ပုလဲဆိပ္ကမ္းမွ စက္ေသနတ္ သူရဲေကာင္း (သို႔မဟုတ္) John William Finn

Posted on

ေရးသားသူ – Black_Knight (Global Defence Technology)

စာဖတ္သူမ်ား အေနျဖင့္ အေမရိကန္ ဟာဝိုင္ယီ ပုလဲဆိပ္ကမ္းရွိ ေရတပ္စခန္းအား ဂ်ပန္ေလတပ္မွ ဝင္ေရာက္ဗံုးႀကဲ တိုက္ခိုက္သည့္ အျဖစ္အပ်က္အား ၾကားဖူးမည္ ျဖစ္သလို ထိုအျဖစ္ပ်က္အား ဇာတ္လမ္းဆင္ ႐ိုက္ကူးထားသည့္ Pearl Harbor ရုပ္ရွင္အားလည္း ၾကည့္ဖူးၾကမည္ျဖစ္ပါသည္။

ဂ်ပန္ေလတပ္၏ အလစ္ဝင္ေရာက္ ဗံုးၾကဲမွဳေၾကာင့္ အေမရိကန္ စစ္ေရယာဥ္ အမ်ားအျပား ပ်က္စီးဆံုးရွဳံးခဲ့သလို ေရတပ္သား မ်ားစြာလည္း က်ဆံုးခဲ့ရပါသည္။ ထိုသို႔ ဂ်ပန္ေလတပ္၏ တိုက္ခိုက္မွဳအား ရြပ္ရြပ္ခြ်ံခြ်ံ ခုခံတိုက္ခိုက္ခဲ့ျပီး Medal of Honor ဆုတံဆိပ္ ရရွိခဲ့သည့္ အေမရိကန္ ​ေရတပ္သား John William Finn ၏ အေၾကာင္းကို တင္ျပလိုပါသည္။

John William Finn အား (၁၉၀၉) ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္တြင္ ေမြးဖြားခဲ့ျပီး (၁၇)ႏွစ္သားအရြယ္ (၁၉၂၆) ခုႏွစ္တြင္ ေရတပ္သို႔ စတင္ဝင္ေရာက္ အမွဳထမ္းခဲ့ပါသည္။ စစ္မွဳထမ္းသက္ (၉)ႏွစ္အၾကာတြင္ Chief Petty Officer အဆင့္ထိ ရာထူးတိုးျမွင့္ေပးျခင္း ခံရကာ (၁၉၄၁) ခုႏွစ္တြင္မူ ဟာဝိုင္ယီ Ohauကြ်န္းရွိ ေလတပ္စခန္းတြင္ လက္နက္ခဲယမ္း တာဝန္ခံအျဖစ္ ​ေရတပ္သား (၂၀)ဦးကို ဦးေဆာင္ကာ PBY Catalina ေလယာဥ္မ်ား၏ လက္နက္ဆိုင္ရာ ျပဳျပင္ထိန္းသိမ္းမွဳမ်ားကို တာဝန္ယူ ေဆာင္ရြက္ရပါသည္။

(၁၉၄၁)ခုႏွစ္ ဒီဇင္ဘာလ (၇)ရက္၊ သာယာေသာ တနဂၤေႏြ တစ္ရက္၏ နံနက္ (၇း၄၈)နာရီအခ်ိန္ ..။

John William Finn သည္ ေလယာဥ္ရုံမ်ားႏွင့္ (၁)မိုင္ခန္႔ အကြာရွွိ ေနအိမ္တြင္ ႐ွိ​ေနခိုက္ က်ယ္ေလာင္ေသာ ေသနတ္သံမ်ားကို ၾကားလိုက္ရျပီးေနာက္ ​ေနအိမ္မွ အလ်င္အျမန္ ​ေျပးထြက္လာခဲ့ပါသည္။ ထိုသို႕ ေျပးထြက္လာစဥ္တြင္ပင္ သူ၏ ေလတပ္စခန္းအား ဂ်ပန္ေလယာဥ္မ်ားမွ တိုက္ခိုက္ေနသည္ကို ေတြ႕လိုက္ရျပီး PBY ေလယာဥ္မ်ားသည္လည္း မီးစဲြေလာင္ေနျပီ ျဖစ္ပါသည္။

ေလတပ္စခန္းသို႔ Finn ေရာက္ရွိလာေသာ အခ်ိန္တြင္မူ သူ၏ ငယ္သားမ်ားမွာ PBY ေလယာဥ္မ်ား မီးစဲြေလာင္ေနသည့္ၾကားမွပင္ ေလယာဥ္တြင္ တပ္ဆင္ထားသည့္ စက္ေသနတ္မ်ားႏွင့္ ရန္သူ႔​ေလယာဥ္မ်ားကို ခုခံတိုက္ခိုက္ေနသည္ကို ေတြ႕ျမင္လိုက္ရပါသည္။

John William Finn သည္ အနီးရွိ ငယ္သားတစ္ဦးအား “အဲလက္စ္ေရ .. မင္း စက္ေသနတ္ ငါ့ကို ေပးစမ္းပါ။ ငါက မင္းထက္ ေသနတ္ပစ္ ပိုကြ်မ္းပါတယ္” ဟု ေျပာဆိုကာ စက္ေသနတ္ျဖင့္ စတင္ဝင္ေရာက္ ပစ္ခတ္ပါသည္။

Finn သည္ ေသနတ္မ်ားအား ေလ့က်င့္ပစ္ခတ္ရာတြင္ သံုးသည့္ (၃)ေခ်ာင္းေထာက္ ပစ္စင္အား ပစ္ကြင္းေကာင္းသည့္ ေနရာသို႕ ေရႊ႕ယူကာ (၁၂.၇)မမ စက္ေသနတ္​ၾကီးကို တပ္ဆင္ပစ္ခတ္ေတာ့သည္။

John William Finn သည္ (၂) နာရီ ၾကာသည္အထိ ဒဏ္ရာမ်ား ရရွိေနသည့္ ၾကားမွပင္ ဂ်ပန္ေလယာဥ္မ်ားကို ခုခံတိုက္ခိုက္ခဲ့ကာ က်ည္ဆန္ ထိမွန္မႈမ်ား အပါအဝင္ စုစုေပါင္း ဒဏ္ရာ(၂၁) ခ်က္ ရရွိခဲ့ပါသည္။

Finn မွ “ကြ်န္ေတာ့္​အေနနဲ႕ ေတြ႕သမွ် ဂ်ပန္ေလယာဥ္ေတြကို လိုက္ပစ္တဲ့အတြက္ သူတို႔က ျပန္ပစ္တာကိုလည္​း ခံခဲ့ရပါတယ္။ ေလယာဥ္မွဴးေတြရဲ႕ မ်က္ႏွာကို ျမင္ရတဲ့အထိ ေလယာဥ္ေတြနဲ႔ နီးကပ္ခဲ့ပါတယ္” ဟုလည္​း ေျပာၾကားခဲ့ပါသည္။

John William Finn သည္ ဒဏ္ရာမ်ားအား ေဆးကုသမႈ ခံယူကာ ထိုေန႔မွာပင္ ေလယာဥ္ရုံသို႔ ျပန္သြားခဲ့ကာ ေလယာဥ္မ်ားအား လက္နက္ တပ္ဆင္မႈမ်ားကို ျပဳလုပ္ေပးခဲ့ပါသည္။

ထိုသို႔ ရန္သူအား ရဲဝံ့စြာ ခုခံတိုက္ခိုက္မႈ​ေၾကာင့္ John William Finn သည္ အေမရိကန္စစ္ဘက္၏ အျမင့္ဆံုး ဂုဏ္ထူးေဆာင္ တံဆိပ္ျဖစ္သည့္ Medal of Honor အား ဒုတိယကမ႓ာစစ္အတြင္း ပထမဆံုး ေပးေသာဆု အျဖစ္ (၁၉၄၂)ခုႏွစ္ စက္တင္ဘာလ (၁၄)ရက္ေန႔တြင္ Admiral Chester Nimitz မွ ခ်ီးျမွင့္ေပးျခင္း ခံခဲ့ရကာ ဆုတံဆိပ္ ခ်ီးျမွင့္သည့္ အခမ္းအနားအား USS Enterprise (CV-6) ေပၚတြင္ ျပဳလုပ္ခဲ့ပါသည္။

ေနာက္ပိုင္းတြင္ John William Finn သည္ Lieutenant အဆင့္ထိ ရာထူးတိုးျမွင့္ေပးျခင္း ခံခဲ့ရကာ(၁၉၅၆)ခုႏွစ္တြင္ အေမရိကန္ ေရတပ္မွ အျငိမ္းစားယူခဲ့ပါသည္။

(၂၀၀၉)ခုႏွစ္တြင္ ျပဳလုပ္ေသာ အင္တာဗ်ဴးတစ္ခုတြင္မူ Finn က “သူရဲေကာင္းလို႔ သတ္မွတ္ခံရတာဟာ ကြ်န္ေတာ့္အတြက္ေတာ့ ဘာမွ မဟုတ္ပါဘူး။ ေနရာတိုင္းမွာ သူရဲေကာင္းေတြ ရွိေပမယ့္ သူတို႔ဟာ သူရဲေကာင္းအျဖစ္ အသိအမွတ္ျပဳ မခံရတာပဲရွိတယ္ ဆိုတာကိုေတာ့ နားလည္ဖို႕လိုပါတယ္” -ဟု ေျပာၾကားခဲ့ပါသည္။

John William Finn သည္ Medal of Honor ဆုတံဆိပ္ ရရွိသူမ်ားထဲတြင္ တစ္ဦးတည္းေသာ ေလေၾကာင္းဆိုင္ရာ လက္နက္ခဲယမ္း တာဝန္ခံျဖစ္ကာ (၂၀၁၀)ခုႏွစ္ ေမလ(၂၇)ရက္ အသက္(၁၀၀)ႏွစ္ အရြယ္တြင္ ကြယ္လြန္ခဲ့ပါသည္။

John William Finn အား ဂုဏ္ျပဳသည့္အေနျဖင့္ Arleigh Burke အတန္းအစား ဖ်က္သေဘၤာ USS John Finn(DDG-113) အျဖစ္ ဂုဏ္ျပဳမွည့္ေခၚခဲ့ကာ ၎ စစ္ေရယာဥ္မွာ မၾကာမီက တပ္ေတာ္ဝင္၍ တာဝန္မ်ား ထမ္းေဆာင္ေနျပီ ျဖစ္ပါသည္။

ပုလဲဆိပ်ကမ်းမှ စက်သေနတ် သူရဲကောင်း (သို့မဟုတ်) John William Finn (unicode)

ရေးသားသူ – Black_Knight (Global Defence Technology)

စာဖတ်သူများ အနေဖြင့် အမေရိကန် ဟာဝိုင်ယီ ပုလဲဆိပ်ကမ်းရှိ ရေတပ်စခန်းအား ဂျပန်လေတပ်မှ ဝင်ရောက်ဗုံးကြဲ တိုက်ခိုက်သည့် အဖြစ်အပျက်အား ကြားဖူးမည် ဖြစ်သလို ထိုအဖြစ်ပျက်အား ဇာတ်လမ်းဆင် ရိုက်ကူးထားသည့် Pearl Harbor ရုပ်ရှင်အားလည်း ကြည့်ဖူးကြမည်ဖြစ်ပါသည်။

ဂျပန်လေတပ်၏ အလစ်ဝင်ရောက် ဗုံးကြဲမှုကြောင့် အမေရိကန် စစ်ရေယာဉ် အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို ရေတပ်သား များစွာလည်း ကျဆုံးခဲ့ရပါသည်။ ထိုသို့ ဂျပန်လေတပ်၏ တိုက်ခိုက်မှုအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ပြီး Medal of Honor ဆုတံဆိပ် ရရှိခဲ့သည့် အမေရိကန် ​ရေတပ်သား John William Finn ၏ အကြောင်းကို တင်ပြလိုပါသည်။

John William Finn အား (၁၉၀၉) ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မွေးဖွားခဲ့ပြီး (၁၇)နှစ်သားအရွယ် (၁၉၂၆) ခုနှစ်တွင် ရေတပ်သို့ စတင်ဝင်ရောက် အမှုထမ်းခဲ့ပါသည်။ စစ်မှုထမ်းသက် (၉)နှစ်အကြာတွင် Chief Petty Officer အဆင့်ထိ ရာထူးတိုးမြှင့်ပေးခြင်း ခံရကာ (၁၉၄၁) ခုနှစ်တွင်မူ ဟာဝိုင်ယီ Ohauကျွန်းရှိ လေတပ်စခန်းတွင် လက်နက်ခဲယမ်း တာဝန်ခံအဖြစ် ​ရေတပ်သား (၂၀)ဦးကို ဦးဆောင်ကာ PBY Catalina လေယာဉ်များ၏ လက်နက်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများကို တာဝန်ယူ ဆောင်ရွက်ရပါသည်။

(၁၉၄၁)ခုနှစ် ဒီဇင်ဘာလ (၇)ရက်၊ သာယာသော တနင်္ဂနွေ တစ်ရက်၏ နံနက် (၇း၄၈)နာရီအချိန် ..။

John William Finn သည် လေယာဉ်ရုံများနှင့် (၁)မိုင်ခန့် အကွာရှိ နေအိမ်တွင် ရှိ​နေခိုက် ကျယ်လောင်သော သေနတ်သံများကို ကြားလိုက်ရပြီးနောက် ​နေအိမ်မှ အလျင်အမြန် ​ပြေးထွက်လာခဲ့ပါသည်။ ထိုသို့ ပြေးထွက်လာစဉ်တွင်ပင် သူ၏ လေတပ်စခန်းအား ဂျပန်လေယာဉ်များမှ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရပြီး PBY လေယာဉ်များသည်လည်း မီးစွဲလောင်နေပြီ ဖြစ်ပါသည်။

လေတပ်စခန်းသို့ Finn ရောက်ရှိလာသော အချိန်တွင်မူ သူ၏ ငယ်သားများမှာ PBY လေယာဉ်များ မီးစွဲလောင်နေသည့်ကြားမှပင် လေယာဉ်တွင် တပ်ဆင်ထားသည့် စက်သေနတ်များနှင့် ရန်သူ့​လေယာဉ်များကို ခုခံတိုက်ခိုက်နေသည်ကို တွေ့မြင်လိုက်ရပါသည်။

John William Finn သည် အနီးရှိ ငယ်သားတစ်ဦးအား “အဲလက်စ်ရေ .. မင်း စက်သေနတ် ငါ့ကို ပေးစမ်းပါ။ ငါက မင်းထက် သေနတ်ပစ် ပိုကျွမ်းပါတယ်” ဟု ပြောဆိုကာ စက်သေနတ်ဖြင့် စတင်ဝင်ရောက် ပစ်ခတ်ပါသည်။

Finn သည် သေနတ်များအား လေ့ကျင့်ပစ်ခတ်ရာတွင် သုံးသည့် (၃)ချောင်းထောက် ပစ်စင်အား ပစ်ကွင်းကောင်းသည့် နေရာသို့ ရွှေ့ယူကာ (၁၂.၇)မမ စက်သေနတ်​ကြီးကို တပ်ဆင်ပစ်ခတ်တော့သည်။

John William Finn သည် (၂) နာရီ ကြာသည်အထိ ဒဏ်ရာများ ရရှိနေသည့် ကြားမှပင် ဂျပန်လေယာဉ်များကို ခုခံတိုက်ခိုက်ခဲ့ကာ ကျည်ဆန် ထိမှန်မှုများ အပါအဝင် စုစုပေါင်း ဒဏ်ရာ(၂၁) ချက် ရရှိခဲ့ပါသည်။

Finn မှ “ကျွန်တော့်​အနေနဲ့ တွေ့သမျှ ဂျပန်လေယာဉ်တွေကို လိုက်ပစ်တဲ့အတွက် သူတို့က ပြန်ပစ်တာကိုလည်​း ခံခဲ့ရပါတယ်။ လေယာဉ်မှူးတွေရဲ့ မျက်နှာကို မြင်ရတဲ့အထိ လေယာဉ်တွေနဲ့ နီးကပ်ခဲ့ပါတယ်” ဟုလည်​း ပြောကြားခဲ့ပါသည်။

John William Finn သည် ဒဏ်ရာများအား ဆေးကုသမှု ခံယူကာ ထိုနေ့မှာပင် လေယာဉ်ရုံသို့ ပြန်သွားခဲ့ကာ လေယာဉ်များအား လက်နက် တပ်ဆင်မှုများကို ပြုလုပ်ပေးခဲ့ပါသည်။

ထိုသို့ ရန်သူအား ရဲဝံ့စွာ ခုခံတိုက်ခိုက်မှု​ကြောင့် John William Finn သည် အမေရိကန်စစ်ဘက်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင် တံဆိပ်ဖြစ်သည့် Medal of Honor အား ဒုတိယကမ႓ာစစ်အတွင်း ပထမဆုံး ပေးသောဆု အဖြစ် (၁၉၄၂)ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် Admiral Chester Nimitz မှ ချီးမြှင့်ပေးခြင်း ခံခဲ့ရကာ ဆုတံဆိပ် ချီးမြှင့်သည့် အခမ်းအနားအား USS Enterprise (CV-6) ပေါ်တွင် ပြုလုပ်ခဲ့ပါသည်။

နောက်ပိုင်းတွင် John William Finn သည် Lieutenant အဆင့်ထိ ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရကာ(၁၉၅၆)ခုနှစ်တွင် အမေရိကန် ရေတပ်မှ အငြိမ်းစားယူခဲ့ပါသည်။

(၂၀၀၉)ခုနှစ်တွင် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင်မူ Finn က “သူရဲကောင်းလို့ သတ်မှတ်ခံရတာဟာ ကျွန်တော့်အတွက်တော့ ဘာမှ မဟုတ်ပါဘူး။ နေရာတိုင်းမှာ သူရဲကောင်းတွေ ရှိပေမယ့် သူတို့ဟာ သူရဲကောင်းအဖြစ် အသိအမှတ်ပြု မခံရတာပဲရှိတယ် ဆိုတာကိုတော့ နားလည်ဖို့လိုပါတယ်” -ဟု ပြောကြားခဲ့ပါသည်။

John William Finn သည် Medal of Honor ဆုတံဆိပ် ရရှိသူများထဲတွင် တစ်ဦးတည်းသော လေကြောင်းဆိုင်ရာ လက်နက်ခဲယမ်း တာဝန်ခံဖြစ်ကာ (၂၀၁၀)ခုနှစ် မေလ(၂၇)ရက် အသက်(၁၀၀)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။

John William Finn အား ဂုဏ်ပြုသည့်အနေဖြင့် Arleigh Burke အတန်းအစား ဖျက်သင်္ဘော USS John Finn(DDG-113) အဖြစ် ဂုဏ်ပြုမှည့်ခေါ်ခဲ့ကာ ၎င်း စစ်ရေယာဉ်မှာ မကြာမီက တပ်တော်ဝင်၍ တာဝန်များ ထမ်းဆောင်နေပြီ ဖြစ်ပါသည်။

ပုလဲဆိပ်ကမ်းမှ စက်သေနတ် သူရဲကောင်း (သို့မဟုတ်) John William Finn

Leave a Reply