ေနာက္ပုိင္းလူေတြမသိေလာက္တဲ့ ေရႊတိဂုံေစတီ မီးအႀကီးအက်ယ္ေလာင္မႈ

Posted on

ဒီျဖစ္ရပ္ႀကီးသည္ ရာဇ၀င္အဆက္ဆက္ မည္သည့္မင္းလက္ထက္ကမွ မႀကဳံဖူးေသာ ျဖစ္ရပ္ပင္ျဖစ္သည္။ ထုိအေၾကာင္းကုိ မွတ္မိေသးသူ တခ်ဳိ႕ ရွိႏုိင္ေသာ္လည္း ေနာက္ပုိင္းလူ အမ်ားစု သိရွိေတာ့မွာမဟုတ္ေခ်။ ေရႊတိဂုံေစတီႀကီး မီးခခံခဲ့ရျခင္းကုိ ေနာက္ပုိင္းလူမ်ား သိရွိေစရန္ဗဟုသုတအေနနဲ႔ ျပန္လည္တင္ျပလုိက္ပါသည္။ အရင္တုန္းကေတာ့ ေရႊတိဂုံေစာင္းတန္းမ်ားတြင္ မီးေလာင္သည့္ပုံမ်ားကုိ ခ်ိတ္ဆြဲထားခဲ့ဖူးပါသည္။

မီးစေလာင္သည့္အခ်ိန္မွာ ၁၉၃၁ ခုႏွစ္ မတ္လ ၆ ရက္ (ျမန္မာသကၠရာဇ္ ၁၂၉၂ခု ၊ တေပါင္းလဆုတ္ ၄ ရက္ေန႔) ေသာၾကာေန႔ မြန္းလြဲ ၃ နာရီတြင္ စတင္ေလာင္ကြ်မ္းခဲ့ျခင္းျဖစ္သည္။ မီးေလာင္ျခင္း၏ အစမွာကား “အမႈိက္ကစ ျပသာဒ္မီးေလာင္” ဟူေသာ စကားလုိ အမႈိက္ပုံမီးရႈိ႕ရာမွ စတင္ေလာင္ကြ်မ္းခဲ့သည္ ဟု သိရသည္။ အမႈိက္ပုံမွ မီးသည္ ပထမအစတြင္ ဘုရားေစာင့္ျပာတာ၏ တဲကေလးကုိ ကူးစက္ေလာင္ကြ်မ္းခဲ့သည္။ ဒုတိယ ၎တဲကေလးမွ သီလရွင္တဲမ်ား ၊ လက္ဘက္ရည္ဆုိင္မ်ား ၊ ဦးနာဂိႏၵမ႑ပ္ မ်ားေလာင္ကြ်မ္းကုန္သည္။ ထုိအခ်ိန္တြင္ အေနာက္ေလကလည္း ပင့္ေပးသျဖင့္ မီးပြားမီးညြန္႔တုိ႔သည္ အနီးရွိ အပင္မ်ားကုိ မီးေလာင္၍ အေနာက္ဘက္ရင္ျပင္ေပၚမွ ဇရပ္မ်ားကုိ စတင္ေလာင္ကြ်မ္းခဲ့သည္။

ပထမဆုံး ေလာင္ကြ်မ္းခံခဲ့ရသည့္ တန္ေဆာင္းမွာ သိမ္ႀကီးေစ်း ၂ျပား တန္ေဆာင္းျဖစ္သည္။ ၂ျပား တန္ေဆာင္းဟု ေခၚရျခင္းမွာ သိမ္ႀကီးေစ်း ေစ်းသူ ေစ်းသားမ်ား တစ္ေန႔ ၂ျပားစီ စုေစာင္းေကာက္ခံကာ တည္ေဆာက္ထားခဲ့ျခင္းေၾကာင့္ ျဖစ္သည္။ အျဖစ္အပ်က္မွာ မိနစ္ပုိင္းမွ်ပင္ၾကာသည္။ ထုိအခ်ိန္တြင္ ဘုရားလူႀကီးမ်ား ႏွင့္ လူငယ္မ်ားေရာက္ရွိလာကာ မီးကုိၿငိမ္းသတ္ၾကေလသည္။ ထုိအခ်ိန္ထိ ရန္ကုန္ျမဴနီစီပယ္ မီးသတ္သမားတုိ႔မွာ ေရာက္မလာၾကေသး။ လူအားႏွင့္ မီးအား ၿငိမ္းရန္ ႀကဳိးစားေသာ္လည္း အျမင့္တြင္စြဲေသာမီးျဖစ္ေသာေၾကာင့္လည္ေကာင္း၊ တက္ေရာက္ရန္လည္း ခဲယဥ္းသျဖင့္ လည္ေကာင္း ၊ ေလကလည္းပင့္ေနေသာေၾကာင့္လည္ေကာင္း မီးအားမၿငွိမ္းႏုိင္ခဲ့ပါေပ။

မီးသည္ ၂ျပား တန္ေဆာင္းမွ တဆင့္ မ်က္ႏွာခ်င္းဆုိင္မွ ဦးေအာင္ႀကီး အာရုဏ္ခံတန္ေဆာင္းသုိ႔ ကူးစက္ၿပီးသည့္ေနာက္ ကုိဇေမာင္တန္ေဆာင္း၊ေဒၚဖြားတန္ေဆာင္း ၊ ဦးဘုိးေက်ာ္တန္ေဆာင္းမ်ားလည္း ေလာင္ကြ်မ္းခံခဲ့ရသည္။ ထုိမွ တဖန္ ေလအားကလည္း ပုိမုိျပင္းလာေပရာ ေစတီေတာ္ႀကီးလုံးပတ္ရွိ ေရႊခ်ရန္ကာရံထားေသာ ျငမ္းမ်ားကုိ မီးကူးစက္ေလာင္ကြ်မ္းျပန္သည္။ ေစတီေတာ္ႀကီးလုံးပတ္ မီးဟပ္ေသာအခါ မၾကည့္ရက္ၾကေသာ လူငယ္လူရြယ္မ်ားက အသက္ကုိပင္ အသက္မမွတ္ ၊ တက္ေရာက္ၿငိမ္းသတ္ၾကသျဖင့္ ဘုရားႀကီးတစ္ခုလုံးေဘးမွ ျငမ္းမ်ား မီးမေလာင္ခဲ့ျခင္းျဖစ္သည္။ ထုိမွတဖန္ အေရွ႕ဘက္တန္ေဆာင္းမ်ား ၊ ေျမာက္ဘက္တန္ေဆာင္းမ်ား အသီးသီးေလာင္ကြ်မ္းရျပန္သည္။

ကုန္းေတာ္ေပၚတြင္ ေရသည္မရွိ၊ အေနာက္ဘက္မုဒ္ရွိကန္မွ ေရကုိ ခဲရာခဲဆစ္တင္ရသျဖင့္ မီးၿငိမ္းရသည္မွာ အေတာ္ပင္ ခက္ခဲခဲ့ေၾကာင္း သိရသည္။ မီးသတ္သမားမ်ား ၊ လူပဂၢဳိလ္မ်ား ႏွင့္ ရဟန္းမ်ားသည္ ၀ုိင္း၀န္းပူးေပါင္းကာ အသက္စြန္႔၍ မီးအား ၿငိမ္းသတ္ရန္ႀကဳိးစားခဲ့ၾကသည္။ တခ်ဳိ႕ကုိယ္ေတာ္မ်ား ႏွင့္ လူငယ္မ်ားသည္ မီးေလာင္ေန႔သည့္ ေနရာမ်ားသုိ႔ အတင္းတက္၍ ပက္ခဲ့သည္အထိ ဘုရားႀကီးအားကာကြယ္လုိစိတ္ျပင္းထန္ခဲ့သည္။ အေရွ႕ဘက္သုိ႔ မီးကူးၿပီဟု ၾကားသည့္အခါ စိန္ဖူး ၊ ငွက္ျမတ္နား ႏွင့္ အဘုိးထုိက္ဘ႑ာမ်ားထားရာ ပရိေဘာဂတုိက္ႀကီးအတြက္ စုိးရိမ္ေနၾကသည္။ ထုိပရိေဘာဂတုိက္ႀကီးေရွ႕တြင္ ေဂၚရာစစ္သား ၁၅ ေယာက္တုိ႔က လွံစြပ္ေသနတ္မ်ားႏွင့္ ေစာင့္ေရွာက္၀ုိင္းထားၾကေၾကာင္း သိရသည္။

ရဟန္းရွင္လူ လူအမ်ားညီညြတ္မႈေၾကာင့္သာ မီးသည္ ည၁၀ နာရီခန္႔တြင္ ၿငိမ္းသြားခဲ့ရသည္။ သုိ႔မဟုတ္ပါမႈ ေရႊတိဂုံေစတီတြင္ ဇရပ္တန္ေဆာင္း မွန္သမွ် မီးထဲတြင္ ပါသြားႏုိင္သည္။ မီးၿငိမ္းၿပီး ေနာက္တစ္ရက္တြင္ကား သတင္းစာ ၊ ဂ်ာနယ္အေစာင္ေစာင္တုိ႔တြင္ သတင္းဓာတ္ပုံမ်ား ေ၀ေ၀ဆာဆာျဖင့္ ေဖာ္ျပၿပီး ဘုရားႀကီးအား ျပန္လည္ မြမ္းမံျပင္ဆင္ၾကရန္ တုိက္တြန္းမႈမ်ားျပဳလုပ္ၾကသည္။ စီးပြားေရးသမားမ်ားကလည္း မိမိတုိ႔၏ကုန္ပစၥည္းမ်ားတြင္ ဘုရားႀကီးမီးေလာင္သည့္အေၾကာင္းကုိ စပ္လွ်ဥ္း၍ ထည့္သြင္းေၾကာ္ျငာခဲ့ၿပီး တတ္ႏုိင္သမွ်အလွဴေငြမ်ား ပါ၀င္ခဲ့ၾကသည္။

ယေန႔တြင္ေတာ့ ေရႊတိဂုံေစတီေတာ္ႀကီး ႏွင့္ ၀န္းက်င္တ၀ုိက္သည္ ေရႊေရာင္တ၀င္း၀င္း ႏွင့္ သပၸါယ္လွပေနေသာ္လည္း အရင္တခ်ိန္က ဤသုိ႔ ဤႏွယ္ႀကီးႀကီးမားမား မီးေလာင္ကြ်မ္းခဲ့ဖူးေၾကာင္း ဗဟုသုတအေန ႏွင့္ တင္ျပလုိက္ပါသည္။

ကုိးကား
က်ိန္စာသင့္တဲ့ သမုိင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး)
ျမန္မာ့စြယ္စုံက်မ္း


နောက်ပိုင်းလူတွေမသိလောက်တဲ့ ရွှေတိဂုံစေတီ မီးအကြီးအကျယ်လောင်မှု (unicode)

ဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်းလက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်ပင်ဖြစ်သည်။ ထိုအကြောင်းကို မှတ်မိသေးသူ တချို့ ရှိနိုင်သော်လည်း နောက်ပိုင်းလူ အများစု သိရှိတော့မှာမဟုတ်ချေ။ ရွှေတိဂုံစေတီကြီး မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေရန်ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါသည်။ အရင်တုန်းကတော့ ရွှေတိဂုံစောင်းတန်းများတွင် မီးလောင်သည့်ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။

မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၂၉၂ခု ၊ တပေါင်းလဆုတ် ၄ ရက်နေ့) သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ခြင်း၏ အစမှာကား “အမှိုက်ကစ ပြသာဒ်မီးလောင်” ဟူသော စကားလို အမှိုက်ပုံမီးရှို့ရာမှ စတင်လောင်ကျွမ်းခဲ့သည် ဟု သိရသည်။ အမှိုက်ပုံမှ မီးသည် ပထမအစတွင် ဘုရားစောင့်ပြာတာ၏ တဲကလေးကို ကူးစက်လောင်ကျွမ်းခဲ့သည်။ ဒုတိယ ၎င်းတဲကလေးမှ သီလရှင်တဲများ ၊ လက်ဘက်ရည်ဆိုင်များ ၊ ဦးနာဂိန္ဒမဏ္ဍပ် များလောင်ကျွမ်းကုန်သည်။ ထိုအချိန်တွင် အနောက်လေကလည်း ပင့်ပေးသဖြင့် မီးပွားမီးညွန့်တို့သည် အနီးရှိ အပင်များကို မီးလောင်၍ အနောက်ဘက်ရင်ပြင်ပေါ်မှ ဇရပ်များကို စတင်လောင်ကျွမ်းခဲ့သည်။

ပထမဆုံး လောင်ကျွမ်းခံခဲ့ရသည့် တန်ဆောင်းမှာ သိမ်ကြီးဈေး ၂ပြား တန်ဆောင်းဖြစ်သည်။ ၂ပြား တန်ဆောင်းဟု ခေါ်ရခြင်းမှာ သိမ်ကြီးဈေး ဈေးသူ ဈေးသားများ တစ်နေ့ ၂ပြားစီ စုစောင်းကောက်ခံကာ တည်ဆောက်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဖြစ်အပျက်မှာ မိနစ်ပိုင်းမျှပင်ကြာသည်။ ထိုအချိန်တွင် ဘုရားလူကြီးများ နှင့် လူငယ်များရောက်ရှိလာကာ မီးကိုငြိမ်းသတ်ကြလေသည်။ ထိုအချိန်ထိ ရန်ကုန်မြူနီစီပယ် မီးသတ်သမားတို့မှာ ရောက်မလာကြသေး။ လူအားနှင့် မီးအား ငြိမ်းရန် ကြိုးစားသော်လည်း အမြင့်တွင်စွဲသောမီးဖြစ်သောကြောင့်လည်ကောင်း၊ တက်ရောက်ရန်လည်း ခဲယဉ်းသဖြင့် လည်ကောင်း ၊ လေကလည်းပင့်နေသောကြောင့်လည်ကောင်း မီးအားမငြှိမ်းနိုင်ခဲ့ပါပေ။

မီးသည် ၂ပြား တန်ဆောင်းမှ တဆင့် မျက်နှာချင်းဆိုင်မှ ဦးအောင်ကြီး အာရုဏ်ခံတန်ဆောင်းသို့ ကူးစက်ပြီးသည့်နောက် ကိုဇမောင်တန်ဆောင်း၊ဒေါ်ဖွားတန်ဆောင်း ၊ ဦးဘိုးကျော်တန်ဆောင်းများလည်း လောင်ကျွမ်းခံခဲ့ရသည်။ ထိုမှ တဖန် လေအားကလည်း ပိုမိုပြင်းလာပေရာ စေတီတော်ကြီးလုံးပတ်ရှိ ရွှေချရန်ကာရံထားသော ငြမ်းများကို မီးကူးစက်လောင်ကျွမ်းပြန်သည်။ စေတီတော်ကြီးလုံးပတ် မီးဟပ်သောအခါ မကြည့်ရက်ကြသော လူငယ်လူရွယ်များက အသက်ကိုပင် အသက်မမှတ် ၊ တက်ရောက်ငြိမ်းသတ်ကြသဖြင့် ဘုရားကြီးတစ်ခုလုံးဘေးမှ ငြမ်းများ မီးမလောင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဖန် အရှေ့ဘက်တန်ဆောင်းများ ၊ မြောက်ဘက်တန်ဆောင်းများ အသီးသီးလောင်ကျွမ်းရပြန်သည်။

ကုန်းတော်ပေါ်တွင် ရေသည်မရှိ၊ အနောက်ဘက်မုဒ်ရှိကန်မှ ရေကို ခဲရာခဲဆစ်တင်ရသဖြင့် မီးငြိမ်းရသည်မှာ အတော်ပင် ခက်ခဲခဲ့ကြောင်း သိရသည်။ မီးသတ်သမားများ ၊ လူပဂ္ဂိုလ်များ နှင့် ရဟန်းများသည် ဝိုင်းဝန်းပူးပေါင်းကာ အသက်စွန့်၍ မီးအား ငြိမ်းသတ်ရန်ကြိုးစားခဲ့ကြသည်။ တချို့ကိုယ်တော်များ နှင့် လူငယ်များသည် မီးလောင်နေ့သည့် နေရာများသို့ အတင်းတက်၍ ပက်ခဲ့သည်အထိ ဘုရားကြီးအားကာကွယ်လိုစိတ်ပြင်းထန်ခဲ့သည်။ အရှေ့ဘက်သို့ မီးကူးပြီဟု ကြားသည့်အခါ စိန်ဖူး ၊ ငှက်မြတ်နား နှင့် အဘိုးထိုက်ဘဏ္ဍာများထားရာ ပရိဘောဂတိုက်ကြီးအတွက် စိုးရိမ်နေကြသည်။ ထိုပရိဘောဂတိုက်ကြီးရှေ့တွင် ဂေါ်ရာစစ်သား ၁၅ ယောက်တို့က လှံစွပ်သေနတ်များနှင့် စောင့်ရှောက်ဝိုင်းထားကြကြောင်း သိရသည်။

ရဟန်းရှင်လူ လူအများညီညွတ်မှုကြောင့်သာ မီးသည် ည၁၀ နာရီခန့်တွင် ငြိမ်းသွားခဲ့ရသည်။ သို့မဟုတ်ပါမှု ရွှေတိဂုံစေတီတွင် ဇရပ်တန်ဆောင်း မှန်သမျှ မီးထဲတွင် ပါသွားနိုင်သည်။ မီးငြိမ်းပြီး နောက်တစ်ရက်တွင်ကား သတင်းစာ ၊ ဂျာနယ်အစောင်စောင်တို့တွင် သတင်းဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဖော်ပြပြီး ဘုရားကြီးအား ပြန်လည် မွမ်းမံပြင်ဆင်ကြရန် တိုက်တွန်းမှုများပြုလုပ်ကြသည်။ စီးပွားရေးသမားများကလည်း မိမိတို့၏ကုန်ပစ္စည်းများတွင် ဘုရားကြီးမီးလောင်သည့်အကြောင်းကို စပ်လျှဉ်း၍ ထည့်သွင်းကြော်ငြာခဲ့ပြီး တတ်နိုင်သမျှအလှူငွေများ ပါဝင်ခဲ့ကြသည်။

ယနေ့တွင်တော့ ရွှေတိဂုံစေတီတော်ကြီး နှင့် ဝန်းကျင်တဝိုက်သည် ရွှေရောင်တဝင်းဝင်း နှင့် သပ္ပါယ်လှပနေသော်လည်း အရင်တချိန်က ဤသို့ ဤနှယ်ကြီးကြီးမားမား မီးလောင်ကျွမ်းခဲ့ဖူးကြောင်း ဗဟုသုတအနေ နှင့် တင်ပြလိုက်ပါသည်။

ကိုးကား
ကျိန်စာသင့်တဲ့ သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)
မြန်မာ့စွယ်စုံကျမ်း

Leave a Reply