ေသဒဏ္မွ လြတ္ေစတဲ့ကဗ်ာ နဲ႔ အနႏၱသူရိယ ေနာက္တစ္ေယာက္

Posted on

ေသဒဏ္မွ လြတ္ေစတဲ့ ကဗ်ာ

သကၠရာဇ္ ၅၃၆ ခု မွာ နရပတိစည္သူဟာ ေနာင္ေတာ္မင္းယဥ္နရ သိခၤကုိ လုပ္ႀကံ၍ နန္းတက္ခဲ့ပါတယ္။ လုပ္ႀကံရတဲ့ အေႀကာင္းအရင္း ကေတာ့ ေ၀ဠဳ၀တီ ဆုိတဲ့ မိဖုရားတစ္ပါးေႀကာင့္ ၿဖစ္ပါတယ္။ ဒါေႀကာင့္ လည္း သူတုိ႔ညီေနာင္ကုိ ဣထၳိယအတြက္ သိကၡာမေစာင့္စည္းသူမ်ား အၿဖစ္မွတ္တမ္းတင္ခံခဲ့ရပါတယ္။

နရပတိစည္သူ နန္းတက္ေတာ့ သူ႔ေနာင္ေတာ္ မင္းယဥ္နရသိခၤရဲ႕ခင္မင္ရင္းႏွီးသူေတြကုိ အယုံအႀကည္မရွိတာေႀကာင့္ သတ္ခုိင္းခဲ့ပါတယ္။ ဒီအထဲမွာ အထိန္းေတာ္သား အနႏၱသူရိယ အမတ္ႀကီး လည္း ပါ၀င္ခဲ့ပါတယ္။ သတ္ေစဟု သူသတ္တုိ႔လက္ေရာက္တဲ့အခါ အမတ္ႀကီးဟာ သူသတ္တုိ႔ကုိ ခတၱဆုိင္းငံေစကာ ကဗ်ာတစ္ပုဒ္ေရးၿပီး မင္းႀကီးအား ဆက္သပါဟု မွာခဲ့ပါတယ္။

ထုိကဗ်ာကား မ်က္ေျဖလကၤာဟု အမ်ားသိႀကသည့္ ကဗ်ာပင္။

(၁) သူတည္းတစ္ေယာက္ ၊ ေကာင္းဖို႔ေရာက္မူ ၊ သူတစ္ေယာက္မွာ ၊ ပ်က္လင့္ကာသာ ၊ ဓမၼတာတည္း။

(၂) ေရႊအိမ္နန္းႏွင့္ ၊ ၾကငွန္းလည္းခံ ၊ မတ္ေပါင္းရံလ်က္ ၊ ေပ်ာ္စံရိပ္ၿငိမ္ ၊ စည္းစိမ္မကြာ ၊ မင္းခ်မ္းသာကား ၊ သမုဒၵရာ ၊ ေရမ်က္ႏွာထက္ ၊ ခဏတက္သည္ ၊ ေရပြက္ပမာ ၊ တစ္သက္လ်ာတည္း။

(၃) ၾကင္နာသနား ၊ ငါ့အားမသတ္ ၊ ယခုလႊတ္လည္း ၊ မလြတ္ၾကမၼာ ၊ လူတကာတို႔ ၊ ခႏၶာခိုင္က်ည္ ၊ အတည္မၿမဲ ၊ ေဖာက္လြဲတတ္သည္ ၊ မခြ်တ္စသာ ၊ သတၲဝါတည္း။

(၄) ရွိခိုးေကာ္ေရာ္ ၊ ပူေဇာ္အကြ်န္ ၊ ပန္ခဲ့တံု၏ ၊ ခိုက္ၾကံဳဝိပါက္ ၊ သံသာစက္မွ ၊ ႀကိဳက္လတ္တြန္မူ ၊ တုံ႔မယူလို ၊ ၾကည္ညိုစိတ္သန္ ၊ သခင္မြန္ကို ၊ ခ်န္ဘိစင္စစ္ ၊ အျပစ္မဲ့ေရး ၊ ခြင့္လ်ွင္ေပး၏ ၊ ေသြးသည္အနိစၥာ ၊ ငါ့ခႏၶာတည္း။

သူသတ္တုိ႔က မင္းႀကီးအား ဤစာကို ဆက္၏။ ဖတ္၍မင္းႀကီးႀကားေသာ္ မွားမွန္းသိ၍ ေနာင္တရၿပီး လႊတ္ေစဟု အမိန္႔ေပး လုိက္ပါတယ္။ သုိ႔ေသာ္ သူသတ္တုိ႔က သတ္ႏွင့္ၿပီး ၿဖစ္ပါတယ္။

ကဗ်ာ၏ အဓိပၸါယ္မွာ ရုိး၏၊ ရွင္း၏၊ ထုိ႔အတူ အဓိပၸါယ္လည္းသြားလွ၏။ မင္းႀကီးမွာ အၿမဲတေအာက္ေမ့ေမ့ ေနာင္တႀကီးစြာရေနပါတယ္။ ထုိ အခ်ိန္ကစလုိ႔ “ေနာင္ ငါကသတ္ေစဟု အမိန္႔ရွိေသာ္လည္း တစ္လေလးသီတင္းထား၍ စစ္ေႀကာဘိ၊ ေသတန္မွ ေသေစ” ဟု အမိန္႔ ထုတ္ေတာ္မူပါတယ္။

ဒီကဗ်ာအတုိင္းပင္ ေလာကမွာ သူတစ္ေယာက္ေကာင္းဖုိ႔ အၿခား သူတစ္ေယာက္မွာ ပ်က္ရပါတယ္။ တစ္ခါတစ္ေလ တစ္ေယာက္
သာမဟုတ္ မ်ားစြာပင္ ပ်က္ရတာ မ်က္ၿမင္မဟုတ္ပါလား..

အနႏၱသူရိယ ေနာက္တစ္ေယာက္

သူတည္းတစ္ေယာက္ ေကာင္းဖုိ႔ေရာက္မူ အစခ်ီေသာ မ်က္ေၿဖလကၤာကုိေရးသြားခဲ့သူ အနႏၱသူရိယ အမတ္ႀကီးအျပင္ အျခား အနႏၱသူရိယတစ္ေယာက္လည္းေပၚေပါက္ခဲ့ပါေသးတယ္။ နရပတိစည္သူမင္းလက္ထက္မွာပါပဲ။

တစ္ခါေသာ္ ပုဂံ နရပတိစည္သူမင္းႀကီးသည္ စစ္ကုိင္းတစ္ဖက္ကမ္းရွိ ဘုရားႏွစ္ဆူကုိ ထီးေတာ္တင္မည္ဟု ေရႊေဖာင္ေတာ္ႏွင့္ ဆန္လာခဲ့သည္။ ထုိသုိ႔ ဆန္ေနစဥ္ မိေခ်ာင္းႀကီးတစ္ေကာင္က ေရႊေဖာင္ကုိ ေက်ာကုန္းၿဖင့္ရြက္ကာ ေႏွာက္ယွက္ေလ၏။ ရမန္ငေထြး ဟူေသာ သူရဲေကာင္း တစ္ေယာက္ကုိ သန္လွ်က္ေပးကာ ေရထဲသုိ႔ ဆင္းေစၿပီး မိေက်ာင္းကို သတ္ေစရာ မိေခ်ာင္းႀကီးေသေလ၏။

ပထမတစ္ခါတုန္းကလည္း ဤသူရဲေကာင္းသည္ က်ားကုိတစ္ေယာက္ခ်င္း ၊ ဆင္ကုိ တစ္ေယာက္ခ်င္း သတ္ခဲ့ၿပီးၿပီၿဖစ္သည္။ က်ားတုိ႔ ဆင္တုိ႔မွာ ကုန္းသတၱ၀ါမ်ားၿဖစ္၍ ၿမင္ရသည္။ မိမိမၿမင္ႏုိင္ေသာေနရာေရေအာက္သုိ႔ဆင္းကာ မိေခ်ာင္းႏွင့္ သတ္၀ံ့သည္ကား အလြန္အံႀသခ်ီးမြမ္းဖြယ္ ၿဖစ္သည္။ မင္းႀကီးလည္း ဤသုိ႔ ရဲရင့္ေသာ သူရဲေကာင္း ရမန္ငေထြး အား အနႏၱသူရိယ ဟူေသာအမည္ကုိေပးကာ နယ္စြန္ နယ္ဖ်ားမွ ခုိးသား ၊ ဓားၿပ ၊ သူပုန္တုိ႔ကုိ ႏွိမ္ႏွင္းေစရာ ရန္သူကုိ အရွင္ရေအာင္ ဖမ္းယူခဲ့သည္သာ မ်ား၏။

အနႏၱသူရိယသည္ ႏွလံုးရည္ဘက္ကလည္း ျပည့္စုံသူၿဖစ္သည္။ ထိုအမတ္ သူရဲေကာင္းသည္ ေပါင္းေလာင္းရွင္ မဟာကႆပမေထရ္ႀကီးကို ဆရာျပဳ၍ ဘုရား ၊ သိမ္ ၊ ေက်ာင္းႀကီးစြာ ေဆာက္လုပ္ၿပီးေသာ္ ထို လႉေသာတန္ဖိုး စရိတ္တို႕ကိုစာရင္းေရး၍ မင္းႀကီး ေရွ႕ေတာ္ဝယ္ ဖတ္ေစၿပီးေသာ္ သာဓု ေခၚေတာ္မူရ၏။

မင္းႀကီးကလည္း အနႏၱသူရိယသည္ ငါ၏အက်ိဳးကို ယခုဘဝအတြက္ ၊ ေနာင္သံသရာအတြက္ ႏွစ္ရပ္လံုး ေဆာင္ရြက္ေပသည္ဟု ႏွစ္လုိစြာ မိန္႔ေတာ္မူၿပီး မိဖုရားငယ္တြင္ ျမင္ေသာ (ေဇယ်သိခၤ(ထီးလုိမင္းလုိ)၏ ႏွမေတာ္) မင္းသမီးႏွင့္စံုဖက္ေတာ္မူ၍ ႀကီးစြာေသာ အေဆာင္ အေယာင္တုိ႔ ကို ေပးသနားေတာ္ မူေလသတည္း။

Ref:
ၿမန္မာ့ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ – ဦးဖုိးက်ား
ရာဇ၀င္ထဲက နာမည္တူမ်ား – တင္ႏုိင္တုိး
ၿမန္မာ့စြယ္စုံက်မ္း


သေဒဏ်မှ လွတ်စေတဲ့ကဗျာ နဲ့ အနန္တသူရိယ နောက်တစ်ယောက် (unicode)

သေဒဏ်မှ လွတ်စေတဲ့ ကဗျာ

သက္ကရာဇ် ၅၃၆ ခု မှာ နရပတိစည်သူဟာ နောင်တော်မင်းယဉ်နရ သိင်္ခကို လုပ်ကြံ၍ နန်းတက်ခဲ့ပါတယ်။ လုပ်ကြံရတဲ့ အကြောင်းအရင်း ကတော့ ဝေဠုဝတီ ဆိုတဲ့ မိဖုရားတစ်ပါးကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လည်း သူတို့ညီနောင်ကို ဣထ္ထိယအတွက် သိက္ခာမစောင့်စည်းသူများ အဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။

နရပတိစည်သူ နန်းတက်တော့ သူ့နောင်တော် မင်းယဉ်နရသိင်္ခရဲ့ခင်မင်ရင်းနှီးသူတွေကို အယုံအကြည်မရှိတာကြောင့် သတ်ခိုင်းခဲ့ပါတယ်။ ဒီအထဲမှာ အထိန်းတော်သား အနန္တသူရိယ အမတ်ကြီး လည်း ပါဝင်ခဲ့ပါတယ်။ သတ်စေဟု သူသတ်တို့လက်ရောက်တဲ့အခါ အမတ်ကြီးဟာ သူသတ်တို့ကို ခတ္တဆိုင်းငံစေကာ ကဗျာတစ်ပုဒ်ရေးပြီး မင်းကြီးအား ဆက်သပါဟု မှာခဲ့ပါတယ်။

ထိုကဗျာကား မျက်ဖြည်လင်္ကာဟု အများသိကြသည့် ကဗျာပင်။

(၁) သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊ သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း။

(၂) ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းခံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊ သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊ ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း။

(၃) ကြင်နာသနား ၊ ငါ့အားမသတ် ၊ ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည် ၊ အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊ မချွတ်စသာ ၊ သတ္တဝါတည်း။

(၄) ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊ ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊ သံသာစက်မှ ၊ ကြိုက်လတ်တွန်မူ ၊ တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊ သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊ အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊ သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။

သူသတ်တို့က မင်းကြီးအား ဤစာကို ဆက်၏။ ဖတ်၍မင်းကြီးကြားသော် မှားမှန်းသိ၍ နောင်တရပြီး လွှတ်စေဟု အမိန့်ပေး လိုက်ပါတယ်။ သို့သော် သူသတ်တို့က သတ်နှင့်ပြီး ဖြစ်ပါတယ်။

ကဗျာ၏ အဓိပ္ပါယ်မှာ ရိုး၏၊ ရှင်း၏၊ ထို့အတူ အဓိပ္ပါယ်လည်းသွားလှ၏။ မင်းကြီးမှာ အမြဲတအောက်မေ့မေ့ နောင်တကြီးစွာရနေပါတယ်။ ထို အချိန်ကစလို့ “နောင် ငါကသတ်စေဟု အမိန့်ရှိသော်လည်း တစ်လလေးသီတင်းထား၍ စစ်ကြောဘိ၊ သေတန်မှ သေစေ” ဟု အမိန့် ထုတ်တော်မူပါတယ်။

ဒီကဗျာအတိုင်းပင် လောကမှာ သူတစ်ယောက်ကောင်းဖို့ အခြား သူတစ်ယောက်မှာ ပျက်ရပါတယ်။ တစ်ခါတစ်လေ တစ်ယောက်
သာမဟုတ် များစွာပင် ပျက်ရတာ မျက်မြင်မဟုတ်ပါလား..

အနန္တသူရိယ နောက်တစ်ယောက်

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ အစချီသော မျက်ဖြေလင်္ကာကိုရေးသွားခဲ့သူ အနန္တသူရိယ အမတ်ကြီးအပြင် အခြား အနန္တသူရိယတစ်ယောက်လည်းပေါ်ပေါက်ခဲ့ပါသေးတယ်။ နရပတိစည်သူမင်းလက်ထက်မှာပါပဲ။

တစ်ခါသော် ပုဂံ နရပတိစည်သူမင်းကြီးသည် စစ်ကိုင်းတစ်ဖက်ကမ်းရှိ ဘုရားနှစ်ဆူကို ထီးတော်တင်မည်ဟု ရွှေဖောင်တော်နှင့် ဆန်လာခဲ့သည်။ ထိုသို့ ဆန်နေစဉ် မိချောင်းကြီးတစ်ကောင်က ရွှေဖောင်ကို ကျောကုန်းဖြင့်ရွက်ကာ နှောက်ယှက်လေ၏။ ရမန်ငထွေး ဟူသော သူရဲကောင်း တစ်ယောက်ကို သန်လျှက်ပေးကာ ရေထဲသို့ ဆင်းစေပြီး မိကျောင်းကို သတ်စေရာ မိချောင်းကြီးသေလေ၏။

ပထမတစ်ခါတုန်းကလည်း ဤသူရဲကောင်းသည် ကျားကိုတစ်ယောက်ချင်း ၊ ဆင်ကို တစ်ယောက်ချင်း သတ်ခဲ့ပြီးပြီဖြစ်သည်။ ကျားတို့ ဆင်တို့မှာ ကုန်းသတ္တဝါများဖြစ်၍ မြင်ရသည်။ မိမိမမြင်နိုင်သောနေရာရေအောက်သို့ဆင်းကာ မိချောင်းနှင့် သတ်ဝံ့သည်ကား အလွန်အံဩချီးမွမ်းဖွယ် ဖြစ်သည်။ မင်းကြီးလည်း ဤသို့ ရဲရင့်သော သူရဲကောင်း ရမန်ငထွေး အား အနန္တသူရိယ ဟူသောအမည်ကိုပေးကာ နယ်စွန် နယ်ဖျားမှ ခိုးသား ၊ ဓားပြ ၊ သူပုန်တို့ကို နှိမ်နှင်းစေရာ ရန်သူကို အရှင်ရအောင် ဖမ်းယူခဲ့သည်သာ များ၏။

အနန္တသူရိယသည် နှလုံးရည်ဘက်ကလည်း ပြည့်စုံသူဖြစ်သည်။ ထိုအမတ် သူရဲကောင်းသည် ပေါင်းလောင်းရှင် မဟာကဿပမထေရ်ကြီးကို ဆရာပြု၍ ဘုရား ၊ သိမ် ၊ ကျောင်းကြီးစွာ ဆောက်လုပ်ပြီးသော် ထို လှူသောတန်ဖိုး စရိတ်တို့ကိုစာရင်းရေး၍ မင်းကြီး ရှေ့တော်ဝယ် ဖတ်စေပြီးသော် သာဓု ခေါ်တော်မူရ၏။

မင်းကြီးကလည်း အနန္တသူရိယသည် ငါ၏အကျိုးကို ယခုဘဝအတွက် ၊ နောင်သံသရာအတွက် နှစ်ရပ်လုံး ဆောင်ရွက်ပေသည်ဟု နှစ်လိုစွာ မိန့်တော်မူပြီး မိဖုရားငယ်တွင် မြင်သော (ဇေယျသိင်္ခ(ထီးလိုမင်းလို)၏ နှမတော်) မင်းသမီးနှင့်စုံဖက်တော်မူ၍ ကြီးစွာသော အဆောင် အယောင်တို့ ကို ပေးသနားတော် မူလေသတည်း။

Ref:
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – ဦးဖိုးကျား
ရာဇဝင်ထဲက နာမည်တူများ – တင်နိုင်တိုး
မြန်မာ့စွယ်စုံကျမ်း

Leave a Reply