ကမာၻ႔အျမင့္ဆုံး ရုပ္ပြားေတာ္ Spring Temple Buddha အေၾကာင္းသိေကာင္းစရာ

Posted on

ကမာၻေပၚမွာ အျမင့္ဆုံးလုိ႔ သတ္မွတ္ထားတဲ့ရုပ္ပြားေတာ္ကေတာ့ တရုတ္ႏုိင္ငံ ဟီနန္ျပည္နယ္ Zhaocun ၿမဳိ႕မွာတည္ရွိတဲ့ Spring Temple Buddha လုိ႔ အမည္ရတဲ့ရုပ္ပြားေတာ္ျဖစ္ပါတယ္။ စုစုေပါင္း အျမင့္ေပ ၅၀၂ ေပ ရွိပါတယ္။

ဒီေနရာမွာ အမ်ားစုသိထားၾကတာက ကမာၻ႔အျမင့္ဆုံးရုပ္ပြားေတာ္ဟာ ျမန္မာႏုိင္ငံ မုံရြာက ေလးကြ်န္းစၾကာရပ္ေတာ္မူ ရုပ္ပြားေတာ္ျဖစ္ပါတယ္။ ဒါကလည္း မမွားပါဘူး။ ေလးကြ်န္းစၾကာရုပ္ပြားေတာ္ရဲ႕ စုစုေပါင္း အျမင့္ဟာ ၄၂၄ေပ ျဖစ္ပါတယ္။ Spring Temple ရဲ႕ ၅၀၂ မွာ ေအာက္ခံခုံႏွစ္ခုေပါင္း ၁၄၅ေပ ပါ၀င္ေနၿပီး ေလးကြ်န္းစႀကာရုပ္ပြားေတာ္ရဲ႕ ၄၂၄ေပမွာ ေအာက္ခံခုံအျမင့္ ၄၄ေပ ပါ၀င္ေနပါတယ္။

ဒါေၾကာင့္ ရုပ္ပြားေတာ္ခ်ည္းပဲ သက္သက္ဆုိရင္ ေလးကြ်န္းစၾကာက ၃၈၀ေပျမင့္ၿပီး Spring Temple က ၃၆၇ေပ ျမင့္ပါတယ္။ ဒါေၾကာင့္ ေလးကြ်န္းစၾကာကုိ ရုပ္ပြားေတာ္ခ်ည္းပဲ ကမာၻ႔အျမင့္ဆုံးလုိ႔ ဆုိႏုိင္ပါတယ္။ ကမာၻကေတာ့ စုစုေပါင္းအျမင့္နဲ႔ပဲ သတ္မွတ္တာေၾကာင့္ Spring Temple က ပထမျဖစ္ၿပီး ေလးကြ်န္းစၾကာက ဒုတိယျဖစ္သြားရျခင္းပါ။ ၂၀၀၈ခုႏွစ္မွာေတာ့ ရုပ္ပြားေတာ္တည္ထားတဲ့ေတာင္ကုန္း နဲ႔ ေအာက္ခံခုံကုိ ႏွစ္ခုျဖစ္ေအာင္ ျပင္ဆင္တည္ေဆာက္ခဲ့တဲ့အတြက္ ရုပ္ပြားေတာ္ရဲ႕စုစုေပါင္းအျမင့္ဟာ ၆၈၂ေပ ျဖစ္လာခဲ့ပါတယ္။

မူလ အာဖကန္ႏုိင္ငံ ဘာမီယန္ေဒသမွာ တည္ရွိတဲ့ အျမင့္ဆုံး ရပ္ေတာ္မူရုပ္ပြားေတာ္ႏွစ္ဆူကို တာလီဘန္တုိ႔ဖ်က္ဆီးလုိက္ၿပီးေနာက္ Spring Temple ရုပ္ပြားေတာ္ကုိ တည္ေဆက္ဖုိ႔ အစီအစဥ္ခ်မွတ္ခဲ့တာပဲျဖစ္ပါတယ္။ Spring Temple ရုပ္ပြားေတာ္ကုိ ၁၉၉၇ခုႏွစ္က တည္ေဆာက္ခဲ့ၿပီး ၂၀၀၈ခုႏွစ္မွာ ၿပီးဆုံးခဲ့တဲ့အတြက္ တည္ေဆာက္ခ်ိန္ ၁၁ႏွစ္နီးပါးၾကာျမင့္ခဲ့ပါတယ္။ တည္ေဆာက္စရိတ္ အေမ၇ိကန္ေဒၚလာ ၅၅သန္းနီးပါးကုန္က်ခဲ့ပါတယ္။ စုစုေပါင္း အေလးခ်ိန္ တန္ ၁၀၀၀ ရွိတဲ့ ေၾကးနီအပုိင္းအစေပါင္း ၁၁၀၀ ေက်ာ္နဲ႔တည္ေဆာက္ထားပါတယ္။

ရုပ္ပြားေတာ္ရဲ႕ ေျခရင္းမွာေတာ့ အေလးခ်ိန္ တန္ ၁၁၆တန္ေလးတဲ့ ကံေကာင္းေစေသာေခါင္းေလာင္း(Bell of Good Luck) နဲ႔ ထန္မင္းလက္ထက္က တည္ေဆာက္ခဲ့တဲ့ Foquan ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းတစ္ခုလည္းရွိပါတယ္။ ေအာက္ေျခကေန ရုပ္ပြားေတာ္ဆီကုိေရာက္ဖုိ႔ေလွကားထစ္အဆင့္ေပါင္း ၁၀၀၀ ေက်ာ္ကိုတက္ရမွာျဖစ္ပါတယ္။

ရုပ္ပြားေတာ္ရဲ႕အမည္ကုိ အနီးမွာရွိတဲ့ Tianrui hot spring ကိုအေၾကာင္းျပဳေခၚေ၀ၚထားတာျဖစ္ပါတယ္။ Tianrui hot spring ဟာ ၆၀ဒီဂရီဆဲစီးယပ္စ္ အပူခ်ိန္ရွိတဲ့ ေရမ်ားထြက္ၿပီး အနာေရာဂါမ်ားေပ်ာက္ကင္းေစတဲ့ ဂုဏ္သတၱိရွိတယ္လုိ႔ နာမည္ႀကီးပါတယ္။


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် Spring Temple Buddha အကြောင်းသိကောင်းစရာ (unicode)

ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံ ဟီနန်ပြည်နယ် Zhaocun မြို့မှာတည်ရှိတဲ့ Spring Temple Buddha လို့ အမည်ရတဲ့ရုပ်ပွားတော်ဖြစ်ပါတယ်။ စုစုပေါင်း အမြင့်ပေ ၅၀၂ ပေ ရှိပါတယ်။

ဒီနေရာမှာ အများစုသိထားကြတာက ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော်ဟာ မြန်မာနိုင်ငံ မုံရွာက လေးကျွန်းစကြာရပ်တော်မူ ရုပ်ပွားတော်ဖြစ်ပါတယ်။ ဒါကလည်း မမှားပါဘူး။ လေးကျွန်းစကြာရုပ်ပွားတော်ရဲ့ စုစုပေါင်း အမြင့်ဟာ ၄၂၄ပေ ဖြစ်ပါတယ်။ Spring Temple ရဲ့ ၅၀၂ မှာ အောက်ခံခုံနှစ်ခုပေါင်း ၁၄၅ပေ ပါဝင်နေပြီး လေးကျွန်းစကြာရုပ်ပွားတော်ရဲ့ ၄၂၄ပေမှာ အောက်ခံခုံအမြင့် ၄၄ပေ ပါဝင်နေပါတယ်။

ဒါကြောင့် ရုပ်ပွားတော်ချည်းပဲ သက်သက်ဆိုရင် လေးကျွန်းစကြာက ၃၈၀ပေမြင့်ပြီး Spring Temple က ၃၆၇ပေ မြင့်ပါတယ်။ ဒါကြောင့် လေးကျွန်းစကြာကို ရုပ်ပွားတော်ချည်းပဲ ကမ္ဘာ့အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာကတော့ စုစုပေါင်းအမြင့်နဲ့ပဲ သတ်မှတ်တာကြောင့် Spring Temple က ပထမဖြစ်ပြီး လေးကျွန်းစကြာက ဒုတိယဖြစ်သွားရခြင်းပါ။ ၂၀၀၈ခုနှစ်မှာတော့ ရုပ်ပွားတော်တည်ထားတဲ့တောင်ကုန်း နဲ့ အောက်ခံခုံကို နှစ်ခုဖြစ်အောင် ပြင်ဆင်တည်ဆောက်ခဲ့တဲ့အတွက် ရုပ်ပွားတော်ရဲ့စုစုပေါင်းအမြင့်ဟာ ၆၈၂ပေ ဖြစ်လာခဲ့ပါတယ်။

မူလ အာဖကန်နိုင်ငံ ဘာမီယန်ဒေသမှာ တည်ရှိတဲ့ အမြင့်ဆုံး ရပ်တော်မူရုပ်ပွားတော်နှစ်ဆူကို တာလီဘန်တို့ဖျက်ဆီးလိုက်ပြီးနောက် Spring Temple ရုပ်ပွားတော်ကို တည်ဆေက်ဖို့ အစီအစဉ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ Spring Temple ရုပ်ပွားတော်ကို ၁၉၉၇ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့အတွက် တည်ဆောက်ချိန် ၁၁နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။ တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၅၅သန်းနီးပါးကုန်ကျခဲ့ပါတယ်။ စုစုပေါင်း အလေးချိန် တန် ၁၀၀၀ ရှိတဲ့ ကြေးနီအပိုင်းအစပေါင်း ၁၁၀၀ ကျော်နဲ့တည်ဆောက်ထားပါတယ်။

ရုပ်ပွားတော်ရဲ့ ခြေရင်းမှာတော့ အလေးချိန် တန် ၁၁၆တန်လေးတဲ့ ကံကောင်းစေသောခေါင်းလောင်း(Bell of Good Luck) နဲ့ ထန်မင်းလက်ထက်က တည်ဆောက်ခဲ့တဲ့ Foquan ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုလည်းရှိပါတယ်။ အောက်ခြေကနေ ရုပ်ပွားတော်ဆီကိုရောက်ဖို့လှေကားထစ်အဆင့်ပေါင်း ၁၀၀၀ ကျော်ကိုတက်ရမှာဖြစ်ပါတယ်။

ရုပ်ပွားတော်ရဲ့အမည်ကို အနီးမှာရှိတဲ့ Tianrui hot spring ကိုအကြောင်းပြုခေါ်ဝေါ်ထားတာဖြစ်ပါတယ်။ Tianrui hot spring ဟာ ၆ဝဒီဂရီဆဲစီးယပ်စ် အပူချိန်ရှိတဲ့ ရေများထွက်ပြီး အနာရောဂါများပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ နာမည်ကြီးပါတယ်။

Leave a Reply