်း ထံမှာ အမှုထမ်း ခဲ့ဖူးတဲ့ အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနို က ( Captain Paperno ) သူတို့ ကို ရှာတွေ့ ပြီး ကယ်တင် ခဲ့တယ်။ ပြီးတော့ သူတို့ ကို ဥပရော ကို ပို့ဖို့ စီစဉ် ခဲ့ပါတယ်။၁၈၈၆ ဇွန်လ ထဲမှာ မမိ ကွယ်လွန် ခဲ့တယ် လို့ ဆိုပါတယ်။ အသက်၂၃ နှစ် အရွယ် လောက် မှာ ဖြစ် ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီ မှာ တော့ သူတို့ကို လန်ဒန်မြို့ပီကာ ဒလီ လမ်း ပေါ်က Egyptian Hall မှာ ပြန်လည် တွေ့မြင် ရပါတယ်။

၁၈၈၆ ခုနှစ် နွေ ရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက် တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီ အချိန်မှာ မဖုံး အသက် က ၆၂ နှစ် လောက် ရှိနေပြီ ဖြစ်ပြီး မျက်စိ လည်း ကွယ် နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန် ကို လိုက်လာ ပါတယ်။ သူ့ အကြံ က အမေရိကား မှာ စီစဉ် တင်ဆက်နေ တဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံး တို့ သားအမိ နှစ်ယောက် ကို ပြသ ဖို့ပါပဲ။ဒါပေမယ့် သူ့ထက် အရင် လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေ လည်း အဲဒီကို ကြိုရောက် နေတာကို တွေ့ခဲ့ ရတယ်။ နောက်ဆုံး မှာတော့ ဘာနမ် ဟာ အခြား သူတွေပေး တဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစု ကို ၁နှစ် စာချုပ် နဲ့ သူ့ဆီမှာ ပြသ ဖို့ သဘော တူညီချက် ရရှိခဲ့ ပါတယ်။ မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ် နိုင်ငံ က နာမည် ကျော် Folies Bergere ကို လည်း ရောက်သွား ခဲ့ပါသေး တယ်။ အဲဒီနောက် သူတို့ ဟာ ဘာနမ် နဲ့ သဘော တူညီချက် အရ အမေရိကန် က ဘာနမ် ရဲ့ ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါ ဖျော်ဖြေ ခဲ့ကြတယ်။

စာချုပ် သက်တမ်း မကုန်ဆုံး မီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာ တော့ မဖုံး ဟာ အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ မှာ ကွယ်လွန် ခဲ့တယ်။ ၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်း က သူမ အသက်က ၃၁နှစ် ဆို ခဲ့တော့ ကွယ်လွန် ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူ ရပါတယ်။သူ့ ဈာပနကို ဝါရှင်တန် ဒီစီ သင်္ချိုင်းမှာပဲ မြန်မာ ထုံးတမ်း စဉ်လာ အတိုင်း သဂြိုဟ် ခဲ့တယ် လို့ သိရပါတယ်။

မဖုံး ကွယ်လွန် သွား ပေမယ့် မောင် ဖိုးဆက် ဟာ သူ့ မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသ ခဲ့တယ် လို့ ယူဆရ ပါတယ်။ သူ့မိန်းမ ဟာ တချိန် က နန်းတွင်း အပျိုတော် တစ်ဦး ဖြစ်ပါ တယ်။ မောင်ဖိုးဆက် ဟာ တစ်ကိုယ် လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေ စပြီး ဒူးအထိ မင်ကြောင် အပြည့် ထိုးထား တယ် နူးညံ့ သိမ်မွေ့ပြီး ဉာဏ်ရည် လည်း မနိမ့်ကျ သလို ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူ ကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင် ဖိုးဆက် အကြောင်း နောက်ဆုံး တွေ့ ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေ ခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီ အထဲက ဆရာဝန် တစ်ယောက် ဟာ မောင်ဖိုးဆက် ကို ၁၈၉၁ မှာ တွေ့ဆုံ ခဲ့တယ် လို့ ဆိုပါတယ်။ သူ့ရဲ့ သွားတွေ ကို စစ်ဆေး ကြည့်ဖို့ ကြိုးစား ပေမယ့် ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူး လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း မှာတော့ သူတို့ ရဲ့ သတင်းတွေ ပျောက်ကွယ် သွားခဲ့တယ်။

Leave a Reply