စဖင့္႐ုပ္တု ႏွင့္ ဂႏၶာရီပညာ

Posted on

ေရးသားသူ – လင္းညိဳ႕တာရာ

စဖင့္ (Sphinx) ရဲ႕ အဓိပၸါယ္ကေတာ့ “လည္ၿမဳိ ကို ညွစ္သူ” ျဖစ္ပါတယ္ ။ ဂရိအမည္ျဖစ္ၿပီး ငွက္တေကာင္ရဲ႕ ေတာင္ပံတစ္စုံရယ္၊ ျခေသၤ့တစ္ေကာင္ရဲ႕ ခႏၶာကိုယ္ရယ္ ၊ မိန္းမတစ္ေယာက္ရဲ ့ ဦးေခါင္းတစ္လုံးရယ္ တြဲစပ္ထုဆစ္ထားတဲ့ သတၱ၀ါကို ေခၚဆိုတာ ျဖစ္ပါတယ္။ အီဂ်စ္မွာ စဖင့္ေတြ အမ်ားႀကီး ရွိပါတယ္။ ေခါင္းေဆာင္း တန္ဆာပလာေတြ ဆင္ယင္ထားတာကိုလည္း ျမင္ေတြ႕ႏိုင္ပါတယ္။ God Amun နတ္႐ုပ္နဲ ့ သိုးထီးတစ္ေကာင္ရဲ ့ ဦးေခါင္းတစ္လုံး တြဲစပ္ထုဆစ္ထားတာမ်ိဳးလဲ ရွိပါတယ္။

ခါဖရီဗယ္လီေတာင္ၾကား ဘုရားေက်ာင္းအနီးက ဧရာမ စဖင့္ႀကီးဟာ ခါဖရီ ဘုရင္မင္းျမတ္ရဲ႕ မ်က္ႏွာနဲ ့ တပံုစံတည္း ထုဆစ္ထားတာလို႔ ဆုိၾကတာမို႔ ထုဆစ္သူ ပညာရွင္ရဲ႕ အရည္အခ်င္းကို ခ်ီးက်ဴးရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကူဖူးဘုရင္မင္းျမတ္ရဲ႕ မ်က္ႏွာေတာ္လို႔လည္း အျငင္းပြားမႈ ရွိေနပါတယ္။

အီဂ်စ္လက္ရာေတြထဲမွာ A New Kingdom Temple ႏွင့္ Khafre’s Valley Temple တို႔ဟာ အထူး ေရပန္းစားတဲ့ လက္ရာမ်ားပါပဲ။ ဒီဘုရားေက်ာင္းက စဖင့္ႀကီး ၄ ေကာင္ဟာ တစ္ေကာင္ကို ၂၆ ေပ ေက်ာ္ပါတယ္။ ဘူမိေဗဒပညာရွင္မ်ား အလိုအရ ဒီ႐ုပ္တု ေအာက္ေျခအထိုင္ ထုံးေက်ာက္ျပားကို ေထာင့္မွန္စတုဂံ ေက်ာက္တုံးတစ္ခုတည္း သုံးၿပီး U ပုံ ကတုတ္က်င္း နက္နက္တူးကာ ေအာက္ခံ block တုံးကို ေျမခ်ခဲ့ျခင္း ျဖစ္ပါတယ္။ စဖင့္ႀကီးကို ထင္သာျမင္သာေအာင္ ကုန္းကမူ အျမင့္မွာ ခန္႕ညားထယ္၀ါစြာ သြန္းထုထားတာပါ။

လြန္ခဲ့တဲ ့ ႏွစ္သန္းေပါင္း ၅၀ အာဖရိက Eocene အလယ္ေခတ္ က အေရွ့ေျမာက္ဘက္ ပင္လယ္ေရေအာက္ ၀ဲဖလုပ္ထဲက နစ္ျမဳပ္ကပ္ညိေနတဲ ့ အနယ္ အႏွစ္ အမွဳန္ေတြကို ဆယ္ယူစုေပါင္း သြန္းထုျပဳလုပ္ထားတာမ်ိဳး ျဖစ္ေၾကာင္း ပညာရွင္မ်ားက ေလ့လာ သိရွိခဲ့ပါတယ္။ ေရေပ်ာ္သတၱ၀ါမ်ား အသက္ဇီ၀ိန္ခ်ဳပ္ျငိမ္း ေပ်ာက္ကြယ္သြားရာမွာ ၾကြင္းက်န္တဲ ့ ရုပ္ကလာပ္ေတြက မာေက်ာတဲ့ ေက်ာက္ခ်ပ္လႊာမ်ားအျဖစ္ ေျပာင္းလဲသြားပါတယ္။ အဲဒီလို ဇီ၀႐ုပ္ၾကြင္းမွတဆင့္ ေက်ာက္ျဖစ္႐ုပ္ၾကြင္းမ်ား၊ ရႊံ့ႏြံမ်ား ေျခာက္ေသြ ့မာေက်ာရာမွ ျဖစ္ေပၚလာတဲ ့ ေက်ာက္ခ်ပ္လႊာမ်ား၊ သဲေသာင္ေရတိမ္မ်ိဳးမွာ ေပါက္ပြားတတ္တဲ ့ သႏၱာေက်ာက္တန္း ေသာင္္ခုံမ်ားဟာ အီဂ်စ္ပန္းပု ပညာရွင္မ်ားအဖို ့ အၾကိဳက္ေတြ႕ေစမယ့္ ကုန္ၾကမ္းပစၥည္းမ်ားပါပဲ။ ထုံးေက်က္မ်ားနဲ႔သာမက ေက်ာက္ျဖဴသားနဲ႔ပါ ထြင္းထုထားတာမ်ိဳးေတြလည္း အမ်ားအျပား ရွိပါေသးတယ္။

စဖင့္ေတြရဲ ့ မ်က္ႏွာဟာ ထြန္းသစ္စ ရွင္ေနမင္းရဲ ့ ဂုဏ္သတၱိေတြနဲ ့ ျပည့္လွ်ံေနေၾကာင္း လကၤာဆရာမ်ားက ဖြဲ ့ႏဲြ ့ၾကေလ့ ႐ွိပါတယ္။ ျခေသၤ့ ဆိုတာက အထူးေျပာဖို႔ မလိုပါ။ ရဲရင့္ထက္ျမက္ျခင္း၊ ပြင့္လင္းထြန္းေတာက္ျခင္း လို ့ အီဂ်စ္ေတြက အဓိပၼါယ္ ဖြင့္ဆိုယူဆခဲ့ပါတယ္။ ျခေသၤ့ရဲ႕ကိုယ္ေပၚက ေတာ္၀င္လူသားတေယာက္ရဲ႕ ဦးေခါင္းဟာ တန္ခိုးအာဏာ သက္ေရာက္ျခင္း ၊ ခြန္အားၾကီးျခင္း၊ ဉာဏ္ရည္ျမင့္မားျခင္း စတဲ ့ စြမ္းရည္မ်ားနဲ ့ ျပည့္၀သူ ဖာ႐ိုးဘုရင္လို ့ ရည္ညႊန္းထားတာပါ။ ဒါဟာ ေရွးႏွစ္ေပါင္း ၂၀၀၀ ေက်ာ္က အီဂ်စ္လူမ်ိဳးတို ့ရဲ ့ Icon ကိုးကြယ္မႈပံုစံ တစ္မ်ိဳးပါပဲ။ အီဂ်စ္ေခတ္ေဟာင္းႏိုင္ငံ တစ္ခုရဲ႕ ေရာင္ျပန္ဟပ္မႈလည္း ျဖစ္ပါတယ္ ။

အီဂ်စ္မွာ ပိရမစ္မ်ားနဲ႔ ခြဲျခားလို႔မရေအာင္ တပူးပူး တတြဲတြဲ ျဖစ္ေနတဲ့ အရာတစ္ခု ရိွပါတယ္။ အဲ့ဒါကေတာ့ စဖင့္႐ုပ္ထုမ်ားပဲ ျဖစ္ပါတယ္။ စဖင့္သည္ လူ႕မ်က္ႏွာပံု ျဖစ္သည့္အျပင္ ေက်ာက္တံုးႀကီးတစ္တံုးေပၚတြင္ ထြင္းထုထားျခင္းမ်ိဳးျဖစ္ၿပီး ပိရမစ္မ်ားႏွင့္လည္း ယွဥ္တြဲလ်က္ ႐ွိပါတယ္။ စဖင့္နဲ႔ပတ္သက္တဲ့ အေထာက္အထားကေတာ့ ရွားပါးလွပါတယ္။ အီဂ်စ္ဘုရင္မင္းဆက္ ၁၈ ႀကိမ္ေျမာက္ မင္းဆက္ ေနာက္ပိုင္းမွသာ စဖင့္နဲ႔ ပတ္သက္တဲ့ မွတ္တမ္းမ်ား ရိွျခင္း ျဖစ္ပါတယ္။

အႀကီးဆံုးေသာ စဖင့္႐ုပ္ထုႀကီးမွာ သဲထဲတြင္ နစ္ျမဳပ္ေနရာမွ ျပန္လည္တူးေဖာ္ထားျခင္း ျဖစ္ပါတယ္။ စဖင့္ေတြဟာ ပိရမစ္မ်ား၊ ဘုရားေက်ာင္းအနီးမ်ားမွာ အေစာင့္အေရွာက္အျဖစ္ ထားတဲ့သေဘာမ်ဳိး ေဆာင္ေနပါတယ္။ ဂီဇာအရပ္မွာ႐ွိတဲ့ စဖင့္႐ုပ္တုႀကီးဟာ အႀကီးဆံုးျဖစ္ၿပီး ေလးထပ္တိုက္ခန္႔ အျမင့္ရိွပါတယ္။ ကြၽန္ေတာ္တို႔ ဗုဒၶဘာသာ ေက်ာင္းကန္ ဘုရားမ်ားမွာ အေစာင့္အေရွာက္အျဖစ္ ျခေသၤ့႐ုပ္မ်ား ထားသလို စဖင့္ဆိုတာလည္း အီဂ်စ္ေတြရဲ႕ ျမင့္ျမတ္တဲ့ အေဆာက္အဦးမ်ားအတြက္ အေစာင့္အေရွာက္မ်ား ျဖစ္တန္ရာပါတယ္။

စဖင့္႐ုပ္ထုမ်ားကို ေနထြက္ရာ အေရွ႕ဘက္ကို မ်က္ႏွာမူ တည္ေဆာက္ထားၾကပါတယ္။ စဖင့္ဆိုတာ အီဂ်စ္ရဲ႕ စ်ာန္နတ္ဘုရားကို ရည္ၫႊန္းျပီး အထြတ္အျမတ္ေနရာမ်ားနဲ႔ ဂႏၶာရီဝိဇၨာ အတတ္ပညာမ်ားကုိ ေစာင့္ေရွာက္ေပးေနျခင္းလည္း ျဖစ္ပါတယ္။ စဖင့္ေတြကို မူလထြင္းထုစဥ္က အခ်ဳိးက်န လွပျပီး က်က္သေရရိွေသာ မ်က္ႏွာမ်ား ျဖစ္ၾကပါတယ္။ သို႔ေပမယ့္ သဘာဝမုန္တိုင္းမ်ားနဲ႔ လက္ေဆာ့သူတခ်ဳိ႕ေၾကာင့္ အခ်ဳိ႕စဖင့္ေတြရဲ႕ ႏွာေခါင္းႏွင့္ မ်က္ႏွာေတြ ပ်က္စီးသြားၾကရပါတယ္။

စဖင့္ရဲ႕မ်က္ႏွာေတြထဲမွာ ဂီဇာအရပ္မွာ႐ွိတဲ့ စဖင့္႐ုပ္ထုႀကီးဟာ အလြန္တည္ၾကည္ ခံ့ျငားျပီး အေရွ႕အရပ္က ေပၚထြန္းလာမယ့္ ေနဘုရားကို ပူေဇာ္ေနဟန္ ရိွပါတယ္။ စာေရးဆရာႀကီး ေပါလ္ဘရင္တန္ကေတာ့ ေရွးေဟာင္းအီဂ်စ္လူမ်ဳိးမ်ားသည္ ရား ေခၚ ေနနတ္ဘုရားကို ကိုးကြယ္ၾကရာ စဖင့္႐ုပ္ထုမ်ားကို ေနဘုရားအား ပူေဇာ္ဖို႔ရန္ အေရွ႕ဘက္သို႔ လွည့္ထားျခင္းမွာ ပနံသင့္လွေၾကာင္း မွတ္ခ်က္ခ်ထားပါတယ္။

အေရွ႕ႏိုင္ငံမွ ဆင္းသက္လာေသာ အာရတ္ေတြဟာ ေကာ့ေကးရွပ္ေတာင္တန္း မွတစ္ဆင့္ အီဂ်စ္ျပည္ကို ဘီစီ ၁၀,၀၀၀ ခန္႔မွာ ဝင္ေရာက္လာျပီး ဂီဇာအရပ္ကို ဗဟိုျပဳ ထီးနန္းစိုက္ပါတယ္။ အာရ္ယာန္ႏြယ္မ်ား ဝင္လာျခင္းလည္း ျဖစ္ပါတယ္။ အာရတ္ေတြနဲ႔အတူ အာရ္ယာန္သာသာနာျပဳ ဘုန္းေတာ္ႀကီးမ်ားလည္း ပါလာျပီး ဘာသာေရးအယူ တည္ေထာင္ခဲ့ပါတယ္။ ယင္းဘာသာရဲ႕အႏွစ္သာရအရ အရာရာကို ဖန္တီးႏိုင္တဲ့ အႏၲိမ ဓာတ္ဘုရားႀကီး ရိွပါတယ္။ ထိုဓာတ္ဘုရားက ဖန္တီးေပးအပ္တဲ့ အသက္ဓာတ္က ေလာကလူသားမ်ားအျဖစ္ တည္ရိွျပီး ႐ုပ္ခႏၶာေသဆံုးေပမယ့္ အသက္ဓာတ္ကေတာ့ ဆက္လက္က်န္ရစ္ေနမွာ ျဖစ္ပါတယ္။

အာရတ္ဘုရင္မွာ အႀကံေပးပုဂၢိဳလ္ တစ္ေယာက္ ရိွပါတယ္။ တစ္နည္းအားျဖင့္ မင္းဆရာလည္းျဖစ္ၿပီး အေရွ႕အရပ္မွလာတဲ့ အာရ္ယာန္အႏြယ္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဘုရင္ႀကီး အနီးမွာ႐ွိတဲ့ မႉးမတ္ပညာရိွမ်ား အားလံုးထက္ ဉာဏ္ပညာ ၾကီးမားထူးခြၽန္သူလည္း ျဖစ္ပါတယ္။ ဘုရင္အာရတ္ လက္ထက္မွာ စဖင့္မ်ားကို စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္တာေၾကာင့္ စဖင့္႐ုပ္ထုမ်က္ႏွာသည္ ဘုရင္အာရတ္ရဲ႕ အႀကံေပးပုဂၢိဳလ္ႀကီးရဲ႕ မ်က္ႏွာျဖစ္ေၾကာင္း အတတ္ေဟာ ဂႏၶာရီပညာရွင္ျဖစ္ေသာ အဂၢါေကစီက ဆိုပါတယ္။ မည္သို႔ပင္ျဖစ္ပါေစ။ စဖင့္႐ုပ္ထုေတြဆိုတာ ပိရမစ္ဘုရားေက်ာင္းေတြကိုသာမက ဂႏၶာရီပညာတိုင္ႀကီးကိုပါ ေစာင့္ေရွာက္ကာ ခြန္အားႏွင့္ စြမ္းအင္ထူးမ်ားကို ကိုယ္စားျပဳေနေၾကာင္း သုေတသီမ်ားက လက္ခံထားၾကပါတယ္။

လင္းညိဳ႕တာရာ
ဘူတဝါဟနစာစဥ္

Ref :

(1) Egyptian Book of Dead
(2) The Great Initiate
(3) Kallich, Martin. “Oedipus and the Sphinx.” Oedipus: Myth and Drama. N.p.: Western, 1968. N. pag. Print.
(4) Other Resources


စဖင့်ရုပ်တု နှင့် ဂန္ဓာရီပညာ (unicode)

ရေးသားသူ – လင်းညို့တာရာ

စဖင့် (Sphinx) ရဲ့ အဓိပ္ပါယ်ကတော့ “လည်မြို ကို ညှစ်သူ” ဖြစ်ပါတယ် ။ ဂရိအမည်ဖြစ်ပြီး ငှက်တကောင်ရဲ့ တောင်ပံတစ်စုံရယ်၊ ခြင်္သေ့တစ်ကောင်ရဲ့ ခန္ဓာကိုယ်ရယ် ၊ မိန်းမတစ်ယောက်ရဲ့ ဦးခေါင်းတစ်လုံးရယ် တွဲစပ်ထုဆစ်ထားတဲ့ သတ္တဝါကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အီဂျစ်မှာ စဖင့်တွေ အများကြီး ရှိပါတယ်။ ခေါင်းဆောင်း တန်ဆာပလာတွေ ဆင်ယင်ထားတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ God Amun နတ်ရုပ်နဲ့ သိုးထီးတစ်ကောင်ရဲ့ ဦးခေါင်းတစ်လုံး တွဲစပ်ထုဆစ်ထားတာမျိုးလဲ ရှိပါတယ်။

ခါဖရီဗယ်လီတောင်ကြား ဘုရားကျောင်းအနီးက ဧရာမ စဖင့်ကြီးဟာ ခါဖရီ ဘုရင်မင်းမြတ်ရဲ့ မျက်နှာနဲ့ တပုံစံတည်း ထုဆစ်ထားတာလို့ ဆိုကြတာမို့ ထုဆစ်သူ ပညာရှင်ရဲ့ အရည်အချင်းကို ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကူဖူးဘုရင်မင်းမြတ်ရဲ့ မျက်နှာတော်လို့လည်း အငြင်းပွားမှု ရှိနေပါတယ်။

အီဂျစ်လက်ရာတွေထဲမှာ A New Kingdom Temple နှင့် Khafre’s Valley Temple တို့ဟာ အထူး ရေပန်းစားတဲ့ လက်ရာများပါပဲ။ ဒီဘုရားကျောင်းက စဖင့်ကြီး ၄ ကောင်ဟာ တစ်ကောင်ကို ၂၆ ပေ ကျော်ပါတယ်။ ဘူမိဗေဒပညာရှင်များ အလိုအရ ဒီရုပ်တု အောက်ခြေအထိုင် ထုံးကျောက်ပြားကို ထောင့်မှန်စတုဂံ ကျောက်တုံးတစ်ခုတည်း သုံးပြီး U ပုံ ကတုတ်ကျင်း နက်နက်တူးကာ အောက်ခံ block တုံးကို မြေချခဲ့ခြင်း ဖြစ်ပါတယ်။ စဖင့်ကြီးကို ထင်သာမြင်သာအောင် ကုန်းကမူ အမြင့်မှာ ခန့်ညားထယ်ဝါစွာ သွန်းထုထားတာပါ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀ အာဖရိက Eocene အလယ်ခေတ် က အရှေ့မြောက်ဘက် ပင်လယ်ရေအောက် ဝဲဖလုပ်ထဲက နစ်မြုပ်ကပ်ညိနေတဲ့ အနယ် အနှစ် အမှုန်တွေကို ဆယ်ယူစုပေါင်း သွန်းထုပြုလုပ်ထားတာမျိုး ဖြစ်ကြောင်း ပညာရှင်များက လေ့လာ သိရှိခဲ့ပါတယ်။ ရေပျော်သတ္တဝါများ အသက်ဇီဝိန်ချုပ်ငြိမ်း ပျောက်ကွယ်သွားရာမှာ ကြွင်းကျန်တဲ့ ရုပ်ကလာပ်တွေက မာကျောတဲ့ ကျောက်ချပ်လွှာများအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီလို ဇီ၀ရုပ်ကြွင်းမှတဆင့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ရွှံ့နွံများ ခြောက်သွေ့မာကျောရာမှ ဖြစ်ပေါ်လာတဲ့ ကျောက်ချပ်လွှာများ၊ သဲသောင်ရေတိမ်မျိုးမှာ ပေါက်ပွားတတ်တဲ့ သန္တာကျောက်တန်း သောင်ခုံများဟာ အီဂျစ်ပန်းပု ပညာရှင်များအဖို့ အကြိုက်တွေ့စေမယ့် ကုန်ကြမ်းပစ္စည်းများပါပဲ။ ထုံးကျေက်များနဲ့သာမက ကျောက်ဖြူသားနဲ့ပါ ထွင်းထုထားတာမျိုးတွေလည်း အများအပြား ရှိပါသေးတယ်။

စဖင့်တွေရဲ့ မျက်နှာဟာ ထွန်းသစ်စ ရှင်နေမင်းရဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်လျှံနေကြောင်း လင်္ကာဆရာများက ဖွဲ့နွဲ့ကြလေ့ ရှိပါတယ်။ ခြင်္သေ့ ဆိုတာက အထူးပြောဖို့ မလိုပါ။ ရဲရင့်ထက်မြက်ခြင်း၊ ပွင့်လင်းထွန်းတောက်ခြင်း လို့ အီဂျစ်တွေက အဓိပ္မါယ် ဖွင့်ဆိုယူဆခဲ့ပါတယ်။ ခြင်္သေ့ရဲ့ကိုယ်ပေါ်က တော်ဝင်လူသားတယောက်ရဲ့ ဦးခေါင်းဟာ တန်ခိုးအာဏာ သက်ရောက်ခြင်း ၊ ခွန်အားကြီးခြင်း၊ ဉာဏ်ရည်မြင့်မားခြင်း စတဲ့ စွမ်းရည်များနဲ့ ပြည့်ဝသူ ဖာရိုးဘုရင်လို့ ရည်ညွှန်းထားတာပါ။ ဒါဟာ ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က အီဂျစ်လူမျိုးတို့ရဲ့ Icon ကိုးကွယ်မှုပုံစံ တစ်မျိုးပါပဲ။ အီဂျစ်ခေတ်ဟောင်းနိုင်ငံ တစ်ခုရဲ့ ရောင်ပြန်ဟပ်မှုလည်း ဖြစ်ပါတယ် ။

အီဂျစ်မှာ ပိရမစ်များနဲ့ ခွဲခြားလို့မရအောင် တပူးပူး တတွဲတွဲ ဖြစ်နေတဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ စဖင့်ရုပ်ထုများပဲ ဖြစ်ပါတယ်။ စဖင့်သည် လူ့မျက်နှာပုံ ဖြစ်သည့်အပြင် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထွင်းထုထားခြင်းမျိုးဖြစ်ပြီး ပိရမစ်များနှင့်လည်း ယှဉ်တွဲလျက် ရှိပါတယ်။ စဖင့်နဲ့ပတ်သက်တဲ့ အထောက်အထားကတော့ ရှားပါးလှပါတယ်။ အီဂျစ်ဘုရင်မင်းဆက် ၁၈ ကြိမ်မြောက် မင်းဆက် နောက်ပိုင်းမှသာ စဖင့်နဲ့ ပတ်သက်တဲ့ မှတ်တမ်းများ ရှိခြင်း ဖြစ်ပါတယ်။

အကြီးဆုံးသော စဖင့်ရုပ်ထုကြီးမှာ သဲထဲတွင် နစ်မြုပ်နေရာမှ ပြန်လည်တူးဖော်ထားခြင်း ဖြစ်ပါတယ်။ စဖင့်တွေဟာ ပိရမစ်များ၊ ဘုရားကျောင်းအနီးများမှာ အစောင့်အရှောက်အဖြစ် ထားတဲ့သဘောမျိုး ဆောင်နေပါတယ်။ ဂီဇာအရပ်မှာရှိတဲ့ စဖင့်ရုပ်တုကြီးဟာ အကြီးဆုံးဖြစ်ပြီး လေးထပ်တိုက်ခန့် အမြင့်ရှိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားများမှာ အစောင့်အရှောက်အဖြစ် ခြင်္သေ့ရုပ်များ ထားသလို စဖင့်ဆိုတာလည်း အီဂျစ်တွေရဲ့ မြင့်မြတ်တဲ့ အဆောက်အဦးများအတွက် အစောင့်အရှောက်များ ဖြစ်တန်ရာပါတယ်။

စဖင့်ရုပ်ထုများကို နေထွက်ရာ အရှေ့ဘက်ကို မျက်နှာမူ တည်ဆောက်ထားကြပါတယ်။ စဖင့်ဆိုတာ အီဂျစ်ရဲ့ ဈာန်နတ်ဘုရားကို ရည်ညွှန်းပြီး အထွတ်အမြတ်နေရာများနဲ့ ဂန္ဓာရီဝိဇ္ဇာ အတတ်ပညာများကို စောင့်ရှောက်ပေးနေခြင်းလည်း ဖြစ်ပါတယ်။ စဖင့်တွေကို မူလထွင်းထုစဉ်က အချိုးကျန လှပပြီး ကျက်သရေရှိသော မျက်နှာများ ဖြစ်ကြပါတယ်။ သို့ပေမယ့် သဘာဝမုန်တိုင်းများနဲ့ လက်ဆော့သူတချို့ကြောင့် အချို့စဖင့်တွေရဲ့ နှာခေါင်းနှင့် မျက်နှာတွေ ပျက်စီးသွားကြရပါတယ်။

စဖင့်ရဲ့မျက်နှာတွေထဲမှာ ဂီဇာအရပ်မှာရှိတဲ့ စဖင့်ရုပ်ထုကြီးဟာ အလွန်တည်ကြည် ခံ့ငြားပြီး အရှေ့အရပ်က ပေါ်ထွန်းလာမယ့် နေဘုရားကို ပူဇော်နေဟန် ရှိပါတယ်။ စာရေးဆရာကြီး ပေါလ်ဘရင်တန်ကတော့ ရှေးဟောင်းအီဂျစ်လူမျိုးများသည် ရား ခေါ် နေနတ်ဘုရားကို ကိုးကွယ်ကြရာ စဖင့်ရုပ်ထုများကို နေဘုရားအား ပူဇော်ဖို့ရန် အရှေ့ဘက်သို့ လှည့်ထားခြင်းမှာ ပနံသင့်လှကြောင်း မှတ်ချက်ချထားပါတယ်။

အရှေ့နိုင်ငံမှ ဆင်းသက်လာသော အာရတ်တွေဟာ ကော့ကေးရှပ်တောင်တန်း မှတစ်ဆင့် အီဂျစ်ပြည်ကို ဘီစီ ၁၀,၀၀၀ ခန့်မှာ ဝင်ရောက်လာပြီး ဂီဇာအရပ်ကို ဗဟိုပြု ထီးနန်းစိုက်ပါတယ်။ အာရ်ယာန်နွယ်များ ဝင်လာခြင်းလည်း ဖြစ်ပါတယ်။ အာရတ်တွေနဲ့အတူ အာရ်ယာန်သာသာနာပြု ဘုန်းတော်ကြီးများလည်း ပါလာပြီး ဘာသာရေးအယူ တည်ထောင်ခဲ့ပါတယ်။ ယင်းဘာသာရဲ့အနှစ်သာရအရ အရာရာကို ဖန်တီးနိုင်တဲ့ အန္တိမ ဓာတ်ဘုရားကြီး ရှိပါတယ်။ ထိုဓာတ်ဘုရားက ဖန်တီးပေးအပ်တဲ့ အသက်ဓာတ်က လောကလူသားများအဖြစ် တည်ရှိပြီး ရုပ်ခန္ဓာသေဆုံးပေမယ့် အသက်ဓာတ်ကတော့ ဆက်လက်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

အာရတ်ဘုရင်မှာ အကြံပေးပုဂ္ဂိုလ် တစ်ယောက် ရှိပါတယ်။ တစ်နည်းအားဖြင့် မင်းဆရာလည်းဖြစ်ပြီး အရှေ့အရပ်မှလာတဲ့ အာရ်ယာန်အနွယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘုရင်ကြီး အနီးမှာရှိတဲ့ မှူးမတ်ပညာရှိများ အားလုံးထက် ဉာဏ်ပညာ ကြီးမားထူးချွန်သူလည်း ဖြစ်ပါတယ်။ ဘုရင်အာရတ် လက်ထက်မှာ စဖင့်များကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်တာကြောင့် စဖင့်ရုပ်ထုမျက်နှာသည် ဘုရင်အာရတ်ရဲ့ အကြံပေးပုဂ္ဂိုလ်ကြီးရဲ့ မျက်နှာဖြစ်ကြောင်း အတတ်ဟော ဂန္ဓာရီပညာရှင်ဖြစ်သော အဂ္ဂါကေစီက ဆိုပါတယ်။ မည်သို့ပင်ဖြစ်ပါစေ။ စဖင့်ရုပ်ထုတွေဆိုတာ ပိရမစ်ဘုရားကျောင်းတွေကိုသာမက ဂန္ဓာရီပညာတိုင်ကြီးကိုပါ စောင့်ရှောက်ကာ ခွန်အားနှင့် စွမ်းအင်ထူးများကို ကိုယ်စားပြုနေကြောင်း သုတေသီများက လက်ခံထားကြပါတယ်။

လင်းညို့တာရာ
ဘူတဝါဟနစာစဉ်

Ref :

(1) Egyptian Book of Dead
(2) The Great Initiate
(3) Kallich, Martin. “Oedipus and the Sphinx.” Oedipus: Myth and Drama. N.p.: Western, 1968. N. pag. Print.
(4) Other Resources

Leave a Reply