တာအိုဘာသာ ဆုိသည္မွာ

Posted on

ေရးသားသူ Myo Min Win

တာအို(ေတာက္) ဘာသာကို ကြ်န္ေတာ္တုိ႔နဲ႔ ရင္းႏွီးၿပီးျဖစ္တဲ့ တရုတ္အေတြးအေခၚပညာရွင္ႀကီး ေလာင္ဇူး(လာအုိဇီ (သုိ႔) ေလာင္ဇီ) က စတင္ေဖၚထုတ္ခဲ႕တာျဖစ္ပါတယ္ ။ ေလာင္ဇူးဟာ ဘီစီ ၆၀၄ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ပုဂၢိဳလ္ျဖစ္ျပီး အခ်ိဳ႕ပညာရွင္ေတြက ေလာင္ဇူး ရဲ႕ ေမြးသကၠရာဇ္ကို အခုေဖၚျပထားတဲ့ သကၠရာဇ္ထက္ ႏွစ္ေပါင္း သံုးရာေလာက္ ေနာက္က်ျပီး ေမြးဖြါးခဲ့တယ္လို႔ ခန္႔မွန္းၾကပါတယ္ ။ အခ်ိဳ႕ကေတာ့ ေလာင္ဇူးဆိုတာ မရွိခဲ့ဘူးလို႕ ဆိုျပန္ပါတယ္ခင္ဗ်ာ ။ လူတို႔သည္ ေသသည္၏အျခားမဲ့၌ ဘဝသစ္မ်ားတြင္ လူ႕ဘဝ၌ေသာ္လည္းေကာင္း၊ တိရစၧာန္ဘဝ၌ေသာ္လည္း ေကာင္းျဖစ္သည္ဟူေသာ အယူကို ေလာင္ဇူး ေကာင္းစြာယုံၾကည္ခဲ့ပါတယ္။ ေလာင္ဇူးဟာ ဂုဏ္ပကာသနကို မလိုလားဘဲ လူသူနည္းေသာ ေနရာ၌ မထင္မရွားေနျခင္းကိုသာ ႏွစ္သက္သူလည္းျဖစ္ပါတယ္။

အဲဒီပုဂၢိဳလ္ တကယ္ အသက္ရွင္ေနထိုင္ခဲ့တယ္ဆိုရင္ေတာင္မွ အဲဒီပုဂၢိဳလ္အေၾကာင္းကို ဘယ္သူမွေသေသခ်ာခ်ာမသိၾကပါဘူး ။ သူ႕ရဲ႕ အမည္အရင္းကိုေတာင္ မသိရွိၾကပါ ။ လာအိုဇူ ဆိုတဲ့ အမည္အဓိပၸါယ္ဟာ ( အဘိုးႀကီး) ဒါမွမဟုတ္ (ဆရာႀကီး) လို႕ ဆိုပါတယ္ ။ သူ႔အေၾကာင္းနဲ႔ ပတ္သတ္လို႔ေတာ့ ယခုေခတ္မွာ ဒ႑ာရီဆန္တဲ့ အျဖစ္အပ်က္မ်ားသာ ျဖစ္ေနပါေတာ့တယ္။

သူ႔အေၾကာင္း ဒ႑ာရီကို ေျပာရမယ္ဆိုရင္ လာအိုဇူဟာ ဥကၠာပ်ံတစ္ခုေၾကာင့္ သူ႕ကို ပဋိသေႏၶတည္ခဲ့ရတယ္လို႔ ဆိုတယ္။ သူ႔မိခင္ရဲ႕ ဝမ္းဗိုက္ထဲမွာ ရွစ္ဆယ့္ႏွစ္ႏွစ္တိိုင္ေနခဲ႕တယ္လို႕ ဆိုတယ္ ။ ေမြးဖြားလာတဲ့ အခါမွာ ဆံပင္မ်ားပင္ ျဖဴေဖြးေနျပီး ပညာရွိတစ္ဦးျဖစ္ေနပါျပီလို႔ ဒီလိုဆိုပါတယ္ ။ ဒ႑ာရီဆုိေတာ့လည္း ခ်ဲ႕ကားေပမေပါ့။ ဒါေပမယ့္ အခ်ိဳ႕အခ်က္မ်ားဟာ မွန္ကန္နိုင္ဖြယ္ ရွိပါေသးတယ္ ။ ေလာင္ဇူးရဲ႕အလုပ္အကိုင္က သူ႕ရဲ႕ ေမြးရပ္ေျမ အေနာက္ပိုင္း ျပည္နယ္မွာ အမ်ိဳးသား ေမာ္ကြန္းတိိုက္ အုပ္ခ်ဳပ္ေရးမွဴးလို႔ ဆိုတယ္ ။ အဲဒီအလုပ္အကိုင္ကို လုပ္ရင္း ရိုးရိုးကုပ္ကုပ္ပဲ ေနထိုင္ခဲ့ပါတယ္ ။ ေလာင္ဇူးရဲ႕ ပုဂၢိဳလ္ေရးရာနဲ႔ ပတ္သက္ျပီး တစ္ေစာင္တည္းေသာ မွတ္တမ္းက္ိုသာ မွီျငမ္းခဲ့ရတာျဖစ္တယ္ ။

ေလာင္ဇူးအေၾကာင္းကို သတင္းၾကားရတဲ့ ကြန္ျဖဴးရွပ္ဟာ တစ္ခါက အလည္အပတ္သြားေရာက္ခဲ့ဖူးတယ္လို႕ ဆိုတယ္ ။ ကြန္ျဖဴးရွပ္ရဲ႕ေဖၚျပခ်က္အရ ေလာင္ဇူးထံကို အေဝးခရီးကေန တကူးတက သြားေရာက္ေတြ႔ခဲ့တာေၾကာင့္ အေတာ္ေလး အေႏွာက္အယွက္ျဖစ္သြားပံုရတယ္လိ႔ု ဆိုတယ္ ။ ကြန္ျဖဴးရွပ္ နဲ႔ ေလာင္ဇူးဟာ ဘီစီ ၅၁၇ ေလာက္မွာေတြ႔ဆုံခဲ့တာျဖစ္ၿပီး ၀ါဒေရးရာေတြကို ေဆြးေႏြးခဲ့ၾကတယ္လုိ႔ သိရပါတယ္။

(ငွက္ေတြမွာ ပ်ံနိုင္တဲ႕အေတာင္ေတြရွိတယ္ ။ ငါးေတြမွာလဲ ေရထဲမွာ ကူးခတ္သြားနိုင္ဖို႕ ဆူးေတာင္ေတြ ရွိတယ္ ။ တိရိစၧာန္အရိုင္းေတြမွာလဲ ေျပးလႊားဖို႕ေျခေထာက္ေတြ ရွိတယ္ ။ ေျခေထာက္ရွိတဲ႕ သတၱဝါေတြကို ဖမ္းဆီးဖို႕ ေထာင္ေခ်ာက္ေတြ ရွိတယ္ ။ ဆူးေတာင္ရွိတဲ႕ ငါးေတြအတြက္လဲ ပိုက္ကြန္ေတြ ရွိတယ္ ။ ဒါေပမယ့္ နဂါးေတြက်ေတာ့ ေလထုနဲ႕ တိမ္တိုက္ေတြကို ျဖတ္ျပၤီး ေကာင္းကင္ဘံုကို ဘယ္လိုလုပ္ သြားတယ္ဆိုတာကို ျဖတ္ျပီး ေကာင္းကင္ဘံုကို ဘယ္လိုလုပ္ သြားတယ္ဆိုတာကို ဘယ္သူမွ မသိၾကပါဘူး ။ ဒီေန႕ ကြ်န္ပ္ဟာ လာအိုဇူကို ေတြ႕ရျပီ ။ ဒီေန႕ကြ်န္ပ္ နဂါးတစ္ေကာင္ကို ျမင္ဖူးျပီ ) လို႕ ကြန္ျဖဴရွပ္က သူ႔တပည့္ေတြကို ေျပာခဲ့တဲ့ အခ်က္ေတြထဲမွာ ပါတယ္လို႔ ဆိုပါတယ္။

လူ႕သဘာဝရဲ႕ ေကာင္းတဲ႕အခ်က္ေတြကို ျပဳစုပ်ိဳးေထာင္ေပးဖို႕ သူ႕ရဲ႕ သြန္သင္ခ်က္ကို လူအမ်ားက မလိုက္နာၾကတဲ႕အတြက္ စိတ္ညစ္လို႕ပဲျဖစ္ေစ ၊သူ႕ဘဝရဲ႕ ေနာက္ပိုင္း ႏွစ္မ်ားမွာ တေျဖးေျဖး တစ္ဦးတည္း ေနဖို႕အတြက္ က်ိဳးစားခ်က္အရျဖစ္ေစ ေလာင္ဇူးဟာ ေနာက္ဆံုးမွာေတာ့ ကြ်ဲေကာင္ကိုစီးျပီး ယခု တိဗက္လို႕ေခၚတဲ့ အေနာက္ဘက္ ေဒသကို ထြက္ခြါသြားတယ္လို႕ ဆိုပါတယ္ ။ ဟန္ေကာင္ေတာင္ၾကားမွာ တာဝန္က်ေနတဲ႕ အရာရွိက ဆရာႀကီးရဲ႕ တမူထူးျခားတဲ့ အျပဳမူကို သတိျပဳမိတာေျကာင့္ သြားခြင့္မျပဳပဲ မိမိေနရပ္ကိုျပန္ဖို႕ ေတာင္ပန္ခဲ႕ေလတယ္ ။ ဆရာႀကီးက လက္မခံပဲ ဆရာႀကီး စြန္႔ပစ္ခဲ့တဲ့ လူ႕အဖြဲ႕အစည္းအတြက္ သူ႔ရဲ႕အယူအဆ မွတ္တမ္းတစ္ေစာင္ တေလမွ် ထားခဲ့ဖို႔ ေတာင္းဆိုတဲ့အခါ ေလာင္ဇူးဟာ သေဘာတူခဲ့ပါတယ္ ။

ဆရာႀကီးဟာ သံုးရက္တိတိေပ်ာက္သြားျပီး ျပန္ေရာက္လာတဲ႕အခါမွာ စာလံုးေရ ၅၀၀၀ ပါဝင္တဲ႕ က်မ္းတစ္ေစာင္ကို ယူေဆာင္လာပါတယ္ ။ အဲ႔ဒီ႕က်မ္းရဲ႕အမည္က ( တာအိုေတခ်င္ ) ျဖစ္ျပီး အဓိပၸါယ္ကေတာ့ (လမ္းစဥ္ႏွင့္ ယင္း၏အာဏာ) လို႔ သိရပါတယ္ ။ စၾကဝဠာအတြင္းမွာေနထိုင္တဲ႕ လူသားေတြရဲ႕ သာယာပံုအေၾကာင္းေတြျဖစ္တယ္ ။ အဲဒီက်မ္းဟာ ဖတ္ရုံပဲဆုိရင္ နာရီဝက္ေလာက္ ဖတ္ရံုနဲ႔ ျပီးစီးနိုင္ေအာင္ကို တိုပါတယ္ ။ သို႕ေပမယ့္ အဓိပၸါယ္ေတြကိုစဥ္းစားေတြးေခၚၿပီး ဖတ္မယ္ဆုိရင္ေတာ့ တစ္သက္လံုးဖတ္လဲ မျပီးႏုိင္ေအာင္ ရွည္ျပန္တယ္။ အလြန္ အေတြးအေခၚ ရင့္က်က္တဲ့ က်မ္းျဖစ္ျပီး ယေန႔အထိကို တာအိုဘာသာရဲ႕အေျခခံ က်မ္းလဲ ျဖစ္ေနပါတယ္။

ေလာင္ဇူးရဲ႕ ဘဝဟာ ဘာသာတစ္ခုကို တည္ေထာင္တဲ့ အေနအားျဖင့္ တကယ္ထူးျခားဆန္းျကယ္လွပါတယ္ ။ သူဟာ တရားမေဟာခဲ့ပါဘူး ။ ဘာသာေရး အသင္းအဖြဲ႕ေတြ တည္ေထာင္ျခင္းလဲ မရွိခဲ့ဘူး ။ စာေပက်မ္းဆိုလို႔ အနည္းငယ္တာ ေရးသားခဲ႕ပါတယ္ ။ ကြ်ဲစီးျပီး ထြက္သြားတယ္ ။ သူ႔အတြက္ဆိုရင္ အျပီးအပိုင္ ထြက္သြားျခင္းပဲျဖစ္ပါတယ္ ။လာအိုဇူဟာ ကြန္ျဖဴရွပ္လို အရပ္တကာလွည့္ျပီး သူ႕အယူဝါဒကို ျဖန္႕ဖို႕ ေျခကုပ္စခန္း ရွာေဖြဖို႔ ေတြ မလုပ္ခဲ့ဘူး ။ သူ႕အယူအဆမ်ားဟာ လူ႕အဖြဲ႕အစည္းထဲမွာ ေအာင္ျမင္စြာ အေျခစိုက္နိုင္ျခင္း ရွိတာ မရွိတာလဲ သူဟာ စိတ္မဝင္စားခဲ့ပါဘူး ။ သူ႕ရဲ႕ အနာဂတ္ေကာင္းစားေရးနဲ႔ ဂုဏ္သတင္းေက်ာ္ေဇာေရးအတြက္ ေဆာင္ရြက္တယ္ဆိုတာဟာ ေဝးလာေဝးပါပဲ ။ မရွင္းလင္းတဲ့ အေမးေတြကိုလဲ ေျဖဆိုဖို႔ကို မေနဘူး ။ သူ႕ဘဝဇာတ္မွာ ဒ႑ာရီ ပံုျပင္ဆိုတာကို အသာခ်ိတ္ျပီး တာအိုဝါဒရဲ႕ အဖိုးတန္ ရတနာကို ေျပာရရင္ေတာ့ ဘာသာတစ္ရပ္အေနနဲ႕ ထာဝစဥ္ ရွိေနမယ္ဆိုတာ အေသအျခာရွိတယ္လို႔ ဒီလိုသိရပါတယ္ ။

တာအိုဘာသာမွာ အပိုင္းသံုးပိုင္းရွိတယ္။ ေတြးေခၚေမွ်ာ္ျမင္ေရးဆိုင္ရာ အဘိဓမၼာ ၊ တိုင္းေရး ျပည္ေရး အုပ္ခ်ဳပ္ေရး ပညာနဲ႕ ဘာသာယံုၾကည္ခ်က္တို႕ျဖစ္တယ္ ။ ေတြးေခၚေမွ်ာ္ျမင္ေရးအပိုင္းမွာ စၾကဝဠာ ကမၻာေလာကႀကီးအတြင္းက ေန၊ လ၊ ၾကယ္နကၡတ္တာရာ တို႕ လွည့္လည္သြားလာပံုေတြ အဲ႕ဒီ႕ ျဂိဳလ္နကၡတ္ေတြရဲ႕ လွည့္လည္မႈေျကာင့္ ကမာၻေျမျပင္ႀကီးမွာ ျဖစ္ေပၚလာတဲ႕အျဖစ္အပ်က္ေတြ အေျပာင္းအလဲေတြကို ျပဆိုထားပါတယ္ ။

တာအိုဟာ ေကာင္းကင္ျပင္ အလည္မွာ ရွိတယ္ ။ တာအိုဟာ တန္ခိုးသတၱိတည္ရာ ဗဟိုအခ်က္အျခာျဖစ္တယ္ ။ ဒီကမၻာေလာကႀကီး တစ္ခုလံုးမွာ ျဖစ္ပ်က္ေနတဲ႕ အခ်င္းအရာအားလံုးကို ေနာက္ကြယ္မွာ ျကိဳးကိုင္ေနတဲ႕ အင္အားတစ္ရပ္ျဖစ္တယ္လို႕ ဆိုပါတယ္ ။ တစ္နည္းေျပာရရင္ေတာ့ တာအိုဟာ ကို္ယ္ခႏၶာရုပ္ဓါတ္မရွိတဲ့ ထာဝရ ပုဂၢိဳလ္ပင္ ျဖစ္ပါတယ္ ။

လူပုဂၢိဳလ္ တဦးခ်င္းအေနျဖင့္ ႐ိုးသားေျဖာင့္မတ္စြာႏွင့္ သဘာဝအတိုင္း ေနထိုင္သင့္သည္။ ဂုဏ္ပကာသနႏွင့္ အၾကမ္းဖက္လိုမႈ တို႔ကို ေရွာင္ၾကဥ္သင့္သည္။ ေလာကကို ျပဳျပင္ ေျပာင္းလဲရန္ ႀကိဳးစားသည္ထက္ ေလးစားရန္ ႀကိဳးစားသင့္သည္။ အစိုးရ ဥပေဒမ်ားသည္ မ်ားလွၿပီ ျဖစ္၍ ေနာက္ထပ္သာ ထုတ္ျပန္ပါက အေျခအေန ပိုဆိုးေစမည္။ ႀကီးေလးေသာ အခြန္အတုတ္၊ ရည္႐ြယ္ခ်က္ ႀကီးေသာ အစိုးရ စီမံကိန္းမ်ား၊ စစ္ဆင္မႈအားလုံးသည္ သဘာဝႏွင့္ ဆန္႔က်င္၍ တာအုိဒႆနႏွင့္ ဆန္႔က်င္ဘက္ဖီလာ ျဖစ္သည္။

တာအိုဟာ ဖိုဓါတ္ နဲ႔ မဓါတ္ ကို ဖန္ဆင္းခဲ့ တယ္ ။ သဘာဝမွာ ဖိုဓါတ္နဲ႕ မဓါတ္ဟာ ရွိစျမဲျဖစ္ပါတယ္ ။ ဖိုနဲ႕ မ ေပါင္းျပီး ေကာင္းကင္နဲ႕ ေျမျကီး ျဖစ္ေပၚလာရတယ္ ။ ေကာင္းကင္နဲ႕ ေျမႀကီးကေနတဖန္ သက္ရွိသတၱဝါမ်ား ျဖစ္လာတယ္ ။ တာအိုဟာ လူသားမ်ားရဲ႕ ေကာင္းက်ိဳးကို ေဆာင္ရြက္ေပးပါတယ္။ ေနာင္တြင္ ေလာင္ဇူးရဲ႕တာအုိအေျခခံက်မ္းကို အေျချပဳ၍ အေတြးေခၚရွင္ မ်ားစြာတုိ႔က မိမိတို႔ ကိုယ္ပိုင္ အေတြးအေခၚမ်ားကို ဆက္လက္ ခ်ဲ႕ထြင္ ေဖာ္ထုတ္လာၾကပါေတာ့တယ္။ က်ံတာအိုလင္ အမည္ရွိတဲ့ သူက တာအိုဘာသာကို ေဟာေျပာခဲ့ျပီး တာအုိဘာသာဟာ ယေန႔တုိင္ တရုတ္ႏုိင္ငံမွာ အထင္အရွား (လူဦးေရသန္း၁၀၀ေက်ာ္) ကုိးကြယ္ေနတဲ့ ဘာသာတစ္ခု အျဖစ္က်န္ရွိေနပါေသးတယ္။


တာအိုဘာသာ ဆိုသည်မှာ (unicode)

ရေးသားသူ Myo Min Win

တာအိုဘာသာကို ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ တရုတ်အတွေးအခေါ်ပညာရှင်ကြီး လောင်ဇူး(လာအိုဇီ (သို့) လောင်ဇီ) က စတင်ဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ် ။ လောင်ဇူးဟာ ဘီစီ ၆၀၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အချို့ပညာရှင်တွေက လောင်ဇူး ရဲ့ မွေးသက္ကရာဇ်ကို အခုဖေါ်ပြထားတဲ့ သက္ကရာဇ်ထက် နှစ်ပေါင်း သုံးရာလောက် နောက်ကျပြီး မွေးဖွါးခဲ့တယ်လို့ ခန့်မှန်းကြပါတယ် ။ အချို့ကတော့ လောင်ဇူးဆိုတာ မရှိခဲ့ဘူးလို့ ဆိုပြန်ပါတယ်ခင်ဗျာ ။ လူတို့သည် သေသည်၏အခြားမဲ့၌ ဘဝသစ်များတွင် လူ့ဘဝ၌သော်လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌သော်လည်း ကောင်းဖြစ်သည်ဟူသော အယူကို လောင်ဇူး ကောင်းစွာယုံကြည်ခဲ့ပါတယ်။ လောင်ဇူးဟာ ဂုဏ်ပကာသနကို မလိုလားဘဲ လူသူနည်းသော နေရာ၌ မထင်မရှားနေခြင်းကိုသာ နှစ်သက်သူလည်းဖြစ်ပါတယ်။

အဲဒီပုဂ္ဂိုလ် တကယ် အသက်ရှင်နေထိုင်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီပုဂ္ဂိုလ်အကြောင်းကို ဘယ်သူမှသေသေချာချာမသိကြပါဘူး ။ သူ့ရဲ့ အမည်အရင်းကိုတောင် မသိရှိကြပါ ။ လာအိုဇူ ဆိုတဲ့ အမည်အဓိပ္ပါယ်ဟာ ( အဘိုးကြီး) ဒါမှမဟုတ် (ဆရာကြီး) လို့ ဆိုပါတယ် ။ သူ့အကြောင်းနဲ့ ပတ်သတ်လို့တော့ ယခုခေတ်မှာ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်များသာ ဖြစ်နေပါတော့တယ်။

သူ့အကြောင်း ဒဏ္ဍာရီကို ပြောရမယ်ဆိုရင် လာအိုဇူဟာ ဥက္ကာပျံတစ်ခုကြောင့် သူ့ကို ပဋိသန္ဓေတည်ခဲ့ရတယ်လို့ ဆိုတယ်။ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှစ်ဆယ့်နှစ်နှစ်တိုင်နေခဲ့တယ်လို့ ဆိုတယ် ။ မွေးဖွားလာတဲ့ အခါမှာ ဆံပင်များပင် ဖြူဖွေးနေပြီး ပညာရှိတစ်ဦးဖြစ်နေပါပြီလို့ ဒီလိုဆိုပါတယ် ။ ဒဏ္ဍာရီဆိုတော့လည်း ချဲ့ကားပေမပေါ့။ ဒါပေမယ့် အချို့အချက်များဟာ မှန်ကန်နိုင်ဖွယ် ရှိပါသေးတယ် ။ လောင်ဇူးရဲ့အလုပ်အကိုင်က သူ့ရဲ့ မွေးရပ်မြေ အနောက်ပိုင်း ပြည်နယ်မှာ အမျိုးသား မော်ကွန်းတိုက် အုပ်ချုပ်ရေးမှူးလို့ ဆိုတယ် ။ အဲဒီအလုပ်အကိုင်ကို လုပ်ရင်း ရိုးရိုးကုပ်ကုပ်ပဲ နေထိုင်ခဲ့ပါတယ် ။ လောင်ဇူးရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီး တစ်စောင်တည်းသော မှတ်တမ်းက်ိုသာ မှီငြမ်းခဲ့ရတာဖြစ်တယ် ။

လောင်ဇူးအကြောင်းကို သတင်းကြားရတဲ့ ကွန်ဖြူးရှပ်ဟာ တစ်ခါက အလည်အပတ်သွားရောက်ခဲ့ဖူးတယ်လို့ ဆိုတယ် ။ ကွန်ဖြူးရှပ်ရဲ့ဖေါ်ပြချက်အရ လောင်ဇူးထံကို အဝေးခရီးကနေ တကူးတက သွားရောက်တွေ့ခဲ့တာကြောင့် အတော်လေး အနှောက်အယှက်ဖြစ်သွားပုံရတယ်လို့ ဆိုတယ် ။ ကွန်ဖြူးရှပ် နဲ့ လောင်ဇူးဟာ ဘီစီ ၅၁၇ လောက်မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ဝါဒရေးရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

(ငှက်တွေမှာ ပျံနိုင်တဲ့အတောင်တွေရှိတယ် ။ ငါးတွေမှာလဲ ရေထဲမှာ ကူးခတ်သွားနိုင်ဖို့ ဆူးတောင်တွေ ရှိတယ် ။ တိရိစ္ဆာန်အရိုင်းတွေမှာလဲ ပြေးလွှားဖို့ခြေထောက်တွေ ရှိတယ် ။ ခြေထောက်ရှိတဲ့ သတ္တဝါတွေကို ဖမ်းဆီးဖို့ ထောင်ချောက်တွေ ရှိတယ် ။ ဆူးတောင်ရှိတဲ့ ငါးတွေအတွက်လဲ ပိုက်ကွန်တွေ ရှိတယ် ။ ဒါပေမယ့် နဂါးတွေကျတော့ လေထုနဲ့ တိမ်တိုက်တွေကို ဖြတ်င်္ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဖြတ်ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး ။ ဒီနေ့ ကျွန်ပ်ဟာ လာအိုဇူကို တွေ့ရပြီ ။ ဒီနေ့ကျွန်ပ် နဂါးတစ်ကောင်ကို မြင်ဖူးပြီ ) လို့ ကွန်ဖြူရှပ်က သူ့တပည့်တွေကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။

လူ့သဘာဝရဲ့ ကောင်းတဲ့အချက်တွေကို ပြုစုပျိုးထောင်ပေးဖို့ သူ့ရဲ့ သွန်သင်ချက်ကို လူအများက မလိုက်နာကြတဲ့အတွက် စိတ်ညစ်လို့ပဲဖြစ်စေ ၊သူ့ဘဝရဲ့ နောက်ပိုင်း နှစ်များမှာ တဖြေးဖြေး တစ်ဦးတည်း နေဖို့အတွက် ကျိုးစားချက်အရဖြစ်စေ လောင်ဇူးဟာ နောက်ဆုံးမှာတော့ ကျွဲကောင်ကိုစီးပြီး ယခု တိဗက်လို့ခေါ်တဲ့ အနောက်ဘက် ဒေသကို ထွက်ခွါသွားတယ်လို့ ဆိုပါတယ် ။ ဟန်ကောင်တောင်ကြားမှာ တာဝန်ကျနေတဲ့ အရာရှိက ဆရာကြီးရဲ့ တမူထူးခြားတဲ့ အပြုမူကို သတိပြုမိတာကြောင့် သွားခွင့်မပြုပဲ မိမိနေရပ်ကိုပြန်ဖို့ တောင်ပန်ခဲ့လေတယ် ။ ဆရာကြီးက လက်မခံပဲ ဆရာကြီး စွန့်ပစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့အယူအဆ မှတ်တမ်းတစ်စောင် တလေမျှ ထားခဲ့ဖို့ တောင်းဆိုတဲ့အခါ လောင်ဇူးဟာ သဘောတူခဲ့ပါတယ် ။

ဆရာကြီးဟာ သုံးရက်တိတိပျောက်သွားပြီး ပြန်ရောက်လာတဲ့အခါမှာ စာလုံးရေ ၅၀၀၀ ပါဝင်တဲ့ ကျမ်းတစ်စောင်ကို ယူဆောင်လာပါတယ် ။ အဲ့ဒီ့ကျမ်းရဲ့အမည်က ( တာအိုတေချင် ) ဖြစ်ပြီး အဓိပ္ပါယ်ကတော့ (လမ်းစဉ်နှင့် ယင်း၏အာဏာ) လို့ သိရပါတယ် ။ စကြဝဠာအတွင်းမှာနေထိုင်တဲ့ လူသားတွေရဲ့ သာယာပုံအကြောင်းတွေဖြစ်တယ် ။ အဲဒီကျမ်းဟာ ဖတ်ရုံပဲဆိုရင် နာရီဝက်လောက် ဖတ်ရုံနဲ့ ပြီးစီးနိုင်အောင်ကို တိုပါတယ် ။ သို့ပေမယ့် အဓိပ္ပါယ်တွေကိုစဉ်းစားတွေးခေါ်ပြီး ဖတ်မယ်ဆိုရင်တော့ တစ်သက်လုံးဖတ်လဲ မပြီးနိုင်အောင် ရှည်ပြန်တယ်။ အလွန် အတွေးအခေါ် ရင့်ကျက်တဲ့ ကျမ်းဖြစ်ပြီး ယနေ့အထိကို တာအိုဘာသာရဲ့အခြေခံ ကျမ်းလဲ ဖြစ်နေပါတယ်။

လောင်ဇူးရဲ့ ဘဝဟာ ဘာသာတစ်ခုကို တည်ထောင်တဲ့ အနေအားဖြင့် တကယ်ထူးခြားဆန်းကြယ်လှပါတယ် ။ သူဟာ တရားမဟောခဲ့ပါဘူး ။ ဘာသာရေး အသင်းအဖွဲ့တွေ တည်ထောင်ခြင်းလဲ မရှိခဲ့ဘူး ။ စာပေကျမ်းဆိုလို့ အနည်းငယ်တာ ရေးသားခဲ့ပါတယ် ။ ကျွဲစီးပြီး ထွက်သွားတယ် ။ သူ့အတွက်ဆိုရင် အပြီးအပိုင် ထွက်သွားခြင်းပဲဖြစ်ပါတယ် ။လာအိုဇူဟာ ကွန်ဖြူရှပ်လို အရပ်တကာလှည့်ပြီး သူ့အယူဝါဒကို ဖြန့်ဖို့ ခြေကုပ်စခန်း ရှာဖွေဖို့ တွေ မလုပ်ခဲ့ဘူး ။ သူ့အယူအဆများဟာ လူ့အဖွဲ့အစည်းထဲမှာ အောင်မြင်စွာ အခြေစိုက်နိုင်ခြင်း ရှိတာ မရှိတာလဲ သူဟာ စိတ်မဝင်စားခဲ့ပါဘူး ။ သူ့ရဲ့ အနာဂတ်ကောင်းစားရေးနဲ့ ဂုဏ်သတင်းကျော်ဇောရေးအတွက် ဆောင်ရွက်တယ်ဆိုတာဟာ ဝေးလာဝေးပါပဲ ။ မရှင်းလင်းတဲ့ အမေးတွေကိုလဲ ဖြေဆိုဖို့ကို မနေဘူး ။ သူ့ဘဝဇာတ်မှာ ဒဏ္ဍာရီ ပုံပြင်ဆိုတာကို အသာချိတ်ပြီး တာအိုဝါဒရဲ့ အဖိုးတန် ရတနာကို ပြောရရင်တော့ ဘာသာတစ်ရပ်အနေနဲ့ ထာဝစဉ် ရှိနေမယ်ဆိုတာ အသေအခြာရှိတယ်လို့ ဒီလိုသိရပါတယ် ။

တာအိုဘာသာမှာ အပိုင်းသုံးပိုင်းရှိတယ်။ တွေးခေါ်မျှော်မြင်ရေးဆိုင်ရာ အဘိဓမ္မာ ၊ တိုင်းရေး ပြည်ရေး အုပ်ချုပ်ရေး ပညာနဲ့ ဘာသာယုံကြည်ချက်တို့ဖြစ်တယ် ။ တွေးခေါ်မျှော်မြင်ရေးအပိုင်းမှာ စကြဝဠာ ကမ္ဘာလောကကြီးအတွင်းက နေ၊ လ၊ ကြယ်နက္ခတ်တာရာ တို့ လှည့်လည်သွားလာပုံတွေ အဲ့ဒီ့ ဂြိုလ်နက္ခတ်တွေရဲ့ လှည့်လည်မှုကြောင့် ကမ္ဘာမြေပြင်ကြီးမှာ ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေ အပြောင်းအလဲတွေကို ပြဆိုထားပါတယ် ။

တာအိုဟာ ကောင်းကင်ပြင် အလည်မှာ ရှိတယ် ။ တာအိုဟာ တန်ခိုးသတ္တိတည်ရာ ဗဟိုအချက်အခြာဖြစ်တယ် ။ ဒီကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အချင်းအရာအားလုံးကို နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အင်အားတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ် ။ တစ်နည်းပြောရရင်တော့ တာအိုဟာ က်ိုယ်ခန္ဓာရုပ်ဓါတ်မရှိတဲ့ ထာဝရ ပုဂ္ဂိုလ်ပင် ဖြစ်ပါတယ် ။

လူပုဂ္ဂိုလ် တဦးချင်းအနေဖြင့် ရိုးသားဖြောင့်မတ်စွာနှင့် သဘာဝအတိုင်း နေထိုင်သင့်သည်။ ဂုဏ်ပကာသနနှင့် အကြမ်းဖက်လိုမှု တို့ကို ရှောင်ကြဉ်သင့်သည်။ လောကကို ပြုပြင် ပြောင်းလဲရန် ကြိုးစားသည်ထက် လေးစားရန် ကြိုးစားသင့်သည်။ အစိုးရ ဥပဒေများသည် များလှပြီ ဖြစ်၍ နောက်ထပ်သာ ထုတ်ပြန်ပါက အခြေအနေ ပိုဆိုးစေမည်။ ကြီးလေးသော အခွန်အတုတ်၊ ရည်ရွယ်ချက် ကြီးသော အစိုးရ စီမံကိန်းများ၊ စစ်ဆင်မှုအားလုံးသည် သဘာဝနှင့် ဆန့်ကျင်၍ တာအိုဒဿနနှင့် ဆန့်ကျင်ဘက်ဖီလာ ဖြစ်သည်။

တာအိုဟာ ဖိုဓါတ် နဲ့ မဓါတ် ကို ဖန်ဆင်းခဲ့ တယ် ။ သဘာဝမှာ ဖိုဓါတ်နဲ့ မဓါတ်ဟာ ရှိစမြဲဖြစ်ပါတယ် ။ ဖိုနဲ့ မ ပေါင်းပြီး ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာရတယ် ။ ကောင်းကင်နဲ့ မြေကြီးကနေတဖန် သက်ရှိသတ္တဝါများ ဖြစ်လာတယ် ။ တာအိုဟာ လူသားများရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးပါတယ်။ နောင်တွင် လောင်ဇူးရဲ့တာအိုအခြေခံကျမ်းကို အခြေပြု၍ အတွေးခေါ်ရှင် များစွာတို့က မိမိတို့ ကိုယ်ပိုင် အတွေးအခေါ်များကို ဆက်လက် ချဲ့ထွင် ဖော်ထုတ်လာကြပါတော့တယ်။ ကျံတာအိုလင် အမည်ရှိတဲ့ သူက တာအိုဘာသာကို ဟောပြောခဲ့ပြီး တာအိုဘာသာဟာ ယနေ့တိုင် တရုတ်နိုင်ငံမှာ အထင်အရှား (လူဦးရေသန်း၁၀၀ကျော်) ကိုးကွယ်နေတဲ့ ဘာသာတစ်ခု အဖြစ်ကျန်ရှိနေပါသေးတယ်။

Leave a Reply