ခ်စ္စရာ အယ္လပါကာေကာင္ ေလးေတြအေၾကာင္း

Posted on

အယ္လပါကာေကာင္သည္ ေတာင္အေမရိကတိုက္၊ အန္းဒီးေတာင္ကုန္းျမင့္ေပၚတြင္ ေတြ႕ရွိရေသာ ဒရယ္အ႐ြယ္ တိရစာၦန္တစ္မ်ိဳးျဖစ္သည္။ ပီ႐ူး၊ ဗိုလီးဗီးယား ႏွင့္ ခ်ီလီႏိုင္ငံတို႔တြင္ ေပေပါင္း ၈ဝဝဝ မွ ၁၂ဝဝဝ အထိျမင့္ ေသာ ေတာင္ကုန္းမ်ားေပၚ၌ က်က္စားေနထိုင္သည္။ တိုင္းရင္း သားတို႔သည္ အယ္ပါကာေကာင္ကို ယင္းကိုယ္မွရရွိေသာ သိုးေမြးကဲ့သို႔ေသာ အေမြးႏုအတြက္ ေမြးျမဴေလ့ရွိၾကသည္။

ယဥ္ပါး၍ မွတ္ဥာဏ္ရွိသည့္တိရစာၦန္ျဖစ္ကာ ေခြး ၊ ေၾကာင္ ၊ ျမင္းမ်ားကဲ့သုိ႔ပင္ အိမ္တြင္ေမြးျမဴႏုိင္သည္။ အန္းဒီးေတာင္တန္းေပၚတြင္ ဂြာနာကိုေခၚ သား႐ိုင္းေကာင္မ်ား ရွိရာ အယ္လပါကာေကာင္ႏွင့္ လာမာကုလားအုပ္တို႔သည္ ထိုဂြာနာကိုမွ ဆင္းသက္လာၾကသည္ဟု ယူဆၾကရေလသည္။ ထိုတိရစၧာန္မ်ိဳးသည္ ကုလားအုပ္မ်ိဳးထဲမွ ျဖစ္ေသာ္လည္း ဘို႔ မပါေခ်။

အယ္လပါကာေကာင္သည္ လာမာကုလားအုပ္ႏွင့္ ပုံသဏၭာန္ျခင္းဆင္တူသည္။ လာမာကုလားအုပ္ေလာက္ အရပ္မျမင့္ ေသာ္လည္း ကိုယ္ထည္ပို၍ရွည္သည္။

Huacaya အယ္လပါကာ ႏွင့္ Suri အယ္လပါကာဟူ၍ အယ္လပါကာေကာင္အမ်ဳိးအစားႏွစ္မ်ဳိးရွိသည္။ ရွိသမွ် အယ္လပါကာေကာင္မ်ား၏ ၈၀ရာခုိင္ႏႈန္းခန္႔မွာ Huacaya အမ်ဳိးအစားျဖစ္သည္။ ကြာျခားခ်က္မွာ Huacaya သည္ teddy ၀က္၀ံကဲ့သုိ႔႔ တုိေတာင္း၍ သိပ္သည္းထူထဲေသာအေမႊးမ်ားရွိသည္။ Suri မွာမူ ခဲတံႏွင့္တူသည့္ ရွည္လားႏူးညံ့ေသာအေမႊးမ်ားရွိသည္။

အရြယ္အစားမွာမူ အတူတူပင္ျဖစ္သည္။ အျမင့္ ၃ေပခန္႔ရွိၿပီး အခန္းသုံးခန္းပါေသာ အစာအိမ္ကုိယ္စီရွိသည္။ ပ်မ္းမွ်အေလးခ်ိန္အားျဖင့္ ၁၅၀ေပါင္ခန္႔ရွိၿပီး မည္သည့္ရာသီဥတုတြင္မဆုိ ေနထုိင္ႏုိင္ၾကသည္။ အယ္လပါေကာင္မ်ား၏ ပ်မ္းမွ်သက္တမ္းမွာ ႏွစ္ ၂၀ ျဖစ္သည္။ အခ်ဳိ႕အယ္လပါေကာင္မ်ားမွာမူ ၂၅ႏွစ္ေက်ာ္အထိ သက္တမ္းရွည္ၾကသည္။

အယ္လပါကာေကာင္၏ လည္တံႏွင့္မ်က္ႏွာတို႔သည္ ကုလားအုပ္ႏွင့္တူ၍ ကိုယ္ခႏၶာသည္သိုးႏွင့္တူ၏။အလြန္ျမင့္မား ေသာ ေတာင္ကုန္းေပၚ၌ ေနႏိုင္ေလာက္ေအာင္ တစ္ကိုယ္လုံး တြင္ အေမြးရွည္မ်ား ဖုံးအုပ္လ်က္ရွိသည့္အျပင္ ေျခအလြန္ၿမဲ သည္။

အယ္လပါကာေကာင္မွရေသာ အေမြးသည္ သိုးမွရေသာ သိုးေမြးထက္ပို၍ႏုသည္။ ေျဖာင့္လည္းေျဖာင့္သည္။ အေရာင္ အားျဖင့္ အနက္၊ အျဖဴႏွင့္ အၫိုေသြးေရာင္ အမ်ိဳးမ်ိဳးရွိ၍ ေတာက္ေျပာင္သည္။ အေရာင္အမ်ဳိးအစားေပါင္း ၅၂မ်ဳိးခန္႔ရွိတတ္သည္။ အစာအျဖစ္ တစ္ေန႔လွ်င္ ျမက္ေျခာက္ ၂ေပါင္ ႏွင့္ ျဖည့္စြက္စာ ၁ခြက္ကိုသာ ေကြ်းရသည္။ ျမက္မ်ား သစ္ရြက္မ်ားကုိလည္း စားတတ္သည္။

အယ္လပါအမမ်ား ကုိယ္၀န္ေဆာင္လွ်င္ ရက္ေပါင္း ၂၄၂ရက္ မွ ၃၄၅ရက္ အထိၾကာျမင့္တတ္သည္။ ေမြးေမြးခ်င္း အယ္လပါကာေပါက္ကေလးမ်ားသည္ ပ်မ္းမွ်အားျဖင့္ ၂၀ေပါင္ခန္႔ အေလးခ်ိန္ရွိသည္။ အယ္လပါကာေကာင္ေပါက္ေလးမ်ားကုိ crias ဟုေခၚသည္။

ေတာင္အေမရိကတိုက္သို႔ ဥေရာပတိုက္ သားမ်ား မေရာက္ရွိမီ ေရွးအခါမွစ၍ ပီ႐ူးႏိုင္ငံတြင္ ေနထိုင္ ၾကေသာ တိုင္းရင္းသားတို႔သည္ အယ္လပါကာေကာင္မွရေသာ အေမြးျဖင့္ အဝတ္အထည္ ရက္လုပ္ခဲ့ၾကသည္။ အယ္လပါကာ ေမြးကို တစ္ႏွစ္လၽွင္ တစ္ႀကိမ္က် ညွပ္ယူေလ့ရွိသည္။

၁၈၃၆ ခုႏွစ္တြင္ ဆာတိတပ္ေဆာ့ဆိုသူက အယ္လပါကာေမြးျဖင့္ ေပါ့ပါးခိုင္ခန္႔ေသာ အဝတ္အထည္ ရက္လုပ္ျခင္းကို စတင္ တီထြင္ခဲ့သည္မွစ၍ ဗိုလစ္ဗီးယားႏွင့္ ပီ႐ူးႏိုင္ငံတို႔တြင္ အယ္လ ပါကာေကာင္ ေမြးျမဴသည့္လုပ္ငန္းမွာ ႀကီးပြားတိုးတက္လာေလသည္။

သို႔ရာတြင္ ယခုအခါ အယ္လပါကာထည္ဟု ေရာင္းခ်လ်က္ရွိေသာ အဝတ္အထည္တို႔သည္ အမ်ားအားျဖင့္ သိုးေမြးႏွင့္ခ်ည္ ေရာစပ္ရက္လုပ္ထားေသာ အေရာင္ ေတာက္ ေျပာင္ေနသည့္ အထည္မၽွသာျဖစ္၍ အယ္လပါကာအေမြးစစ္စစ္ မပါရွိေခ်။

VIDEO


ချစ်စရာ အယ်လပါကာကောင် လေးတွေအကြောင်း (unicode)

အယ်လပါကာကောင်သည် တောင်အမေရိကတိုက်၊ အန်းဒီးတောင်ကုန်းမြင့်ပေါ်တွင် တွေ့ရှိရသော ဒရယ်အရွယ် တိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ပီရူး၊ ဗိုလီးဗီးယား နှင့် ချီလီနိုင်ငံတို့တွင် ပေပေါင်း ၈ဝဝဝ မှ ၁၂ဝဝဝ အထိမြင့် သော တောင်ကုန်းများပေါ်၌ ကျက်စားနေထိုင်သည်။ တိုင်းရင်း သားတို့သည် အယ်ပါကာကောင်ကို ယင်းကိုယ်မှရရှိသော သိုးမွေးကဲ့သို့သော အမွေးနုအတွက် မွေးမြူလေ့ရှိကြသည်။

ယဉ်ပါး၍ မှတ်ဥာဏ်ရှိသည့်တိရစ္ဆာန်ဖြစ်ကာ ခွေး ၊ ကြောင် ၊ မြင်းများကဲ့သို့ပင် အိမ်တွင်မွေးမြူနိုင်သည်။ အန်းဒီးတောင်တန်းပေါ်တွင် ဂွာနာကိုခေါ် သားရိုင်းကောင်များ ရှိရာ အယ်လပါကာကောင်နှင့် လာမာကုလားအုပ်တို့သည် ထိုဂွာနာကိုမှ ဆင်းသက်လာကြသည်ဟု ယူဆကြရလေသည်။ ထိုတိရစ္ဆာန်မျိုးသည် ကုလားအုပ်မျိုးထဲမှ ဖြစ်သော်လည်း ဘို့ မပါချေ။

အယ်လပါကာကောင်သည် လာမာကုလားအုပ်နှင့် ပုံသဏ္ဌာန်ခြင်းဆင်တူသည်။ လာမာကုလားအုပ်လောက် အရပ်မမြင့် သော်လည်း ကိုယ်ထည်ပို၍ရှည်သည်။

Huacaya အယ်လပါကာ နှင့် Suri အယ်လပါကာဟူ၍ အယ်လပါကာကောင်အမျိုးအစားနှစ်မျိုးရှိသည်။ ရှိသမျှ အယ်လပါကာကောင်များ၏ ၈ဝရာခိုင်နှုန်းခန့်မှာ Huacaya အမျိုးအစားဖြစ်သည်။ ကွာခြားချက်မှာ Huacaya သည် teddy ဝက်ဝံကဲ့သို့ တိုတောင်း၍ သိပ်သည်းထူထဲသောအမွှေးများရှိသည်။ Suri မှာမူ ခဲတံနှင့်တူသည့် ရှည်လားနူးညံ့သောအမွှေးများရှိသည်။

အရွယ်အစားမှာမူ အတူတူပင်ဖြစ်သည်။ အမြင့် ၃ပေခန့်ရှိပြီး အခန်းသုံးခန်းပါသော အစာအိမ်ကိုယ်စီရှိသည်။ ပျမ်းမျှအလေးချိန်အားဖြင့် ၁၅၀ပေါင်ခန့်ရှိပြီး မည်သည့်ရာသီဥတုတွင်မဆို နေထိုင်နိုင်ကြသည်။ အယ်လပါကောင်များ၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၂၀ ဖြစ်သည်။ အချို့အယ်လပါကောင်များမှာမူ ၂၅နှစ်ကျော်အထိ သက်တမ်းရှည်ကြသည်။

အယ်လပါကာကောင်၏ လည်တံနှင့်မျက်နှာတို့သည် ကုလားအုပ်နှင့်တူ၍ ကိုယ်ခန္ဓာသည်သိုးနှင့်တူ၏။အလွန်မြင့်မား သော တောင်ကုန်းပေါ်၌ နေနိုင်လောက်အောင် တစ်ကိုယ်လုံး တွင် အမွေးရှည်များ ဖုံးအုပ်လျက်ရှိသည့်အပြင် ခြေအလွန်မြဲ သည်။

အယ်လပါကာကောင်မှရသော အမွေးသည် သိုးမှရသော သိုးမွေးထက်ပို၍နုသည်။ ဖြောင့်လည်းဖြောင့်သည်။ အရောင် အားဖြင့် အနက်၊ အဖြူနှင့် အညိုသွေးရောင် အမျိုးမျိုးရှိ၍ တောက်ပြောင်သည်။ အရောင်အမျိုးအစားပေါင်း ၅၂မျိုးခန့်ရှိတတ်သည်။ အစာအဖြစ် တစ်နေ့လျှင် မြက်ခြောက် ၂ပေါင် နှင့် ဖြည့်စွက်စာ ၁ခွက်ကိုသာ ကျွေးရသည်။ မြက်များ သစ်ရွက်များကိုလည်း စားတတ်သည်။

အယ်လပါအမများ ကိုယ်ဝန်ဆောင်လျှင် ရက်ပေါင်း ၂၄၂ရက် မှ ၃၄၅ရက် အထိကြာမြင့်တတ်သည်။ မွေးမွေးချင်း အယ်လပါကာပေါက်ကလေးများသည် ပျမ်းမျှအားဖြင့် ၂၀ပေါင်ခန့် အလေးချိန်ရှိသည်။ အယ်လပါကာကောင်ပေါက်လေးများကို crias ဟုခေါ်သည်။

တောင်အမေရိကတိုက်သို့ ဥရောပတိုက် သားများ မရောက်ရှိမီ ရှေးအခါမှစ၍ ပီရူးနိုင်ငံတွင် နေထိုင် ကြသော တိုင်းရင်းသားတို့သည် အယ်လပါကာကောင်မှရသော အမွေးဖြင့် အဝတ်အထည် ရက်လုပ်ခဲ့ကြသည်။ အယ်လပါကာ မွေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျ ညှပ်ယူလေ့ရှိသည်။

၁၈၃၆ ခုနှစ်တွင် ဆာတိတပ်ဆော့ဆိုသူက အယ်လပါကာမွေးဖြင့် ပေါ့ပါးခိုင်ခန့်သော အဝတ်အထည် ရက်လုပ်ခြင်းကို စတင် တီထွင်ခဲ့သည်မှစ၍ ဗိုလစ်ဗီးယားနှင့် ပီရူးနိုင်ငံတို့တွင် အယ်လ ပါကာကောင် မွေးမြူသည့်လုပ်ငန်းမှာ ကြီးပွားတိုးတက်လာလေသည်။

သို့ရာတွင် ယခုအခါ အယ်လပါကာထည်ဟု ရောင်းချလျက်ရှိသော အဝတ်အထည်တို့သည် အများအားဖြင့် သိုးမွေးနှင့်ချည် ရောစပ်ရက်လုပ်ထားသော အရောင် တောက် ပြောင်နေသည့် အထည်မျှသာဖြစ်၍ အယ်လပါကာအမွေးစစ်စစ် မပါရှိချေ။

Leave a Reply