ပါဒၿမဳိ႕ေတာ္မွ ေမာင္သံလွ်င္ ႏွင့္ အံၾသဖြယ္လက္နက္ဆန္း

Posted on

Via : ေရွးအခါကအေၾကာင္း ေတြးမိသမ်ွ

သမိုင္းပညာရွင္မ်ားနွင့္ စာေရးဆရာမ်ား၏ ေလ့လာစမ္းစစ္္မႈမ်ား အေရးအသားမ်ားအရ ထိုအခ်ိန္က ဤေနရာ ဤေဒသသည္ က်ြန္းသစ္တို႔ ထူထပ္စြာေပါက္ေရာက္ျပီး သစ္ေကာင္း ဝါးေကာင္းမ်ား ထြက္ရွိရာ အရပ္ေဒသျဖစ္လိမ့္မည္ဟု ယူဆမိပါသည္။ ထိုသို႔ဆိုပါလွ်င္ ပါဒျမိဳ႕ေတာ္ ျဖစ္ေပၚလာရသည့္ အေၾကာင္းရင္းမွာလည္း ထိုက်ြန္းသစ္မ်ားမွ အစခ်ီရေပမည္။

သာသနာသကၠရာဇ္ ၂၃၀ တြင္ သီဟိုဠ္က်ြန္းသား မင္းမ်ိဳးမင္းနြယ္မ်ားျဖစ္ၾကေသာ ေဘာဂေသန ၊ နရေသန ၊ သီဟေသန ညီေနာင္သုံးဦးတို႔သည္ သီဟိုကြ်န္း၌ ထီးနန္းတည္ေဆာက္ရန္အတြက္ က်ြန္းသစ္မ်ားရွာေဖြရန္ သုဝဏၰဘုမိၼတိုင္း ျမန္မာျပည္ဘက္သို႔ သေဘၤာျဖင့္ ရြက္လႊင့္လာခဲ့ၾကသည္။ သစ္ရိပ္ ဝါးရိပ္ေကာင္းေသာ ေက်ာက္တန္းေတာတန္းၾကီးကိုေတြ႕၍ သေဘၤာကိုေက်ာက္ခ်ခိုင္းျပီး ကမ္းေပၚသို႔ တက္ခဲ့ၾကသည္။

ထိုကြ်န္းတြင္ ဟိႏၵဴ လူမ်ိဳး သုပဏၰက ဆိုေသာရေသ့ၾကီးတစ္ပါးသည္ ကရီ (ကရင္) နွင့္ မြန္လူမ်ိဳးမ်ား ကို အုပ္ခ်ဳပ္၍ေနလာခဲ့သည္မွာ ႏွစ္အေတာ္ပင္ၾကာခဲ့ေလျပီ။ မင္းသားညီေနာင္သုံးဦး သစ္ရွာရန္ေရာက္ရွိလာခ်ိန္တြင္ ရေသ့ၾကီးနွင့္ ေတြ႔ဆုံျပီး အေၾကာင္းစုံကို သိရွိေသာအခါ သုပဏၰက ရေသ့ၾကီးက မင္းသားမ်ားအား မျပန္ေစေတာ့ဘဲ ထိုက်ြန္း၌သာ မင္းလုပ္အုပ္ခ်ဳပ္ရန္ေတာင္းပန္ခဲ့သည္။ ထိုအခ်ိန္မွစ၍ သာသနာသကၠရာဇ္ ၂၃၀ တန္ေဆာင္မုန္းလဆန္း ၁၀ရက္ ျမန္မာတစ္ခ်က္တီးခ်ိန္တြင္ ေရႊပႏၷက္ ေငြပႏၷက္မ်ား စိုက္ထူကာ သီဟဒီပျမိဳ႕ ေခၚ ပါဒျမိဳ႕ေတာ္ကို ကမၺည္းစိုက္ထူျပီး သုံးနွစ္ၾကာတည္ေဆာက္ခဲ့သည္။

သာသနာသကၠရာဇ္ ၂၃၅ ခုနွစ္မွစ၍ ေဘာဂေသန မင္းသား နန္းစံျပီး ယခင္ကကိုးကြယ္ခဲ့ၾကေသာ နတ္ကိုးကြယ္မႈမ်ား ဟိႏၵဴ အယူဝါဒမ်ားကို ကြယ္ေပ်ာက္ေစျခင္းငွာ ရာမညတိုင္းတြင္ ထြန္းကားေနျပီျဖစ္ေသာ ဗုဒၶဘာသာ ရဟန္းသံဃာမ်ားကို သီဟဒီပက်ြန္းေခၚ ပါဒျမိဳ႕သို႔ ပင့္ဖိတ္၍ ပစၥည္းေလးပါးျပည့္စုံေစျပီး ဗုဒၶသာသနာေတာ္ကို စည္ပင္ျပန္႔ပြားေအာင္ ေဆာင္ရြက္ခဲ့သည္။ ေဘာဂေသနမင္းၾကီး ၊ သုပဏၰကရေသ့ၾကီးနွင့္ ျပည္သူျပည္သားမ်ားသည္ ဗုဒၶဘာသာဝင္မ်ားျဖစ္လာၾကျပီး ဘုရားတည္ေက်ာင္းေဆာက္တရားအားထုတ္ေသာ အမႈမ်ားေဆာင္ရြက္လာၾကသည္။ မင္းၾကီးကိုယ္တိုင္ပင္ အားတက္သေရာ ပါဝင္ေဆာင္ရြက္ခဲ့သည္။

ပါဒျမိဳ႔ေတာ္သူျမိဳ႕ေတာ္သားမ်ား၏ ဘာသာေရးသက္ဝင္ယုံၾကည္မႈ အေလးထားေဆာင္ရြက္မႈဂုဏ္သတင္းသည္ ရာမညတိုင္းသာမက သီဟိုဠ္ကြ်န္းအထိပါ ျပန္႔ႏွံ႔ ခဲ့သျဖင့္ သီဟိုဠ္ကြ်န္းသား ရဟႏၲာ အရွင္ျမတ္တို႔သည္ ဗုဒၶ၏ နားေမႊးေတာ္ သင္းက်စ္ေတာ္ ဆံေတာ္ စေသာဓါတ္ေတာ္မ်ားျဖင့္ သာသနာသကၠရာဇ္ ၂၃၈- ၂၃၉ ခုနွစ္တြင္ သီဟဒီပကြ်န္းသို႔ ပင့္ေဆာင္လာၾကျပီး မင္းၾကီးထံ သာသနာလက္ေဆာင္အျဖစ္ လွဴ ဒါန္းခဲ့ၾကသည္။ သာသနာေတာ္အဓြန္႔ရွည္ တည္တံ့ေစရန္ ပါဒဘုရင္ ေဘာဂေသနမင္းၾကီးႏွင့္ ၎၏ သားစဥ္ေျမးဆက္ ပါဒမင္းဆက္မ်ားမွ သီဟိုဠ္ကြ်န္းသား ရဟႏၲာရွင္ျမတ္မ်ား ပင့္ေဆာင္လွဴဒါန္းခဲ့ေသာ ဗုဒၶ၏ဓါတ္ေတာ္မ်ားျဖင့္ သီဟဒီပကြ်န္းေပၚတြင္ ဥာဏ္ေတာ္အေတာင္တစ္ရာႏွင့္ အထက္ရွိေသာ ေစတီေတာ္မ်ားကိုတည္ထားကိုးကြယ္ခဲ့ၾကသည္။ က်ိဳက္ေခါက္ ၊ က်ိဳက္ေဒးဝ ၊ က်ိဳက္ျပသာဒ္တေနာ္ ၊ က်ိဳက္ခဆြတ္၊ က်ိဳက္ျပသာဒ္တႏြံ ၊ က်ိဳက္ေစာလုတ္ ၊ က်ိဳကၠေမာ့ ၊ က်ိဳက္ေဒးယ်ံ ၊ က်ိဳက္ေစာရွင္ အစရွိေသာ ဘြဲ႔အမည္မ်ား သမုတ္ေစ၍ သီဟဒီပကြ်န္း ပါဒျမိဳ႕အား ဘာသာတရားမ်ားျဖင့္ ေမြ႔ေလ်ာ္ေစခဲ့သည္။

ေရေၾကာင္းအတိုင္း ရန္ကုန္ျမစ္ဝသို႔ ထြက္လာလ်ွင္ ရန္ကုန္ျမစ္နွင့္ ပဲခူးျမစ္တို႔ဆုံရာကေန ပင္လယ္အထိထြက္ခြာ၍ရၿပီး အေရွ႔ဘက္ကမ္းတြင္ သီဟဒီပကြ်န္း ေခၚ သန္လ်င္ျမိဳ႕ႏွင့္ ယခုေက်ာက္တန္းဟုေခၚသည့္ ေမွာ္ဝန္းေဒသ ၊ ပါဒနိုင္ငံဟု ထင္ရွွားသည့္ ေဒသမ်ားတည္ရွိပါသည္။ ေမာင္သံလ်င္မွာ သုံးခြျမိဳ႕ ဘုရားၾကီးရြာသားျဖစ္ျပီး ေတာင္သူမိဘနွစ္ဦးမွ ေမြးဖြားလာသည့္ သာမန္ေတာသူေတာင္သား တစ္ဦးသာျဖစ္သည္။ ေမာင္သံလ်င္၏ ထူးျခားခ်က္မွာ အလြန္သန္မာဖ်တ္လတ္၍ ကေလးအရြယ္ကပင္ ထမင္းကိုလူၾကီးတစ္ေယာက္မက ကုန္ေအာင္စားနိုင္သည္။ အရြယ္ေရာက္လာေသာအခါ တစ္ေန႔လ်ွင္ ဆန္ ၂ တင္းခြဲ ၃ တင္းခ်က္မ်ွစားနိုင္ခဲ့သည္။ ထန္းပင္မ်ားမွ အျမစ္မွပါသည္အထိ ဆြဲႏုတ္ယူနိုင္သည့္ ခြန္အားဗလနွင့္ ျပည့္စုံခဲ့သည္။ ဤမ်ွအစားၾကီး ခြန္အားဗလၾကီးေသာ သားအတြက္ မိဘႏွစ္ပါးမွ စိုးရိမ္ပူပန္မႈမ်ားပိုလာခဲ့ရသည္။

ထိုသို႔ခြန္အားဗလၾကီးေသာ သားအေၾကာင္းကို ရွင္ဘုရင္သာသိရင္ အႏၱရာယ္မကင္းနိုင္ေၾကာင္းကို သိတာကတစ္ေၾကာင္း ၊ တစ္ေန႔ထက္တစ္ေန့ အစားၾကီးလာေသာ သားကို ရွာေဖြမေကြ်းနိုင္ေတာ့တာကတစ္ေၾကာင္း ဥပယ္တမ်ဥ္ျဖင့္ သားေတာ္ေမာင္ကို စြန္႔ပစ္ရန္ဆုံးျဖတ္လိုက္ၾကသည္။ (ထိုအခ်ိန္သည္ သီဟဒီပက်ြန္းတြင္ ပါဒမင္းဆက္ ၃၄ ဆက္ေျမာက္ဘုရင္ အရိႏၵရာဇာမင္း အုပ္စိုးေနခ်ိန္လည္းျဖစ္သည္။ ထိုဘုရင္သည္ အခြန္ေတာ္အေကာက္ေတာ္မ်ားကိုလည္း မတရားေကာက္ခံၿပီး မင္းက်င့္တရားနွင့္ မညီဘဲ ျပည္သူမ်ားအေပၚ အျမတ္ၾကီးစား ၍ ယုတ္မာေကာက္က်စ္မႈမ်ားျပဳက်င့္ေနေၾကာင္း ၾကားသိေနရသည္။ )

ထိုသို႔မိဘႏွစ္ပါးမွာ ဆုံးျဖတ္ျပီး သားေမာင္သံလ်င္ကိုေခၚလိုက္သည္။ ေခၚလိုက္ျပီး သားေရ အေဖတို႔မွာ သူမ်ားနည္းတူ ျမစ္ကူးေခ်ာင္းကူးသြားလာဖို႔ ေလွမရွိ တက္မရွိနဲ႔ ခက္လွတယ္ကြာ ရွိတဲ႔ေလွကလည္း ေလွအိုေလွေဟာင္းဆိုေတာ့ မေကာင္းလွဘူးေလ သားကခြန္အားဗလၾကီးေတာ့ အေဖနဲ႔လိုက္ျပီး ေလွလုပ္ဖို႔ သစ္ပင္သြားခုတ္ရေအာင္ ဆိုျပီး သီဟဒီပကြ်န္းသို႔ ကူးသြားၾကကာ လုံးပတ္အေတာင္ ၂၀ ခန္႔ရွိသည့္ ယမေနပင္ၾကီးကို ေတြ႔ၿပီး ေလွလုပ္ရန္ သားအဖနွစ္ေယာက္ ခုတ္လွဲဖို႔ျပင္လိုက္ၾကသည္။

သစ္ပင္ၾကီးလွဲခါနီးတြင္ ဥပါယ္တံမ်ဥ္ျဖင့္ ဖခင္ျဖစ္သူမွ သားေရ သစ္ပင္ၾကီးက အလြန္ၾကီးမားတယ္ကြာ ေအာက္ကိုဝုန္းကနဲၿပဳတ္က်ရင္ ကြဲနိုင္ျပီး ေလွလုပ္ရန္မျဖစ္နိုင္ေတာ့တာမို႔ ခြန္အားဗလၾကီးတဲ့သားက အပင္ေအာက္မွ ပုခုံးနဲ႔ထမ္းထားရင္ေကာင္းမယ္ အေဖကေတာ့ေလွဆိပ္ကိုသြားျပီး ျပင္ဆင္စရာမ်ားကိုျပင္ဆင္ထားေခ်မယ္ကြဲ႔ ဆိုျပီး ေလွအိုေလးရွိရာသို႔ထြက္လာျပီး က်ြန္းေပၚမွထြက္ခြာသြားခဲ့သည္။ ေမာင္သံလ်င္လည္း သစ္ပင္ၾကီးလွဲခါနီးတြင္ ပုခုံးျဖင့္ထမ္းထားျပီး ဖခင္ျဖစ္သူျပန္မလာသည္မွ သစ္ပင္ကိုလႊတ္ခ်၍ ကမ္းနားသြားျပန္လာရာမွ ဖခင္နွင့္အတူ ေလွအိုပါမရွိေတာ့မွ က်န္းေပၚတြင္ သူ႔ကိုစြန္႔ပစ္သြားမွန္း သိခဲ့ရသည္။

က်ြန္းေပၚပင္ေနလာရင္း တစ္ေန႔တြင္ေတာဝက္တစ္ေကာင္ ေကာင္းကင္မွပ်ံလာ၍ သဖန္းပင္မွသဖန္းသီးမ်ား လာေရာက္စားေသာက္ေနသည္ကို ေတြ႔လိုက္ရသည္။ သဖန္းပင္ေအာက္ေရာက္ေသာအခါ ထိုေတာဝက္၏ခံတြင္းမွ ပတၱျမားရွင္ကို ထုတ္၍ အပင္ေပၚမွျပဳတ္က်ေသာ သဖန္းသီးမ်ားကို ေန႔စဥ္နွင့္အမွ် လာေရာက္စားေသာက္ေနသည္ကို သိလိုက္ရသည္။ ထို႔ေနာက္ေမာင္သံလ်င္မွာ ထိုပတၱျမားရွင္အား ရယူရန္အၾကံျဖစ္ေပၚျပီး ေနာက္တစ္ေန႔တြင္ သဖန္းပင္ေပၚမွ ေတာဝက္ၾကီးမလာခင္ေစာင့္ေနလိုက္သည္။ အပင္ေပၚမွသဖန္းသီးမ်ားကို ျဖဳတ္၍ အပင္နွင့္ေဝးရာဆီပစ္ပစ္ေပးခဲ့သည္။ ထုံးစံအတိုင္းေတာဝက္ၾကီးမွာလည္း ခံတြင္းထဲမွ ပတၱျမားရွင္ကို ထုတ္၍ သဖန္းသီးမ်ားရွိရာဆီသာ အာရုံေရာက္ေနခဲ့သည္။ တစ္ခါတြင္ သဖန္းသီးကို ေဝးနိုင္သမ်ွေဝးေအာင္ပစ္ျပီး ေတာဝက္ၾကီး လိုက္ေကာက္စားေသာအခ်ိန္တြင္အပင္ေအာက္သို႔ဆင္း၍ ပတၱျမားရွင္ကို ခိုးယူလိုက္သည္။ ေတာဝက္ၾကီးျပန္လာခ်ိန္တြင္ သဖန္းပင္ကိုနုတ္၍ရိုက္သတ္လိုက္သည္။ ပထမဆုံးလက္နက္ဆန္းတစ္ခုကို ေမာင္သံလ်င္ရရွိသြားခဲ့သည္။

ရရွိထားေသာ ပတၱျမားရွင္နွင့္ မိုးေကာင္းကင္သို႔ပ်ံခ်င္တိုင္းပ်ံေနရာမွ တစ္ေနရာအေရာက္တြင္ မီးခိုးတလူလူတက္ေနေသာ ရန္ေအာင္ျမင္ကုန္းေပၚသို႔ဆင္းရာ ဓါးမ်ားျပဳလုပ္ေနေသာ ရေသ့တစ္ပါးနွင့္ေတြ႔ေလသည္။ ရေသ့ၾကီးအား အရွင္ရေသ့ စ်ာန္ရပါျပီလား ဟုေမး၍ ပတၱျမားရွင္ကို အာခံတြင္းမွာငုံၿပီး မိုးေကာင္းကင္သို႔ပ်ံျပေလသည္။ ရေသ့ၾကီးမွာလြန္စြာသေဘာက်ျပီး ပတၱျမားရွင္ကို ေတာင္းခံေလသည္။ ေမာင္သံလ်င္လည္း ရွင္ရေသ့၏ ဓါးႏွင့္ ပတၱျမားရွင္ကိုလဲလွယ္ရန္ ေျပာဆိုျပီး ဓါးမလက္ထဲသို႔ေရာက္ေသာအခါ ရေသ့ၾကီးအားခုတ္သတ္လိုက္ေလသည္။

ထို႔ေနာက္ ေဒးပရင္းကုန္းမွ မီးခိုးကိုျမင္ျပန္၍ သြားျပန္ရာ ရေသ့တစ္ပါးႏွင့္ထပ္ေတြ႔ေလသည္။ ထိုရေသ့ထံတြင္ အဟာရအျဖစ္ႏြားနို႕ေထာပတ္တို႔ကို အလိုရွိတိုင္းရနိုင္သကဲ့သို႔ ရန္သူမ်ားလာလ်ွင္ အိုးကိုေမွာက္က ျမစ္ျဖစ္၍ ရန္သူမ်ားကို တားဆီးနိုင္ေသာ ျမဴတာအိုးရွိေလသည္။ ေရွ႕ကနည္းတူ ေမ်ာက္ျပဆန္ေတာင္းသကဲ့သို႔ျပဳလုပ္ျပီး ထိုရေသ့အားလည္း သတ္ခဲ့သည္။ ေနာက္တစ္ေနရာ က်ိဳက္ေဒးဝကုန္း အေရာက္တြင္ ထိုကုန္းရွိရေသ့ထံတြင္ အလြန္အစြမ္းထက္သည့္စည္ၾကီးရွိသည္။ စည္တစ္ဖက္ကိုတီးလ်ွင္ ရန္သူမ်ားကြယ္ေပ်ာက္ျပီး တစ္ဖက္ကိုတီးလ်ွင္ စစ္သည္ဗိုလ္ပါ ဆင္ျမင္းေတြ ေရာက္ရွိလာနိုင္သည့္အစြမ္းရွိသည္။ အလားတူ ပတၱျမားရွင္ျပ၍ စည္ကိုလည္းယူခဲ့သည္။ ထို႔ေနာက္ ထူးဆန္းေသာပစၥည္းမ်ားရ၍ ေနရပ္သို႔ျပန္လည္ေရာက္ရွိလာသည္။

တစ္ညေသာအခါတြင္ ေမာင္သံလ်င္သည္ထူးဆန္းေသာ အိပ္မက္တစ္ခုျမင္မက္ခဲ့သည္။ ထိုအိပ္မက္မွာ ထီးျဖဴေစာင့္နတ္တို့သည္ လူေယာင္ဖန္ဆင္း၍ သူ႔ဆီသို႔ေရာက္လာျပီး သင္သည္ ခြန္အားဗလၾကီးမား ဘုန္းပါရမီအတတ္ပညာ တန္ခိုးအစြမ္းလည္းရွိတာမို႔ မင္းက်င့္တရားနဲ႔မညီေသာ ပါဒျမိဳ႕ဘုရင္ကို နွိမ္နင္းျပီး ပါဒျမိဳ႕ကိုသိမ္းပိုက္ကာ ထီးနန္းစိုးစံအုပ္ခ်ဳပ္မင္းလုပ္ပါ ဟု အိပ္မက္ေပးေတာ္မူသည္။ မနက္လင္းေသာအခါ သူ႔တြင္ရွိေသာ လက္နက္မ်ားျဖင့္ မတိုက္ခိုက္မီပါဒဘုရင္ထံသို႔ အေၾကာင္းၾကားရန္ မိဘနွစ္ပါးကို အရင္ေစလႊတ္ေျပာၾကားေစသည္။ တံခါးေစာင့္မ်ားမွ လက္မခံဘဲ မိဘနွစ္ပါးကို ရိုက္နွက္လႊတ္လိုက္သျဖင့္ မိဘႏွစ္ပါးစလုံး အသက္ဆုံးရွႈံးခဲ့ရသည္။ ထို႔ေနာက္ မိမိတြင္ရွိေသာ လက္နက္ဆန္းမ်ားျဖင့္ ပါဒျမိဳ႕ေတာ္ကို အလြယ္တကူ သိမ္းပိုက္ႏုိင္ခဲ့ျပီး မင္းလုပ္အုပ္ခ်ဳပ္ခဲ့သည္။ပါဒျမိဳ႕ကိုလညိး သန္လ်င္ျမိဳ႕ဟု ေျပာင္းလဲေခၚေဝၚေစခဲ့သည္။ ထိုအခ်ိန္မွစ၍ ပါဒမင္းဆက္ျပတ္ကာ သန္လ်င္မင္းဆက္ အစျပဳခဲ့ေလေတာ့သည္။ ယခင္ပါဒျမိဳ႕ေတာ္ေဟာင္းအား ပါဒၾကီးရြာအျဖစ္ ေျပာင္းလဲခဲ့သည္။ ေမာင္သံလ်င္သည္ ရွင္ေမြးႏြန္႔၏ အဖိုးျဖစ္လည္းျဖစ္သည္။

ထိုအခ်ိန္မွစ၍ ပါဒရြာၾကီးကို သံလ်င္မင္းမ်ားအဆက္ဆက္ အုပ္စိုးခဲ့ျပီး မြန္မင္း ၊ ျမန္မာမင္း ၊ ရခိုင္မင္းမ်ားလက္ထက္အထိ အုပ္ခ်ဳပ္ခဲ့ၾကသည္။ ရခိုင္မင္းလက္ထက္တြင္ သီဟဒီပကြ်န္း ေခၚ သံလ်င္ျမိဳ႕ေတာ္ ၏ ျမိဳ႕ေစာင့္တာဝန္ကို ေပၚတူဂီလူမ်ိဳး ငဇင္ကာကို ျမိဳ႕ေစာင့္အျဖစ္ တာဝန္ေပးအပ္ခဲ့သည္။ ငဇင္ကာသည္ သံလ်င္ရွိတန္ခိုးၾကီးဘုရားေစတီမ်ားအား အမ်ိဳးမ်ိဳးဖ်က္ဆီးကာ အဖိုးတန္ရတနာပစၥည္းမ်ားကိုလည္း ခိုးယူသြားခဲ့ရာ တန္ခိုးၾကီးဘုရားေစတီအေတာ္မ်ားမ်ား ဖ်က္ဆီးခံခဲ့ရပါသည္။ (ငဇင္ကာသည္ ေရႊတိဂုံေစတီကုန္းေတာ္မွ ဓမၼေစတီေခါင္းေလာင္းကိုလည္း အေျမာက္သြန္းလုပ္ရန္အတြက္ သန္လ်င္ဘက္ကမ္းသို႔ ခက္ခက္ခဲခဲ သယ္ေဆာင္စဥ္ ေခါင္းေလာင္းၾကီးသည္ ေရေအာက္သို႔ျပဳတ္က်သြားခဲ့ဖူးသည္။) ထိုသို႔ဖ်က္ဆီးခံရခ်ိန္မွစ၍ တန္ခိုးၾကီးဘုရားေစတီမ်ားထဲမွ က်ိဳက္ေခါက္ေစတီေတာ္ျမတ္ၾကီး (ေနာင္အခါတြင္ ရွင္ေမြ႔ႏြန္းႏွင့္ မင္းနႏၵာတို႔၏ခ်စ္သစၥာဆိုရာ ေနရာျဖစ္လာခဲ့သည္) သာ အထင္ကရေစတီတစ္ဆူအျဖစ္ အပူေဇာ္ခံလ်က္ရွိပါသည္။


ပါဒမြို့တော်မှ မောင်သံလျှင် နှင့် အံဩဖွယ်လက်နက်ဆန်း (unicode)

Via : ရှေးအခါကအကြောင်း တွေးမိသမျှ

သမိုင်းပညာရှင်များနှင့် စာရေးဆရာများ၏ လေ့လာစမ်းစစ်မှုများ အရေးအသားများအရ ထိုအချိန်က ဤနေရာ ဤဒေသသည် ကျွန်းသစ်တို့ ထူထပ်စွာပေါက်ရောက်ပြီး သစ်ကောင်း ဝါးကောင်းများ ထွက်ရှိရာ အရပ်ဒေသဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။ ထိုသို့ဆိုပါလျှင် ပါဒမြို့တော် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာလည်း ထိုကျွန်းသစ်များမှ အစချီရပေမည်။

သာသနာသက္ကရာဇ် ၂၃၀ တွင် သီဟိုဠ်ကျွန်းသား မင်းမျိုးမင်းနွယ်များဖြစ်ကြသော ဘောဂသေန ၊ နရသေန ၊ သီဟသေန ညီနောင်သုံးဦးတို့သည် သီဟိုကျွန်း၌ ထီးနန်းတည်ဆောက်ရန်အတွက် ကျွန်းသစ်များရှာဖွေရန် သုဝဏ္ဏဘုမ္မိတိုင်း မြန်မာပြည်ဘက်သို့ သင်္ဘောဖြင့် ရွက်လွှင့်လာခဲ့ကြသည်။ သစ်ရိပ် ဝါးရိပ်ကောင်းသော ကျောက်တန်းတောတန်းကြီးကိုတွေ့၍ သင်္ဘောကိုကျောက်ချခိုင်းပြီး ကမ်းပေါ်သို့ တက်ခဲ့ကြသည်။

ထိုကျွန်းတွင် ဟိန္ဒူ လူမျိုး သုပဏ္ဏက ဆိုသောရသေ့ကြီးတစ်ပါးသည် ကရီ (ကရင်) နှင့် မွန်လူမျိုးများ ကို အုပ်ချုပ်၍နေလာခဲ့သည်မှာ နှစ်အတော်ပင်ကြာခဲ့လေပြီ။ မင်းသားညီနောင်သုံးဦး သစ်ရှာရန်ရောက်ရှိလာချိန်တွင် ရသေ့ကြီးနှင့် တွေ့ဆုံပြီး အကြောင်းစုံကို သိရှိသောအခါ သုပဏ္ဏက ရသေ့ကြီးက မင်းသားများအား မပြန်စေတော့ဘဲ ထိုကျွန်း၌သာ မင်းလုပ်အုပ်ချုပ်ရန်တောင်းပန်ခဲ့သည်။ ထိုအချိန်မှစ၍ သာသနာသက္ကရာဇ် ၂၃၀ တန်ဆောင်မုန်းလဆန်း ၁ဝရက် မြန်မာတစ်ချက်တီးချိန်တွင် ရွှေပန္နက် ငွေပန္နက်များ စိုက်ထူကာ သီဟဒီပမြို့ ခေါ် ပါဒမြို့တော်ကို ကမ္ဗည်းစိုက်ထူပြီး သုံးနှစ်ကြာတည်ဆောက်ခဲ့သည်။

သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်မှစ၍ ဘောဂသေန မင်းသား နန်းစံပြီး ယခင်ကကိုးကွယ်ခဲ့ကြသော နတ်ကိုးကွယ်မှုများ ဟိန္ဒူ အယူဝါဒများကို ကွယ်ပျောက်စေခြင်းငှာ ရာမညတိုင်းတွင် ထွန်းကားနေပြီဖြစ်သော ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို သီဟဒီပကျွန်းခေါ် ပါဒမြို့သို့ ပင့်ဖိတ်၍ ပစ္စည်းလေးပါးပြည့်စုံစေပြီး ဗုဒ္ဓသာသနာတော်ကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။ ဘောဂသေနမင်းကြီး ၊ သုပဏ္ဏကရသေ့ကြီးနှင့် ပြည်သူပြည်သားများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြပြီး ဘုရားတည်ကျောင်းဆောက်တရားအားထုတ်သော အမှုများဆောင်ရွက်လာကြသည်။ မင်းကြီးကိုယ်တိုင်ပင် အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့သည်။

ပါဒမြို့တော်သူမြို့တော်သားများ၏ ဘာသာရေးသက်ဝင်ယုံကြည်မှု အလေးထားဆောင်ရွက်မှုဂုဏ်သတင်းသည် ရာမညတိုင်းသာမက သီဟိုဠ်ကျွန်းအထိပါ ပြန့်နှံ့ ခဲ့သဖြင့် သီဟိုဠ်ကျွန်းသား ရဟန္တာ အရှင်မြတ်တို့သည် ဗုဒ္ဓ၏ နားမွှေးတော် သင်းကျစ်တော် ဆံတော် စသောဓါတ်တော်များဖြင့် သာသနာသက္ကရာဇ် ၂၃၈- ၂၃၉ ခုနှစ်တွင် သီဟဒီပကျွန်းသို့ ပင့်ဆောင်လာကြပြီး မင်းကြီးထံ သာသနာလက်ဆောင်အဖြစ် လှူ ဒါန်းခဲ့ကြသည်။ သာသနာတော်အဓွန့်ရှည် တည်တံ့စေရန် ပါဒဘုရင် ဘောဂသေနမင်းကြီးနှင့် ၎င်း၏ သားစဉ်မြေးဆက် ပါဒမင်းဆက်များမှ သီဟိုဠ်ကျွန်းသား ရဟန္တာရှင်မြတ်များ ပင့်ဆောင်လှူဒါန်းခဲ့သော ဗုဒ္ဓ၏ဓါတ်တော်များဖြင့် သီဟဒီပကျွန်းပေါ်တွင် ဥာဏ်တော်အတောင်တစ်ရာနှင့် အထက်ရှိသော စေတီတော်များကိုတည်ထားကိုးကွယ်ခဲ့ကြသည်။ ကျိုက်ခေါက် ၊ ကျိုက်ဒေးဝ ၊ ကျိုက်ပြသာဒ်တနော် ၊ ကျိုက်ခဆွတ်၊ ကျိုက်ပြသာဒ်တနွံ ၊ ကျိုက်စောလုတ် ၊ ကျိုက္ကမော့ ၊ ကျိုက်ဒေးယျံ ၊ ကျိုက်စောရှင် အစရှိသော ဘွဲ့အမည်များ သမုတ်စေ၍ သီဟဒီပကျွန်း ပါဒမြို့အား ဘာသာတရားများဖြင့် မွေ့လျော်စေခဲ့သည်။

ရေကြောင်းအတိုင်း ရန်ကုန်မြစ်ဝသို့ ထွက်လာလျှင် ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ဆုံရာကနေ ပင်လယ်အထိထွက်ခွာ၍ရပြီး အရှေ့ဘက်ကမ်းတွင် သီဟဒီပကျွန်း ခေါ် သန်လျင်မြို့နှင့် ယခုကျောက်တန်းဟုခေါ်သည့် မှော်ဝန်းဒေသ ၊ ပါဒနိုင်ငံဟု ထင်ရှားသည့် ဒေသများတည်ရှိပါသည်။ မောင်သံလျင်မှာ သုံးခွမြို့ ဘုရားကြီးရွာသားဖြစ်ပြီး တောင်သူမိဘနှစ်ဦးမှ မွေးဖွားလာသည့် သာမန်တောသူတောင်သား တစ်ဦးသာဖြစ်သည်။ မောင်သံလျင်၏ ထူးခြားချက်မှာ အလွန်သန်မာဖျတ်လတ်၍ ကလေးအရွယ်ကပင် ထမင်းကိုလူကြီးတစ်ယောက်မက ကုန်အောင်စားနိုင်သည်။ အရွယ်ရောက်လာသောအခါ တစ်နေ့လျှင် ဆန် ၂ တင်းခွဲ ၃ တင်းချက်မျှစားနိုင်ခဲ့သည်။ ထန်းပင်များမှ အမြစ်မှပါသည်အထိ ဆွဲနုတ်ယူနိုင်သည့် ခွန်အားဗလနှင့် ပြည့်စုံခဲ့သည်။ ဤမျှအစားကြီး ခွန်အားဗလကြီးသော သားအတွက် မိဘနှစ်ပါးမှ စိုးရိမ်ပူပန်မှုများပိုလာခဲ့ရသည်။

ထိုသို့ခွန်အားဗလကြီးသော သားအကြောင်းကို ရှင်ဘုရင်သာသိရင် အန္တရာယ်မကင်းနိုင်ကြောင်းကို သိတာကတစ်ကြောင်း ၊ တစ်နေ့ထက်တစ်နေ့ အစားကြီးလာသော သားကို ရှာဖွေမကျွေးနိုင်တော့တာကတစ်ကြောင်း ဥပယ်တမျဉ်ဖြင့် သားတော်မောင်ကို စွန့်ပစ်ရန်ဆုံးဖြတ်လိုက်ကြသည်။ (ထိုအချိန်သည် သီဟဒီပကျွန်းတွင် ပါဒမင်းဆက် ၃၄ ဆက်မြောက်ဘုရင် အရိန္ဒရာဇာမင်း အုပ်စိုးနေချိန်လည်းဖြစ်သည်။ ထိုဘုရင်သည် အခွန်တော်အကောက်တော်များကိုလည်း မတရားကောက်ခံပြီး မင်းကျင့်တရားနှင့် မညီဘဲ ပြည်သူများအပေါ် အမြတ်ကြီးစား ၍ ယုတ်မာကောက်ကျစ်မှုများပြုကျင့်နေကြောင်း ကြားသိနေရသည်။ ) ထိုသို့မိဘနှစ်ပါးမှာ ဆုံးဖြတ်ပြီး သားမောင်သံလျင်ကိုခေါ်လိုက်သည်။ ခေါ်လိုက်ပြီး သားရေ အဖေတို့မှာ သူများနည်းတူ မြစ်ကူးချောင်းကူးသွားလာဖို့ လှေမရှိ တက်မရှိနဲ့ ခက်လှတယ်ကွာ ရှိတဲ့လှေကလည်း လှေအိုလှေဟောင်းဆိုတော့ မကောင်းလှဘူးလေ သားကခွန်အားဗလကြီးတော့ အဖေနဲ့လိုက်ပြီး လှေလုပ်ဖို့ သစ်ပင်သွားခုတ်ရအောင် ဆိုပြီး သီဟဒီပကျွန်းသို့ ကူးသွားကြကာ လုံးပတ်အတောင် ၂၀ ခန့်ရှိသည့် ယမနေပင်ကြီးကို တွေ့ပြီး လှေလုပ်ရန် သားအဖနှစ်ယောက် ခုတ်လှဲဖို့ပြင်လိုက်ကြသည်။

သစ်ပင်ကြီးလှဲခါနီးတွင် ဥပါယ်တံမျဉ်ဖြင့် ဖခင်ဖြစ်သူမှ သားရေ သစ်ပင်ကြီးက အလွန်ကြီးမားတယ်ကွာ အောက်ကိုဝုန်းကနဲပြုတ်ကျရင် ကွဲနိုင်ပြီး လှေလုပ်ရန်မဖြစ်နိုင်တော့တာမို့ ခွန်အားဗလကြီးတဲ့သားက အပင်အောက်မှ ပုခုံးနဲ့ထမ်းထားရင်ကောင်းမယ် အဖေကတော့လှေဆိပ်ကိုသွားပြီး ပြင်ဆင်စရာများကိုပြင်ဆင်ထားချေမယ်ကွဲ့ ဆိုပြီး လှေအိုလေးရှိရာသို့ထွက်လာပြီး ကျွန်းပေါ်မှထွက်ခွာသွားခဲ့သည်။ မောင်သံလျင်လည်း သစ်ပင်ကြီးလှဲခါနီးတွင် ပုခုံးဖြင့်ထမ်းထားပြီး ဖခင်ဖြစ်သူပြန်မလာသည်မှ သစ်ပင်ကိုလွှတ်ချ၍ ကမ်းနားသွားပြန်လာရာမှ ဖခင်နှင့်အတူ လှေအိုပါမရှိတော့မှ ကျန်းပေါ်တွင် သူ့ကိုစွန့်ပစ်သွားမှန်း သိခဲ့ရသည်။

ကျွန်းပေါ်ပင်နေလာရင်း တစ်နေ့တွင်တောဝက်တစ်ကောင် ကောင်းကင်မှပျံလာ၍ သဖန်းပင်မှသဖန်းသီးများ လာရောက်စားသောက်နေသည်ကို တွေ့လိုက်ရသည်။ သဖန်းပင်အောက်ရောက်သောအခါ ထိုတောဝက်၏ခံတွင်းမှ ပတ္တမြားရှင်ကို ထုတ်၍ အပင်ပေါ်မှပြုတ်ကျသော သဖန်းသီးများကို နေ့စဉ်နှင့်အမျှ လာရောက်စားသောက်နေသည်ကို သိလိုက်ရသည်။ ထို့နောက်မောင်သံလျင်မှာ ထိုပတ္တမြားရှင်အား ရယူရန်အကြံဖြစ်ပေါ်ပြီး နောက်တစ်နေ့တွင် သဖန်းပင်ပေါ်မှ တောဝက်ကြီးမလာခင်စောင့်နေလိုက်သည်။ အပင်ပေါ်မှသဖန်းသီးများကို ဖြုတ်၍ အပင်နှင့်ဝေးရာဆီပစ်ပစ်ပေးခဲ့သည်။ ထုံးစံအတိုင်းတောဝက်ကြီးမှာလည်း ခံတွင်းထဲမှ ပတ္တမြားရှင်ကို ထုတ်၍ သဖန်းသီးများရှိရာဆီသာ အာရုံရောက်နေခဲ့သည်။ တစ်ခါတွင် သဖန်းသီးကို ဝေးနိုင်သမျှဝေးအောင်ပစ်ပြီး တောဝက်ကြီး လိုက်ကောက်စားသောအချိန်တွင်အပင်အောက်သို့ဆင်း၍ ပတ္တမြားရှင်ကို ခိုးယူလိုက်သည်။ တောဝက်ကြီးပြန်လာချိန်တွင် သဖန်းပင်ကိုနုတ်၍ရိုက်သတ်လိုက်သည်။ ပထမဆုံးလက်နက်ဆန်းတစ်ခုကို မောင်သံလျင်ရရှိသွားခဲ့သည်။

ရရှိထားသော ပတ္တမြားရှင်နှင့် မိုးကောင်းကင်သို့ပျံချင်တိုင်းပျံနေရာမှ တစ်နေရာအရောက်တွင် မီးခိုးတလူလူတက်နေသော ရန်အောင်မြင်ကုန်းပေါ်သို့ဆင်းရာ ဓါးများပြုလုပ်နေသော ရသေ့တစ်ပါးနှင့်တွေ့လေသည်။ ရသေ့ကြီးအား အရှင်ရသေ့ ဈာန်ရပါပြီလား ဟုမေး၍ ပတ္တမြားရှင်ကို အာခံတွင်းမှာငုံပြီး မိုးကောင်းကင်သို့ပျံပြလေသည်။ ရသေ့ကြီးမှာလွန်စွာသဘောကျပြီး ပတ္တမြားရှင်ကို တောင်းခံလေသည်။ မောင်သံလျင်လည်း ရှင်ရသေ့၏ ဓါးနှင့် ပတ္တမြားရှင်ကိုလဲလှယ်ရန် ပြောဆိုပြီး ဓါးမလက်ထဲသို့ရောက်သောအခါ ရသေ့ကြီးအားခုတ်သတ်လိုက်လေသည်။ ထို့နောက် ဒေးပရင်းကုန်းမှ မီးခိုးကိုမြင်ပြန်၍ သွားပြန်ရာ ရသေ့တစ်ပါးနှင့်ထပ်တွေ့လေသည်။ ထိုရသေ့ထံတွင် အဟာရအဖြစ်နွားနို့ထောပတ်တို့ကို အလိုရှိတိုင်းရနိုင်သကဲ့သို့ ရန်သူများလာလျှင် အိုးကိုမှောက်က မြစ်ဖြစ်၍ ရန်သူများကို တားဆီးနိုင်သော မြူတာအိုးရှိလေသည်။ ရှေ့ကနည်းတူ မျောက်ပြဆန်တောင်းသကဲ့သို့ပြုလုပ်ပြီး ထိုရသေ့အားလည်း သတ်ခဲ့သည်။ နောက်တစ်နေရာ ကျိုက်ဒေးဝကုန်း အရောက်တွင် ထိုကုန်းရှိရသေ့ထံတွင် အလွန်အစွမ်းထက်သည့်စည်ကြီးရှိသည်။ စည်တစ်ဖက်ကိုတီးလျှင် ရန်သူများကွယ်ပျောက်ပြီး တစ်ဖက်ကိုတီးလျှင် စစ်သည်ဗိုလ်ပါ ဆင်မြင်းတွေ ရောက်ရှိလာနိုင်သည့်အစွမ်းရှိသည်။ အလားတူ ပတ္တမြားရှင်ပြ၍ စည်ကိုလည်းယူခဲ့သည်။ ထို့နောက် ထူးဆန်းသောပစ္စည်းများရ၍ နေရပ်သို့ပြန်လည်ရောက်ရှိလာသည်။

တစ်ညသောအခါတွင် မောင်သံလျင်သည်ထူးဆန်းသော အိပ်မက်တစ်ခုမြင်မက်ခဲ့သည်။ ထိုအိပ်မက်မှာ ထီးဖြူစောင့်နတ်တို့သည် လူယောင်ဖန်ဆင်း၍ သူ့ဆီသို့ရောက်လာပြီး သင်သည် ခွန်အားဗလကြီးမား ဘုန်းပါရမီအတတ်ပညာ တန်ခိုးအစွမ်းလည်းရှိတာမို့ မင်းကျင့်တရားနဲ့မညီသော ပါဒမြို့ဘုရင်ကို နှိမ်နင်းပြီး ပါဒမြို့ကိုသိမ်းပိုက်ကာ ထီးနန်းစိုးစံအုပ်ချုပ်မင်းလုပ်ပါ ဟု အိပ်မက်ပေးတော်မူသည်။ မနက်လင်းသောအခါ သူ့တွင်ရှိသော လက်နက်များဖြင့် မတိုက်ခိုက်မီပါဒဘုရင်ထံသို့ အကြောင်းကြားရန် မိဘနှစ်ပါးကို အရင်စေလွှတ်ပြောကြားစေသည်။ တံခါးစောင့်များမှ လက်မခံဘဲ မိဘနှစ်ပါးကို ရိုက်နှက်လွှတ်လိုက်သဖြင့် မိဘနှစ်ပါးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် မိမိတွင်ရှိသော လက်နက်ဆန်းများဖြင့် ပါဒမြို့တော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး မင်းလုပ်အုပ်ချုပ်ခဲ့သည်။ပါဒမြို့ကိုလညိး သန်လျင်မြို့ဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ ထိုအချိန်မှစ၍ ပါဒမင်းဆက်ပြတ်ကာ သန်လျင်မင်းဆက် အစပြုခဲ့လေတော့သည်။ ယခင်ပါဒမြို့တော်ဟောင်းအား ပါဒကြီးရွာအဖြစ် ပြောင်းလဲခဲ့သည်။ မောင်သံလျင်သည် ရှင်မွေးနွန့်၏ အဖိုးဖြစ်လည်းဖြစ်သည်။

ထိုအချိန်မှစ၍ ပါဒရွာကြီးကို သံလျင်မင်းများအဆက်ဆက် အုပ်စိုးခဲ့ပြီး မွန်မင်း ၊ မြန်မာမင်း ၊ ရခိုင်မင်းများလက်ထက်အထိ အုပ်ချုပ်ခဲ့ကြသည်။ ရခိုင်မင်းလက်ထက်တွင် သီဟဒီပကျွန်း ခေါ် သံလျင်မြို့တော် ၏ မြို့စောင့်တာဝန်ကို ပေါ်တူဂီလူမျိုး ငဇင်ကာကို မြို့စောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ငဇင်ကာသည် သံလျင်ရှိတန်ခိုးကြီးဘုရားစေတီများအား အမျိုးမျိုးဖျက်ဆီးကာ အဖိုးတန်ရတနာပစ္စည်းများကိုလည်း ခိုးယူသွားခဲ့ရာ တန်ခိုးကြီးဘုရားစေတီအတော်များများ ဖျက်ဆီးခံခဲ့ရပါသည်။ (ငဇင်ကာသည် ရွှေတိဂုံစေတီကုန်းတော်မှ ဓမ္မစေတီခေါင်းလောင်းကိုလည်း အမြောက်သွန်းလုပ်ရန်အတွက် သန်လျင်ဘက်ကမ်းသို့ ခက်ခက်ခဲခဲ သယ်ဆောင်စဉ် ခေါင်းလောင်းကြီးသည် ရေအောက်သို့ပြုတ်ကျသွားခဲ့ဖူးသည်။) ထိုသို့ဖျက်ဆီးခံရချိန်မှစ၍ တန်ခိုးကြီးဘုရားစေတီများထဲမှ ကျိုက်ခေါက်စေတီတော်မြတ်ကြီး (နောင်အခါတွင် ရှင်မွေ့နွန်းနှင့် မင်းနန္ဒာတို့၏ချစ်သစ္စာဆိုရာ နေရာဖြစ်လာခဲ့သည်) သာ အထင်ကရစေတီတစ်ဆူအဖြစ် အပူဇော်ခံလျက်ရှိပါသည်။

Leave a Reply