​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ်ား ရာဇဝင္​ သမုိင္းေၾကာင္း

Posted on

အိမ္​တံခါး၊ ျပတင္​း၊ ဗီ႐ို၊ ​ေသတၱာ၊ အံဆြဲ စ​ေသာ ဖြင္​့ရ ပိတ္​ရသည္​့ အိမ္​​ေထာင္​ပစၥည္​းမ်ားကို လံုၿခံဳၿမဲၿမံစြာ ပိတ္​ထားရန္​အတြက္​ ​ေသာ့ႏွင္​့ ​ေသာ့​ခ​ေလာက္​မ်ားကို အသံုးျပဳၾကရ​ေလသည္​။

​ေ႐ွး ပါ႐ွားႏိုင္​ငံ ​ေခါစဗက္​ၿမိဳ႕တြင္​႐ွိ​ေသာ ​ေ႐ွး​ေခတ္​ နန္​း​ေတာ္​ပ်က္​ႀကီး အတြင္​း၌ ႏွစ္​​ေပါင္​း ၄၀၀၀ ​ေက​်ာ္​​ေက်ာ္​ခန္​႔က အသံုးျပဳခဲ့​ေသာ ​ေသာ့ခ​ေလာက္​ႀကီးကို ​ေတြ႔႐ွိခဲ့​ေၾကာင္​းျဖင္​့ ဂ်ိဳးဇက္​ ဗိုႏိုမီ ဆိုသူ အီတလီလူမ်ိဳး ခရီးသည္​တစ္​ဦးက ​ေရးသားခဲ့ဖူး​ေလသည္​။ ယင္​း​ေသာ့ခ​ေလာက္​ႏွင္​့ သဏၭာန္​တူ​ေသာ သစ္​သား ​ေသာ့ခ​ေလာက္​ႀကီးမ်ိဳးကို စ​ေကာ့တလန္​ ကမ္​း႐ိုးတန္​းႏွင္​့ မကြာလွမ္​းလွ​ေသာ ​ဖာ႐ိုးကြၽန္​းမ်ား၊ ဂ်ပန္​ႏိုင္​ငံ​၊ ​ေနာ္​​ေဝးႏိုင္​ငံမ်ား၌လည္​း ​ေတြ႔႐ွိၾကသည္​။

​ေ႐ွး​ေခတ္​ သစ္​သား ​ေသာ့ခ​ေလာက္​မ်ားသည္​ အလြန္​တရာ ထုထည္​ ႀကီးမား​ေလသည္​။ ​ေသာ့ခ​ေလာက္​ကို ဖြင္​့သည္​့ ​ေသာ့တံပင္​လ်ွင္​ တစ္​​ေပခန္​႔႐ွည္​၍ တစ္​​ေပါင္​ခန္​႔ ​ေလး​ေလသည္​။ သစ္​သားသည္​ သံ၊ ​ေၾကးနီ စ​ေသာ သတၱဳမ်ား​ေလာက္​ မခိုင္​ခံ့သျဖင္​့ ထိုကဲ့သို႔ ႀကီးႀကီးလုပ္​၍ အသံုးျပဳၾကျခင္​း ျဖစ္​ဟန္​တူသည္​။ သံ၊ ​ေၾကးနီ စသည္​တို႔ ​ေပၚလာသည္​့အခါ ယင္​းတို႔ျဖင္​့ ​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ်ားကို ျပဳလုပ္​ၾကသည္​။

ထို​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ်ိဳးကို အီဂ်စ္​လူမ်ိဳးတို႔ ပထမဆံုး ျပဳလုပ္​ခါစကမူ သစ္​သားျဖင္​့ ျပဳလုပ္​သကဲ့သို႔ပင္​ ထုထည္​ႀကီးႀကီး ျပဳလုပ္​ၾက​ေလသည္​။ ထို႔​ေၾကာင္​့ပင္​ ရဲတိုက္​မ​်ား၊ အက်ဥ္​း​ေထာင္​မ်ားကို ​ေစာင္​့ရ​ေသာ ရဲတိုက္​​ေစာင္​့ႏွင္​့ ​ေထာင္​မႉးတို႔၏ ခါး၌ တခြၽင္​ခြၽင္​ျမည္​၍ တြဲလြဲက်​ေန​ေသာ ​ေသာ့တြဲႀကီးမ်ားသည္​ အဆင္​တန္​ဆာ လက္​နက္​သဖြယ္​ ထည္​ဝါလွ​ေပသည္​။ ယခုထက္​တိုင္​ ထို​ေသာ့ႀကီးမ်ိဳးကို လန္​ဒန္​ၿမိဳ႕႐ွိ တင္​းပဲလ္​ခ်ာ့ခ်္​ အ​ေဆာက္​အအံုႀကီး၌ ​ေတြ႔ျမင္​ႏိုင္​​ေပ​ေသးသည္​။

ထို​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​ႀကီးမ်ားသည္​ အခ်ိန္​စီး၍ ႀကီးလွ​ေသာ္​လည္​း ခိုင္​ျမဲလံုျခံဳမႈ၌ကား အိတ္​ထဲတြင္​ ထည္​့ယူႏိုင္​သည္​့ ယ​ခု​ေခတ္​ ​ေသာ့မ်ိဳးကဲ့သို႔ စိတ္​မခ်ရ​ေခ်။ ထို​ေခတ္​က ​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​တို႔သည္​ ခိုင္​ျမဲလံုျခံဳမႈထက္​ အလွအပကို ပိုမိုဂ႐ုထား၍ ျပဳလုပ္​ထား​ေလသည္​။ ဂရိတို႔သည္​ ​ေသာ့မ်ားကို ​ေရႊ​ေငြမ​်ားႏွင္​့ တန္​ဆာဆင္​ကာ ဆင္​စြယ္​အ႐ိုးပင္​ တပ္​ထားတတ္​ၾကသည္​။ ယင္​းတို႔သည္​ အလြန္​​ေလးသျဖင္​့ ပုခံုးျဖင္​့ ထမ္​းကာ သြားရသည္​ဟု ဆိုၾကသည္​။

တ႐ုတ္​ႏိုင္​ငံသည္​ ကမၻာ​​ေပၚ၌ ​ေ႐ွးအက်ဆံုး ​ေခတ္​ကပင္​ ​ေသာ့ခ​ေလာက္​မ်ားကို ျပဳလုပ္​သံုးစြဲခဲ့သည္​ဟု အဆို႐ွိသည္​။ ​ေသာ့တံမပါဘဲ ဖြင္​့ပိတ္​၍ရ​ေသာ ​ေသာ့ခ​ေလာက္​မ်ားကို တ႐ုတ္​တို႔ပင္​ တီထြင္​ခဲ့ၾက​ေလသည္​။ အခ်ိဳ႕ တ႐ုတ္​ ​ေသာ့ခ​ေလာက္​မ​်ားတြင္​ ​ေရႊ႔၍ရ​ေသာ ကြင္​းမ်ားစြာ ပါ​ေလသည္​။ ထိုကြင္​းမ်ားတြင္​ စာလံုး အမွတ္​အသားမ်ား ႐ွိၾကသည္​။ စာလံုးမ​်ားကို သတ္​မွတ္​ထား​ေသာ အစီအစဥ္​ က်သည္​အထိ ကြင္​းမ်ားကို လွည္​့လိုက္​​ေသာအခါမွ ​ေသာ့ခ​ေလာက္​ကို ဖြင္​့၍ရ​ေလသည္​။

​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​ အႀကီးႀကီးမ်ား ျပဳလုပ္​သံုးစြဲရာမွ တျဖည္​းျဖည္​း လွပ​ေသာ ပံုသဏၭာန္​႐ွိ ​ေသာ့ခ​ေလာက္​ အႀကီး အ​ေသး အမ်ိဳးမ်ိဳးကို ျပဳလုပ္​ၾကျပန္​သည္​​။ ငွက္​႐ုပ္​၊ ​ငါး႐ုပ္​၊ ​ေခြး႐ုပ္​၊ ႀတိဂံပံု၊ ႏွလံုးပံု၊ စက္​ဝိုင္​းပံု စသည္​ျဖင္​့ ပံုသဏၭာန္​ အမ်ိဳးမ်ိဳး ျပဳလုပ္​ၾကသည္​။

၁၈ ရာစုႏွစ္​ ​ေနာက္​ပိုင္​းတြင္​ ဂ်ိဳးဇက္​ဗရာမာ ဆိုသူ တီထြင္​​ေသာ ​ေသာ့တူလုပ္​မရသည္​့ ​ေသာ့ခ​ေလာက္​မ်ိဳး ​ေပၚလာသည္​။ ဗရာမာ၏ ​ေသာ့ခ​ေလာက္​ထဲတြင္​ ​ေမာင္​းတံက​ေလးမ်ား ပါ႐ွိသည္​။ ထို​ေမာင္​းတံက​ေလးမ်ား အားလံုးကို တစ္​ၿပိဳင္​နက္​ လႈပ္​႐ွားႏိုင္​ပါမွ ​ေသာ့ခ​ေလာက္​ ပြင္​့​ေလသည္​။

၁၉ ရာစုႏွစ္​ အစတြင္​ ခ်ားလ္​ခ်ပ္​ ဆိုသူ တီထြင္​​ေသာ ​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ​်ား ​ေပၚလာသည္​။ ခ်ပ္​ တီထြင္​​ေသာ ​ေသာ့ခ​ေလာက္​သည္​ အနည္​းဆံုး ​ေမာင္​း ၆ ခု ပါ႐ွိသည္​။ ယင္​း​ေမာင္​းတံကို ကာကြယ္​ထား​ေသာ ​ေမာင္​းတံတစ္​ခုလည္​း ပါ႐ွိသျဖင္​့ သူ႔​ေသာ့ႏွင္​့သူ မဟုတ္​က ဖြင္​့ႏိုင္​ရန္​ မျဖစ္​​ေလာက္​​ေအာင္​ ခဲယဥ္​း​ေလသည္​။ အျခား​ေသာ့ႏွင္​့ ဖြင္​့ပါက ကာကြယ္ထား​ေသာ ​ေမာင္​းတံကိုသာ မ,တင္​လိုက္​သကဲ့သို႔ ျဖစ္​ၿပီးလ်ွင္​ ျပန္​က်မလာဘဲ ​ေသာ့မွာလည္​း ဖြင္​့မရ​ေတာ့သျဖင္​့ ဖြင္​့ရန္​ၾကံစည္​ထား​ေၾကာင္​း ပိုင္​႐ွင္​ သိႏိုင္​​​ေလသည္​။

ခ်ပ္​၏ ​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ်ိဳးကို ​ေငြတိုက္​ႀကီးမ်ား၊ ဘဏ္​တိုက္​ႀကီးမ်ားတြင္​ အသံုးျပဳခဲ့ၾကသည္​။ ၾသစ​ေ​ၾတးလ်ႏိုင္​ငံ ဆစ္​ဒနီၿမိဳ႕႐ွိ ဓနသဟာယ ​ေငြစုဘဏ္​တြင္​ ခ်ပ္​ကုမၸဏီမွ ျပဳလုပ္​​ေပးထား​ေသာ ​ေငြတိုက္​တံခါး ​ေသာ့ခ​ေလာက္​ႀကီးသည္​ အ​ေလးခ်ိန္​ ပိႆာ​ေပါင္​း ၁၅၀၀၀ ​ေက်ာ္​ ​ေလး​ေသာ္​လည္​း အလြန္​ပင္​ အံက်​ေအာင္​ ခ်ိန္​ဆ၍ ျပဳလုပ္​ထား​ေသာ​ေၾကာင္​့ က​ေလးသူငယ္​တစ္​​ေယာက္​ အသာအယာ တြန္​းရံုျဖင္​့ပင္​ ​ေရြ႕​ေလသည္​။

ခ်ပ္​ႏွင္​့ မ​ေ႐ွးမ​ေႏွာင္​းမွာပင္​ နာမည္​​ေက်ာ္​ ​ေယးလ္​ ​ေသာ့ခ​ေလာက္​ကို တီထြင္​ျပဳလုပ္​​ေလသည္​။ လီနပ္​​ေယးလ္သည္​ ႏွစ္​​ေပါင္​း ၃၀၀၀ ​ေက်ာ္​ခန္​႔က အီဂ်စ္​လူမ်ိဳးမ်ား ျပဳလုပ္​ခဲ့​ေသာ သစ္​သား ​ေသာ့ခ​ေလာက္​ ပံုစံကို ၾကည္​့၍ စိတ္​ကူးရကာ တီထြင္​လိုက္​ျခင္​း ျဖစ္​သည္​။ ​ေယးလ္​ ဆလင္​ဒါ ​ေသာ့ခ​ေလာက္​မ်ိဳးမွာ လံုးလံုး႐ွည္​႐ွည္​ ​ေသာ့ခ​ေလာက္​မ်ိဳး ျဖစ္​၍ ​ေသာ့အျပားက​ေလးႏွင္​့ ခတ္​ရ​ေလသည္​။ ထို​ေသာ့ခ​ေလာက္​မ်ိဳးသည္​ လုပ္​ကိုင္​ပံု သပ္​ရပ္​​ေသသပ္​လွ၍ သူ႔​ေသာ့မဟုတ္​ဘဲ အျခား​ေသာ့၏ အထစ္​သည္​ တစ္​လက္​မ၏ ၅၀ ပံု တစ္​ပံုက​ေလးမ်ွ ကြာျခားရံုမ်ွျဖင္​့ပင္​ ဖြင္​့၍ မရႏိုင္​​ေပ။ သူ႔​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မွသာလ်ွင္​ ​ေသာ့အိမ္​အတြင္​း႐ွိ သံ​ေခ်ာင္​းလံုးက​ေလးမ်ားကို အလိုက္​သင္​့ မ,တင္​ႏိုင္​၍ ဖြင္​့ႏိုင္​​ေလသည္​။

​ေသာ့ႏွင္​့ခတ္​ရ​ေသာ ​ေသာ့ခ​ေလာက္​ မည္​မ်ွပင္​ ​ေကာင္​း​ေသာ္​လည္​း မာစတာကီး ဆို​ေသာ​ေသာ့အခရာ ​ေခၚ ထစ္​မ်ား မ႐ွိဘဲ မည္​သည္​့ ​ေသာ့ခ​ေလာက္​မ်ိဳးကိုမဆို ဖြင္​့ႏိုင္​သည္​့ ​ေသာ့​ေခ်ာင္​းမ်ိဳးျဖင္​့ သူခိုးတို႔ ဉာဏ္​ထြင္​လာျပန္​ရာ မည္​သည္​့ ​ေသာ့​ခ​ေလာက္​မ်ိဳးမွ မလံုျခံဳ စိတ္​မခ်ရ​ေခ်။ ထို႔​ေၾကာင္​့ ​ေသာ့​ေခ်ာင္​းျဖင္​့ မဖြင္​့ရ​ေသာ ​ေသာ့အိမ္​ ​ေသာ့ခ​ေလာက္​မ်ိဳးကို ၾကံစည္​ တီထြင္​ၾကျပန္​သည္​။

သို႔ျဖင္​့ အခ်ိဳ႕ အာမခံ ​ေသတၱာႀကီးမ်ားမွ ​ေသာ့အိမ္​မ်ားမွာ သက္​ဆိုင္​သူတို႔သာ သိႏိုင္​​ေသာ စကားလံုးမ​်ားျဖင္​့ ၫႊန္​းထား​ေသာ နည္​းႏွင္​့ ​ေသာ့အိမ္​မွ လက္​ကိုင္​ဖုကို ​ေ႐ွ႕တိုး​ေနာက္​ငင္​ ​ေရြ႕႐ွားလွည္​့ပတ္​ကာ ဖြင္​့ႏိုင္​ရန္​ တီထြင္​ထားၾကသည္​။ အခ်ိဳ႕က လူႏွစ္​ဦး၌ျဖစ္​​ေစ၊ ထိုထက္​ပို​ေသာ လူမ်ား၌ျဖစ္​​ေစ ​ေသာ့မ်ားထား႐ွိ၍ ထို​ေသာ့မ​်ားျဖင္​့ တစ္​​ေယာက္​ၿပီးတစ္​​ေယာက္​ သူ႔အလွည္​့ႏွင္​့သူ သူ႔အ​ေရအတြက္​ႏွင္​့ လွည္​့ကာ ဖြင္​့ရသည္​့ ​ေသာ့အိမ္​မ်ိဳးကိုလည္​း တီထြင္​ အသံုးျပဳၾကသည္​။

၁၈၅၇ ခုႏွစ္​တြင္​ ​ေပၚသည္​့ ​ေသာ့အိမ္​မွာကား နာရီစက္​က​ေလး တပ္​ဆင္​ထား၍ ထိုနာရီျဖင္​့ သတ္​မွတ္​ထား​ေသာ အခ်ိန္​နာရီ က်မွသာ ​ေသာ့ပြင္​့သည္​့ ​ေသာ့မ်ိဳး ျဖစ္​​ေလသည္​။ ပြင္​့​ေစလို​ေသာ အခ်ိန္​​ေရာက္​မွသာ အလိုလိုပြင္​့​ေသာ ​ေသာ့ခ​ေလာက္​ျဖစ္​၏။

​ေသာ့ႏွင္​့ ​ေသာ့ခ​ေလာက္​မ်ားမွာ ဆင္​းရဲခ်မ္​းသာမ​ေရြး အိမ္​တိုင္​း အသံုးျပဳရ​ေသာ အသံုးအ​ေဆာင္​ျဖစ္​၍ တန္​ဖိုး အစားစား ႐ွိၾကၿပီး တစ္​ႏွစ္​ တစ္​ႏွစ္​တြင္​ လုပ္​ကိုင္​​ေရာင္​းခ်ရ​ေသာ ​ေသာ့​ခ​ေလာက္​ႏွင္​့ ​ေသာ့အိမ္​မ​်ားမွာ သန္​း​ေပါင္​း ၅၀ ​ေက်ာ္​မ်ွပင္​ ႐ွိသည္​ဟု သိရ​ေပသည္​။

Ref: ျမန္​မာ့စြယ္​စံုက်မ္​း

Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ဂ႐ု)မွ စာ႐ိုက္​တင္​ပါသည္​။


သော့နှင်​့ ​သော့ခ​လောက်​များ ရာဇဝင်​ သမိုင်းကြောင်း (unicode)

အိမ်​တံခါး၊ ပြတင်​း၊ ဗီရို၊ ​သေတ္တာ၊ အံဆွဲ စ​သော ဖွင်​့ရ ပိတ်​ရသည်​့ အိမ်​​ထောင်​ပစ္စည်​းများကို လုံခြုံမြဲမြံစွာ ပိတ်​ထားရန်​အတွက်​ ​သော့နှင်​့ ​သော့​ခ​လောက်​များကို အသုံးပြုကြရ​လေသည်​။

​ရှေး ပါရှားနိုင်​ငံ ​ခေါစဗက်​မြို့တွင်​ရှိ​သော ​ရှေး​ခေတ်​ နန်​း​တော်​ပျက်​ကြီး အတွင်​း၌ နှစ်​​ပေါင်​း ၄၀၀၀ ​ကေ​်ာ္​​ကျော်​ခန်​႔က အသုံးပြုခဲ့​သော ​သော့ခ​လောက်​ကြီးကို ​တွေ့ရှိခဲ့​ကြောင်​းဖြင်​့ ဂျိုးဇက်​ ဗိုနိုမီ ဆိုသူ အီတလီလူမျိုး ခရီးသည်​တစ်​ဦးက ​ရေးသားခဲ့ဖူး​လေသည်​။ ယင်​း​သော့ခ​လောက်​နှင်​့ သဏ္ဌာန်​တူ​သော သစ်​သား ​သော့ခ​လောက်​ကြီးမျိုးကို စ​ကော့တလန်​ ကမ်​းရိုးတန်​းနှင်​့ မကွာလှမ်​းလှ​သော ​ဖာရိုးကျွန်​းများ၊ ဂျပန်​နိုင်​ငံ​၊ ​နော်​​ဝေးနိုင်​ငံများ၌လည်​း ​တွေ့ရှိကြသည်​။

​ရှေး​ခေတ်​ သစ်​သား ​သော့ခ​လောက်​များသည်​ အလွန်​တရာ ထုထည်​ ကြီးမား​လေသည်​။ ​သော့ခ​လောက်​ကို ဖွင်​့သည်​့ ​သော့တံပင်​လျှင်​ တစ်​​ပေခန်​႔ရှည်​၍ တစ်​​ပေါင်​ခန်​႔ ​လေး​လေသည်​။ သစ်​သားသည်​ သံ၊ ​ကြေးနီ စ​သော သတ္တုများ​လောက်​ မခိုင်​ခံ့သဖြင်​့ ထိုကဲ့သို့ ကြီးကြီးလုပ်​၍ အသုံးပြုကြခြင်​း ဖြစ်​ဟန်​တူသည်​။ သံ၊ ​ကြေးနီ စသည်​တို့ ​ပေါ်လာသည်​့အခါ ယင်​းတို့ဖြင်​့ ​သော့နှင်​့ ​သော့ခ​လောက်​များကို ပြုလုပ်​ကြသည်​။

ထို​သော့နှင်​့ ​သော့ခ​လောက်​မျိုးကို အီဂျစ်​လူမျိုးတို့ ပထမဆုံး ပြုလုပ်​ခါစကမူ သစ်​သားဖြင်​့ ပြုလုပ်​သကဲ့သို့ပင်​ ထုထည်​ကြီးကြီး ပြုလုပ်​ကြ​လေသည်​။ ထို့​ကြောင်​့ပင်​ ရဲတိုက်​မ​်ား၊ အကျဉ်​း​ထောင်​များကို ​စောင်​့ရ​သော ရဲတိုက်​​စောင်​့နှင်​့ ​ထောင်​မှူးတို့၏ ခါး၌ တချွင်​ချွင်​မြည်​၍ တွဲလွဲကျ​နေ​သော ​သော့တွဲကြီးများသည်​ အဆင်​တန်​ဆာ လက်​နက်​သဖွယ်​ ထည်​ဝါလှ​ပေသည်​။ ယခုထက်​တိုင်​ ထို​သော့ကြီးမျိုးကို လန်​ဒန်​မြို့ရှိ တင်​းပဲလ်​ချာ့ခ်ျ​ အ​ဆောက်​အအုံကြီး၌ ​တွေ့မြင်​နိုင်​​ပေ​သေးသည်​။

ထို​သော့နှင်​့ ​သော့ခ​လောက်​ကြီးများသည်​ အချိန်​စီး၍ ကြီးလှ​သော်​လည်​း ခိုင်​မြဲလုံခြုံမှု၌ကား အိတ်​ထဲတွင်​ ထည်​့ယူနိုင်​သည်​့ ယ​ခု​ခေတ်​ ​သော့မျိုးကဲ့သို့ စိတ်​မချရ​ချေ။ ထို​ခေတ်​က ​သော့နှင်​့ ​သော့ခ​လောက်​တို့သည်​ ခိုင်​မြဲလုံခြုံမှုထက်​ အလှအပကို ပိုမိုဂရုထား၍ ပြုလုပ်​ထား​လေသည်​။ ဂရိတို့သည်​ ​သော့များကို ​ရွှေ​ငွေမ​်ားနှင်​့ တန်​ဆာဆင်​ကာ ဆင်​စွယ်​အရိုးပင်​ တပ်​ထားတတ်​ကြသည်​။ ယင်​းတို့သည်​ အလွန်​​လေးသဖြင်​့ ပုခုံးဖြင်​့ ထမ်​းကာ သွားရသည်​ဟု ဆိုကြသည်​။

တရုတ်​နိုင်​ငံသည်​ ကမ္ဘာ​​ပေါ်၌ ​ရှေးအကျဆုံး ​ခေတ်​ကပင်​ ​သော့ခ​လောက်​များကို ပြုလုပ်​သုံးစွဲခဲ့သည်​ဟု အဆိုရှိသည်​။ ​သော့တံမပါဘဲ ဖွင်​့ပိတ်​၍ရ​သော ​သော့ခ​လောက်​များကို တရုတ်​တို့ပင်​ တီထွင်​ခဲ့ကြ​လေသည်​။ အချို့ တရုတ်​ ​သော့ခ​လောက်​မ​်ားတွင်​ ​ရွှေ့၍ရ​သော ကွင်​းများစွာ ပါ​လေသည်​။ ထိုကွင်​းများတွင်​ စာလုံး အမှတ်​အသားများ ရှိကြသည်​။ စာလုံးမ​်ားကို သတ်​မှတ်​ထား​သော အစီအစဉ်​ ကျသည်​အထိ ကွင်​းများကို လှည်​့လိုက်​​သောအခါမှ ​သော့ခ​လောက်​ကို ဖွင်​့၍ရ​လေသည်​။

​သော့နှင်​့ ​သော့ခ​လောက်​ အကြီးကြီးများ ပြုလုပ်​သုံးစွဲရာမှ တဖြည်​းဖြည်​း လှပ​သော ပုံသဏ္ဌာန်​ရှိ ​သော့ခ​လောက်​ အကြီး အ​သေး အမျိုးမျိုးကို ပြုလုပ်​ကြပြန်​သည်​​။ ငှက်​ရုပ်​၊ ​ငါးရုပ်​၊ ​ခွေးရုပ်​၊ တြိဂံပုံ၊ နှလုံးပုံ၊ စက်​ဝိုင်​းပုံ စသည်​ဖြင်​့ ပုံသဏ္ဌာန်​ အမျိုးမျိုး ပြုလုပ်​ကြသည်​။

၁၈ ရာစုနှစ်​ ​နောက်​ပိုင်​းတွင်​ ဂျိုးဇက်​ဗရာမာ ဆိုသူ တီထွင်​​သော ​သော့တူလုပ်​မရသည်​့ ​သော့ခ​လောက်​မျိုး ​ပေါ်လာသည်​။ ဗရာမာ၏ ​သော့ခ​လောက်​ထဲတွင်​ ​မောင်​းတံက​လေးများ ပါရှိသည်​။ ထို​မောင်​းတံက​လေးများ အားလုံးကို တစ်​ပြိုင်​နက်​ လှုပ်​ရှားနိုင်​ပါမှ ​သော့ခ​လောက်​ ပွင်​့​လေသည်​။

၁၉ ရာစုနှစ်​ အစတွင်​ ချားလ်​ချပ်​ ဆိုသူ တီထွင်​​သော ​သော့နှင်​့ ​သော့ခ​လောက်​မ​်ား ​ပေါ်လာသည်​။ ချပ်​ တီထွင်​​သော ​သော့ခ​လောက်​သည်​ အနည်​းဆုံး ​မောင်​း ၆ ခု ပါရှိသည်​။ ယင်​း​မောင်​းတံကို ကာကွယ်​ထား​သော ​မောင်​းတံတစ်​ခုလည်​း ပါရှိသဖြင်​့ သူ့​သော့နှင်​့သူ မဟုတ်​က ဖွင်​့နိုင်​ရန်​ မဖြစ်​​လောက်​​အောင်​ ခဲယဉ်​း​လေသည်​။ အခြား​သော့နှင်​့ ဖွင်​့ပါက ကာကွယ်ထား​သော ​မောင်​းတံကိုသာ မ,တင်​လိုက်​သကဲ့သို့ ဖြစ်​ပြီးလျှင်​ ပြန်​ကျမလာဘဲ ​သော့မှာလည်​း ဖွင်​့မရ​တော့သဖြင်​့ ဖွင်​့ရန်​ကြံစည်​ထား​ကြောင်​း ပိုင်​ရှင်​ သိနိုင်​​​လေသည်​။

ချပ်​၏ ​သော့နှင်​့ ​သော့ခ​လောက်​မျိုးကို ​ငွေတိုက်​ကြီးများ၊ ဘဏ်​တိုက်​ကြီးများတွင်​ အသုံးပြုခဲ့ကြသည်​။ ဩစ​ေ​တြးလျနိုင်​ငံ ဆစ်​ဒနီမြို့ရှိ ဓနသဟာယ ​ငွေစုဘဏ်​တွင်​ ချပ်​ကုမ္ပဏီမှ ပြုလုပ်​​ပေးထား​သော ​ငွေတိုက်​တံခါး ​သော့ခ​လောက်​ကြီးသည်​ အ​လေးချိန်​ ပိဿာ​ပေါင်​း ၁၅၀၀၀ ​ကျော်​ ​လေး​သော်​လည်​း အလွန်​ပင်​ အံကျ​အောင်​ ချိန်​ဆ၍ ပြုလုပ်​ထား​သော​ကြောင်​့ က​လေးသူငယ်​တစ်​​ယောက်​ အသာအယာ တွန်​းရုံဖြင်​့ပင်​ ​ရွေ့​လေသည်​။

ချပ်​နှင်​့ မ​ရှေးမ​နှောင်​းမှာပင်​ နာမည်​​ကျော်​ ​ယေးလ်​ ​သော့ခ​လောက်​ကို တီထွင်​ပြုလုပ်​​လေသည်​။ လီနပ်​​ယေးလ်သည်​ နှစ်​​ပေါင်​း ၃၀၀၀ ​ကျော်​ခန်​႔က အီဂျစ်​လူမျိုးများ ပြုလုပ်​ခဲ့​သော သစ်​သား ​သော့ခ​လောက်​ ပုံစံကို ကြည်​့၍ စိတ်​ကူးရကာ တီထွင်​လိုက်​ခြင်​း ဖြစ်​သည်​။ ​ယေးလ်​ ဆလင်​ဒါ ​သော့ခ​လောက်​မျိုးမှာ လုံးလုံးရှည်​ရှည်​ ​သော့ခ​လောက်​မျိုး ဖြစ်​၍ ​သော့အပြားက​လေးနှင်​့ ခတ်​ရ​လေသည်​။ ထို​သော့ခ​လောက်​မျိုးသည်​ လုပ်​ကိုင်​ပုံ သပ်​ရပ်​​သေသပ်​လှ၍ သူ့​သော့မဟုတ်​ဘဲ အခြား​သော့၏ အထစ်​သည်​ တစ်​လက်​မ၏ ၅၀ ပုံ တစ်​ပုံက​လေးမျှ ကွာခြားရုံမျှဖြင်​့ပင်​ ဖွင်​့၍ မရနိုင်​​ပေ။ သူ့​သော့နှင်​့ ​သော့ခ​လောက်​မှသာလျှင်​ ​သော့အိမ်​အတွင်​းရှိ သံ​ချောင်​းလုံးက​လေးများကို အလိုက်​သင်​့ မ,တင်​နိုင်​၍ ဖွင်​့နိုင်​​လေသည်​။

​သော့နှင်​့ခတ်​ရ​သော ​သော့ခ​လောက်​ မည်​မျှပင်​ ​ကောင်​း​သော်​လည်​း မာစတာကီး ဆို​သော​သော့အခရာ ​ခေါ် ထစ်​များ မရှိဘဲ မည်​သည်​့ ​သော့ခ​လောက်​မျိုးကိုမဆို ဖွင်​့နိုင်​သည်​့ ​သော့​ချောင်​းမျိုးဖြင်​့ သူခိုးတို့ ဉာဏ်​ထွင်​လာပြန်​ရာ မည်​သည်​့ ​သော့​ခ​လောက်​မျိုးမှ မလုံခြုံ စိတ်​မချရ​ချေ။ ထို့​ကြောင်​့ ​သော့​ချောင်​းဖြင်​့ မဖွင်​့ရ​သော ​သော့အိမ်​ ​သော့ခ​လောက်​မျိုးကို ကြံစည်​ တီထွင်​ကြပြန်​သည်​။

သို့ဖြင်​့ အချို့ အာမခံ ​သေတ္တာကြီးများမှ ​သော့အိမ်​များမှာ သက်​ဆိုင်​သူတို့သာ သိနိုင်​​သော စကားလုံးမ​်ားဖြင်​့ ညွှန်​းထား​သော နည်​းနှင်​့ ​သော့အိမ်​မှ လက်​ကိုင်​ဖုကို ​ရှေ့တိုး​နောက်​ငင်​ ​ရွေ့ရှားလှည်​့ပတ်​ကာ ဖွင်​့နိုင်​ရန်​ တီထွင်​ထားကြသည်​။ အချို့က လူနှစ်​ဦး၌ဖြစ်​​စေ၊ ထိုထက်​ပို​သော လူများ၌ဖြစ်​​စေ ​သော့များထားရှိ၍ ထို​သော့မ​်ားဖြင်​့ တစ်​​ယောက်​ပြီးတစ်​​ယောက်​ သူ့အလှည်​့နှင်​့သူ သူ့အ​ရေအတွက်​နှင်​့ လှည်​့ကာ ဖွင်​့ရသည်​့ ​သော့အိမ်​မျိုးကိုလည်​း တီထွင်​ အသုံးပြုကြသည်​။

၁၈၅၇ ခုနှစ်​တွင်​ ​ပေါ်သည်​့ ​သော့အိမ်​မှာကား နာရီစက်​က​လေး တပ်​ဆင်​ထား၍ ထိုနာရီဖြင်​့ သတ်​မှတ်​ထား​သော အချိန်​နာရီ ကျမှသာ ​သော့ပွင်​့သည်​့ ​သော့မျိုး ဖြစ်​​လေသည်​။ ပွင်​့​စေလို​သော အချိန်​​ရောက်​မှသာ အလိုလိုပွင်​့​သော ​သော့ခ​လောက်​ဖြစ်​၏။

​သော့နှင်​့ ​သော့ခ​လောက်​များမှာ ဆင်​းရဲချမ်​းသာမ​ရွေး အိမ်​တိုင်​း အသုံးပြုရ​သော အသုံးအ​ဆောင်​ဖြစ်​၍ တန်​ဖိုး အစားစား ရှိကြပြီး တစ်​နှစ်​ တစ်​နှစ်​တွင်​ လုပ်​ကိုင်​​ရောင်​းချရ​သော ​သော့​ခ​လောက်​နှင်​့ ​သော့အိမ်​မ​်ားမှာ သန်​း​ပေါင်​း ၅၀ ​ကျော်​မျှပင်​ ရှိသည်​ဟု သိရ​ပေသည်​။

Ref: မြန်​မာ့စွယ်​စုံကျမ်​း

Ko Kyel Sin (ဗဟုသုတကြယ်​စင်​ဂရု)မှ စာရိုက်​တင်​ပါသည်​။

Leave a Reply