လူ႐ိုး ဆုိတာ သခ်ႋဳင္းမွာပဲ ရွိတာမဟုတ္ပါ

Posted on

ဘာသာျပန္ – ဗန္းေမာ္သိန္းေဖ

အိႏၵိယႏိုင္ငံက ျဖစ္ရပ္မွန္တစ္ခုပါ။

အသက္ ၄၅ ႏွစ္အရြယ္ ေကဆူဒါကရန္ဆိုတဲ့ လူတစ္ေယာက္ဟာ ကန္ဟန္ဂတ္ၿမိဳ႕ေလးက ေစ်းထဲမွာ ဆိုင္ေလးတစ္ခုဖြင့္ၿပီး ေစ်းေရာင္းတယ္။ သူ႔ဆိုင္ေလးမွာ ခ်ိဳခ်ဥ္၊ အေအးနဲ႔ ထီလက္မွတ္ေတြ ေရာင္းတယ္။ သူ႔ဆိုင္ကေန တစ္လကို ႐ူပီေငြ ၁၀,၀၀၀ (က်ပ္တစ္သိန္း ၂ ေသာင္း) ေလာက္ေတာ့ ပံုမွန္ေလး ရေနပါတယ္။

တမနက္ခင္းမွာ သူ႔ဆိုင္မွာ ဝယ္ေနက် ေဖါက္သယ္တစ္ေယာက္ျဖစ္တဲ့ ပီအ႐ွိဳကန္က သူ႔ဆီကို ဖုန္းဆက္ၿပီး ထီလက္မွတ္ ၁၀ ေစာင္ ဖယ္ထားေပးပါ။ ေနာက္တေန႔မနက္မွာ လာယူမယ္လို႔ ေျပာလိုက္တယ္။

အဲဒီညေနမွာ ထီဖြင့္လို႔ ဆူဒါကရန္က ထီတိုက္ၾကည့္လိုက္တယ္။ အ႐ွိဳကန္ ဝယ္ဖို႔ ဖယ္ခိုင္းထားတဲ့ ထီလက္မွတ္ ၁၀ ေစာင္ထဲက တစ္ေစာင္ဟာ ထီေပါက္ေနတာကို ေတြ႕လိုက္ရတယ္။ ေပါက္တဲ့ဆုက ပထမဆုႀကီး။ ႐ူပီေငြ ၁၀ သန္း (က်ပ္သိန္း ၁,၈၀၀)။ ရုတ္တရက္ သူ ဘာလုပ္ရမွန္း မသိျဖစ္သြားတယ္။ ေနာက္ေတာ့ သူ႔အေဖကို အ႐ွိဳကန္ မွာထားတဲ့အထဲက ထီတစ္ေစာင္ဟာ ပထမဆုႀကီး ေပါက္ေနေၾကာင္း ေျပာျပလိုက္တယ္။ သူ႔ အေဖက အ႐ွိဳကန္ကို ဖုန္းဆက္ေျပာလိုက္လို႔ ျပန္ေျပာလာတယ္။ သူ ခ်က္ျခင္း အ႐ွိဳကန္ဆီ ဖုန္းဆက္အေျကာင္းၾကားလိုက္တယ္။ အ႐ွိဳကန္ ေရာက္လာၿပီး သူ႔ရဲ႕ ႐ိုးသားမႈကို အံ့ၾသခ်ီးက်ဴးမဆံုး ျဖစ္သြားတယ္။

တကယ္တမ္းဆိုရင္ ဆူဒါကရန္က အ႐ွိဳကန္ကို သူ႔အတြက္ ဖယ္ထားတဲ့ ထီလက္မွတ္နံပတ္ေတြကို မေျပာျပရေသးပါဘူး။ ေနာက္ၿပီး သူ႔ဆီက ထီလက္မွတ္ဖိုးလည္း မယူရေသးပါဘူး။ သူ႔အေနနဲ႔ အဲဒီေပါက္တဲ့ ထီလက္မွတ္ကို ထီမေပါက္တဲ့ လက္မွတ္တစ္ေစာင္နဲ႔ လဲထားလိုက္ရင္လည္း ဘယ္သူမွ မသိပါဘူး။ တရားဥပေဒအရလည္း သူ႔ဟာ ဘာမွ ျငိစြန္းမႈမရွိပါဘူး။

သူ႔ကို အဲဒီလို ဘာေၾကာင့္ လုပ္ရတာလဲလို႔ ေမးၾကည့္ေတာ့ သူက ခုလို ေျဖပါတယ္။

“က်ေနာ့္အေဖက က်ေနာ္ငယ္ငယ္ေလးကတဲက ေျပာေနက် စကားတစ္ခု ရွိတယ္။ မင္းမွာ ပိုက္ဆံမရွိရင္ ေတာင္းစား။ သူမ်ားပစၥည္းကို ဘယ္ေတာ့မွ မခိုးနဲ႔ မ႐ိုးမသားနည္းနဲ႔ မယူနဲ႔တဲ့။ အေဖ့စကားေျကာင့္ပါ”တဲ့။

လအတန္ၾကာမွာ သူဟာ ရထားစီးသြားရင္ တြဲေပၚမွာ က်ေနတဲ့ ေရႊဆြဲႀကိဳးတစ္ကံုးကို ရဲလက္ကို အပ္လိုက္ပါတယ္။ ရဲက စံုစမ္းၿပီး ပိုင္ရွင္ကို ျပန္ေပးလိုက္ပါတယ္။

ဆူဒါကန္ဟာ ထီဆုႀကီး မယူလို႔ သူ႔ဘဝဟာ ေခ်ာင္ေခ်ာင္လည္လည္ ရွိရဲ႕လား။ သူ႔မွာ ကေလး ၆ ေယာက္ ရွိတယ္။ သမီးတစ္ေယာက္က မသန္စြမ္းျဖစ္ေနတယ္။ သူ႔ဆိုင္ခန္းကို ငွားထားရတာပါ။ မနက္တိုင္း ၄ နာရီခြဲထၿပီး သူ႔ရြာကေန သူ႔ဆိုင္ရွိတဲ့ ကန္ဟန္ဂတ္ၿမိဳ႕ကို ၂ နာရီၾကာ ရထားစီးသြားရတယ္။ သူဟာ တပတ္လံုး တစ္ရက္မွ အနားမယူဘဲ ေစ်းေရာင္းရတယ္။ မိသားစု စားဝတ္ေနေရးအတြက္ ႀကိဳးစား႐ုန္းကန္ေနရတယ္။

႐ိုးသားမႈဟာ ယေန႔ကမာၻေပၚမွာ ဒိုင္ႏိူေဆာသတၱဝါႀကီးလို ေပ်ာက္ကြယ္သြားျပီလို႔ ထင္ေနမိတာ ဒီသတင္းဖတ္လိုက္ရေတာ့လည္း ေၾသာ္ ရွိပါေသးလားလို႔ ေတြးရင္း ရင္ေအးမိပါတယ္။

http://www.thebetterindia.com/…/my-story-honest-man-lotter…/

ဗန္းေမာ္သိန္းေဖ


လူရိုး ဆိုတာ သင်္ချိုင်းမှာပဲ ရှိတာမဟုတ်ပါ (unicode)

ဘာသာပြန် – ဗန်းမော်သိန်းဖေ

အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်တစ်ခုပါ။

အသက် ၄၅ နှစ်အရွယ် ကေဆူဒါကရန်ဆိုတဲ့ လူတစ်ယောက်ဟာ ကန်ဟန်ဂတ်မြို့လေးက ဈေးထဲမှာ ဆိုင်လေးတစ်ခုဖွင့်ပြီး ဈေးရောင်းတယ်။ သူ့ဆိုင်လေးမှာ ချိုချဉ်၊ အအေးနဲ့ ထီလက်မှတ်တွေ ရောင်းတယ်။ သူ့ဆိုင်ကနေ တစ်လကို ရူပီငွေ ၁၀,၀၀၀ (ကျပ်တစ်သိန်း ၂ သောင်း) လောက်တော့ ပုံမှန်လေး ရနေပါတယ်။

တမနက်ခင်းမှာ သူ့ဆိုင်မှာ ဝယ်နေကျ ဖေါက်သယ်တစ်ယောက်ဖြစ်တဲ့ ပီအရှိုကန်က သူ့ဆီကို ဖုန်းဆက်ပြီး ထီလက်မှတ် ၁၀ စောင် ဖယ်ထားပေးပါ။ နောက်တနေ့မနက်မှာ လာယူမယ်လို့ ပြောလိုက်တယ်။

အဲဒီညနေမှာ ထီဖွင့်လို့ ဆူဒါကရန်က ထီတိုက်ကြည့်လိုက်တယ်။ အရှိုကန် ဝယ်ဖို့ ဖယ်ခိုင်းထားတဲ့ ထီလက်မှတ် ၁၀ စောင်ထဲက တစ်စောင်ဟာ ထီပေါက်နေတာကို တွေ့လိုက်ရတယ်။ ပေါက်တဲ့ဆုက ပထမဆုကြီး။ ရူပီငွေ ၁၀ သန်း (ကျပ်သိန်း ၁,၈၀၀)။ ရုတ်တရက် သူ ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ နောက်တော့ သူ့အဖေကို အရှိုကန် မှာထားတဲ့အထဲက ထီတစ်စောင်ဟာ ပထမဆုကြီး ပေါက်နေကြောင်း ပြောပြလိုက်တယ်။ သူ့ အဖေက အရှိုကန်ကို ဖုန်းဆက်ပြောလိုက်လို့ ပြန်ပြောလာတယ်။ သူ ချက်ခြင်း အရှိုကန်ဆီ ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ အရှိုကန် ရောက်လာပြီး သူ့ရဲ့ ရိုးသားမှုကို အံ့ဩချီးကျူးမဆုံး ဖြစ်သွားတယ်။

တကယ်တမ်းဆိုရင် ဆူဒါကရန်က အရှိုကန်ကို သူ့အတွက် ဖယ်ထားတဲ့ ထီလက်မှတ်နံပတ်တွေကို မပြောပြရသေးပါဘူး။ နောက်ပြီး သူ့ဆီက ထီလက်မှတ်ဖိုးလည်း မယူရသေးပါဘူး။ သူ့အနေနဲ့ အဲဒီပေါက်တဲ့ ထီလက်မှတ်ကို ထီမပေါက်တဲ့ လက်မှတ်တစ်စောင်နဲ့ လဲထားလိုက်ရင်လည်း ဘယ်သူမှ မသိပါဘူး။ တရားဥပဒေအရလည်း သူ့ဟာ ဘာမှ ငြိစွန်းမှုမရှိပါဘူး။

သူ့ကို အဲဒီလို ဘာကြောင့် လုပ်ရတာလဲလို့ မေးကြည့်တော့ သူက ခုလို ဖြေပါတယ်။

“ကျနော့်အဖေက ကျနော်ငယ်ငယ်လေးကတဲက ပြောနေကျ စကားတစ်ခု ရှိတယ်။ မင်းမှာ ပိုက်ဆံမရှိရင် တောင်းစား။ သူများပစ္စည်းကို ဘယ်တော့မှ မခိုးနဲ့ မရိုးမသားနည်းနဲ့ မယူနဲ့တဲ့။ အဖေ့စကားကြောင့်ပါ”တဲ့။

လအတန်ကြာမှာ သူဟာ ရထားစီးသွားရင် တွဲပေါ်မှာ ကျနေတဲ့ ရွှေဆွဲကြိုးတစ်ကုံးကို ရဲလက်ကို အပ်လိုက်ပါတယ်။ ရဲက စုံစမ်းပြီး ပိုင်ရှင်ကို ပြန်ပေးလိုက်ပါတယ်။

ဆူဒါကန်ဟာ ထီဆုကြီး မယူလို့ သူ့ဘဝဟာ ချောင်ချောင်လည်လည် ရှိရဲ့လား။ သူ့မှာ ကလေး ၆ ယောက် ရှိတယ်။ သမီးတစ်ယောက်က မသန်စွမ်းဖြစ်နေတယ်။ သူ့ဆိုင်ခန်းကို ငှားထားရတာပါ။ မနက်တိုင်း ၄ နာရီခွဲထပြီး သူ့ရွာကနေ သူ့ဆိုင်ရှိတဲ့ ကန်ဟန်ဂတ်မြို့ကို ၂ နာရီကြာ ရထားစီးသွားရတယ်။ သူဟာ တပတ်လုံး တစ်ရက်မှ အနားမယူဘဲ ဈေးရောင်းရတယ်။ မိသားစု စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတယ်။

ရိုးသားမှုဟာ ယနေ့ကမ္ဘာပေါ်မှာ ဒိုင်နိူဆောသတ္တဝါကြီးလို ပျောက်ကွယ်သွားပြီလို့ ထင်နေမိတာ ဒီသတင်းဖတ်လိုက်ရတော့လည်း ဪ ရှိပါသေးလားလို့ တွေးရင်း ရင်အေးမိပါတယ်။

http://www.thebetterindia.com/…/my-story-honest-man-lotter…/

ဗန်းမော်သိန်းဖေ

Leave a Reply