ဂရိက အလွဆုံးကြ်န္းတစ္ကြ်န္း (သုိ႔) ဆန္တုိရီနီ

Posted on

ဆန္တုိရီနီ ဆုိတာ ဂရိကုန္းမႀကီးရဲ႕ အေရွ႕ေတာင္ဘက္ ၁၂၀မုိင္အကြာက ေအဂ်င္ပင္လယ္ထဲမွာရွိတဲ့ ကြ်န္းေလးတစ္ကြ်န္းျဖစ္ပါတယ္။ အက်ယ္အားျဖင့္ ၂၈ စတုရန္းမုိင္က်ယ္ၿပီး လူဦးေရ ၁၅၀၀၀ေက်ာ္ခန္႔သာ ေနထုိင္တဲ့ ကြ်န္းျဖစ္ပါတယ္။ လွပတဲ့ရႈခင္းေတြနဲ႔ ခ်စ္စဖြယ္အေဆာက္အအုံေလးေတြေၾကာင့္ ဂရိႏုိင္ငံရဲ႕ လူသိအမ်ားဆုံးကြ်န္းလည္းျဖစ္ပါတယ္။ မူလနာမည္က သီရာ ျဖစ္ေပမယ့္ တစ္ကမာၻလုံးကေတာ့ ဆန္တုိရီနီလုိ႔ပဲ သိၾကပါတယ္။

ဆန္တုိရီနီကြ်န္းေပၚမွာရွိတဲ့ Akrotiri ၿမဳိ႕ေဟာင္းႀကီးဟာ အတၱလႏၱိတ္ၿမဳိ႕ေတာ္နဲ႔ ဆက္စပ္ေနတယ္လုိ႔ ပညာရွင္မ်ားက ယူဆၾကပါတယ္။ ဆန္တုိရီနီ ကြ်န္းနဲ႔ အျခားကြ်န္းႏွစ္ကြ်န္းတုိ႔အလယ္မွာ မီးေတာင္ႀကီးတစ္ေတာင္ ရွိပါတယ္။ ကြ်န္းအလယ္ပုိင္း နဲ႔ အတူမီးေတာင္ႀကီးဟာာ ဘီစီ ၁၆၁၃ မွာ ျဖစ္ခဲ့တဲ့ မီးေတာင္ေပါက္ကြဲမႈႀကီးနဲ႔အတူ နစ္ျမဳပ္သြားခဲ့ၿပီး ဘီစီ ၄၆ ကမွစလုိ႔ ေခ်ာ္ရည္ျပည့္ေနတဲ့မီးေတာင္ႀကီးဟာ ပင္လယ္ထဲကေန တျဖည္းျဖည္းေပၚထြက္လာတာခဲ့တာျဖစ္ပါတယ္။ ဒီမီးေတာင္ႀကီးဟာ ၁၉၅၀ခုႏွစ္မွာ ေနာက္ဆုံးေပါက္ကြဲခဲ့တဲ့ မီးေတာင္ရွင္ျဖစ္ပါတယ္။

ေနာက္ထပ္ဒီကြ်န္းမွာေပါေပါမ်ားမ်ားေတြ႔ရမွာက ျမည္းေတြပါ။ ျမည္းအေကာင္ေပါင္း ေသာင္းနဲ႔ခ်ီၿပီးရွိပါတယ္။ အိမ္ေတြရဲ႕အမုိးကိုေတာ့ ဂရိအလံအေရာင္ျဖစ္တဲ့ အျပာ နဲ႔ အျဖဴသာ သုတ္ထားၾကပါတယ္။ မီးေတာင္၀န္းက်င္ျဖစ္တဲ့အတြက္ စုိက္ပ်ဳိးေရးအလြန္ျဖစ္ထြန္းၿပီး စပ်စ္၀ုိင္ကေတာ့ နာမည္ႀကီးပါ။ ဒီကြ်န္းေပၚမွာ စပ်စ္အမ်ဳိးေပါင္း ၁၀၀ ေက်ာ္ရွိပါတယ္။ ဒီကြ်န္းစည္ကားလာတာ ၁၉၆၀ ေနာက္ပုိင္းမွ ျဖစ္ၿပီး ဒီမတုိင္ခင္မွာေတာ့ ငါးဖမ္းသမားတခ်ဳိ႕သာေနထုိင္ခဲ့ၾကပါတယ္။

မုိးအလြန္နည္းပါးတဲ့ေနရာျဖစ္ၿပီး ဒီကြ်န္းေပၚမွာ ေရထက္ ၀ိုင္ေတြက ပိုေပါမ်ားပါတယ္။ လူေနအိမ္ေတြထက္ ခရစ္ယာန္ဘုရားေက်ာင္းေတြကပုိမ်ားပါတယ္။ ဒါေပမယ့္ ဘုရားေက်ာင္းအမ်ားစုဟာ အရြယ္အစားေသးငယ္ပါတယ္။ ကြ်န္းေပၚမွာ လူအၿမဲေနထုိင္သူ ၂ေသာင္းမျပည့္ေပမယ့္ လာေရာက္လည္ပတ္တဲ့သူကေတာ့ ၁ႏွစ္ကုိ ၁သန္းခြဲခန္႔ရွိပါတယ္။ စားေသာက္ဆုိင္ေတြ ဟုိတယ္ေတြကိုလည္း ေနရာအႏွံ႔မွာေတြ႔ႏုိင္ပါတယ္။ ၾကည့္လဲ့လဲ့ ေရျပာျပာနဲ႔အတူ မီးေတာင္ရႈခင္းေတြ၊ ကြ်န္းေပၚကျမင္ရတဲ့ ရင္သပ္ရႈ႕ေမာဖြယ္ ေနဝင္ခ်ိန္ရႈခင္းေတြေၾကာင့္ ဆန္တုိရီနီဟာ အလွဆုံးကြ်န္းတစ္ကြ်န္္းအျဖစ္ နာမည္ႀကီးရျခင္းျဖစ္ပါတယ္။

VIDEO


ဂရိက အလှဆုံးကျွန်းတစ်ကျွန်း (သို့) ဆန်တိုရီနီ (unicode)

ဆန်တိုရီနီ ဆိုတာ ဂရိကုန်းမကြီးရဲ့ အရှေ့တောင်ဘက် ၁၂ဝမိုင်အကွာက အေဂျင်ပင်လယ်ထဲမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ အကျယ်အားဖြင့် ၂၈ စတုရန်းမိုင်ကျယ်ပြီး လူဦးရေ ၁၅၀၀၀ကျော်ခန့်သာ နေထိုင်တဲ့ ကျွန်းဖြစ်ပါတယ်။ လှပတဲ့ရှုခင်းတွေနဲ့ ချစ်စဖွယ်အဆောက်အအုံလေးတွေကြောင့် ဂရိနိုင်ငံရဲ့ လူသိအများဆုံးကျွန်းလည်းဖြစ်ပါတယ်။ မူလနာမည်က သီရာ ဖြစ်ပေမယ့် တစ်ကမ္ဘာလုံးကတော့ ဆန်တိုရီနီလို့ပဲ သိကြပါတယ်။

ဆန်တိုရီနီကျွန်းပေါ်မှာရှိတဲ့ Akrotiri မြို့ဟောင်းကြီးဟာ အတ္တလန္တိတ်မြို့တော်နဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ ဆန်တိုရီနီ ကျွန်းနဲ့ အခြားကျွန်းနှစ်ကျွန်းတို့အလယ်မှာ မီးတောင်ကြီးတစ်တောင် ရှိပါတယ်။ ကျွန်းအလယ်ပိုင်း နဲ့ အတူမီးတောင်ကြီးဟာ ဘီစီ ၁၆၁၃ မှာ ဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြီးနဲ့အတူ နစ်မြုပ်သွားခဲ့ပြီး ဘီစီ ၄၆ ကမှစလို့ ချော်ရည်ပြည့်နေတဲ့မီးတောင်ကြီးဟာ ပင်လယ်ထဲကနေ တဖြည်းဖြည်းပေါ်ထွက်လာတာခဲ့တာဖြစ်ပါတယ်။ ဒီမီးတောင်ကြီးဟာ ၁၉၅ဝခုနှစ်မှာ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ မီးတောင်ရှင်ဖြစ်ပါတယ်။

နောက်ထပ်ဒီကျွန်းမှာပေါပေါများများတွေ့ရမှာက မြည်းတွေပါ။ မြည်းအကောင်ပေါင်း သောင်းနဲ့ချီပြီးရှိပါတယ်။ အိမ်တွေရဲ့အမိုးကိုတော့ ဂရိအလံအရောင်ဖြစ်တဲ့ အပြာ နဲ့ အဖြူသာ သုတ်ထားကြပါတယ်။ မီးတောင်ဝန်းကျင်ဖြစ်တဲ့အတွက် စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းပြီး စပျစ်ဝိုင်ကတော့ နာမည်ကြီးပါ။ ဒီကျွန်းပေါ်မှာ စပျစ်အမျိုးပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ဒီကျွန်းစည်ကားလာတာ ၁၉၆၀ နောက်ပိုင်းမှ ဖြစ်ပြီး ဒီမတိုင်ခင်မှာတော့ ငါးဖမ်းသမားတချို့သာနေထိုင်ခဲ့ကြပါတယ်။

မိုးအလွန်နည်းပါးတဲ့နေရာဖြစ်ပြီး ဒီကျွန်းပေါ်မှာ ရေထက် ဝိုင်တွေက ပိုပေါများပါတယ်။ လူနေအိမ်တွေထက် ခရစ်ယာန်ဘုရားကျောင်းတွေကပိုများပါတယ်။ ဒါပေမယ့် ဘုရားကျောင်းအများစုဟာ အရွယ်အစားသေးငယ်ပါတယ်။ ကျွန်းပေါ်မှာ လူအမြဲနေထိုင်သူ ၂သောင်းမပြည့်ပေမယ့် လာရောက်လည်ပတ်တဲ့သူကတော့ ၁နှစ်ကို ၁သန်းခွဲခန့်ရှိပါတယ်။ စားသောက်ဆိုင်တွေ ဟိုတယ်တွေကိုလည်း နေရာအနှံ့မှာတွေ့နိုင်ပါတယ်။ ကြည့်လဲ့လဲ့ ရေပြာပြာနဲ့အတူ မီးတောင်ရှုခင်းတွေ၊ ကျွန်းပေါ်ကမြင်ရတဲ့ ရင်သပ်ရှု့မောဖွယ် နေဝင်ချိန်ရှုခင်းတွေကြောင့် ဆန်တိုရီနီဟာ အလှဆုံးကျွန်းတစ်ကျွန်းအဖြစ် နာမည်ကြီးရခြင်းဖြစ်ပါတယ်။

Leave a Reply