က်ီးကန္း တုိ႔ရဲ႕စိတ္၀င္စားဖြယ္အခ်က္မ်ား

Posted on

နိုင္ငံ အႏွံ့အျပား ေတာေရာ ၿမိဳ႕ေပၚမွာပါ ျမင္ေနက် ငွက္တမ်ိဳး ျဖစ္တဲ့ က်ီးကန္းေတြရဲ့ အေမြးအေတာင္ေတြက မည္းမည္းနက္၊ အသံေတြက မသာမယာ ျဖစ္ေနတာေၾကာင့္ သူတို႔ကို လူေတြက ႏွစ္သက္မႈ အင္မတန္နည္းပါးၾကပါတယ္။ ဗ်ိဳင္းေတြမွာေတာ့ ျဖဴဆြတ္တဲ့ အေမြးေတြရဲ့ ေအာက္မွာ မည္းနက္တဲ့ အသားေတြ ေတြ႕ရၿပီး က်ီးကန္းေတြမွာေတာ့ မည္းနက္ေနတဲ့ အေမြးေတြရဲ့ ေအာက္မွာ ျဖဴဆြတ္ေနတဲ့ အသားကို ေတြ႕ရပါတယ္။ ၿမိဳ႕က်ီးကန္းႏွင့္ ေတာက်ီးကန္းဟူ၍ ႏွစ္မ်ိဳးကြဲပါတယ္။ ၿမဳိ႕က်ီးက အာ.အာ ဟုေအာ္ၿပီး ေတာက်ီးကန္းက အာေလာက္ေလာက္..အာေလာက္ေလာက္ ဟုေအာ္တတ္ပါတယ္။ ေတာက်ီးကန္းမွာ ကိုယ္ထည္ထြားသည္။ က်ီးသည္ အလ်ား ၁၅” ၀န္းက်င္ ရွိ၍ ရင္အုပ္ႏွင့္ လည္အနားတြင္ မြဲေျခာက္တဲ့အေမႊးအေတာင္ေတြရွိတတ္ပါတယ္။

ၿမန္မာ့စာေပမွာေတာ့ က်ီးကုိ အမ်ဳိးအစား ၅ မ်ဳိးခြဲၿခားထားပါတယ္။ ဒါေတြကေတာ့-
၁။ ကုိယ္လုံးႀကီး၊ ႏႈတ္သီးရွည္၊ မဲနက္လ်င္ ၿဗဟၼဏမ်ဳိး၊
၂။ မ်က္လုံးေႀကာင္၊ ႏႈတ္သီးနက္၊ ၿပင္းေသာအသံရွိလ်င္ ခတၱိယမ်ဳိး၊
၃။ အဆင္းညဳိ၊ ႏႈတ္သီးညဳိ၊ အသံမၿပင္းလ်င္ ဗိသွ်မ်ဳိး၊
၄။ ေၿခာက္ကပ္ ညဳိၿပာေသာကုိယ္၊ ေႀကာက္မက္ဖြယ္အသံၿမည္လ်င္ သဒၵိယမ်ဳိး၊
၅။ ေၿခာက္ကပ္ေသာကုိယ္၊ လည္ပင္းရွည္၊ အသံေသး ၿငိမ္ၿငိမ္ေနတတ္လ်င္ အ႑ဇမ်ဳိး
ဟူ၍ပင္။

က်ီးကန္းသည္ မ်က္စိလ်င္၍ လုယက္ခိုးဝွက္တတ္တယ္။ စားႂကြင္းစားက်န္၊ တီေကာင္၊ ႂကြက္ငယ္မ်ားကို ရွာေဖြစားေသာက္ၾကတယ္။ က်ီးတစ္ေကာင္ ေသလ်င္ က်န္က်ီးကန္းမ်ား ဝိုင္းလာ၍ ေအာ္ဟစ္တတ္ပါတယ္။ အသိုက္ကို သစ္ပင္ျမင့္မ်ားတြင္ျပဳလုပ္ေလ့ရွိၿပီး အထူးသျဖင့္ မန္က်ည္းပင္မ်ားတြင္ ပုိမုိျပဳလုပ္ေလ့ရွိပါတယ္။ ၿမဳိ႕က်ီးကန္းထက္ ေတာက်ီးကန္း အသံမွာ ပို၍ေအာပါတယ္။ က်ီးကန္းကို ျမန္မာႏိုင္ငံႏွင့္ အာရွတိုက္ အေရွ႕ပိုင္း ႏိုင္ငံအေတာ္မ်ားမ်ားတြင္ေတြ႔ရေလ့ရွိၿပီး တခါတရံ ဆြတ္ဆြတ္ျဖဴေသာ က်ီးကန္းကိုလည္း ေတြ႕ရတတ္ပါတယ္။

က်ီးကန္းမသည္ သုံးႏွစ္သား၌ အ႐ြယ္ေရာက္ ရင့္မာၿပီး၊ က်ီးကန္းဖိုသည္ ငါးႏွစ္သားတြင္မွ အရြယ္ေရာက္ပါတယ္။ က်ီးကန္းေတြရဲ့ ဥက ၾကက္ဥလို ရွည္ေမ်ာၿပီး အခြံက မာေက်ာတဲ့ အျပင္ အနီေျပာက္ အညိဳေျပာက္မ်ား ပါရွိပါတယ္။ သို႔ေပမယ့္ ၾကက္ဥထက္ ေသးငယ္ပါတယ္။ ဥကို သုံးလုံးမွ ကိုးလုံးထိ ဥတတ္ၿပီး၊ အသိုက္ထဲတြင္ ရက္ ၂၀ မွ ၄၀ ထိ ေနရေလ့ရွိပါတယ္။ က်ီးကန္းမ်ားသည္ တဘဝတာလုံး ၾကင္ေဖာ္ႏွင့္ တူတြဲ ေနထိုင္ၿပီး၊ ယခင္ႏွစ္က ေပါက္ေသာ အငယ္မ်ားသည္ အသိုက္ကို ဝိုင္းဝန္း ေစာင့္ေရွာက္ေပးတတ္ကာ၊ ဥမွ ေပါက္ကာစ အသိုက္ေန က်ီးကန္းေပါက္စမ်ားကို အစာေကြ်းျခင္း၌ ကူညီ‌ၾကေလ့ရွိပါတယ္။

ၿမိဳ႕ျပေဒသတြင္ အသိုက္ေန က်ီးကန္းေပါက္စမ်ားသည္ သဘာဝႏွင့္ လိုက္ေလ်ာညီေထြ မရွိေသာ လူလုပ္ အသိုက္မ်ားတြင္ ၿငိဳျငင္စြာ ေနထိုင္ရျခင္းႏွင့္ အာဟာရ ျပတ္လတ္ေသာေၾကာင့္ အ႐ိုးၿပိဳင္းၿပိဳင္း ႀကီးျပင္းလာရျခင္းစေသာ ၿခိမ္းေျခာက္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရပါတယ္။ က်ီးကန္းေတြရဲ႕ပုံမွန္သက္တမ္းကေတာ့ အႏွစ္ ၂၀ ၀န္းက်င္ျဖစ္ၿပီး ၊ ေတာတြင္းဘဝတြင္ အသက္အရွည္ဆုံး ျဖစ္ေသာ အေမရိကန္ က်ီးကန္းေတြကေတာ့ အသက္ ၃၀ နီးပါး ရွည္တတ္ပါတယ္။ မွတ္တမ္းတင္ထားေသာ ေလွာင္ခ်ိဳင့္ႏွင့္ ေမြးျမဴသည့္ အသက္အႀကီးဆုံး က်ီးကန္းမွာ အသက္ ၅၉ တြင္ ေသဆုံးသြားခဲ့ပါတယ္။ က်ီးကန္းမ်ဳိးစိတ္ေပါင္းမ်ားစြာ ရွိသည့္အနက္ ဟာဝိုင္အီက်ီး ႏွင့္ မာရီယာနာက်ီး မ်ဳိးတုိ႔မွာမ်ဳိးတုံးခါနီးေနၿပီျဖစ္ပါတယ္။

က်ီးေတြဆီက လူေတြျပန္လည္သင္ယူသင့္တဲ့အခ်က္မ်ား

က်ီးတုိ႔တြင္ လူေတြအတုယူသင့္တဲ့ အခ်က္ ၄ ခ်က္ရွိပါတယ္။

၁။ က်ီးတုိ႔သည္ ေမထုန္မႈ၌ လွ်ဳိ႕၀ွက္ႀက
အၿခား သတၱ၀ါမ်ားႏွင့္ ဆန္႔က်င္၍ က်ီးတုိ႔သည္ ေမထုန္အမႈကုိ လွ်ဳိ႕၀ွက္စြာ ၿပဳတတ္ႀကပါတယ္။ လူတုိ႔သည္လည္း က်ီးေတြလုိ အရွက္အေႀကာက္ ရွိဖုိ႔လုိပါတယ္။

၂။ က်ီးတုိ႔သည္ ညီညြတ္ႀက
က်ီးတုိ႔သည္ တစ္ေကာင္တည္းေနေလ့မရွိပဲ အုပ္စုလုိက္သာေနေလ့ရွိပါတယ္။ စုေပါင္းစားေသာက္တတ္ႀကသလုိ ေဘးအႏၱရာယ္နဲ႔ ႀကဳံပါကလည္း ညီညြတ္စြာစုေပါင္း တြန္းလွန္ေလ့ရွိပါတယ္။ လူေတြလည္း က်ီးတုိ႔ကဲ့သုိ႔ ညီညြတ္လ်င္ ဘယ္အရာကုိမွ ေႀကာက္ဖုိ႔ မလုိပါေခ်။

၃။ မေမ့ေလ်ာ့ၿခင္း
က်ီးမ်ားသည္ အလြတ္သတိရွိေသာ သတၱ၀ါၿဖစ္ပါတယ္။ အထူးအၿဖင့္ ကုိင္းတစ္ကုိင္းတည္း အၿမဲနားေလ့မရွိပါ။ အၿမဲလႈပ္ရွားေနတတ္တာေႀကာင့္ ငွက္ပစ္သမားမ်ား က်ီးကုိပစ္ရာတြင္ ခက္ခဲေလ့ရွိပါတယ္။ လူတုိ႔သည္လညး္ က်ီးတုိ႔ကဲ့သုိ႔ ေဘးအႏၱရာယ္မ်ားကို မေမ့မေလ်ာ့ အၿမဲသတိရွိဖုိ႔ လုိပါတယ္။

၄။ မပ်င္းမရိၿခင္း
က်ီးတုိ႔သည္ အၿမဲ ဖ်တ္ဖ်တ္လတ္လတ္ရွိႀက၏။ လူတုိ႔သည္လည္း က်ီးတုိ႔ကဲ့သုိ႔ အၿမဲတက္ႀကြကာ မပ်င္းမရိေနၿခင္းအားၿဖင့္ ေအာင္ၿမင္မႈမ်ားကုိ ဆြတ္ခူးႏုိင္မွာ ၿဖစ္ပါတယ္။

အရာရာတုိင္းတြင္ အေကာင္းႏွင့္ အဆုိးဒြန္တြဲေနသည္မွာ ဓမၼတာပင္ ၿဖစ္ပါတယ္။ က်ီးတုိ႔တြင္လည္း မေကာင္းသည့္ အရာမ်ားစြာရွိပါတယ္။ သုိ႔ရာတြင္ ယခုလိုေကာင္းေသာ အခ်က္မ်ားလည္း ရွိေနေပေသးရာ မေကာင္းမႈေရွာင္၊ ေကာင္းမႈေဆာင္ဟူေသာ စကားႏွင့္အညီ ေကာင္းတဲ့အခ်က္မ်ားကို အတုယူက်င့္သုံးက်င့္ပါေႀကာင္း…

က်မ္းကိုး
ဗဟုသုတ စြယ္စုံ-လွသမိန္
ေၿခေၿခၿမစ္ၿမစ္ ဗဟုသုတ – နႏၵာမုိးႀကယ္
ၿမန္မာ့စြယ္စုံက်မ္း


ကျီးကန်း တို့ရဲ့စိတ်ဝင်စားဖွယ်အချက်များ (unicode)

နိုင်ငံ အနှံ့အပြား တောရော မြို့ပေါ်မှာပါ မြင်နေကျ ငှက်တမျိုး ဖြစ်တဲ့ ကျီးကန်းတွေရဲ့ အမွေးအတောင်တွေက မည်းမည်းနက်၊ အသံတွေက မသာမယာ ဖြစ်နေတာကြောင့် သူတို့ကို လူတွေက နှစ်သက်မှု အင်မတန်နည်းပါးကြပါတယ်။ ဗျိုင်းတွေမှာတော့ ဖြူဆွတ်တဲ့ အမွေးတွေရဲ့ အောက်မှာ မည်းနက်တဲ့ အသားတွေ တွေ့ရပြီး ကျီးကန်းတွေမှာတော့ မည်းနက်နေတဲ့ အမွေးတွေရဲ့ အောက်မှာ ဖြူဆွတ်နေတဲ့ အသားကို တွေ့ရပါတယ်။ မြို့ကျီးကန်းနှင့် တောကျီးကန်းဟူ၍ နှစ်မျိုးကွဲပါတယ်။ မြို့ကျီးက အာ.အာ ဟုအော်ပြီး တောကျီးကန်းက အာလောက်လောက်..အာလောက်လောက် ဟုအော်တတ်ပါတယ်။ တောကျီးကန်းမှာ ကိုယ်ထည်ထွားသည်။ ကျီးသည် အလျား ၁၅” ဝန်းကျင် ရှိ၍ ရင်အုပ်နှင့် လည်အနားတွင် မွဲခြောက်တဲ့အမွှေးအတောင်တွေရှိတတ်ပါတယ်။

မြန်မာ့စာပေမှာတော့ ကျီးကို အမျိုးအစား ၅ မျိုးခွဲခြားထားပါတယ်။ ဒါတွေကတော့-
၁။ ကိုယ်လုံးကြီး၊ နှုတ်သီးရှည်၊ မဲနက်လျင် ဗြဟ္မဏမျိုး၊
၂။ မျက်လုံးကြောင်၊ နှုတ်သီးနက်၊ ပြင်းသောအသံရှိလျင် ခတ္တိယမျိုး၊
၃။ အဆင်းညို၊ နှုတ်သီးညို၊ အသံမပြင်းလျင် ဗိသျှမျိုး၊
၄။ ခြောက်ကပ် ညိုပြာသောကိုယ်၊ ကြောက်မက်ဖွယ်အသံမြည်လျင် သဒ္ဒိယမျိုး၊
၅။ ခြောက်ကပ်သောကိုယ်၊ လည်ပင်းရှည်၊ အသံသေး ငြိမ်ငြိမ်နေတတ်လျင် အဏ္ဍဇမျိုး
ဟူ၍ပင်။

ကျီးကန်းသည် မျက်စိလျင်၍ လုယက်ခိုးဝှက်တတ်တယ်။ စားကြွင်းစားကျန်၊ တီကောင်၊ ကြွက်ငယ်များကို ရှာဖွေစားသောက်ကြတယ်။ ကျီးတစ်ကောင် သေလျင် ကျန်ကျီးကန်းများ ဝိုင်းလာ၍ အော်ဟစ်တတ်ပါတယ်။ အသိုက်ကို သစ်ပင်မြင့်များတွင်ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် မန်ကျည်းပင်များတွင် ပိုမိုပြုလုပ်လေ့ရှိပါတယ်။ မြို့ကျီးကန်းထက် တောကျီးကန်း အသံမှာ ပို၍အောပါတယ်။ ကျီးကန်းကို မြန်မာနိုင်ငံနှင့် အာရှတိုက် အရှေ့ပိုင်း နိုင်ငံအတော်များများတွင်တွေ့ရလေ့ရှိပြီး တခါတရံ ဆွတ်ဆွတ်ဖြူသော ကျီးကန်းကိုလည်း တွေ့ရတတ်ပါတယ်။

ကျီးကန်းမသည် သုံးနှစ်သား၌ အရွယ်ရောက် ရင့်မာပြီး၊ ကျီးကန်းဖိုသည် ငါးနှစ်သားတွင်မှ အရွယ်ရောက်ပါတယ်။ ကျီးကန်းတွေရဲ့ ဥက ကြက်ဥလို ရှည်မျောပြီး အခွံက မာကျောတဲ့ အပြင် အနီပြောက် အညိုပြောက်များ ပါရှိပါတယ်။ သို့ပေမယ့် ကြက်ဥထက် သေးငယ်ပါတယ်။ ဥကို သုံးလုံးမှ ကိုးလုံးထိ ဥတတ်ပြီး၊ အသိုက်ထဲတွင် ရက် ၂၀ မှ ၄၀ ထိ နေရလေ့ရှိပါတယ်။ ကျီးကန်းများသည် တဘဝတာလုံး ကြင်ဖော်နှင့် တူတွဲ နေထိုင်ပြီး၊ ယခင်နှစ်က ပေါက်သော အငယ်များသည် အသိုက်ကို ဝိုင်းဝန်း စောင့်ရှောက်ပေးတတ်ကာ၊ ဥမှ ပေါက်ကာစ အသိုက်နေ ကျီးကန်းပေါက်စများကို အစာကျွေးခြင်း၌ ကူညီ‌ကြလေ့ရှိပါတယ်။

မြို့ပြဒေသတွင် အသိုက်နေ ကျီးကန်းပေါက်စများသည် သဘာဝနှင့် လိုက်လျောညီထွေ မရှိသော လူလုပ် အသိုက်များတွင် ငြိုငြင်စွာ နေထိုင်ရခြင်းနှင့် အာဟာရ ပြတ်လတ်သောကြောင့် အရိုးပြိုင်းပြိုင်း ကြီးပြင်းလာရခြင်းစသော ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရပါတယ်။ ကျီးကန်းတွေရဲ့ပုံမှန်သက်တမ်းကတော့ အနှစ် ၂၀ ဝန်းကျင်ဖြစ်ပြီး ၊ တောတွင်းဘဝတွင် အသက်အရှည်ဆုံး ဖြစ်သော အမေရိကန် ကျီးကန်းတွေကတော့ အသက် ၃၀ နီးပါး ရှည်တတ်ပါတယ်။ မှတ်တမ်းတင်ထားသော လှောင်ချိုင့်နှင့် မွေးမြူသည့် အသက်အကြီးဆုံး ကျီးကန်းမှာ အသက် ၅၉ တွင် သေဆုံးသွားခဲ့ပါတယ်။

ကျီးကန်းမျိုးစိတ်ပေါင်းများစွာ ရှိသည့်အနက် ဟာဝိုင်အီကျီး နှင့် မာရီယာနာကျီး မျိုးတို့မှာမျိုးတုံးခါနီးနေပြီဖြစ်ပါတယ်။

ကျီးတွေဆီက လူတွေပြန်လည်သင်ယူသင့်တဲ့အချက်များ

ကျီးတို့တွင် လူတွေအတုယူသင့်တဲ့ အချက် ၄ ချက်ရှိပါတယ်။

၁။ ကျီးတို့သည် မေထုန်မှု၌ လျှို့ဝှက်ကြ
အခြား သတ္တဝါများနှင့် ဆန့်ကျင်၍ ကျီးတို့သည် မေထုန်အမှုကို လျှို့ဝှက်စွာ ပြုတတ်ကြပါတယ်။ လူတို့သည်လည်း ကျီးတွေလို အရှက်အကြောက် ရှိဖို့လိုပါတယ်။

၂။ ကျီးတို့သည် ညီညွတ်ကြ
ကျီးတို့သည် တစ်ကောင်တည်းနေလေ့မရှိပဲ အုပ်စုလိုက်သာနေလေ့ရှိပါတယ်။ စုပေါင်းစားသောက်တတ်ကြသလို ဘေးအန္တရာယ်နဲ့ ကြုံပါကလည်း ညီညွတ်စွာစုပေါင်း တွန်းလှန်လေ့ရှိပါတယ်။ လူတွေလည်း ကျီးတို့ကဲ့သို့ ညီညွတ်လျင် ဘယ်အရာကိုမှ ကြောက်ဖို့ မလိုပါချေ။

၃။ မမေ့လျော့ခြင်း
ကျီးများသည် အလွတ်သတိရှိသော သတ္တဝါဖြစ်ပါတယ်။ အထူးအဖြင့် ကိုင်းတစ်ကိုင်းတည်း အမြဲနားလေ့မရှိပါ။ အမြဲလှုပ်ရှားနေတတ်တာကြောင့် ငှက်ပစ်သမားများ ကျီးကိုပစ်ရာတွင် ခက်ခဲလေ့ရှိပါတယ်။ လူတို့သည်လည်း ကျီးတို့ကဲ့သို့ ဘေးအန္တရာယ်များကို မမေ့မလျော့ အမြဲသတိရှိဖို့ လိုပါတယ်။

၄။ မပျင်းမရိခြင်း
ကျီးတို့သည် အမြဲ ဖျတ်ဖျတ်လတ်လတ်ရှိကြ၏။ လူတို့သည်လည်း ကျီးတို့ကဲ့သို့ အမြဲတက်ကြွကာ မပျင်းမရိနေခြင်းအားဖြင့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

အရာရာတ်ိုင်းတွင် အကောင်းနှင့် အဆိုးဒွန်တွဲနေသည်မှာ ဓမ္မတာပင် ဖြစ်ပါတယ်။ ကျီးတို့တွင်လည်း မကောင်းသည့် အရာများစွာရှိပါတယ်။ သို့ရာတွင် ယခုလိုကောင်းသော အချက်များလည်း ရှိနေပေသေးရာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ဟူသော စကားနှင့်အညီ ကောင်းတဲ့အချက်များကို အတုယူကျင့်သုံးကျင့်ပါကြောင်း…

ကျမ်းကိုး
ဗဟုသုတ စွယ်စုံ-လှသမိန်
ခြေခြေမြစ်မြစ် ဗဟုသုတ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply