ကမာၻ႔အၾကြယ္၀ဆံုးႏွင့္အာဏာအရွိဆံုးေရာ့သစ္ခ်ိဳင္းလ္မိသားစု (သုိ႔မဟုတ္) ႏိုင္ငံတကာကိုထိန္းခ်ဳပ္ေနၾကသူမ်ား

Posted on

ေရးသားသူ – စတီဗင္ (ဉာဏ္​အလင္​း အြန္လုိင္း မဂၢဇင္း)

ေရာ့သ္စ္ခ်ိဳင္းလ္ (Rothschild) ဆိုတဲ့နာမည္ၾကား လိုက္တာနဲ႔ က်ိက်ိတက္ခ်မ္းသာၾကြယ္၀မႈနဲ႔ တိုက္႐ိုက္ ဆက္စပ္ မိၿပီးသား ျဖစ္သြားေလ့ရွိတယ္။ ကမာၻေပၚမွာ အာဏာအရွိဆံုးနဲ႔ အခ်မ္းသာဆံုး မိသားစုအျဖစ္ Rothschild မိသားစု ရပ္တည္ေနတာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ပါပါၿပီ။ သူ႔တို႔ခ်မ္းသာ ၾကြယ္၀ရတဲ့အဓိကအေၾကာင္းအရင္းက ကမာၻအရပ္ရပ္မွာရွိတဲ့ သူတို႔ပိုင္ ဘဏ္လုပ္ငန္းေတြေၾကာင့္ပါ။ ဒါ့အျပင္ အိမ္ၿခံေျမ၊ ေရနံ နဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာလည္း ေငြေၾကးေျမာက္ျမားစြာ ရင္းႏွီးျမွဳပ္ႏွံထားပါေသးတယ္။

မိသားစုကို ဦးေဆာင္တဲ့ ဖခင္ႀကီး ေမယာ အမ္ရွဲလ္ ေရာ့သ္စ္ခ်ိဳင္းလ္ (Mayor Amschel Rothschild) ကေန Rothschild မိသားစုစတင္ခဲ့တယ္လို႔ ဆိုပါတယ္။ သူကေတာ့ ၁၈ ရာစုကာလက ဂ်ာမနီမွာေနတဲ့ ဂ်ဴးတစ္ေယာက္ပါ။ သူဟာ ေရာမ အင္ပါယာထဲက ျပည္နယ္တစ္ခုျဖစ္တဲ့ Hesse-Kassel က ဂ်ာမန္ေတာ္၀င္မိသားစု၀င္ေတြရယ္၊ အုပ္ခ်ဳပ္ေရးမွဴးေတြရယ္ အတြက္ ဘဏ္မေနဂ်ာအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ ၁၇၆၀ျပည့္ႏွစ္မွာေတာ့ ဖရန္႔ဖြတ္ၿမိဳ႕မွာ ဘဏ္တစ္ဘဏ္ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အဲဒီကာလတစ္ေလွ်ာက္လံုး ဂ်ာမန္ ေတာ္၀င္မိသားစုေတြကို ၀န္ေဆာင္မႈေပးခဲ့ၿပီး အက်ိဳးအျမတ္ အေျမာက္အျမား ရွာေဖြစုေဆာင္းႏုိင္ခဲ့ပါတယ္။

အမ္ရွဲလ္မွာ သားငါးေယာက္ ရွိပါတယ္။ သူပိုင္ေငြေၾကးေတြကို သားငါးေယာက္အတြက္ အေမြခြဲေပးခဲ့တယ္။ သူတို႔ေတြကေတာ့ နသန္ ေမရာ-ေရာ့သ္စ္ခ်ိဳင္းလ္ (Nathan Mayer-Rothschild)၊ ေဆာ္လမြန္ ေမယာ ဗြန္ ေရာ့သ္စ္ခ်ိဳင္းလ္ (Salomon-Mayer von Rothschild)၊ ဂ်ိမ္းစ္-ေမယာ ဒီ ေရာ့သ္စ္ခ်ိဳင္းလ္ (James-Mayer de Rothschild)၊ ကားလ္ေမယာ ဗြန္ ေရာ့သ္စ္ခ်ိဳင္းလ္ (Carl-Mayer von Rothschild) နဲ႔ အမ္ရွဲလ္ ေမယာေရာ့သ္စ္ခ်ိဳင္းလ္ (Amschel Mayer Rothschild) တုိ႔ျဖစ္ပါတယ္။ အဲဒီသားေတြဟာ ဥေရာပ တစ္လႊားက ၿမိဳ႕ႀကီးေတြျဖစ္တ့ဲ ၾသစႀတီးယားႏုိင္ငံ ဗီယင္နာၿမိဳ႕၊ ယူေကႏုိင္ငံ လန္ဒန္ၿမိဳ႕၊ အီတလီႏုိင္ငံ ေနပယ္ၿမိဳ႕၊ ဂ်ာမနီႏိုင္ငံ ဖရန္႔ဖြတ္ၿမိဳ႕နဲ႔ ျပင္သစ္ႏုိင္ငံပါရီၿမိဳ႕တို႔ကို အသီးသီးထြက္ခြာခဲ့ၿပီး ဘဏ္ေတြထူေထာင္ခဲ့ၾကပါတယ္။ သူတို႔ဘဏ္ေတြအခ်င္းခ်င္း ကြန္ရက္သဖြယ္ ဆက္သြယ္ၿပီး ဥေရာပတစ္လႊားမွာ ဘဏ္လုပ္ ငန္းကို အႀကီးအက်ယ္ လုပ္ကိုင္ပါေတာ့တယ္။

ဘဏ္အုတ္ျမစ္ေတြခ်ခဲ့႐ံုမက လူအမ်ားယံုၾကည္ အား ထားမႈ ရရွိဖို႔ရာအတြက္ ႏႈတ္လံုျခင္း၊ ဘဏ္မွာအပ္ႏွံသူေတြရဲ႕ အခ်က္အလက္မေပါက္ၾကားျခင္း၊ ေငြေၾကးအေျမာက္အျမားအပ္ႏွံခြင့္ျပဳျခင္း၊ လူတစ္ဦးထဲကို အမည္အမ်ိဳးမ်ိဳးျဖင့္ ေငြအပ္ႏွံခြင့္ျပဳျခင္းနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ျမန္ဆန္ျခင္း အစရွိတဲ့ ၀န္ေဆာင္မႈေတြကိုပါ ေပးခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ဘဏ္ရွိတဲ့ ႏုိင္ငံတုိင္းက အုပ္ခ်ဳပ္သူအာဏာပိုင္ေတြနဲ႔ ရင္းႏီွးတဲ့ ဆက္ဆံေရးေတြ တည္ေဆာက္ႏုိင္ခဲ့ပါတယ္။ ဥပမာအေနနဲ႔ေျပာရမယ္ဆိုရင္ ကားလ္ေရာ့သ္စ္ခ်ိဳင္းလ္ ဟာ အီတလီေတာ္၀င္မိသားစု ဒီမဒီခ်ီနဲ႔ အင္မတန္ရင္းႏွီးတဲ့ ဆက္ဆံေရးတည္ေဆာက္ႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းကာလေတြမွာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ အျမတ္အစြန္း ေျမာက္ျမားစြာ ရရွိခဲ့ၿပီး မိသားစုပိုင္ဆုိင္ တဲ့ ေငြေၾကးပမာဏ အနိမ့္ဆံုးခန္႔မွန္းခ်က္ဟာ အေမရိကန္ေဒၚလာ ဘီလီယံ ၅၀၀ ခန္႔ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ မိသားစုကိုယ္ပိုင္ အမွတ္ အသား တံဆိပ္ကိုလည္း တီထြင္အသံုးျပဳခဲ့ၿပီး ႏုိင္ငံတကာက အသိအမွတ္ျပဳခဲ့ၾကပါတယ္။ ဒါတင္မကေသး၊ ဆာ အဲဗယ္လင္း ဒီ ေရာ့သ္စ္ခ်ိဳင္းလ္ဟာ အဂၤလန္ဘုရင္မႀကီးရဲ႕ ေငြေၾကးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ျဖစ္လာခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ အဲဒီရာထူးကို မသမာတဲ့နည္းနဲ႔ ရယူခဲ့တယ္လို႔လည္း စြပ္စြဲေျပာၾကားၾကပါ တယ္။

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုနဲ႔ ပတ္သက္တဲ့ လွ်ိဳ႕၀ွက္ခ်က္ေတြကိုဆက္လက္ေလ့လာၾကည့္ဦးစို႔။ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ မွန္းဆလို႔မရေလာက္ေအာင္ ၾကြယ္၀ခ်မ္းသာလြန္းၿပီး အင္မတန္လွ်ိဳ႕၀ွက္သိုသိပ္စြာ ေနထုိင္ၾကတာေၾကာင့္ သူတို႔နဲ႔ ပတ္သက္တဲ့ လူမသိသူမသိ အေၾကာင္းအရာေတြ မနည္းမေနာ ရွိလိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

စစ္ပြဲက ထြက္တဲ့အျမတ္

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ ၁၈၀၃ – ၁၈၁၅ ခုႏွစ္ နပိုလီယံေခတ္စစ္ပြဲေတြကစလို႔စစ္ပြဲတစ္ပြဲမွာ ႏုိင္တဲ့ဘက္ကိုေရာ ႐ံႈးတဲ့ဘက္ကိုပါေငြေၾကးေထာက္ပံ့ခဲ့တယ္လို႔ လူသိမ်ားခဲ့ပါတယ္။ ႏွစ္ဖက္လံုးကို ေငြေၾကးေထာက္ပံ့တာေၾကာင့္ ဘယ္ဘက္ကပဲႏုိင္ႏိုင္ သူတို႔ကေတာ့ အျမတ္ထြက္ၿပီးသားပါပဲ။ ၁၈၁၅ ခုႏွစ္ မွာ ျပင္သစ္စစ္ဘုရင္ နပိုလီယံ ဘိုနာပတ္က ၿဗိတိသွ်ကို သိမ္းပိုက္ဖို႔ ႀကံစည္တယ္။ အခြင့္အေရးကို ျမင္တာနဲ႔ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ ခ်က္ခ်င္း အစည္းအေ၀းေခၚၿပီး အစီအစဥ္တစ္ခုဆြဲတယ္။ ေယေကာ့ဗ္ ေရာ့သ္စ္ခ်ိဳင္းလ္ (Jacob Rothschild) ကို ျပင္သစ္ႏုိင္ငံ၊ ပါရီမွာ အေျခခ်ေနခုိင္းတယ္။ ၿပီးေတာ့ ၿဗိတိသွ်ကို သိမ္းယူမယ္ဆိုတဲ့ နပိုလီယံရဲ႕ စစ္ေရး အားထုတ္မႈကို ေငြေၾကးေထာက္ပံ့ဖို႔ သူ႔ကို တာ၀န္ေပးခဲ့ တယ္။

ေနာက္တစ္ဖက္မွာေတာ့ ေနသန္ ေရာ့သ္စ္ခ်ိဳင္းလ္ (Nathan Rothschild) ကို လန္ဒန္မွာ အေျခခ်ခုိင္းၿပီး နပိုလီယံနဲ႔ ရင္ဆုိင္မယ့္ ၿဗိတိသွ်ဗိုလ္ခ်ဳပ္ ၀ယ္လင္တန္ကို ေငြေၾကးေထာက္ပံ့ေစတယ္။ ေရာ့သ္စ္ခ်ိဳင္းလ္သားေတာ္ေမာင္ႏွစ္ေယာက္လည္း အသီးသီးေငြေၾကး ေထာက္ပံ့လုိက္ေရာ၊ စစ္ပြဲႀကီး စပါေလေရာ။ စစ္ပြဲစၿပီးသိပ္မၾကာခင္မွာ ၿဗိတိန္သာအႏုိင္ရခဲ့မယ္ ဆိုရင္ မိသားစုအတြက္ အျမတ္အစြန္းပိုမ်ားႏုိင္မွာျဖစ္သလို ၿဗိတိသွ်ေတာ္၀င္မိသားစုအေနနဲ႔လည္း ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုအေပၚ တစ္သက္သာ ေက်းဇူးေၾကြး တင္ရွိသြားမွာျဖစ္ေၾကာင္း သေဘာတူညီၿပီး ဆံုးျဖတ္ခဲ့ၾကတယ္။ ဆံုးျဖတ္ခ်က္ခ်အၿပီး မွာေတာ့ ေယေကာ့ဗ္ဟာ နပိုလီယံစစ္တပ္ကို ေထာက္ပံ့ေပးေန တဲ့ ေငြေၾကးေတြကို ကန္႔သတ္လိုက္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ဗိုလ္ခ်ဳပ္ ၀ယ္လင္တန္ဘက္က အသာစီးစရပါေတာ့တယ္။

ေနသန္ဟာ ၿဗိတိသွ် စေတာ့ေစ်းကြက္မွာ ပါ၀င္ ပတ္သက္ခဲ့တယ္။ သူ႔ရဲ႕ လိမၼာပါးနပ္လြန္းမႈေၾကာင့္ ခဲတစ္လံုးနဲ႔ ငွက္ႏွစ္ေကာင္ပစ္ႏုိင္မယ့္ အကြက္ကို ျမင္တယ္။ စစ္ပြဲမွာ ၿဗိတိန္ ႏိုင္ဖို႔ေသခ်ာသေလာက္ျဖစ္တာကိုလည္း ျမင္ေရာ၊ သူပိုင္တဲ့ ၿဗိတိသွ်ေငြေခ်းစာခ်ဳပ္ (Bond) ေတြကို တစ္လံုးတစ္ခဲတည္း ေငြေခ်စနစ္နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ သူ႔လုပ္ရပ္ကို ျမင္တဲ့ တျခားကုန္သည္ေတြက ျပင္သစ္ႏုိင္ၿပီး ၿဗိတိန္႐ံႈးေတာ့မယ္ လို႔ ေကာက္ယူလိုက္ၾကၿပီး သူတို႔ပိုင္ ၿဗိတိသွ်ေငြေခ်းစာခ်ဳပ္ကို အကုန္ထုတ္ေရာင္းပါေတာ့တယ္။ အေရာင္းမ်ားၿပီး အ၀ယ္ မရွိေတာ့ခ်ိန္မွာ ေငြေခ်းစာခ်ဳပ္တန္ဖိုးအဆမတန္ ထိုးဆင္းသြားပါေတာ့တယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ၿဗိတိန္စီးပြားေရး ၿပိဳလဲသြား ပါတယ္။ တျခားကုန္သည္ေတြက သူတုိ႔ပိုင္ေငြေခ်းစာခ်ဳပ္ အားလံုးကို ထုတ္ေရာင္းၿပီးတာနဲ႔ တၿပိဳင္နက္ အဆမတန္ တန္ဖိုးက်ေနတဲ့ ေငြေခ်းစာခ်ဳပ္ေတြကို မယံုႏိုင္ေလာက္ေအာင္ ခ်ိဳသာတဲ့ေစ်းႏႈန္းနဲ႔ ျပန္လည္ကာ သိမ္းႀကံဳး၀ယ္ယူပါေတာ့ တယ္။

ေနသန္ဟာ ကမာၻအခ်မ္းသာဆံုးမိသားစုက လူျဖစ္တာေၾကာင့္ လြယ္လြယ္ကူကူနဲ႔ပဲ ရွိရွိသမွ် ေငြေခ်းစာခ်ဳပ္ အားလံုးကို တစ္ဦးထဲ ၀ယ္ယူႏုိင္တဲ့အေနအထားရွိပါတယ္။ အဲဒီႏွစ္အတြင္း အဂၤလန္ဘဏ္က ထုတ္ေပးထား တဲ့ ေငြေခ်းစာခ်ဳပ္အားလံုးကို သူတစ္ေယာက္ထဲ တလံုးတ၀ထဲ အမွန္တကယ္ ၀ယ္လိုက္ႏုိင္တယ္။ ၿဗိတိန္က စစ္ပြဲမွာ အႏုိင္ရရွိ သြားၿပီဆိုတဲ့ သတင္း သာမန္ျပည္သူေတြဆီ ေရာက္ေရာ၊ ေငြေခ်းစာခ်ဳပ္တန္ဖိုးဟာလည္း အဆမတန္ ျပန္ေျမာက္သြားပါ ေလေရာ။ ေနသန္ဟာ သူ၀ယ္ယူထားသမွ် ေငြးေခ်း စာခ်ဳပ္ ေတြကေန ၂၀ ရာခုိင္ႏႈန္း အျမတ္အစြန္းပိုရလိုက္ပါတယ္။ အဲဒါထက္ ပိုၿပီးျမတ္သြားတဲ့အခ်က္က ေရာ့သ္စ္ခ်ိဳင္းလ္မိသားစု ၿဗိတိန္တစ္ႏုိင္ငံလံုးရဲ႕ ေငြေခ်းစာခ်ဳပ္ေတြကို တစ္ဦးတည္း လက္၀ယ္ပိုင္ဆုိင္သြားခဲ့ၿပီေလ။ ဒါဟာ ၿဗိတိသွ်စီးပြားေရးနဲ႔ အဂၤလန္ဘဏ္ကိုပါ ထိန္းခ်ဳပ္လိုက္ႏုိင္ၿပီဆိုတဲ့သေဘာေပါ့။

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ အဲဒီအခ်ိန္ကစလို႔ သူတို႔ ရဲ႕ ေငြေၾကးနဲ႔ အာဏာကို အသံုးခ်ၿပီး ကမာၻအရပ္ရပ္က ႏုိင္ငံေတြရဲ႕ စီးပြားေရးကို လိုသလိုပံုေဖာ္ပါေတာ့တယ္။ ၿဗိတိန္မွာ ၁၈၁၅ခုႏွစ္ကလုပ္ခဲ့သလိုမ်ိဳးႏုိင္ငံအသီးသီးမွာ ေငြေၾကးေစ်းကြက္ပ်က္ကာ စီးပြားေရးကပ္ဆိုက္ေအာင္ ဖန္တီးၿပီး သူတို႔အတြက္ အျမတ္ထြက္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။

ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲသာဖိတ္

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုကို ကနဦး ထူေထာင္ခဲ့သူ ဟာ ေမယာ အမ္ရွဲလ္ ေရာ့သ္စ္ခ်ိဳင္းဟာ သူ႔ရဲ႕မိသားစု စည္းမ်ဥ္း စည္းကမ္းကို အေသအခ်ာ ေရးဆြဲခဲ့ပါတယ္။ အဲဒီထဲမွာ တစ္ခ်က္ က ေရာ့သ္စ္ခ်ိဳင္းလ္မ်ိဳး႐ိုးမွ ဆင္းသက္သူမိသားစု၀င္ အမ်ိဳးသမီးဟာ မိသားစုအေမြကို တိုက္႐ိုက္ဆက္ခံခြင့္မရွိဘူးဆိုတာလည္း ပါ၀င္ပါတယ္။ သေဘာက ေရာ့သ္စ္ခ်ိဳင္းလ္အမ်ိဳးသမီးတစ္ဦးဟာ သူ႔ဖခင္သို႔မဟုတ္ မိခင္ဆီကေန အေမြဆက္ခံခြင့္ မရွိပါဘူး။ သူတို႔ေတြ အိမ္ေထာင္ျပဳဖို႔ အရြယ္က်ၿပီဆိုရင္ မိသားစုရဲ႕ ၾကြယ္၀ခ်မ္းသာမႈကေန သူတို႔ကို အဆက္ျဖတ္လိုက္ၾကပါတယ္။ အဲဒါေၾကာင့္ ေရာ့သ္စ္ခ်ိဳင္းလ္အမ်ိဳးသမီးေတြဟာ မိမိဘ၀ကို မိမိဖာသာရပ္တည္ဖို႔ နည္းလမ္းရွာႀကံရေလ့ရွိပါတယ္။

မိသားစုဥေသွ်ာင္ဖခင္ႀကီးရဲ႕ သံမဏိ စည္းကမ္းခ်က္ ဟာ ေရာ့သ္စ္ခ်ိဳင္းလ္ အမ်ိဳးသမီးေတြကို ေရာ့သ္စ္ခ်ိဳင္းလ္အမ်ိဳးသားေတြနဲ႔ မိသားစု၀င္အခ်င္းခ်င္း ျပန္လည္လက္ထပ္ၾကေစဖို႔အတြက္ တစ္ဖက္လွည့္နဲ႔ ေရးဆြဲထုတ္ျပန္ထားတာျဖစ္ပါတယ္။ ေငြေၾကးၾကြယ္၀ခ်မ္းသာမႈေၾကာင့္ တစ္သက္လံုး မင္းသမီးလို ေဘာ္ေက်ာ့ေနလာရတဲ့ ေရာ့သ္စ္ခ်ိဳင္းလ္အမ်ိဳးသမီးေတြအေနနဲ႔ အစ္ကို၊ ေမာင္၀မ္းကြဲေတြနဲ႔ လက္ထပ္ၿပီး ခင္ပြန္းသည္ရဲ႕ ၾကြယ္၀ခ်မ္းသာမႈကို စံစားကာ က်န္ဘ၀ တစ္ေလွ်ာက္လံုး ေတာ္၀င္ဆန္ဆန္ေနသြားဖို႔ကိုပဲ ေရြးခ်ယ္ၾကပါေတာ့တယ္။ ဒါေၾကာင့္ ေရာ့သ္စ္ခ်ိဳင္းမိသားစုအတြင္း မိသားစု အသိုင္းအ၀ိုင္းထဲက လူအခ်င္းခ်င္း ထိမ္းျမားလက္ထပ္ခဲ့တာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ခဲ့ပါၿပီ။ အဲဒီလိုလက္ထပ္ထိမ္းျမားခ်င္းကို Avunculate Marriage လို႔ေခၚပါတယ္။ ဆိုလိုရင္းကေတာ့ ဦးေလးအရင္းဟာ သူ႔ရဲ႕တူမအရင္းကို လက္ထပ္ႏုိင္သလို အေဒၚအရင္းဟာလည္း တူအရင္းကို လက္ထပ္ႏုိင္ပါတယ္။ ဒီလိုေသြးရင္းလက္ထပ္မႈမ်ိဳးက တခ်ိဳ႕အသိုင္းအ၀ိုင္းေတြမွာလည္း ရွိတတ္ပါတယ္။ ေနသန္ေရာ့သ္စ္ခ်ိဳင္းလ္ကိုယ္တုိင္ သူ႔အစ္ကို ကားလ္ရဲ႕အႀကီးဆံုးသမီးကို လက္ထပ္ထားတာပါ။

ယံုခ်င္ယံု မယံုခ်င္ေန

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ ဇီယြန္၀ါဒီဂ်ဴးလူမ်ိဳးေတြလုိ႔ လူေတာ္ေတာ္မ်ားမ်ားက ယံုၾကည္ၾကပါတယ္။ ဂ်ဴးလူမ်ိဳးေတြ ဂ်ဴးဘာသာတရားအေပၚ ယံုၾကည္ခ်က္တိုးပြားလာဖို႔ အတြက္ တုိင္းတစ္ပါးကို သိမ္းပိုက္ဖို႔လိုအပ္မယ္ဆိုရင္ ရတဲ့နည္းနဲ႔ သိမ္းပိုက္ရမယ္လို႔ ဇီယြန္၀ါဒီေတြက ယံုၾကည္ထားပါတယ္။ ကမာၻေပၚမွာ အာဏာအရွိဆံုးပုဂၢိဳလ္ေတြဟာ သူတို႔လိုဂ်ဴးေတြျဖစ္ေအာင္ မရမက ဖန္တီးထားတတ္ပါတယ္။ ဒီလိုျဖစ္ဖို႔ အတြက္ ေသြးေႏွာစီမံကိန္းနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ပါတယ္။ ဂ်ဴးယဥ္ေက်းမႈမွာ အမ်ိဳးသမီးက ဂ်ဴးလူမ်ိဳးျဖစ္ေနရင္ သူေမြးတဲ့ကေလးဟာလည္း ဂ်ဴးလူမ်ိဳးလို႔ သတ္မွတ္ၾကပါတယ္။ ဖခင္ရဲ႕မ်ိဳး႐ိုးဘက္ကို မလိုက္ၾကပါဘူး။

Conspiracy Theorist သေဘာတရားပညာရွင္ေတြကေတာ့ လက္ရွိ ကမ္းဘရိခ်္ၿမိဳ႕စား မင္းသား၀ီလ်ံရဲ႕ ၾကင္ယာ ၿမိဳ႕စားကေတာ္ ကက္သရင္းဟာ ဂ်ဴးလူမ်ိဳးျဖစ္ေၾကာင္း၊ ဘာေၾကာင့္လဲဆိုေတာ့ သူမမိခင္ မဒမ္ ဂိုးလ္စမစ္သ္ဟာ ဂ်ဴး လူမ်ိဳးျဖစ္ေၾကာင္း ေျပာၾကပါတယ္။ ဒီအတုိင္းဆိုရင္ မိခင္ဘက္ကို မ်ိဳး႐ိုးလိုက္တဲ့ ဂ်ဴးယဥ္ေက်းမႈအရ ကက္သရင္းက ေမြးတဲ့သား မင္းသားေဂ်ာ့ခ်္ဟာလည္း ဂ်ဴးကေလးတစ္ေယာက္ျဖစ္သြားပါၿပီ။ သူဟာ တစ္ခ်ိန္မွာ ဘုရင္ေဂ်ာ့ခ်္အျဖစ္နန္းတက္ခဲ့မယ္ဆိုရင္ ကမာၻေပၚက ၾသဇာအရွိဆံုး ပလႅင္တစ္ခုေပၚမွာ ထုိင္ခြင့္ရမယ့္ ဇီယြန္၀ါဒီ ဂ်ဴးလူမ်ိဳးျဖစ္လာပါလိမ့္မယ္။ လက္ရွိမွာ ဆာအဲဗယ္လင္းဒီေရာ့သ္စ္ခ်ိဳင္းလ္ ဟာ ၿဗိတိသွ်ေတာ္၀င္မိသားစုရဲ႕ ေငြေၾကးဆိုင္ရာ အႀကံေပးအရာရွိျဖစ္တယ္ဆိုတာကိုမေမ့ပါနဲ႔ဦး။ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုရဲ႕ အာ ဏာစက္ဟာ အနာဂတ္ဘုရင္ျဖစ္လာမင္းသား ေဂ်ာ့ခ်္ ထိေအာင္ နယ္ခ်ဲ႕ၿပီးႏွင့္ေနပါၿပီ။

လက္ရွိလႊမ္းမိုးခ်ဳပ္ကိုင္မႈ

ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာကမာၻေပၚမွာ အခ်မ္းသာဆံုး မိသားစုျဖစ္ပါတယ္။ သူတို႔ရဲ႕ လက္ရွိပိုင္ဆုိင္မႈကိန္းဂဏန္း အတိ အက်ကိုေတာ့ ဘယ္သူမွမသိၾကပါဘူး။ သင့္ႏိုင္ငံရဲ႕ ဗဟိုဘဏ္ ကိုေတာင္ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုက ပိုင္ဆုိင္ၿပီး ထိန္းခ်ဳပ္ေန တာ ျဖစ္ေနႏုိင္ပါတယ္။ ကမာၻအရပ္ရပ္က ႏုိင္ငံအသီးသီးရဲ႕ ဗဟိုဘဏ္ေတြရဲ႕ ေနာက္ကြယ္မွာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုက ႀကိဳးကိုင္ထားပါတယ္။ သံုးႏုိင္ငံကလြဲလို႔ေပါ့။ (၁) ေျမာက္ကိုရီး ယား၊ (၂) အီရန္၊ (၃) က်ဴးဘားတို႔ ျဖစ္ပါတယ္။

ဒါေပမဲ့အဲဒီသံုးႏုိင္ငံက အခုလက္ရွိ အဓိက ရည္မွန္းခ်က္ အဆင့္မွာ မရွိေတာ့ပါဘူး။ ၂၀၀၀ ခုႏွစ္အေရာက္မွာေရာ့သ္စ္ခ်ိဳင္းလ္မိသားစု ႀကိဳးကိုင္လိုတဲ့ အျခားေသာႏုိင္ငံေလးခုစာရင္းအသစ္ ထြက္လာခဲ့ပါတယ္။ အဲဒီႏိုင္ငံေတြကေတာ့ (၁) အာဖဂန္နစၥတန္၊ (၂) အီရတ္၊ (၃) ဆူဒန္နဲ႔ (၄) လစ္ဗ်ား တို႔ျဖစ္ၾကပါတယ္။ အဲဒီႏုိင္ငံေတြရဲ႕ ေငြေၾကးကို ေရာ့သ္စ္ခ်ိဳင္းလ္အုပ္စု ဘယ္လိုထိန္းခ်ဳပ္ႏုိင္ခဲ့သလဲ။

အဲဒီႏုိင္ငံေတြကို ထိုးေဖာက္၀င္ေရာက္ၿပီး က်ဴးေက်ာ္တဲ့နည္းလမ္းနဲ႔ပဲျဖစ္ပါတယ္။ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုဟာ သူတုိ႔ ပိုင္ဆုိင္တဲ့ ေငြေၾကးနဲ႔ အာဏာကိုအသံုးခ်ၿပီး ဘယ္ႏုိင္ငံကိုမဆို သူတို႔လက္ေအာက္ခံ ျဖစ္လာဖို႔အတြက္ လွည့္စားႏုိင္စြမ္း ရွိေနပါတယ္ သူတို႔ရဲ႕လိုအင္ဆႏၵကိုျဖည့္ဆည္းေပးႏုိင္မယ့္ ႏုိင္ငံအျဖစ္ အေမရိကန္ျပည္ေထာင္စုကို အသံုးခ်ဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ သူတို႔ဟာ အာဖဂန္နစၥတန္နဲ႔ အီရတ္ကို အရင္ဆံုး ထိန္းခ်ဳပ္ခ်င္ခဲ့ၾကတယ္။ အေမရိကန္ႏုိင္ငံဟာ အဲဒီႏုိင္ငံေတြကို က်ဴးေက်ာ္ဖို႔အတြက္ ဘာအေၾကာင္းျပခ်က္မွ မရွိဘူးဆိုတာကို အေမရိကန္ျပည္သူက ေကာင္းေကာင္းႀကီးသိေနတယ္။ ဒီေတာ့ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ေတြမုန္းတီးသြားေအာင္ ဆိုး၀ါးရက္စက္တဲ့ အေၾကာင္းျပခ်က္တစ္ခုခု လိုအပ္ေနတယ္ ဆိုတာကို ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုက သေဘာေပါက္ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ တုိက္ဆုိင္မႈပဲလား၊ ႀကိဳတင္ႀကံစည္မႈ ပဲလားေတာ့မသိ။ အေမရိကန္ နယူးေယာက္ၿမိဳ႕က ကုန္သြယ္ေရး အမႊာေမွ်ာ္စင္တိုက္ကို ၂၀၀၁၊ ႏုိ၀င္ဘာ ၁၁ မွာ အၾကမ္းဖက္သမားေတြက ေလယာဥ္နဲ႔ ၀င္တုိက္ခဲ့ၾကပါတယ္။ ၉/၁၁ ျဖစ္စဥ္ကို အတြင္းလုပ္ႀကံမႈလို႔ ေထာက္ျပေ၀ဖန္မႈေတြဟာလည္း မနည္း မေနာပါပဲ။

ဒီလိုနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ၂၀၀၁ ခုႏွစ္မွာ အာဖဂန္နစၥတန္ကို၊ ၂၀၀၃ ခုႏွစ္မွာ အီရတ္ကို က်ဴးေက်ာ္ပါေတာ့ တယ္။ ၂၀၀၃ ခုႏွစ္အတြင္းမွာပဲ အာဖဂန္နဲ႔ အီရတ္ဗဟိုဘဏ္ေတြဟာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္သြားပါေတာ့တယ္။ ေနာက္ထပ္ ႏွစ္ႏုိင္ငံကေတာ့ ဆူဒန္နဲ႔ လစ္ဗ်ားပါ။ သူတို႔ရဲ႕ပထမအဆင့္ေတာ့ ေအာင္ျမင္ၿပီးသြားပါၿပီ။ အာဖရိက တိုက္မွာ သူတို႔ထိန္းခ်ဳပ္ဖို႔ က်န္ေနတဲ့ ႏွစ္ႏုိင္ငံကေတာ့ ဆူဒန္နဲ႔ လစ္ဗ်ားပါပဲ။ ဒီတစ္ခ်ီမွာေတာ့ သူတို႔ရဲ႕ လိုအင္ဆႏၵကိုျဖည့္ဆည္းဖို႔ ကုလသမဂၢကို အသံုးခ်ပါေတာ့တယ္။ ကုလသမဂၢ ထဲက ဆံုးျဖတ္ခ်က္အတြက္ အေရးပါတ့ဲ ပုဂၢိဳလ္တခ်ိဳ႕ဟာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုက ကမ္းလွမ္းတ့ဲေငြေၾကးပမာဏကို မတြန္းလွန္ႏုိင္ခဲ့ၾကပါဘူး။ အစပိုင္းမွာ ကုလသမဂၢက ၀င္ေရာက္ မစြက္ဖက္ဖို႔ သေဘာထားရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႏုိင္ငံတခ်ိဳ႕ အေပၚ သေဘာထားေျပာင္းသြားခဲ့ပါတယ္။ အဲဒီႏုိင္ငံတခ်ိဳ႕ထဲမွာ လစ္ဗ်ားနဲ႔ ဆူဒန္လည္း အပါအ၀င္ပါ။ ဒီလိုနဲ႔ ၂၀၁၁ ခုႏွစ္အေရာက္မွာေတာ့ ဆူဒန္ေရာ၊ လစ္ဗ်ားႏုိင္ငံေရာရဲ႕ ဗဟိုဘဏ္ေတြဟာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကိုေရာက္သြားပါေတာ့တယ္။

သူတို႔ရဲ႕ေနာက္ဆံုး ျပစ္မွတ္စာရင္းထဲမွာ ေျမာက္ကိုရီးယား၊ အီရန္နဲ႔ က်ဴးဘားတို႔ပါ၀င္ပါတယ္။ အဲဒီသံုးႏုိင္ငံရဲ႕ စီးပြားေရး ကို အပိုင္သိမ္းဖို႔အတြက္ ဒီတစ္ႀကိမ္မွာ သူတို႔ဘယ္သူ႔ကို အသံုးခ်လိမ့္မလဲ။ သူတို႔ေရြးခ်ယ္ၿပီးသားပါ။
“ဒီေန႔ အေမရိကန္ျပည္ေထာင္စုဟာ က်ဴးဘားႏုိင္ငံနဲ႔ ဆက္ဆံေရးပံုစံေျပာင္းလဲသြားမွာျဖစ္ပါတယ္။ ဒါဟာ ႏွစ္ေပါင္း ၅၀ အတြင္း ပထမဆံုးအႀကိမ္ျဖစ္ပါတယ္” လို႔ အိုဘားမားက မိန္႔ခြန္း တစ္ခုမွာ ေျပာခဲ့ၿပီးပါၿပီ။ မၾကာေသးခင္ႏွစ္ကပဲအိုဘားမားကေပးပို႔တဲ့ ပိုမိုေကာင္းမြန္ တဲ့ ဆက္ဆံေရးတည္ေဆာက္ၾကစို႔ဆိုတဲ့ ေပးစာကို အီရန္ဘာသာေရးေခါင္းေဆာင္က စာျပန္ခဲ့ပါတယ္။ အခုေနာက္ပိုင္းမွာ ေရာ့သ္စ္ခ်ိဳင္းလ္ဟာ အေမရိကန္ျပည္ေထာင္စုကို အသံုးခ်တဲ့ဗ်ဴဟာကို ေျပာင္းလဲခဲ့ပါတယ္။ အရင္က စစ္ေရးအရ ၀င္ေရာက္စြက္ဖက္ဖို႔ သံုးခဲ့ေပမယ့္ အခုေတာ့ သူတို႔ထိန္းခ်ဳပ္လိုတဲ့ ႏုိင္ငံေတြကို အေမရိကန္က မိတ္ေဆြဖြဲ႔တဲ့ ဗ်ဴဟာကို သံုးလာပါတယ္။

ဒါဆို ေျမာက္ကိုရီးယားကိုေရာ?

ဒီသတင္းကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား သတိထားမိလိုက္ၾကမွာေပါ့။ အေမရိကန္ျပည္ေထာင္စုအစိုးရက “ေျမာက္ကိုရီးယားဟာ အေမရိကန္အေျခစိုက္ ဆိုနီပစ္ခ်ား ကုမၸဏီကို အင္မတန္ထိခုိက္နစ္နာေအာင္ ဆိုက္ဘာတိုက္ခုိက္မႈ က်ဴးလြန္ လိုက္ပါတယ္”ဆိုၿပီး တည့္တည့္ႀကီးလက္ညိႈးထိုး စြပ္စြဲလုိက္ပါၿပီ။ ဒါနဲ႔ပတ္သက္ၿပီး သမၼတအိုဘားမားက “သူတို႔က်ေနာ္ တို႔ကို အေတာ္ေလး ထိခုိက္နစ္နာေစခဲ့တယ္။ က်ေနာ္တုိ႔ သတိရွိရွိနဲ႔ ျပန္လည္တံု႔ျပန္သြားပါမယ္။ ဘယ္အခ်ိန္မွာ ဘယ္လိုပံုစံနဲ႔ တံု႔ျပန္မလဲဆိုတာကိုေတာ့ က်ေနာ္တုိ႔ ေရြးခ်ယ္ သြားပါမယ္” တဲ့။

ေျမာက္ကိုရီးယားကို မိတ္ေဆြဖြဲ႔လို႔ မျဖစ္ႏုိင္ေတာ့ အရင္တုန္းက သံုးခဲ့တဲ့ ဗ်ဴဟာကိုပဲ ေျခဦးျပန္လည္ေနပါၿပီ။ အဲဒါကေတာ့ အေမရိကန္ျပည္သူလူထုက တျခားႏုိင္ငံတစ္ႏုိင္ငံ ကို မလိုလားေတာ့ေအာင္ လုပ္တာေပါ့။ လက္စားေခ် တိုက္ခိုက္မႈဆိုတဲ့ ေခါင္းစဥ္ကိုတပ္ၿပီး သူတို႔ရဲ႕စစ္ေရးအရ က်ဴးေက်ာ္မႈကို မွ်တသေယာင္ ဖန္တီးတာေပါ့။ အဲဒီလိုနည္းနဲ႔ ကမာၻေပၚမွာ ေရာ့သ္စ္ခ်ိဳင္းလ္မိသားစုရဲ႕ ၾကြယ္၀မႈနဲ႔ အာဏာကို ခ်ဲ႔ထြင္ေပးေနပါတယ္။

(စတီဗင္ေရးသည္)
Ref: Conspiracies net, Humanity First
ဉာဏ္​အလင္​း လစဥ္ထုတ္ အြန္လုိင္း မဂၢဇင္းမွ ျဖစ္ပါသည္။


ကမ္ဘာ့အကြွယ်ဝဆုံးနှင့်အာဏာအရှိဆုံးရော့သစ်ချိုင်းလ်မိသားစု (သို့မဟုတ်) နိုင်ငံတကာကိုထိန်းချုပ်နေကြသူများ (unicode)

ရေးသားသူ – စတီဗင် (ဉာဏ်​အလင်​း အွန်လိုင်း မဂ္ဂဇင်း)

ရော့သ်စ်ချိုင်းလ် (Rothschild) ဆိုတဲ့နာမည်ကြား လိုက်တာနဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝမှုနဲ့ တိုက်ရိုက် ဆက်စပ် မိပြီးသား ဖြစ်သွားလေ့ရှိတယ်။ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးနဲ့ အချမ်းသာဆုံး မိသားစုအဖြစ် Rothschild မိသားစု ရပ်တည်နေတာ နှစ်ပေါင်း ၂၀၀ ကျော်ပါပါပြီ။ သူ့တို့ချမ်းသာ ကြွယ်ဝရတဲ့အဓိကအကြောင်းအရင်းက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သူတို့ပိုင် ဘဏ်လုပ်ငန်းတွေကြောင့်ပါ။ ဒါ့အပြင် အိမ်ခြံမြေ၊ ရေနံ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားပါသေးတယ်။

မိသားစုကို ဦးဆောင်တဲ့ ဖခင်ကြီး မေယာ အမ်ရှဲလ် ရော့သ်စ်ချိုင်းလ် (Mayor Amschel Rothschild) ကနေ Rothschild မိသားစုစတင်ခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ ၁၈ ရာစုကာလက ဂျာမနီမှာနေတဲ့ ဂျူးတစ်ယောက်ပါ။ သူဟာ ရောမ အင်ပါယာထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ Hesse-Kassel က ဂျာမန်တော်ဝင်မိသားစုဝင်တွေရယ်၊ အုပ်ချုပ်ရေးမှူးတွေရယ် အတွက် ဘဏ်မနေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၇၆၀ပြည့်နှစ်မှာတော့ ဖရန့်ဖွတ်မြို့မှာ ဘဏ်တစ်ဘဏ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကာလတစ်လျှောက်လုံး ဂျာမန် တော်ဝင်မိသားစုတွေကို ဝန်ဆောင်မှုပေးခဲ့ပြီး အကျိုးအမြတ် အမြောက်အမြား ရှာဖွေစုဆောင်းနိုင်ခဲ့ပါတယ်။

အမ်ရှဲလ်မှာ သားငါးယောက် ရှိပါတယ်။ သူပိုင်ငွေကြေးတွေကို သားငါးယောက်အတွက် အမွေခွဲပေးခဲ့တယ်။ သူတို့တွေကတော့ နသန် မေရာ-ရော့သ်စ်ချိုင်းလ် (Nathan Mayer-Rothschild)၊ ဆော်လမွန် မေယာ ဗွန် ရော့သ်စ်ချိုင်းလ် (Salomon-Mayer von Rothschild)၊ ဂျိမ်းစ်-မေယာ ဒီ ရော့သ်စ်ချိုင်းလ် (James-Mayer de Rothschild)၊ ကားလ်မေယာ ဗွန် ရော့သ်စ်ချိုင်းလ် (Carl-Mayer von Rothschild) နဲ့ အမ်ရှဲလ် မေယာရော့သ်စ်ချိုင်းလ် (Amschel Mayer Rothschild) တို့ဖြစ်ပါတယ်။ အဲဒီသားတွေဟာ ဥရောပ တစ်လွှားက မြို့ကြီးတွေဖြစ်တဲ့ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၊ ယူကေနိုင်ငံ လန်ဒန်မြို့၊ အီတလီနိုင်ငံ နေပယ်မြို့၊ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့နဲ့ ပြင်သစ်နိုင်ငံပါရီမြို့တို့ကို အသီးသီးထွက်ခွာခဲ့ပြီး ဘဏ်တွေထူထောင်ခဲ့ကြပါတယ်။ သူတို့ဘဏ်တွေအချင်းချင်း ကွန်ရက်သဖွယ် ဆက်သွယ်ပြီး ဥရောပတစ်လွှားမှာ ဘဏ်လုပ် ငန်းကို အကြီးအကျယ် လုပ်ကိုင်ပါတော့တယ်။

ဘဏ်အုတ်မြစ်တွေချခဲ့ရုံမက လူအများယုံကြည် အား ထားမှု ရရှိဖို့ရာအတွက် နှုတ်လုံခြင်း၊ ဘဏ်မှာအပ်နှံသူတွေရဲ့ အချက်အလက်မပေါက်ကြားခြင်း၊ ငွေကြေးအမြောက်အမြားအပ်နှံခွင့်ပြုခြင်း၊ လူတစ်ဦးထဲကို အမည်အမျိုးမျိုးဖြင့် ငွေအပ်နှံခွင့်ပြုခြင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ မြန်ဆန်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကိုပါ ပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဘဏ်ရှိတဲ့ နိုင်ငံတိုင်းက အုပ်ချုပ်သူအာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကားလ်ရော့သ်စ်ချိုင်းလ် ဟာ အီတလီတော်ဝင်မိသားစု ဒီမဒီချီနဲ့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကာလတွေမှာ ရော့သ်စ်ချိုင်းလ်မိသားစုဟာ အမြတ်အစွန်း မြောက်မြားစွာ ရရှိခဲ့ပြီး မိသားစုပိုင်ဆိုင် တဲ့ ငွေကြေးပမာဏ အနိမ့်ဆုံးခန့်မှန်းချက်ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရော့သ်စ်ချိုင်းလ်မိသားစုဟာ မိသားစုကိုယ်ပိုင် အမှတ် အသား တံဆိပ်ကိုလည်း တီထွင်အသုံးပြုခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါတင်မကသေး၊ ဆာ အဲဗယ်လင်း ဒီ ရော့သ်စ်ချိုင်းလ်ဟာ အင်္ဂလန်ဘုရင်မကြီးရဲ့ ငွေကြေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ တချို့ကတော့ အဲဒီရာထူးကို မသမာတဲ့နည်းနဲ့ ရယူခဲ့တယ်လို့လည်း စွပ်စွဲပြောကြားကြပါ တယ်။

ရော့သ်စ်ချိုင်းလ်မိသားစုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုဆက်လက်လေ့လာကြည့်ဦးစို့။ ရော့သ်စ်ချိုင်းလ်မိသားစုဟာ မှန်းဆလို့မရလောက်အောင် ကြွယ်ဝချမ်းသာလွန်းပြီး အင်မတန်လျှို့ဝှက်သိုသိပ်စွာ နေထိုင်ကြတာကြောင့် သူတို့နဲ့ ပတ်သက်တဲ့ လူမသိသူမသိ အကြောင်းအရာတွေ မနည်းမနော ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

စစ်ပွဲက ထွက်တဲ့အမြတ်

ရော့သ်စ်ချိုင်းလ်မိသားစုဟာ ၁၈၀၃ – ၁၈၁၅ ခုနှစ် နပိုလီယံခေတ်စစ်ပွဲတွေကစလို့စစ်ပွဲတစ်ပွဲမှာ နိုင်တဲ့ဘက်ကိုရော ရှုံးတဲ့ဘက်ကိုပါငွေကြေးထောက်ပံ့ခဲ့တယ်လို့ လူသိများခဲ့ပါတယ်။ နှစ်ဖက်လုံးကို ငွေကြေးထောက်ပံ့တာကြောင့် ဘယ်ဘက်ကပဲနိုင်နိုင် သူတို့ကတော့ အမြတ်ထွက်ပြီးသားပါပဲ။ ၁၈၁၅ ခုနှစ် မှာ ပြင်သစ်စစ်ဘုရင် နပိုလီယံ ဘိုနာပတ်က ဗြိတိသျှကို သိမ်းပိုက်ဖို့ ကြံစည်တယ်။ အခွင့်အရေးကို မြင်တာနဲ့ ရော့သ်စ်ချိုင်းလ်မိသားစုဟာ ချက်ချင်း အစည်းအဝေးခေါ်ပြီး အစီအစဉ်တစ်ခုဆွဲတယ်။ ယေကော့ဗ် ရော့သ်စ်ချိုင်းလ် (Jacob Rothschild) ကို ပြင်သစ်နိုင်ငံ၊ ပါရီမှာ အခြေချနေခိုင်းတယ်။ ပြီးတော့ ဗြိတိသျှကို သိမ်းယူမယ်ဆိုတဲ့ နပိုလီယံရဲ့ စစ်ရေး အားထုတ်မှုကို ငွေကြေးထောက်ပံ့ဖို့ သူ့ကို တာဝန်ပေးခဲ့ တယ်။

နောက်တစ်ဖက်မှာတော့ နေသန် ရော့သ်စ်ချိုင်းလ် (Nathan Rothschild) ကို လန်ဒန်မှာ အခြေချခိုင်းပြီး နပိုလီယံနဲ့ ရင်ဆိုင်မယ့် ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်ကို ငွေကြေးထောက်ပံ့စေတယ်။ ရော့သ်စ်ချိုင်းလ်သားတော်မောင်နှစ်ယောက်လည်း အသီးသီးငွေကြေး ထောက်ပံ့လိုက်ရော၊ စစ်ပွဲကြီး စပါလေရော။ စစ်ပွဲစပြီးသိပ်မကြာခင်မှာ ဗြိတိန်သာအနိုင်ရခဲ့မယ် ဆိုရင် မိသားစုအတွက် အမြတ်အစွန်းပိုများနိုင်မှာဖြစ်သလို ဗြိတိသျှတော်ဝင်မိသားစုအနေနဲ့လည်း ရော့သ်စ်ချိုင်းလ်မိသားစုအပေါ် တစ်သက်သာ ကျေးဇူးကြွေး တင်ရှိသွားမှာဖြစ်ကြောင်း သဘောတူညီပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဆုံးဖြတ်ချက်ချအပြီး မှာတော့ ယေကော့ဗ်ဟာ နပိုလီယံစစ်တပ်ကို ထောက်ပံ့ပေးနေ တဲ့ ငွေကြေးတွေကို ကန့်သတ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ချုပ် ဝယ်လင်တန်ဘက်က အသာစီးစရပါတော့တယ်။

နေသန်ဟာ ဗြိတိသျှ စတော့ဈေးကွက်မှာ ပါဝင် ပတ်သက်ခဲ့တယ်။ သူ့ရဲ့ လိမ္မာပါးနပ်လွန်းမှုကြောင့် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်မယ့် အကွက်ကို မြင်တယ်။ စစ်ပွဲမှာ ဗြိတိန် နိုင်ဖို့သေချာသလောက်ဖြစ်တာကိုလည်း မြင်ရော၊ သူပိုင်တဲ့ ဗြိတိသျှငွေချေးစာချုပ် (Bond) တွေကို တစ်လုံးတစ်ခဲတည်း ငွေချေစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ သူ့လုပ်ရပ်ကို မြင်တဲ့ တခြားကုန်သည်တွေက ပြင်သစ်နိုင်ပြီး ဗြိတိန်ရှုံးတော့မယ် လို့ ကောက်ယူလိုက်ကြပြီး သူတို့ပိုင် ဗြိတိသျှငွေချေးစာချုပ်ကို အကုန်ထုတ်ရောင်းပါတော့တယ်။ အရောင်းများပြီး အဝယ် မရှိတော့ချိန်မှာ ငွေချေးစာချုပ်တန်ဖိုးအဆမတန် ထိုးဆင်းသွားပါတော့တယ်။ အဲဒီဖြစ်ရပ်ကြောင့် ဗြိတိန်စီးပွားရေး ပြိုလဲသွား ပါတယ်။ တခြားကုန်သည်တွေက သူတို့ပိုင်ငွေချေးစာချုပ် အားလုံးကို ထုတ်ရောင်းပြီးတာနဲ့ တပြိုင်နက် အဆမတန် တန်ဖိုးကျနေတဲ့ ငွေချေးစာချုပ်တွေကို မယုံနိုင်လောက်အောင် ချိုသာတဲ့ဈေးနှုန်းနဲ့ ပြန်လည်ကာ သိမ်းကြုံးဝယ်ယူပါတော့ တယ်။

နေသန်ဟာ ကမ္ဘာအချမ်းသာဆုံးမိသားစုက လူဖြစ်တာကြောင့် လွယ်လွယ်ကူကူနဲ့ပဲ ရှိရှိသမျှ ငွေချေးစာချုပ် အားလုံးကို တစ်ဦးထဲ ဝယ်ယူနိုင်တဲ့အနေအထားရှိပါတယ်။ အဲဒီနှစ်အတွင်း အင်္ဂလန်ဘဏ်က ထုတ်ပေးထား တဲ့ ငွေချေးစာချုပ်အားလုံးကို သူတစ်ယောက်ထဲ တလုံးတဝထဲ အမှန်တကယ် ဝယ်လိုက်နိုင်တယ်။ ဗြိတိန်က စစ်ပွဲမှာ အနိုင်ရရှိ သွားပြီဆိုတဲ့ သတင်း သာမန်ပြည်သူတွေဆီ ရောက်ရော၊ ငွေချေးစာချုပ်တန်ဖိုးဟာလည်း အဆမတန် ပြန်မြောက်သွားပါ လေရော။ နေသန်ဟာ သူဝယ်ယူထားသမျှ ငွေးချေး စာချုပ် တွေကနေ ၂၀ ရာခိုင်နှုန်း အမြတ်အစွန်းပိုရလိုက်ပါတယ်။ အဲဒါထက် ပိုပြီးမြတ်သွားတဲ့အချက်က ရော့သ်စ်ချိုင်းလ်မိသားစု ဗြိတိန်တစ်နိုင်ငံလုံးရဲ့ ငွေချေးစာချုပ်တွေကို တစ်ဦးတည်း လက်ဝယ်ပိုင်ဆိုင်သွားခဲ့ပြီလေ။ ဒါဟာ ဗြိတိသျှစီးပွားရေးနဲ့ အင်္ဂလန်ဘဏ်ကိုပါ ထိန်းချုပ်လိုက်နိုင်ပြီဆိုတဲ့သဘောပေါ့။

ရော့သ်စ်ချိုင်းလ်မိသားစုဟာ အဲဒီအချိန်ကစလို့ သူတို့ ရဲ့ ငွေကြေးနဲ့ အာဏာကို အသုံးချပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံတွေရဲ့ စီးပွားရေးကို လိုသလိုပုံဖော်ပါတော့တယ်။ ဗြိတိန်မှာ ၁၈၁၅ခုနှစ်ကလုပ်ခဲ့သလိုမျိုးနိုင်ငံအသီးသီးမှာ ငွေကြေးဈေးကွက်ပျက်ကာ စီးပွားရေးကပ်ဆိုက်အောင် ဖန်တီးပြီး သူတို့အတွက် အမြတ်ထွက်အောင် လုပ်ဆောင်ခဲ့ပါတယ်။

ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ်

ရော့သ်စ်ချိုင်းလ်မိသားစုကို ကနဦး ထူထောင်ခဲ့သူ ဟာ မေယာ အမ်ရှဲလ် ရော့သ်စ်ချိုင်းဟာ သူ့ရဲ့မိသားစု စည်းမျဉ်း စည်းကမ်းကို အသေအချာ ရေးဆွဲခဲ့ပါတယ်။ အဲဒီထဲမှာ တစ်ချက် က ရော့သ်စ်ချိုင်းလ်မျိုးရိုးမှ ဆင်းသက်သူမိသားစုဝင် အမျိုးသမီးဟာ မိသားစုအမွေကို တိုက်ရိုက်ဆက်ခံခွင့်မရှိဘူးဆိုတာလည်း ပါဝင်ပါတယ်။ သဘောက ရော့သ်စ်ချိုင်းလ်အမျိုးသမီးတစ်ဦးဟာ သူ့ဖခင်သို့မဟုတ် မိခင်ဆီကနေ အမွေဆက်ခံခွင့် မရှိပါဘူး။ သူတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်ကျပြီဆိုရင် မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုကနေ သူတို့ကို အဆက်ဖြတ်လိုက်ကြပါတယ်။ အဲဒါကြောင့် ရော့သ်စ်ချိုင်းလ်အမျိုးသမီးတွေဟာ မိမိဘဝကို မိမိဖာသာရပ်တည်ဖို့ နည်းလမ်းရှာကြံရလေ့ရှိပါတယ်။

မိသားစုဥသျှောင်ဖခင်ကြီးရဲ့ သံမဏိ စည်းကမ်းချက် ဟာ ရော့သ်စ်ချိုင်းလ် အမျိုးသမီးတွေကို ရော့သ်စ်ချိုင်းလ်အမျိုးသားတွေနဲ့ မိသားစုဝင်အချင်းချင်း ပြန်လည်လက်ထပ်ကြစေဖို့အတွက် တစ်ဖက်လှည့်နဲ့ ရေးဆွဲထုတ်ပြန်ထားတာဖြစ်ပါ
တယ်။ ငွေကြေးကြွယ်ဝချမ်းသာမှုကြောင့် တစ်သက်လုံး မင်းသမီးလို ဘော်ကျော့နေလာရတဲ့ ရော့သ်စ်ချိုင်းလ်အမျိုးသမီးတွေအနေနဲ့ အစ်ကို၊ မောင်ဝမ်းကွဲတွေနဲ့ လက်ထပ်ပြီး ခင်ပွန်းသည်ရဲ့ ကြွယ်ဝချမ်းသာမှုကို စံစားကာ ကျန်ဘ၀ တစ်လျှောက်လုံး တော်ဝင်ဆန်ဆန်နေသွားဖို့ကိုပဲ ရွေးချယ်ကြပါတော့တယ်။ ဒါကြောင့် ရော့သ်စ်ချိုင်းမိသားစုအတွင်း မိသားစု အသိုင်းအဝိုင်းထဲက လူအချင်းချင်း ထိမ်းမြားလက်ထပ်ခဲ့တာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပါပြီ။ အဲဒီလိုလက်ထပ်ထိမ်းမြားချင်းကို Avunculate Marriage လို့ခေါ်ပါတယ်။ ဆိုလိုရင်းကတော့ ဦးလေးအရင်းဟာ သူ့ရဲ့တူမအရင်းကို လက်ထပ်နိုင်သလို အဒေါ်အရင်းဟာလည်း တူအရင်းကို လက်ထပ်နိုင်ပါတယ်။ ဒီလိုသွေးရင်းလက်ထပ်မှုမျိုးက တချို့အသိုင်းအဝိုင်းတွေမှာလည်း ရှိတတ်ပါတယ်။ နေသန်ရော့သ်စ်ချိုင်းလ်ကိုယ်တိုင် သူ့အစ်ကို ကားလ်ရဲ့အကြီးဆုံးသမီးကို လက်ထပ်ထားတာပါ။

ယုံချင်ယုံ မယုံချင်နေ

ရော့သ်စ်ချိုင်းလ်မိသားစုဟာ ဇီယွန်ဝါဒီဂျူးလူမျိုးတွေလို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ ဂျူးလူမျိုးတွေ ဂျူးဘာသာတရားအပေါ် ယုံကြည်ချက်တိုးပွားလာဖို့ အတွက် တိုင်းတစ်ပါးကို သိမ်းပိုက်ဖို့လိုအပ်မယ်ဆိုရင် ရတဲ့နည်းနဲ့ သိမ်းပိုက်ရမယ်လို့ ဇီယွန်ဝါဒီတွေက ယုံကြည်ထားပါတယ်။ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်တွေဟာ သူတို့လိုဂျူးတွေဖြစ်အောင် မရမက ဖန်တီးထားတတ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် သွေးနှောစီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ပါတယ်။ ဂျူးယဉ်ကျေးမှုမှာ အမျိုးသမီးက ဂျူးလူမျိုးဖြစ်နေရင် သူမွေးတဲ့ကလေးဟာလည်း ဂျူးလူမျိုးလို့ သတ်မှတ်ကြပါတယ်။ ဖခင်ရဲ့မျိုးရိုးဘက်ကို မလိုက်ကြပါဘူး။

Conspiracy Theorist သဘောတရားပညာရှင်တွေကတော့ လက်ရှိ ကမ်းဘရိခ်ျမြို့စား မင်းသားဝီလျံရဲ့ ကြင်ယာ မြို့စားကတော် ကက်သရင်းဟာ ဂျူးလူမျိုးဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ သူမမိခင် မဒမ် ဂိုးလ်စမစ်သ်ဟာ ဂျူး လူမျိုးဖြစ်ကြောင်း ပြောကြပါတယ်။ ဒီအတိုင်းဆိုရင် မိခင်ဘက်ကို မျိုးရိုးလိုက်တဲ့ ဂျူးယဉ်ကျေးမှုအရ ကက်သရင်းက မွေးတဲ့သား မင်းသားဂျော့ခ်ျဟာလည်း ဂျူးကလေးတစ်ယောက်ဖြစ်သွားပါပြီ။ သူဟာ တစ်ချိန်မှာ ဘုရင်ဂျော့ခ်ျအဖြစ်နန်းတက်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က ဩဇာအရှိဆုံး ပလ္လင်တစ်ခုပေါ်မှာ ထိုင်ခွင့်ရမယ့် ဇီယွန်ဝါဒီ ဂျူးလူမျိုးဖြစ်လာပါလိမ့်မယ်။
လက်ရှိမှာ ဆာအဲဗယ်လင်းဒီရော့သ်စ်ချိုင်းလ် ဟာ ဗြိတိသျှတော်ဝင်မိသားစုရဲ့ ငွေကြေးဆိုင်ရာ အကြံပေးအရာရှိဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ဦး။ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ အာ ဏာစက်ဟာ အနာဂတ်ဘုရင်ဖြစ်လာမင်းသား ဂျော့ခ်ျ ထိအောင် နယ်ချဲ့ပြီးနှင့်နေပါပြီ။

လက်ရှိလွှမ်းမိုးချုပ်ကိုင်မှု

ရော့သ်စ်ချိုင်းလ်မိသားစုဟာကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရှိပိုင်ဆိုင်မှုကိန်းဂဏန်း အတိ အကျကိုတော့ ဘယ်သူမှမသိကြပါဘူး။ သင့်နိုင်ငံရဲ့ ဗဟိုဘဏ် ကိုတောင် ရော့သ်စ်ချိုင်းလ်မိသားစုက ပိုင်ဆိုင်ပြီး ထိန်းချုပ်နေ တာ ဖြစ်နေနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က နိုင်ငံအသီးသီးရဲ့ ဗဟိုဘဏ်တွေရဲ့ နောက်ကွယ်မှာ ရော့သ်စ်ချိုင်းလ်မိသားစုက ကြိုးကိုင်ထားပါတယ်။ သုံးနိုင်ငံကလွဲလို့ပေါ့။ (၁) မြောက်ကိုရီး ယား၊ (၂) အီရန်၊ (၃) ကျူးဘားတို့ ဖြစ်ပါတယ်။

ဒါပေမဲ့အဲဒီသုံးနိုင်ငံက အခုလက်ရှိ အဓိက ရည်မှန်းချက် အဆင့်မှာ မရှိတော့ပါဘူး။ ၂၀၀၀ ခုနှစ်အရောက်မှာရော့သ်စ်ချိုင်းလ်မိသားစု ကြိုးကိုင်လိုတဲ့ အခြားသောနိုင်ငံလေးခုစာရင်းအသစ် ထွက်လာခဲ့ပါတယ်။ အဲဒီနိုင်ငံတွေကတော့ (၁) အာဖဂန်နစ္စတန်၊ (၂) အီရတ်၊ (၃) ဆူဒန်နဲ့ (၄) လစ်ဗျား တို့ဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ငွေကြေးကို ရော့သ်စ်ချိုင်းလ်အုပ်စု ဘယ်လိုထိန်းချုပ်နိုင်ခဲ့သလဲ။

အဲဒီနိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကျူးကျော်တဲ့နည်းလမ်းနဲ့ပဲဖြစ်ပါတယ်။ ရော့သ်စ်ချိုင်းလ်မိသားစုဟာ သူတို့ ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အာဏာကိုအသုံးချပြီး ဘယ်နိုင်ငံကိုမဆို သူတို့လက်အောက်ခံ ဖြစ်လာဖို့အတွက် လှည့်စားနိုင်စွမ်း ရှိနေပါတယ် သူတို့ရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့် နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုကို အသုံးချဖို့ ရွေးချယ်ခဲ့ပါတယ်။ သူတို့ဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်ကို အရင်ဆုံး ထိန်းချုပ်ချင်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံဟာ အဲဒီနိုင်ငံတွေကို ကျူးကျော်ဖို့အတွက် ဘာအကြောင်းပြချက်မှ မရှိဘူးဆိုတာကို အမေရိကန်ပြည်သူက ကောင်းကောင်းကြီးသိနေတယ်။ ဒီတော့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တွေမုန်းတီးသွားအောင် ဆိုးဝါးရက်စက်တဲ့ အကြောင်းပြချက်တစ်ခုခု လိုအပ်နေတယ် ဆိုတာကို ရော့သ်စ်ချိုင်းလ်မိသားစုက သဘောပေါက်ခဲ့တယ်။ အဲဒီနောက်မှာတော့ တိုက်ဆိုင်မှုပဲလား၊ ကြိုတင်ကြံစည်မှု ပဲလားတော့မသိ။ အမေရိကန် နယူးယောက်မြို့က ကုန်သွယ်ရေး အမွှာမျှော်စင်တိုက်ကို ၂၀၀၁၊ နိုဝင်ဘာ ၁၁ မှာ အကြမ်းဖက်သမားတွေက လေယာဉ်နဲ့ ဝင်တိုက်ခဲ့ကြပါတယ်။ ၉/၁၁ ဖြစ်စဉ်ကို အတွင်းလုပ်ကြံမှုလို့ ထောက်ပြဝေဖန်မှုတွေဟာလည်း မနည်း မနောပါပဲ။

ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို၊ ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော်ပါတော့ တယ်။ ၂၀၀၃ ခုနှစ်အတွင်းမှာပဲ အာဖဂန်နဲ့ အီရတ်ဗဟိုဘဏ်တွေဟာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါတော့တယ်။ နောက်ထပ် နှစ်နိုင်ငံကတော့ ဆူဒန်နဲ့ လစ်ဗျားပါ။ သူတို့ရဲ့ပထမအဆင့်တော့ အောင်မြင်ပြီးသွားပါပြီ။ အာဖရိက တိုက်မှာ သူတို့ထိန်းချုပ်ဖို့ ကျန်နေတဲ့ နှစ်နိုင်ငံကတော့ ဆူဒန်နဲ့ လစ်ဗျားပါပဲ။ ဒီတစ်ချီမှာတော့ သူတို့ရဲ့ လိုအင်ဆန္ဒကိုဖြည့်ဆည်းဖို့ ကုလသမဂ္ဂကို အသုံးချပါတော့တယ်။ ကုလသမဂ္ဂ ထဲက ဆုံးဖြတ်ချက်အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ဟာ ရော့သ်စ်ချိုင်းလ်မိသားစုက ကမ်းလှမ်းတဲ့ငွေကြေးပမာဏကို မတွန်းလှန်နိုင်ခဲ့ကြပါဘူး။ အစပိုင်းမှာ ကုလသမဂ္ဂက ဝင်ရောက် မစွက်ဖက်ဖို့ သဘောထားရှိခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံတချို့ အပေါ် သဘောထားပြောင်းသွားခဲ့ပါတယ်။ အဲဒီနိုင်ငံတချို့ထဲမှာ လစ်ဗျားနဲ့ ဆူဒန်လည်း အပါအဝင်ပါ။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်အရောက်မှာတော့ ဆူဒန်ရော၊ လစ်ဗျားနိုင်ငံရောရဲ့ ဗဟိုဘဏ်တွေဟာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပါတော့တယ်။

သူတို့ရဲ့နောက်ဆုံး ပြစ်မှတ်စာရင်းထဲမှာ မြောက်ကိုရီးယား၊ အီရန်နဲ့ ကျူးဘားတို့ပါဝင်ပါတယ်။ အဲဒီသုံးနိုင်ငံရဲ့ စီးပွားရေး ကို အပိုင်သိမ်းဖို့အတွက် ဒီတစ်ကြိမ်မှာ သူတို့ဘယ်သူ့ကို အသုံးချလိမ့်မလဲ။ သူတို့ရွေးချယ်ပြီးသားပါ။
“ဒီနေ့ အမေရိကန်ပြည်ထောင်စုဟာ ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေးပုံစံပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်” လို့ အိုဘားမားက မိန့်ခွန်း တစ်ခုမှာ ပြောခဲ့ပြီးပါပြီ။ မကြာသေးခင်နှစ်ကပဲအိုဘားမားကပေးပို့တဲ့ ပိုမိုကောင်းမွန် တဲ့ ဆက်ဆံရေးတည်ဆောက်ကြစို့ဆိုတဲ့ ပေးစာကို အီရန်ဘာသာရေးခေါင်းဆောင်က စာပြန်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ရော့သ်စ်ချိုင်းလ်ဟာ အမေရိကန်ပြည်ထောင်စုကို အသုံးချတဲ့ဗျူဟာကို ပြောင်းလဲခဲ့ပါတယ်။ အရင်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ သုံးခဲ့ပေမယ့် အခုတော့ သူတို့ထိန်းချုပ်လိုတဲ့ နိုင်ငံတွေကို အမေရိကန်က မိတ်ဆွေဖွဲ့တဲ့ ဗျူဟာကို သုံးလာပါတယ်။

ဒါဆို မြောက်ကိုရီးယားကိုရော?

ဒီသတင်းကိုတော့ လူတော်တော်များများ သတိထားမိလိုက်ကြမှာပေါ့။ အမေရိကန်ပြည်ထောင်စုအစိုးရက “မြောက်ကိုရီးယားဟာ အမေရိကန်အခြေစိုက် ဆိုနီပစ်ချား ကုမ္ပဏီကို အင်မတန်ထိခိုက်နစ်နာအောင် ဆိုက်ဘာတိုက်ခိုက်မှု ကျူးလွန် လိုက်ပါတယ်”ဆိုပြီး တည့်တည့်ကြီးလက်ညှိုးထိုး စွပ်စွဲလိုက်ပါပြီ။
ဒါနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက “သူတို့ကျနော် တို့ကို အတော်လေး ထိခိုက်နစ်နာစေခဲ့တယ်။ ကျနော်တို့ သတိရှိရှိနဲ့ ပြန်လည်တုံ့ပြန်သွားပါမယ်။ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ တုံ့ပြန်မလဲဆိုတာကိုတော့ ကျနော်တို့ ရွေးချယ် သွားပါမယ်” တဲ့။

မြောက်ကိုရီးယားကို မိတ်ဆွေဖွဲ့လို့ မဖြစ်နိုင်တော့ အရင်တုန်းက သုံးခဲ့တဲ့ ဗျူဟာကိုပဲ ခြေဦးပြန်လည်နေပါပြီ။ အဲဒါကတော့ အမေရိကန်ပြည်သူလူထုက တခြားနိုင်ငံတစ်နိုင်ငံ ကို မလိုလားတော့အောင် လုပ်တာပေါ့။ လက်စားချေ တိုက်ခိုက်မှုဆိုတဲ့ ခေါင်းစဉ်ကိုတပ်ပြီး သူတို့ရဲ့စစ်ရေးအရ ကျူးကျော်မှုကို မျှတသယောင် ဖန်တီးတာပေါ့။ အဲဒီလိုနည်းနဲ့ ကမ္ဘာပေါ်မှာ ရော့သ်စ်ချိုင်းလ်မိသားစုရဲ့ ကြွယ်ဝမှုနဲ့ အာဏာကို ချဲ့ထွင်ပေးနေပါတယ်။

(စတီဗင်ရေးသည်)
Ref: Conspiracies net, Humanity First
ဉာဏ်​အလင်​း လစဉ်ထုတ် အွန်လိုင်း မဂ္ဂဇင်းမှ ဖြစ်ပါသည်။

Leave a Reply