နယ္သာလန္ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

နယ္သာလန္ႏိုင္ငံသည္ ဥေရာပတိုက္ရွိ၊ စည္းမ်ဥ္းခံဘုရင္စံနစ္ျဖင့္ အုပ္ခ်ဳပ္ေသာ ႏိုင္ငံငယ္ေလးတခု ျဖစ္၏။ နယ္သာလန္ႏိုင္ငံသည္ ဂ်ာမနီႏိုင္ငံ အေနာက္ေျမာက္ပိုင္းႏွင့္ ဘယ္လ္ဂ်ီယမ္ႏိုင္ငံေျမာက္ပိုင္းအၾကား၊ ေျမာက္ပင္လယ္ကမ္းေျခေပၚတြင္ တည္ရွိ၍ ႏိုင္ငံ၏အက်ယ္အဝန္းမွာ စတုရန္းမိုင္ေပါင္း ၁၅၇၆၅ ရွိသည္။

ထူးဆန္းအံ့ဩဖြယ္ေကာင္းေလာက္ေအာင္ပင္ နယ္သာလန္ႏိုင္ငံ၏ မ်ားစြာေသာ ေျမမ်က္ႏွာျပင္ အစိတ္အပိုင္းတို႔သည္ ဆက္စပ္လ်က္ ရွိေသာ ေျမာက္ပင္လယ္ျပင္ေအာက္ ေပ ၂၀ ခန္႔နိမ့္က်လ်က္ရွိသည္။ ယင္းသို႔ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ နိမ့္က်ေနေသာေၾကာင့္ နယ္သာလန္ႏိုင္ငံသားတို႔သည္ အၿမဲတေစ ပင္လယ္ျပင္ႏွင့္ ခုခံစစ္ပြဲ ဆင္ႏႊဲေနရေသာ တပ္သားမ်ား ျဖစ္လာရေလသည္။ သမုိင္းတစ္ေလွ်ာက္ အႀကိမ္ႀကိမ္ တိုင္းတပါးမ်ားေအာက္သုိ႔ က်ေရာက္ခဲ့သလုိ အႀကိမ္ႀကိမ္ေတာ္လွန္မႈမ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကသည္။

နယ္သာလန္ႏိုင္ငံသူ ႏိုင္ငံသားတို႔သည္ မိမိတို႔ မွီတင္းေနထိုင္ရာ ေျမနိမ့္ပိုင္းသို႔ ပင္လယ္မွေရမ်ား စီးဝင္မလာေစရန္၊ နည္းအသြယ္သြယ္ ျဖင့္ ႀကိဳးပမ္းတကုတ္ အားထုတ္ၾကရသည္။ ဒိုက္ေခၚ ေပ ၂၀၀၊ ၃၀၀ မၽွ ထုထည္ရွိ၍ ျမင့္မားလွေသာ ပင္လယ္ေရကာတာႀကီးမ်ားကို ခိုင္မာစြာ ေဆာက္လုပ္ရ၏။ ေျမနိမ့္မွေရမ်ားကို ေလရဟတ္မ်ားျဖင့္ အဆင့္ဆင့္သယ္ေဆာင္ကာ ပင္လယ္တြင္းသို႔ ထုတ္ယူသြင္းပစ္ရ၏။ သို႔ျဖစ္ရကား နယ္သာလန္ႏိုင္ငံကမ္းေျခတေလၽွာက္ရွိ ၿမိဳ႕႐ြာမ်ားတြင္ ေလရဟတ္ႀကီးငယ္မ်ားျဖင့္ ျပည့္ႏွက္လ်က္ ရွိေပသည္။ ထိုေလရဟတ္မ်ားသည္ပင္ နယ္သာလန္ႏိုင္ငံ၏ ကိုယ္ပိုင္အမွတ္အသားတခု ျဖစ္လာခဲ့သည္။

ေလရဟတ္ငယ္ကေလးမ်ားသည္ ေန႔ေရာညဥ့္ပါ လည္ပတ္၍ ေျမနိမ့္ပိုင္းမွ ေရကိုတူးေျမာင္းငယ္မ်ားသို႔ ပို႔ေဆာင္ေပး၏။ တူးေျမာင္းငယ္မ်ားမွ ေရကို တူးေျမာင္းက်ယ္ႀကီးမ်ားသို႔ ေလရဟတ္ႀကီးမ်ား၊ လၽွပ္စစ္မိုတာမ်ား၊ ဒီဇယ္အင္ဂ်င္စက္မ်ားျဖင့္ ပို႔ေဆာင္ကာ ပင္လယ္ထဲသို႔ ေရကို ထုတ္ပစ္ရေလသည္။ တခါတရံ မုန္တိုင္းထန္ေသာအခါ လႈိင္းလုံးႀကီးမ်ားသည္ ႀကီးမားေသာအရွိန္ျဖင့္ တူးေျမာင္းႀကီးမ်ားမွ ေရကို လာလမ္းသို႔ တြန္းပစ္တတ္၏။ ယင္းသို႔ေသာဝီရိယလုံ႔လျဖင့္ ပင္လယ္ေရႏွင့္ အစဥ္စစ္ခင္းေနသည့္ အခိုက္မွာပင္ ပင္လယ္ေရလႊမ္း မိုးေသာ အျဖစ္မ်ိဳးကိုလည္း ႀကဳံေတြ႕ရေသး၏။ ၁၉၅၃ ခုႏွစ္တြင္ ေရလႊမ္းမိုး၍ အႀကီးအက်ယ္ပ်က္စီးခဲ့ရသည္။

နယ္သာလန္ႏုိင္ငံ၏ ရာသီဥတုမွာ စုိထုိင္း၍ ရံဖန္ရံခါ ေအးစိမ့္စိမ့္ရွိသည္။ တစ္ႏွစ္ပတ္လုံးလုိလုိ မုိးရြာသြန္း၏။ နယ္သာလန္၏ ထင္ရွားေသာ လုပ္ငန္းမွာ ႏြားေမြးျမဴေရး ၊ ေထာပတ္ ၊ ႏုိ႔ဆီ ၊ ဒိန္ခဲမ်ား အႀကီးအက်ယ္ထုတ္လုပ္ေရာင္းခ်ျခင္းျဖစ္သည္။ သဘာ၀ထြက္ကုန္မ်ားမွာ ၊ ဆား ၊ ေျမေစး ၊ ေက်ာက္မီးေသြး ႏွင့္ ေရနံတုိ႔ျဖစ္သည္။ ေခတ္မီသံ ႏွင့္ သံမဏိစက္ရံႀကီးမ်ား ၊ ဓာတုေဗဒပစၥည္းထုတ္စက္ရုံႀကီးမ်ား ၊ သေဘၤာက်င္းမ်ား ႏွင့္ စက္ကိရိယာထုတ္လုပ္ေသာ စက္ရုံႀကီးမ်ားလည္းရွိသည္။ သယ္ယူပုိ႔ေဆာင္ေရးအတြက္ ေရလမ္းခရီးကိုသာ အမ်ားဆုံးအသုံးျပဳေလ့ရွိၿပီး ကား ၊ ရထား တုိ႔ကုိမူ ကူးသန္းေရာင္း၀ယ္ေရးထက္ ခရီးသြားလာမႈအတြက္သာ အဓိက အသုံးျပဳၾကသည္။

နယ္သာလန္ႏုိင္ငံ၏ ဥပေဒတစ္ရပ္မွာ အသက္ ၇ႏွစ္မွ ၁၃ႏွစ္အတြင္းရွိ ကေလးငယယ္အားလုံး မူလတန္းပညာကို မသင္မေနရဟူ၍ ျဖစ္သည္။ ထုိသင္ယူမႈအတြက္ ကုန္က်စရိတ္အားလုံးကို အစိုးရက က်ခံေပးသည္။ ထုိ႔ေၾကာင့္လည္း နယ္သာလန္ႏုိင္ငံသားအားလုံးလုိလုိမွာ အနည္းဆုံးေတာ့ စာကုိေကာင္းေကာင္းေရးတတ္ဖတ္တတ္ၾကေလသည္။ လူဦးေရ ၁၇ သန္းခန္႔ေနထုိင္သည့္ ႏုိင္ငံျဖစ္ၿပီး ၿမဳိ႕ေတာ္မွာ အမ္စတာဒမ္ျဖစ္သည္။ ကုိးကြယ္မႈအေနႏွင့္ ခရစ္ယာန္ ၊ အစၥလမ္ ၊ ဟိႏၵဴ ၊ ဗုဒၶဘာသာ ၊ ဂ်ဴးဘာသာမ်ားကို ကုိးကြယ္ေလ့ရွိသည္။ သုိ႔ေသာ္ဘာသာမဲ့မွာ အမ်ားဆုံးျဖစ္ၿပီး လူဦးေရစုစုေပါင္း၏ ၅၀% မွာ ဘာသာမဲ့မ်ားျဖစ္သည္။ ကမာၻေပၚတြင္ ပညာေရးေကာင္းျခင္း ၊ စီးပြားေရးေကာင္းျခင္း ႏွင့္ ရာဇ၀တ္မႈနည္းပါးၿပီး အလြန္သာယာျခင္း စသည့္ ဂုဏ္ပုဒ္မ်ားႏွင့္ ျပည့္စုံသည့္ ႏုိင္ငံလည္းျဖစ္သည္။

နယ္သာလန္ကို ေဟာ္လန္ဟုလည္းေခၚၾကေလ့ရွိသည္။ သုိ႔ေသာ္ ေဟာ္လန္ ႏွင့္ နယ္သာလန္သည္ Burma ႏွင့္ Myanmar ကဲ့သုိ႔မတူညီပါေခ်။ နယ္သာလန္သည္ဟာ ႏုိင္ငံအမည္ျဖစ္ၿပီး ေဟာ္လန္မွာမူ နယ္သာလန္ရွိ စီရင္စုႏွစ္ခုရဲ႕ နာမည္သာျဖစ္သည္။ နယ္သာလန္မွာ စီရင္စု ၁၂စု ရွိၿပီး ဒီအထဲမွာ ေတာင္ေဟာ္လန္ ႏွင့္ ေျမာက္ေဟာ္လန္ စီရင္စုႏွစ္ခုပါ၀င္ေလသည္။

ေဟာ္လန္လုိ႔ ေခၚဆုိခဲ့ရျခင္းက ဒီလုိပါ။ ၁၇ ရာစု မွာ ဒတ္ခ်္လူမ်ဳိးမ်ားက သေဘၤာမ်ားနဲ႔ ကမၻာကုိ စတင္နယ္ခ်ဲ႕စဥ္မွာ နယ္သာလန္ႏုိင္ငံဆုိၿပီး မျဖစ္ေသးပါဘူး။ နယ္ခ်ဲ႕သေဘၤာအမ်ားစုကလည္း ဆိပ္ကမ္း နယ္ေျမျဖစ္တဲ့ ေတာင္ေဟာ္လန္နဲ႔ ေျမာက္ေဟာ္လန္ေဒသက လာတာပါ။ အဲဒီအခ်ိန္က သေဘၤာသားမ်ားကုိ ဘာလူမ်ဳိးလဲ၊ ဘယ္ကလာသလဲ လုိ႔ ေမးလုိက္ရင္ ဒတ္ခ်္လူမ်ဳိး၊ ေဟာ္လန္ေဒသက လာတာလုိ႔ ေျဖခဲ့ၾကပါတယ္။ အဲဒါေၾကာင့္ နယ္သာလန္ႏုိင္ငံ ေပၚေပါက္လာတဲ့အခါ ေဟာ္လန္ဆုိတာ နယ္သာလန္ရဲ႕ အတုိေကာက္ျဖစ္တယ္လုိ႔ အမွတ္မွားခဲ့ၾကတာပါ။

ဒတ္ခ်္

တကယ္ေတာ့ ဒတ္ခ်္ ဆိုတာ လူမ်ဳိးႏြယ္တခုရဲ႕ အမည္နာမ ပါ။ ရွမ္းလူမ်ဳိး ၊ ရခိုင္လူမ်ဳိး တို႔လိုပါပဲ။ ဒတ္ခ်္လူမ်ဳိးေပါ့။ တခ်ဳိ႕ကလည္း ဂ်ာမန္ အႏြယ္လို႔ဆိုၾကပါတယ္။ ခရစ္ သကၠရာဇ္ ၁၅၀၀ ခုႏွစ္အေစာပိုုင္းကာလ ကတည္းက ဒတ္ခ်္လူမ်ဳိးမ်ားဆိုတာ အခုေခတ္ ဘယ္လ္ဂ်ီယံ န႔ဲ လူဇင္ဘတ္ တေလ်ာက္ ၊ ဂ်ာမနီ ေဒသအခ်ဳိ႕ နဲ႔ နယ္သာလန္ မွာ ေနထိုင္ၾကသူေတြျဖစ္ၾကပါတယ္။ အဲဒီ နယ္ေျမေတြဆိုတာ တခ်ိန္က ရိုမန္အင္ပါယာ (Holy Roman Empire) ထဲမွာ ပါဝင္ပါတယ္။ ဒတ္ခ်္ လူမ်ဳိးကို အုပ္စု ႏွစ္စု ခြဲျခားထားပါတယ္။

(၁) ေတာင္ေပၚသား ဒတ္ခ်္ (High Dutch) ေတာင္ေပၚေဒသ ကုန္းျမင့္ေဒသမွာ ေနထိုင္ၾကၿပီး အခုေခတ္ ဂ်ာမနီေတာင္ပိုင္းကလူေတြျဖစ္ပါတယ္။

(၂) ေျမျပန္႔သား ဒတ္ခ်္ (Low Dutch) ေျမနိမ့္လြင္ျပင္ ေျမျပန္႔မွာေနထိုင္ၿပီး အခုေခတ္ နယ္သာလန္က လူေတြျဖစ္ပါတယ္။
ဒီကေန႕ အေမရိကန္ မွာဆိုရင္လည္း ပင္ဆဲလ္ေဗးနီးယား ျပည္နယ္ေတာင္ပိုင္းမွာ ဒတ္ခ်္လူမ်ဳိးအမ်ားစု ေနထိုင္ၾကပါတယ္။

Min Zaw Maung
WikiPedia


နယ်သာလန်နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

နယ်သာလန်နိုင်ငံသည် ဥရောပတိုက်ရှိ၊ စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံငယ်လေးတခု ဖြစ်၏။ နယ်သာလန်နိုင်ငံသည် ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဘယ်လ်ဂျီယမ်နိုင်ငံမြောက်ပိုင်းအကြား၊ မြောက်ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိ၍ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၅၇၆၅ ရှိသည်။

ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပင် နယ်သာလန်နိုင်ငံ၏ များစွာသော မြေမျက်နှာပြင် အစိတ်အပိုင်းတို့သည် ဆက်စပ်လျက် ရှိသော မြောက်ပင်လယ်ပြင်အောက် ပေ ၂၀ ခန့်နိမ့်ကျလျက်ရှိသည်။ ယင်းသို့ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေသောကြောင့် နယ်သာလန်နိုင်ငံသားတို့သည် အမြဲတစေ ပင်လယ်ပြင်နှင့် ခုခံစစ်ပွဲ ဆင်နွှဲနေရသော တပ်သားများ ဖြစ်လာရလေသည်။ သမိုင်းတစ်လျှောက် အကြိမ်ကြိမ် တိုင်းတပါးများအောက်သို့ ကျရောက်ခဲ့သလို အကြိမ်ကြိမ်တော်လှန်မှုများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

နယ်သာလန်နိုင်ငံသူ နိုင်ငံသားတို့သည် မိမိတို့ မှီတင်းနေထိုင်ရာ မြေနိမ့်ပိုင်းသို့ ပင်လယ်မှရေများ စီးဝင်မလာစေရန်၊ နည်းအသွယ်သွယ် ဖြင့် ကြိုးပမ်းတကုတ် အားထုတ်ကြရသည်။ ဒိုက်ခေါ် ပေ ၂၀၀၊ ၃၀၀ မျှ ထုထည်ရှိ၍ မြင့်မားလှသော ပင်လယ်ရေကာတာကြီးများကို ခိုင်မာစွာ ဆောက်လုပ်ရ၏။ မြေနိမ့်မှရေများကို လေရဟတ်များဖြင့် အဆင့်ဆင့်သယ်ဆောင်ကာ ပင်လယ်တွင်းသို့ ထုတ်ယူသွင်းပစ်ရ၏။ သို့ဖြစ်ရကား နယ်သာလန်နိုင်ငံကမ်းခြေတလျှောက်ရှိ မြို့ရွာများတွင် လေရဟတ်ကြီးငယ်များဖြင့် ပြည့်နှက်လျက် ရှိပေသည်။ ထိုလေရဟတ်များသည်ပင် နယ်သာလန်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်အသားတခု ဖြစ်လာခဲ့သည်။

လေရဟတ်ငယ်ကလေးများသည် နေ့ရောညဉ့်ပါ လည်ပတ်၍ မြေနိမ့်ပိုင်းမှ ရေကိုတူးမြောင်းငယ်များသို့ ပို့ဆောင်ပေး၏။ တူးမြောင်းငယ်များမှ ရေကို တူးမြောင်းကျယ်ကြီးများသို့ လေရဟတ်ကြီးများ၊ လျှပ်စစ်မိုတာများ၊ ဒီဇယ်အင်ဂျင်စက်များဖြင့် ပို့ဆောင်ကာ ပင်လယ်ထဲသို့ ရေကို ထုတ်ပစ်ရလေသည်။ တခါတရံ မုန်တိုင်းထန်သောအခါ လှိုင်းလုံးကြီးများသည် ကြီးမားသောအရှိန်ဖြင့် တူးမြောင်းကြီးများမှ ရေကို လာလမ်းသို့ တွန်းပစ်တတ်၏။ ယင်းသို့သောဝီရိယလုံ့လဖြင့် ပင်လယ်ရေနှင့် အစဉ်စစ်ခင်းနေသည့် အခိုက်မှာပင် ပင်လယ်ရေလွှမ်း မိုးသော အဖြစ်မျိုးကိုလည်း ကြုံတွေ့ရသေး၏။ ၁၉၅၃ ခုနှစ်တွင် ရေလွှမ်းမိုး၍ အကြီးအကျယ်ပျက်စီးခဲ့ရသည်။

နယ်သာလန်နိုင်ငံ၏ ရာသီဥတုမှာ စိုထိုင်း၍ ရံဖန်ရံခါ အေးစိမ့်စိမ့်ရှိသည်။ တစ်နှစ်ပတ်လုံးလိုလို မိုးရွာသွန်း၏။ နယ်သာလန်၏ ထင်ရှားသော လုပ်ငန်းမှာ နွားမွေးမြူရေး ၊ ထောပတ် ၊ နို့ဆီ ၊ ဒိန်ခဲများ အကြီးအကျယ်ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ သဘာဝထွက်ကုန်များမှာ ၊ ဆား ၊ မြေစေး ၊ ကျောက်မီးသွေး နှင့် ရေနံတို့ဖြစ်သည်။ ခေတ်မီသံ နှင့် သံမဏိစက်ရံကြီးများ ၊ ဓာတုဗေဒပစ္စည်းထုတ်စက်ရုံကြီးများ ၊ သင်္ဘောကျင်းများ နှင့် စက်ကိရိယာထုတ်လုပ်သော စက်ရုံကြီးများလည်းရှိသည်။ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းခရီးကိုသာ အများဆုံးအသုံးပြုလေ့ရှိပြီး ကား ၊ ရထား တို့ကိုမူ ကူးသန်းရောင်းဝယ်ရေးထက် ခရီးသွားလာမှုအတွက်သာ အဓိက အသုံးပြုကြသည်။

နယ်သာလန်နိုင်ငံ၏ ဥပဒေတစ်ရပ်မှာ အသက် ၇နှစ်မှ ၁၃နှစ်အတွင်းရှိ ကလေးငယယ်အားလုံး မူလတန်းပညာကို မသင်မနေရဟူ၍ ဖြစ်သည်။ ထိုသင်ယူမှုအတွက် ကုန်ကျစရိတ်အားလုံးကို အစိုးရက ကျခံပေးသည်။ ထို့ကြောင့်လည်း နယ်သာလန်နိုင်ငံသားအားလုံးလိုလိုမှာ အနည်းဆုံးတော့ စာကိုကောင်းကောင်းရေးတတ်ဖတ်တတ်ကြလေသည်။ လူဦးရေ ၁၇ သန်းခန့်နေထိုင်သည့် နိုင်ငံဖြစ်ပြီး မြို့တော်မှာ အမ်စတာဒမ်ဖြစ်သည်။ ကိုးကွယ်မှုအနေနှင့် ခရစ်ယာန် ၊ အစ္စလမ် ၊ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ ၊ ဂျူးဘာသာများကို ကိုးကွယ်လေ့ရှိသည်။ သို့သော်ဘာသာမဲ့မှာ အများဆုံးဖြစ်ပြီး လူဦးရေစုစုပေါင်း၏ ၅၀% မှာ ဘာသာမဲ့များဖြစ်သည်။ ကမ္ဘာပေါ်တွင် ပညာရေးကောင်းခြင်း ၊ စီးပွားရေးကောင်းခြင်း နှင့် ရာဇဝတ်မှုနည်းပါးပြီး အလွန်သာယာခြင်း စသည့် ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် နိုင်ငံလည်းဖြစ်သည်။

နယ်သာလန်ကို ဟော်လန်ဟုလည်းခေါ်ကြလေ့ရှိသည်။ သို့သော် ဟော်လန် နှင့် နယ်သာလန်သည် Burma နှင့် Myanmar ကဲ့သို့မတူညီပါချေ။ နယ်သာလန်သည်ဟာ နိုင်ငံအမည်ဖြစ်ပြီး ဟော်လန်မှာမူ နယ်သာလန်ရှိ စီရင်စုနှစ်ခုရဲ့ နာမည်သာဖြစ်သည်။ နယ်သာလန်မှာ စီရင်စု ၁၂စု ရှိပြီး ဒီအထဲမှာ တောင်ဟော်လန် နှင့် မြောက်ဟော်လန် စီရင်စုနှစ်ခုပါဝင်လေသည်။

ဟော်လန်လို့ ခေါ်ဆိုခဲ့ရခြင်းက ဒီလိုပါ။ ၁၇ ရာစု မှာ ဒတ်ခ်ျလူမျိုးများက သင်္ဘောများနဲ့ ကမ္ဘာကို စတင်နယ်ချဲ့စဉ်မှာ နယ်သာလန်နိုင်ငံဆိုပြီး မဖြစ်သေးပါဘူး။ နယ်ချဲ့သင်္ဘောအများစုကလည်း ဆိပ်ကမ်း နယ်မြေဖြစ်တဲ့ တောင်ဟော်လန်နဲ့ မြောက်ဟော်လန်ဒေသက လာတာပါ။ အဲဒီအချိန်က သင်္ဘောသားများကို ဘာလူမျိုးလဲ၊ ဘယ်ကလာသလဲ လို့ မေးလိုက်ရင် ဒတ်ခ်ျလူမျိုး၊ ဟော်လန်ဒေသက လာတာလို့ ဖြေခဲ့ကြပါတယ်။ အဲဒါကြောင့် နယ်သာလန်နိုင်ငံ ပေါ်ပေါက်လာတဲ့အခါ ဟော်လန်ဆိုတာ နယ်သာလန်ရဲ့ အတိုကောက်ဖြစ်တယ်လို့ အမှတ်မှားခဲ့ကြတာပါ။

ဒတ်ခ်ျ

တကယ်တော့ ဒတ်ခ်ျ ဆိုတာ လူမျိုးနွယ်တခုရဲ့ အမည်နာမ ပါ။ ရှမ်းလူမျိုး ၊ ရခိုင်လူမျိုး တို့လိုပါပဲ။ ဒတ်ခ်ျလူမျိုးပေါ့။ တချို့ကလည်း ဂျာမန် အနွယ်လို့ဆိုကြပါတယ်။ ခရစ် သက္ကရာဇ် ၁၅၀၀ ခုနှစ်အစောပိုင်းကာလ ကတည်းက ဒတ်ခ်ျလူမျိုးများဆိုတာ အခုခေတ် ဘယ်လ်ဂျီယံ နဲ့ လူဇင်ဘတ် တလျောက် ၊ ဂျာမနီ ဒေသအချို့ နဲ့ နယ်သာလန် မှာ နေထိုင်ကြသူတွေဖြစ်ကြပါတယ်။ အဲဒီ နယ်မြေတွေဆိုတာ တချိန်က ရိုမန်အင်ပါယာ (Holy Roman Empire) ထဲမှာ ပါဝင်ပါတယ်။ ဒတ်ခ်ျ လူမျိုးကို အုပ်စု နှစ်စု ခွဲခြားထားပါတယ်။
(၁) တောင်ပေါ်သား ဒတ်ခ်ျ (High Dutch) တောင်ပေါ်ဒေသ ကုန်းမြင့်ဒေသမှာ နေထိုင်ကြပြီး အခုခေတ် ဂျာမနီတောင်ပိုင်းကလူတွေဖြစ်ပါတယ်။
(၂) မြေပြန့်သား ဒတ်ခ်ျ (Low Dutch) မြေနိမ့်လွင်ပြင် မြေပြန့်မှာနေထိုင်ပြီး အခုခေတ် နယ်သာလန်က လူတွေဖြစ်ပါတယ်။
ဒီကနေ့ အမေရိကန် မှာဆိုရင်လည်း ပင်ဆဲလ်ဗေးနီးယား ပြည်နယ်တောင်ပိုင်းမှာ ဒတ်ခ်ျလူမျိုးအများစု နေထိုင်ကြပါတယ်။

Min Zaw Maung
WikiPedia

Leave a Reply