​ေဘာလံုးအားကစားရဲ႕ မူလအစသမုိင္း

Posted on

ေရးသားသူ – ေအာင္​​ေအး (ရန္​ကုန္​တကၠသိုလ္​)

ပါဆပ္​​ေကာကိုဟိုဝဂ္​ (Pasuckaukkohowog) သို႔မဟုတ္​ အက္​ဆက္​တပ္​ခ္​ (Aqsaqtuk) ကစားၾကမယ္​လို႔ ​ေျပာရင္​ ဘာကစားနည္​းဆိုတာ သိႏိုင္​ဖို႔ ခက္​ပါလိ္မ္​့မယ္​။ အဲဒီ့နာမည္​​ေတြက ဒီ​ေန႔ ​ေပၚျပဴလာျဖစ္​​ေနတဲ့ အားကစားနည္​းရဲ႕ ​ေ႐ွး​ေ႐ွးက နာမည္​​ေတြ ျဖစ္​​ေနလို႔ပါပဲ။ ဒီ​ေန႔​ေခတ္​မွာလည္​း အဲဒီ့ကစားနည္​းကို လူ​ေတြက နာမည္​ႏွစ္​မ်ိဳးနဲ႔ ​ေခၚ​ေဝၚ​ၾကတယ္​​ေလ။ တခ်ိဳ႕က Soccer လို႔​ေခၚၿပီး တခ်ိဳ႕က​ေတာ့ Football တဲ့။ ျမန္​မာ​ေတြက​ေတာ့ ​ေဘာလံုးအားကစားလို႔ ​ေခၚၾကပါတယ္​။ ​ေဘာလံုးအာကစားရဲ႕ မူလအစကို ႐ွာ​ေဖြတဲ့အခါ ကမၻာႀကီးရဲ႕ ​ေနရာ​ေဒသတိုင္​းမွာလိုလို ႐ွိ​ေနခဲ့တာကို ​ေတြ႔ရပါတယ္​။

သမိုင္​းတင္​ခ​ံရတဲ့ လူ႔အဖြဲ႔အစည္​း​ေတြ အားလံုးပဲ ​ေဘာလံုး ကစားၾကတယ္​ဆိုတာ သိရ​ေတာ့ ဒီ​ေန႔​ေခတ္​ ​ေဘာလံုးအားကစားရဲ႕ ​ေ႐ွးဦးတီထြင္​သူ​ေတြဟာ အမ်ားႀကီး ႐ွိခဲ့တယ္​လို႔ သတ္​မွတ္​ရ​ေတာ့မွာပါ။

​ေဘာလံုးအားကစားကို အီဂ်စ္​မွာ ပထမဆံုး ကစားခဲ့တဲ့ အခ်ိန္​ဟာ ၁၈၀၀ ဘီစီအီး (1800 BCE) ကတည္​းကပါ။ ဘယ္​လိုပဲျဖစ္​ျဖစ္​ သိပၸံနည္​းက် အ​ေထာက္​အထား​ေတြအရ ​ေဘာလံုးနည္​းပညာပါပါ ကစားႏိုင္​ခဲ့တဲ့ ကစားပြဲ​ေတြဟာ ​ေ႐ွး​ေခတ္​ တ႐ုတ္​ျပည္​မွာ ​ေပၚထြန္​းခဲ့တာ ျဖစ္​တယ္​လို႔ သိရၿပီး တ႐ုတ္​​ေတြက က်ဴခ်ိဳ (Cuju) လို႔ ​ေခၚခဲ့ၾကပါတယ္​။

​ေဒသခံ အ​ေမရိကန္​ အင္​ဒီးယန္​း​ေတြဟာ ​ေဘာလံုးအားကစားကို ပါဆပ္​​ေကာကိုဟိုဝဂ္​ လို႔​ေခၚၿပီး ကစားခဲ့ၾကပါတယ္​။ အဲဒီ့စကားလံုးရဲ႕ အဓိပၸါယ္​က “​ေျခ​ေထာက္​နဲ႔ ကန္​ရတဲ့ ​ေဘာလံုးကို အတူတကြ ကစားျခင္​း” ဆိုတဲ့ အဓိပၸါယ္​ ရပါသတဲ့။

အဲဒီ့ ​ေဘာလံုး အားကစားပြဲ​ေတြဟာ အလြန္​တရာ ႏွစ္​လိုဖြယ္​ ​ေကာင္​းတာမ်ိဳး မဟုတ္​ဘဲ မယံုၾကည္​ႏိုင္​စရာ ​ေကာင္​း​ေလာက္​​ေအာင္​ ျပင္​းထန္​ခဲ့ပါတယ္​။ အျမဲတမ္​း ျဖစ္​​ေလ့ျဖစ္​ထ ႐ွိတာက ​ေဘာလံုးအားကစားသမား​ေတြဟာ ​ေဘာလံုးပြဲၿပီးၿပီ ဆိုတာနဲ႔ အ႐ိုးက်ိဳးတဲ့သူက်ိဳး၊ အ႐ိုးက်ိဳးတာ မဟုတ္​ရင္​လည္​း တျခား စိုးရိမ္​ရတဲ့ ဒဏ္​ရာရမႈ​ေတြ ရသူကရနဲ႔​ေပါ့။

တကယ္​လည္း အဲဒီ့​ေခတ္​ ​ေဘာလံုးပြဲ​ေတြဆိုတာ စစ္​ပြဲတစ္​ပြဲ တိုက္​ရသလိုမ်ိဳး ႀကီးမားက်ယ္​ျပန္​႔ၿပီး ယွဥ္​ၿပိဳင္​ကစားတဲ့ အသင္​းႏွစ္​သင္​းဟာ တစ္​သင္​းကို လူ ၅၀၀ ​ေလာက္​ ပါဝင္​ ကစား​ေနၾကတာကိုး။

အဲဒီ့ အားကစားပြဲရဲ႕ ျပင္​းထန္​တဲ့ သ​ေဘာသဘာဝကို နားလည္​ထားတဲ့ ​ေဘာလံုး အားကစားသမား​ေတြဟာ တိုက္​ပြဲဝင္​​ေဆး​ေရာင္​​ေတြကို ကိုယ္​ခႏၶာ​ေပၚမွာ ​ေၾကာင္​​ေၾကာင္​က်ားက်ား ျခယ္​သထားၾကၿပီး ကစားပြဲအၿပီး အနာတရျဖစ္​ျခင္​းမွ ​ေ႐ွာင္​ၾကဥ္​ႏိုင္​ဖို႔အတြက္​ အ​ေဆာင္​အ​ေယာင္​​ေတြကိုပါ ​ေဆာင္​ထားၾက​ေလ့႐ွိပါတယ္​။

​ေဘာလံုုးပြဲရဲ႕ တစ္​ဘက္​အသင္​းနဲ႔ တစ္​ဘက္​အသင္​း သြင္​းၾကရမယ္​့ ဂိုး​ေပါက္​​ေတြဟာ အကြာအ​ေဝးအားျဖင္​့ တစ္​မိုင္​​ေလာက္​ ကြာၾကပါတယ္​။ ကစားၿပီဆိုရင္​လည္​း နာရီ​ေပါင္​းမ်ားစြာ အခ်ိန္​​ေပးရၿပီး ဒီ​ေန႔မၿပီးရင္​ ​ေနာက္​တစ္​​ေန႔ ဆက္​ကန္​ၾကရပါတယ္​။

​ေခတ္​သစ္​ ​ေဘာလံုးအားကစား ဥပ​ေဒသ​ေတြဟာ ၁၉ ရာစု အလယ္​ပိုင္​း​ေလာက္​က အဂၤလန္​ႏိုင္​ငံမွာ ပုဂၢလိက​ေက်ာင္​း အသီးသီးက ကိုယ္​့နည္​းကိုယ္​့ဟန္​နဲ႔ ​ေဘာလံုး ကစား​ေနၾကတာ​ေတြကို စုစည္​းၿပီး ဥပ​ေဒ သတ္​မွတ္​ခဲ့တဲ့အ​ေပၚ အ​ေျခခံၿပီး ​ေပၚထြက္​လာခဲ့တာ ျဖစ္​ပါတယ္​။ အဲဒီ့အခ်ိန္​က ​ေပၚထြက္​လာတဲ့ ​ေဘာလံုး စည္​းမ်ဥ္​းစည္​းကမ္​း​ေတြကို “ကိန္​းဘရစ္​ဂ်္​ ဥပ​​ေဒသ” (Cambridge Rules) ​ေတြလို႔ လူသိမ်ားပါတယ္​။

Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ဂ႐ု)မွ စာ႐ိုက္​တင္​ပါသည္​။


​ဘောလုံးအားကစားရဲ့ မူလအစသမိုင်း (unicode)

ရေးသားသူ – အောင်​​အေး (ရန်​ကုန်​တက္ကသိုလ်​)

ပါဆပ်​​ကောကိုဟိုဝဂ်​ (Pasuckaukkohowog) သို့မဟုတ်​ အက်​ဆက်​တပ်​ခ်​ (Aqsaqtuk) ကစားကြမယ်​လို့ ​ပြောရင်​ ဘာကစားနည်​းဆိုတာ သိနိုင်​ဖို့ ခက်​ပါလိ်မ်​့မယ်​။ အဲဒီ့နာမည်​​တွေက ဒီ​နေ့ ​ပေါ်ပြူလာဖြစ်​​နေတဲ့ အားကစားနည်​းရဲ့ ​ရှေး​ရှေးက နာမည်​​တွေ ဖြစ်​​နေလို့ပါပဲ။ ဒီ​နေ့​ခေတ်​မှာလည်​း အဲဒီ့ကစားနည်​းကို လူ​တွေက နာမည်​နှစ်​မျိုးနဲ့ ​ခေါ်​ဝေါ်​ကြတယ်​​လေ။ တချို့က Soccer လို့​ခေါ်ပြီး တချို့က​တော့ Football တဲ့။ မြန်​မာ​တွေက​တော့ ​ဘောလုံးအားကစားလို့ ​ခေါ်ကြပါတယ်​။ ​ဘောလုံးအာကစားရဲ့ မူလအစကို ရှာ​ဖွေတဲ့အခါ ကမ္ဘာကြီးရဲ့ ​နေရာ​ဒေသတိုင်​းမှာလိုလို ရှိ​နေခဲ့တာကို ​တွေ့ရပါတယ်​။

သမိုင်​းတင်​ခ​ံရတဲ့ လူ့အဖွဲ့အစည်​း​တွေ အားလုံးပဲ ​ဘောလုံး ကစားကြတယ်​ဆိုတာ သိရ​တော့ ဒီ​နေ့​ခေတ်​ ​ဘောလုံးအားကစားရဲ့ ​ရှေးဦးတီထွင်​သူ​တွေဟာ အများကြီး ရှိခဲ့တယ်​လို့ သတ်​မှတ်​ရ​တော့မှာပါ။

​ဘောလုံးအားကစားကို အီဂျစ်​မှာ ပထမဆုံး ကစားခဲ့တဲ့ အချိန်​ဟာ ၁၈၀၀ ဘီစီအီး (1800 BCE) ကတည်​းကပါ။ ဘယ်​လိုပဲဖြစ်​ဖြစ်​ သိပ္ပံနည်​းကျ အ​ထောက်​အထား​တွေအရ ​ဘောလုံးနည်​းပညာပါပါ ကစားနိုင်​ခဲ့တဲ့ ကစားပွဲ​တွေဟာ ​ရှေး​ခေတ်​ တရုတ်​ပြည်​မှာ ​ပေါ်ထွန်​းခဲ့တာ ဖြစ်​တယ်​လို့ သိရပြီး တရုတ်​​တွေက ကျူချို (Cuju) လို့ ​ခေါ်ခဲ့ကြပါတယ်​။

​ဒေသခံ အ​မေရိကန်​ အင်​ဒီးယန်​း​တွေဟာ ​ဘောလုံးအားကစားကို ပါဆပ်​​ကောကိုဟိုဝဂ်​ လို့​ခေါ်ပြီး ကစားခဲ့ကြပါတယ်​။ အဲဒီ့စကားလုံးရဲ့ အဓိပ္ပါယ်​က “​ခြေ​ထောက်​နဲ့ ကန်​ရတဲ့ ​ဘောလုံးကို အတူတကွ ကစားခြင်​း” ဆိုတဲ့ အဓိပ္ပါယ်​ ရပါသတဲ့။

အဲဒီ့ ​ဘောလုံး အားကစားပွဲ​တွေဟာ အလွန်​တရာ နှစ်​လိုဖွယ်​ ​ကောင်​းတာမျိုး မဟုတ်​ဘဲ မယုံကြည်​နိုင်​စရာ ​ကောင်​း​လောက်​​အောင်​ ပြင်​းထန်​ခဲ့ပါတယ်​။ အမြဲတမ်​း ဖြစ်​​လေ့ဖြစ်​ထ ရှိတာက ​ဘောလုံးအားကစားသမား​တွေဟာ ​ဘောလုံးပွဲပြီးပြီ ဆိုတာနဲ့ အရိုးကျိုးတဲ့သူကျိုး၊ အရိုးကျိုးတာ မဟုတ်​ရင်​လည်​း တခြား စိုးရိမ်​ရတဲ့ ဒဏ်​ရာရမှု​တွေ ရသူကရနဲ့​ပေါ့။

တကယ်​လည်း အဲဒီ့​ခေတ်​ ​ဘောလုံးပွဲ​တွေဆိုတာ စစ်​ပွဲတစ်​ပွဲ တိုက်​ရသလိုမျိုး ကြီးမားကျယ်​ပြန်​႔ပြီး ယှဉ်​ပြိုင်​ကစားတဲ့ အသင်​းနှစ်​သင်​းဟာ တစ်​သင်​းကို လူ ၅၀၀ ​လောက်​ ပါဝင်​ ကစား​နေကြတာကိုး။

အဲဒီ့ အားကစားပွဲရဲ့ ပြင်​းထန်​တဲ့ သ​ဘောသဘာဝကို နားလည်​ထားတဲ့ ​ဘောလုံး အားကစားသမား​တွေဟာ တိုက်​ပွဲဝင်​​ဆေး​ရောင်​​တွေကို ကိုယ်​ခန္ဓာ​ပေါ်မှာ ​ကြောင်​​ကြောင်​ကျားကျား ခြယ်​သထားကြပြီး ကစားပွဲအပြီး အနာတရဖြစ်​ခြင်​းမှ ​ရှောင်​ကြဉ်​နိုင်​ဖို့အတွက်​ အ​ဆောင်​အ​ယောင်​​တွေကိုပါ ​ဆောင်​ထားကြ​လေ့ရှိပါတယ်​။

​ဘောလုံးပွဲရဲ့ တစ်​ဘက်​အသင်​းနဲ့ တစ်​ဘက်​အသင်​း သွင်​းကြရမယ်​့ ဂိုး​ပေါက်​​တွေဟာ အကွာအ​ဝေးအားဖြင်​့ တစ်​မိုင်​​လောက်​ ကွာကြပါတယ်​။ ကစားပြီဆိုရင်​လည်​း နာရီ​ပေါင်​းများစွာ အချိန်​​ပေးရပြီး ဒီ​နေ့မပြီးရင်​ ​နောက်​တစ်​​နေ့ ဆက်​ကန်​ကြရပါတယ်​။

​ခေတ်​သစ်​ ​ဘောလုံးအားကစား ဥပ​ဒေသ​တွေဟာ ၁၉ ရာစု အလယ်​ပိုင်​း​လောက်​က အင်္ဂလန်​နိုင်​ငံမှာ ပုဂ္ဂလိက​ကျောင်​း အသီးသီးက ကိုယ်​့နည်​းကိုယ်​့ဟန်​နဲ့ ​ဘောလုံး ကစား​နေကြတာ​တွေကို စုစည်​းပြီး ဥပ​ဒေ သတ်​မှတ်​ခဲ့တဲ့အ​ပေါ် အ​ခြေခံပြီး ​ပေါ်ထွက်​လာခဲ့တာ ဖြစ်​ပါတယ်​။ အဲဒီ့အချိန်​က ​ပေါ်ထွက်​လာတဲ့ ​ဘောလုံး စည်​းမျဉ်​းစည်​းကမ်​း​တွေကို “ကိန်​းဘရစ်​ဂ်ျ​ ဥပ​​ဒေသ” (Cambridge Rules) ​တွေလို့ လူသိများပါတယ်​။

Ko Kyel Sin (ဗဟုသုတကြယ်​စင်​ဂရု)မှ စာရိုက်​တင်​ပါသည်​။

Leave a Reply