ကမ္ဘာတစ်လွှားက စိတ်ဝင်စားစရာ ဓာတ်ပုံများ – ၅

Posted on


ပေါင်ချိန် ၇၀၀ ရှိသူတစ်ဦးရဲ့ X-Ray ဓာတ်ပုံ


၁၉၀၀ တစ်ဝိုက်က ပြင်သစ်မြေအောက်ဂိုဏ်းသားတွေအသုံးပြုတဲ့ လက်နက်ပါ။ Apache revolver လို့ခေါ်ပြီး သေနတ် ၊ ဓား နဲ့ သံလက်သီးစွပ်အဖြစ် သုံးမျိုးသုံးနိုင်ပါတယ်။


အင်္ဂလန်နိုင်ငံ Tintagel တောင်ထိပ်မှာရှိတဲ့ ဘုရင်အာသာရဲ့ သူ့ရဲတိုက်ဘက်ကို ကြည့်နေတဲ့ရုပ်တုပါ။ ဘုရင်အာသာ(King Authur) ဟာ ငါးရာစုနှစ်ခန့်က ဗြိတိန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်လာသော ဆက္ကဆွန်လူမျိုး များကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံ လှသည့် အာဇာနည်ဘုရင်အဖြစ်ထင်ရှားပါတယ်။


အမေရိကန်ရဲ့ မြောက်ဘက်အကျဆုံးပြည်နယ်ဖြစ်တဲ့ Maine ပြည်နယ်က ကျောင်းကြိုကျောင်းပို့ယာဉ် ၊ ၁၉၃၀ ခုနှစ်


ရုရှားရေငုပ်သင်္ဘောပေါ်တက်ရောက် အိပ်ပျော်နေခဲ့သော ဧရာမ ဆင်ဖျံကြီး


တောင်အာဖရိက က “Tree of Life” လို့အမည်ပေးထားတဲ့ ဧရာမသစ်ပင်ကြီး ၊ သက်တမ်း နှစ် ၃၀၀၀ ကျော်ရှိပါပြီ။


ဗီယက်နမ်စစ်ပွဲအတွင်းက ဗီယက်ကောင်း အမျိုးသမီးစစ်သည်များ


ဂျာမဏီ Hockenheimring ကွင်းထဲက ကားပြိုင်ပွဲ ၊ ၁၉၇၀ခုနှစ်


ကမ္ဘာ့နံပါတ် ၁ ဟာသ သရုပ်ဆောင် ချာလီချက်ပလင်ရဲ့ ကလေးဘ၀ပုံရိပ်


ချာလီချက်ပလင်ရဲ့ အမှတ်အသားပစ္စည်းများ


၁၉၅၀ ၀န်းကျင်က Beauty Saloon တွေမှာသုံးတဲ့ ဆံပင်ခြောက်စက်


ကမ္ဘာကျော်မင်းသမီး မာလင်မွန်ရိုး ပထမဆုံး အလှဓာတ်ပုံများရိုက်ကူးစဉ်


၁၉၀၀ ၀န်းကျင်က ဗင်းနစ်မြို့မြင်ကွင်း


အီဂျစ်ပိရမစ်တွေပေါ်ကနေ ဖြတ်ပျံသန်းနေတဲ့ ဂျာမဏီလေသင်္ဘောကြီး Zeppelin ၊ ၁၉၃၀ ခုနှစ်


ရေဘ၀ဲရဲ့ဥများ


Dali Atomicus လို့အမည်ရတဲ့ ကမ္ဘာကျော်ဓာတ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ တစ်ခုခုဖြစ်တော့အခြေအနေကို ရပ်တန့်ထားတဲ့ ပုံဆိုတာတွေ့ကြမှာပါ။ ဒီနေ့ခေတ် လိုဓာတ်ပုံပြင်တဲ့ဆော့ဝဲတွေမပေါ်ခင်က ရိုက်ခဲ့ရတဲ့ ဓာတ်ပုံဖြစ်ပြီး ဒီအချိန်ကိုက် ဓာတ်ပုံရရှိလာဖို့ ၆နာရီကြာ ၂၈ကြိမ်ကြိုးစားခဲ့ရပါတယ်။ Atomicus ဆိုတဲ့အဓိပ္ပါယ်ကတော့ ဆိုင်းငံ့ခြင်းဖြစ်ပါတယ်။

 


အတိုက်ခံရပြီးတဲ့နောက်မှာ တွေ့ရတဲ့ ဝေလမင်းသမီးဒိုင်ယာနာစီးလာတဲ့ကားပါ။

 


ရေပြင်စကိတ်စီးသူပေါင်း ၁၄၅ယောက်ကို တစ်ပြိုင်နက်ဆွဲလာတဲ့ မော်တော်ဘုတ်တစ်စင်း

 


၁၉၄၅ခုနှစ် ၈နာရီ ၁၅မိနစ် ဟီရိုရှီးမားမြို့ကို အနုမြူဗုံးစကြဲကြဲခြင်း ရပ်တန့်သွားခဲ့တဲ့ နာရီကိုပြသထားစဉ်

 


ဂျပန်နိုင်ငံ Okayama မြို့က အပန်းဖြေကစားကွင်းတစ်ခုမှာရှိတဲ့ ကောင်းကင်စက်ဘီး ၊ အမြင့်ပေ ၅၀


မီးလောင်နေတဲ့ သစ်တုံးကြီးတစ်တုံးရဲ့ အတွင်းဘက်


ကမ္ဘာထက် အရွယ်အစားနှစ်ဆပိုကြီးတဲ့ စနေဂြိုဟ်က ဟာရီကိန်းမုန်တိုင်းကြီး


အမေရိကအလယ်ပိုင်း El Salvador နိုင်ငံက အကျဉ်းစခန်းတစ်ခုမြင်ကွင်း


အီသီယိုးပီးယားနိုင်ငံ Erta Ale မီးတောင် ချော်ရည်ကန်


တရုတ်နိုင်ငံ လျို့ဝှက်မြို့တော်မှာရှိတဲ့ တရုတ်အင်ပါယာ ဧကရာဇ်ရဲ့ပုလ္လင်


၁၈၆၀ ၀န်းကျင် ဂျပန်ဆာမူရိုင်းတို့ရဲ့ခေါင်းဆောင်းအမျိုးမျိုး


အိန္ဒိယနိုင်ငံက Ranakpur ဂျိန်းဘုရားကျောင်း


ဂျိန်းဘုရားကျောင်းရဲ့ အတွင်းဘက်မြင်ကွင်း

 


အီဂျစ်နိုင်ငံ ကာနက်ဘုရားကျောင်းမှာရှိတဲ့ ရှေးဟောင်းအီဂျစ်ပြက္ခဒိန်


စပိန်နိုင်ငံ မက်ဒရစ်မြို့ Almudena ဘုရားရှိခိုးကျောင်းရဲ့ တံခါးမကြီး

 


ပရိသတ်ပေါင်း ၁.၆သန်း လာရောက်အားပေးတဲ့ Monsters of Rock ဂီတပွဲကြီး၊
၁၉၉၁ခုနှစ်က ရုရှားနိုင်ငံ မော်စကိုမှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ AC/DC, Pantera, Metallica, The Black Crowes, E.S.T စတဲ့ ကမ္ဘာကျော်ဂီတအဖွဲ့တွေပါဝင်ခဲ့ပါတယ်။

 


လက်ရှိအချိန်မှာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၁၂ဘီလျံ နဲ့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာခဲ့တဲ့ အမေဇုန်သူဌေးကြီး jeff bezos ရဲ့၁၉၉၉ခုနှစ်က ရုံးခန်းကျဉ်းကျဉ်းလေးမှာ အလုပ်ရှုပ်နေတဲ့ပုံဖြစ်ပါတယ်။


၁၉၉၄ခုနှစ် သြဂုတ်လ ၂၀ရက်နေ့ အမေရိကန် ဟာဝိုင်ရီက ဆပ်ကပ်တစ်ခုကနေ Tyke ဆိုတဲ့ဆင်ကြီးတစ်ကောင်ဟာ လမ်းပေါ်ကိုလွတ်ထွက်လာခဲ့ပါတယ်။ သူ့လေ့ကျင့်ပေးသူ Allen Campbell ကိုသတ်ဖြတ်ကာ အခြားဝန်ထမ်းတွေကိုလည်း ဒါဏ်ရာရစေခဲ့ပြီးတဲ့နောက် ထွက်ပြေးလာခဲ့တာပါ။ မိနစ် ၃၀ကြာ ဖမ်းဆီးဖို့ကြိုးစားကြပေမယ့် မရတဲ့အဆုံးမှာ ရဲတွေဟာ သေနတ်ပေါင်း ၈၆ချက်ပစ်ကာ ဆင်ကြီးကိုအသေပစ်သတ်ခဲ့ကြပါတယ်။

Leave a Reply