သေရေခတၱရာက သံုးပန္လွ မင္းသမီးေလး ( သို႔ ) ရွင္ေစာျဖဴ ထိပ္ထား

Posted on

Aye Myat Myat Phyo(KanMa)
Myanmar Times
Photos : Wint Wah

ဒ႑ာရီထဲကမင္းသမီး အမ်က္ေတာ္ရွမွာကို ယေန႔တိုင္ ေၾကာက္ရြံ႕ေနၾကတဲ့ ေမွာ္ဇာေျမမွာ ေနထိုင္ၾကသူေတြ လက္သည္းေရကန္ ဘုန္းေတာ္ႀကီးေက်ာင္း၀င္းထဲက ေခ်ာေမာလွပတဲ့ မိန္းမပ်ဳိတစ္ဦးရဲ႕ နတ္ကြန္း။ နန္း၀တ္နန္းစားေတြနဲ႔ ရႊန္းရႊန္းပပ ျပံဳးေနတယ္။ ဘုန္းႀကီးေက်ာင္းနဲ႔ နတ္ကြန္း မအပ္စပ္လွေပမဲ့ ဒ႑ာရီေတြအရ မိန္းမပ်ဳိရဲ႕ စိတ္၀ိညာဥ္ ခိုေအာင္းေနတဲ့ ေနရာ။ သုံးပန္လွမင္းသမီးရဲ႕ နတ္ကြန္းပဲ
ျဖစ္ပါတယ္။

ပုဂံၿမိဳ႕ေဟာင္းထက္ ေရွးပိုက်ၿပီး ေအဒီ ၂ ရာစုေလာက္ က ရာဇ၀င္ေတြ၊ ဒ႑ာရီပုံျပင္ေတြနဲ႔ ေနရာတိုင္းမွာ ေျပာစမွတ္ရွိေနတဲ့ ျပည္ၿမိဳ႕။ ၿမိဳ႕ေဟာင္းလို႔ ေဒသခံေတြ ေခၚေ၀ၚသုံးႏႈန္းၾကတဲ့ ပ်ဴေခတ္သမိုင္း ယဥ္ေက်းမႈေတြနဲ႔ သေရေခတၱရာၿမိဳ႕ေတာ္ေဟာင္း။ ( ျပည္ျမိဳ႕ကေန ၁၅ မိနစ္ေလာက္ကားေမာင္းသြားယံုုနဲ႕ေရာက္ႏုိင္ပါတယ္ )။ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္ စာရင္းထဲကို ၂၀၁၄ ခုႏွစ္ကမွ ထည့္သြင္းခံရေပမဲ့ သမိုင္း၀င္အမွတ္တရ ေတြနဲ႔အတူ ဘုန္းတန္ခိုးႀကီးမားတဲ့ ရာဇ၀င္ထဲက ဒြတၱေဘာင္မင္း၊ ပန္ထြာဘုရင္မတို႔ရဲ႕ ဒ႑ာရီပုံျပင္ေတြ၊ ဒြတၱေဘာင္မင္းရဲ႕အဘိုး နဂါးႏိုင္ဘုရင္ ေပါက္က်ဳိင္းရဲ႕ရာဇ၀င္က စလို႔ မိခင္ေဗဒါရီရဲ႕ လြမ္းေမာဖြယ္ပုံျပင္၊ ဗိႆႏိုးဘုရင္မရဲ႕ ဩဇာႀကီးမား ထက္ျမက္မႈေတြ၊ ဒါေတြဟာ ဒီေန႔ဒီအခ်ိန္ထိ ၿမိဳ႕ေတာ္ေဟာင္းအတြင္း ရြာေတြမွာေနထိုင္ၾကတဲ့ ေက်းလက္ေန ကေလးတိုင္းအတြက္ အိပ္ရာ၀င္ ပုံျပင္ေတြအျဖစ္ ၾကားသိေနၾကဆဲျဖစ္သလို ယုံၾကည္ကိုးကြယ္ေၾကာက္ရြံ႕ ေနရဆဲ အယူစြဲေတြ အျဖစ္လည္း က်န္ရွိေနပါေသးတယ္။

ပ်ဴေခတ္ရဲ႕ ဒ႑ာရီပုံျပင္ေတြလို႔ ဆိုလိုက္တာနဲ႔ ဒြတၱေဘာင္ဘုရင္နဲ႔ ဗိႆႏိုးဘုရင္မတို႔ရဲ႕ ရာဇ၀င္က ထင္ရွားလွပါတယ္။ ဒါေပမဲ့လည္း သေရေခတၱရာ ၿမိဳ႕ေဟာင္းအတြင္းမွာပဲ တည္ရွိတဲ့ ေမွာ္ဇာေရွးေဟာင္း နယ္ေျမထဲက သုံးပန္လွအလြမ္းမင္းသမီးရဲ႕ အမ်က္ေဒါသနဲ႔ သံုးပန္လွရြာပ်က္ႀကီးအေၾကာင္းကေတာ့ ေဒသခံေတြ အတြက္ ယေန႔တိုင္ ေခ်ာက္ခ်ားမႈေတြ၊ ပူေဇာ္ပသမႈေတြနဲ႔ ယုံၾကည္စြဲလမ္းေနရဆဲ ဒ႑ာရီတစ္ပုဒ္ျဖစ္ေနဆဲပဲ ျဖစ္ပါတယ္။ မင္းသမီးရဲ႕ အလွဟာ ေနထြက္စမွာ က်က္သေရအျပည့္နဲ႔ ေရႊစင္ေရႊမႈန္သဏၭာန္ရွိသလို ေန႔လယ္ခင္း ႐ႈစားျပန္ရင္လည္း အစြမ္းကုန္ ပြင့္လန္းေနတဲ့ ပန္းေလးနဲ႔ တူျပန္သတဲ့။ ညေနခင္းမွာလည္း သူရွိတဲ့ အနီးအပါးဟာ လင္းလက္ေနသေယာင္ေတာင္ ထင္ေယာင္မွားရျပန္တယ္လို႔ ဒ႑ာရီေတြက ဆိုပါတယ္။

တစ္ေန႔တာရဲ႕ အခ်ိန္သုံးခ်ိန္မွာ ပံုစံသံုးမ်ဳိးနဲ႔ လွပလြန္းတာေၾကာင့္ ‘သုံးပန္လွ’လို႔ အမည္တြင္ပါတယ္။ မင္းသမီးဟာ ေတာင္ညိဳမင္းရဲ႕ႏွမေတာ္စပ္ၿပီး ေတာင္ညိဳဘုရင္ရဲ႕ နယ္ေျမက အခုနယ္ေျမသတ္မွတ္ပုံ အရေတာ့ ပဲခူးတိုင္းေဒသႀကီး၊ နတ္တလင္းၿမိဳ႕နယ္ တေၾကာလို႔ မွတ္သားရပါတယ္။ ႏွစ္ျပည္ေထာင္ခ်စ္ၾကည္ေရးအတြက္ ေတာင္ညိဳဘုရင္က ဒြတၱေဘာင္မင္းဆီ သုံးပန္လွမင္းသမီးကို ဆက္သပါတယ္။ ဒြတၱေဘာင္မင္းကို တိတ္တခိုး ျမတ္ႏိုးရင္းစြဲရွိေနတဲ့ သုံးပန္လွမင္းသမီးက သေရေခတၱရာကို သတို႔သမီးတစ္ဦးရဲ႕ အေဆာင္အေယာင္ေတြနဲ႔ ႂကြလွမ္းလာခဲ့ေပမဲ့ ဒြတၱေဘာင္ဘုရင္ရဲ႕ မိဖုရားေတြက မင္းသမီးကိုေခၚေဆာင္လာတဲ့ လမ္းတစ္ေလွ်ာက္မွာ ဘုရင္ထံသတင္းပို႔ရတဲ့ ဘုရင့္လူယုံေတာ္ေတြဆီ ခ်ဥ္းကပ္ၿပီး မင္းသမီးရဲ႕အေၾကာင္းကို မေကာင္းသတင္းေတြသာ တင္ေလွ်ာက္ေစခဲ့ပါတယ္။

ဘီလူး၊ သရဲသဖြယ္ ပုံသဏၭာန္အမွန္ရွိၿပီး မေကာင္းတဲ့ အတတ္ေတြနဲ႔ တင့္တယ္ေအာင္သာ ဖန္ဆင္းထားတာျဖစ္ေၾကာင္း၊ ႐ုပ္သဏၭာန္အမွန္ကေတာ့ တစ္ေန႔သုံးႀကိမ္ ထိန္းမရေအာင္ ေပၚလာေၾကာင္း၊ အင္မတန္ေၾကာက္မက္ဖြယ္ေကာင္းေၾကာင္း တန္စိုးလက္ေဆာင္စားထားတဲ့ မင္းမႈထမ္းေတြက ဘုရင္ထံကို မမွန္မကန္ ေလွ်ာက္တင္ၾကပါတယ္။ ယုံၾကည္သြားတဲ့ ဘုရင္က မင္းသမီးကို နန္းေတာ္ထဲ ၀င္ခြင့္မျပဳေတာ့ဘဲ တံခါး၀ကေန ေမာင္းထုတ္ခဲ့တဲ့အတြက္ မင္းသမီးဟာ အရွက္ႀကီးရွက္ခဲ့ရပါတယ္။

အျပန္လမ္းမွာ သူကိုယ္သူတကယ္ပဲ အလွပ်က္ေနသလားဆိုၿပီး မသကၤာစိတ္နဲ႔ ေျမႀကီးကို လက္နဲ႔ ယက္ကာ ေရထြက္ေအာင္ျပဳလုပ္ၿပီး သူ႔႐ုပ္သြင္ကို ျပန္ၾကည့္ပါတယ္။ မင္းသမီးရဲ႕ လက္သည္းနဲ႔ တူးရာေနရာဟာ ေနာင္မွာ ေရကန္ႀကီးျဖစ္လာခဲ့ၿပီး ဒီေန႔တိုင္ လက္သည္းေရကန္လို႔ ေခၚေ၀ၚ ေနဆဲပဲ ျဖစ္ပါတယ္။ တခ်ဳိ႕ေျပာစကားေတြမွာေတာ့ ဒြတၱေဘာင္မင္းက အျဖစ္မွန္ကို သိရွိသြားလို႔ မင္းသမီးအေနာက္ကို လိုက္ရာမွာ က်န္ခဲ့တဲ့ အမွတ္အသားေတြကိုေတြ႕ရွိၿပီး မင္းသမီးျပန္ျမင္ေတြ႕ရင္ စိတ္ေပ်ာ္ရႊင္ေအာင္ သူ႔ရဲ႕ေနာက္လိုက္ ေနာက္ပါေတြကို ခ်က္ခ်င္းေရကန္တူး၊ ၾကာေတြ ျဖည့္စိုက္ခိုင္းလို႔ ကန္ျဖစ္ေပၚလာတာလို႔လည္း ဆိုၾကပါတယ္။

သုံးပန္လွမင္းသမီးကေတာ့ ဒြတၱေဘာင္မင္းႀကီးအေပၚ နာက်ည္း စိတ္ေတြ၊ ၀မ္းနည္းစိတ္၊ ရွက္စိတ္ေတြနဲ႔အတူ သူခရီးတစ္ေထာက္နားရာ ေတာတြင္းတစ္ေနရာမွာပဲ ဘုရင္နဲ႔ မေတြ႕ခင္ ေသဆံုးသြားပါတယ္။ ဒြတၱေဘာင္မင္း ေရာက္လာခ်ိန္မွာေတာ့ ေသဆုံးေနတဲ့ မင္းသမီးရဲ႕ ႐ုပ္အေလာင္းကို ဂူဗိမာန္တည္ေဆာက္ေပးၿပီး မင္းသမီးရဲ႕ အေႁခြအရံေတြကို အဲသည္ဂူဗိမာန္အနီးအနားမွာ ေက်းရြာတည္လို႔ ေနထိုင္ေစာင့္ေရွာက္ေစပါတယ္။အဲဒီရာဇ၀င္ ဒ႑ာရီေတြနဲ႔အတူ မင္းသမီး႐ုပ္အေလာင္း ျမႇဳပ္ႏွံထားတဲ့ရြာက ကိုယ္ႀကီးျမႇဳပ္ရြာဆိုၿပီး ေမွာ္ဇာေရွးေဟာင္းနယ္ ေျမထဲမွာ ယေန႔တိုင္ ရွိေနပါေသးတယ္။

ေမွာ္ဇာ ဇာတိျဖစ္တဲ့ လက္သည္းေရကန္ေက်ာင္းတိုက္ဆရာေတာ္ ဦးသီလာစာရက “နတ္ေတြ၊ သရဲ၊ တေစၦေတြအေၾကာင္းကေတာ့ ဘုန္းႀကီးနဲ႔ မအပ္စပ္တဲ့အရာေပါ့။ ဒါေပမဲ့ ဘုရားအေဟာမွာေတာ့ျမင္အပ္၊ မျမင္အပ္ ေလာကသားေတြကေတာ့ ပါတာပဲ။ လူ႔ကိစၥယုံၾကည္ကိုးကြယ္မႈေတြ ဘုန္းႀကီးအေနနဲ႔ မစြက္လိုဘူး။ ငယ္ငယ္က အိပ္ရာ၀င္ပုံျပင္အရ ဘုန္းႀကီးတို႔ မ႐ိုးေအာင္ၾကားခဲ့ရတယ္။ အဲဒီနယ္တေၾကာ၊ အထူးသျဖင့္ ကိုယ္ႀကီးျမႇဳပ္ရြာက လူေတြဆို သုံးပန္လွ မင္းသမီးအေၾကာင္း လက္လြတ္စပယ္ မေျပာရဲဘူး။ ဂူေဟာင္းေနရာ အခု အုတ္ပုံႀကီးပါပဲ။ မ႐ိုမေသ မျပဳရဲဘူး၊ အမွားမခံရဲဘူး၊ မင္းသမီးကို အမွားျပဳရင္ ႏူတယ္ဆိုၿပီး အစြဲရွိၾကတယ္။ ဘုန္းႀကီးတို႔ ငယ္ငယ္ေလာက္က အဲသည္တေၾကာ ကိုယ္ေရျပားေရာဂါေတြ ရၾကတာရွိတယ္။ ဒါကို မင္းသမီးအျပစ္ျပဳမိလို႔ ျဖစ္ရတယ္လို႔ ရြာသားေတြက အယူစြဲၾကတယ္”လို႔ မိန္႔ပါတယ္။

ဆရာေတာ္ရဲ႕ေက်ာင္းတိုက္၀င္းထဲမွာ လက္သည္းေရကန္က တည္ရွိေနတာမို႔ ေက်ာင္းတိုက္ကို လက္သည္းေရကန္ေက်ာင္းတိုက္လို႔ ေခၚဆိုတာျဖစ္ပါတယ္။ ေရကန္အနီးမွာ ယုံၾကည္မႈနဲ႔ လူေတြတည္ေဆာက္ထားတဲ့ ေရွးေဟာင္းသိမ္နဲ႔ သုံးပန္လွမင္းသမီး နတ္ကြန္းလည္း ရွိပါတယ္။ သုံးပန္လွရြာ ျဖစ္ေပၚလာရတာကေတာ့ ေသဆုံးၿပီး နတ္စိမ္းျဖစ္သြားတဲ့ မင္းသမီးက ဒြတၱေဘာင္မင္းထံကို ေနထိုင္စရာ ေနရာေတာင္းရာက ဘုရင္က ရြာျဖစ္လာမယ့္ေနရာကို ေနရာအပိုင္စား ေပးလိုက္တာျဖစ္ပါတယ္။ မင္းသမီးက သူ႔ကို ပူေဇာ္သူေတြကို စိုက္ပ်ဳိးသီးႏွံေတြ အထြက္ေကာင္းေအာင္၊ အနာေရာဂါကင္းေအာင္ ေစာင့္ေရွာက္တယ္လို႔ လူေတြက ယုံၾကည္ၾကပါတယ္။

သူနဲ႔ ဒြတၱေဘာင္ မင္းနဲ႔ ကြဲခဲ့ရတာ ကုန္းေခ်ာ စကားေတြေၾကာင့္လို႔ ယုံၾကည္တဲ့အတြက္ အဲဒီလိုေျပာဆိုတာေတြကို မင္းသမီးဟာ အင္မတန္ မုန္းတီးတယ္လို႔လည္း ဆိုၾကပါတယ္။ ရြာအတြင္းက ေၾကးရတတ္အမ်ဳိးသမီးတစ္ဦး သူ႔ေယာက်္ား သူေဌးႀကီးက ေနာက္ထပ္ယူမယ့္  အမ်ဳိးသမီးကို ကုန္းေခ်ာေခ်ာက္တြန္း သတ္ျဖတ္ရာကေန တစ္ရြာလုံး ေနထိုင္မရေအာင္ ခန္းေျခာက္ ပ်က္စီးလာၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း တစ္ရာေက်ာ္ကမွ ရြာကိုေရႊ႕ေျပာင္းသြားၾကတယ္လို႔ လက္သည္း ေရကန္ေက်ာင္းတိုက္က ေက်ာင္းထိုင္အဆက္ဆက္ကို မ်ဳိး႐ိုး စဥ္ဆက္ကိုးကြယ္လာတဲ့ အဘိုးဦး၀င္းေရႊက ေျပာျပပါတယ္။

သံုးပန္လွရြာေဟာင္းက လက္ရွိမွာေတာ့ ကုန္းမို႔မို႔ေတာအုပ္ကေလးအျဖစ္ လက္သည္းေရကန္ ေက်ာင္းတိုက္နဲ႔ တစ္မိုင္ေလာက္အကြာမွာ တည္ရွိပါတယ္။ နတ္ကြန္းနဲ႔အတူ ၿပိဳပ်က္ေနတဲ့ ေစတီေတြ၊ တခ်ဳိ႕အိမ္ကုန္းအေဟာင္းေတြကိုလည္း ေတြ႕ႏိုင္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ၀ါဆိုလေရာက္တဲ့အခါ သေရေခတၱရာ ၿမိဳ႕ေဟာင္းအတြင္းက ေမွာ္ဇာေက်းရြာအုပ္စုနဲ႔ မုေဌာေက်းရြာ အုပ္စုက ရြာသူေတြစုၿပီး ရြာစဥ္အလိုက္ သုံးပန္လွမင္းသမီးအတြက္ ပူေဇာ္ပြဲျပဳလုပ္ဖို႔ အလႉေငြ လိုက္လံေကာက္ခံေလ့ ရွိပါတယ္။ ပူေဇာ္မယ့္ေန႔ရက္ကို အတိအက် သတ္မွတ္ထားတာမ်ဳိးမရွိေပမဲ့ လျပည့္ေန႔မတိုင္ခင္ေတာ့  ပူေဇာ္ပြဲလုပ္ေလ့ရွိေၾကာင္း မုေဌာရြာသူ ေဒၚလွႀကိဳင္က ရွင္းျပပါတယ္။ မင္းသမီးအတြက္ ပု၀ါသုံးမ်ဳိး၊ အုန္းသီး၊ ငွက္ေပ်ာသီး၊ မုန္႔မ်ဳိးစုံတို႔နဲ႔ ပူေဇာ္ၾကပါတယ္။

နတ္ကိုးကြယ္ယုံၾကည္မႈဓေလ့ ထြန္းကားေနဆဲ ေရွးေဟာင္းေဒသမွာ ႐ိုးရာနတ္အယူအစြဲေတြလည္း ရွိၿပီး ႐ိုးရာနတ္တင္တိုင္းလည္း သုံးပန္လွမင္းသမီးအတြက္ သခင္မပြဲဆိုၿပီး ထည့္တင္ေလ့ရွိပါတယ္။
“ပြဲမတင္မိတာေတာ့ ကြ်န္မတစ္သက္ မရွိေသးဘူး။ အေမတို႔ေခတ္တုန္းကလည္း တင္ခဲ့တာပဲ။ အဲဒီတုန္းကဆို ပိုလို႔ေတာင္ ပူေဇာ္တဲ့အမည္ေတြစုံၿပီး စည္ကားေသးတယ္။ အခုကေတာ့ အုန္းပြဲေတြ ရြက္ၿပီး ရြာသူေတြစုၿပီး သြားဆုေတာင္းလိုက္တာပဲ ရွိေတာ႔တယ္။ မပူေဇာ္ရင္ မိုးမမွန္တာ၊ ရာသီဥတု ေဖာက္ျပန္တာေတြ ျဖစ္တယ္ေတာ့ ၾကားဖူးတယ္။ လယ္ယာခြင္တိုင္းမွာ ေစာင့္ေရွာက္တဲ့ ယုံၾကည္မႈေတြေတာ့ ေဒသအလိုက္ အစြဲရွိၾကတာပဲ”လို႔ အသက္ ၆၀ ေက်ာ္ၿပီျဖစ္တဲ့ အဘြားေဒၚလွႀကိဳင္က ေျပာျပပါတယ္။

လက္သည္းေရကန္ေက်ာင္းတိုက္ထဲက သုံးပန္လွမင္းသမီး႐ုပ္တုကို ထုလုပ္သူက ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ ပန္းတဥ္းပညာသည္တစ္ေယာက္ျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၀ ႏွစ္က သူ႔ရဲ႕ အိပ္မက္အရ လာေရာက္ထုလုပ္ပူေဇာ္ဖို႔ ဆရာေတာ္ထံ အပူကပ္ေတာင္းပန္လြန္းတာေၾကာင့္ ယုံၾကည္မႈေတြကို မစြက္ဖက္လိုဘဲ ခြင့္ျပဳေပးလိုက္တာလို႔ ဆရာေတာ္ ဦးသီလာစာရက မိန္႔ပါတယ္။

သုံးပန္လွ နတ္နန္းမွာ စံျမန္းေနတဲ႔ မင္းသမီးေလးဟာ သူ႕ကို မယ္ေတာ္လို႔ ေခၚရင္ မႀကိဳက္ဘဲ အစ္မေတာ္လို႔ ေခၚမွ ႏွစ္သက္ပါသတဲ႔။သံုးပန္လွ မင္းသမီးထက္ လက္သည္းကန္အနီးက ေဟာင္းႏြမ္း ယိုယြင္းေနေပမဲ႔ လွပေနဆဲ ေရွးေဟာင္း သံုးပန္လွေက်ာင္းတိုက္ႀကီးက ပိုၿပီး စိတ္ဝင္စားစရာပါ။ ဟိုးတစ္ခ်ိန္က ေငးယူရေလာက္ေအာင္ ခန္႔ျငားထည္ဝါခဲ႔မွာ ေသခ်ာလွတဲ႔ ေက်ာင္းေတာ္ႀကီးဟာ ခုေတာ့ သခၤါရရဲ႕ ဝါးၿမိဳျခင္းကုိ ခံေနရရွာပါၿပီ။ေရေမွာ္ေရညိွေတြနဲ႔ ႏြယ္ေတြလိမ္ယွက္ေနတဲ႔ အျပင္ဘက္ ႐ုပ္လုံး ဟန္ပန္ေလးေတြသာ က်န္ခဲ႔ၿပီး အတြင္းပိုင္းေတြကေတာ့ ၿပိဳက် ပ်က္စီးေနခဲ႔ပါၿပီ။

တခ်ိဳ႕က ေျပာတာေတာ့ သံုးပန္လွ မင္းသမီးနဲ႔ အခု လူေတြစိတ္ဝင္တစားသြားႀကည့္ႀကတဲ႔ ေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔သက္ဆိုင္မႈ မရွိပါဘူးတဲ႔။ဘုန္းႀကီးေက်ာင္းနဲ႔ နတ္ကြန္းနဲ႔ မအပ္စပ္လွေပမဲ႔မင္းသမီးေလးရဲ႕ ဝိညာဥ္ ခိုေအာင္းတဲ႔ ေနရာမွာ အိပ္မက္အရ တည္ေပးခဲ႔ရတဲ႔နတ္ကြန္းေလးပါတဲ႔။မင္းသမီးရဲ႕ လက္သည္းေရကန္ကို အစြဲျပဳလို႔ လက္သည္းေရကန္ေက်ာင္းတိုက္ဆရာေတာ္ကဘုန္းႀကီးေက်ာင္းတည္ သာသနာျပဳေတာ့ အဲဒီေက်ာင္းတိုက္အေဟာင္းႀကီးကို သံုးပန္လွ မင္းသမီးအုတ္ေက်ာင္းလို႔ ထင္ခဲ႔ၾကတာပါတဲ႔။ အမွန္ကအဲဒီေက်ာင္းတိုက္အိုႀကီးက ရွင္မဟာရဌသာရသီတင္းသံုးခဲ႔တဲ႔ ေက်ာင္းပါတဲ႔။(ဒါေပမဲ႔ လူေတြရဲ႕စိတ္မွာ မင္းသမီးရဲ႕ ဝမ္းနည္းဖြယ္ဒ႑ာရီက အရွိန္ႀကီးေနတာေၾကာင့္ ရွင္မဟာရ႒သာရ သီတင္းသံုးခဲ႔တဲ႔ေက်ာင္းဆိုတာ ေမွးမွိန္ေနပါတယ္။)

မိတ္ေဆြတို႔အေနနဲ႔ သေရေခတၱရာဆိုတဲ႔ ပ်ဴၿမိဳ႕ေဟာင္းကို ေရာက္ခဲ႔ရင္ ကမ႓ာ့ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ ေမွာ္ဇာရြာအနီးက ေရွးေဟာင္းဘုန္းႀကီးေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔ သံုးပန္လွမင္းသမီးေလးရဲ႕လက္သည္းေရကန္ ၊ မင္းသမီးေလးရဲ႕ ဝိညာဥ္ရွိေနတယ္လို႔ ယံုၾကည္ယူဆဆဲ နတ္ကြန္းဗိမာန္တို႔ကို သြားေရာက္ေလ့လာႏိုင္ ၾကပါေၾကာင္း…..


သရေခေတ္တရာက သုံးပန်လှ မင်းသမီးလေး ( သို့ ) ရှင်စောဖြူ ထိပ်ထား (unicode)

Aye Myat Myat Phyo(KanMa)
Myanmar Times
Photos : Wint Wah

ဒဏ္ဍာရီထဲကမင်းသမီး အမျက်တော်ရှမှာကို ယနေ့တိုင် ကြောက်ရွံ့နေကြတဲ့ မှော်ဇာမြေမှာ နေထိုင်ကြသူတွေ လက်သည်းရေကန် ဘုန်းတော်ကြီးကျောင်းဝင်းထဲက ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးရဲ့ နတ်ကွန်း။ နန်းဝတ်နန်းစားတွေနဲ့ ရွှန်းရွှန်းပပ ပြုံးနေတယ်။ ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်း မအပ်စပ်လှပေမဲ့ ဒဏ္ဍာရီတွေအရ မိန်းမပျိုရဲ့ စိတ်ဝိညာဉ် ခိုအောင်းနေတဲ့ နေရာ။ သုံးပန်လှမင်းသမီးရဲ့ နတ်ကွန်းပဲ
ဖြစ်ပါတယ်။

ပုဂံမြို့ဟောင်းထက် ရှေးပိုကျပြီး အေဒီ ၂ ရာစုလောက် က ရာဇဝင်တွေ၊ ဒဏ္ဍာရီပုံပြင်တွေနဲ့ နေရာတိုင်းမှာ ပြောစမှတ်ရှိနေတဲ့ ပြည်မြို့။ မြို့ဟောင်းလို့ ဒေသခံတွေ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ပျူခေတ်သမိုင်း ယဉ်ကျေးမှုတွေနဲ့ သရေခေတ္တရာမြို့တော်ဟောင်း။ ( ပြည်မြို့ကနေ ၁၅ မိနစ်လောက်ကားမောင်းသွားယုံနဲ့ရောက်နိုင်ပါတယ် )။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲကို ၂၀၁၄ ခုနှစ်ကမှ ထည့်သွင်းခံရပေမဲ့ သမိုင်းဝင်အမှတ်တရ တွေနဲ့အတူ ဘုန်းတန်ခိုးကြီးမားတဲ့ ရာဇဝင်ထဲက ဒွတ္တဘောင်မင်း၊ ပန်ထွာဘုရင်မတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေ၊ ဒွတ္တဘောင်မင်းရဲ့အဘိုး နဂါးနိုင်ဘုရင် ပေါက်ကျိုင်းရဲ့ရာဇဝင်က စလို့ မိခင်ဗေဒါရီရဲ့ လွမ်းမောဖွယ်ပုံပြင်၊ ဗိဿနိုးဘုရင်မရဲ့ ဩဇာကြီးမား ထက်မြက်မှုတွေ၊ ဒါတွေဟာ ဒီနေ့ဒီအချိန်ထိ မြို့တော်ဟောင်းအတွင်း ရွာတွေမှာနေထိုင်ကြတဲ့ ကျေးလက်နေ ကလေးတိုင်းအတွက် အိပ်ရာဝင် ပုံပြင်တွေအဖြစ် ကြားသိနေကြဆဲဖြစ်သလို ယုံကြည်ကိုးကွယ်ကြောက်ရွံ့ နေရဆဲ အယူစွဲတွေ အဖြစ်လည်း ကျန်ရှိနေပါသေးတယ်။

ပျူခေတ်ရဲ့ ဒဏ္ဍာရီပုံပြင်တွေလို့ ဆိုလိုက်တာနဲ့ ဒွတ္တဘောင်ဘုရင်နဲ့ ဗိဿနိုးဘုရင်မတို့ရဲ့ ရာဇဝင်က ထင်ရှားလှပါတယ်။ ဒါပေမဲ့လည်း သရေခေတ္တရာ မြို့ဟောင်းအတွင်းမှာပဲ တည်ရှိတဲ့ မှော်ဇာရှေးဟောင်း နယ်မြေထဲက သုံးပန်လှအလွမ်းမင်းသမီးရဲ့ အမျက်ဒေါသနဲ့ သုံးပန်လှရွာပျက်ကြီးအကြောင်းကတော့ ဒေသခံတွေ အတွက် ယနေ့တိုင် ချောက်ချားမှုတွေ၊ ပူဇော်ပသမှုတွေနဲ့ ယုံကြည်စွဲလမ်းနေရဆဲ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ မင်းသမီးရဲ့ အလှဟာ နေထွက်စမှာ ကျက်သရေအပြည့်နဲ့ ရွှေစင်ရွှေမှုန်သဏ္ဌာန်ရှိသလို နေ့လယ်ခင်း ရှုစားပြန်ရင်လည်း အစွမ်းကုန် ပွင့်လန်းနေတဲ့ ပန်းလေးနဲ့ တူပြန်သတဲ့။ ညနေခင်းမှာလည်း သူရှိတဲ့ အနီးအပါးဟာ လင်းလက်နေသယောင်တောင် ထင်ယောင်မှားရပြန်တယ်လို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။

တစ်နေ့တာရဲ့ အချိန်သုံးချိန်မှာ ပုံစံသုံးမျိုးနဲ့ လှပလွန်းတာကြောင့် ‘သုံးပန်လှ’လို့ အမည်တွင်ပါတယ်။ မင်းသမီးဟာ တောင်ညိုမင်းရဲ့နှမတော်စပ်ပြီး တောင်ညိုဘုရင်ရဲ့ နယ်မြေက အခုနယ်မြေသတ်မှတ်ပုံ အရတော့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် တကြောလို့ မှတ်သားရပါတယ်။ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်က ဒွတ္တဘောင်မင်းဆီ သုံးပန်လှမင်းသမီးကို ဆက်သပါတယ်။ ဒွတ္တဘောင်မင်းကို တိတ်တခိုး မြတ်နိုးရင်းစွဲရှိနေတဲ့ သုံးပန်လှမင်းသမီးက သရေခေတ္တရာကို သတို့သမီးတစ်ဦးရဲ့ အဆောင်အယောင်တွေနဲ့ ကြွလှမ်းလာခဲ့ပေမဲ့ ဒွတ္တဘောင်ဘုရင်ရဲ့ မိဖုရားတွေက မင်းသမီးကိုခေါ်ဆောင်လာတဲ့ လမ်းတစ်လျှောက်မှာ ဘုရင်ထံသတင်းပို့ရတဲ့ ဘုရင့်လူယုံတော်တွေဆီ ချဉ်းကပ်ပြီး မင်းသမီးရဲ့အကြောင်းကို မကောင်းသတင်းတွေသာ တင်လျှောက်စေခဲ့ပါတယ်။

ဘီလူး၊ သရဲသဖွယ် ပုံသဏ္ဌာန်အမှန်ရှိပြီး မကောင်းတဲ့ အတတ်တွေနဲ့ တင့်တယ်အောင်သာ ဖန်ဆင်းထားတာဖြစ်ကြောင်း၊ ရုပ်သဏ္ဌာန်အမှန်ကတော့ တစ်နေ့သုံးကြိမ် ထိန်းမရအောင် ပေါ်လာကြောင်း၊ အင်မတန်ကြောက်မက်ဖွယ်ကောင်းကြောင်း တန်စိုးလက်ဆောင်စားထားတဲ့ မင်းမှုထမ်းတွေက ဘုရင်ထံကို မမှန်မကန် လျှောက်တင်ကြပါတယ်။ ယုံကြည်သွားတဲ့ ဘုရင်က မင်းသမီးကို နန်းတော်ထဲ ဝင်ခွင့်မပြုတော့ဘဲ တံခါးဝကနေ မောင်းထုတ်ခဲ့တဲ့အတွက် မင်းသမီးဟာ အရှက်ကြီးရှက်ခဲ့ရပါတယ်။

အပြန်လမ်းမှာ သူကိုယ်သူတကယ်ပဲ အလှပျက်နေသလားဆိုပြီး မသင်္ကာစိတ်နဲ့ မြေကြီးကို လက်နဲ့ ယက်ကာ ရေထွက်အောင်ပြုလုပ်ပြီး သူ့ရုပ်သွင်ကို ပြန်ကြည့်ပါတယ်။ မင်းသမီးရဲ့ လက်သည်းနဲ့ တူးရာနေရာဟာ နောင်မှာ ရေကန်ကြီးဖြစ်လာခဲ့ပြီး ဒီနေ့တိုင် လက်သည်းရေကန်လို့ ခေါ်ဝေါ် နေဆဲပဲ ဖြစ်ပါတယ်။ တချို့ပြောစကားတွေမှာတော့ ဒွတ္တဘောင်မင်းက အဖြစ်မှန်ကို သိရှိသွားလို့ မင်းသမီးအနောက်ကို လိုက်ရာမှာ ကျန်ခဲ့တဲ့ အမှတ်အသားတွေကိုတွေ့ရှိပြီး မင်းသမီးပြန်မြင်တွေ့ရင် စိတ်ပျော်ရွှင်အောင် သူ့ရဲ့နောက်လိုက် နောက်ပါတွေကို ချက်ချင်းရေကန်တူး၊ ကြာတွေ ဖြည့်စိုက်ခိုင်းလို့ ကန်ဖြစ်ပေါ်လာတာလို့လည်း ဆိုကြပါတယ်။

သုံးပန်လှမင်းသမီးကတော့ ဒွတ္တဘောင်မင်းကြီးအပေါ် နာကျည်း စိတ်တွေ၊ ဝမ်းနည်းစိတ်၊ ရှက်စိတ်တွေနဲ့အတူ သူခရီးတစ်ထောက်နားရာ တောတွင်းတစ်နေရာမှာပဲ ဘုရင်နဲ့ မတွေ့ခင် သေဆုံးသွားပါတယ်။ ဒွတ္တဘောင်မင်း ရောက်လာချိန်မှာတော့ သေဆုံးနေတဲ့ မင်းသမီးရဲ့ ရုပ်အလောင်းကို ဂူဗိမာန်တည်ဆောက်ပေးပြီး မင်းသမီးရဲ့ အခြွေအရံတွေကို အဲသည်ဂူဗိမာန်အနီးအနားမှာ ကျေးရွာတည်လို့ နေထိုင်စောင့်ရှောက်စေပါတယ်။အဲဒီရာဇဝင် ဒဏ္ဍာရီတွေနဲ့အတူ မင်းသမီးရုပ်အလောင်း မြှုပ်နှံထားတဲ့ရွာက ကိုယ်ကြီးမြှုပ်ရွာဆိုပြီး မှော်ဇာရှေးဟောင်းနယ် မြေထဲမှာ ယနေ့တိုင် ရှိနေပါသေးတယ်။

မှော်ဇာ ဇာတိဖြစ်တဲ့ လက်သည်းရေကန်ကျောင်းတိုက်ဆရာတော် ဦးသီလာစာရက “နတ်တွေ၊ သရဲ၊ တစ္ဆေတွေအကြောင်းကတော့ ဘုန်းကြီးနဲ့ မအပ်စပ်တဲ့အရာပေါ့။ ဒါပေမဲ့ ဘုရားအဟောမှာတော့မြင်အပ်၊ မမြင်အပ် လောကသားတွေကတော့ ပါတာပဲ။ လူ့ကိစ္စယုံကြည်ကိုးကွယ်မှုတွေ ဘုန်းကြီးအနေနဲ့ မစွက်လိုဘူး။ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်အရ ဘုန်းကြီးတို့ မရိုးအောင်ကြားခဲ့ရတယ်။ အဲဒီနယ်တကြော၊ အထူးသဖြင့် ကိုယ်ကြီးမြှုပ်ရွာက လူတွေဆို သုံးပန်လှ မင်းသမီးအကြောင်း လက်လွတ်စပယ် မပြောရဲဘူး။ ဂူဟောင်းနေရာ အခု အုတ်ပုံကြီးပါပဲ။ မရိုမသေ မပြုရဲဘူး၊ အမှားမခံရဲဘူး၊ မင်းသမီးကို အမှားပြုရင် နူတယ်ဆိုပြီး အစွဲရှိကြတယ်။ ဘုန်းကြီးတို့ ငယ်ငယ်လောက်က အဲသည်တကြော ကိုယ်ရေပြားရောဂါတွေ ရကြတာရှိတယ်။ ဒါကို မင်းသမီးအပြစ်ပြုမိလို့ ဖြစ်ရတယ်လို့ ရွာသားတွေက အယူစွဲကြတယ်”လို့ မိန့်ပါတယ်။

ဆရာတော်ရဲ့ကျောင်းတိုက်ဝင်းထဲမှာ လက်သည်းရေကန်က တည်ရှိနေတာမို့ ကျောင်းတိုက်ကို လက်သည်းရေကန်ကျောင်းတိုက်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ရေကန်အနီးမှာ ယုံကြည်မှုနဲ့ လူတွေတည်ဆောက်ထားတဲ့ ရှေးဟောင်းသိမ်နဲ့ သုံးပန်လှမင်းသမီး နတ်ကွန်းလည်း ရှိပါတယ်။ သုံးပန်လှရွာ ဖြစ်ပေါ်လာရတာကတော့ သေဆုံးပြီး နတ်စိမ်းဖြစ်သွားတဲ့ မင်းသမီးက ဒွတ္တဘောင်မင်းထံကို နေထိုင်စရာ နေရာတောင်းရာက ဘုရင်က ရွာဖြစ်လာမယ့်နေရာကို နေရာအပိုင်စား ပေးလိုက်တာဖြစ်ပါတယ်။ မင်းသမီးက သူ့ကို ပူဇော်သူတွေကို စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းအောင်၊ အနာရောဂါကင်းအောင် စောင့်ရှောက်တယ်လို့ လူတွေက ယုံကြည်ကြပါတယ်။

သူနဲ့ ဒွတ္တဘောင် မင်းနဲ့ ကွဲခဲ့ရတာ ကုန်းချော စကားတွေကြောင့်လို့ ယုံကြည်တဲ့အတွက် အဲဒီလိုပြောဆိုတာတွေကို မင်းသမီးဟာ အင်မတန် မုန်းတီးတယ်လို့လည်း ဆိုကြပါတယ်။ ရွာအတွင်းက ကြေးရတတ်အမျိုးသမီးတစ်ဦး သူ့ယောက်ျား သူဌေးကြီးက နောက်ထပ်ယူမယ့်  အမျိုးသမီးကို ကုန်းချောချောက်တွန်း သတ်ဖြတ်ရာကနေ တစ်ရွာလုံး နေထိုင်မရအောင် ခန်းခြောက် ပျက်စီးလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်ကမှ ရွာကိုရွှေ့ပြောင်းသွားကြတယ်လို့ လက်သည်း ရေကန်ကျောင်းတိုက်က ကျောင်းထိုင်အဆက်ဆက်ကို မျိုးရိုး စဉ်ဆက်ကိုးကွယ်လာတဲ့ အဘိုးဦးဝင်းရွှေက ပြောပြပါတယ်။

သုံးပန်လှရွာဟောင်းက လက်ရှိမှာတော့ ကုန်းမို့မို့တောအုပ်ကလေးအဖြစ် လက်သည်းရေကန် ကျောင်းတိုက်နဲ့ တစ်မိုင်လောက်အကွာမှာ တည်ရှိပါတယ်။ နတ်ကွန်းနဲ့အတူ ပြိုပျက်နေတဲ့ စေတီတွေ၊ တချို့အိမ်ကုန်းအဟောင်းတွေကိုလည်း တွေ့နိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဝါဆိုလရောက်တဲ့အခါ သရေခေတ္တရာ မြို့ဟောင်းအတွင်းက မှော်ဇာကျေးရွာအုပ်စုနဲ့ မုဌောကျေးရွာ အုပ်စုက ရွာသူတွေစုပြီး ရွာစဉ်အလိုက် သုံးပန်လှမင်းသမီးအတွက် ပူဇော်ပွဲပြုလုပ်ဖို့ အလှူငွေ လိုက်လံကောက်ခံလေ့ ရှိပါတယ်။ ပူဇော်မယ့်နေ့ရက်ကို အတိအကျ သတ်မှတ်ထားတာမျိုးမရှိပေမဲ့ လပြည့်နေ့မတိုင်ခင်တော့  ပူဇော်ပွဲလုပ်လေ့ရှိကြောင်း မုဌောရွာသူ ဒေါ်လှကြိုင်က ရှင်းပြပါတယ်။ မင်းသမီးအတွက် ပုဝါသုံးမျိုး၊ အုန်းသီး၊ ငှက်ပျောသီး၊ မုန့်မျိုးစုံတို့နဲ့ ပူဇော်ကြပါတယ်။

နတ်ကိုးကွယ်ယုံကြည်မှုဓလေ့ ထွန်းကားနေဆဲ ရှေးဟောင်းဒေသမှာ ရိုးရာနတ်အယူအစွဲတွေလည်း ရှိပြီး ရိုးရာနတ်တင်တိုင်းလည်း သုံးပန်လှမင်းသမီးအတွက် သခင်မပွဲဆိုပြီး ထည့်တင်လေ့ရှိပါတယ်။
“ပွဲမတင်မိတာတော့ ကျွန်မတစ်သက် မရှိသေးဘူး။ အမေတို့ခေတ်တုန်းကလည်း တင်ခဲ့တာပဲ။ အဲဒီတုန်းကဆို ပိုလို့တောင် ပူဇော်တဲ့အမည်တွေစုံပြီး စည်ကားသေးတယ်။ အခုကတော့ အုန်းပွဲတွေ ရွက်ပြီး ရွာသူတွေစုပြီး သွားဆုတောင်းလိုက်တာပဲ ရှိတော့တယ်။ မပူဇော်ရင် မိုးမမှန်တာ၊ ရာသီဥတု ဖောက်ပြန်တာတွေ ဖြစ်တယ်တော့ ကြားဖူးတယ်။ လယ်ယာခွင်တိုင်းမှာ စောင့်ရှောက်တဲ့ ယုံကြည်မှုတွေတော့ ဒေသအလိုက် အစွဲရှိကြတာပဲ”လို့ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ အဘွားဒေါ်လှကြိုင်က ပြောပြပါတယ်။

လက်သည်းရေကန်ကျောင်းတိုက်ထဲက သုံးပန်လှမင်းသမီးရုပ်တုကို ထုလုပ်သူက ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပန်းတဉ်းပညာသည်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ အိပ်မက်အရ လာရောက်ထုလုပ်ပူဇော်ဖို့ ဆရာတော်ထံ အပူကပ်တောင်းပန်လွန်းတာကြောင့် ယုံကြည်မှုတွေကို မစွက်ဖက်လိုဘဲ ခွင့်ပြုပေးလိုက်တာလို့ ဆရာတော် ဦးသီလာစာရက မိန့်ပါတယ်။

သုံးပန်လှ နတ်နန်းမှာ စံမြန်းနေတဲ့ မင်းသမီးလေးဟာ သူ့ကို မယ်တော်လို့ ခေါ်ရင် မကြိုက်ဘဲ အစ်မတော်လို့ ခေါ်မှ နှစ်သက်ပါသတဲ့။သုံးပန်လှ မင်းသမီးထက် လက်သည်းကန်အနီးက ဟောင်းနွမ်း ယိုယွင်းနေပေမဲ့ လှပနေဆဲ ရှေးဟောင်း သုံးပန်လှကျောင်းတိုက်ကြီးက ပိုပြီး စိတ်ဝင်စားစရာပါ။ ဟိုးတစ်ချိန်က ငေးယူရလောက်အောင် ခန့်ငြားထည်ဝါခဲ့မှာ သေချာလှတဲ့ ကျောင်းတော်ကြီးဟာ ခုတော့ သင်္ခါရရဲ့ ဝါးမြိုခြင်းကို ခံနေရရှာပါပြီ။ရေမှော်ရေညှိတွေနဲ့ နွယ်တွေလိမ်ယှက်နေတဲ့ အပြင်ဘက် ရုပ်လုံး ဟန်ပန်လေးတွေသာ ကျန်ခဲ့ပြီး အတွင်းပိုင်းတွေကတော့ ပြိုကျ ပျက်စီးနေခဲ့ပါပြီ။

တချို့က ပြောတာတော့ သုံးပန်လှ မင်းသမီးနဲ့ အခု လူတွေစိတ်ဝင်တစားသွားကြည့်ကြတဲ့ ကျောင်းတိုက် အဟောင်းကြီးနဲ့သက်ဆိုင်မှု မရှိပါဘူးတဲ့။ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်းနဲ့ မအပ်စပ်လှပေမဲ့မင်းသမီးလေးရဲ့ ဝိညာဉ် ခိုအောင်းတဲ့ နေရာမှာ အိပ်မက်အရ တည်ပေးခဲ့ရတဲ့နတ်ကွန်းလေးပါတဲ့။မင်းသမီးရဲ့ လက်သည်းရေကန်ကို အစွဲပြုလို့ လက်သည်းရေကန်ကျောင်းတိုက်ဆရာတော်ကဘုန်းကြီးကျောင်းတည် သာသနာပြုတော့ အဲဒီကျောင်းတိုက်အဟောင်းကြီးကို သုံးပန်လှ မင်းသမီးအုတ်ကျောင်းလို့ ထင်ခဲ့ကြတာပါတဲ့။ အမှန်ကအဲဒီကျောင်းတိုက်အိုကြီးက ရှင်မဟာရဌသာရသီတင်းသုံးခဲ့တဲ့ ကျောင်းပါတဲ့။(ဒါပေမဲ့ လူတွေရဲ့စိတ်မှာ မင်းသမီးရဲ့ ဝမ်းနည်းဖွယ်ဒဏ္ဍာရီက အရှိန်ကြီးနေတာကြောင့် ရှင်မဟာရဋ္ဌသာရ သီတင်းသုံးခဲ့တဲ့ကျောင်းဆိုတာ မှေးမှိန်နေပါတယ်။)

မိတ်ဆွေတို့အနေနဲ့ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်းကို ရောက်ခဲ့ရင် ကမ႓ာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် မှော်ဇာရွာအနီးက ရှေးဟောင်းဘုန်းကြီးကျောင်းတိုက် အဟောင်းကြီးနဲ့ သုံးပန်လှမင်းသမီးလေးရဲ့လက်သည်းရေကန် ၊ မင်းသမီးလေးရဲ့ ဝိညာဉ်ရှိနေတယ်လို့ ယုံကြည်ယူဆဆဲ နတ်ကွန်းဗိမာန်တို့ကို သွားရောက်လေ့လာနိုင် ကြပါကြောင်း…..

Leave a Reply