ဂ်ာမနီ ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ဂ်ာမနီ ဆုိသည္ႏွင့္ ဟစ္တလာကုိ အရင္ဆုံးတန္းျမင္ၾကေပလိမ့္မည္။ ဂ်ာမနီႏိုင္ငံသည္ ပထမကမၻာစစ္ႏွင့္ ဒုတိယကမၻာစစ္တို႔ကို မီးေမႊးခဲ့ေသာ ဥေရာပအလယ္ပိုင္းႏိုင္ငံတခုအျဖစ္ သိၾကသည္။ အက်ယ္အဝန္းအားျဖင့္ ၁၃၇၈၄၇ စတုရန္းမုိင္ရွိသည္။ အိမ္နီးခ်င္းႏိုင္ငံေပါင္း ကိုးႏိုင္ငံရွိၿပီး ၎တို႔မွာ ဩစႀတီးယား၊ ဘယ္လ္ဂ်ီယမ္ႏိုင္ငံ၊ ခ်က္သမၼတႏိုင္ငံ၊ ဒိန္းမတ္၊ ျပင္သစ္၊ လူဇင္ဘတ္ႏိုင္ငံ၊ နယ္သာလန္၊ ပိုလန္ ႏွင့္ ဆြစ္ဇာလန္ႏိုင္ငံ တို႔ျဖစ္ၾကသည္။ ျပည္နယ္ေပါင္း ၁၆ ခုျဖင့္ဖြဲ႕စည္းထားေသာ ျပည္ေထာင္စုႏိုင္ငံျဖစ္၍ ၿမိဳ႕ေတာ္မွာ ဘာလင္ ျဖစ္သည္။ မိုးေလဝသအေျခအေနမွာ မၾကာခဏေျပာင္းလဲေလ့ရွိၿပီး အဓိကအားျဖင့္ အေနာက္ေလမ်ားတိုက္ခိုက္သည့္ မၽွတေသာ သမုဒၵရာပိုင္း ရာသီဥတုျဖစ္သည္။

ဂ်ာမနီႏိုင္ငံ၏ နယ္နိမိတ္မွာ ၂၀ ရာစုႏွစ္အတြင္း စစ္မက္ျဖစ္ပြားမႈမ်ားေၾကာင့္ ႀကိမ္ဖန္မ်ားစြာ ေျပာင္းလဲခဲ့ရေလသည္။ ဒုတိယကမၻာစစ္အၿပီးတြင္ ႏိုက္ဆဲႏွင့္အိုဒါျမစ္မ်ား အေရွ႕ဘက္ရွိ ဂ်ာမန္နယ္မ်ားကို ပိုလန္ႏိုင္ငံသို႔လည္းေကာင္း၊ ေကးနစၥဗတ္ၿမိဳ႕ေတာ္ (ယခုအေခၚ လီနင္ဂရက္ၿမိဳ႕) အပါအဝင္ အေရွ႕ပရပ္ရွားျပည္နယ္၏ ေျမာက္ဘက္ပိုင္းကို ႐ုရွႏိုင္ငံသို႔လည္းေကာင္း ေပးလိုက္ရသျဖင့္ ယခုအခါ ႏိုက္ဆဲႏွင့္ အိုဒါျမစ္မ်ားမွာ ဂ်ာမနီႏိုင္ငံ၏အေရွ႕ဘက္ နယ္နိမိတ္ ျဖစ္ေနေလၿပီ။ သို႔ေသာ္ အိုဒါျမစ္ဝရွိ ရွတက္တင္ၿမိဳ႕ကိုမူ နယ္နိမိတ္အတြင္း မသြင္းခဲ့ေခ်။

ဂ်ာမန္လူမ်ိဳးမ်ားသည္ ႐ုရွႏိုင္ငံေတာင္ပိုင္း ျမက္ခင္းျပင္ေဒသတြင္ ေနထိုင္ခဲ့ၾကသူတို႔၏ အဆက္အႏြယ္မ်ား ျဖစ္ဟန္တူသည္။ ဘီစီ ၁၁၃ ခုႏွစ္ေလာက္က ဥေရာပတခြင္တြင္ ဂ်ာမန္မ်ိဳးႏြယ္မ်ားသည္ ေရာမအင္ပါရာအင္အားနည္းလာခ်ိန္တြင္ အေရွ႕ဖက္မွဝင္ေရာက္လာၾကသည္။ ‌ေရာမအင္ပါယာသည္အင္အားနည္းပါးေနၿပီျဖစ္ရာ ဝင္ေရာက္လာေသာ ဂ်ာမန္မ်ားကိုတြန္းလွန္ႏိုင္ျခင္းမရွိေတာ့ေပ။ သို႔ျဖင့္ဂ်ာမန္နယ္မ်ားေပၚေပါက္လာၿပီး ၿမိဳ႕ျပႏိုင္ငံမ်ားထူေထာင္ၾကသည္။ အလယ္ေခတ္တြင္ပရပ္ရွားနယ္မ်ားဟုအမည္တြင္သည္။

နပိုလီယန္က်ဆုံးၿပီးေနာက္ပိုင္းတြင္ ပရပ္ရွားနယ္မ်ားပိုမိုစည္းလုံးမိလာၾကသည္။ စက္မႈလုပ္ငန္းမ်ားလည္းဖြံ႕ၿဖိဳးလာသည္။ ျပင္သစ္ႏွင့္စစ္ျဖစ္ပြားရာအႏိုင္ရသည္။ ပထမကိုင္ဇာဘုရင္သည္ နန္းရင္းဝန္ ဘစၥမတ္၏အကူအညီျဖင့္ ပရပ္ရွားနယ္မ်ားကို စုစည္းၿပီးေနာက္ ဂ်ာမနီႏိုင္ငံအျဖစ္ထူေထာင္လိုက္သည္။ ဂ်ာမနီ၏အင္အားသည္ ဒုတိယကိုင္ဇာဘုရင္လက္ထက္တြင္ ပိုမိုအင္အားႀကီးမားလာၿပီး ပတ္ဝန္းက်င္ႏိုင္ငံမ်ားအားမေထမဲ့ျမင္ျပဳလာသျဖင့္ အဂၤလိပ္၊ ျပင္သစ္တို႔ႏွင့္မသင့္မသင့္ျဖစ္လာသည္။ ထြန္းကားလာေသာ စက္မႈလုပ္ငန္းမ်ားအတြက္ ကမၻာ့ေဈးကြက္ရွာေဖြရာ ေဈးကြက္ကိုယခင္ကတည္းကအုပ္စီးထားေသာ အဂၤလိပ္၊ ျပင္သစ္ကထိတ္လန္႔လာၾကသည္။

ပထမကမၻာစစ္တြင္ ဂ်ာမနီသည္ ဩစႀတီးယားဟန္ေဂရီ၊ တူရကီတို႔ႏွင့္မဟာမိတ္ဖြဲ႕ၿပီး အဂၤလိပ္၊ ျပင္သစ္၊ ႐ုရွားတို႔ႏွင့္စစ္ၿပိဳင္ရာ ႐ႈံးနိမ့္သျဖင့္ အမ်ိဳးမ်ိဳးဖိႏွိပ္ခံရသည္။ စစ္ၿပီးေခတ္တြင္ဝိုင္မာသမၼတႏိုင္ငံဟုအမည္တြင္သည္။ ထို႔ေနာက္ဟစ္တလာတက္လာၿပီး စစ္ေရးအားထုတ္ႀကိဳပမ္းလာကာ ပတ္ဝန္းက်င္ႏိုင္ငံမ်ားအားတိုက္ခိုက္သိမ္းယူသျဖင့္ ဒုတိယကမၻာစစ္ျဖစ္ပြားသည္။ ဒုတိယကမၻာစစ္တြင္ ဂ်ာမနီ ၊ အီတလီ၊ ဂ်ပန္တို႔ကတစ္ဖက္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ုရွားႏွင့္အေမရိကန္တို႔ကတစ္ဖက္ တိုက္ခိုက္ၾကရာ ဂ်ာမန္တို႔႐ႈံးနိမ့္သည္။

စစ္ၿပီးေခတ္တြင္ ဂ်ာမနီအား အရင္းရွင္ႏိုင္ငံမ်ားကတစ္ျခမ္း၊ ကြန္ျမဴနစ္ႏိုင္ငံမ်ားကတစ္ျခမ္းသိမ္းပိုက္လိုက္ၾကၿပီး အေရွ႕ဂ်ာမနီႏွင့္အေနာက္ဂ်ာမနီဟူ၍ေပၚေပါက္လာကာ စစ္ေအးတိုက္ပြဲဆင္ႏြဲၾကသည္။ ၁၉၄၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႔တြင္ အဂၤလိပ္၊ အေမရိကန္ႏွင့္ ျပင္သစ္တို႔က မိမိတို႔ သိမ္းပိုက္ထားေသာ ဂ်ာမန္နယ္မ်ားကို စုေပါင္း၍ ျပည္ေထာင္စုသမၼတဂ်ာမန္ႏိုင္ငံေခၚ အေနာက္ဂ်ာမနီႏိုင္ငံအျဖစ္ ေၾကညာေသာအခါ ႐ုရွတို႔ကလည္း ထိုႏွစ္ ေအာက္တိုဘာလ (၇) ရက္ေန႔မတိုင္မီ မိမိတို႔ သိမ္းပိုက္ထားေသာ ဂ်ာမန္နယ္မ်ားကို ဒီမိုကရက္တစ္သမၼတဂ်ာမန္ႏိုင္ငံေခၚ အေရွ႕ဂ်ာမနီႏိုင္ငံအျဖစ္ ေၾကညာလိုက္သည္။ အေနာက္ႏွင့္ အေရွ႕ဂ်ာမနီႏိုင္ငံမ်ား၏ အက်ယ္အဝန္းမွာ စတုရန္းမိုင္ ၉၆၇၀၀ ႏွင့္ ၄၁၃၈၀ အသီးသီးတို႔ ျဖစ္ၾကေလသည္။

အေရွ႕ အေနာက္ဂ်ာမနီကုိ ဘာလင္တံတုိင္းျဖင့္ ခြဲျခားထားသည္။ အေရွ႕ဂ်ာမဏီအစုိးရက ဘာလင္တံတိုင္းအား တရားမ၀င္ျဖတ္ေက်ာ္ၿပီး အေနာက္ဂ်ာမဏီ သုိ႔သြားသူ မွန္သမွ်ကိုျပစ္သတ္ေစခဲ့သည္။ လူေပါင္း ၂၀၀နီးပါးပစ္သတ္ခံခဲ့ရသည္။ ၁၉၈၉ ႏို၀င္ဘာလ ၉ရက္ေန႔တြင္ အစုိးရရဲ႕တားျမစ္မိန္႔ကုိ ျပည္သူလူထုႀကီးက ဆႏၵျပခဲ့သည္။ အစုိးရကတားဆီးရန္ႀကဳိးစားခဲ့ေသာ္လည္း တျဖည္းျဖည္ အဆမတန္ႀကီးမားလာတဲ့လူအုပ္ႀကီးကို မထိန္းႏုိင္ေတာ့သျဖင့္ အေစာင့္ေတြဟာ ဂိတ္ေပါက္ေတြကိုဖြင့္ေပးခဲ့ၾကရသည္။

ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြဟာ စုတ္တံေတြ ေဆးဘူးေတြကုိင္ကာ နံရံမွာ အစုိးရကုိဆန္က်င္ေၾကာင္း ရုပ္ပုံမ်ား စာသားမ်ားေရးထုိးၾကသည္္။ ရရာလက္နက္မ်ားနဲ႔ တံတုိင္းႀကီးကို ၿဖဳိဖ်က္ပစ္ခဲ့ၾကသည္။ ေနာက္တစ္ေန႔တြင္ အေရွ႕ဂ်ာမဏ၏ စစ္တပ္ကပါ ျပည္သူေတြနဲ႔အတူလက္တြဲကာ တံတုိင္းႀကီးကို တစ္စစီျဖဳိဖ်က္လုိက္ၿပီးေနာက္ အေရွ႕ နဲ႔ အေနာက္ဂ်ာမဏီကုိေပါင္းစည္းႏုိင္ခဲ့သည္။ ထုိအခ်ိန္မွစ၍ Federal Republic of Germany ဟူ၍ျဖစ္လာခဲ့သည္။

၁၉၄၉ ခုႏွစ္မွစ၍ ဒီမိုကရက္တစ္ ပါလီမန္ျပည္ေထာင္စု ဒီမိုကေရစီ ႏိုင္ငံျဖစ္သည္။ ပါတီစုံစနစ္ ႏိုင္ငံေရးျဖစ္ၿပီး ပါတီတိုင္းတြင္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒေရးဆြဲမႈတြင္ပါဝင္ခြင့္ရွိသည္။ အဓိကေနထိုင္ေသာလူမ်ိဳးမ်ားမွာ ဂ်ာမန္လူမ်ိဳးမ်ားျဖစ္ၾကသည္။ ႐ုံးသုံးဘာသာစကား အျဖစ္ဂ်ာမန္ဘာသာစကားကို အသုံးျပဳသည္။ ဥေရာပသမဂၢ ဝင္ႏိုင္ငံမ်ားတြင္လည္း မၾကာခဏသုံးႏႈန္းေျပာဆိုေသာ ဘာသာစကားျဖစ္သည္။ ၿမဳိ႕ေတာ္ ႏွင့္ အႀကီးဆုံးၿမဳိ႕မွာ လူဦးေရ ၄သန္းနီးပါးေနထုိင္သည့္ ဘာလင္ၿမဳိ႕ျဖစ္သည္။ အျခားထင္ရွားေသာၿမဳိ႕ႀကီးမ်ားမွာ ဟမ္းဘတ္ ၊ ျမဴးနစ္ ၊ ကိုလုံး ၊ ဖရန္႔ဖတ္ ၊ ေဒါ့မြန္ ၊ မက္ဒရစ္ ၊ စတုဂတ္ ၊ ဘရီမင္ တုိ႔ျဖစ္ၾကသည္။

လက္ရွိလူဦးေရမွာ ၈၂.၈ သန္းေနထိုင္ၿပီး တစ္စတုရန္းကီလိုမီတာတြင္ ပ်ဥ္းမၽွလူဦးေရ ၂၃၁ ဦးေနထိုင္ေသာေၾကာင့္ ဥေရာပႏိုင္ငံမ်ားတြင္ လူဦးေရ သိပ္သည္းမႈအမ်ားဆုံးႏိုင္ငံလည္းျဖစ္သည္။ အမ်ိဳးသားမ်ား၏ ပ်ဥ္းမၽွသက္တမ္းမွာ ၇၆ ႏွစ္ျဖစ္ၿပီး၊ အမ်ိဳးသမီးမ်ားမွာ ၈၁ ႏွစ္ျဖစ္သည္။ လူဦးေရ၏ ခရစ္ယာန္ ဘာသာ၀င္ ၆၀%၊ ဘာသာမဲ့ ၃၄%၊ အစၥလမ္ ၅.၅% ၊ ဗုဒၶဘာသာ ဝင္၂၃၀၀၀၀၊ ဂ်ဴးဘာသာဝင္ ၁၀၀၀၀၀ ႏွင့္ ဟိႏၵဴ ဘာသာဝင္ ၉၀၀၀၀ အသီးသီးေနထိုင္ၾကသည္။ ၈၈% မွာၿမိဳ႕ႀကီးမ်ားႏွင့္ ယင္းတို႔၏ တိုးခ်ဲ႕ဧရိယာမ်ားတြင္ ေနထိုင္ၾကသည္။

ႏုိင္ငံသား တစ္ဦးခ်င္းစီ၀င္ေငြ ေဒၚလာ ၅ေသာင္းခန္႔ရွိၿပီး ကမာၻတြင္ နံပါတ္ ၁၇ ေျမာက္အခ်မ္းသာဆုံးႏုိင္ငံျဖစ္သည္။ ပညာေရးအလြန္ထြန္းကားၿပီး ကမာၻေပၚတြင္ နံပါတ္ ၄ ျဖစ္သည္။ ကေလးတုိင္း မျဖစ္မေနေက်ာင္းတက္ရသည္။ အစုိးရအေျခခံေက်ာင္းမွန္သမွ် စာအုပ္စာတမ္း စာေရးကိရိယာမွ အစ အားလုံး အခမဲ့ျဖစ္သည္။ မူလတန္းေအာင္ျမင္ၿပီးသည္ႏွင့္ တကၠသုိလ္ပညာေရး ၊ နည္းပညာႏွင့္ စီးပြားေရး ၊ အလုပ္သင္ပညာေရး စသည့္ျဖင့္ ႏွစ္သက္ရာကိုေရြးခ်ယ္တက္ေရာက္ခြင့္ရွိသည္။

လက္ရွိ ဥေရာပသမဂၢတြင္ စီးပြားေရးအင္အားအႀကီးမားဆုံးျဖစ္ၿပီး၊ ကမၻာေပၚတြင္ စီးပြားေရးအရ တတိယအင္အား အႀကီးမားဆုံးႏိုင္ငံျဖစ္သည္။ (လက္ရွိတြင္ေတာ့ ဂ်ပန္ကေက်ာ္တက္သြားသည့္အတြက္ ဂ်ာမနီသည္ အဆင့္ ၄ေနရာသုိ႔ ေရာက္ရွိသြားသည္)။ အဓိက ကုန္သြယ္ဘက္ႏိုင္ငံမ်ားမွာ ျပင္သစ္၊ အေမရိကန္၊ ၿဗိတိန္ ႏွင့္ အီတလီႏိုင္ငံတို႔ ျဖစ္ၾကသည္။

အဓိကစီးပြားေရး က႑မ်ားမွာ ေမာ္ေတာ္ကားထုတ္လုပ္ျခင္း၊ စက္မႈ လုပ္ငန္း၊ လၽွပ္စစ္ႏွင့္ စံၫႊန္းကိုက္အင္ဂ်င္နီယာလုပ္ငန္း၊ ဓာတုပစၥည္းမ်ား၊ ပတ္ဝန္းက်င္ဆိုင္ရာနည္းပညာ၊ မ်က္မွန္ပစၥည္းမ်ား၊ ေဆးကုသမႈနည္းပညာ၊ ဇီဝနည္းပညာႏွင့္ မ်ိဳး႐ိုးဗီဇသုေတသနပညာ၊ နာႏိုနည္းပညာ၊ ေလေၾကာင္းႏွင့္ အကာသပညာေထာက္ပံ့ေရးလုပ္ငန္းမ်ား စသည္တို႔ျဖစ္ၾကသည္။


ဂျာမနီ နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ဂျာမနီ ဆိုသည်နှင့် ဟစ်တလာကို အရင်ဆုံးတန်းမြင်ကြပေလိမ့်မည်။ ဂျာမနီနိုင်ငံသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို မီးမွှေးခဲ့သော ဥရောပအလယ်ပိုင်းနိုင်ငံတခုအဖြစ် သိကြသည်။ အကျယ်အဝန်းအားဖြင့် ၁၃၇၈၄၇ စတုရန်းမိုင်ရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ လူဇင်ဘတ်နိုင်ငံ၊ နယ်သာလန်၊ ပိုလန် နှင့် ဆွစ်ဇာလန်နိုင်ငံ တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။

ဂျာမနီနိုင်ငံ၏ နယ်နိမိတ်မှာ ၂၀ ရာစုနှစ်အတွင်း စစ်မက်ဖြစ်ပွားမှုများကြောင့် ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုက်ဆဲနှင့်အိုဒါမြစ်များ အရှေ့ဘက်ရှိ ဂျာမန်နယ်များကို ပိုလန်နိုင်ငံသို့လည်းကောင်း၊ ကေးနစ္စဗတ်မြို့တော် (ယခုအခေါ် လီနင်ဂရက်မြို့) အပါအဝင် အရှေ့ပရပ်ရှားပြည်နယ်၏ မြောက်ဘက်ပိုင်းကို ရုရှနိုင်ငံသို့လည်းကောင်း ပေးလိုက်ရသဖြင့် ယခုအခါ နိုက်ဆဲနှင့် အိုဒါမြစ်များမှာ ဂျာမနီနိုင်ငံ၏အရှေ့ဘက် နယ်နိမိတ် ဖြစ်နေလေပြီ။ သို့သော် အိုဒါမြစ်ဝရှိ ရှတက်တင်မြို့ကိုမူ နယ်နိမိတ်အတွင်း မသွင်းခဲ့ချေ။

ဂျာမန်လူမျိုးများသည် ရုရှနိုင်ငံတောင်ပိုင်း မြက်ခင်းပြင်ဒေသတွင် နေထိုင်ခဲ့ကြသူတို့၏ အဆက်အနွယ်များ ဖြစ်ဟန်တူသည်။ ဘီစီ ၁၁၃ ခုနှစ်လောက်က ဥရောပတခွင်တွင် ဂျာမန်မျိုးနွယ်များသည် ရောမအင်ပါရာအင်အားနည်းလာချိန်တွင် အရှေ့ဖက်မှဝင်ရောက်လာကြသည်။ ‌ရောမအင်ပါယာသည်အင်အားနည်းပါးနေပြီဖြစ်ရာ ဝင်ရောက်လာသော ဂျာမန်များကိုတွန်းလှန်နိုင်ခြင်းမရှိတော့ပေ။ သို့ဖြင့်ဂျာမန်နယ်များပေါ်ပေါက်လာပြီး မြို့ပြနိုင်ငံများထူထောင်ကြသည်။ အလယ်ခေတ်တွင်ပရပ်ရှားနယ်များဟုအမည်တွင်သည်။

နပိုလီယန်ကျဆုံးပြီးနောက်ပိုင်းတွင် ပရပ်ရှားနယ်များပိုမိုစည်းလုံးမိလာကြသည်။ စက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးလာသည်။ ပြင်သစ်နှင့်စစ်ဖြစ်ပွားရာအနိုင်ရသည်။ ပထမကိုင်ဇာဘုရင်သည် နန်းရင်းဝန် ဘစ္စမတ်၏အကူအညီဖြင့် ပရပ်ရှားနယ်များကို စုစည်းပြီးနောက် ဂျာမနီနိုင်ငံအဖြစ်ထူထောင်လိုက်သည်။ ဂျာမနီ၏အင်အားသည် ဒုတိယကိုင်ဇာဘုရင်လက်ထက်တွင် ပိုမိုအင်အားကြီးမားလာပြီး ပတ်ဝန်းကျင်နိုင်ငံများအားမထေမဲ့မြင်ပြုလာသဖြင့် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်မသင့်မသင့်ဖြစ်လာသည်။ ထွန်းကားလာသော စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ရှာဖွေရာ ဈေးကွက်ကိုယခင်ကတည်းကအုပ်စီးထားသော အင်္ဂလိပ်၊ ပြင်သစ်ကထိတ်လန့်လာကြသည်။

ပထမကမ္ဘာစစ်တွင် ဂျာမနီသည် ဩစတြီးယားဟန်ဂေရီ၊ တူရကီတို့နှင့်မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားတို့နှင့်စစ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် အမျိုးမျိုးဖိနှိပ်ခံရသည်။ စစ်ပြီးခေတ်တွင်ဝိုင်မာသမ္မတနိုင်ငံဟုအမည်တွင်သည်။ ထို့နောက်ဟစ်တလာတက်လာပြီး စစ်ရေးအားထုတ်ကြိုပမ်းလာကာ ပတ်ဝန်းကျင်နိုင်ငံများအားတိုက်ခိုက်သိမ်းယူသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီ ၊ အီတလီ၊ ဂျပန်တို့ကတစ်ဖက်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့ကတစ်ဖက် တိုက်ခိုက်ကြရာ ဂျာမန်တို့ရှုံးနိမ့်သည်။

စစ်ပြီးခေတ်တွင် ဂျာမနီအား အရင်းရှင်နိုင်ငံများကတစ်ခြမ်း၊ ကွန်မြူနစ်နိုင်ငံများကတစ်ခြမ်းသိမ်းပိုက်လိုက်ကြပြီး အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီဟူ၍ပေါ်ပေါက်လာကာ စစ်အေးတိုက်ပွဲဆင်နွဲကြသည်။ ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလိပ်၊ အမေရိကန်နှင့် ပြင်သစ်တို့က မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို စုပေါင်း၍ ပြည်ထောင်စုသမ္မတဂျာမန်နိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံအဖြစ် ကြေညာသောအခါ ရုရှတို့ကလည်း ထိုနှစ် အောက်တိုဘာလ (၇) ရက်နေ့မတိုင်မီ မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို ဒီမိုကရက်တစ်သမ္မတဂျာမန်နိုင်ငံခေါ် အရှေ့ဂျာမနီနိုင်ငံအဖြစ် ကြေညာလိုက်သည်။ အနောက်နှင့် အရှေ့ဂျာမနီနိုင်ငံများ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၆၇၀၀ နှင့် ၄၁၃၈၀ အသီးသီးတို့ ဖြစ်ကြလေသည်။

အရှေ့ အနောက်ဂျာမနီကို ဘာလင်တံတိုင်းဖြင့် ခွဲခြားထားသည်။ အရှေ့ဂျာမဏီအစိုးရက ဘာလင်တံတိုင်းအား တရားမဝင်ဖြတ်ကျော်ပြီး အနောက်ဂျာမဏီ သို့သွားသူ မှန်သမျှကိုပြစ်သတ်စေခဲ့သည်။ လူပေါင်း ၂၀ဝနီးပါးပစ်သတ်ခံခဲ့ရသည်။ ၁၉၈၉ နိုဝင်ဘာလ ၉ရက်နေ့တွင် အစိုးရရဲ့တားမြစ်မိန့်ကို ပြည်သူလူထုကြီးက ဆန္ဒပြခဲ့သည်။ အစိုးရကတားဆီးရန်ကြိုးစားခဲ့သော်လည်း တဖြည်းဖြည် အဆမတန်ကြီးမားလာတဲ့လူအုပ်ကြီးကို မထိန်းနိုင်တော့သဖြင့် အစောင့်တွေဟာ ဂိတ်ပေါက်တွေကိုဖွင့်ပေးခဲ့ကြရသည်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စုတ်တံတွေ ဆေးဘူးတွေကိုင်ကာ နံရံမှာ အစိုးရကိုဆန်ကျင်ကြောင်း ရုပ်ပုံများ စာသားများရေးထိုးကြသည်။ ရရာလက်နက်များနဲ့ တံတိုင်းကြီးကို ဖြိုဖျက်ပစ်ခဲ့ကြသည်။ နောက်တစ်နေ့တွင် အရှေ့ဂျာမဏ၏ စစ်တပ်ကပါ ပြည်သူတွေနဲ့အတူလက်တွဲကာ တံတိုင်းကြီးကို တစ်စစီဖြိုဖျက်လိုက်ပြီးနောက် အရှေ့ နဲ့ အနောက်ဂျာမဏီကိုပေါင်းစည်းနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ Federal Republic of Germany ဟူ၍ဖြစ်လာခဲ့သည်။

၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။ အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ မြို့တော် နှင့် အကြီးဆုံးမြို့မှာ လူဦးရေ ၄သန်းနီးပါးနေထိုင်သည့် ဘာလင်မြို့ဖြစ်သည်။ အခြားထင်ရှားသောမြို့ကြီးများမှာ ဟမ်းဘတ် ၊ မြူးနစ် ၊ ကိုလုံး ၊ ဖရန့်ဖတ် ၊ ဒေါ့မွန် ၊ မက်ဒရစ် ၊ စတုဂတ် ၊ ဘရီမင် တို့ဖြစ်ကြသည်။

လက်ရှိလူဦးရေမှာ ၈၂.၈ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ လူဦးရေ၏ ခရစ်ယာန် ဘာသာဝင် ၆၀%၊ ဘာသာမဲ့ ၃၄%၊ အစ္စလမ် ၅.၅% ၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။ နိုင်ငံသား တစ်ဦးချင်းစီဝင်ငွေ ဒေါ်လာ ၅သောင်းခန့်ရှိပြီး ကမ္ဘာတွင် နံပါတ် ၁၇ မြောက်အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ ပညာရေးအလွန်ထွန်းကားပြီး ကမ္ဘာပေါ်တွင် နံပါတ် ၄ ဖြစ်သည်။ ကလေးတိုင်း မဖြစ်မနေကျောင်းတက်ရသည်။ အစိုးရအခြေခံကျောင်းမှန်သမျှ စာအုပ်စာတမ်း စာရေးကိရိယာမှ အစ အားလုံး အခမဲ့ဖြစ်သည်။ မူလတန်းအောင်မြင်ပြီးသည်နှင့် တက္ကသိုလ်ပညာရေး ၊ နည်းပညာနှင့် စီးပွားရေး ၊ အလုပ်သင်ပညာရေး စသည့်ဖြင့် နှစ်သက်ရာကိုရွေးချယ်တက်ရောက်ခွင့်ရှိသည်။

လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။

Leave a Reply