ကမာၻေက်ာ္ရူပေဗဒပညာရွင္ႀကီး အုိင္းစတုိင္းအေၾကာင္း သိေကာင္းစရာ

Posted on

အဲလ္ဘတ္ အိုင္းစတိုင္း ကို ဂ်ာမနီႏိုင္ငံ၊ အမ္းၿမိဳ႕မွာ ၁၈၇၉ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔က ဖြားျမင္ခဲ့သည္။ သူ၏ မိဘမ်ားသည္ ယဟူဒီ (ဂ်ဴးလူမ်ိဳး) ႏြယ္ဖြားမ်ားျဖစ္ၿပီး လၽွပ္စစ္ပစၥည္း အေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္ၾကသည္။ အိုင္းစတိုင္း၏ ဖခင္ Hermann Einstein သည္ ေအာင္ျမင္ေသာ စီးပြားေရးသမားတစ္ေယာက္ မဟုတ္ခဲ့ေသာ္ျငားလည္း ဂ်ာမန္ ဂႏၲဝင္ေျမာက္ စာေပမ်ား၊ ဒႆနက်မ္းမ်ားႏွင့္ ကဗ်ာစာေပမ်ားကို ျမတ္ျမတ္ႏိုးႏိုး ႏွစ္သက္တတ္သူ ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ အိမ္တြင္ ခံ့ညားသည့္ စာၾကည့္ခန္းတစ္ခုကို ထားရွိၿပီး အိမ္ကိုအလည္လာေသာ ဧည့္သည္မ်ားႏွင့္လည္း စာေပအေၾကာင္း၊ ဒႆနအေၾကာင္း ေျပာဆိုေဆြးေႏြးတတ္သူ ျဖစ္သည္။ အိုင္းစတိုင္း၏ မိခင္ Pauline Koch သည္ ဂီတအႏုပညာကို ႏွစ္သက္သူျဖစ္ၿပီး စႏၵယားတီးေကာင္းသူ ျဖစ္သည္။ အိုင္းစတိုင္းတြင္ ေမြးခ်င္းညီမတစ္ဦးရွိၿပီး Maja ဟု ေခၚသည္။

အိုင္းစတိုင္းသည္ ငယ္စဥ္ ကေလးဘဝမွာ အလြန္ထုံထိုင္းေလးလံ႐ုံသာမက စကားလည္း နည္းလွသည္။ အျခားကေလးမ်ားလို ေဆာ့ကစားျခင္း မရွိဘဲ တစ္ေယာက္တည္း ေတြးေန ေငးေနတတ္သည္။ မူလတန္း စတတ္သည့္အခါတြင္လည္း ဉာဏ္ထိုင္းသည္ဟု ဆရာမ်ားက မွတ္ခ်က္ေပးျခင္းခံရသည္။ ဒါေပမယ့္ သူသည္ အသက္ ေျခာက္ႏွစ္သားအ႐ြယ္မွာ တေယာထိုးျခင္းကို စတင္သင္ၾကားေနၿပီျဖစ္ၿပီး ဂီတကိုလည္း ျမတ္ႏိုးတန္ဖိုးထားတတ္ေနၿပီျဖစ္သည္။ အသက္ ၁၀ ႏွစ္အ႐ြယ္တြင္ ေက်ာင္းမေနခ်င္ေတာ့ဘူးဟု မိဘမ်ားကို ေျပာခဲ့ဖူးပါသည္။

သူသည္ သခ်ၤာဘာသာရပ္တြင္ အလြန္ညံ့ဖ်င္းသည္။ ထို႔အျပင္ ေခါမႏွင့္ လက္တင္ဘာသာရပ္ဆိုင္ရာ သဒၵါသင္ၾကားရာမွာလည္း စိတ္ပါဝင္စားမႈမရွိခဲ့ေခ်။ သူ႕ကို ဦးေလးျဖစ္သူ Jakob က အကၡရာသခ်ၤာႏွင့္ ဂ်ီဩေမႀတီ သေဘာတရားမ်ားကို နားလည္ေအာင္ ရွင္းလင္းျပသေပးခဲ့သည့္အတြက္ အိုင္းစတိုင္းသည္ သခ်ၤာပညာတြင္ ဆရာမ်ားအံ့ဩေလာက္ေအာင္ ထူးခၽြန္လာခဲ့ၿပီး ပညာဆက္သင္ႏိုင္ခဲ့ေလသည္။

ပထမကမၻာစစ္ စတင္ရန္ နီးကပ္လာသည့္အခ်ိန္တြင္ ဂ်ာမန္လူမ်ိဳးႀကီးဝါဒ ႀကီးထြားလာေနၿပီး ပညာေရးစနစ္ကလည္း တင္းက်ပ္ျပင္းထန္လြန္းေနေလသည္။ အိုင္းစတိုင္း၏ မိဘမ်ားလည္း စီးပြားေရး အဆင္မေျပသည့္အတြက္ ဂ်ာမနီမွာ ဆက္ေနရန္ ခက္ခဲလာသည့္အတြက္ ျမဴးနစ္ၿမိဳ႕က မိတ္ေဆြတစ္ဦးဆီမွာ အိုင္းစတိုင္းကို အပ္ထားခဲ့ၿပီး သူတို႔က အီတလီႏိုင္ငံ မီလန္ၿမိဳ႕ကို ေျပာင္းေ႐ႊ႕သြားၾကသည္။ သို႔ေသာ္ အိုင္းစတိုင္းသည္ အထက္တန္းပညာ မၿပီးဆုံးခင္ ၁၅ ႏွစ္သားအ႐ြယ္မွာ ေက်ာင္းထုတ္ခံခဲ့ရၿပီး ဂ်ာမနီႏိုင္ငံကေန ထြက္ခြာၿပီး မိဘမ်ားရွိရာ မီလန္ကို လိုက္သြားခဲ့ေလသည္။

အိုင္းစတိုင္း၏ မိဘမ်ားသည္ စီးပြားေရး အေျခအေနမေကာင္းလွေသာ္လည္း သားျဖစ္သူကို ပညာတတ္ႀကီး ျဖစ္ေစခ်င္သည့္အတြက္ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕က သိပၸံေက်ာင္းတိုက္တြင္ ပညာဆက္သင္ႏိုင္ေအာင္ ပို႔ေပးခဲ့ေလသည္။ ဇူးရစ္သိပၸံေက်ာင္းကို ဝင္ခြင့္ရရန္ စာေမးပြဲေျဖဆိုရာမွာ အိုင္းစတိုင္းသည္ သခ်ၤာဘာသာတြင္ အမွတ္ေကာင္းေသာ္လည္း ႏိုင္ငံျခားဘာသာ (ေခါမ၊ လက္တင္)၊ ႐ုကၡေဗဒႏွင့္ သတၱေဗဒ ဘာသာရပ္မ်ားမွာ က်႐ႈံးခဲ့ေလသည္။ သို႔ေသာ္ ေက်ာင္းအာဏာပိုင္မ်ားက သခ်ၤာဘာသာရပ္တြင္ ထူးထူးျခားျခား ေတာ္ေနသည့္ အိုင္းစတိုင္းကို အထက္တန္းေက်ာင္း တစ္ေက်ာင္းမွာ ျပန္လည္သင္ယူဖို႔ အႀကံေပးခဲ့ၾကသည္။ အိုင္းစတိုင္းသည္ Aarau ဆိုသည့္ ၿမိဳ႕ငယ္ေလးက အထက္တန္းေက်ာင္း တစ္ေက်ာင္းတြင္ တစ္ႏွစ္ၾကာ တက္ေရာက္ ဆည္းပူးခဲ့ေလသည္။

သူသည္ ၁၈၉၆ ခုႏွစ္ ေအာက္တိုဘာလမွ ၁၉၀၀ ျပည့္ႏွစ္ ဩဂုတ္လအထိ ဇူးရစ္သိပၸံေက်ာင္းတြင္ ပညာသင္ၾကားေနခ်ိန္အတြင္း ဩစႀတီးယား ဟန္ေဂရီႏိုင္ငံက ဆာဘီးယား မ်ိဳးႏြယ္စုဝင္ မိန္းကေလး Mileva Maritsch နဲ႔ ခ်စ္ႀကိဳးသြယ္ခဲ့ေလသည္။ ေက်ာင္းၿပီးသြားသည့္အခ်ိန္တြင္ သူငယ္ခ်င္းျဖစ္သူ Grossmann ၏ အကူအညီျဖင့္ ဘန္းၿမိဳ႕မွ စက္မႈလုပ္ငန္းဆိုင္ရာ မူပိုင္ခြင့္ ကန္႔သတ္လက္မွတ္ ထုတ္ေပးသည့္ ႐ုံးတစ္႐ုံးတြင္ ၁၉၀၂ ဇူလိုင္လမွ စတင္ အလုပ္ဝင္ခဲ့ေလသည္။ ၁၉၀၃ ခုႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔တြင္ အိုင္းစတိုင္းႏွင့္ မီလီဗာတို႔ လက္ထပ္ခဲ့ေလသည္။

အိုင္းစတိုင္းသည္ တတ္ထားသည့္ပညာရပ္မ်ားႏွင့္ လားလားမွမဆိုင္ေသာ အလုပ္ကို လုပ္ေနရေသာ္ျငား စိတ္ပ်က္ျခင္းမရွိဘဲ အားလပ္ခ်ိန္မ်ားတြင္ တစ္ေယာက္တည္း စဥ္းစားေတြးေတာရင္း စာ႐ြက္လြတ္တစ္႐ြက္ေပၚမွာ ခဲတံတိုတစ္ေခ်ာင္းျဖင့္ တြက္ခ်က္ေနတတ္ေလသည္။ သူသည္ ဓာတ္ခြဲခန္းမရွိဘဲ ေရွ႕ ေခတ္အဆက္ဆက္က ပညာရွင္ႀကီးမ်ား၏ စာအုပ္စာတမ္းမ်ားကို ဖတ္႐ႈစဥ္းစားၿပီး တြက္ခ်က္လိုက္၊ အႀကံထုတ္လိုက္၊ ေညာင္းညာလာသည့္အခါ တေယာထိုးလိုက္ႏွင့္ ေနခဲ့ေလသည္။ ၁၉၀၅ ခုႏွစ္တြင္ သူ၏ ႏႈိင္းရသီအိုရီ (Relativity Theory) ကို ကမၻာသိေအာင္ တင္ျပႏိုင္ခဲ့ေလသည္။ ထို႔ေနာက္မွာေတာ့ ဇူးရစ္သိပၸံေက်ာင္းတိုက္က အိုင္းစတိုင္းကို အထူးပါေမာကၡရာထူးေပးၿပီး အလုပ္ခန္႔ခဲ့ေလသည္။ အိုင္းစတိုင္းသည္ ဂ်ာမနီဖြား ယဟူဒီအႏြယ္ဝင္ တစ္ဦး ျဖစ္သည့္အတြက္ မခန္႔ခ်င္ခန္႔ခ်င္ ခန္႔ခဲ့ၾကျခင္း ျဖစ္သည္။

ႏႈိင္းရသီအိုရီ သည္ အိုင္းစတိုင္း၏ အထူးႏႈိင္းရသီအိုရီႏွင့္ ေယဘုယ်ႏႈိင္းရသီအိုရီတို႔ၾကား အျပန္အလွန္ဆက္ႏြယ္ေပးသည့္ သီအိုရီျဖစ္သည္။အထူးႏႈိင္းရသီအိုရီသည္ ျဒပ္ဆြဲအားမွလြဲ၍ အေျခခံအမႈန္မ်ားႏွင့္ ယင္းတို႔၏ ႐ုပ္ပိုင္းဆိုင္ရာ အျပဳအမူမ်ားကို ေလ့လာသည္။ ေယဘုယ်ႏႈိင္းရသီအိုရီမွာ သဘာဝ၌ တည္ရွိေသာ ျဒပ္ဆြဲအားနိယာမႏွင့္ ယင္းတို႔၏အားမ်ားကို ရွင္းျပေပးသည္။ ယင္းသည္ စၾကာဝဠာေဗဒ၊ နကၡတၱဆိုင္ရာနယ္ပယ္ႏွင့္ နကၡတၱေဗဒတို႔ပါဝင္သည္။ သီအိုရီသည္ ၂၀ ရာစုႏွစ္မွ နယူတန္၏ မူလဘူထ မကၠင္းနစ္သီအိုရီမွ ဆင္းသက္လာျခင္းျဖစ္သည္။ ယင္းသည္ အာကာသႏွင့္ အခ်ိန္ကို ေပါင္းစပ္ေပးၿပီး ျဒပ္ဆြဲအား၊ အခ်ိန္ ခ်ဲထြင္မႈ၊ အလ်ား က်ဳံ႕မႈ စသည္တို႔ ပါဝင္သည္။ ႐ူပေဗဒနယ္ပယ္တြင္ ႏႈိင္းရသီအိုရီသည္ အေျခခံအမႈန္ႏွင့္ ယင္းတို႔၏ အျပန္အလွန္ဆက္ႏြယ္မႈမ်ားကို သိပၸံနည္းက် မြမ္းမံေပးခဲ့ၿပီး အဏုျမဴေခတ္ကို ဆန္းသစ္ေစခဲ့သည္။ ႏႈိင္းရသီအိုရီျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ စၾကာဝဠာေဗဒႏွင့္ နကၡတၱ႐ူပေဗဒတို႔သည္ နယူထ႐ြန္ၾကယ္၊ တြင္းနက္ႏွင့္ ျဒပ္ဆြဲအားလႈိင္းကဲ့သို႔ ထူးဆန္းေသာအရာမ်ားကို ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္ခဲ့သည္။

သူ၏ ေက်ာ္ၾကားလွသည့္ သီအိုရီကို ကမၻာသိေအာင္ မထုတ္ျပန္ခင္ တစ္ႏွစ္အလို ၁၉၀၄ ခုႏွစ္က မီလီဗာက သူတို႔ရဲ႕ သားဦး Hans Albert ကို ေမြးဖြားေပးခဲ့ပါသည္။ အိုင္းစတိုင္းသည္ သူ၏ သီအိုရီကို ကမၻာသိေအာင္ ထုတ္ျပန္ၿပီးသည့္ေနာက္တြင္ သေဘာတရားပိုင္းကေန သခ်ၤာ ႐ူပေဗဒ ျဖစ္လာေအာင္ ကိန္းဂဏန္းေတြ၊ ညီမၽွျခင္းေတြနဲ႔ ျပည့္စုံလာသည္အထိ ေျခာက္ႏွစ္ၾကာ ႀကိဳးစားခဲ့ေလသည္။ ၁၉၁၁ ခုႏွစ္ေရာက္ေသာအခါ သူ၏ အထူးရီေလတီဗတီ သီအိုရီ (Special Relativity Theory) သည္ သခ်ၤာပညာရပ္ဆိုင္ရာ ညီမၽွျခင္းမ်ားႏွင့္ ျပည့္စုံသြားေလေတာ့သည္။

၁၉၁၀ ခုႏွစ္ ဇြန္လ တြင္ မီလီဗာက ဒုတိယသား Edward ကို ေမြးဖြားခဲ့သည္။ ထိုအခ်ိန္တြင္ သူတို႔မိသားစုမွာ က်ပ္က်ပ္တည္းတည္း ႐ုန္းကန္ေနခဲ့ၾကရသည္။ ၁၉၁၀ ႏွစ္ကုန္ခါနီးတြင္ ဩစႀတီးယား ဟန္ေဂရီ အင္ပါယာ၏ ဘုရင္က အိုင္းစတိုင္းကို ပရပ္တကၠသိုလ္ (University of Prague) တြင္ ပါေမာကၡတာဝန္ ထမ္းေဆာင္ဖို႔ ဖိတ္ေခၚခဲ့သည္။ ထိုေနရာသည္ ဇူးရစ္ထက္ အစစအရာရာ သာသည့္ အေျခအေနရွိေသာေၾကာင့္ အိုင္းစတိုင္းက သြားခ်င္ေသာ္လည္း လူမ်ိဳးႀကီး စစ္ဝါဒကို မုန္းတီးေသာ မီလီဗာက အျပင္းအထန္ ကန္႔ကြက္ခဲ့ေလသည္။ သို႔ေသာ္ အိုင္းစတိုင္းကေတာ့ ပရပ္တကၠသိုလ္တြင္ သုံးႏွစ္ၾကာ တာဝန္ထမ္းေဆာင္ျဖစ္ခဲ့ေလသည္။ ထိုေနရာတြင္ အဖိႏွိပ္ခံဘဝကို နာက်ည္းေနေသာ ခ်က္လူမ်ိဳးမ်ားႏွင့္ ယဟူဒီလူမ်ိဳးမ်ား အမ်ားအျပား ရွိေလသည္။ ပရပ္တကၠသိုလ္မွာ အိုင္းစတိုင္း ရွိေနစဥ္က စာေရးဆရာ ကပ္ဖ္ကာ (Franz Kafka) ႏွင့္ ယဟူဒီေခတ္ပညာတတ္မ်ား ဦးေဆာင္ၿပီး ဇီယြန္လႈပ္ရွားမႈမ်ား လုပ္ေနခ်ိန္ ျဖစ္ေလသည္။

ထို႔ေနာက္ အိုင္းစတိုင္းသည္ လူမ်ိဳးေရး က်ဥ္းေျမာင္းမႈမ်ားကို စိတ္ပ်က္သည့္အတြက္ ၁၉၁၃ ခုႏွစ္တြင္ ဆြစ္ဇာလန္ႏိုင္ငံသို႔ ျပန္လာခဲ့သည္။ သူ႕အား ဇူးရစ္သိပၸံေက်ာင္းတိုက္က ႐ူပေဗဒဌာန အႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ရန္ ဖိတ္ေခၚသလို ဂ်ာမန္ဘုရင္ကလည္း ဘာလင္တကၠသိုလ္ ပါေမာကၡတာဝန္ ထမ္းေဆာင္ဖို႔ ကမ္းလွမ္းခဲ့ေလသည္။ အိုင္းစတိုင္းသည္ ဂ်ာမန္ဘုရင္၏ ကမ္းလွမ္းမႈကို လက္ခံခဲ့ၿပီး ၁၉၁၃ ခုႏွစ္မွာပင္ ဂ်ာမနီကို ျပန္သြားခဲ့ေလသည္။ ထိုအခ်ိန္မွစၿပီး သူႏွင့္ မီလီဗာတို႔လည္း လမ္းခြဲခဲ့ၾကေလသည္။

ဂ်ာမနီတြင္ အိုင္းစတိုင္းတစ္ေယာက္တည္း ျဖစ္ေနခ်ိန္တြင္ ညီမဝမ္းကြဲေတာ္စပ္သူ Elsa က လာေရာက္ ေစာင့္ေရွာက္ေပးခဲ့သည္။ အယ္လ္ဆာသည္ သမီးႏွစ္ေယာက္အေမ မုဆိုးမတစ္ဦးျဖစ္ေသာ္ျငား ဆြဲေဆာင္မႈအျပည့္ရွိေသာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေလသည္။ သူမသည္ အိုင္းစတိုင္းကို လိုေလေသးမရွိေအာင္ ျပဳစုေလသည္။ ၁၉၁၄ ခုႏွစ္ ပထမကမၻာစစ္ႀကီး စျဖစ္ေနေသာ္လည္း အိုင္းစတိုင္းကေတာ့ သူ၏ ရီေလတီဗတီ သီအိုရီကိုပဲ ဆက္လက္ တိုးခ်ဲ႕ဆန္႔ထုတ္ေနခဲ့သည္။ ၁၉၁၆ ခုႏွစ္ စစ္ျဖစ္ေနဆဲ အခ်ိန္တြင္ပင္ အိုင္းစတိုင္းသည္ သူ၏ ေယဘုယ်ႏႈိင္းရသီအိုရီ (General Theory of Relativity) ကို ပုံႏွိပ္ထုတ္ေဝလိုက္ေလသည္။

၁၉၁၉ ခုႏွစ္တြင္ အိုင္းစတိုင္းသည္ မီလီဗာႏွင့္ တရားဝင္ ကြာရွင္းၿပီး အယ္လ္ဆာႏွင့္ လက္ထပ္လိုက္သည္။ ထို႔ေနာက္ ၁၉၂၃ ခုႏွစ္တြင္ ႐ူပေဗဒပညာရပ္ဆိုင္ရာ ႏိုဘယ္လ္ဆုကို ခ်ီးျမႇင့္ခံရေလသည္။ ထိုဆုသည္ သူ၏ ေက်ာ္ၾကားလွေသာ ရီေလတီဗတီ သီအိုရီအတြက္ မဟုတ္ဘဲ အလင္းလၽွပ္စစ္အက်ိဳး (ဖိုတြန္သေဘာတရား) အတြက္ ရရွိျခင္းျဖစ္သည္။ ၁၉၃၃ ခုႏွစ္ေနာက္ပိုင္း ဟစ္တလာ အာဏာရလာသည့္အခါတြင္ လူမ်ိဳးႀကီးဝါဒမ်ား ျပန္လည္ေခါင္းေထာင္လာသည့္အတြက္ အိုင္းစတိုင္းသည္ အေမရိကန္ကို အၿပီးအပိုင္ ထြက္ခြာသြားခဲ့ေလသည္။

သူသည္ အေမရိကန္ ပရင့္စတန္တကၠသိုလ္တြင္ တာဝန္ထမ္းေဆာင္ေနရင္း ဒုတိယကမၻာစစ္ႀကီး အစပ်ိဳးေနခ်ိန္ ၁၉၃၉ ခုႏွစ္ ဩဂုတ္လ ၂ ရက္ေန႔တြင္ အေမရိကန္သမၼတ ဖရင္ကလင္ဒီ ႐ုစဗဲ့ဆီသို႔ အဏုျမဴဗုံးႏွင့္ ပတ္သက္၍ သတိေပးစာ ေရးသားခဲ့သည္။ သူ၏ စာေၾကာင့္ သမၼတ ႐ုစဗဲ့သည္ မန္ဟက္တန္ စီမံကိန္းကို ေရးဆြဲၿပီး အဏုျမဴဗုံး ထုတ္လုပ္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ၎အဏုျမဴဗုံး (သို႔) အက္တမ္ဗုံးကို ထုတ္လုပ္နည္းသည္ အိုင္းစတိုင္း၏ ကမၻာေက်ာ္ ညီမၽွျခင္းျဖစ္သည့္ E=mc2 ဆိုသည့္ ျဒပ္ထုစြမ္းအင္ တူညီျခင္း နိယာမတရားပင္ျဖစ္သည္။

“ေခါင္းထဲမ်ားမ်ားစားစား မရွိတဲ့သူဟာ အ၀တ္အစားေကာင္းေကာင္း၀တ္ျပီး ျပန္ထရတယ္” ဟူေသာ သူ႔စကားအတိုင္း အ၀တ္အစား ဂုဏ္ပကာသနကို မမက္ေမာဘဲ ဘ၀ကို ရိုးရွင္းစြာ ေနထိုင္သြားခဲ့သူပင္ ျဖစ္ပါသည္။ သူ႔ကိုၾကည့္လွ်င္ အျမဲတမ္း ဆံပင္စုတ္ဖြားႏွင့္ ေတြ႔ရပါမည္။ ႏႈတ္ခမ္းေမႊးတို႔ကို ရိတ္သင္ျခင္း မရွိေသာေၾကာင့္ ညႇင္းသိုးသိုးအသြင္ကို ေတြ႔ျမင္ရပါသည္။ ခႏၶာကိုမွာလည္း ပုပုေသးေသး ျဖစ္ရကား အထင္ႀကီးစရာ တစက္မွ မရွိပါေခ်။

တခါေသာ္ ဘယ္လ္ဂ်ီယံ ဘုရင္မႀကီးသည္ အိုင္စတိုင္းအား အထူးဧည့္သည္ေတာ္အျဖစ္ သူ႔တိုင္းျပည္သို႔ လာေရာက္လည္ပတ္ရန္ ဖိတ္ၾကားခဲ့ပါသည္။ ဖိတ္ၾကားထားေသာေန႔တြင္ ဇိမ္ခံကားႀကီးႏွင့္ အတူ ႀကိဳဆိုေရး အဖြဲ႔ကို ဘူတာရံုသို႔ ေစလႊတ္လိုက္ပါသည္။ ရထားဆိုက္ေရာက္ေသာအခါ ႀကိဳဆိုေရးအဖြဲ႔၀င္မ်ားသည္ကမၻာေက်ာ္ သိပၸံပညာရွင္ႀကီးအား သဲႀကီးမဲႀကီး ရွာေဖြၾကပါသည္။ သူတို႔သည္ အိုင္စတိုင္းကို မေတြ႔ၾကပါ။ ထိုအခ်ိန္တြင္ အိုင္စတိုင္းသည္ အ၀တ္အစား ခပ္ႏြမ္းႏြမ္းကို၀တ္ကာ သူ၏လက္ဆြဲေသတၱာႏွင့္ တေယာအိတ္ေလးကို ဆြဲရင္း လမ္းေလွ်ာက္သြားေနပါသည္။ နန္းေတာ္ကို လမ္းေလွ်ာက္လာေသာ အိုင္းစတိုင္းကို ဘုရင္မႀကီးက-ဘာေၾကာင့္ ကားျဖင့္မလာဘဲ လမ္းေလွ်ာက္လာရပါသနည္း-ဟုေမးျမန္းေသာအခါ အိုင္စတိုင္းက လမ္းေလွ်ာက္တာပဲ ေကာင္းပါတယ္ ဘုရင္မႀကီး-ဟု ျပန္လည္ေျဖၾကားခဲ့ပါသည္။ အိုင္စတိုင္းသည္ သူ႔ဘ၀တေလွ်ာက္တြင္ လန္ခ်ား ဘယ္အခါမွ် မစီးခဲ့ေခ်။ လူကို လူက စီးရေသာလန္ခ်ားကို မစီးလိုဟု အျမဲ ျငင္းပယ္ခဲ့ေလသည္။ ဤသို႔ အေနအထိုင္ ရိုးသား၍ အေတြးအေခၚ ေခတ္မီေသာ အိုင္စတိုင္း၏ဘ၀မွာ စိတ္၀င္စားဖြယ္ ေကာင္းလွသည္။

သူသည္ စစ္ႀကီးၿပီးသည့္ေနာက္တြင္ အဏုျမဴစြမ္းအင္ကို ေကာင္းသည့္ဘက္တြင္ အသုံးခ်ရန္ တိုက္တြန္းခဲ့ေလသည္။ ထို႔ေနာက္ သူ၏ ေပါင္းစပ္စက္ကြင္း သီအိုရီကို တင္ျပခဲ့သည္။ ထိုသီအိုရီသည္ ရွင္းလင္းလြယ္ကူမႈ မရွိသည့္အတြက္ လူအမ်ား နားမလည္ခဲ့ေခ်။ ထို သီအိုရီကို ပို၍ ရွင္းလင္းလြယ္ကူေအာင္ ထပ္မံရွင္းမျပႏိုင္ခင္ ၁၉၅၅ ခုႏွစ္၊ ဧၿပီလ ၁၈ ရက္ မနက္ ၁ နာရီ ၂၅ မိနစ္တြင္ အိုင္းစတိုင္းသည္ ပရင္စတန္ ေဆး႐ုံႀကီးေပၚမွာ ေသဆုံးသြားခဲ့ေလသည္။

အိုင္းစတုိင္း၏လူသိနည္းေသာ အေၾကာင္းအရာမ်ား

၁။ အိုင္းစတိုင္းဟာ အသက္ ၄ ႏွစ္အရြယ္ကစလို႔ စကားေျပာတတ္ ခဲ့ပါတယ္။ သုိ႔ေပမယ့္ အသက္ ၉ ႏွစ္အထိ စကားကို ပီပီျပင္ျပင္၊ မ်ားမ်ားစားစား မေျပာႏိုင္ပါဘူး။ တစ္ရက္ မိသားစုႏွင့္ ညစာစားစဥ္ခ်ိန္မွ ” The Soup is too hot” လို႔ စေျပာျပီး သူစကားေျပာတတ္ရဲ ႔သားနဲ႔ မေျပာပဲ ေနခဲ့ တယ္ဆုိတာ ကို သိသြားပါတယ္။ သူ႔ရဲ ႔အေၾကာင္းျပခ်က္ကေတာ့ “Because up to now everything was in order.” ျဖစ္ပါတယ္။

၂။ အသက္ ၅ ႏွစ္အရြယ္မွာ ဖခင္ျဖစ္သူက သူ႔ကို သံလိုက္အိမ္ေျမာင္ တစ္ခု လက္ေဆာင္ေပးခဲ့ျပီး ရူပေဗဒပညာအေပၚ ရူးသြပ္ျခင္းကို ယင္း သံလိုက္ အိမ္ေျမာင္မွ စတင္ခဲ့ျခင္း ျဖစ္ပါတယ္။ သံလိုက္အိမ္ေျမာင္ဟာ ဘာလို႔ အရပ္ မ်က္ႏွာျပသမွုမွာ ပံုေသျဖစ္ေနရတာလည္းကို စတင္ စိတ္ဝင္စား ခဲ့ျခင္း ျဖစ္ ပါတယ္။

၃။ ေက်ာင္းပညာေရးမွာ ညံ့ဖ်င္းျပီး စာေမးပြဲေတာက္ေလွ်ာက္က်တဲ့ အတြက္ ေက်ာင္းအထုတ္ခံရပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္က လည္း ေကာလိပ္ဝင္ခြင့္ေျဖဆုိတာ သခၤ်ာနဲ႔ ရူပေဗဒကလြဲလို႔ က်န္တဲ့ ဘာသာေတြ က်ပါတယ္။

၄။ အိုင္းစတိုင္း ပထမဇနီး Mileav Maric နဲ႔လမ္းခြဲရတဲ့အေၾကာင္းက သူ႔မွာ ေမာင္ႏွမဝမ္းကြဲေတာ္သူ မိန္းကေလး Elsa နဲ႔ခ်စ္ၾကိဳက္ေန လို႔ ျဖစ္ပါတယ္။

၅။ ၁၉၂၁ ခုႏွစ္မွာ ရူပေဗဒဘာသာရပ္နဲ႕ ႏုိဘယ္ဆု ရရွိခဲ့ျပီး သူ႕ကုိ နာမည္ၾကီးေစတဲ့ Relativity နဲ႕ ရခဲ့တာ မဟုတ္ဘဲ photoelectric effect နဲ႕ ရခဲ့တာျဖစ္ပါတယ္။ ႏိုဘယ္ဆုက ရခဲ့တဲ့ ပုိက္ဆံေတြကုိ ပထမဇနီးနဲ႕ ကြာရွင္းျပတ္စဲတဲ့ ေနရာမွာ အသံုးျပဳခဲ့ပါတယ္။

၅။ City Light အမည္ရ ေဟာလိဝုဒ္ရုပ္ရွင္ ရံုအတင္ဖြင့္ပြဲကို အိုင္းစတိုင္းေရာက္ျဖစ္စဥ္ ဟာသမင္းသား ခ်ာလီခ်က္ပလင္ နဲ႔ ေတြ႔ဆံုစဥ္ ခ်ာလီမွ သူ႔ကုိ စကားတစ္ခြန္းေျပာခဲ့ပါတယ္။ “ကြ်န္ေတာ့ကိုက် လူေတြ နားလည္လို႔ အားေပးၾကတယ္။ ခမ်ားကိုက် လူေတြနားမလည္လို႔ အားေပးၾကတယ္”

၇။ ဟစ္တလာက အိုင္းစတိုင္းကို နံပါတ္တစ္ ျပည္သူ႔ ရန္သူ အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

၈။ အိုင္းစတိုင္းကြယ္လြန္ခ်ိန္မွာ သူ႔ဦးေႏွာက္ကို အဖယ္ရွားခံခဲ့ရပါတယ္။ သူ႔မိသားစု ခြင့္ျပဳခ်က္ကို ႏွစ္အေတာ္ၾကာမွ ျပန္လည္ေတာင္း ဆုိတာ ျဖစ္ပါတယ္။ ဖယ္ရွားသူကေတာ့ ေဒါက္တာ ေသာမတ္စ္ (Thomas Stoltz Harvey) ျဖစ္ျပီး ေလ့လာစစ္ေဆးရန္ ျဖစ္ပါတယ္။ ကမၻာတစ္လႊား က ေဆးပညာရွင္၊ Scientist မ်ားထံ ပို႔ခဲ့ျပီး အေျဖရွာရာ သာမန္လူေတြထက္ ထူးျခားတဲ့ ဦးေႏွာက္ကို ပိုင္ဆိုင္ထားေၾကာင္း ေလ့လာေတြ႔ရွိခဲ့ပါတယ္။

၉ ။ အိုင္းစတိုင္းဟာ တေယာတီး ဝါသနာ ပါသူ တစ္ဦးျဖစ္ပါတယ္။ ” အကယ္၍ ရူပေဗဒပညာရွင္သာ ျဖစ္မလာရင္၊ ကြ်န္ေတာ္ဟာ အႏုပညာရွင္ တစ္ဦး ျဖစ္ေနေလာက္ပါျပီ။ သီခ်င္းေတြကို ထိုင္ေတြးေနမိျပီး အိပ္မက္ထဲမွာလည္း သီခ်င္းေတြၾကားထဲမွာ ေနထိုင္ေနပါတယ္။ တေယာတီးမိတဲ့ အခ်ိန္က် ဘဝရဲ ႔ အေပ်ာ္ဆံုး အခ်ိန္တစ္ခုလိုပဲ သတ္မွတ္ခံစားရပါတယ္” လို႔ေျပာဆုိခဲ့ဖူးပါတယ္။

၁၀။ အုိင္းစတုိင္းကုိ အစၥေရးႏုိင္ငံ သမၼတရာထူးကုိ ျငင္းပယ္ခဲ့ဖူးပါတယ္။ ၁၉၅၂ ခုႏွစ္က အစၥေရးရဲ ႔ ပထမဆံုး သမၼတ Chaim Weizmann ကြယ္လြန္ၿပီးတဲ့ေနာက္ အစၥေရး ဝန္ၾကီးခ်ဳပ္က အုိင္းစတုိင္း ကို သမၼတရာထူးကုိ လက္ခံရန္ကမ္းလွမ္းခဲ့ေပမယ့္ အုိင္းစတုိင္းက စဥ္းေတာင္မစဥ္းစားပဲ ဒီလုိေျပာရင္း ခ်က္ခ်င္းျငင္းပယ္ခဲ့ပါတယ္။
“ကြ်န္ေတာ္ ပါရမီပါတဲ့အရာဟာ ရူပေဗဒႏွင့္ သိပၸံ ပညာရပ္ေတြမွာျဖစ္ၿပီး ႏုိင္ငံေရးနယ္ပယ္မွာ မဟုတ္ပါ။”

Ref : Albert Einstein Biography, Einstein and his love of music” Physics World , Myanmar Wikipedia


ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းအကြောင်း သိကောင်းစရာ (unicode)

အဲလ်ဘတ် အိုင်းစတိုင်း ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဖွားမြင်ခဲ့သည်။ သူ၏ မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္တဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။ အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။

အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။

သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းသည်။ ထို့အပြင် ခေါမနှင့် လက်တင်ဘာသာရပ်ဆိုင်ရာ သဒ္ဒါသင်ကြားရာမှာလည်း စိတ်ပါဝင်စားမှုမရှိခဲ့ချေ။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာနှင့် ဂျီဩမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့ဩလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာဆက်သင်နိုင်ခဲ့လေသည်။

ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် ၁၅ နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။

အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ (ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်သင်ယူဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခဲ့လေသည်။

သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။ ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။

အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီ (Relativity Theory) ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ယဟူဒီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။

နှိုင်းရသီအိုရီ သည် အိုင်းစတိုင်း၏ အထူးနှိုင်းရသီအိုရီနှင့် ယေဘုယျနှိုင်းရသီအိုရီတို့ကြား အပြန်အလှန်ဆက်နွယ်ပေးသည့် သီအိုရီဖြစ်သည်။အထူးနှိုင်းရသီအိုရီသည် ဒြပ်ဆွဲအားမှလွဲ၍ အခြေခံအမှုန်များနှင့် ယင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အပြုအမူများကို လေ့လာသည်။ ယေဘုယျနှိုင်းရသီအိုရီမှာ သဘာဝ၌ တည်ရှိသော ဒြပ်ဆွဲအားနိယာမနှင့် ယင်းတို့၏အားများကို ရှင်းပြပေးသည်။ ယင်းသည် စကြာဝဠာဗေဒ၊ နက္ခတ္တဆိုင်ရာနယ်ပယ်နှင့် နက္ခတ္တဗေဒတို့ပါဝင်သည်။ သီအိုရီသည် ၂၀ ရာစုနှစ်မှ နယူတန်၏ မူလဘူထ မက္ကင်းနစ်သီအိုရီမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းသည် အာကာသနှင့် အချိန်ကို ပေါင်းစပ်ပေးပြီး ဒြပ်ဆွဲအား၊ အချိန် ချဲထွင်မှု၊ အလျား ကျုံ့မှု စသည်တို့ ပါဝင်သည်။ ရူပဗေဒနယ်ပယ်တွင် နှိုင်းရသီအိုရီသည် အခြေခံအမှုန်နှင့် ယင်းတို့၏ အပြန်အလှန်ဆက်နွယ်မှုများကို သိပ္ပံနည်းကျ မွမ်းမံပေးခဲ့ပြီး အဏုမြူခေတ်ကို ဆန်းသစ်စေခဲ့သည်။ နှိုင်းရသီအိုရီဖြင့် ရုပ်ပိုင်းဆိုင်ရာ စကြာဝဠာဗေဒနှင့် နက္ခတ္တရူပဗေဒတို့သည် နယူထရွန်ကြယ်၊ တွင်းနက်နှင့် ဒြပ်ဆွဲအားလှိုင်းကဲ့သို့ ထူးဆန်းသောအရာများကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။

သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့ပါသည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေတီဗတီ သီအိုရီ (Special Relativity Theory) သည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။

၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကျည်းနေသော ချက်လူမျိုးများနှင့် ယဟူဒီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ယဟူဒီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။

ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။

ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီ သီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျနှိုင်းရသီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။

၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။

သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။

“ခေါင်းထဲများများစားစား မရှိတဲ့သူဟာ အဝတ်အစားကောင်းကောင်းဝတ်ပြီး ပြန်ထရတယ်” ဟူသော သူ့စကားအတိုင်း အဝတ်အစား ဂုဏ်ပကာသနကို မမက်မောဘဲ ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့သူပင် ဖြစ်ပါသည်။ သူ့ကိုကြည့်လျှင် အမြဲတမ်း ဆံပင်စုတ်ဖွားနှင့် တွေ့ရပါမည်။ နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ခြင်း မရှိသောကြောင့် ညှင်းသိုးသိုးအသွင်ကို တွေ့မြင်ရပါသည်။ ခန္ဓာကိုမှာလည်း ပုပုသေးသေး ဖြစ်ရကား အထင်ကြီးစရာ တစက်မှ မရှိပါချေ။

တခါသော် ဘယ်လ်ဂျီယံ ဘုရင်မကြီးသည် အိုင်စတိုင်းအား အထူးဧည့်သည်တော်အဖြစ် သူ့တိုင်းပြည်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောနေ့တွင် ဇိမ်ခံကားကြီးနှင့် အတူ ကြိုဆိုရေး အဖွဲ့ကို ဘူတာရုံသို့ စေလွှတ်လိုက်ပါသည်။ ရထားဆိုက်ရောက်သောအခါ ကြိုဆိုရေးအဖွဲ့ဝင်များသည်ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအား သဲကြီးမဲကြီး ရှာဖွေကြပါသည်။ သူတို့သည် အိုင်စတိုင်းကို မတွေ့ကြပါ။ ထိုအချိန်တွင် အိုင်စတိုင်းသည် အဝတ်အစား ခပ်နွမ်းနွမ်းကိုဝတ်ကာ သူ၏လက်ဆွဲသေတ္တာနှင့် တယောအိတ်လေးကို ဆွဲရင်း လမ်းလျှောက်သွားနေပါသည်။ နန်းတော်ကို လမ်းလျှောက်လာသော အိုင်းစတိုင်းကို ဘုရင်မကြီးက-ဘာကြောင့် ကားဖြင့်မလာဘဲ လမ်းလျှောက်လာရပါသနည်း-ဟုမေးမြန်းသောအခါ အိုင်စတိုင်းက လမ်းလျှောက်တာပဲ ကောင်းပါတယ် ဘုရင်မကြီး-ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ အိုင်စတိုင်းသည် သူ့ဘဝတလျှောက်တွင် လန်ချား ဘယ်အခါမျှ မစီးခဲ့ချေ။ လူကို လူက စီးရသောလန်ချားကို မစီးလိုဟု အမြဲ ငြင်းပယ်ခဲ့လေသည်။ ဤသို့ အနေအထိုင် ရိုးသား၍ အတွေးအခေါ် ခေတ်မီသော အိုင်စတိုင်း၏ဘဝမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့လေသည်။

အိုင်းစတိုင်း၏လူသိနည်းသော အကြောင်းအရာများ

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ် ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ ” The Soup is too hot” လို့ စပြောပြီး သူစကားပြောတတ်ရဲ့သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ “Because up to now everything was in order.” ဖြစ်ပါတယ်။

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွပ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။

၄။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။

၅။ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒဘာသာရပ်နဲ့ နိုဘယ်ဆု ရရှိခဲ့ပြီး သူ့ကို နာမည်ကြီးစေတဲ့ Relativity နဲ့ ရခဲ့တာ မဟုတ်ဘဲ photoelectric effect နဲ့ ရခဲ့တာဖြစ်ပါတယ်။ နိုဘယ်ဆုက ရခဲ့တဲ့ ပိုက်ဆံတွေကို ပထမဇနီးနဲ့ ကွာရှင်းပြတ်စဲတဲ့ နေရာမှာ အသုံးပြုခဲ့ပါတယ်။

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ “ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်”

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ ” အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်” လို့ပြောဆိုခဲ့ဖူးပါတယ်။

၁၀။ အိုင်းစတိုင်းကို အစ္စရေးနိုင်ငံ သမ္မတရာထူးကို ငြင်းပယ်ခဲ့ဖူးပါတယ်။ ၁၉၅၂ ခုနှစ်က အစ္စရေးရဲ့ ပထမဆုံး သမ္မတ Chaim Weizmann ကွယ်လွန်ပြီးတဲ့နောက် အစ္စရေး ဝန်ကြီးချုပ်က အိုင်းစတိုင်း ကို သမ္မတရာထူးကို လက်ခံရန်ကမ်းလှမ်းခဲ့ပေမယ့် အိုင်းစတိုင်းက စဉ်းတောင်မစဉ်းစားပဲ ဒီလိုပြောရင်း ချက်ချင်းငြင်းပယ်ခဲ့ပါတယ်။
“ကျွန်တော် ပါရမီပါတဲ့အရာဟာ ရူပဗေဒနှင့် သိပ္ပံ ပညာရပ်တွေမှာဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှာ မဟုတ်ပါ။”

Ref : Albert Einstein Biography, Einstein and his love of music” Physics World , Myanmar Wikipedia

Leave a Reply