WWE ဆုိသည္မွာ

Posted on

မူရင္းေရးသားသူ – Myanmar WWE Fans

WWE ဆိုတာ အေမရိကန္အေျခစိုက္ ေဖ်ာ္ေျဖေရးနပမ္းပြဲတစ္ခုျဖစ္ပါတယ္။ အရွည္ေကာက္ World Wrestling Entertainment ဆိုတဲ့ နာမည္အရွည္ေကာက္ျဖစ္ပါတယ္။ အရင္ WWF နဲ႕ ခု WWE နဲ႕ကလည္း တူတူပါပဲ။ ပိုင္ရွင္ေျပာင္းလို႕လည္း မဟုတ္ပါဘူး။ ဘာေၾကာင့္အရင္ WWF (World Wrestling Federation) ကေန WWE ေျပာင္းရသလဲဆိုေတာ့ သူနဲ႕နာမည္တူ WWF (World Wildlife Foundation) ကမာၻ႕ ေတာရုိင္းတိရစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕အစည္း နာမည္နဲ႕ သြားတူေနတဲ့အတြက္ ခုလို နာမည္ေျပာင္းလိုက္ရျခင္းလဲ ျဖစ္ပါတယ္။ ဒီ့အရင္ကလည္း မူလပထမနာမည္အရင္းအျဖစ္ Capitol Wrestling Corporation (CWC) ကေန the World Wide Wrestling Federation (WWWF) ဆိုျပီး ေျပာင္းခဲ့ဖူးပါေသးတယ္။ ဒီေဖ်ာ္ေျဖပြဲေတြကို လြန္ခဲ့တဲ့ ၆၆ႏွစ္ ၁၉၅၂ခုႏွစ္ ဇန္န၀ါရီလ၇ ရက္ေန႔ကတည္းက စတင္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီေလာက္တစ္ေယာက္နဲ႔ တစ္ေယာက္ ထိုးၾကိတ္ေနၾကတာေတာင္ ေသြးမထြက္၊ မေယာင္ကိုင္းျဖစ္တာ ဘာလို႔လဲဆိုတာလဲ ေမးစရာရွိပါတယ္။ မွန္ပါတယ္ခင္ဗ်။ WWE ပြဲေတြရဲ႕ 75% က လုပ္ပြဲမ်ားျဖစ္ျပီး ပရိသတ္စိတ္၀င္စားေအာင္ ဇာတ္လမ္းဆင္ေဖာ္က်ဴးထားတာပါ။ ဒါ့ေၾကာင့္ေဖ်ာ္ေျဖေရးနပမ္းလို႔ေခၚတာျဖစ္ျပီး နာမည္ကို ေသခ်ာေလ့လာၾကည့္ရင္လည္း “World Wrestling Entertainment” (ကမာၻ႔ေဖ်ာ္ေျဖေရးနပမ္း) လို႔ နာမည္ေပးထားတာကိုေတြ႔ရမွာပါ။ သူတို႕တိုက္ခိုက္ပံုတိုက္ခိုက္နည္းေတြကလည္း နာက်င္မႈနည္းျပီး ထိေရာက္တဲ့ခ်ကြက္မ်ိဳးပဲ အသံုးျပဳၾကတာပါ။ အနိုင္အရံႈးကိုဆံုးျဖတ္ေပးတာက နပမ္းသမားေတြရဲ႕ Stamina က အဓိကက်တယ္လို႕လဲ ထင္ပါတယ္။ တစ္ခ်ိဳ႕ခ်ကြက္ေတြဆို ထိေတာင္မထိဘဲ ဟန္လုပ္ျပတာကို ေတြ႕ရမွာပါ။

ဒါဆိုဘာလို႔ ဒီလိုလိမ္ျပီးခ်ျပေနတဲ့ပြဲမ်ိဳးကို ပရိသတ္ေတြ ေသာင္းခ်ီလာၾကည္႕ေနၾကတာလဲ?? ကြင္းထဲကလာၾကည့္ၾကတဲ့ သူတို႕ဆို ကၽြန္ေတာ္တို႔ထက္ေတာင္ ျပတ္ျပတ္သားသားျမင္ေတြ႕ၾကမွာပါ။ ဒါေတာင္ ဘာလို႕ဇာတ္လမ္းဆင္လိမ္ေနတဲ့ပြဲမ်ိဳးကို အဆက္မျပတ္ၾကည့္ခ်င္ေနၾကတာလဲ။ ဒါဆို ကၽြန္ေတာ္တို႕ေကာ ဘာလို႕ ဇာတ္လမ္းဆင္ရိုက္ကူးထားတဲ့ ရုပ္သံ series ေတြကို စိတ္၀င္စားၾကသလဲ???

တကယ္အျဖစ္အပ်က္မဟုတ္ေပမယ့္ ဆြဲေဆာင္မႈရွိလို႔ series ေတြၾကိဳက္တာဆိုရင္ WWE ပြဲေတြလည္း အဲလိုရသမ်ိဴးပဲဆိုတာ မေမ့သင့္ပါဘူး။ သူ႔ပရိသတ္နဲ႔သူ ခိုင္ခိုင္မာမာရပ္တည္ေနတဲ့ WWE ကို မေန႔တစ္ေန႔ကမွစျပီးၾကည္႕မယ္ဆိုရင္ series ဇာတ္လမ္းကို Season 3 ေလာက္ကေဖာက္ၾကည့္သလို နားမလည္ျဖစ္ေနပါလိမ့္မယ္။ အရင္ကတည္းကၾကည့္ ခဲ့တဲ့သူဆို ဇာတ္ေကာင္ေတြရဲ႕အထာပါနားလည္လာပါလိမ့္မယ္။ တစ္ခ်ိဳ႕ဆို ဘယ္လိုဆက္ျဖစ္မယ္ေတာင္ ေတြးနိုင္တယ္ဗ်။ WWE ရဲ႕ မထင္မွတ္ဘဲျဖစ္တတ္တဲ့ Surprise moment ေတြကလည္း ပရိသတ္စိတ္၀င္စားမႈမွာ ထိပ္ဆံုးကပါ၀င္မွာပါ။

WWE ဆိုတာ RAW, SMACK DOWN တို႕အျပင္ MAIN EVENTS, NXT, SUPERSTAR အစရွိတဲ့နပမ္းပြဲအစီအစဥ္အားလံုးရဲ႕ အခ်ဳပ္ကို ဆိုလိုတာပါ။ WWE လက္ေအာက္မွာ ယွဥ္ျပိဳင္က်င္းပရတဲ့ဒီပြဲေတြမွာ Monday ညမွာယွဥ္ျပိဳင္တဲ့ RAW, Friday ညမွာယွဥ္ျပိဳင္တဲ့ SMACK DOWN ပြဲဟာ အဓိကက်တဲ့ ျပိဳင္ပြဲျဖစ္ျပီး ခုမွစယွဥ္ျပိဳင္မယ့္ နပမ္းသမားေတြရဲ႕ ေမွ်ာ္လင့္ခ်က္ျပိဳင္ပြဲျဖစ္ပါတယ္။

တစ္ေခြ၊၂ေခြ ထည္႕ၾကည္႕ရံုနဲ႕ WWE ရဲ႕အႏွစ္သာရကိုသိမွာမဟုတ္ပါဘူး။ ခု WWE ကိုစိတ္၀င္စားျပီး အျမဲေစာင့္ၾကည္႕ေနသူေတြဟာ ဟိုးအရင္ကေလးဘ၀ကတည္းက ၾကည္႕လာခဲ့တဲ့သူေတြဆို ပိုမွန္မယ္ဗ်။ အခုႏွစ္ wrestlemania ပြဲဟာ သမိုင္းတစ္ေလွ်ာက္ လူၾကည္႕အမ်ားဆံုးပြဲအျဖစ္ မွတ္တမ္း၀င္ခဲ့တာကလည္း WWE ရဲ႕ အရည္အေသြးက်မသြားဘူးဆိုတာကို မီးေမာင္းထိုးျပေနသလိုပါပဲဗ်ာ။ ဘယ္ေလာက္ေအာင္ျမင္သလဲဆုိရင္ ၂၀၁၆ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ WWE က ရခဲ့တဲ့ အျမတ္ေငြဟာ ေဒၚလာ ၇၂၉သန္းပါတဲ့။

ဒါ့ေၾကာင့္ WWE ၀ါသနာပါတဲ့ ပရိသတ္ေတြကို Movie series တစ္ခုကိုစြဲစၿမဲၿမဲၾကည့္ေနတဲ့သူေတြလိုပဲ ထင္ျမင္ေစခ်င္ပါတယ္။ ျပီးေတာ့ပြဲတိုင္းဟာလည္း လုပ္ပြဲမဟုတ္ပါဘူး။ နပမ္းသတ္ေနရင္း အဆစ္လြဲ၊ လက္က်ိဳး ခဲ့တဲ့သူေတြလည္းမနည္းပါဘူး။ သူတို႕သာတကယ္အျပင္မွာသတ္သလို ခ်မယ္ဆိုရင္ ေသခ်ာတယ္ ကၽြန္ေတာ္တို႔ တစ္လကို တစ္ပြဲေလာက္ပဲ အႏုိင္ႏိုင္ၾကည္႕ရေတာ့မွာပါ။ လုပ္ပြဲေတြသာပြဲတိုင္းျဖစ္ေနမယ္ဆိုရင္ Wrestlemania မွာ Undertaker ရဲ႕ ၂၁ႏွစ္ဆက္တိုက္ရံႈးပြဲမရွိစံခ်ိန္ ဘယ္က်ိဳးပ်က္ေတာ့မလဲဗ်ာ။ WWE အေၾကာင္းဆက္ေျပာရင္ေတာ့ ျပီးမွာမဟုတ္ေတာ့ဘူးဗ်။

Myanmar WWE Fans


WWE ဆိုသည်မှာ (unicode)

မူရင်းရေးသားသူ – Myanmar WWE Fans

WWE ဆိုတာ အမေရိကန်အခြေစိုက် ဖျော်ဖြေရေးနပမ်းပွဲတစ်ခုဖြစ်ပါတယ်။ အရှည်ကောက် World Wrestling Entertainment ဆိုတဲ့ နာမည်အရှည်ကောက်ဖြစ်ပါတယ်။ အရင် WWF နဲ့ ခု WWE နဲ့ကလည်း တူတူပါပဲ။ ပိုင်ရှင်ပြောင်းလို့လည်း မဟုတ်ပါဘူး။ ဘာကြောင့်အရင် WWF (World Wrestling Federation) ကနေ WWE ပြောင်းရသလဲဆိုတော့ သူနဲ့နာမည်တူ WWF (World Wildlife Foundation) ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်း နာမည်နဲ့ သွားတူနေတဲ့အတွက် ခုလို နာမည်ပြောင်းလိုက်ရခြင်းလဲ ဖြစ်ပါတယ်။ ဒီ့အရင်ကလည်း မူလပထမနာမည်အရင်းအဖြစ် Capitol Wrestling Corporation (CWC) ကနေ the World Wide Wrestling Federation (WWWF) ဆိုပြီး ပြောင်းခဲ့ဖူးပါသေးတယ်။ ဒီဖျော်ဖြေပွဲတွေကို လွန်ခဲ့တဲ့ ၆၆နှစ် ၁၉၅၂ခုနှစ် ဇန်နဝါရီလ၇ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလောက်တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ်နေကြတာတောင် သွေးမထွက်၊ မယောင်ကိုင်းဖြစ်တာ ဘာလို့လဲဆိုတာလဲ မေးစရာရှိပါတယ်။ မှန်ပါတယ်ခင်ဗျ။ WWE ပွဲတွေရဲ့ 75% က လုပ်ပွဲများဖြစ်ပြီး ပရိသတ်စိတ်ဝင်စားအောင် ဇာတ်လမ်းဆင်ဖော်ကျူးထားတာပါ။ ဒါ့ကြောင့်ဖျော်ဖြေရေးနပမ်းလို့ခေါ်တာဖြစ်ပြီး နာမည်ကို သေချာလေ့လာကြည့်ရင်လည်း “World Wrestling Entertainment” (ကမ္ဘာ့ဖျော်ဖြေရေးနပမ်း) လို့ နာမည်ပေးထားတာကိုတွေ့ရမှာပါ။ သူတို့တိုက်ခိုက်ပုံတိုက်ခိုက်နည်းတွေကလည်း နာကျင်မှုနည်းပြီး ထိရောက်တဲ့ချကွက်မျိုးပဲ အသုံးပြုကြတာပါ။ အနိုင်အရှုံးကိုဆုံးဖြတ်ပေးတာက နပမ်းသမားတွေရဲ့ Stamina က အဓိကကျတယ်လို့လဲ ထင်ပါတယ်။ တစ်ချို့ချကွက်တွေဆို ထိတောင်မထိဘဲ ဟန်လုပ်ပြတာကို တွေ့ရမှာပါ။

ဒါဆိုဘာလို့ ဒီလိုလိမ်ပြီးချပြနေတဲ့ပွဲမျိုးကို ပရိသတ်တွေ သောင်းချီလာကြည့်နေကြတာလဲ?? ကွင်းထဲကလာကြည့်ကြတဲ့ သူတို့ဆို ကျွန်တော်တို့ထက်တောင် ပြတ်ပြတ်သားသားမြင်တွေ့ကြမှာပါ။ ဒါတောင် ဘာလို့ဇာတ်လမ်းဆင်လိမ်နေတဲ့ပွဲမျိုးကို အဆက်မပြတ်ကြည့်ချင်နေကြတာလဲ။ ဒါဆို ကျွန်တော်တို့ကော ဘာလို့ ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ ရုပ်သံ series တွေကို စိတ်ဝင်စားကြသလဲ???
တကယ်အဖြစ်အပျက်မဟုတ်ပေမယ့် ဆွဲဆောင်မှုရှိလို့ series တွေကြိုက်တာဆိုရင် WWE ပွဲတွေလည်း အဲလိုရသမျိူးပဲဆိုတာ မမေ့သင့်ပါဘူး။ သူ့ပရိသတ်နဲ့သူ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ WWE ကို မနေ့တစ်နေ့ကမှစပြီးကြည့်မယ်ဆိုရင် series ဇာတ်လမ်းကို Season 3 လောက်ကဖောက်ကြည့်သလို နားမလည်ဖြစ်နေပါလိမ့်မယ်။ အရင်ကတည်းကကြည့် ခဲ့တဲ့သူဆို ဇာတ်ကောင်တွေရဲ့အထာပါနားလည်လာပါလိမ့်မယ်။ တစ်ချို့ဆို ဘယ်လိုဆက်ဖြစ်မယ်တောင် တွေးနိုင်တယ်ဗျ။ WWE ရဲ့ မထင်မှတ်ဘဲဖြစ်တတ်တဲ့ Surprise moment တွေကလည်း ပရိသတ်စိတ်ဝင်စားမှုမှာ ထိပ်ဆုံးကပါဝင်မှာပါ။

WWE ဆိုတာ RAW, SMACK DOWN တို့အပြင် MAIN EVENTS, NXT, SUPERSTAR အစရှိတဲ့နပမ်းပွဲအစီအစဉ်အားလုံးရဲ့ အချုပ်ကို ဆိုလိုတာပါ။ WWE လက်အောက်မှာ ယှဉ်ပြိုင်ကျင်းပရတဲ့ဒီပွဲတွေမှာ Monday ညမှာယှဉ်ပြိုင်တဲ့ RAW, Friday ညမှာယှဉ်ပြိုင်တဲ့ SMACK DOWN ပွဲဟာ အဓိကကျတဲ့ ပြိုင်ပွဲဖြစ်ပြီး ခုမှစယှဉ်ပြိုင်မယ့် နပမ်းသမားတွေရဲ့ မျှော်လင့်ချက်ပြိုင်ပွဲဖြစ်ပါတယ်။

တစ်ခွေ၊၂ခွေ ထည့်ကြည့်ရုံနဲ့ WWE ရဲ့အနှစ်သာရကိုသိမှာမဟုတ်ပါဘူး။ ခု WWE ကိုစိတ်ဝင်စားပြီး အမြဲစောင့်ကြည့်နေသူတွေဟာ ဟိုးအရင်ကလေးဘဝကတည်းက ကြည့်လာခဲ့တဲ့သူတွေဆို ပိုမှန်မယ်ဗျ။ အခုနှစ် wrestlemania ပွဲဟာ သမိုင်းတစ်လျှောက် လူကြည့်အများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တာကလည်း WWE ရဲ့ အရည်အသွေးကျမသွားဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲဗျာ။ ဘယ်လောက်အောင်မြင်သလဲဆိုရင် ၂၀၁၆ခုနှစ် တစ်နှစ်တည်းမှာတင် WWE က ရခဲ့တဲ့ အမြတ်ငွေဟာ ဒေါ်လာ ၇၂၉သန်းပါတဲ့။

ဒါ့ကြောင့် WWE ဝါသနာပါတဲ့ ပရိသတ်တွေကို Movie series တစ်ခုကိုစွဲစမြဲမြဲကြည့်နေတဲ့သူတွေလိုပဲ ထင်မြင်စေချင်ပါတယ်။ ပြီးတော့ပွဲတိုင်းဟာလည်း လုပ်ပွဲမဟုတ်ပါဘူး။ နပမ်းသတ်နေရင်း အဆစ်လွဲ၊ လက်ကျိုး ခဲ့တဲ့သူတွေလည်းမနည်းပါဘူး။ သူတို့သာတကယ်အပြင်မှာသတ်သလို ချမယ်ဆိုရင် သေချာတယ် ကျွန်တော်တို့ တစ်လကို တစ်ပွဲလောက်ပဲ အနိုင်နိုင်ကြည့်ရတော့မှာပါ။ လုပ်ပွဲတွေသာပွဲတိုင်းဖြစ်နေမယ်ဆိုရင် Wrestlemania မှာ Undertaker ရဲ့ ၂၁နှစ်ဆက်တိုက်ရှုံးပွဲမရှိစံချိန် ဘယ်ကျိုးပျက်တော့မလဲဗျာ။ WWE အကြောင်းဆက်ပြောရင်တော့ ပြီးမှာမဟုတ်တော့ဘူးဗျ။

Myanmar WWE Fans

Leave a Reply