ႏုိင္ငံႏွစ္ႏုိင္ငံ တစ္၀က္စီပုိင္တဲ့ ၿမဳိ႕ကေလး (သုိ႔) Dinxperlo

Posted on

ကြ်န္ေတာ္တုိ႔အမ်ားစုသိၾကတာက ၿမဳိ႕တစ္ၿမဳိ႕ကုိ ႏုိင္ငံတစ္ႏုိင္ငံတည္းကသာ ပုိင္တယ္ဆုိတာပါ။ ဒါေပမယ့္ ႏုိင္ငံ ႏွစ္ႏုိင္ငံ တစ္၀က္စီပုိင္တဲ့ၿမဳိ႕ရွိေနတယ္ဆုိရင္ မိတ္ေဆြအံၾသသြားမွာလား။ တကယ္ရွိပါတယ္။

ဒီၿမဳိ႕ေလးကေတာ့ Dinxperlo ဆုိတဲ့ၿမဳိ႕ငယ္ေလးတစ္ခုျဖစ္ၿပီး နယ္သာလန္ႏုိင္ငံ အေရွွ႕ပုိင္း ဂ်ာမနီနယ္စပ္မွာတည္ရွိပါတယ္။ လူဦးေရ ၇၄၀၀ ေက်ာ္ေနထုိင္ၿပီး ဒီၿမဳိ႕ကုိနယ္သာလန္က တစ္၀က္ ဂ်ာမနီကတစ္၀က္ ပုိင္ဆုိင္ပါတယ္။ နယ္သာလန္ဘက္မွာ ၃ပုံ ၂ပုံခန္႔ပါတာေၾကာင့္ အမ်ားစုသိၾကတာကေတာ့ ဒီၿမဳိ႕ဟာ နယ္သာလန္ရဲ႕ၿမဳိ႕ဆုိတာပါပဲ။

ဒါေပမယ့္ အဓိကလမ္းမႀကီးရဲ႕တစ္ဖက္ျခမ္းကုိေရာက္သြားတာနဲ႔ ဂ်ာမနီပုိင္ျဖစ္သြားပါၿပီ။ လမ္းတစ္ဖက္ျခမ္းက အိမ္ေတြအားလုံးဟာ ဂ်ာမနီႏုိင္ငံထဲမွာ ပါရွိသြားၿပီး ဂ်ာမနီကေတာ့ ဒီေနရာကို Hellweg လုိ႔ေခၚပါတယ္။ တစ္ၿမဳိ႕တည္းေနၿပီး ႏုိင္ငံသားကေတာ့ ႏွစ္မ်ဳိးျဖစ္ေနပါတယ္။

အားလုံးစုေပါင္း ေနထုိင္ၾက အလုပ္လုပ္ၾကၿပီး ဘာသာစကားကုိေတာ့ အဲဒီအရပ္မွာသုံးတဲ့ သီးသန္႔ဘာသာစကားတစ္ခုကို အသုံးျပဳပါတယ္။ ရံဖန္ရံခါမွာေတာ့ ဒတ္ခ်္ နဲ႔ ဂ်ာမန္စကားေတြကုိေျပာၾကပါတယ္။ ဒီေနရာရဲ႕လုံၿခဳံေရးကို နယ္သာလန္ ရဲ နဲ႔ ဂ်ာမနီရဲေတြပူးေပါင္းထားတဲ့ ရဲဌာနက တာ၀န္ယူထားပါတယ္။ ဒါေၾကာင့္ ဒီေနရာမွာ ဂ်ာမနီ နဲ႔ နယ္သာလန္ရဲေတြကို တြဲျမင္ေနရမွာျဖစ္ပါတယ္။

တစ္ၿမဳိ႕တည္း ႏွစ္ႏုိင္ငံကြဲေနလုိ႔ တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ ျပႆနာျဖစ္ေလ့ျဖစ္ထ မရွိပါဘူး။ ဂ်ာမနီ နဲ႔ နယ္သာလန္ဟာ ခ်စ္ၾကည္ရင္းႏွီးၿပီး ႏုိင္ငံသားေတြဟာ တစ္ႏုိင္ငံနဲ႔တစ္ႏိုင္ငံ လြယ္ကူစြာကူးလူးသြားလာႏုိင္ပါတယ္။ တျခားႏုိင္ငံဘက္ကူးၿပီးအလုပ္လြယ္ကူစြာလုပ္ခြင့္ရွိသလုိ ၊ လည္ပတ္ဖို႔ကုိလည္း ခြင့္ျပဳထားပါတယ္။

ဒီၿမဳိ႕ေလးရဲ႕နာမည္ႀကီးတဲ့ေနရာႏွစ္ခုကေတာ့ နယ္သာလန္ရဲ႕အေသးငယ္ဆုံးဘုရားေက်ာင္းျဖစ္တဲ့ De Rietstap ဘုရားရွိခုိးေက်ာင္းေလးနဲ႔ Grenslandmuseum ျပတုိက္ပဲျဖစ္ပါတယ္။ လမ္းပန္းဆက္သြယ္ေရးအလြန္ေကာင္းမြန္ၿပီး နာရီ၀က္တစ္ခါထြက္တဲ့ ရထားေတြလည္းရွိပါတယ္။ စားေသာက္ဆုိင္မ်ားအလြန္ေပါတဲ့အျပင္ လွပတဲ့ရႈ႕ခင္းေတြေၾကာင့္ ကမာၻလွည့္ခရီးသည္မ်ား လာေရာက္ေလ့ရွိတဲ့ ၿမဳိ႕ငယ္ေလးလည္းျဖစ္ပါတယ္။


နိုင်ငံနှစ်နိုင်ငံ တစ်ခြမ်းစီပိုင်တဲ့ မြို့ကလေး (သို့) Dinxperlo (unicode)

ကျွန်တော်တို့အများစုသိကြတာက မြို့တစ်မြို့ကို နိုင်ငံတစ်နိုင်ငံတည်းကသာ ပိုင်တယ်ဆိုတာပါ။ ဒါပေမယ့် နိုင်ငံ နှစ်နိုင်ငံ တစ်ဝက်စီပိုင်တဲ့မြို့ရှိနေတယ်ဆိုရင် မိတ်ဆွေအံဩသွားမှာလား။ တကယ်ရှိပါတယ်။

ဒီမြို့လေးကတော့ Dinxperlo ဆိုတဲ့မြို့ငယ်လေးတစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံ အရှေ့ပိုင်း ဂျာမနီနယ်စပ်မှာတည်ရှိပါတယ်။ လူဦးရေ ၇၄၀၀ ကျော်နေထိုင်ပြီး ဒီမြို့ကိုနယ်သာလန်က တစ်ဝက် ဂျာမနီကတစ်ဝက် ပိုင်ဆိုင်ပါတယ်။ နယ်သာလန်ဘက်မှာ ၃ပုံ ၂ပုံခန့်ပါတာကြောင့် အများစုသိကြတာကတော့ ဒီမြို့ဟာ နယ်သာလန်ရဲ့မြို့ဆိုတာပါပဲ။

ဒါပေမယ့် အဓိကလမ်းမကြီးရဲ့တစ်ဖက်ခြမ်းကိုရောက်သွားတာနဲ့ ဂျာမနီပိုင်ဖြစ်သွားပါပြီ။ လမ်းတစ်ဖက်ခြမ်းက အိမ်တွေအားလုံးဟာ ဂျာမနီနိုင်ငံထဲမှာ ပါရှိသွားပြီး ဂျာမနီကတော့ ဒီနေရာကို Hellweg လို့ခေါ်ပါတယ်။ တစ်မြို့တည်းနေပြီး နိုင်ငံသားကတော့ နှစ်မျိုးဖြစ်နေပါတယ်။

အားလုံးစုပေါင်း နေထိုင်ကြ အလုပ်လုပ်ကြပြီး ဘာသာစကားကိုတော့ အဲဒီအရပ်မှာသုံးတဲ့ သီးသန့်ဘာသာစကားတစ်ခုကို အသုံးပြုပါတယ်။ ရံဖန်ရံခါမှာတော့ ဒတ်ခ်ျ နဲ့ ဂျာမန်စကားတွေကိုပြောကြပါတယ်။ ဒီနေရာရဲ့လုံခြုံရေးကို နယ်သာလန် ရဲ နဲ့ ဂျာမနီရဲတွေပူးပေါင်းထားတဲ့ ရဲဌာနက တာဝန်ယူထားပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဂျာမနီ နဲ့ နယ်သာလန်ရဲတွေကို တွဲမြင်နေရမှာဖြစ်ပါတယ်။

တစ်မြို့တည်း နှစ်နိုင်ငံကွဲနေလို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြဿနာဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဂျာမနီ နဲ့ နယ်သာလန်ဟာ ချစ်ကြည်ရင်းနှီးပြီး နိုင်ငံသားတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွယ်ကူစွာကူးလူးသွားလာနိုင်ပါတယ်။ တခြားနိုင်ငံဘက်ကူးပြီးအလုပ်လွယ်ကူစွာလုပ်ခွင့်ရှိသလို ၊ လည်ပတ်ဖို့ကိုလည်း ခွင့်ပြုထားပါတယ်။

ဒီမြို့လေးရဲ့နာမည်ကြီးတဲ့နေရာနှစ်ခုကတော့ နယ်သာလန်ရဲ့အသေးငယ်ဆုံးဘုရားကျောင်းဖြစ်တဲ့ De Rietstap ဘုရားရှိခိုးကျောင်းလေးနဲ့ Grenslandmuseum ပြတိုက်ပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်းမွန်ပြီး နာရီဝက်တစ်ခါထွက်တဲ့ ရထားတွေလည်းရှိပါတယ်။စားသောက်ဆိုင်များအလွန်ပေါတဲ့အပြင် လှပတဲ့ရှု့ခင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိတဲ့ မြို့ငယ်လေးလည်းဖြစ်ပါတယ်။

Leave a Reply