ကမာၻတစ္လႊားက ပ်ံသန္းေနစဥ္ ေပ်ာက္ကြယ္သြားေသာ ေလယာဥ္မ်ားအေၾကာင္း

Posted on

ေရးသားသူ – ေကာင္းစည္သူ (သုတစြယ္စုံမဂၢဇင္း)

ေလေၾကာင္းပ်ံသန္းမႈ နည္းပညာမ်ား တိုးတက္လာခ်ိန္မွစ၍ ကမၻာ့ေျမေၾကာ က်ဳံ႕ခဲ့ကာ ေလယာဥ္ပ်ံမ်ားသည္ ကမၻာ့ေလထုအတြင္း အခ်ိန္ႏွင့္အမွ် ပ်ံသန္းသြားလာလ်က္ရွိရာ ပ်က္က်မႈမ်ားကိုလည္း ရင္ဆိုင္ၾကရသည္။ ​ေလယာဥ္တစ္စင္း ပ်က္က်ျခင္းသည္ ထူးဆန္း ေသာ ျဖစ္ရပ္ဟု မဆိုႏိုင္ေသာ္လည္း ပ်ံသန္းေနစဥ္ လုံး၀ေပ်ာက္ဆုံးသြားလွ်င္ကား ထူးဆန္းသည္ဟု ဆိုရမည္ျဖစ္သည္။ ကမၻာ့ေလေၾကာင္း ပ်ံသန္းမႈသမိုင္းတြင္ ေလထုအတြင္း ေပ်ာက္ဆုံးသြားသည္ဟု ယူဆရၿပီး အပ်က္အစီး အစအန၊သဲလြန္စမ်ား တစ္စုံတစ္ရာ မက်န္ရွိခဲ့ဘဲ ေပ်ာက္ဆုံးသြားျခင္း၏ အေျဖကို မရွာႏိုင္ခဲ့ၾကသည္​့ ေလယာဥ္မ်ားသည္ မေျဖရွင္းႏိုင္ေသးသည့္ ျပႆနာမ်ား ျဖစ္လာခဲ့ေပသည္။

10. Frederick Valentich

၁၉၇၈ ခုႏွစ္ ေအာက္တိုဘာလ ၂၁ ရက္တြင္ အသက္ ၂၀ အရြယ္ရွိ ဖရက္ဒရစ္ ဗယ္လင္တစ္ခ်္သည္ Cessna 182L ေလယာဥ္ စီးနင္းလာစဥ္ ထူးဆန္းစြာ ​ေပ်ာက္ဆုံးခဲ့သည္။ ဖရက္ဒရစ္သည္ ပန္းကန္ျပားပ်ံဟု ဆိုၾကသည့္ အမ်ိဳးအမည္မသိသည့္ ယာဥ္ပ်ံ မ်ား (UFO)ကို အထူးစိတ္၀င္စားသူျဖစ္ၿပီး ကံဆိုးမိုးေမွာင္က်ခဲ့သည့္ အခ်ိန္တြင္ ဖရက္ဒရစ္၏ ေလယာဥ္ေနာက္မွ အမ်ိဳးအမည္ မသိေသာ ယာဥ္ပ်ံတစ္စီး ပါရွိခဲ့သည္ဟု ဆိုၾကသည္။

ဖရက္ဒရစ္၏ ​ေလယာဥ္သည္ ၾသစေၾတးလ်ႏိုင္ငံႏွင့္ တက္စ္မာနီးယားအၾကားရွိ Bass ေရလက္ၾကားတြင္ ပ်ံသန္းေနစဥ္ ည ၇ နာရီတြင္ေျမျပင္ေရဒီယိုစခန္းသို႕ သူ႕ေနာက္မွ ယာဥ္တစ္စီး လိုက္ပါလာေနေၾကာင္း သတင္းပို႕ခဲ့သည္။ ​ေလေၾကာင္း ထိန္းသိမ္းေရး စခန္းက အနီးတြင္ မည္သည့္ယာဥ္မွ မေတြ႕ရေၾကာင္း ျပန္ၾကားခ်ိန္တြင္ ဖရက္ဒရစ္က သူ႕ေနာက္မွ လိုက္ေနသည့္ ေလယာဥ္သည္ အလြန္ႀကီးမားကာ ကြင္းဆင္းခ်ိန္တြင္ သံုးသည့္ မီးေရာင္ထက္ ေလးဆခန္႔ လင္းလက္ေနေၾကာင္း သတင္းပို႕ခဲ့သည္။ယင္းေလယာဥ္သည္ မီတာ ၃၀၀ အေပၚမွ အလြန္လ်င္ျမန္ေသာ ႏႈန္းျဖင့္ ျဖတ္သန္းသြားသည္ဟုဆိုၿပီး ယင္း UFO သည္ သူ႔အေပၚမွ လွည့္ပတ္ေနကာ ေတာက္ပသည့္ သတၱဳမ်က္ႏွာျပင္ႏွင့္ အစိမ္းေရာင္ အလင္းေရာင္ရွိေၾကာင္း ေျပာခဲ့သည္။

ေလေၾကာင္း ထိန္းသိမ္းေရး စခန္းက မည္သည့္ေလယာဥ္ အမ်ိဳးအစားျဖစ္ေၾကာင္း ​ေမးျမန္းခ်ိန္တြင္ ဖရက္ဒရစ္က ယင္းအရာသည္ ေလယာဥ္ပ်ံတစ္စီး မဟုတ္ေၾကာင္း ​ေျပာဆိုေနစဥ္ အမ်ိဳးအမည္ မသိေသာ ဆူညံသံမ်ားက ၾကားျဖတ္၀င္လာခဲ့ၿပီး သတၱဳ စမ်ား ပဲ့က်သည့္ အသံမ်ား ထြက္လာကာ အဆက္အသြယ္​ ျပတ္​သြားခဲ့သည္။ ထိုအခ်ိန္မွစ၍ ဖရက္ဒရစ္ကိုလည္းေကာင္း၊ ေလယာဥ္ကိုလည္းေကာင္း မေတြ႕ရွိခဲ့ရပါေတာ့​ေခ်။

9.Douglas C-124 Globemaster

အေမရိကန္ေလတပ္မွ Douglas C-124 Globemaster ေလယာဥ္သည္ ၁၉၅၁ ခုႏွစ္ မတ္လ ၂၃ ရက္ မြန္းလြဲပိုင္းတြင္ အဂၤလန္ႏိုင္ငံသို႔ ပ်ံသန္းလာခဲ့စဥ္ ပင္လယ္တြင္းသို႔ ရုတ္တရက္ ထိုးဆင္းခဲ့ရသည္။ ​ေလယာဥ္ကုန္ေလွာင္ခန္း ​ေပါက္ကြဲခဲ့ၿပီး မီးမ်ား ေလာင္ခဲ့သျဖင့္ ေလယာဥ္မွဴးမ်ားသည္ ​ေလယာဥ္ကို အတၱလႏၱိတ္ သမုဒၵရာအတြင္း အိုင္ယာလန္ႏိုင္ငံ၏ မိုင္ ၁၀၀ ေက်ာ္တြင္ သက္ဆင္းခဲ့သည္။ ​ေလယာဥ္ဆင္းသက္မည့္ ေနရာအတိအက်ကို ေလယာဥ္မွဴးမ်ားက ေရဒီယိုျဖင့္ သတင္းပို႕ခဲ့ကာ ေလယာဥ္ကိုလည္း ေအာင္ျမင္စြာ ဆင္းႏိုင္ခဲ့သည္။

​ေလယာဥ္ေပၚတြင္ လိုက္ပါလာခဲ့သည့္ ခရီးသည္ ၅၃ ဦးႏွင့္ ေလယာဥ္အမႈထမ္းမ်ားသည္ အသက္ကယ္၀တ္စုံမ်ား ၀တ္ဆင္ႏိုင္ခဲ့ကာ အေရးေပၚ အသက္ကယ္ေဖာင္ေပၚသို႔ ​ေရာက္ရွိခဲ့ၾကသည္။ ယင္းတို႕ကို ကူညီကယ္ဆယ္ရန္ B29 ေလယာဥ္ တစ္စီးသည္ အနီးဆုံး ​ေလယာဥ္ကြင္းမွ ထြက္ခြာ ပ်ံသန္းလာခဲ့သည္။ ​ေလယာဥ္မွဴးမ်ား သတင္းပို႕ထားသည့္ ေနရာသို႕ ေရာက္ရွိခ်ိန္၌ B29 ေလယာဥ္မွ ခရီးသည္မ်ားႏွင့္ ေလယာဥ္အမွႈထမ္းမ်ားကို ေဖာင္ေပၚတြင္ ေကာင္းမြန္စြာ ​ေတြ႕ရွိခဲ့ၾကသျဖင့္ ေလယာဥ္ဆီျဖည့္ရန္ အေျခစိုက္စခန္းသို႔ ျပန္သြားခဲ့ၾကသည္။

B29 ေလယာဥ္သည္ ကယ္ဆယ္ေရး ၀န္ထမ္းမ်ားႏွင့္အတူ ျပန္လည္ေရာက္ရွိလာခ်ိန္တြင္ မီးေလာင္ထားသည့္ အထပ္သားျပား တစ္ျပားႏွင့္ ခရီးေဆာင္အိတ္တစ္လုံးမွလြဲ၍ C-124 Globemaster ႏွင့္ ခရီးသည္မ်ား အားလုံးကို အစအနပင္ မေတြ႕ရွိၾကရေတာ့ပါေခ်။ ကယ္ဆယ္ေရးေလယာဥ္ ဆီျဖည့္စဥ္ နာရီပိုင္းအတြင္း မည္သို႕ေပ်ာက္ကြယ္ခဲ့ေၾကာင္း မည္သူမွ် မသိရွိၾကပါေခ်။

8.Amelia Earhart

ေအမီလီယာအားဟန္႕သည္ အေမရိကန္ စြန္႔ဦး ေလယာဥ္ေမာင္းသူ တစ္ဦးျဖစ္ကာ အတၱလႏၱိတ္ သမုဒၵရာကို ေလယာဥ္ျဖင့္ တစ္ဦးတည္း ပထမဆုံး ျဖတ္သန္းေမာင္းႏွင္ခဲ့သူ အမ်ိဳးသမီးျဖစ္သည္။ ေအမီလီယာသည္ ၁၉၃၇ ခုႏွစ္ ဇူလိုင္လ ၂ ရက္တြင္ အေဖာ္ တစ္ဦးႏွင့္အတူ Lockheed ျဖင့္ ပ်ံသန္းလာစဥ္ ေဟာင္လန္းကၽြန္းအနီး ပစိဖိတ္ သမုဒၵရာေပၚတြင္ ေပ်ာက္ဆုံးသြားခဲ့သည္။

ေအမီလီယာအားဟန္႕၏ ေနာက္ဆုံး ဆက္သြယ္မႈကို အနီး၀န္းက်င္တြင္ ႐ွိ​ေနေသာ Itasca သေဘၤာက လက္ခံရရွိခဲ့ရာ သူသည္ ေဟာင္လန္ကၽြန္း (Howland Island)သို႔ ​ေရာက္ရွိေနသည္ဟု ယုံၾကည္ခဲ့ရသည္။ သို႕ေသာ္ ယင္းအခ်က္သည္ မွန္ကန္မႈ မရွိခဲ့ဘဲ ထိုအခ်ိန္တြင္ ေအမီလီယာအားဟန္႔သည္ ကၽြန္းမွ အနည္းဆုံး ရွစ္မိုင္ ကြာ​ေ၀းသည့္ ​ေနရာတြင္ ေရာက္ရွိေနခဲ့သည္။ ထို႕ေၾကာင့္ Itasca သေဘၤာသည္ မီးခိုးမိုးတိမ္ႀကီးမ်ား ျဖစ္ေပၚေစသည့္ အခ်က္ျပမီးမ်ားကို လႊတ္တင္ခဲ့ေသာ္လည္း မည္သည့္ ဆက္သြယ္မႈမွ မရ ရွိခဲ့ေခ်။

ေအမီလီယာအားဟန္႔ ​ေပ်ာက္ဆုံးသြားမႈကို ပင္လယ္ထဲသို႔ ပ်က္က်သြားျခင္း အပါအ၀င္ ယူဆခ်က္မ်ဳိးစုံ ​ေျပာၾကသည့္တိုင္ ေလယာဥ္အစိတ္အပိုင္း တစ္စုံတစ္ရာကိုပင္ ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိေခ်။

7. Flying Tiger Flight 739

ပ်ံသန္းေနစဥ္ ​ေပ်ာက္ဆုံးသြားသည့္ ေလယာဥ္မ်ားတြင္ ၁၉၆၂ ခုႏွစ္ မတ္လ ၁၆ ရက္တြင္ ​ေရဒါျမင္ကြင္းမွ ​ေပ်ာက္ကြယ္သြားခဲ့သည့္ Flying Tiger Flight 739 လည္း ပါ၀င္သည္။ထိုေန႔က Lockheed Super Constellation ေလယာဥ္သည္ အေမရိကန္လူမ်ိဳး ၉၃ ဦး၊ေတာင္ဗီယက္နမ္ စစ္သည္ ၃ ဦးႏွင့္ ေလယာဥ္အမႈထမ္း ၁၁ ဦး လိုက္ပါလ်က္ ကာလီဖိုးနီးယားမွ ဆိုင္ဂုံသို႔ ပ်ံသန္းလာခဲ့သည္။ ​ေရဒါျမင္ကြင္းမွ ​ေပ်ာက္ကြယ္သြားခဲ့သည့္ Flying Tiger Flight 739 ေလယာဥ္ႏွင့္ ေလယာဥ္ေပၚတြင္ ပါရွိလာသည့္ လူ ၁၀၇ ဦးသည္ ေသဆုံးခဲ့ၾကသည္ဟု ယူဆရၿပီး ယင္းတို႔၏ အစအန သဲလြန္စမ်ားကိုမူ လုံး၀ မေတြ႕ရွိခဲ့ရေခ်။

သို႔​ေသာ္ ပင္လယ္အတြင္း ရွိေနခဲ့သည့္ ေလာင္စာဆီတင္ သ​ေဘၤာက Flying Tiger Flight 739 ကို ေနာက္ဆုံး ျမင္ခဲ့ရသည္ဟု ဆိုသည္။ ယင္းသေဘၤာက အလြန္အမင္း ​ေတာက္ပသည့္ အလင္းေရာင္တန္းႀကီးေနာက္တြင္ အနီအေရာင္ အစက္ႏွစ္စက္ ​ေပၚလာ ခဲ့ၿပီး အနီစက္ႏွစ္ခုသည္ မတူညီေသာ ႏႈန္းမ်ားျဖင့္ ပင္လယ္တြင္းသို႔ ထိုးစိုက္သြားခဲ့ပုံကို ျမင္ခဲ့ၾကသည္။

ေလာင္စာဆီတင္ သ​ေဘၤာ၏ ျမင္ေတြ႕မႈအရ Flying Tiger Flight 739 သည္ ပ်ံသန္းေနစဥ္ ​ေပါက္ကြဲခဲ့ေၾကာင္း ယုံၾကည္ခဲ့ၾကသည္။ ​ေလယာဥ္သည္ ႏွစ္ပိုင္းျပတ္ ကာ မီးလုံးႀကီး ႏွစ္လုံးအျဖစ္ က်ဆင္းခဲ့သည္ဟု ဆိုၾကသည္။ သို႕ေသာ္ ၅၁၈၀၀၀ စတုရန္းကီလို အက်ယ္အ၀န္းအတြင္း ေလယာဥ္ကို ရွာေဖြခဲ့ရာ မည္သည့္ အေထာက္အထားမွ မရရွိခဲ့ဘဲ ေလယာဥ္ ​ေပ်ာက္ဆုံးရျခင္း၏ မွန္ကန္ေသာ အေျဖတစ္ရပ္ကား ​ေပၚထြက္မလာခဲ့ပါေခ်။

6. Flight 19

ကမၻာေက်ာ္ ဘာျမဴဒါႀတိဂံေဒသတြင္ ၁၉၄၅ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္တြင္ သဲလြန္စ တစ္စုံတစ္ရာ မက်န္ရွိဘဲ ေပ်ာက္ဆုံးခဲ့သည့္ ေတာ္ပီဒို ဗုံးႀကဲေလယာဥ္ ၅ စင္​းႏွင္​့ ေလယာဥ္မွဴးမ်ားကို ရွာေဖြရန္ သြားခဲ့သည့္ Flight 19 သည္ ထပ္မံ ​ေပ်ာက္ကြယ္သြားခဲ့သည္။ ေပ်ာက္ဆုံးခဲ့သည့္ ဗုံးႀကဲေလယာဥ္ ၅ စင္​းတြင္ ေလယာဥ္ အမႈထမ္း ၁၄ ဦး ပါရွိခဲ့ၿပီး ကယ္ဆယ္ေရး ​ေလယာဥ္ Flight 19 တြင္ လူ ၁၃ ဦး လိုက္ပါခဲ့သည္။

ဗုံးႀကဲေလယာဥ္မ်ားသည္ ဘာျမဴဒါႀတိဂံေဒသသို႔ ​ေရာက္ရွိလာခ်ိန္တြင္ လမ္းညႊန္ဒိုင္ခြက္မ်ားသည္ လႈပ္ရွားမႈ မရွိေတာ့ဘဲ ရပ္တန္​႔ခဲ့ကာ ေလယာဥ္မ်ားသည္ ေလာင္စာဆီ ျပတ္သြားၿပီျဖစ္ေၾကာင္း ေနာက္ဆုံး သတင္းေပးပို႕မႈကို ရရွိခဲ့သည္။ ေလယာဥ္ ၅ စင္​းလုံးသည္ အၾကပ္အတည္းႏွင့္ ရင္ဆိုင္ခဲ့ၾကရၿပီး ပင္လယ္တြင္းသို႔ ဆင္းရန္မွတစ္ပါး ​ေရြးခ်ယ္ရမည့္လမ္း မရွိသျဖင့္ ပထမေလယာဥ္တြင္ ဆီ ၁၀ ဂါလံသာ က်န္ေတာ့ခ်ိန္တြင္ ေလယာဥ္အားလုံး ပင္လယ္တြင္းသို႔ ဆင္းခဲ့ၾကသည္။

ယင္းအခ်ိန္သည္ ေန၀င္ခ်ိန္ျဖစ္ၿပီး ရာသီဥတု အေျခအေနက ဆိုးရြားေနသည္။ ည ၇ နာရီ ၂၇ မိနစ္တြင္ ယင္းေလယာဥ္မ်ားကို ကယ္ဆယ္ရန္ Flight 19 သည္ ကြင္းမွ ပ်ံသန္းသြားခဲ့ၿပီးသည္ႏွင့္ မည္သည့္ သတင္းအစအနမွ မရရွိေတာ့ေခ်။ ထိုအခ်ိန္တြင္ အနီးရွိ ေလာင္စာဆီတင္ သ​ေဘၤာက ေပါက္ကြဲသံတစ္ခုကို ၾကားခဲ့ရၿပီး ေပ ၁၀၀ ျမင့္သည့္ မီးေတာက္မ်ားကို အနည္းဆုံး ၁၀ မိနစ္ခန္႔ ​ေတြ႕ျမင္ခဲ့ရသည္ဟု ဆိုေသာ္လည္း ေလယာဥ္ အပ်က္အစီး တစ္စုံတစ္ရာကိုမူ မေတြ႕ရွိခဲ့ၾကေခ်။

5. Star Ariel

လူ ၂၀ လိုက္ပါလာသည့္ ၿဗိတိသွ် ေတာင္အေမရိက ​ေလေၾကာင္းလိုင္း (BSAA) ပိုင္ Star Ariel ေလယာဥ္သည္ ၁၉၄၉ ခုႏွစ္ ဇန္န၀ါရီလ ၁၇ ရက္တြင္ ​ေပ်ာက္ဆုံးခဲ့သည္။ကၽြမ္းက်င္ ​ေလယာဥ္မွဴးမ်ား ​ေမာင္းႏွင္လာသည့္ Star Ariel သည္ ရာသီဥတုႏွင့္ ျမင္ကြင္း ​ေကာင္းမြန္ေနခ်ိန္တြင္ အဘယ္ေၾကာင့္ ေပ်ာက္ဆုံးခဲ့ေၾကာင္းကို မသိရွိခဲ့ၾကေခ်။ ေလယာဥ္မွဴးသည္ ဘာျမဴဒါႏွင့္ ကင္းစ္တန္အၾကား ဂ်ေမကာ ​ေလေၾကာင္းပိုင္နက္ေပၚတြင္ အျမင့္ဆုံး ​ေလေၾကာင္းလမ္းကို ေရြးခ်ယ္ ​ေမာင္းႏွင္လာခဲ့သည္။

သို႔​ေသာ္ Star Ariel မွ ဆက္သြယ္မႈကို နံနက္ ၉ နာရီ ၄၂ မိနစ္တြင္ ေနာက္ဆုံး ရရွိခဲ့သည္။ ​ေပ်ာက္ဆုံးေလယာဥ္ကို အေမရိကန္ ေရတပ္က ဦးေဆာင္လ်က္ က်ယ္ျပန္႕စြာ ရွာေဖြခဲ့ေသာ္လည္း အပ်က္အစီး၊ ​ေလာင္စာဆီ၊ အေလာင္း အစရွိသည့္ သဲလြန္စမ်ားကို တစ္စုံတစ္ခုမွ မေတြ႕ရွိခဲ့ေခ်။ ​ေလယာဥ္ ​ေပ်ာက္ဆုံးမႈ စုံစမ္းေရးအဖြဲ႔ ​ေခါင္းေဆာင္က သက္ေသ အေထာက္အထားမ်ား မေတြ႕ရွိခဲ့သျဖင့္ ေလယာဥ္ ​ေပ်ာက္ဆုံးရျခင္း အေၾကာင္းကို မသိရွိရေၾကာင္း ေျပာၾကားခဲ့သည္။

4. Star Tiger

၁၉၄၈ ခုႏွစ္ ဇန္၀ါရီလ ၃၀ ရက္ နံနက္ေစာေစာပိုင္းတြင္ BSAA ပိုင္ ​ေလယာဥ္တစ္စင္း ျဖစ္သည့္ Star Tiger သည္ စန္တာမာရီနာႏွင့္ ဘာျမဴဒါအႀကားတြင္ ​ေပ်ာက္ဆုံးခဲ့ျပန္သည္။ ​ေလယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္ ၃၁ ဦးသည္ ေလယာဥ္ႏွင့္အတူ ​ေပ်ာက္ဆုံးသြားခဲ့ၿပီး ေလယာဥ္ပ်က္က်ျခင္း အေၾကာင္းကို ယေန႔တိုင္​ မ​ေျဖရွင္းႏိုင္ေသးပါေခ်။

အေတြ႕အႀကဳံ ရင့္က်က္သည့္ ေလယာဥ္မွဴးႏွစ္ဦးက Star Tiger ကို ပုံမွန္မဟုတ္သည့္ အနိမ့္မွ ေမာင္းႏွင္ခဲ့စဥ္ ေလျပင္းတိုက္၍ မိုးရြာေနခဲ့သည္။ ​ေလယာဥ္ ​ေပ်ာက္ဆုံးခ်ိန္တြင္ ေလျပင္းမ်ားအၾကား အျမင့္ေပ ၂၀၀၀ မွ ပ်ံသန္းခဲ့သျဖင့္ အလြန္ အႏၱရာယ္မ်ားသည့္ အေနအထား ျဖစ္ေသာ္လည္း ေလယာဥ္မွဴးမ်ားသည္ အထူး ကၽြမ္းက်င္ၾကသူမ်ား ျဖစ္ၾကၿပီး ၀န္းက်င္အေနအထားကို သတိမူမိခဲ့ၾကသည္။ ယင္းအျမင့္သည္ ရုတ္တရက္ ​ေလျပင္းတစ္ခ်က္ ​ေဆာင့္လိုက္ပါက ေလယာဥ္ကို ပင္လယ္တြင္းသို႕ ထိုးက်သြား ေစႏိုင္သည္။ သို႔​ေသာ္ ေလယာဥ္မွ အကူအညီ ​ေတာင္းဆိုမႈ တစ္စုံတစ္ရာကို မရရွိခဲ့ဘဲ ေလယာဥ္ အပ်က္အစီးမ်ားကိုလည္း ယေန႔တိုင္ မ​ေတြ႕ရွိခဲ့ရပါေခ်။

3. Indian Air Force

အိႏၵိယေလတပ္ပိုင္ အင္ဂ်င္ႏွစ္လုံးတပ္ Antonov An-32 ပို႕ေဆာင္ေရး ေလယာဥ္သည္ ၂၀၁၆ ခုႏွစ္ ဇူလိုင္လ ၂၂ ရက္တြင္ ဘဂၤလားပင္လယ္ေအာ္တြင္ ပ်ံသန္းေနစဥ္ ​ေပ်ာက္ဆုံးခဲ့သည္။ ​ေလယာဥ္ေပၚတြင္ ခရီးသည္ ၂၃ ဦးႏွင့္ ေလယာဥ္အမႈထမ္း ၆ ဦး ပါရွိခဲ့ကာ နံနက္ ၉ နာရီ ၁၂ မိနစ္တြင္ ေရဒါျမင္ကြင္းမွ ေပ်ာက္ကြယ္ခဲ့သည္။

ေပ်ာက္ဆုံးေလယာဥ္ ျပန္လည္ရရွိေရးအတြက္ အိႏၵိယႏိုင္ငံ သမိုင္းတစ္ေလ်ာက္ အႀကီးမားဆုံး ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္။ ရွာေဖြေရး လုပ္ငန္းတြင္ သေဘၤာ ၁၆ စီး၊ ေရငုပ္သေဘၤာ တစ္စီး၊ေလယာဥ္ ၆ စင္​း အသုံးျပဳခဲ့သည္။ သို႔​ေသာ္ စက္တင္ဘာလ
၁၅ ရက္တြင္ ရွာေဖြေရး လုပ္ငန္းမ်ားကို ရပ္တန္​႔ခဲ့ကာ ေလယာဥ္ေပၚတြင္ လိုက္ပါလာသူ အားလုံး ေသဆုံးခဲ့သည္ဟု ယူဆခဲ့ၾကသည္။

2. Boeing N844AA

အင္ဂိုလာႏိုင္ငံ Quatro de Fevereiro ေလဆိပ္တြင္ ၂၀၀၃ ခုႏွစ္ ေမလ ၂၅ ရက္တြင္ N844AA ဟု မွတ္ပုံတင္ထားသည့္ ဘိုးရင္း ၇၂၇ ေလယာဥ္သည္ အခိုးခံခဲ့ရသည္။ထိုေန႔ညေန ေန၀င္ခ်ိန္တြင္ အေမရိကန္ ေလယာဥ္မွဴး ဘင္ပက္ဒယ္လ္လာႏွင့္ စက္ျပင္ ဂၽြန္မူတန္တူတို႔သည္ ေလယာဥ္ေပၚသို႔ တက္လာခဲ့ၾကသည္။ ယင္းတို႔ႏွစ္ဦးလုံးသည္ သာမန္အားျဖင့္ ​ေလယာဥ္မွဴး ၃ ​ေယာက္ ေမာင္းႏွင္ရသည့္ ဘိုးရင္း ၇၂၇ ေလယာဥ္ကို ေမာင္းႏွင္ႏိုင္ၾကသူမ်ား မဟုတ္ၾကဘဲ ဘင္ပက္ဒယ္လ္လာက ေမာင္းႏွင္ခဲ့သည္ဟု ယူဆ ရသည္။

ေလယာဥ္ခိုးယူသူ ႏွစ္ဦးသည္ ေျပးလမ္းရွင္းလင္းမႈလည္​း မျပဳလုပ္၊ ေလေၾကာင္းထိန္း ​ေမွ်ာ္စင္သို႔လည္း ဆက္သြယ္မႈ မျပဳဘဲ ေလယာဥ္မီးမ်ား ပိတ္ကာ တစ္ရွိန္ထိုး ​ေမာင္းတက္သြားခဲ့ကာ အေနာက္ေတာင္ပိုင္းရွိ သမုဒၵရာဆီသို႔ ပ်ံသန္းသြားခဲ့သည္။ ထို အခ်ိန္မွစ၍ ေလယာဥ္ႏွင့္ ​ေလယာဥ္ေပၚတြင္ လိုက္ပါသြားသူ ႏွစ္ဦးကို လုံး၀ မေတြ႕ရွိရေတာ့ေခ်။ ​ေလယာဥ္ေပ်ာက္ဆုံးမႈကို FBI ႏွင့္ CID တို႔က ကမၻာအႏွံ႕ ရွာေဖြခဲ့ေသာ္လည္း သဲလြန္စ တစ္စုံတစ္ရာ မေတြ႕ရွိခဲ့ရပါေခ်။


1. MH 370 မေလးရွားေလယာဥ္

မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွ တရုတ္ႏိုင္ငံ ​ေပဂ်င္းၿမိဳ႕သို႔ ပ်ံသန္းလာသည့္ မေလးရွား ​ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္သည္ ၂၀၁၄ ခုႏွစ္ မတ္လ ၈ ရက္တြင္ ​ေပ်ာက္ဆုံးသြားခဲ့သည္။ ခရီးသည္ ၂၂၇ ဦးႏွင့္ေလယာဥ္အမႈထမ္း ၁၂ ဦး လိုက္ပါခဲ့သည့္ ဘိုးရင္း ၇၇၇ ေလယာဥ္ ​ေပ်ာက္ဆုံးမႈကို ေလေၾကာင္းပ်ံသန္းမႈ သမိုင္းတြင္ ေငြေၾကး အမ်ားဆုံး သုံးစြဲကာ ရွာေဖြခဲ့ရာ အေမရိကန္ ေဒၚလာ သန္း ၁၃၀ မွ သန္း ၁၆၀ အၾကား ကုန္က်ခဲ့သည္။ သို႕ေသာ္ အလြန္ႀကီးမားသည့္ ​ေလယာဥ္ႏွင့္ ခရီးသည္မ်ားကို အစအနပင္ မေတြ႕ရွိခဲ့ရေခ်။

သို႕ေသာ္ ကၽြန္းမ်ားသို႔ ​ေမ်ာပါလာခဲ့သည့္ အေတာင္ပံ အစိတ္အပိုင္း အခ်ိဳ႕ႏွင့္ ပ်က္စီးေနသည့္ ခရီးေဆာင္အိတ္ တစ္လုံးကို မေလးရွား ​ေလယာဥ္ႏွင့္ ပတ္သက္မႈရွိမည္ဟု ယုံၾကည္ၾကသည္။ ​ေလယာဥ္ကိုမူ ယခုတိုင္ မ​ေတြ႕ရွိေသးသျဖင့္ ေလယာဥ္အေၾကာင္းကို မသိရွိႏိုင္ၾကေခ်။

​ေလယာဥ္ကို ေမာင္းႏွင္လာသည့္ ၀ါရင့္ေလယာဥ္မွဴးက ေလယာဥ္ရွိ ေရဒီယိုလိႈင္း တုံ႕ျပန္ထုတ္လႊင့္စက္ (transponder) အလုပ္မလုပ္ေတာ့ေၾကာင္း စကားသံျဖင့္ ဆက္သြယ္ခဲ့ရာ ေျမျပင္စခန္းက နံနက္ ၁ နာရီ ၂၁ မိနစ္တြင္ ေနာက္ဆုံး ရရွိခဲ့သည္။ ယင္းစက္ ပံုမွန္ အလုပ္လုပ္မွသာ ေလေၾကာင္း ထိန္းသိမ္းေရး ​ေမွ်ာ္စင္မွ ေရဒါျဖင့္ ယင္းေလယာဥ္ကို ေထာက္လွမ္းမိႏိုင္ေသာ္လည္း စစ္ဘက္သုံး ​ေရဒါမ်ားသည္ ေလယာဥ္ကြင္းမွ ပ်ံတက္သြားသည့္ ေလယာဥ္တိုင္းကို ဆက္သြယ္ေရး ၿဂိဳဟ္တုစနစ္ အသုံးျပဳကာ ေရဒါျဖင့္ ဖမ္းယူႏိုင္သည္။ ​ေျမျပင္စခန္းမွ ေလယာဥ္မွဴး အခန္းသို႔ ဖုန္းျဖင့္ ႏွစ္ႀကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားမႈ မရရွိခဲ့ေခ်။

ယေန႔​ေခတ္တြင္ ေလေၾကာင္း ပ်ံသန္းမႈသည္ အထိေရာက္ဆုံး ပို႔​ေဆာင္ေရးစနစ္​ ျဖစ္​သျဖင္​့ တစ္ကမၻာလုံး တြင္က်ယ္စြာ အသုံးျပဳေနၾကသည့္တိုင္ ဆန္းၾကယ္ေသာ ေလယာဥ္ ​ေပ်ာက္ဆုံးမႈမ်ားကိုမူ အေျဖမရွာႏိုင္ၾကပါေသးေခ်။

​ေကာင္​းစည္​သူ
(၂၀၁၇ ခုႏွစ္ စက္တင္ဘာလထုတ္ သုတ စြယ္စုံမဂၢဇင္း)


ပျံသန်းနေစဉ် ပျောက်ကွယ်သွားသော လေယာဉ်များအကြောင်း (unicode)

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံမဂ္ဂဇင်း)

လေကြောင်းပျံသန်းမှု နည်းပညာများ တိုးတက်လာချိန်မှစ၍ ကမ္ဘာ့မြေကြော ကျုံ့ခဲ့ကာ လေယာဉ်ပျံများသည် ကမ္ဘာ့လေထုအတွင်း အချိန်နှင့်အမျှ ပျံသန်းသွားလာလျက်ရှိရာ ပျက်ကျမှုများကိုလည်း ရင်ဆိုင်ကြရသည်။ ​လေယာဉ်တစ်စင်း ပျက်ကျခြင်းသည် ထူးဆန်း သော ဖြစ်ရပ်ဟု မဆိုနိုင်သော်လည်း ပျံသန်းနေစဉ် လုံး၀ပျောက်ဆုံးသွားလျှင်ကား ထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့လေကြောင်း ပျံသန်းမှုသမိုင်းတွင် လေထုအတွင်း ပျောက်ဆုံးသွားသည်ဟု ယူဆရပြီး အပျက်အစီး အစအန၊သဲလွန်စများ တစ်စုံတစ်ရာ မကျန်ရှိခဲ့ဘဲ ပျောက်ဆုံးသွားခြင်း၏ အဖြေကို မရှာနိုင်ခဲ့ကြသည်​့ လေယာဉ်များသည် မဖြေရှင်းနိုင်သေးသည့် ပြဿနာများ ဖြစ်လာခဲ့ပေသည်။

Frederick Valentich

၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် အသက် ၂၀ အရွယ်ရှိ ဖရက်ဒရစ် ဗယ်လင်တစ်ခ်ျသည် Cessna 182L လေယာဉ် စီးနင်းလာစဉ် ထူးဆန်းစွာ ​ပျောက်ဆုံးခဲ့သည်။ ဖရက်ဒရစ်သည် ပန်းကန်ပြားပျံဟု ဆိုကြသည့် အမျိုးအမည်မသိသည့် ယာဉ်ပျံ များ (UFO)ကို အထူးစိတ်ဝင်စားသူဖြစ်ပြီး ကံဆိုးမိုးမှောင်ကျခဲ့သည့် အချိန်တွင် ဖရက်ဒရစ်၏ လေယာဉ်နောက်မှ အမျိုးအမည် မသိသော ယာဉ်ပျံတစ်စီး ပါရှိခဲ့သည်ဟု ဆိုကြသည်။

ဖရက်ဒရစ်၏ ​လေယာဉ်သည် ဩစတြေးလျနိုင်ငံနှင့် တက်စ်မာနီးယားအကြားရှိ Bass ရေလက်ကြားတွင် ပျံသန်းနေစဉ် ည ၇ နာရီတွင်မြေပြင်ရေဒီယိုစခန်းသို့ သူ့နောက်မှ ယာဉ်တစ်စီး လိုက်ပါလာနေကြောင်း သတင်းပို့ခဲ့သည်။ ​လေကြောင်း ထိန်းသိမ်းရေး စခန်းက အနီးတွင် မည်သည့်ယာဉ်မှ မတွေ့ရကြောင်း ပြန်ကြားချိန်တွင် ဖရက်ဒရစ်က သူ့နောက်မှ လိုက်နေသည့် လေယာဉ်သည် အလွန်ကြီးမားကာ ကွင်းဆင်းချိန်တွင် သုံးသည့် မီးရောင်ထက် လေးဆခန့် လင်းလက်နေကြောင်း သတင်းပို့ခဲ့သည်။ယင်းလေယာဉ်သည် မီတာ ၃၀၀ အပေါ်မှ အလွန်လျင်မြန်သော နှုန်းဖြင့် ဖြတ်သန်းသွားသည်ဟုဆိုပြီး ယင်း UFO သည် သူ့အပေါ်မှ လှည့်ပတ်နေကာ တောက်ပသည့် သတ္တုမျက်နှာပြင်နှင့် အစိမ်းရောင် အလင်းရောင်ရှိကြောင်း ပြောခဲ့သည်။

လေကြောင်း ထိန်းသိမ်းရေး စခန်းက မည်သည့်လေယာဉ် အမျိုးအစားဖြစ်ကြောင်း ​မေးမြန်းချိန်တွင် ဖရက်ဒရစ်က ယင်းအရာသည် လေယာဉ်ပျံတစ်စီး မဟုတ်ကြောင်း ​ပြောဆိုနေစဉ် အမျိုးအမည် မသိသော ဆူညံသံများက ကြားဖြတ်ဝင်လာခဲ့ပြီး သတ္တု စများ ပဲ့ကျသည့် အသံများ ထွက်လာကာ အဆက်အသွယ်​ ပြတ်​သွားခဲ့သည်။ ထိုအချိန်မှစ၍ ဖရက်ဒရစ်ကိုလည်းကောင်း၊ လေယာဉ်ကိုလည်းကောင်း မတွေ့ရှိခဲ့ရပါတော့​ချေ။

Douglas C-124 Globemaster

အမေရိကန်လေတပ်မှ Douglas C-124 Globemaster လေယာဉ်သည် ၁၉၅၁ ခုနှစ် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အင်္ဂလန်နိုင်ငံသို့ ပျံသန်းလာခဲ့စဉ် ပင်လယ်တွင်းသို့ ရုတ်တရက် ထိုးဆင်းခဲ့ရသည်။ ​လေယာဉ်ကုန်လှောင်ခန်း ​ပေါက်ကွဲခဲ့ပြီး မီးများ လောင်ခဲ့သဖြင့် လေယာဉ်မှူးများသည် ​လေယာဉ်ကို အတ္တလန္တိတ် သမုဒ္ဒရာအတွင်း အိုင်ယာလန်နိုင်ငံ၏ မိုင် ၁၀၀ ကျော်တွင် သက်ဆင်းခဲ့သည်။ ​လေယာဉ်ဆင်းသက်မည့် နေရာအတိအကျကို လေယာဉ်မှူးများက ရေဒီယိုဖြင့် သတင်းပို့ခဲ့ကာ လေယာဉ်ကိုလည်း အောင်မြင်စွာ ဆင်းနိုင်ခဲ့သည်။

​လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ခရီးသည် ၅၃ ဦးနှင့် လေယာဉ်အမှုထမ်းများသည် အသက်ကယ်ဝတ်စုံများ ဝတ်ဆင်နိုင်ခဲ့ကာ အရေးပေါ် အသက်ကယ်ဖောင်ပေါ်သို့ ​ရောက်ရှိခဲ့ကြသည်။ ယင်းတို့ကို ကူညီကယ်ဆယ်ရန် B29 လေယာဉ် တစ်စီးသည် အနီးဆုံး ​လေယာဉ်ကွင်းမှ ထွက်ခွာ ပျံသန်းလာခဲ့သည်။ ​လေယာဉ်မှူးများ သတင်းပို့ထားသည့် နေရာသို့ ရောက်ရှိချိန်၌ B29 လေယာဉ်မှ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို ဖောင်ပေါ်တွင် ကောင်းမွန်စွာ ​တွေ့ရှိခဲ့ကြသဖြင့် လေယာဉ်ဆီဖြည့်ရန် အခြေစိုက်စခန်းသို့ ပြန်သွားခဲ့ကြသည်။

B29 လေယာဉ်သည် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့်အတူ ပြန်လည်ရောက်ရှိလာချိန်တွင် မီးလောင်ထားသည့် အထပ်သားပြား တစ်ပြားနှင့် ခရီးဆောင်အိတ်တစ်လုံးမှလွဲ၍ C-124 Globemaster နှင့် ခရီးသည်များ အားလုံးကို အစအနပင် မတွေ့ရှိကြရတော့ပါချေ။ ကယ်ဆယ်ရေးလေယာဉ် ဆီဖြည့်စဉ် နာရီပိုင်းအတွင်း မည်သို့ပျောက်ကွယ်ခဲ့ကြောင်း မည်သူမျှ မသိရှိကြပါချေ။

Amelia Earhart

အေမီလီယာအားဟန့်သည် အမေရိကန် စွန့်ဦး လေယာဉ်မောင်းသူ တစ်ဦးဖြစ်ကာ အတ္တလန္တိတ် သမုဒ္ဒရာကို လေယာဉ်ဖြင့် တစ်ဦးတည်း ပထမဆုံး ဖြတ်သန်းမောင်းနှင်ခဲ့သူ အမျိုးသမီးဖြစ်သည်။ အေမီလီယာသည် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် အဖော် တစ်ဦးနှင့်အတူ Lockheed ဖြင့် ပျံသန်းလာစဉ် ဟောင်လန်းကျွန်းအနီး ပစိဖိတ် သမုဒ္ဒရာပေါ်တွင် ပျောက်ဆုံးသွားခဲ့သည်။

အေမီလီယာအားဟန့်၏ နောက်ဆုံး ဆက်သွယ်မှုကို အနီးဝန်းကျင်တွင် ရှိ​နေသော Itasca သင်္ဘောက လက်ခံရရှိခဲ့ရာ သူသည် ဟောင်လန်ကျွန်း (Howland Island)သို့ ​ရောက်ရှိနေသည်ဟု ယုံကြည်ခဲ့ရသည်။ သို့သော် ယင်းအချက်သည် မှန်ကန်မှု မရှိခဲ့ဘဲ ထိုအချိန်တွင် အေမီလီယာအားဟန့်သည် ကျွန်းမှ အနည်းဆုံး ရှစ်မိုင် ကွာ​ဝေးသည့် ​နေရာတွင် ရောက်ရှိနေခဲ့သည်။ ထို့ကြောင့် Itasca သင်္ဘောသည် မီးခိုးမိုးတိမ်ကြီးများ ဖြစ်ပေါ်စေသည့် အချက်ပြမီးများကို လွှတ်တင်ခဲ့သော်လည်း မည်သည့် ဆက်သွယ်မှုမှ မရ ရှိခဲ့ချေ။

အေမီလီယာအားဟန့် ​ပျောက်ဆုံးသွားမှုကို ပင်လယ်ထဲသို့ ပျက်ကျသွားခြင်း အပါအဝင် ယူဆချက်မျိုးစုံ ​ပြောကြသည့်တိုင် လေယာဉ်အစိတ်အပိုင်း တစ်စုံတစ်ရာကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။

Flying Tiger Flight 739

ပျံသန်းနေစဉ် ​ပျောက်ဆုံးသွားသည့် လေယာဉ်များတွင် ၁၉၆၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ​ရေဒါမြင်ကွင်းမှ ​ပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လည်း ပါဝင်သည်။ထိုနေ့က Lockheed Super Constellation လေယာဉ်သည် အမေရိကန်လူမျိုး ၉၃ ဦး၊တောင်ဗီယက်နမ် စစ်သည် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလျက် ကာလီဖိုးနီးယားမှ ဆိုင်ဂုံသို့ ပျံသန်းလာခဲ့သည်။ ​ရေဒါမြင်ကွင်းမှ ​ပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လေယာဉ်နှင့် လေယာဉ်ပေါ်တွင် ပါရှိလာသည့် လူ ၁၀၇ ဦးသည် သေဆုံးခဲ့ကြသည်ဟု ယူဆရပြီး ယင်းတို့၏ အစအန သဲလွန်စများကိုမူ လုံး၀ မတွေ့ရှိခဲ့ရချေ။

သို့​သော် ပင်လယ်အတွင်း ရှိနေခဲ့သည့် လောင်စာဆီတင် သ​င်္ဘောက Flying Tiger Flight 739 ကို နောက်ဆုံး မြင်ခဲ့ရသည်ဟု ဆိုသည်။ ယင်းသင်္ဘောက အလွန်အမင်း ​တောက်ပသည့် အလင်းရောင်တန်းကြီးနောက်တွင် အနီအရောင် အစက်နှစ်စက် ​ပေါ်လာ ခဲ့ပြီး အနီစက်နှစ်ခုသည် မတူညီသော နှုန်းများဖြင့် ပင်လယ်တွင်းသို့ ထိုးစိုက်သွားခဲ့ပုံကို မြင်ခဲ့ကြသည်။ လောင်စာဆီတင် သ​င်္ဘော၏ မြင်တွေ့မှုအရ Flying Tiger Flight 739 သည် ပျံသန်းနေစဉ် ​ပေါက်ကွဲခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။ ​လေယာဉ်သည် နှစ်ပိုင်းပြတ် ကာ မီးလုံးကြီး နှစ်လုံးအဖြစ် ကျဆင်းခဲ့သည်ဟု ဆိုကြသည်။ သို့သော် ၅၁၈၀၀၀ စတုရန်းကီလို အကျယ်အဝန်းအတွင်း လေယာဉ်ကို ရှာဖွေခဲ့ရာ မည်သည့် အထောက်အထားမှ မရရှိခဲ့ဘဲ လေယာဉ် ​ပျောက်ဆုံးရခြင်း၏ မှန်ကန်သော အဖြေတစ်ရပ်ကား ​ပေါ်ထွက်မလာခဲ့ပါချေ။

Flight 19

ကမ္ဘာကျော် ဘာမြူဒါတြိဂံဒေသတွင် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် သဲလွန်စ တစ်စုံတစ်ရာ မကျန်ရှိဘဲ ပျောက်ဆုံးခဲ့သည့် တော်ပီဒို ဗုံးကြဲလေယာဉ် ၅ စင်​းနှင်​့ လေယာဉ်မှူးများကို ရှာဖွေရန် သွားခဲ့သည့် Flight 19 သည် ထပ်မံ ​ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ဆုံးခဲ့သည့် ဗုံးကြဲလေယာဉ် ၅ စင်​းတွင် လေယာဉ် အမှုထမ်း ၁၄ ဦး ပါရှိခဲ့ပြီး ကယ်ဆယ်ရေး ​လေယာဉ် Flight 19 တွင် လူ ၁၃ ဦး လိုက်ပါခဲ့သည်။

ဗုံးကြဲလေယာဉ်များသည် ဘာမြူဒါတြိဂံဒေသသို့ ​ရောက်ရှိလာချိန်တွင် လမ်းညွှန်ဒိုင်ခွက်များသည် လှုပ်ရှားမှု မရှိတော့ဘဲ ရပ်တန်​႔ခဲ့ကာ လေယာဉ်များသည် လောင်စာဆီ ပြတ်သွားပြီဖြစ်ကြောင်း နောက်ဆုံး သတင်းပေးပို့မှုကို ရရှိခဲ့သည်။ လေယာဉ် ၅ စင်​းလုံးသည် အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြရပြီး ပင်လယ်တွင်းသို့ ဆင်းရန်မှတစ်ပါး ​ရွေးချယ်ရမည့်လမ်း မရှိသဖြင့် ပထမလေယာဉ်တွင် ဆီ ၁၀ ဂါလံသာ ကျန်တော့ချိန်တွင် လေယာဉ်အားလုံး ပင်လယ်တွင်းသို့ ဆင်းခဲ့ကြသည်။

ယင်းအချိန်သည် နေဝင်ချိန်ဖြစ်ပြီး ရာသီဥတု အခြေအနေက ဆိုးရွားနေသည်။ ည ၇ နာရီ ၂၇ မိနစ်တွင် ယင်းလေယာဉ်များကို ကယ်ဆယ်ရန် Flight 19 သည် ကွင်းမှ ပျံသန်းသွားခဲ့ပြီးသည်နှင့် မည်သည့် သတင်းအစအနမှ မရရှိတော့ချေ။ ထိုအချိန်တွင် အနီးရှိ လောင်စာဆီတင် သ​င်္ဘောက ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရပြီး ပေ ၁၀၀ မြင့်သည့် မီးတောက်များကို အနည်းဆုံး ၁၀ မိနစ်ခန့် ​တွေ့မြင်ခဲ့ရသည်ဟု ဆိုသော်လည်း လေယာဉ် အပျက်အစီး တစ်စုံတစ်ရာကိုမူ မတွေ့ရှိခဲ့ကြချေ။

Star Ariel

လူ ၂၀ လိုက်ပါလာသည့် ဗြိတိသျှ တောင်အမေရိက ​လေကြောင်းလိုင်း (BSAA) ပိုင် Star Ariel လေယာဉ်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ​ပျောက်ဆုံးခဲ့သည်။ကျွမ်းကျင် ​လေယာဉ်မှူးများ ​မောင်းနှင်လာသည့် Star Ariel သည် ရာသီဥတုနှင့် မြင်ကွင်း ​ကောင်းမွန်နေချိန်တွင် အဘယ်ကြောင့် ပျောက်ဆုံးခဲ့ကြောင်းကို မသိရှိခဲ့ကြချေ။ လေယာဉ်မှူးသည် ဘာမြူဒါနှင့် ကင်းစ်တန်အကြား ဂျမေကာ ​လေကြောင်းပိုင်နက်ပေါ်တွင် အမြင့်ဆုံး ​လေကြောင်းလမ်းကို ရွေးချယ် ​မောင်းနှင်လာခဲ့သည်။

သို့​သော် Star Ariel မှ ဆက်သွယ်မှုကို နံနက် ၉ နာရီ ၄၂ မိနစ်တွင် နောက်ဆုံး ရရှိခဲ့သည်။ ​ပျောက်ဆုံးလေယာဉ်ကို အမေရိကန် ရေတပ်က ဦးဆောင်လျက် ကျယ်ပြန့်စွာ ရှာဖွေခဲ့သော်လည်း အပျက်အစီး၊ ​လောင်စာဆီ၊ အလောင်း အစရှိသည့် သဲလွန်စများကို တစ်စုံတစ်ခုမှ မတွေ့ရှိခဲ့ချေ။ ​လေယာဉ် ​ပျောက်ဆုံးမှု စုံစမ်းရေးအဖွဲ့ ​ခေါင်းဆောင်က သက်သေ အထောက်အထားများ မတွေ့ရှိခဲ့သဖြင့် လေယာဉ် ​ပျောက်ဆုံးရခြင်း အကြောင်းကို မသိရှိရကြောင်း ပြောကြားခဲ့သည်။

Star Tiger

၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက် နံနက်စောစောပိုင်းတွင် BSAA ပိုင် ​လေယာဉ်တစ်စင်း ဖြစ်သည့် Star Tiger သည် စန်တာမာရီနာနှင့် ဘာမြူဒါအကြားတွင် ​ပျောက်ဆုံးခဲ့ပြန်သည်။ ​လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၁ ဦးသည် လေယာဉ်နှင့်အတူ ​ပျောက်ဆုံးသွားခဲ့ပြီး လေယာဉ်ပျက်ကျခြင်း အကြောင်းကို ယနေ့တိုင်​ မ​ဖြေရှင်းနိုင်သေးပါချေ။

အတွေ့အကြုံ ရင့်ကျက်သည့် လေယာဉ်မှူးနှစ်ဦးက Star Tiger ကို ပုံမှန်မဟုတ်သည့် အနိမ့်မှ မောင်းနှင်ခဲ့စဉ် လေပြင်းတိုက်၍ မိုးရွာနေခဲ့သည်။ ​လေယာဉ် ​ပျောက်ဆုံးချိန်တွင် လေပြင်းများအကြား အမြင့်ပေ ၂၀၀၀ မှ ပျံသန်းခဲ့သဖြင့် အလွန် အန္တရာယ်များသည့် အနေအထား ဖြစ်သော်လည်း လေယာဉ်မှူးများသည် အထူး ကျွမ်းကျင်ကြသူများ ဖြစ်ကြပြီး ဝန်းကျင်အနေအထားကို သတိမူမိခဲ့ကြသည်။ ယင်းအမြင့်သည် ရုတ်တရက် ​လေပြင်းတစ်ချက် ​ဆောင့်လိုက်ပါက လေယာဉ်ကို ပင်လယ်တွင်းသို့ ထိုးကျသွား စေနိုင်သည်။ သို့​သော် လေယာဉ်မှ အကူအညီ ​တောင်းဆိုမှု တစ်စုံတစ်ရာကို မရရှိခဲ့ဘဲ လေယာဉ် အပျက်အစီးများကိုလည်း ယနေ့တိုင် မ​တွေ့ရှိခဲ့ရပါချေ။

Indian Air Force

အိန္ဒိယလေတပ်ပိုင် အင်ဂျင်နှစ်လုံးတပ် Antonov An-32 ပို့ဆောင်ရေး လေယာဉ်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ဘင်္ဂလားပင်လယ်အော်တွင် ပျံသန်းနေစဉ် ​ပျောက်ဆုံးခဲ့သည်။ ​လေယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး ပါရှိခဲ့ကာ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။

ပျောက်ဆုံးလေယာဉ် ပြန်လည်ရရှိရေးအတွက် အိန္ဒိယနိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ရှာဖွေရေး လုပ်ငန်းတွင် သင်္ဘော ၁၆ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊လေယာဉ် ၆ စင်​း အသုံးပြုခဲ့သည်။ သို့​သော် စက်တင်ဘာလ
၁၅ ရက်တွင် ရှာဖွေရေး လုပ်ငန်းများကို ရပ်တန်​႔ခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့သည်ဟု ယူဆခဲ့ကြသည်။

Boeing N844AA

အင်ဂိုလာနိုင်ငံ Quatro de Fevereiro လေဆိပ်တွင် ၂၀၀၃ ခုနှစ် မေလ ၂၅ ရက်တွင် N844AA ဟု မှတ်ပုံတင်ထားသည့် ဘိုးရင်း ၇၂၇ လေယာဉ်သည် အခိုးခံခဲ့ရသည်။ထိုနေ့ညနေ နေဝင်ချိန်တွင် အမေရိကန် လေယာဉ်မှူး ဘင်ပက်ဒယ်လ်လာနှင့် စက်ပြင် ဂျွန်မူတန်တူတို့သည် လေယာဉ်ပေါ်သို့ တက်လာခဲ့ကြသည်။ ယင်းတို့နှစ်ဦးလုံးသည် သာမန်အားဖြင့် ​လေယာဉ်မှူး ၃ ​ယောက် မောင်းနှင်ရသည့် ဘိုးရင်း ၇၂၇ လေယာဉ်ကို မောင်းနှင်နိုင်ကြသူများ မဟုတ်ကြဘဲ ဘင်ပက်ဒယ်လ်လာက မောင်းနှင်ခဲ့သည်ဟု ယူဆ ရသည်။

လေယာဉ်ခိုးယူသူ နှစ်ဦးသည် ပြေးလမ်းရှင်းလင်းမှုလည်​း မပြုလုပ်၊လေကြောင်းထိန်း ​မျှော်စင်သို့လည်း ဆက်သွယ်မှု မပြုဘဲ လေယာဉ်မီးများ ပိတ်ကာ တစ်ရှိန်ထိုး ​မောင်းတက်သွားခဲ့ကာ အနောက်တောင်ပိုင်းရှိ သမုဒ္ဒရာဆီသို့ ပျံသန်းသွားခဲ့သည်။ ထို အချိန်မှစ၍ လေယာဉ်နှင့် ​လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ နှစ်ဦးကို လုံး၀ မတွေ့ရှိရတော့ချေ။ ​လေယာဉ်ပျောက်ဆုံးမှုကို FBI နှင့် CID တို့က ကမ္ဘာအနှံ့ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါချေ။

MH 370 မလေးရှားလေယာဉ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ​ပေဂျင်းမြို့သို့ ပျံသန်းလာသည့် မလေးရှား ​လေကြောင်းလိုင်းပိုင် လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ​ပျောက်ဆုံးသွားခဲ့သည်။ ခရီးသည် ၂၂၇ ဦးနှင့်လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သည့် ဘိုးရင်း ၇၇၇ လေယာဉ် ​ပျောက်ဆုံးမှုကို လေကြောင်းပျံသန်းမှု သမိုင်းတွင် ငွေကြေး အများဆုံး သုံးစွဲကာ ရှာဖွေခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ မှ သန်း ၁၆၀ အကြား ကုန်ကျခဲ့သည်။ သို့သော် အလွန်ကြီးမားသည့် ​လေယာဉ်နှင့် ခရီးသည်များကို အစအနပင် မတွေ့ရှိခဲ့ရချေ။

သို့သော် ကျွန်းများသို့ ​မျောပါလာခဲ့သည့် အတောင်ပံ အစိတ်အပိုင်း အချို့နှင့် ပျက်စီးနေသည့် ခရီးဆောင်အိတ် တစ်လုံးကို မလေးရှား ​လေယာဉ်နှင့် ပတ်သက်မှုရှိမည်ဟု ယုံကြည်ကြသည်။ ​လေယာဉ်ကိုမူ ယခုတိုင် မ​တွေ့ရှိသေးသဖြင့် လေယာဉ်အကြောင်းကို မသိရှိနိုင်ကြချေ။

​လေယာဉ်ကို မောင်းနှင်လာသည့် ဝါရင့်လေယာဉ်မှူးက လေယာဉ်ရှိ ရေဒီယိုလှိုင်း တုံ့ပြန်ထုတ်လွှင့်စက် (transponder) အလုပ်မလုပ်တော့ကြောင်း စကားသံဖြင့် ဆက်သွယ်ခဲ့ရာ မြေပြင်စခန်းက နံနက် ၁ နာရီ ၂၁ မိနစ်တွင် နောက်ဆုံး ရရှိခဲ့သည်။ ယင်းစက် ပုံမှန် အလုပ်လုပ်မှသာ လေကြောင်း ထိန်းသိမ်းရေး ​မျှော်စင်မှ ရေဒါဖြင့် ယင်းလေယာဉ်ကို ထောက်လှမ်းမိနိုင်သော်လည်း စစ်ဘက်သုံး ​ရေဒါများသည် လေယာဉ်ကွင်းမှ ပျံတက်သွားသည့် လေယာဉ်တိုင်းကို ဆက်သွယ်ရေး ဂြိုဟ်တုစနစ် အသုံးပြုကာ ရေဒါဖြင့် ဖမ်းယူနိုင်သည်။ ​မြေပြင်စခန်းမှ လေယာဉ်မှူး အခန်းသို့ ဖုန်းဖြင့် နှစ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ချေ။

ယနေ့​ခေတ်တွင် လေကြောင်း ပျံသန်းမှုသည် အထိရောက်ဆုံး ပို့​ဆောင်ရေးစနစ်​ ဖြစ်​သဖြင်​့ တစ်ကမ္ဘာလုံး တွင်ကျယ်စွာ အသုံးပြုနေကြသည့်တိုင် ဆန်းကြယ်သော လေယာဉ် ​ပျောက်ဆုံးမှုများကိုမူ အဖြေမရှာနိုင်ကြပါသေးချေ။

​ကောင်​းစည်​သူ
(၂၀၁၇ ခုနှစ် စက်တင်ဘာလထုတ် သုတ စွယ်စုံမဂ္ဂဇင်း)

Leave a Reply